Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မေလ ၁၈ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1
​​အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်က စစ်လက်နက် ဒေါ်လာ ၁ ဘီလီယံဖိုး တင်သွင်းပြီး တရုတ်နှင့် ရုရှက ကူညီနေ

မြန်မာအာဏာသိမ်း စစ်ကောင်စီ၏ အတိုက်အခံများအပေါ် သေလောက်အောင် ဖြိုခွင်းခြင်းများတွင် ရုရှနှင့် တရုတ်တို့က ကူညီနေခြင်းအတွက် အရေးဆိုထားသော ဗုဒ္ဓဟူးနေ့က အစီရင်ခံစာသစ်၌ ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်သည် စစ်လက်နက်နှင့် အခြား စစ်ဘက်ဆိုင်ရာ ပစ္စည်းများ အမေရိကန်ဒေါ်လာ တစ်ဘီလီယံဖိုး အနည်းဆုံး တင်သွင်းခဲ့ကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်တစ်ဦးက ဆိုထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍4🤬4❤2👏1
ရုရှား၊တရုတ်အပါအဝင် ၅ နိုင်ငံက စစ်ကောင်စီကို ဒေါ်လာ ၁ ဘီလီယံတန် "သေမင်းတမန်ကုန်သွယ်မှု" လက်နက်များရောင်း

002
အာဏာသိမ်းပြီးချိန်မှစပြီး စစ်ကောင်စီက ဒေါ်လာ တစ်ဘီလျံတန်ကြေးရှိ စစ်လက်နက်ပစ္စည်းများကို ရုရှား၊တရုတ်၊ စင်ကာပူ၊ အိန္ဒိယ၊ ထိုင်းတို့မှ တင်သွင်းဝယ်ယူထားဟု ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူး၏ မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်၍ တင်ပြသော အစီရင်ခံစာသစ်တစ်ခုအရ သိရသည်။
ရုရှားမှ ဒေါ်လာ ၄၀၆ သန်း၊ တရုတ်မှ ဒေါ်လာ ၂၆၇ သန်း၊ စင်ကာပူမှ ဒေါ်လာ ၂၅၄ သန်း၊ အိန္ဒိယမှ ဒေါ်လာ ၅၁ သန်း၊ ထိုင်းမှ ဒေါ်လာ ၂၇ ဒသမ ၇ သန်းဖိုး တင်သွင်းခဲ့သည်ဟုဆိုသည်။
👍11🤬5😁1
တင်သွင်းခဲ့သည့် စစ်လက်နက်ပစ္စည်းများမှာ Su-30၊ MiG 29၊ Yak 130 လေယာဉ်များ၊ MI-35 ရဟတ်ယာဉ်များ၊ ရေဒါစနစ်များ၊ ဂျက်အင်ဂျင်များ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ တင့်ကားများ အဆင့်မြှင့်တင်မည့် စက်ပစ္စည်းများ၊ အဝေးထိန်းစနစ်ဖြင့်ထိန်းချုပ်သည့် လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊ ထောက်လှမ်းရေးဒရုန်း နှင့် တိုက်ခိုက်ရေးဒရုန်းများ၊ ရေတပ်အတွက် ထောက်လှမ်းရေးရေဒါများ၊ ကမ်းရိုးတန်းစောင့်ကြည့်စနစ်များ၊ ၁၂၂ မမ အမြောက်ပြောင်းများ၊ ဗုံးနှင့်လက်နက်ကြီးများတွင် အသုံးပြုသည့် သတ္တုပစ္စည်းများ၊ စစ်လက်နက်ထုတ်လုပ်သည့် ကုန်ကြမ်းအပိုပစ္စည်းများ အစရှိသည်တို့ ပါဝင်သည်။
" မြန်မာစစ်တပ်က မြန်မာပြည်သူတွေအပေါ် ကြမ်းကြုတ်ရက်စက်တဲ့ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး သက်သေအထောက်အထားတွေပုံအောထနေပေမဲ့လည်း ဗိုလ်ချုပ်ကြီးတွေဟာ ခေတ်မီလက်နက်တွေကို ဆက်ရနေတုံးပဲ၊ တိုက်လေယာဉ်အပိုပစ္စည်းတွေ၊ ကုန်ကြမ်းတွေနဲ့ ပြည်တွင်းလက်နက်ထုတ်လုပ်ရေးအတွက် ပစ္စည်းကိရိယာတွေပေါ့" ဟု တွမ်အင်ဒရူးက ပြောသည်။
