မဲဆောက်မြို့တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်းမှုကို နှစ်နိုင်ငံဥပဒေများဖြင့် အရေးယူနိုင်ရန် NUGဆောင်ရွက်နေ
မဇ္ဈိမ ။ ။ ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်းမှုကို နှစ်နိုင်ငံ ဥပဒေများဖြင့် အရေးယူနိုင်ရန် ဆောင်ရွက်နေသည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ( NUG )၏ တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးမင်းနောင်ခိုင်က ပြောသည်။
အသက် ငါးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအလုပ်အမှုဆောင်၊ အတွင်းရေးမှူး ဦးအောင်မင်းက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကျူးလွန်ခဲ့သည်ဟု ကလေးငယ်၏ မိခင်ဖြစ်သူက အမျိုးသား ညီညွတ်ရေး အစိုးရ( NUG )သို့ မေလ၂ရက်နေ့တွင် တိုင်ကြားစာပေးပို့ခဲ့သည်။
တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင်က “ ထိုင်းရဲ့တရားစီရင် ရေးစနစ်အတိုင်းသွားဖို့တော့ ကာယံကံရှင်ကို ကျနော်တို့တွေ ဆက်သွယ်ပြီးတော့မှပဲလိုအပ်တဲ့ ဥပဒေအကြံဉာဏ်တွေ အထောက်အကူတွေပေးသွားဖို့ ရှိပါတယ် “ ဟု မဇ္ဈိမသို့ပြောသည်။
တိုင်ကြားစာပေးပို့ပြီး ယနေ့ ၁၆ အကြာ အမှုအခြေအနေနှင့် ပတ်သက်ပြီးမေးမြန်ရာတွင် ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။
ကျူးလွန်ခံရသူသည် CDM ပြုလုပ်ထားသည့် တွဲဖက်ပါမောက္ခတစ်ဦး၏ သမီးဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်ပါဝင်သည့် တိုင်းကြားစာကို NUG ၏ အမျိုးသမီး၊လူငယ်နှင့်ကလေး သူငယ်ရေးရာဝန်ကြီးဌာနသို့လိပ်မူပြီး ပေးပို့ခဲ့သည့်အပြင် မိတ္တူကိုသမ္မတရုံး၊ ဝန်ကြီးချုပ်ရုံး ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပညာရေးဝန်ကြီးဌာန၊ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနာနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD )ဗဟိုအလုပ်ကော်မတီသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ တရာစီရင်ရေးကိစ္စများနှင့်ပတ်သက်ပြီး ရဲအရေးပိုင်သည့်ကိစ္စများကို NUGဘက်မှ ဆောင်ရွက်နေသော်လည်း ထိုင်းနိုင်ငံတွင်တရားစွဲနိုင်ရန်အတွက် မိသားစုများကို အကြံပြုချက် သဘောထားတောင်းခံရဦးမည်ဖြစ်ကြောင်း NUGတရားရေးဌာနကသိရသည်။
မြန်မာနိုင်ငံ၏ဥပဒေအရ ပြည်ပနိုင်ငံတွင်ရောက်ရှိနေသော နိုင်ငံသားများကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ အရ ကျူးလွန်သောအမှုအတွက် နိုင်ငံတွင်းစစ်ဆေးစီရင်သကဲ့သို့ စစ်ဆေးနိုင်ကြောင်း ပြဌာန်းထားသည်။အဆိုပါလုပ်ပိုင်ခွင့်အရ တိုင်ကြားခံရသူကို မြန်မာနိုင်ငံတွင်းရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ လွတ်မြောက်နယ်မြေအတွင်းရှိ တရားရေးမဏ္ဍိုင်မှတစ်ဆင့် တရားစွဲဆိုသွားနိုင်ရန်ဆောင်ရွက်မည်ဟု NUGတရားရေးဝန်ကြီးဌာနထံက သိရသည်။
