Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
" ရပ်ကွက်အပေါ် အတော်အနိုင်ကျင့်ပါတယ်။ အခု အပစ်ခံရတဲ့အချိန်က သူမရှိဘူးလည်း ပြောသံကြားတယ်။ထွက်ပြေးတယ်လို့လည်း ကြားတယ်"ဟု အခြားဒေသခံ တစ်ဦးက ပြောသည်။
လက်ရှိတွင် အပစ်ခံရသည့် နေအိမ်ပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့က ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မန္တလေးတိုင်း
#ချမ်းမြသာစည်မြို့နယ်
#ရာအိမ်မှူး
#ပစ်ခတ်မှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1🤮1
​​မုန်တိုင်းဒဏ်သင့် ဒေသများသို့ ဝင်ခွင့်ရရေး ကုလသမဂ္ဂက တောင်းခံထားစဉ် ဒေသခံများ ရေ ခက်ခဲနေ

မုန်တိုင်းဒဏ်သင့် ဒေသများသို့ ဝင်ခွင့်ရရေးအတွက် ကုလသမဂ္ဂသည် နိုင်ငံတကာ အထီးကျန် မြန်မာစစ်ကောင်စီနှင့် ညှိနှိုင်းဆွေးနွေးလျက် ရှိနေစဉ် ဆိုင်ကလန်းမုန်တိုင်း တိုက်ခတ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့တော်က ဒေသခံများသည် ဆန်နှင့် သောက်သုံးရေအတွက် တန်းစီစောင့်ဆိုင်းနေရသည်။
မိုခါဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်သို့ တနင်္ဂနွေနေ့က ဝင်ရောက်တိုက်ခတ်ပြီး မိုးသည်းထန်ခြင်းနှင့် တစ်နာရီ လေတိုက်နှုန်း မိုင် ၁၂၀ တိုက်ခတ်ခြင်းများဖြင့် အဆောက်အအုံများ ပြိုကျကာ လမ်းများ ရေကြီးရေလွှမ်းသည်။
မုန်တိုင်းအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ သေဆုံးသူ ၈၁ ဦး ရှိသည်ဟု ဒေသအကြီးအကဲများနှင့် တာဝန်ရှိသူများ၏ အေအက်ဖ်ပီသို့ ပေးသော ထုတ်ပြန်ချက်နှင့် နိုင်ငံပိုင်မီဒီယာတို့အရ သိရသည်။
👍11🔥3😢1
ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်း ရဲဘော်များကို NUG က လက်နက်တပ်ဆင်ပေး

မောင်ခက်နွေ
(မဇ္ဈိမ) ။ ။ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ်(၁)စစ်ဒေသ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းရှိ ရဲဘော်များကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)က လက်နက် တပ်ဆင်ပေးခဲ့တယ်လို့ ဂန့်ဂေါခရိုင်အမှတ်(၁၃) တပ်ရင်းက သတင်း ထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်း ကွပ်ကဲရေးရုံးက မနေ့က မေ ၁၈ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်းက တာဝန်ရှိသူ တစ်ဦးကဆိုသည်။
“ထွေထွေထူးထူးတော့မရှိပါဘူး။ ပြည်သူ့ကာကွယ်ရေး တပ်မတော် ၊ အမှတ် (၁) စစ်ဒေသ ၊ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းက ရဲဘော်တွေနဲ့ မကွေးတိုင်းဒေသကြီး ကွပ်ကဲရေးရုံးမှ တာဝန်ရှိသူတွေ ရင်းနှီးစွာ တွေ့ဆုံခဲ့ကြတာတွေရှိတယ်" ဟု ဂန့်ဂေါခရိုင် အမှတ်(၁၃)တပ်ရင်းရဲ့ တာဝန်ရှိသူကဆိုသည်။
👍11❤7😁3
မကွေးတိုင်း ကွပ်ကဲရေးမှူးမှ တပ်ရင်းရှိ ရဲဘော်တွေကို စည်းကမ်းပြည့်ဝတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများ ဖြစ်လာစေရေးအတွက် အမှာစကား ပြောကြားပေးခြင်းနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ လက်နက်အချို့ တပ်ဆင်ပေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဂန့်ဂေါခရိုင်
#တပ်ရင်း
#ရဲဘော်များ
#NUG
#လက်နက်
Photo - The Youth Force - Saw & Kyaukhtu
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏10👍6🥰3😁2
Media is too big
VIEW IN TELEGRAM
နိုင်ငံ‌ရေးအကျပ်အတည်းကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးမူအပေါ် ခိုင်မာစွာရပ်တည်မယ်လို့ အပစ်ရပ် ၇ဖွဲ့ထုတ်ပြန်

