Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် ပြည်သူ ၁၅၀ နီးပါး သေဆုံးခဲ့ကြောင်း မြေပြင်အချက်အလက်များအရ ကနဦးသိရ၊ အသေအဆုံးစာရင်း ထပ်တိုးလာနိုင်ဖွယ်ရှိနေ
================

အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါ ၀င်ရောက်တိုက်ခတ်ခဲ့သည့် ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ဒေသခံပြည်သူ ဦးရေ ၁၅၀ နီးပါး သေဆုံးထားကြောင်း မဇ္စျိမက ရရှိထားသည့် မြေပြင်အချက်အလက်တွေအရ သိရသည်။

အဆိုပါ အချက်အလက်များကို ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းစတင်၀င်ရောက်သည့် မေလ ၁၄ ရက်နေ့မှ ယနေ့မေလ ၁၇ ရက်နေ့အထိ စာရင်းကောက်ယူထားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ကို မေလ ၁၄ ရက်က ကုန်းတွင်းဝင်ရောက်ဖြတ်ကျော်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် စစ်တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည် စခန်းများနှင့် ကျေးရွာများမှ ရိုဟင်ဂျာ ဦးရေ ၁၃၀ နီးပါး အသေအပျောက်ရှိခဲ့သည်ဟု မြေပြင်ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများ၏ ကွင်းဆင်းကောက်ယူထားသည့် စာရင်းများက ဆိုသည်။

ကောက်ယူထားသည့် စာရင်းအရ သင်္ဂြိုဟ်ပြီးသည့် ရုပ်အလောင်း စုစုပေါင်း ၁၁၀ ရှိပြီး ကျန် ဦးရေ ၂၀ ကို ပျောက်ဆုံး(သေဆုံးနိုင်) စာရင်းထဲ ထည့်ထားခြင်းဖြစ်သည်။
😢8👍3❤2🔥1
သင်္ဂြိုဟ်ပြီးသည့် ရုပ်အလောင်း စုစုပေါင်း ၁၁၀တွင် ရုပ်အလောင်း ၃၀ မှာ ဗေဒကျေးရွာမှ ဖြစ်သလို သေဆုံးသူအများစုမှာလည်း ဗေဒ ကျေးရွာမှဖြစ်ကြောင်း သိရသည်။

ကျန်ရုပ်အလောင်း ၈၀ မှာ စံပြရွာ အမှတ် (၃) ၊ စံပြရွာ အမှတ် (၆) ၊ သဲချောင်းရွာ ၊ သဲချောင်း ကယ်ဆယ်ရေးစခန်း၊ သဲချောင်း sector 4 ကယ်ဆယ်ရေးစခန်း၊ ဒါးပိုင်နောက်ရွာ၊ ဒါးပိုင်ကယ်ဆယ်ရေးစခန်း၊ သက္ကေပြင်ကယ်ဆယ်ရေးစခန်း (သစ်) ၊ သက္ကေပြင်ကယ်ဆယ်ရေးစခန်း (ဟောင်း) နှင့် သက္ကေပြင်ကယ်ဆယ်ရေးစခန်း (သစ်)အနီး မှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“အသေအပျောက်အများဆုံးက ဗေဒရွာပါ။ ထုတ်ပြန်နေကြတဲ့ ၄၀၀ ကျော်ဆိုတာက အလောင်းတွေ့ရှိ အတည်ပြုပြီးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ တချို့လည်းအလောင်းပြန်မတွေ့ပေမယ့် မိသားစုကသေဆုံးလက်ခံလိုက်ကြတာရှိတယ် ။ အဲ့တာ ဒီလိုစာရင်းတက်နေတာပါ။ သေဆုံးပျောက်ဆုံးကို ရှေ့အပတ်လောက်မှ အတည်ပြုလို့ရနိုင်ပါမယ်။ လက်ရှိမှာ ကျွန်တော်တို့ ထုတ်တဲ့စာရင်းကတော့ အလောင်းတွေ့ရှိ စာရင်းပါ" ဟု မြေပြင်ကယ်ဆယ်ရေးပရဟိတအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