“နစ်နာသူမိသားစုကရော စွပ်စွဲခြင်းခံရသူကရောပေါ့လေ။ တရားမျှတမှုကိုရဖို့ အစိုးရကို အပြည့်အဝပူးပေါင်း ဆောင်ရွက်မှုရှိမှသာလျှင် အမှန်တရားကိုရှာဖွေနိုင်လိမ့်ပါမယ်”ဟု ဦးမင်းနောင်ခိုင်က ပြောသည်။
ပြစ်မှုကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသူနှင့် တိုင်ကြားသူနှစ်ဦးစလုံးသည် စစ်အာဏာသိမ်းမှုကြောင့် ထိုင်းနိုင်ငံသို့ တရားမဝင်တိမ်းရှောင် နေရသူများဖြစ်သည်ဟုသိရှိရသည်။ လက်ရှိထိုင်းနိုင်ငံထဲတွင် မည်သည့်အထောက်အထားဖြင့် နေထိုင်သည်ကိုမူ မဇ္ဈိမအနေဖြင့်သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
သို့သော်မည်သို့နေထိုင်သည်ဖြစ်စေ ထိုင်းနိုင်ငံအတွင်းဖြစ်သော အမှုများအတွက် ထိုင်းအာဏာပိုင်များကိုတိုင်ကြားနိုင်ပြီး အရေးယူဆောင်ရွက်ပေးမှုများလည်းရှိသည်ဟု ထိုင်းရောက်ရွှေမြန်မာများအတွက် လက်တွဲကူညီ ACCမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။
“တရားဝင်တာ၊ မဝင်တာထက်စာရင် သူကထိုင်းမှာလည်းအမျိုးသမီးရေးရာအဖွဲ့တွေရှိပါတယ်။ နစ်နာတဲ့သူဘက်က ဥပဒေအရ ကာကွယ်ပေးသွားပါတယ်။ သက်ငယ်မုဒိန်းဆိုရင်တော့ ကလေးဆိုရင်ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာကိုပို့ပေးထားတယ်” ဟု ၎င်းကဆိုသည်။
တရားမဝင်နေထိုင်သူများဖြစ်ပါက တရားလိုနှင့် စွပ်စွဲခံရသူနှစ်ဦးစလုံးသည် ဒဏ်ကြေးဆောင်ရမည်ဖြစ်ပြီး ကျန်သည့်တရားရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သည်ဟု ၎င်းကပြောသည်။
ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသူကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ကြောင်း NUG၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာန(MOWYCA)၏ ဒုတိယဝန်ကြီး က မေလ၁၁ရက်နေ့တွင် မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။
ထိုဖြစ်စဉ်အပေါ် NUG၏ ဖြေရှင်းဆောင်ရွက်မှုများအား တော်လှန်ရေးအဖွဲ့များက စောင့်ကြည့်နေလျက်ရှိနေသည်။ ထို့ပြင် ကျောင်းသားသမဂ္ဂများနှင့် ဖွဲ့စည်းထားသည့် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီက ထိရောက်သော ပြစ်ဒဏ်ချမှတ်မှုများပြုလုပ်သင့်ကြောင်း မေလ ၁၁ရက်နေ့တွင် NUG၏ဝန်ကြီးဌာနများသို့အကြံပြုစာ ပို့ထားသည်။

👍13😁3
ထိုအတူ မြန်မာနွေဦးတက္ကသိုလ်အပါအဝင် တက္ကသိုလ်၂၂ခု၏ ကြားကာလအုပ်ချုပ်ရေးကောင်စီများက အလားတူပြစ်မှု ဖြစ်စဉ်များထပ်မံမဖြစ်ပွားစေရေး၊ လူ့အခွင့်ရေးချိုးဖောက်ခံရမှုများမဖြစ်ပွားစေရေး၊ လူမှုအသိုင်းအဝိုင်းကို ကာကွယ်လုံခြုံမှုပေးနိုင်ပြီး တရားစီရင်ရေးမဏ္ဍိုင်တစ်ရပ် ပေါ်ပေါက်လာရေးအတွက် အစီအမံများကို ဆောင်ရွက် ကာလက်တွေ့အသုံးချနိုင်ရန် ကြိုးပမ်းသင့်ကြောင်း အပါအဝင် အချက်၉ကို မနေ့ မေလ ၁၇ ရက်က ထုတ်ပြန် ကြေညာခဲ့သည် ကိုတွေ့ရသည်။
လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု ကျူးလွန်သည်ဟု စွပ်စွဲခံထားရသည့် ဦးအောင်မင်းကို လက်ထိတ်ခတ်ဖမ်းဆီးထားသည့် ဓါတ်ပုံတစ်ပုံကို မေလဆန်းပိုင်းက တွေ့ခဲ့ရသော်လည်း လက်ရှိအချိန်တွင် ၎င်းသည် မည်သည့်နေရာ၌ ရှိနေသည် ကိုမသိရသေးပေ။
NLDအလုပ်အမှုဆောင်တစ်ဦးဖြစ်သည့်အတွက် ၎င်း၏ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ရှိသူကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။
မေလ ၇ရက်နေ့က အမှုနှင့်ပတ်သက်ပြီးမေးမြန်းချက်အပေါ်တွင် NLDဗဟိုအလုပ်ကော်မတီ ဦးထွန်းမြင့်က “ဒီကိစ္စနဲ့ပတ်သက်ပြီးကျနော်တို့ ပါတီကတော့ ဖြစ်ချင်တဲ့ ဆန္ဒကတော့ အမှုမှန်ပေါ့ဗျာ။ အဖြစ်မှန်ပေါ်ပေါက်ရေး တရားမျှတမှုရှိရေးကို တရားဥပဒေအတိုင်းပဲ ဆောင်ရွက်တာပဲ လိုချင်ပါတယ်ဗျ” ဟု မဇ္ဈိမကိုပြောခဲ့သည်။
NUG သည် ၎င်းတို့၏ စိုးမိုးထိန်းချုပ်နယ်မြေများတွင် ပြည်သူလူထုကို အကြမ်းဖက်စစ်အုပ်စုဘေးကနေ ကာကွယ်ရန် ကြိုးစားနေသကဲ့သို့ အုပ်ချုပ်ရေးဖော်ဆောင်ရန်၊ ပြည်သူလူထုကို ဝန်ဆောင်မှုပေးအပ်နိင်ရန်၊ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်နိင်ရန်ကြိုးစားနေသည်ဟု သိရသည်။
သို့သော်လည်း စိုးမိုးထိန်းချုပ်နယ်မြေများတွင် တရားစီရင်ရေးမဏ္ဍိုင်ကို ရာနှုန်းပြည့်ဖြည့်ဆည်းရန်အတွက် အခက်အခဲများကြောင့် ကြန့်ကြာမှုအချို့ ရှိနေခြင်းကို လျှော့နိုင်ရန်ကြိုးစားနေသည်ဟု NUGဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#သက်ငယ်မုဒိန်းမှု
#မဲဆောက်မြို့
#ဦးအောင်မင်း
Photo- CJ (ထိုင်း- မြန်မာနယ်စပ်၊ မဲဆောက်မြို့တစ်နေရာ)
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍12😁3
မေလ ၁၈ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး၊ စားအုန်းဆီဈေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
၂၀၃၀ နောက်ပိုင်း ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံအသစ်များ မတည်ဆောက်ဟု ဗီယက်နမ် ကတိပြု
ဗီယက်နမ်သည် ၂၀၃၀ ပြည့်နှစ်နောက်ပိုင်း နိုင်ငံတွင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံအသစ်များ တည်ဆောက်တော့မည် မဟုတ်ဟု မေလ ၁၆ ရက်တွင် ထုတ်ပြန်သည့် အချိန်အတော်ကြာ နှောင့်နှေးနေခဲ့သော နိုင်ငံတော် ဓာတ်အား အစီအစဉ်တစ်ရပ်အရ သိရသည်။ သို့သော် ထိုအစီအစဉ်နှင့်ပတ်သက်၍ နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များထံ ကူးပြောင်းမှုက အင်မတန် နှေးကွေးလွန်းနေသည် ဆိုပြီး ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။
http://www.mizzimaburmese.com/article/128463

👍5😁2