Watch more detail -
https://youtu.be/2o3f6vLbrcA

#PoliticalNews #နိုင်ငံ‌ရေး #ဖြေရှင်းရေး #အပစ်ရပ် ၇ဖွဲ့ #VideoNews #shorts #reels
💩7👍3👏3
မေလ (၁၉)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

00:59 - စစ်ကောင်စီထံ စစ်လက်နက်တွေမရောက်ဖို့ ကုလရဲ့ဆုံးဖြတ်ချက်အတိုင်းလိုက်နာဟု စင်င်္ကာပူကထပ်မံ ဖြေရှင်းတဲ့သတင်း

04:26 - ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီအစိုးရ ပေါ်ထွန်းရေးကမြန်မာ့အရေးနဲ့ ပတ်သက်နေလား

06:40 -  ရုရှားမှာလေယာဉ်ပစ်ချခံရပြီးတဲ့နောက်ဘီလာရုစ်ကစစ်တပ်ကို အမြင့်ဆုံးတပ်လှန့်ထားတဲ့သတင်း 

11:44 - နိုင်ငံ‌ရေးအကျပ်အတည်းကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးမူအပေါ်
ခိုင်မာစွာရပ်တည်မယ်လို့ အပစ်ရပ် ၇ဖွဲ့ထုတ်ပြန်တဲ့သတင်းတွေ အပါအဝင်
အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/EdkXEWDTQSQ
👍7🤮1🌭1
​​မြို့ပတ်ရထားပေါ်ပစ်ခတ်မှု စွပ်စွဲခံရသူ ၅ ဦးကို အရပ်ဘက်တရားရုံးက သေဒဏ်နှင့် တစ်ကျွန်းထောင်ဒဏ်များ ချမှတ်

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။ရန်ကုန်မြို့ပတ်ရထားပေါ်တွင် ပြီးခဲ့သည့် ၂၀၂၁ခုနှစ်က ရဲများ ပစ်ခတ်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားပြီးနောက် စွပ်စွဲခံရသည့် လူငယ်ငါးဦး ယမန်နေ့ မေလ ၁၈ ရက်နေ့တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်ဟု သိရသည်။
အမှုတွင် စွပ်စွဲခံခဲ့ရသူများဖြစ်ကြသည့် ကိုကောင်းပြည့်စုံဦး၊ ကိုဇေယျာဖြိုး၊ ကိုကျော်စိုးလင်း၊ ကိုဆန်းလင်းမောင်နှင့် မမြတ်ဖြိုးပွင့်တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေများနှင့် ၁၉၄၉ ခုနှစ် လက်နက်နှင့် အရေးပေါ်စီမံမှုဥပဒေ ပုဒ်မ ၂/၂(က) အရ သေဒဏ်နှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါအမှုအတွက် တရားစီရင်မှုကို အင်းစိန်ထောင်အတွင်း အလုံခရိုင်တရားရုံးတွင် ခရိုင်တရားသူကြီး ဒေါ်ခင်နီနီအေးက စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးအသိုင်းအဝိုင်းမှ သိရသည်။
အမိန့်ချမှတ်ခံထားရသူများထဲတွင် အခြားလေးဦးသည် လက်နက်နှင့် အရေးပေါ်စီမံမှု ဥပဒေပုဒ်မ ၂/၂(က) အရထောင်ဒဏ်တစ်သက် တစ်ကျွန်း ချမှတ်ခံခဲ့ရပြီး ကိုကောင်းပြည်စုံဦးသည် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄နှင့် ၅၀(က)ဖြင့် သေဒဏ်များချမှတ်ခံထားရသူဖြစ်သည်။
ယခုအမိန့်ချသည့် အလုံမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်များတွင် မပါဝင်ပေ။
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များတွင် သေဒဏ်ချမှတ်ခြင်းနှင့် အမြင့်ဆုံး ပြစ်ဒဏ်များ ချမှတ်ခြင်းသည် ပုံမှန်ဖြစ်သော်လည်း အရပ်ဘက်တရားရုံးမှ သေဒဏ်ချမှတ်ခြင်းသည် ယခုအမှုသည် ပထမဆုံးဖြစ်ကြောင်း ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။
ထိုသို့အမိန့်ချမှတ်ခြင်းသည် တော်လှန်ရေးပြုလုပ်နေသည့် လူငယ်များအပေါ်တွင် ရည်ရွယ်ချက်ရှိရှိ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေတစ်ဦးကမှတ်ချက်ပြုသည်။
၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့က ရန်ကုန်ဘူတာကြီးမှ ကြည့်မြင်တိုင်ဘူတာသို့ ထွက်ခွာသည့် ရန်ကုန်မြို့ပတ်ရထားပေါ်တွင် လိုက်ပါလာသည့်ရဲများ ပစ်ခတ်ခံခဲ့ရပြီး ရဲလေးဦး သေဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ရန်ကုန်တိုင်း
#မြို့ပတ်ရထား
#ပစ်ခတ်မှု
#သေဒဏ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥4👏1
​​ဆန်နှင့် စပါးသိုလှောင်မှု မှတ်ပုံတင်ရမည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွား/ကူးသန်း ဝန်ကြီးဌာနမှ ထုတ်ပြန်