စစ်တွေမြို့ရှိ အကြီးဆုံး စစ်ဘေးရှောင်စခန်းဖြစ်သည့် တိန်ညိုစစ်ရှောင်စခန်းတွင်လည်း မုန်တိုင်း တိုက်ခတ်မှုကြောင့် စခန်းတစ်ခုလုံးနီးပါးပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။
ထို့အတူ စစ်တွေမြို့ပေါ်တွင်လည်း အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် သေဆုံးသူ ငါးဦးအထိရှိလာကြောင်း ကူညီကယ်ဆယ်ရေးပြုလုပ်နေသည့် မေတ္တာရောင်ခြည် ပရဟိတအသင်းဥက္ကဋ္ဌ ကိုလင်းလင်း မေလ ၁၅ ရက်နေ့တွင် မဇ္စျိမကို ပြောကြားထားသည်။

မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်မှုအတွင်း ကုန်းမြင့်ပိုင်းဒေသတစ်ခုဖြစ်သည့် အာကျိတ်တော်ကုန်းရှိ အဓိဌာန်ကျောင်း မှ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး မေလ ၁၄ ရက် မွန်းလွဲ ၁ နာရီ ၄၀ ခန့်တွင်သေဆုံးခဲ့ခြင်း ဖြစ်သည်။

“အပေါ်ကမှန်ပြုတ်ကျပြီး လူကိုထိတယ်။ ကျနော်တို့ မေတ္တာရောင်ခြည်အသင်းကသွားခေါ်တယ်။ သူက ပင်မသွေးကြောကြီးကို ထိသွားတော့ သွေးတအားထွက်တာ။ ထိတာက ဘယ်ဘက်နှလုံးနားမှာ ထိတာ။ သွေးထွက်လွန်ပြီးတော့ ကားပေါ်ရောက်တာနဲ့ ဆုံးသွားတယ်။ မိနစ်ပိုင်းအတွင်းမှာ ဆုံးသွားတာ” ဟု ကိုလင်းလင်းက ပြောသည်။

စစ်တွေမြို့ ဝါးကျောင်းတွင်လည်း လေပြင်းတိုက်ခတ်စဉ် အဆောက်အအုံအုတ်နံရံပြိုကျမှုကြောင့် အသက်သုံးလအရွယ် ကလေးငယ်တစ်ဦးနှင့် အသက်(၄၀) အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။

ထို့အတူ ဓါတ်ဦးကျောင်းတွင် အသက်(၇၀)ကျော် အမျိုးသားတစ်ဦးနှင့် သစ်ပင်ပိခြင်းကြောင့် အမျိုးသား တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင်လည်း မုန်တိုင်းရှောင်ပြည်သူများရှိနေသည့် ဒုံးပိုက်ဘုန်းကြီးကျောင်းအတွင်းရှိ ဓမ္မာရုံပြိုကျမှုအတွင်း အဆောက်အအုံပိကာ အမျိုးသမီးကိုးဦးအပါအ၀င် စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့သလို ပေါက်တောပြင် ကျေးရွာတွင်လည်း တစ်ဦးသေဆုံးခဲ့ကြောင်း မဇ္စျိမက စုံစမ်းသိရသည်။

ထို့အတူ ပုဏ္ဏားကျွန်းမြို့ပေါ်တွင်လည်း မုန်တိုင်းတိုက်ခတ်မှုအတွင်း ပြည်သူ နှစ်ဦးသေဆုံးကာ ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသအခြေစိုက်ကူညီရေးအသင်းများက ဆိုသည်။

“ အထိအခိုက်စာရင်းက လိုက်ကောက်နေတုန်းပဲ အတိအကျတော့ မသိရသေးဘူး။ လက်ရှိကောက်ထားတဲ့ စာရင်းကလည်း မုန်တိုင်းသင့် မြို့ပေါ် တစ်ခုထဲပါ။ တခြားကျေးရွာတွေတော့ မပါသေးပါဘူး။ ကျေးရွာတွေဘက်လည်း ကွင်းဆင်းဖို့တော့ ရှိပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေက စိုးရိမ်စရာမရှိပါဘူး” ဟု ပုဏ္ဏားကျွန်းမြို့နယ် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း တာ၀န်ရှိသူတစ်ဦးက ယနေ့ မေလ ၁၇ ရက်နေ့တွင် မဇ္စျိမသို့ ပြောသည်။