ရွှေဘိုအနောက်ခြမ်း ကံသာကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ပြီးနောက် လူ ၅၀ နီးပါး ကို ဖမ်းဆီးသွား
MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းမှ ကံသာကုန်းကျေးရွာကို ယနေ့ မေလ ၁၈ ရက် နံနက် အစောပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးကာ ဒေသခံ ၅၀ နီးပါးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် ညောင်ပင်သာကျေးရွာအနီး စိုက်ပျိုးရေးသိပ္ပံခြံတွင် တပ်စွဲထားသည့် စစ် ကြောင်းဖြစ်ပြီး ယနေ့ နံနက်အစောပိုင်းတွင် ကံသာကုန်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ် ကြောင်း People’s Defense Comrade အဖွဲ့တာဝန်ခံ ကိုထူးခန့်ဇော်က ပြောသည်
“မနက် ၆ နာရီလောက်မှာ ကံသာကုန်းရွာကိုဝင်စီးပြီး အိမ်တွေကို မီးရှို့သွားတယ်။ အပျက်အစီးအထိ အခိုက်တော့ မသိရသေးဘူး။ မနက်အစောကြီး တိတ်တဆိတ်ဝင်စီးတာဆိုတော့ လူတွေလည်း အငိုက်မိ သွားတယ်။ ဒေသခံ ၅၀ လောက်ကို လူသားဒိုင်းအဖြစ်ဖမ်းသွားတာ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူများထဲတွင် ကလေးသူငယ်များလည်းပါဝင်ပြီး ညောင်ပင်သာကျေး ရွာ ဘိုတဲကုန်းဘုန်းကြီးကျောင်းအတွင်းသို့ ခေါင်းဆောင်သွားကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် မေလ ၄ ရက်နေ့က ရေဦးနယ်အနောက်ခြမ်းရှိ ချမ်းသာကျေးရွာမှ စာသင်ကျောင်း ကို မိုင်းခွဲမီးရှို့ခဲ့ပြီး မေလ ၈ ရက်နေ့တွင် ရွှေဘိုနယ် သရက်ပင်ကွင်းရွာမှ နေအိမ် ၂၂ လုံးကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ကိုထူးခန့်ဇော်က ဆိုသည်။
ညောင်ပင်သာကျေးရွာ စိုက်ပျိုးရေးသိပ္ပံခြံတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့မှာ အင်အား ၁၅၀ နီး ပါးရှိပြီး ရွှေဘို၊ ခင်ဦးနှင့် ရေဦးမြို့နယ်များအတွင်းသို့ လှည့်လည်စစ်ကြောင်းထိုးနေသည့် စစ်ကြောင်းတခု ဖြစ်သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ရွှေဘိုမြို့နယ်
#လူသားဒိုင်း
#စစ်ကြောင်းထိုး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းမှ ကံသာကုန်းကျေးရွာကို ယနေ့ မေလ ၁၈ ရက် နံနက် အစောပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးကာ ဒေသခံ ၅၀ နီးပါးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် ညောင်ပင်သာကျေးရွာအနီး စိုက်ပျိုးရေးသိပ္ပံခြံတွင် တပ်စွဲထားသည့် စစ် ကြောင်းဖြစ်ပြီး ယနေ့ နံနက်အစောပိုင်းတွင် ကံသာကုန်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ် ကြောင်း People’s Defense Comrade အဖွဲ့တာဝန်ခံ ကိုထူးခန့်ဇော်က ပြောသည်