" ဥပဒေစိုးမိုးမှု ထိထိရောက်ရောက်မလုပ်နိင်တာကိုထဲ့တွက်ပြီး အသစ်တွေထောင်လို့ ရှေ့မှာ ဗန်းပြထားတဲ့ ကုမ္ပဏီတွေကိုသုံးပြီး ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ရှောင်ရှားလို့ အဲဒီလက်နက်တွေဆက်ပေးနိုင်တာဖြစ်တယ်"ဟု သူကပြောသည်။
ဒေါ်လာ တစ်ဘီလျံကျော်၏ ရာခိုင်နှုန်း ၉၀ ကျော်အား စစ်တပ် လက်အောက်ခံ စစ်လက်နက်ဝယ်ယူရေးညွန်ကြားမှုဦးစီးဌာန၊ လေတပ်ရုံး အစရှိသည့်ဌာနများက ပစ္စည်းများကိုတိုက်ရိုက်လက်ခံ ခဲ့ပြီး ကျန်ရာခိုင်နှုန်းများကို ယင်းနိုင်ငံများတွင် လုပ်ငန်းလည်ပတ် နေသည့်ကုမ္ပဏီများထံမှ ဝင်ရောက်လာခြင်းဟု အစီရင်ခံစာတွင် ဖော်ပြသည်။
လက်နက်ပစ္စည်းများအတွက်ကုန်ကြမ်းများမှာ ပြည်တွင်းရှိ စစ်တပ် လက်အောက်ခံ စက်ရုံများအတွက် ဝယ်ယူထားခြင်းဖြစ်ပြီး ဒေါ်လာ ၆၀၁ သန်းဖိုးမှာ အသင့်သုံး လက်နက်များဝယ်ယူခြင်းဖြစ်သည်။
အစီရင်ခံစာကို "သေမင်းတမန်ကုန်သွယ်မှု"ဟု အမည်ပေးထားပြီး ကလေးငယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ သေဆုံးခဲ့သည့် ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုကိုလည်း ဖော်ပြထားသည်။
အစီရင်ခံစာအရ ဂျက်လေယာဉ်၊ ဂျက်တိုက်လေယာဉ်များကို ရုရှား နှင့် တရုတ်ထံမှ အများဆုံးဝယ်ယူခဲ့ပြီး အခြားနိုင်ငံများမှ စစ်လက်နက်အပိုပစ္စည်းများ၊ ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူခဲ့သည်ကို တွေ့ရသည်။
ရှိရင်းစွဲပိတ်ပင်တားမြစ်မှုကိုထိရောက်စွာအရေးယူနိုင်ရေးနှင့် လက်နက်ကုန်သည်များ နှင့် နိုင်ငံခြားငွေအရင်းအမြစ်များကို ပိတ်ဆို့အရေးယူမှုများချိတ်ဆက်​ဆောင်ရွက်ကာ မြန်မာစစ်တပ်သို့ လက်နက်ရောင်းချမှု သို့မဟုတ် လွှဲပြောင်းပေးအပ်မှုလုံး၀မလုပ်နိုင်ရေး အလုံးစုံပိတ်ပင်မှုလုပ်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကိုတောင်းဆိုလိုက်သည်။
အစီရင်ခံစာအရ ဖေဖော်ဝါရီ ၂၀၂၁ မှ ဒီဇင်ဘာ ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၅၄ သန်းတန်ဖိုးရှိ ပစ္စည်းများကို ဒါဇင်နှင့်ချီသောကုမ္ပဏီများက စင်္ကာပူနိုင်ငံမှသည် စစ်ကောင်စီတပ်သို့ တင်ပို့ခဲ့သည်ပါရှိသည်။ လက်နက်ကုန်သည်များက စင်္ကာပူဘဏ်များကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။
👍10❤2😁1
မန္တလေးတွင် ပုဂ္ဂလိက ဆေးရုံ ၃ ရုံကို စစ်ကောင်စီက လုပ်ငန်းလိုင်စင်ပယ်ဖျက်

၀၀၈၊ ၀၀၇
မန္တလေး(မဇ္ဈိမ) ။ ။ မန္တလေးမြို့တွင် လူသိများသည့် ပုဂ္ဂလိကဆေးရုံများဖြစ်သည့် နန်းတော်ဆေးရုံ၊ မြို့တော်ဆေးရုံနှင့် ကံ့ကော်ဆေးရုံ သုံးရုံကို စစ်ကောင်စီက လုပ်ငန်းလိုင်စင်များ ပယ်ဖျက်လိုက်ကြောင်း သိရသည်။