မိုခါ မုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း ပြည်သူများ သေဆုံးမှု အချက်အလက်များသည် ကယ်ဆေးရေးလုပ်ငန်းဆောင်ရွက်နေသည့် ဒေသအခြေစိုက် အသင်းအဖွဲ့များက ၄င်းတို့ လက်လှမ်းမှီသည့် မြို့ပေါ်နှင့် အနီးတဝိုက်နေရာများတွင်သာ ကောက်ယူထားခြင်း ဖြစ်သည်။

သို့သော် ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာအများစုတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုကြီးမားစွာဖြစ်ပေါ်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ကူညီကယ်ဆယ်မှုများ သွားရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ ကျေးရွာများတွင် မုန်တိုင်း တိုက်ခတ်မှုကြောင့် ပြည်သူများ၏ အထိအခိုက်စာရင်းကို ကောက်ယူရရှိနိုင်ပါက သေဆုံးစာရင်း ထပ်တိုးလာနိုင်ဖွယ်ရှိကြောင်း ကယ်ဆယ်ရေးအသင်းများက ဆိုသည်။

အင်အားပြင်းမုန်တိုင်းတိုက်ခတ်မှုဒဏ် ပြင်းထန်စွာခံခဲ့ရသည့် ရခိုင်ပြည်နယ်တွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများလည်း အဆမတန်များပြားခဲ့ကာ မုန်တိုင်းဒဏ်သင့် ပြည်သူ ထောင်နှင့်ချီရှိနေကြောင်း သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#မိုခါမုန်တိုင်း
#ပြည်သူ ၁၅၀နီးပါးသေဆုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😢9❤2🔥1💯1
မေလ (၁၈) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

ရေဖြူမြို့ ၊ ကလိန်အောင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်က လုပ်ငန်းသုံးကား မောင်းသူတွေကို နေရပ်လိပ်စာ တောင်းယူနေတယ်ဆိုတဲ့သတင်းနဲ့အတူ အင်းစိန်ထောင်က အကျဉ်းသား ၅၀၀ ကျော် သာယာဝတီထောင်ကို ပြောင်းရွှေ့ခံလိုက်ရတဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

https://youtu.be/mZt6zxoM8KQ
👍11🔥2😁1
​​KIO၊ MNDAA နှင့် NUG တို့က မုန်တိုင်းဒဏ်ခံ ရခိုင်ဒေသအတွက် လူသားချင်းစာနာမှု အလှူငွေများ AA သို့ ပေးပို့

တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က ဆိုင်ကလုန်းမိုခါဒဏ်ခံရသော ရခိုင်ဒေသအတွက် လူသားချင်းစာနာမှု အလှူငွေများကို ရခိုင့်တပ်တော် (AA) သို့ ပေးပို့လှူဒန်းခဲ့ကြောင်း သိရသည်။
ရခိုင်ဒေသအတွက် လူသားချင်းစာနာမှုအကူအညီအဖြစ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ငွေကျပ် သိန်း ၃,၀၀၀ ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ကျပ်သိန်း ၁,၀၀၀၊ NUG က ငွေကျပ် သိန်း ၁,၀၀၀၊ ကို လှူဒါန်း ခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်သူလူထု ဒုက္ခရောက်ချိန်တွင် မဟာမိတ်ပီသစွာ ယင်းသို့်ပေးပို့လှူဒါန်းခြင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ် ဥက္ကဌ ထွန်းမြတ်နိုင်က လက်မှတ်ရေးထိုးကာ ကျေးဇူးတင်သဝဏ်လွှာကို အဖွဲ့များထံသို့ ပြန်လည်ပေးပို့ခဲ့သည်။
ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် လူဦးရေ ၅ ဒသမ ၄ သန်းကျော် မုန်တိုင်းဒဏ်ခံစားရသည်ဟု UNOCHA က တွက်ချက်ထားသည်။
ရခိုင်ဒေသတွင် မုန်တိုင်းဒဏ်ခံ ပြည်သူများအတွက် နိုင်ငံတကာမှ အကူအညီများပေးကြရန် AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်က အကူအညီများတောင်းခံထားသည်။
❤14👍4😁1🤣1
မေလ ၁၈ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1
​​အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်က စစ်လက်နက် ဒေါ်လာ ၁ ဘီလီယံဖိုး တင်သွင်းပြီး တရုတ်နှင့် ရုရှက ကူညီနေ

