Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Forwarded from Mizzima+ TV Channel
Media is too big
VIEW IN TELEGRAM
ရာဇဝတ်မှုနဲ့စွဲချက်တင်ခြိမ်းခြောက်မှုတွေကြောင့် ဂွါတီမာလာသတင်းစာတိုက်ပိတ်သိမ်း

#internationalnews #reels #shorts
🔥3
​​ရုရှားရေနံကုမ္ပဏီ Rosneft က အိန္ဒိယအစိုးရပိုင်ရေနံချက်စက်ရုံကုမ္ပဏီများနှင့် ပူးပေါင်းရန် စိတ်ဝင်စားနေ
====================

ရုရှားကုမ္ပဏီသည် အိန္ဒိယရှိ စီမံကိန်းအသစ်နှင့် ပတ်သက်၍ အစိုးရပိုင် ရေနံချက်လုပ်ငန်းများမှ တာဝန်ရှိသူများ၊ အမှုဆောင်အရာရှိများနှင့် အကြိုဆွေးနွေးမှုများ ပြုလုပ်ထားသည်ဟု သတင်းရင်းမြစ်များက ပြောသည်။ ထိုဆွေးနွေးမှုသည် Rosneft က ကျောထောက်နောက်ခံပြုထးသော Nayara Energy ကုမ္ပဏီက လုပ်ဆောင်နေသည့် ဂူဂျာရက်ရေနံချက်စက်ရုံနှင့် သီးခြားစီဖြစ်သည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏4👍3
​​မြဝတီမြို့နယ်၊ကျောက်တောင်ဒေသကို စစ်ကောင်စီ လေကြောင်းမှတိုက်ခိုက်
===============

YT 

(မဇ္ဈိမ)။   ။ ကရင်ပြည်နယ် မြဝတီမြို့နယ်၊ကျောက်တောင်ဒေသအနီးတဝိုက်ကို ယနေ့ မေလ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်သွားပြီး ဒေသခံများ၏ တောင်ယာစိုက်ခင်းများအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။

မြဝတီမြို့နယ် ကျောက်တောင် (ကျောက်မိုင်း) ဒေသအနီးတဝိုက်တွင် ယနေ့ မေလ ၁၇ ရက် နံနက်အစောပိုင်းမှစတင်၍လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကြားရပြီး နံနက် ၃ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် လေယာဉ်ဖြင့် ဗုံးကြဲသံကြားရကြောင်း မြဝတီမြို့ပေါ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
 
" မနက်အစောကတည်းက လက်နက်ကြီးသံတွေရော၊ သေနတ်သံတွေရော ကြားရတာပဲဗျ။ အဲ့ဒါတွေပြီးတော့ လေယာဉ်သံကြားတာ။ လေယာဉ်သုံးခါလာတယ်။ ဒီမနက်လည်း လက်နက်ကြီးတွေနဲ့ ပစ်နေတယ်" ဟု မြဝတီမြို့နယ်နေ ဒေသခံတစ်ဦးက ပြောသည်။ 

နံနက် ၉ နာရီခန့်ကလည်း လက်နက်ကြီးပစ်ခတ်သံများကြားရသည်ဟု ဆိုသည်။စစ်ကောင်စီတပ်​၏ လေကြောင်းမှ ကြဲသော ဗုံးသီးများသည် မြဝတီမြို့နယ် လက်ခတ်တောင်နှင့် ကျောက်တောင်ဒေသအနီးတစ်ဝိုက်ရှိ ဒေသခံများ​၏ စိုက်ခင်းများဘက်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။သို့သော် မိုးမလင်းခင်အချိန် ဒေသခံများ လုပ်ငန်းခွင်ဝင်ချိန်မဟုတ်၍ လူထိခိုက်မှုမရှိခဲ့ဟု သတင်းရရှိသည်။

မြဝတီမြို့နယ်၊ ကျောက်တောင်ဒေသသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်တွင်ပါဝင်ပြီး KNLA၊ ကော်ဘရာစစ်ကြောင်း-၁၊ ကော်ဘရာစစ်ကြောင်း-၂၊ Federal Wings၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ ရောင်နီတို့ပါဝင်သော ပူးပေါင်းတပ်ဖွဲ့များ နေရာယူထားသည်။ 

ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်က ကျောက်တောင် (ကျောက်မိုင်း) ဒေသကို စစ်ကြောင်းထိုးလာခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။မေလ ၁၁ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီနှင့်ကရင်နယ်ခြားစောင့်တပ် BGF ပူးပေါင်းအဖွဲ့မှ ၁၁ ဦးခန့် သေဆုံး၍ ၃၉ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး တပ်မဟာ (၆) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ရဲဘော်တစ်ဦးကျဆုံး၍ ၁၀ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း Cobra Column က မေလ၁၄ရက်နှင့် ၁၅ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ယနေ့ နံနက် ၄နာရီခန့်ကလည်း ကရင်နီပြည်နယ်၊ ဘော်လခဲမြို့နယ်၊စောလုံကျေးရွာကို လေကြောင်းမှတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့သည်။ ထို့အပြင် ယနေ့ညနေ ၂ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာအချို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံများကပြောသည်။

စာတည်း-မောင်ကြီး
#mizzima
#မြဝတီ
#ကျောက်တောင်ဒေသ
#လေကြောင်းတိုက်ခိုက်

ကျောက်တောင်ဒေသအနီးတဝိုက်ကို စစ်ကောင်စီ တိုက်ခိုက်ပြီးနောက် တွေ့ရစဉ်(ပုံဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6👍4🔥1👏1
Forwarded from Mizzima+ TV Channel
Media is too big
VIEW IN TELEGRAM
ရွှေ့ပြောင်းနေထိုင်သူများဝင်ရောက်မှုကိုဟန့်တားရန် တူနီးရှားရဲ့ကြိုးပမ်းမှုအပေါ် အီတလီချီးကျူး

#internationalnews #reels #shorts
👍5🔥1👏1
ပဇီကြီးမှ အော်ဟစ်သံများ
| မရွှေမိုး(ကိုရီးယား)“လေးညှို့သံ” − အပိုင်း (၅၃)
………………………………………

ဗုံးတွေဟာ လေထဲမှာ ပေါက်ကွဲပြီး သံတိုသံစတွေဟာ ပြည်သူတွေရဲ့ ခန္ဂာကိုယ်ထဲကို အရှိန်ပြင်းပြင်း ဆူးဝင်ဖောက်ထွက်သွားကြတယ်....ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။

https://youtu.be/yVSb5qFglZM

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁2🤬2
မေလ (၁၇) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ် 
======================

⁃ စစ်တွေမှာ “မိုခါ ” မုန်တိုင်းကြောင့် ရိုဟင်ဂျာ ၁၃၀ နီးပါး အသေအပျောက် ရှိကြောင်း စာရင်းအတည်ပြုထားပြီး စာရင်း ဆက်လက်ကောက်ယူနေတဲ့သတင်း 

⁃ မုန်းမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံ ၁၃,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီလိုအပ်နေတဲ့သတင်း

⁃ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညီလာခံအတွက် အပစ်ရပ် ၇ ဖွဲ့ ထိပ်သီးခေါင်းဆောင် အစည်းအဝေးလုပ်ဖို့ရှိတဲ့သတင်း

⁃ ရေလှောင်ကန်ထဲမှာ အောက်ဆီဂျင်ပြတ်ပြီး သတိလစ်နေသူကိုဆင်းကယ်ရင်း အမျိုးသားတစ်ဦး သေဆုံးခဲ့တဲ့သတင်း

⁃ ပုဏ္ဏားကျွန်းမြို့ပေါ်က မုန်တိုင်းသင့် ပြည်သူ ၄,၀၀၀ ကျော် အကူအညီတွေ လိုအပ်နေတဲ့သတင်း

⁃ ဘောလခဲမြို့နယ်၊ စောလုံကျေးရွာတွင် တိုက်လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခံရပြီး အမျိုးသမီးတစ်ယောက် သေဆုံးကာ လေးယောက် ဒဏ်ရာရတဲ့ သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာပါ။

https://www.youtube.com/live/ITS1sTwfGF4?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
👍4❤1😢1🍌1🖕1
Forwarded from Mizzima+ TV Channel
This media is not supported in your browser
VIEW IN TELEGRAM
နယူးဇီလန်မှာ တည်းခိုခန်းမီးလောင်မှုအတွင်း ၆ ဦးထက်မနည်း သေဆုံး

#internationalnews #reels #shorts
🔥2😢2👍1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၇ မေ ၂၀၂၃) 
===================

