Media is too big
VIEW IN TELEGRAM
May - 17 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #reels #shorts

👍1🤮1🍌1
တိမ်းရှောင်နေရသော တနင်္သာရီတိုင်းNLD ဝန်ကြီးဟောင်းဦးမြင့်စန်း ကင်ဆာရောဂါဖြင့်ကွယ်လွန်
😢17👍2🔥2🥰1😁1
တိမ်းရှောင်နေရသော တနင်္သာရီတိုင်းNLD ဝန်ကြီးဟောင်းဦးမြင့်စန်း ကင်ဆာရောဂါဖြင့်ကွယ်လွန်
================
ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။ စစ်တပ်က အာဏာသိမ်းပြီး နောက် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည့် NLD အစိုးရ၏ တနင်္သာရီတိုင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဟောင်း ဦးမြင့်စန်းသည် ကင်ဆာရောဂါဖြင့် ယနေ့ မေလ ၁၇ ရက်နံနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း သတင်းရရှ်ိသည်။
" ဦးမြင့်စန်းကွယ်လွန်သွားပါတယ်။ ဒီနေ့ပဲ။ ကင်ဆာရောဂါနဲ့လို့ ကြားတယ်။ သူ အဲ့လောက်အထိ ကျန်းမာရေးချုချာနေတယ်ဆိုတာ မသိဘူး" ဟု NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောသည်။
ဝန်ကြီးဟောင်း ဦးမြင့်စန်းသည် ကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ်ရှိပြီဖြစ်သည်။၎င်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLDကိုယ်စားပြုကာ လောင်းလုံးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သည်။
ထို့နောက် တနင်္သာရီတိုင်း အစိုးရအဖွဲ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ယခင် မဲဆန္ဒနယ်မှပင် ထပ်မံရွေးကောက်ခံရာအနိုင်ရခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် လွတ်မြောက်နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ထို့နောက် ကျန်းမာရေးအခြေအနေကြောင့် ထိုင်းနိုင်ငံဘက်သို့ ကူးကာ ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့သည်ဟု သိရသည်။
" သူကလူတော်တစ်ယောက်ပါ။ သူ့ယုံကြည်ချက်အတိုင်း ရပ်တည်သူပါ။ ပုဂ္ဂိုလ်ရေးအရ လေးစားရတဲ့ နိုင်ငံရေးသမားတစ်ယောက်ပါ"ဟု ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောသည်။
စာတည်း- မောင်ကြီး
#mizzima
#NLDဝန်ကြီးဟောင်း
#ကင်ဆာရောဂါ
#ကွယ်လွန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#mizzima – Explore
explore #mizzima at Facebook
😢15👍6🔥1🥰1😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်ထုတ်လွှင့်မှုများ
==================
https://youtu.be/XjFA5myPbrE
#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်ထုတ်လွှင့်မှုများ
#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

❤3🤮2👍1🍌1
"ရန်ငါပြတ်ကြ၊ ဒါနိုင်ငံတော်အသက်လုပွဲ၊ ပြိုင်တူရုန်း၍ တော်လှန်ကြ"စာတန်းကိုင်စွဲပြီး ကြံခင်းမှာ ဆန္ဒပြ
==================
မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မေ လ ၁၇ ရက်နေ့ ညနေပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
"ရန်ငါပြတ်ကြ ဒါနိုင်ငံတော်အသက်လုပွဲ ပြိုင်တူရုန်း၍ တော်လှန်ကြ"စာသားပါ ဘန်နာ(ဗီနိုင်း) အားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။
စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှု သည် အဆိုပါသပိတ်ကော်မတီ၏ (၈၄)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်။
#Mizzima
#ဆန္ဒပြ

👍10❤6🔥2😁1
မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် ပြည်သူ ၁၅၀ နီးပါး သေဆုံးခဲ့ကြောင်း မြေပြင်အချက်အလက်များအရ ကနဦးသိရ၊ အသေအဆုံးစာရင်း ထပ်တိုးလာနိုင်ဖွယ်ရှိနေ
================
အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါ ၀င်ရောက်တိုက်ခတ်ခဲ့သည့် ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ဒေသခံပြည်သူ ဦးရေ ၁၅၀ နီးပါး သေဆုံးထားကြောင်း မဇ္စျိမက ရရှိထားသည့် မြေပြင်အချက်အလက်တွေအရ သိရသည်။
အဆိုပါ အချက်အလက်များကို ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းစတင်၀င်ရောက်သည့် မေလ ၁၄ ရက်နေ့မှ ယနေ့မေလ ၁၇ ရက်နေ့အထိ စာရင်းကောက်ယူထားခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ကို မေလ ၁၄ ရက်က ကုန်းတွင်းဝင်ရောက်ဖြတ်ကျော်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် စစ်တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည် စခန်းများနှင့် ကျေးရွာများမှ ရိုဟင်ဂျာ ဦးရေ ၁၃၀ နီးပါး အသေအပျောက်ရှိခဲ့သည်ဟု မြေပြင်ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများ၏ ကွင်းဆင်းကောက်ယူထားသည့် စာရင်းများက ဆိုသည်။
ကောက်ယူထားသည့် စာရင်းအရ သင်္ဂြိုဟ်ပြီးသည့် ရုပ်အလောင်း စုစုပေါင်း ၁၁၀ ရှိပြီး ကျန် ဦးရေ ၂၀ ကို ပျောက်ဆုံး(သေဆုံးနိုင်) စာရင်းထဲ ထည့်ထားခြင်းဖြစ်သည်။