“မနက် ၆ နာရီလောက်မှာ ကံသာကုန်းရွာကိုဝင်စီးပြီး အိမ်တွေကို မီးရှို့သွားတယ်။ အပျက်အစီးအထိ အခိုက်တော့ မသိရသေးဘူး။ မနက်အစောကြီး တိတ်တဆိတ်ဝင်စီးတာဆိုတော့ လူတွေလည်း အငိုက်မိ သွားတယ်။ ဒေသခံ ၅၀ လောက်ကို လူသားဒိုင်းအဖြစ်ဖမ်းသွားတာ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူများထဲတွင် ကလေးသူငယ်များလည်းပါဝင်ပြီး ညောင်ပင်သာကျေး ရွာ ဘိုတဲကုန်းဘုန်းကြီးကျောင်းအတွင်းသို့ ခေါင်းဆောင်သွားကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် မေလ ၄ ရက်နေ့က ရေဦးနယ်အနောက်ခြမ်းရှိ ချမ်းသာကျေးရွာမှ စာသင်ကျောင်း ကို မိုင်းခွဲမီးရှို့ခဲ့ပြီး မေလ ၈ ရက်နေ့တွင် ရွှေဘိုနယ် သရက်ပင်ကွင်းရွာမှ နေအိမ် ၂၂ လုံးကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ကိုထူးခန့်ဇော်က ဆိုသည်။
ညောင်ပင်သာကျေးရွာ စိုက်ပျိုးရေးသိပ္ပံခြံတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့မှာ အင်အား ၁၅၀ နီး ပါးရှိပြီး ရွှေဘို၊ ခင်ဦးနှင့် ရေဦးမြို့နယ်များအတွင်းသို့ လှည့်လည်စစ်ကြောင်းထိုးနေသည့် စစ်ကြောင်းတခု ဖြစ်သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ရွှေဘိုမြို့နယ်
#လူသားဒိုင်း
#စစ်ကြောင်းထိုး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6🔥3👍1🥰1👏1
မိုခါမုန်တိုင်းကြောင့် နိုင်ငံတဝန်း သေဆုံးသူ ၄၅၅ ဦးရှိလာကြောင်း NUG ထုတ်ပြန်
MTO
(မဇ္ဈိမ)။ ။ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် မေလ ၁၇ ရက်နေ့ အထိ သေဆုံးသူ ၄၅၅ ဦးထိ ရှိလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က မတ်လ ၁၇ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ပြီး သေဆုံးမှုနှင့် ထိခိုက်မှုစာရင်းများကို ဆက်လက်စိစစ်နေကြောင်း ယင်းဌာန တာဝန်ရှိသူက အသိပေးသည်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် သေဆုံးသူအရေအတွက်နှင့်ပတ်သက်၍ မေလ ၁၇ရက်အထိ ရရှိထားသည့်စာရင်းအား MOHADMက ထုတ်ပြန်ရာတွင် တိုင်းနှင့်ပြည်နယ် ၇ ခုရှိ၂၁မြို့နယ်တွင် သေဆုံးသူ ၄၅၅ဦးအထိ ရှိလာသည်ဟု ဖော်ပြထားသည်။
MOHADMက ထုတ်ပြန်ထားရာတွင် ရခိုင်ပြည်နယ်၌ ၄၃၁ဦး၊ မကွေးတိုင်းတွင်၁၅ဦး၊ စစ်ကိုင်းတိုင်းတွင် ငါးဦး၊ရှမ်းပြည်နယ်တွင် နှစ်ဦးနှင့် ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ မန္တလေးတိုင်းတို့တွင် တစ်ဦးစီ သေဆုံးခဲ့သည်ဟုဆိုသည်။မုန်တိုင်းကြောင့် သေဆုံးသူစာရင်းကို ဆက်လက်အတည်ပြုနေဆဲဖြစ်ကြောင်း MOHADM မှတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
“အခုလောလောဆယ် စစ်တွေက နေရာ ခြောက်ခုမှာ Dead Body(သေဆုံးသူရုပ်အလောင်း) ရှာတွေ့ပြီးတာ အယောက် ၁၀၀ ကျော်ရသွားပြီပေါ့။ ဒါပေမယ့် ၄၀၀ ကျော်ရှိတယ်ဆိုတာကိုခန့်မှန်းထားတယ်။ အဲ့အတွက်ကို အသေးစိတ် စာရင်းပြုစုနေတယ်"ဟု ပြောသည်။