နိုင်ငံရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ သင်ကြားပို့ချခြင်းမလုပ်ရန် စစ်ကောင်စီ ခေါင်းဆောင် လက်မှတ်ရေးထိုးပြီး ပုဂ္ဂလိက ပညာရေးဥပဒေကို ပြဋ္ဌာန်းလိုက်သည်ကို ကြည့်ပါက နောက်လာမည့် လူငယ်များကို နိုင်ငံရေး မျက်စိ နားများကို ပိတ်ရန် ကြိုးစားနေခြင်းသာ ဖြစ်ပြီး နိုင်ငံရေး ရေချိန် မြင့်တက်လာမည်ကို စိုးရိမ်နေသည်ကို တွေ့ရသည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2🔥2
မေလ (၁၇) ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယို အစီအစဉ်
=======================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့...

မြန်မာနိုင်ငံမှာ မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့်သူ ၅ သန်းခွဲအထိရှိလာနေပြီဆိုတဲ့သတင်းနဲ့အတူ ကန့်ဘလူခရိုင်မှာ စစ်ဘေးရှောင် ဦးရေ ၅၀,၀၀၀ ကျော်အထိ မြင့်တက်လာနေတဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ Spring University က ပေးပို့တဲ့ အစီအစဉ်ကို နားဆင်ရမှာပါ။

သတင်းတွေအပြီးမှာတော့ ရေဒီယိုသတင်းဆောင်းပါးကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/lE_UHvFsgK4

#Mizzimaradio 
#Eveningradio

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥2
​​ဖားကန့်တွင် စစ်ကောင်စီတပ်နှင့် KIA သုံးရက်ဆက်တိုက်ပွဲဖြစ်၊ စစ်ကောင်စီ အရာရှိ ၁ဦး အပါအဝင် ၄ ဦးသေဆုံးဟုဆို
==============

အဂမ်

(မဇ္ဈိမ) ။  ။ဖားကန့်တွင် တပ်အချိန်းအပြောင်းပြုလုပ်‌နေသည့် စစ်ကောင်စီတပ်နှင့် KIA သုံးရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ အရာရှိတစ်ဦး အပါအဝင် လေးဦးသေဆုံးခဲ့ကြောင်း ဖားကန့်ဒေသခံ သတင်းရင်းမြစ်များက မဇ္ဈိမကို ပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ မိုးကောင်းမြို့နယ်ဘက်သို့ တပ်အပြောင်းအလဲပြုလုပ်ရန် ထွက်လာသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို KIA တပ်မဟာ (၉) လက်အောက်ခံ၊ တပ်ရင်းအမှတ် (၄၄) က မေလ ၁၄ရက်မှ မေလ ၁၆ရက်အထိ သုံးရက်ကြာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

" စစ်တပ်ဖက်က လေးယောက်သေတယ်။ ဒီဘက်(KIA)ဘက်ကလည်း အနည်းအကျဉ်းထိတယ်"ဟု ကချင်သတင်းရင်းမြစ်တစ်ဦးကမဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲကြောင့် နန့်တိန်းကျေးရွာနှင့် နန့်ယားကျေးရွာကြားရှိ ဆိုင်းဖရာ၊ ကပ်မှော်ကျေးရွာ၊ ဂတ်နွယ် ကျေးရွာများမှ ဒေသခံ ၂၀၀ နီးပါးသည် နန့်ယား‌ ကျေးရွာဘက်သို့ ခေတ္တတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

''တောထဲမှာ ဖြစ်တယ်ဆိုပေမဲ့ ရွာနားကို ရောက်လာမှာစိုးလို့ ပြေးလာကြတာ ဟုတ်တယ်''ဟု တိုက်ပွဲရှောင်လာသူ ဒေသခံတစ်ဦးက ပြောသည်။