😢8👍3❤2🔥1
သင်္ဂြိုဟ်ပြီးသည့် ရုပ်အလောင်း စုစုပေါင်း ၁၁၀တွင် ရုပ်အလောင်း ၃၀ မှာ ဗေဒကျေးရွာမှ ဖြစ်သလို သေဆုံးသူအများစုမှာလည်း ဗေဒ ကျေးရွာမှဖြစ်ကြောင်း သိရသည်။
ကျန်ရုပ်အလောင်း ၈၀ မှာ စံပြရွာ အမှတ် (၃) ၊ စံပြရွာ အမှတ် (၆) ၊ သဲချောင်းရွာ ၊ သဲချောင်း ကယ်ဆယ်ရေးစခန်း၊ သဲချောင်း sector 4 ကယ်ဆယ်ရေးစခန်း၊ ဒါးပိုင်နောက်ရွာ၊ ဒါးပိုင်ကယ်ဆယ်ရေးစခန်း၊ သက္ကေပြင်ကယ်ဆယ်ရေးစခန်း (သစ်) ၊ သက္ကေပြင်ကယ်ဆယ်ရေးစခန်း (ဟောင်း) နှင့် သက္ကေပြင်ကယ်ဆယ်ရေးစခန်း (သစ်)အနီး မှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“အသေအပျောက်အများဆုံးက ဗေဒရွာပါ။ ထုတ်ပြန်နေကြတဲ့ ၄၀၀ ကျော်ဆိုတာက အလောင်းတွေ့ရှိ အတည်ပြုပြီးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ တချို့လည်းအလောင်းပြန်မတွေ့ပေမယ့် မိသားစုကသေဆုံးလက်ခံလိုက်ကြတာရှိတယ် ။ အဲ့တာ ဒီလိုစာရင်းတက်နေတာပါ။ သေဆုံးပျောက်ဆုံးကို ရှေ့အပတ်လောက်မှ အတည်ပြုလို့ရနိုင်ပါမယ်။ လက်ရှိမှာ ကျွန်တော်တို့ ထုတ်တဲ့စာရင်းကတော့ အလောင်းတွေ့ရှိ စာရင်းပါ" ဟု မြေပြင်ကယ်ဆယ်ရေးပရဟိတအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
စစ်တွေမြို့ရှိ အကြီးဆုံး စစ်ဘေးရှောင်စခန်းဖြစ်သည့် တိန်ညိုစစ်ရှောင်စခန်းတွင်လည်း မုန်တိုင်း တိုက်ခတ်မှုကြောင့် စခန်းတစ်ခုလုံးနီးပါးပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။
ထို့အတူ စစ်တွေမြို့ပေါ်တွင်လည်း အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် သေဆုံးသူ ငါးဦးအထိရှိလာကြောင်း ကူညီကယ်ဆယ်ရေးပြုလုပ်နေသည့် မေတ္တာရောင်ခြည် ပရဟိတအသင်းဥက္ကဋ္ဌ ကိုလင်းလင်း မေလ ၁၅ ရက်နေ့တွင် မဇ္စျိမကို ပြောကြားထားသည်။
မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်မှုအတွင်း ကုန်းမြင့်ပိုင်းဒေသတစ်ခုဖြစ်သည့် အာကျိတ်တော်ကုန်းရှိ အဓိဌာန်ကျောင်း မှ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး မေလ ၁၄ ရက် မွန်းလွဲ ၁ နာရီ ၄၀ ခန့်တွင်သေဆုံးခဲ့ခြင်း ဖြစ်သည်။
“အပေါ်ကမှန်ပြုတ်ကျပြီး လူကိုထိတယ်။ ကျနော်တို့ မေတ္တာရောင်ခြည်အသင်းကသွားခေါ်တယ်။ သူက ပင်မသွေးကြောကြီးကို ထိသွားတော့ သွေးတအားထွက်တာ။ ထိတာက ဘယ်ဘက်နှလုံးနားမှာ ထိတာ။ သွေးထွက်လွန်ပြီးတော့ ကားပေါ်ရောက်တာနဲ့ ဆုံးသွားတယ်။ မိနစ်ပိုင်းအတွင်းမှာ ဆုံးသွားတာ” ဟု ကိုလင်းလင်းက ပြောသည်။
စစ်တွေမြို့ ဝါးကျောင်းတွင်လည်း လေပြင်းတိုက်ခတ်စဉ် အဆောက်အအုံအုတ်နံရံပြိုကျမှုကြောင့် အသက်သုံးလအရွယ် ကလေးငယ်တစ်ဦးနှင့် အသက်(၄၀) အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။