ရခိုင်ပြည်နယ်မှ သေဆုံးသူအများစုမှာ စစ်တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများမှ ဖြစ်သည်ဟု ၎င်းက ပြောသည်။
" သေဆုံးတဲ့သူအများစုကတော့ ဒုက္ခသည်စခန်းတွေမှာ နေနေတဲ့ ရိုဟင်ဂျာတွေဖြစ်တာပေါ့နော်။ အဲ့လိုမျိုးဆိုတော့ ဒီအရေအတွက်မှာလည်း ရိုဟင်ဂျာတွေပဲများမယ်လို့ ယူဆပါတယ်” ဟုဆိုသည်။
ရခိုင်ပြည်နယ်မှသေဆုံးသူ ၄၃၁ဦးတွင် အတည်ပြုပြီး စာရင်းအနေဖြင့် စစ်တွေမြို့ကမ်းရိုးတန်းဒေသရှိ ရိုဟင်ဂျာ၊မွတ်စလင်ဒုက္ခသည်စခန်းများဖြစ်သော စံပြ၊ဗေဒ၊ဒါးပိုင်နှင့် ဗောဒူပစခန်းများမှ အမျိုးသမီးနှင့်ကလေးငယ်များအပါအဝင် ၄၀၁ဦး ရေနစ်သေဆုံးခဲ့သည်ဟု MOHADMက ထုတ်ပြန်ထားသည်။
၄၀၁ဦးအနက် ၁၁၇ဦးသည် ရုပ်အလောင်းအတည်ပြုထားနိုင်ပြီး ကလေးငယ် ၃၂ဦး၊ အမျိုးသမီး ၄၆ဦး သေဆုံးခဲ့သည်ဟု MOHADM မှတ်တမ်းများတွင် ဖော်ပြထားသည်။ ထို့အပြင်ရသေ့တောင်မြို့မှ ၁၃ဦး၊မြောက်ဦးမြို့မှ သုံးဦး၊တောင်ကုတ်နှင့် ရမ်းဗြဲမြို့မှ တစ်ဦးစီ၊ပေါက်တောနှင့်မာန်အောင်မြို့မှ နှစ်ဦးစီ၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့မှ လေးဦးစီသေဆုံးခဲ့သည်ဟု MOHADM က ဆိုသည်။
မကွေးတိုင်းမှ သေဆုံးသူ ၁၅ဦးမှာ ဆင်ဖြူကျွန်းမြို့နယ်မှ ခြောက်ဦး၊ ဆိပ်ဖြူနှင့်ပေါက်မြို့နယ်မှ သုံးဦးစီ၊ရေစကြိုမြို့မှ နှစ်ဦးနှင့် ဂန့်ဂေါမြို့မှ တစ်ဦး၊ စစ်ကိုင်းတိုင်းမှ သေဆုံးသူ ငါးဦးမှာ ယင်းမာပင်မြို့မှ သုံးဦး၊ ကန့်ဘလူနှင့်ကနီမြို့မှ တစ်ဦးစီ ဖြစ်ကြောင်း သိရှိရသည်။ ရန်ကုန်တိုင်းတွင် ကော့မှုးမြို့မှ တစ်ဦး၊ ဧရာဝတီတိုင်းတွင် ရေကြည်မြို့မှ တစ်ဦး၊ မန္တလေးတိုင်းတွင် ပြင်ဦးလွင်မြို့မှ တစ်ဦးနှင့် ရှမ်းပြည်နယ်တွင် တာချီလိတ်မြို့မှ နှစ်ဦး သေဆုံးခဲ့သည်ဟု MOHADM က ဆိုသည်။
မုန်တိုင်းဝင်ပြီး ငါးရက်မြောက်ဖြစ်သော ယနေ့ မေလ ၁၈ရက်အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေပြီး အသေးစိတ်အတည်ပြုနိုင်ရေးကို မြေပြင်မှ အရပ်ဘက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု MOHADM၏ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီကမူ ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် သေဆုံးသူ စုစုပေါင်း ၂၁ ဦးသာရှိသည်ဟု ယမန်နေ့ မေလ ၁၇ တွင်ထုတ်ပြန်ထားသည်။ အာဏာသိမ်းစစ်ကောင်စီသည် ယခင်စစ်အစိုးရလက်ထက်များကအတိုင်း မုန်တိုင်းဘေးအပါအဝင် သဘာဝဘေးကြောင့်သေဆုံးသူအရေအတွက်ကို အမှန်အကန်မထုတ်ပြန်ဘဲ ဖုံးကွယ်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)၏ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက ပြောသည်။
" စာရင်းဇယားတွေအရ ခြံငုံပြီးကြားသိရတာက စုစုပေါင်း ၄၀၀ ကျော်ရှိပြီ။ဒီစာရင်းကို မြေပြင်က အဖွဲ့ကတွေက စုံစမ်းဖော်ထုတ်ဖို့လုပ်နေတယ်။ ဒီစာရင်းတွေ တကယ်ပေါ်လာမှာပါ။ ဒါကိုတော့ စစ်ကောင်စီက ဖုံးအုပ်ထားမှာဖြစ်ပါတယ်" ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ဒေါက်တာဝင်းမြတ်အေးက ပြောသည်။
စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများတွင် မြေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသူများက မုန်တိုင်းကြောင့် သေဆုံးသူသည် ၄၀၀ ကျော်အထိရှိနိုင်ကြောင်း ပြောဆိုထားသည်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် မေလ ၁၄ ရက် နေ့လယ်တွင် ရခိုင်ပြည်နယ်ကမ်းရိုးတန်းကို ကျောက်ဖြူမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားကြားမှဖြတ်ကာ အင်အားအလွန်ပြင်းထန်သော အဆင့်ဖြင့် ဝင်ရောက်ခဲ့သည်။ မုန်တိုင်းဒဏ်ကို ရခိုင်ပြည်နယ်တွင် တိုက်ရိုက်ရင်ဆိုင်ခဲ့ရပြီး ကုန်းတွင်းသို့ ဝင်ရောက်ပြီးနောက် မိုးကြီးခြင်း၊ လေပြင်းကျခြင်းတို့ကြောင့်ဖြစ်သော နောက်ဆက်တွဲသဘာဝဘေးများကို မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်တို့တွင် ထပ်မံရင်ဆိုင်ခဲ့ရသည်။
စာတည်း - မောင်ကြီး
#mizzima
#ဆိုင်ကလုန်းမုန်တိုင်းမိုခါ
#သေဆုံးသူ၄၅၅ဦး
#MOHADM

👍12😢4🔥2
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁4
မိုခါမုန်တိုင်းကြောင့် ထွက်ပေါ်လာသည့် ပုံဟောင်းနှင့် ဗီဒီယိုအဟောင်းများ
မဇ္ဈိမ။ ။ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသကို ဗဟိုပြု၍တိုက်ခိုက်ခဲ့သည့် မိုခါမုန်တိုင်း တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ပုံအဟောင်းများနှင့် ဗီဒီယိုအဟောင်းများ ပျံ့နှံ့ခဲ့သည်။
အခြားနိုင်ငံမှ ပုံဖြင့် ထည့်သွင်းဖြန့်ဝေခြင်း
“ကိုသက်”ဖေ့စ်ဘုတ်အကောင့်မှ မေ ၁၄ ရက်နေ့တွင် “သနားလိုက်တာအဖိုးနဲ့အဖွား ရွာမှာလေတိုက် ကြမ်းလို့နေမရဲဘူးဆိုပြီး ဘုန်းကြီးကျောင်းပြေးခဲ့တယ်” စာသားနှင့်အတူ စစ်တွေတွင် မိုခါမုန်တိုင်းဝင် ရောက်နေကြောင်းရေးသားကာ ဓာတ်ပုံခြောက်ပုံဖြင့် ဖြန့်ဝေထားသည်။
အဆိုပါပို့စ်အား ကြိုက်နှစ်သက်သူ ၁၇,၀၀၀ ကျော်၊ မှတ်ချက်ပေးသူ ၈၅၀ နီးပါးနှင့် ပြန်လည်မျှဝေသူ ၈၀၀ ကျော်ရှိနေသည်။
အလားတူပင် ထိုပုံများကို အသုံးပြု၍ ဖေ့စ်ဘုတ်အသုံးပြုသူများမှ “ဒီတိုင်းသာဆိုရင် စစ်တွေတစ်မြို့လုံး နီးပါး ရေဖုံးတော့မယ်” ဟုဆိုကာ ပြန်လည်ဖြန့်ဝေထားခြင်းများကိုလည်း အများအပြားတွေ့ရသည်။
ထိုပုံများထဲမှ လှိုင်းလုံးများရိုက်ခတ်နေသည့်ပုံမှာ မြန်မာနိုင်ငံမှပုံမဟုတ်ပေ။ ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၃ ခုနှစ်ကဖြစ်ပွားခဲ့သော တိုင်ဖွန်းမုန်တိုင်းဖြစ်စဉ်ကပုံဖြစ်သည်ကို တွေ့ရသည်။ ထိုပုံကို dreamstime.com တွင် ဖော်ပြထားသည်။ လင့် - https://bit.ly/3OeJxYo