မေလ ၁၄ ရက်နေ့ကတည်းက နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နီးစပ်ရာတောများသို့ ပုန်းခိုသွားခဲ့သည်ဟုညသိရသည်။ ယမန်နေ့ မေလ ၁၆ ရက်နေ့ညပိုင်းက လမ်းမကြီးပေါ် ပြန်ထွက်လာသည့်အချိန်တွင် အသင့်စောင့်နေသော KIA တပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့ကြောင်းKIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း အသက်မသေဘဲ လွတ်မြောက်လာသည့် စစ်ကောင်စီတပ်သားများသည် နန့်ယားစာသင်ကျောင်းတွင် တပ်စွဲအထိုင်ချထားပြီး သေဆုံးသွားသူများကို နန့်ယားစစ်တပ်စခန်းတွင် သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများထိခိုက်မှုနှင့် သေဆုံးမှု အရေအတွက်ကို KIA ဘက်က တရားဝင် ထုတ်ပြန်သည်ကို မတွေ့ရသေးပေ။ KIA တပ်ရင်း (၄၄)ဘက်တွင်လည်း ထိခိုက်သေဆုံးမှုရှိကြောင်း KIA နှင့် နီးစပ်သူ ကချင်သတင်းရင်းမြစ်များက ပြောဆိုသည်။နှစ်ဘက်ထိခိုက်မှုကို မဇ္ဈိမ အနေဖြင့်သီးခြားအတည်ပြုချက်မရသေးပေ။

လက်ရှိတွင် တိုက်ပွဲမဖြစ်ပွားတော့သည့်အတွက် ယခင်ရက်က တိမ်းရှောင်နေသည့် ဒေသခံများသည်ယနေ့ မေလ ၁၇ ရက်နေ့ နံနက်ပိုင်းမှစတင်၍ နေရပ်ပြန်နေကြပြီဖြစ်သည်။
" အခုက သူတို့ (စစ်တပ်) တောထဲက ထွက်လာနိုင်ပြီး စခန်းထဲ ရောက်ပြီဆိုတော့ တိုက်ပွဲပြီးပြီလို့ပဲ ပြောလို့ရတယ်။ ဒီနေ့ မနက် (မေလ ၁၇ ရက်) တော့ ထပ်ဖြစ်တာ မရှိတော့ဘူး၊ မကြားမိသေးဘူး” ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဖားကန့်မြို့နယ်တွင် တိုက်ပွဲများအပြင်းအထန်ဖြစ်ခဲ့သည်။ဖားကန့်မြို့နယ်ကို ထိန်းချုပ်နိုင်ရေးအတွက် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)တို့ နှစ်ဖက်လုံးကကြိုးပမ်းနေကြသည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်သည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ် ။ ။ မောင်ကြီး

#ဖားကန့်
#တပ်အပြောင်းအလဲ
#KIA
#Mizzima

ဓာတ်ပုံ - KIA တပ်ဖွဲ့ဝင်အချို့

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🤣1
​​စင်ကာပူတွင် ထိုင်းနှင့် မြန်မာမှ တင်သွင်းသော တရားမဝင် စားသောက်ကုန် ၆ တန်ကျော်ကို ဖမ်းဆီးရမိ
==================

စင်ကာပူနိုင်ငံတွင် ပြီးခဲ့သည့် ကြာသပတေးနေ့မှ စနေနေ့ကြား စီးနင်းမှုများအတွင်း ထိုင်းနှင့် မြန်မာမှ တင်သွင်းသော တရားမဝင် စားသောက်ကုန် ၆ ဒသမ ၈ တန်ခန့်ကို ဖမ်းဆီးရမိသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1
ရေ၀င်ပျက်စီးခဲ့သောပုဂံဘုရားများအား ယခင်ခေတ်နည်းလမ်းများအတိုင်း ကော်ရည်အသုံးပြုပြုပြင်ရန် စစ်ခေါင်းဆောင်မှာကြား
👍2😁2🤮2❤1👎1
ရေ၀င်ပျက်စီးခဲ့သောပုဂံဘုရားများအား ယခင်ခေတ်နည်းလမ်းများအတိုင်း ကော်ရည်အသုံးပြုပြုပြင်ရန် စစ်ခေါင်းဆောင်မှာကြား
==================

007

(မဇ္စျိမ)။ ။မိုခါမုန်တိုင်းမိုးကြောင့် ရေ၀င်နစ်မြုပ်ထိခိုက်ပျက်စီးခဲ့သော ပုဂံဘုရားများအား ယခင်ခေတ်နည်း လမ်းများအတိုင်း ကော်ရည်သုံး၍ပြုပြင်ရန် စစ်ခေါင်းဆောင်ကမှာကြားသွားကြောင်း ၎င်း၏ပုဂံခရီးစဉ် အပြီး ထုတ်ပြန်ချက်အရ သိရသည်။