စစ်ကောင်စီ၏ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့က မဟာအောင်မြေခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ညွှန်ကြားချက်နှင့်အညီ အဆိုပါဆေးရုံများအား
ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉(က)ပါ လိုင်စင် စည်းကမ်းများကို လိုက်နာရန်ပျက်ကွက်ခြင်းကြောင့် ၂၀၂၃ခုနှစ် ဇန်နဝါရီ ၁ရက် မှစတင်၍ လုပ်ငန်းလိုင်စင်ကို ပယ်ဖျက်လိုက်ကြောင်း အမိန့်ကြေညာစာထုတ်ခဲ့သည်။
ထိုအမိန့်စာကို ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ အတွင်းရေးမှူးဖြစ်သည့် ညွှန်ကြားရေးမှူးချုပ်ဒေါက်တာမြတ်၀ဏစိုးက မေ ၁၅ရက် ရက်စွဲဖြင့် လက်မှတ်ထိုး အမိန့်စာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
👍5👎5👏2🔥1😁1
"သူတို့ဘက်က စွပ်စွဲချက်တွေနဲ့ အခုလို လုပ်လိုက်တာပဲ။ ဒါမျိုးတွေက သူတို့လုပ်နေကြပဲ။ ဆေးရုံ၊ ဆေးခန်းနဲ့ ဆရာဝန်တွေကတော့ လူနာလာရင် ကုပေးရမှာပဲ။ စကားတွေ အများကြီး မပြောချင်ဘူး "ဟု မန္တလေးမြို့ခံ နာမည်ကြီး ခွဲစိတ်ဆရာဝန် တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်ကလည်း ယခုပိတ်သိမ်းခံလိုက်ရသော ဆေးရုံသုံးရုံအပါအ၀င် ပုဂ္ဂလိက ဆေးရုံငါးရုံကို ယာယီပိတ်သိမ်းရန် စစ်ကောင်စီက အမိန့်ထုတ်ခဲ့သည်။
“အဲဒီတုန်းကတော့ လေးလလောက်ပိတ်ရမယ်လို့ အမိန့်စာထုတ်ခံရတာပေါ့နော်။ အခုပယ်ဖျက်ခံလိုက်ရတဲ့ ဆေးရုံသုံးခုအပြင် ထက်နေလင်းနဲ့ စိန်ပန်းဆေးရုံနှစ်ခုလည်း ပါတယ်။ ဒီနှစ်ခုက အစကတည်းက လုပ်ငန်းလိုင်စင်မကျသေးဘဲ ဖွင့်ထားတာလို့သိရတယ်။ ဘယ်လိုဖြေရှင်းလိုက်လဲတော့ မသိဘူး။ ပယ်ဖျက်ခံလိုက်ရတဲ့ သုံးခုကတော့ သွားပြီပေါ့ဗျာ။ အလုပ်လုပ်နေတဲ့ ၀န်ထမ်းတွေအလုပ်လက်မဲ့ဖြစ်ကြရပြီ” ဟု ကျန်းမာရေး၀န်ထမ်းတစ်ဦးကပြောသည်။
၀န်ထမ်းရာနှင့်ချီ အလုပ်လုပ်နေသည့် ထိုဆေးရုံကြီးများပိတ်သိမ်းခံရသည့်အတွက် ၀န်ထမ်းရှစ်ရာကျော်အလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်း ကျန်းမာရေးအသိုက်အ၀န်းထံက သိရသည်။
အဆိုပါဆေးရုံများကို ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာ ၃၁ရက်က PDFများကို ဆေးကုသပေးခြင်းနှင့် CDM ကျန်းမာရေးဝန်ထမ်းများကို ကူညီနေသည်ဟုဆိုကာ စစ်ကောင်စီက ယာယီ ပိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး ယခုအခါ လုပ်ငန်းလိုင်စင်ပါ ပယ်ဖျက်ခံရခြင်းဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
# ဆေးရုံ သုံးရုံကို စစ်ကောင်စီ ပိတ်သိမ်း
#လုပ်ငန်းလိုင်စင်ပယ်ဖျက်