အလားတူပင် ထိုပုံအကြောင်းကို အချက်အလက်စစ်ဆေးရေးအဖွဲ့တခုဖြစ်သည့် Fact Crescendo Myanmar မှ လည်း အချက်အလက်စစ်ဆေးထားသည်။ လင့် - https://bit.ly/3Ods16S
ဗီဒီယိုဖိုင်နှစ်ခုကို ပေါင်းစပ်ပြုပြင်ပြီး ဖြန့်ဝေခြင်း
ထပ်မံ၍ “soesandikyaw718” အမည်ရှိ Tit Tok အသုံးပြုသူတစ်ဦးမှ “တော်ပါတော့ မိုခါရယ်” ဟု ရေး သားထားသည့် လှိုင်းလုံးများနှင့် လေပွေတိုက်ခတ်နေသည့် ဗီဒီယိုဖိုင်တခုကို မေလ ၁၅ ရက်နေ့က ဖော်ပြ ထားသည်။
ထိုဖိုင်မှာ လေပွေတိုက်ခိုက်နေသည့် ဗီဒီယိုဖိုင်နှင့် ရေလှိုင်းဗီဒီယိုဖိုင်တို့ကို ပေါင်းစပ်ပြုပြင်ထားခြင်းသာ ဖြစ်သည်။ လေပွေတိုက်ခတ်နေသည့်ဖိုင်နှင့် နောက်ခံအဆောက်အဦး၊ လေလွှင့်နေသည့်ပစ္စည်းများ ထပ်တူညီသည့်ဖိုင်ကို ၂၀၂၁ ခုနှစ် မတ်လတွင် အစောဆုံးတွေ့ရသည်။ ထိုဖိုင်ကို imgur.com တွင် ဖော်ပြထား သည်။ လင့် - https://imgur.com/gallery/QP3yV3M
ဗီဒီယိုဖိုင်အဟောင်းဖြင့် ဖြန့်ဝေခြင်း
မိုခါမုန်တိုင်းကို ကြံ့ကြံ့ခံနေသည့်ဟန်ဖြင့် “မုန်တိုင်း မိုခါ အေးဆေးပဲ” ဟုဆိုကာ မိုးလေပြင်းထဲတွင် မတ် တပ်ရပ်နေသည့် လူတစ်ဦး၏ ဗီဒီယိုဖိုင်ကို “s..mooth” အမည်ရှိ Tit Tok အကောင့်မှ မေလ ၁၅ ရက် နေ့တွင် ဖြန့်ဝေထားသည်။ ထိုဗီဒီယိုကို ကြည့်ရှုသူ ၈၀,၀၀၀ ကျော် ရှိနေပြီဖြစ်သည်။
ထိုဗီဒီယိုဖိုင်မှာ မိုခါမုန်တိုင်းတိုက်ခတ်ချိန်တွင် ရိုက်ယူထားခြင်းမဟုတ်ဘဲ အစောဆုံးတင်ထားသည်ကို ၂၀၂၀ ခုနှစ် ဧပြီလတွင် Youtube ၌ တွေ့ရသည်။ Imchung Yanger အမည်ရှိ Youtube အသုံးပြုသူ တဦးမှ ဗီဒီယိုဖိုင်အတိုတင်သည့် Shorts အမျိုးအစားဖြင့် ဖော်ပြထားခြင်းဖြစ်သည်။ လင့် - https://youtube.com/shorts/q0wvhJ1GgJU?feature=share
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#Cyclone_Mocha

👍9😁2
အစိုးရဖွဲ့ရန် ထိုင်းအနိုင်ရ ရှေ့သို့ချီပါတီက ၈ ပါတီ ညွန့်ပေါင်းဖွဲ့စည်းကြောင်း ကြေညာ
ထိုင်းရွေးကောက်ပွဲ အနိုင်ရ ရှေ့သို့ချီ MFP ပါတီသည် အောက်လွှတ်တော်တွင် အများစုအဖြစ် ရှစ်ပါတီ ညွန့်ပေါင်း ဖွဲ့စည်းကြောင်း ကြာသပတေးနေ့တွင် ကြေညာသည်။
http://www.mizzimaburmese.com/article/128467

👍24😁1
လွတ်လပ်စွာသွားလာခွင့်မရရှိသဖြင့် ရိုဟင်ဂျာရာနဲ့ချီသေဆုံးရတာလို့ NUG နဲ့ တက်ကြွသူတွေမှတ်ချက်ပြု
https://youtu.be/nvXjNnTpl80
https://youtu.be/nvXjNnTpl80
YouTube
လွတ်လပ်စွာသွားလာခွင့်မရရှိသဖြင့် ရိုဟင်ဂျာရာနဲ့ချီသေဆုံးရတာလို့ NUG နဲ့ တက်ကြွသူတွေမှတ်ချက်ပြု
ရခိုင်ကမ်းရိုးတန်းကို ဦးတည်တိုက်ခိုက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ရာနဲ့ချီပြီး သေဆုံးခဲ့ရတယ်လို့ မြေပြင်မှာရောက်နေသူတွေက ပြောပါတယ်။
မေလ ၁၄ ရက်နေ့မှာ တိုက်ခိုက်ခဲ့တဲ့ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးခဲ့ရတဲ့ ရိုဟင်ဂျာအလောင်း…

🤬8😁3👍1