ယခင်ခေတ်က ဘုရားစေတီပုထိုးများတည်ဆောက်ရာတွင် အသုံးပြုသည့်ကော်ရည်ကို ဥသျှစ်သီး၊ တင်လဲ ရည်၊ အုတ်နီမှုန့်၊ သဲတို့ကို ရောစပ်အသုံးပြုသည်ဟုသိရှိရပြီး တာ၀န်ရှိသူများအနေဖြင့် ၎င်းကော်ရည် ဖျော်စပ်မှုကို ယခင်ခေတ်နည်းလမ်းများအတိုင်း အချိုးအစားအမျိုးမျိုးဖြင့် ဓာတ်ခွဲခြင်းများဖော်ဆောင် စမ်းသပ်ဆောင်ရွက်ရန်လိုကြောင်း၊ စမ်းသပ်မှုအောင်မြင်ပါက ရှေးဟောင်းဘုရားစေတီပုထိုးများကိုပြုပြင် ရာ၌ ထိရောက်စွာအသုံးပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက မှာကြားခဲ့သည်။

ရခိုင်ကမ်းရိုးတန်းတွင် မုန်တိုင်းဖြစ်ပေါ်နေစဉ် ကျိုင်းတုံမြို့ရှိ မဟာဗောဓိစေတီထီးတင်ပွဲ ရောက်နေသော အာဏာသိမ်းစစ်ခေါင်းဆောင်သည် မုန်တိုင်းအပြီးနှစ်ရက်အကြာ မေလ ၁၆ ရက်နေ့က ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

အားအလွန့်အလွန်ကောင်းသော မိုခါဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် မန္တလေးတိုင်း ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မေလ ၁၃ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့သည်။

မုန်တိုင်းမိုးကြောင့် ထီးလိုမင်းလိုဘုရားနှင့်သပိတ်မှောက်ဘုရားအပါအ၀င် လေးမျက်နှာ၊ ရွှေစည်းခုံ၊ အာန န္ဒာ၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ ဓမ္မရာဇက၊ ခေမင်္ဂ၊ ပုဂံမျှော်၊ ရွာဟောင်းကြီး ရွှေနန်းရင်တော့ ရှေးဟောင်းစေတီ များတွင် ရေ၀င်ရောက်မှုများဖြစ်ပေါ်ခဲ့ပြီး ဆင်ပေါင်းအုတ်ကျောင်းအပါအ၀င် ရှေးဟောင်းဘုရားနှင့် အဆောက်အအုံရှစ်ခု ထိခိုက်ပျက်စီးမှုအနည်းငယ်ဖြစ်ပေါ်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှသိရသည်။

ပုဂံဘုရားပုထိုးစေတီများ ရေ၀င်နစ်မြုပ်ထိခိုက်ပျက်စီးခဲ့မှုနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက် ခြင်းမရှိခဲ့သဖြင့် ပျက်စီးမှုအများအပြားဖြစ်ရကြောင်း ဝေဖန်မှုတို့ရှိနေသည်။

စစ်ခေါင်းဆောင်သည် ပုဂံခရီးစဉ်အတွင်း သာသနိကအဆောက်အအုံများသို့ လှည့်ပတ်ကြည့်ရှုခဲ့ပြီး ပုဂံ ကို ထိခိုက်ပျက်စီးမှုမရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန်လည်းမှာကြားသွားကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ပုဂံ
#မိုခါမုန်တိုင်း
#အာဏာသိမ်းစစ်ခေါင်းဆောင်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👎4😁3❤2🤮1
​​ဘီးလင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၅ ဦးခန့် သေဆုံး 
==================

YT 

(မဇ္ဈိမ)။     ။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာ၊ အစူးချောင်းကျေးရွာတစ်လျှောက်တွင် စစ်ကောင်စီတပ်​၏ စစ်ကြောင်းအား တပ်မဟာ (၁) KNLA ပူးပေါင်းစစ်ကြောင်းများက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ခံထံက သိရသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တွင် တပ်မဟာ (၅) ဘက်မှ ဆင်းလာသည့် အင်အား ၂၀၀ ဝန်းကျင်ခန့်ပါသော စစ်ကောင်စီတပ်​၏ စစ်ကြောင်းအား ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာ၊ အစူးချောင်းကျေးရွာအနီးတစ်ဝိုက်တွင် KNU တပ်မဟာ (၁) KNLA သူရိယစစ်ကြောင်းနဲ့ တောကျီးကန်းစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှု လေးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