ထို့အတူ ဓါတ်ဦးကျောင်းတွင် အသက်(၇၀)ကျော် အမျိုးသားတစ်ဦးနှင့် သစ်ပင်ပိခြင်းကြောင့် အမျိုးသား တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင်လည်း မုန်တိုင်းရှောင်ပြည်သူများရှိနေသည့် ဒုံးပိုက်ဘုန်းကြီးကျောင်းအတွင်းရှိ ဓမ္မာရုံပြိုကျမှုအတွင်း အဆောက်အအုံပိကာ အမျိုးသမီးကိုးဦးအပါအ၀င် စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့သလို ပေါက်တောပြင် ကျေးရွာတွင်လည်း တစ်ဦးသေဆုံးခဲ့ကြောင်း မဇ္စျိမက စုံစမ်းသိရသည်။
ထို့အတူ ပုဏ္ဏားကျွန်းမြို့ပေါ်တွင်လည်း မုန်တိုင်းတိုက်ခတ်မှုအတွင်း ပြည်သူ နှစ်ဦးသေဆုံးကာ ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသအခြေစိုက်ကူညီရေးအသင်းများက ဆိုသည်။
“ အထိအခိုက်စာရင်းက လိုက်ကောက်နေတုန်းပဲ အတိအကျတော့ မသိရသေးဘူး။ လက်ရှိကောက်ထားတဲ့ စာရင်းကလည်း မုန်တိုင်းသင့် မြို့ပေါ် တစ်ခုထဲပါ။ တခြားကျေးရွာတွေတော့ မပါသေးပါဘူး။ ကျေးရွာတွေဘက်လည်း ကွင်းဆင်းဖို့တော့ ရှိပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေက စိုးရိမ်စရာမရှိပါဘူး” ဟု ပုဏ္ဏားကျွန်းမြို့နယ် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း တာ၀န်ရှိသူတစ်ဦးက ယနေ့ မေလ ၁၇ ရက်နေ့တွင် မဇ္စျိမသို့ ပြောသည်။
မိုခါ မုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း ပြည်သူများ သေဆုံးမှု အချက်အလက်များသည် ကယ်ဆေးရေးလုပ်ငန်းဆောင်ရွက်နေသည့် ဒေသအခြေစိုက် အသင်းအဖွဲ့များက ၄င်းတို့ လက်လှမ်းမှီသည့် မြို့ပေါ်နှင့် အနီးတဝိုက်နေရာများတွင်သာ ကောက်ယူထားခြင်း ဖြစ်သည်။
သို့သော် ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာအများစုတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုကြီးမားစွာဖြစ်ပေါ်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ကူညီကယ်ဆယ်မှုများ သွားရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
အဆိုပါ ကျေးရွာများတွင် မုန်တိုင်း တိုက်ခတ်မှုကြောင့် ပြည်သူများ၏ အထိအခိုက်စာရင်းကို ကောက်ယူရရှိနိုင်ပါက သေဆုံးစာရင်း ထပ်တိုးလာနိုင်ဖွယ်ရှိကြောင်း ကယ်ဆယ်ရေးအသင်းများက ဆိုသည်။
အင်အားပြင်းမုန်တိုင်းတိုက်ခတ်မှုဒဏ် ပြင်းထန်စွာခံခဲ့ရသည့် ရခိုင်ပြည်နယ်တွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများလည်း အဆမတန်များပြားခဲ့ကာ မုန်တိုင်းဒဏ်သင့် ပြည်သူ ထောင်နှင့်ချီရှိနေကြောင်း သိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#မိုခါမုန်တိုင်း
#ပြည်သူ ၁၅၀နီးပါးသေဆုံး

👍16😢9❤2🔥1💯1