#မန္တလေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
😁6👍2👏1
​​မန္တလေးတွင် ရဟန်းတစ်ပါး သံတံခါးပိ၍ ပျံလွန်တော်မူ

၀၀၈
မန္တလေး(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ၁၂လမ်း၊ ၆၂နှင့် ၆၆လမ်းကြားရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် ဆရာတော် တစ်ပါးသည် ကျောင်းပေါက် မုခ်ဦး သံတံခါး ပိတ်နေစဉ် သံတံခါးပြုတ်ကာ ပိမိပြီး ပျံလွန်တော်မူသွားကြောင်း နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူထံက သိရသည်။
ပျံလွန်တော်မူသည့် ဆရာတော်မှာ သက်တော် ၆၀ ခန့်ရှိပြီဖြစ်ပြီး မေ ၁၇ရက် ည ၇နာရီ ၅၀မိနစ် ပျံလွန်တော်မူသွားခြင်းဖြစ်သည်။
"ဦးပဥ္စင်းကြီးက ညစဥ် တံခါးပိတ်နေကျပါ။ ညကတော့ တံခါးက ဦးပဥ္စင်းကြီးပိတ်နေရင်း ချော်ပြီး ပြုတ်သွားပုံရတယ်"ဟု ဆရာတော် တစ်ပါးက မိန့်သည်။
ပျံလွန်တော် မူသွားသည့် ဆရာတော်၏ ရုပ်ကလပ်ကို သေမှု သေခင်း စစ်ချက်ယူ၍ မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ရဲဌာနက သတ်မှတ်သည့် သေဆုံးသူ နံပါတ် (PR-13) ဖြင့် နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်းက ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
​ ​ #Mizzima
# ရဟန်းတစ်ပါး ပျံလွန်တော်မူ
#သံတံခါးပိ
ဓါတ်ပုံ၊နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
😢9👍4😁2
ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင်နှစ်ဦး မြွေကိုက်ခံရ

KMN
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စစ်ဘေးရှောင်နှစ်ဦး မြွေကိုက် ခံခဲ့ရခြင်းကြောင့် ဆေးကုသမှုပေးနေရကြောင်း ကျွန်းလှ၊ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့် ဘလူခရိုင်မှ ထုတ်ပြန်ထားသည်။
မေလ ၁၂ ရက်နေ့တွင် ဇီးကုန်းတိုက်နယ်မှ အသက်(၁၇)နှစ်အရွယ် စစ်ရှောင်ယောက်ျားလေးတဦးနှင့် မေလ ၁၅ ရက်နေ့တွင် ချပ်သင်းတိုက်နယ်မှ အသက်(၅၃)နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတဦး မြွေကိုက် ခံရကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
“စစ်ကြောင်းကဆက်ထိုးနေတော့ ပြေးနေရတုန်းပါ။ ကျွန်တော်တို့တိုက်နယ်မှာ ပိုးထိတဲ့သူ ၁၀ ယောက် လောက်ရှိပြီ တစ်ယောက်ကတော့ဆုံးသွားတယ်” ဟု ဇီးကုန်းတိုက်နယ်မှဒေသခံတဦးက မဇ္ဈိမကိုပြော ကြားသည်။
😢12👍2❤1
ဇီးကုန်းတိုက်နယ်မှ (၁၇)နှစ်အရွယ် ယောက်ျားလေးအား အိန္ဒိယမြွေဆိပ်ဖြေဆေး ၁၂ လုံးထိုးပေးခဲရပြီး ချပ်သင်းတိုက်နယ်မှအသက်(၅၃)နှစ်အရွယ်အမျိုးသမီးအား BPI မြွေဆိပ်ဖြေဆေးလေးလုံးထိုးပေးခဲ့ ကြောင်း ဒေသခံများကဆိုသည်။