" မဲပလီဘက်ကနေ နတ်ကြီးကို ပြန်ဆင်းလာတဲ့ ဗျူဟာစစ်ကြောင်းပေါ့။ ဗျူဟာမှူးပါတဲ့ စစ်ကြောင်းကြီး အင်အား ၂၀၀ ကျော်တယ်။ အဲ့ဒီစစ်ကြောင်းကို ကျွန်တော်တို့ KNU၊ KNLA တပ်မဟာ (၁) သူရိယစစ်ကြောင်းနဲ့ တောကျီးကန်းစစ်ကြောင်း ပူးပေါင်းအဖွဲ့ကနေပြီး ကြားဖြတ်တိုက်ခိုက်မှုတွေ ပြုလုပ်တာဖြစ်တယ်" ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကို ပြောသည်။

ထိုနှစ်ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီစစ်ကြောင်းမှ စစ်သား ၂၅ ဦးခန့် သေဆုံး၍ ၂၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ တပ်မဟာ (၁) KNLA ပူးပေါင်းစစ်ကြောင်းဘက်တွင် ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

" ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့ နှစ်ရက်တာမှာ တိုက်ပွဲသုံး၊ လေးကြိမ်ဖြစ်တယ်။ အဲ့ဒီဖြစ်တဲ့ တိုက်ပွဲမှာ ရန်သူ့ဘက်က ၂၅ ယောက်လောက်သေတယ်။ ၂၀ လောက် ဒဏ်ရာရတယ်။ ပူးပေါင်းစစ်ကြောင်းတပ်ဖွဲ့ကတော့ ရဲဘော်တစ်ယောက်အနည်းငယ် ဒဏ်ရာရခဲ့တယ်" ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ဆက်လက်ပြောဆိုသည်။ 

တိုက်ပွဲများဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီတပ်​၏ ထိုစစ်ကြောင်းသည် အစူးချောင်းကျေးရွာမှ နတ်ကြီးကျေးရွာဘက်သို့ ဆက်သွားရာ လမ်းတွင် ဓားစားခံအဖြစ် အသုံးပြုရန် အစူးချောင်းရွာသားလေးဦးအား ဖမ်းဆီးသွားပြီး ၎င်းတို့​၏ ခဲယမ်းများအား သယ်ခိုင်းကြောင်း၊ နတ်ကြီးကျေးရွာ အရောက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ 

" ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့မှာတော့ သူတို့ အစူးချောင်းရွာသား လေးဦးကိုဖမ်းပြီးတော့ ဓားစာခံပုံစံလုပ်သွားတယ်။ ပြီးတော့ သူတို့ရဲ့ ခဲယမ်းတွေ ခြင်းတောင်းတွေကို ထမ်းခိုင်းတာပေါ့ နတ်ကြီးအထိ။ နတ်ကြီးရောက်တော့ ပြန်လွှတ်ပေးပါတယ်" ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ဆိုသည်။

တိုက်ပွဲဖြစ်စဉ်အတွင်း အစူးချောင်းကျေးရွာ၊ မဲပလီကျေးရွာအနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံများသည် နီးစပ်ရာဒေသများသို့ ခေတ္တ တိမ်းရှောင်ခဲ့ကြပြီး ယနေ့ မေလ ၁၇ ရက်နေ့တွင်တော့ နေရပ်တွင် ပြန်နေနေကြပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့ မေလ ၁၆ ရက်နေ့၊ ညနေပိုင်းတွင် နတ်ကြီးစစ်ကောင်စီစခန်းအား တပ်မဟာ (၁) KNLA၊ PDF ၊ TPDF၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ၊ ပအိုဝ်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD ၊ Ygn Eagle Force ပါဝင်သော ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးလေးလုံး ပစ်ချတိုက်ခိုက်ခဲ့ပြီး အထိအခိုက် အပျက်အစီးအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima 
#စစ်ကောင်စီတပ်သား ၂၅ ဦးခန့် သေဆုံး
#ဘီးလင်းတိုက်ပွဲ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏18👍11😁1🤣1
Media is too big
VIEW IN TELEGRAM
May - 17 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍1🤮1🍌1
တိမ်းရှောင်နေရသော တနင်္သာရီတိုင်းNLD ဝန်ကြီးဟောင်းဦးမြင့်စန်း ကင်ဆာရောဂါဖြင့်ကွယ်လွန်
😢17👍2🔥2🥰1😁1