မြန်မာအာဏာသိမ်း စစ်ကောင်စီ၏ အတိုက်အခံများအပေါ် သေလောက်အောင် ဖြိုခွင်းခြင်းများတွင် ရုရှနှင့် တရုတ်တို့က ကူညီနေခြင်းအတွက် အရေးဆိုထားသော ဗုဒ္ဓဟူးနေ့က အစီရင်ခံစာသစ်၌ ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်သည် စစ်လက်နက်နှင့် အခြား စစ်ဘက်ဆိုင်ရာ ပစ္စည်းများ အမေရိကန်ဒေါ်လာ တစ်ဘီလီယံဖိုး အနည်းဆုံး တင်သွင်းခဲ့ကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်တစ်ဦးက ဆိုထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍4🤬4❤2👏1
ရုရှား၊တရုတ်အပါအဝင် ၅ နိုင်ငံက စစ်ကောင်စီကို ဒေါ်လာ ၁ ဘီလီယံတန် "သေမင်းတမန်ကုန်သွယ်မှု" လက်နက်များရောင်း

002
အာဏာသိမ်းပြီးချိန်မှစပြီး စစ်ကောင်စီက ဒေါ်လာ တစ်ဘီလျံတန်ကြေးရှိ စစ်လက်နက်ပစ္စည်းများကို ရုရှား၊တရုတ်၊ စင်ကာပူ၊ အိန္ဒိယ၊ ထိုင်းတို့မှ တင်သွင်းဝယ်ယူထားဟု ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူး၏ မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်၍ တင်ပြသော အစီရင်ခံစာသစ်တစ်ခုအရ သိရသည်။
ရုရှားမှ ဒေါ်လာ ၄၀၆ သန်း၊ တရုတ်မှ ဒေါ်လာ ၂၆၇ သန်း၊ စင်ကာပူမှ ဒေါ်လာ ၂၅၄ သန်း၊ အိန္ဒိယမှ ဒေါ်လာ ၅၁ သန်း၊ ထိုင်းမှ ဒေါ်လာ ၂၇ ဒသမ ၇ သန်းဖိုး တင်သွင်းခဲ့သည်ဟုဆိုသည်။
👍11🤬5😁1
တင်သွင်းခဲ့သည့် စစ်လက်နက်ပစ္စည်းများမှာ Su-30၊ MiG 29၊ Yak 130 လေယာဉ်များ၊ MI-35 ရဟတ်ယာဉ်များ၊ ရေဒါစနစ်များ၊ ဂျက်အင်ဂျင်များ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ တင့်ကားများ အဆင့်မြှင့်တင်မည့် စက်ပစ္စည်းများ၊ အဝေးထိန်းစနစ်ဖြင့်ထိန်းချုပ်သည့် လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊ ထောက်လှမ်းရေးဒရုန်း နှင့် တိုက်ခိုက်ရေးဒရုန်းများ၊ ရေတပ်အတွက် ထောက်လှမ်းရေးရေဒါများ၊ ကမ်းရိုးတန်းစောင့်ကြည့်စနစ်များ၊ ၁၂၂ မမ အမြောက်ပြောင်းများ၊ ဗုံးနှင့်လက်နက်ကြီးများတွင် အသုံးပြုသည့် သတ္တုပစ္စည်းများ၊ စစ်လက်နက်ထုတ်လုပ်သည့် ကုန်ကြမ်းအပိုပစ္စည်းများ အစရှိသည်တို့ ပါဝင်သည်။
" မြန်မာစစ်တပ်က မြန်မာပြည်သူတွေအပေါ် ကြမ်းကြုတ်ရက်စက်တဲ့ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး သက်သေအထောက်အထားတွေပုံအောထနေပေမဲ့လည်း ဗိုလ်ချုပ်ကြီးတွေဟာ ခေတ်မီလက်နက်တွေကို ဆက်ရနေတုံးပဲ၊ တိုက်လေယာဉ်အပိုပစ္စည်းတွေ၊ ကုန်ကြမ်းတွေနဲ့ ပြည်တွင်းလက်နက်ထုတ်လုပ်ရေးအတွက် ပစ္စည်းကိရိယာတွေပေါ့" ဟု တွမ်အင်ဒရူးက ပြောသည်။