၎င်းတို့နှစ်ဦးလုံးမှာ စောင့်ကြည့်ရသည့်ကာလကျော်လွန်၍ အသက်အန္တရာယ်မစိုးရိမ်ရတော့ကြောင်း သိရ သည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် ပြီးခဲ့သည့်ဧပြီလအတွင်းကလည်း စစ်ဘေးရှောင်လေးဦး မြွေဆိုး ကိုက်ခံခဲ့ရပြီး အသက်ရှစ်နှစ်အရွယ်ကလေးငယ်နှင့် အသက်(၅၃) နှစ်အရွယ်လူကြီးတဦး သေဆုံးခဲ့သည်။
စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်မှုအပြင် မြေပြင်မှလည်း ရွာစဉ်လှည့် စစ်ကြောင်းထိုးနေမှု များကြောင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တစ်ခုတည်း၌ စစ်ဘေးရှောင် ၅၀,၀၀၀ ကျော်ရှိလာပြီဖြစ် ကြောင်း ကျွန်းလှ၊ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်မှ ထုတ်ပြန်ထားသည်။
Photo - ကျွန်းလှ၊ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ကန့်ဘလူခရိုင်
#မြွေဆိုးကိုက်
#မြွေးဆိပ်ဖြေဆေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤2🔥2
​​ဝင်ရောက်ဖမ်းဆီးစဉ် ခုခံသည့် ပျူစောထီးခေါင်းဆောင်နှင့် မိသားစုကို ပစ်ခတ်ရှင်းလင်း ၊ လက်နက် ၃ လက် သိမ်းဆည်းရမိ

MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ် ၊ ကျီးကုန်းရွာမှ ပျူစောထီးခေါင်းဆောင် ဦးမြင့်နိုင် နှင့် ၎င်း၏ မိသားစုကို ဝင်ရောက်ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် ၎င်းတို့ကိုပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာ၀န်ရှိသူထံက သိရသည်။
မေလ ၁၇ ရက်နေ့ မနက် ၃နာရီဝန်းကျင်တွင် ၀င်ရောက်ဖမ်းဆီးစဥ် ဦးမြင့်နိုင် ၊ ၎င်းအမျိုးသမီးနှင့် သားဖြစ်သူတို့ ကပါ ပြန်လည် ပစ်ခတ်ခုခံခဲ့သဖြင့် သုံးဦးစလုံးကို ပစ်ခတ်ရှင်းလင်းခဲ့ကာ
ပကဖအဖွဲ့မှ ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း သိရသည်။
“ ကျီကုန်းရွာက မြင်နိုင်အိမ်မှာပါပဲဗျ။ သူတို့ဘက်ကအဖမ်းမခံဘဲ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။ မိမိတို့ဘက်က ပကဖရဲဘော်တစ်ဦးလည်း ကျဆုံးတယ်လို့ သိရပါတယ်” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူက ပြောသည်။
ဦးမြင့်နိုင်တို့ မိသားစုသည် လက်နက်အားကိုးဖြင့် ရွာသားများအား အဓမ္မခြိမ်းခြောက်ကင်းစောင့်ခိုင်းခြင်း ၊ ငွေညှစ်ခြင်းများ ပြုလုပ်သည်ဟု ဒေသခံများထံကသိရသည်။
ဖမ်းဆီးပစ်ခတ်စဥ်က ကာဘိုင်သေနတ် တစ်လက်နှင့် ရှော့ဂန်း နှစ်လက် စုစုပေါင်း သေနတ် သုံးလက်ကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ က ဆိုသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#ပျူစောထီးခေါင်းဆောင်နှင့် မိသားစု
#ပစ်ခတ်ရှင်းလင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🔥2