" ဥပဒေစိုးမိုးမှု ထိထိရောက်ရောက်မလုပ်နိင်တာကိုထဲ့တွက်ပြီး အသစ်တွေထောင်လို့ ရှေ့မှာ ဗန်းပြထားတဲ့ ကုမ္ပဏီတွေကိုသုံးပြီး ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ရှောင်ရှားလို့ အဲဒီလက်နက်တွေဆက်ပေးနိုင်တာဖြစ်တယ်"ဟု သူကပြောသည်။
ဒေါ်လာ တစ်ဘီလျံကျော်၏ ရာခိုင်နှုန်း ၉၀ ကျော်အား စစ်တပ် လက်အောက်ခံ စစ်လက်နက်ဝယ်ယူရေးညွန်ကြားမှုဦးစီးဌာန၊ လေတပ်ရုံး အစရှိသည့်ဌာနများက ပစ္စည်းများကိုတိုက်ရိုက်လက်ခံ ခဲ့ပြီး ကျန်ရာခိုင်နှုန်းများကို ယင်းနိုင်ငံများတွင် လုပ်ငန်းလည်ပတ် နေသည့်ကုမ္ပဏီများထံမှ ဝင်ရောက်လာခြင်းဟု အစီရင်ခံစာတွင် ဖော်ပြသည်။
လက်နက်ပစ္စည်းများအတွက်ကုန်ကြမ်းများမှာ ပြည်တွင်းရှိ စစ်တပ် လက်အောက်ခံ စက်ရုံများအတွက် ဝယ်ယူထားခြင်းဖြစ်ပြီး ဒေါ်လာ ၆၀၁ သန်းဖိုးမှာ အသင့်သုံး လက်နက်များဝယ်ယူခြင်းဖြစ်သည်။
အစီရင်ခံစာကို "သေမင်းတမန်ကုန်သွယ်မှု"ဟု အမည်ပေးထားပြီး ကလေးငယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ သေဆုံးခဲ့သည့် ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုကိုလည်း ဖော်ပြထားသည်။
အစီရင်ခံစာအရ ဂျက်လေယာဉ်၊ ဂျက်တိုက်လေယာဉ်များကို ရုရှား နှင့် တရုတ်ထံမှ အများဆုံးဝယ်ယူခဲ့ပြီး အခြားနိုင်ငံများမှ စစ်လက်နက်အပိုပစ္စည်းများ၊ ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူခဲ့သည်ကို တွေ့ရသည်။
ရှိရင်းစွဲပိတ်ပင်တားမြစ်မှုကိုထိရောက်စွာအရေးယူနိုင်ရေးနှင့် လက်နက်ကုန်သည်များ နှင့် နိုင်ငံခြားငွေအရင်းအမြစ်များကို ပိတ်ဆို့အရေးယူမှုများချိတ်ဆက်​ဆောင်ရွက်ကာ မြန်မာစစ်တပ်သို့ လက်နက်ရောင်းချမှု သို့မဟုတ် လွှဲပြောင်းပေးအပ်မှုလုံး၀မလုပ်နိုင်ရေး အလုံးစုံပိတ်ပင်မှုလုပ်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကိုတောင်းဆိုလိုက်သည်။
အစီရင်ခံစာအရ ဖေဖော်ဝါရီ ၂၀၂၁ မှ ဒီဇင်ဘာ ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၅၄ သန်းတန်ဖိုးရှိ ပစ္စည်းများကို ဒါဇင်နှင့်ချီသောကုမ္ပဏီများက စင်္ကာပူနိုင်ငံမှသည် စစ်ကောင်စီတပ်သို့ တင်ပို့ခဲ့သည်ပါရှိသည်။ လက်နက်ကုန်သည်များက စင်္ကာပူဘဏ်များကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။
👍10❤2😁1