မင်းထက်
(မဇ္စျိမ)။ ။ဆန်အိတ် ၁,၀၀၀ တစ်နည်းအားဖြင့် ဆန်တန်ချိန် ၅၀ (သို့မဟုတ်) စပါးတင်း ၅,၀၀၀ နှင့်အထက် သိုလှောင်ပါက မှတ်ပုံတင်ရမည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မေလ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။
ဆန်စပါးလုပ်ကိုင်နေသူများအနေဖြင့် ဝန်ထုပ်ဝန်ပိုးနှင့် အန္တရာယ်မဖြစ်စေဘဲ လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း၊ အမြတ်များများရလိုမှုဖြင့် ရောင်းဝယ်ခြင်းမဟုတ်သော လုပ်ငန်းများကို ထိန်းကျောင်းနိုင်ရန်အတွက်လည်းကောင်း ဆန်စပါးသိုလှောင်မှုအခြေအနေအား စနစ်တကျဆောင်ရွက်နိုင်ရန် ဆန်စပါးသိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့ ဖွဲ့ပြီးကြောင်းကိုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်အာဏာသိမ်းမှု နှစ်နှစ်ကျော် ကြာမြင့်လာပြီးနောက် ဆန်နှင့် စပါးစျေး နှစ်ဆကျော်ခန့် ခုန်တက်သွားသည့်အချိန်၌ စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။
စစ်အာဏာမသိမ်းမီက ကောက်ကလေး၊ မနောသုခ ၊ဆင်းသုခ စသည့် ကောက်ကြမ်းစပါးများမှာ စပါးတင်းတစ်ရာလျှင် ရှစ်သိန်းဝန်းကျင်ခန့် စျေးပေါက်ခဲ့ပြီး၊ ဧရာဝတီပေါ်ဆန်း စပါးတင်းတစ်ရာလျှင် ၁၂ သိန်း၊ ဖျာပုံပေါ်ဆန်း စပါးတင်းတစ်ရာလျှင် ၁၅ သိန်းဝန်းကျင်ခန့် စျေးပေါက်ခဲ့ကြောင်းသိရသည်။
လက်ရှိတွင် ကောက်ကြမ်းစပါး တင်းတစ်ရာလျှင် ၁၉ သိန်းခန့်စျေးပေါက်နေပြီး၊ ဧရာဝတီပေါ်ဆန်း စပါးတင်းတစ်ရာလျှင် ၂၆ သိန်း၊ ဖျာပုံပေါ်ဆန်း တင်းတစ်ရာလျှင် ၂၉ သိန်းခန့် စျေးပေါက်နေသည်ဟု ဧရာဝတီတိုင်းအတွင်းရှိ လယ်သမားတစ်ဦးကပြောသည်။
"စပါးအများကြီး သိုလှောင်ရင် မှတ်ပုံတင်ခိုင်းတယ်ဆိုတာ လက်ရှိ ဒုက္ခရောက်နေတဲ့ လယ်သမားတွေအတွက် ဘာမှမထိရောက်ပါဘူး။ အဖက်ဖက်က တက်နေတဲ့ စျေးနှုန်းကိုမချနိုင်ရင် အားလုံးဆက်ပြီး ဒုက္ခရောက်ဦးမှာပါပဲ။ အာဏာမသိမ်းခင်က စပါးစျေး၊ အလုပ်သမားခ၊ ဓာတ်မြေသြဇာစျေး၊ ဒီဇယ်စျေးတွေနဲ့ အခုနဲ့က အကုန်လုံး နှစ်ဆလောက်ကွာသွားပြီ။ သွင်းအားစု စျေးတွေကို မချနိုင်ဘဲ ပေါက်ကရလုပ်နေရင်တော့ ကြာရင်လယ်သမားတွေမွဲဖို့ပဲရှိတယ်"ဟု ၎င်းကဆိုသည်။
သွင်းအားစု စျေးများမြင့်တက်လာသည့်အတွက် လယ်တစ်ဧက စိုက်ပျိုးမည်ဆိုလျှင် ထွန်ယက်ခ ရှစ်သောင်းကျပ်၊ မျိုးစပါးဝယ်ယူရန်ကုန်ကျငွေ လေးသောင်းကျပ်၊ စိုက်ပျိုးစရိတ် သုံးသောင်းကျပ်၊ ဓာတ်မြေသြဇာဝယ်ယူရန်ကုန်ကျငွေ ၂၅၀,၀၀၀ ကျပ်၊ ပိုးသတ်ဆေးဝယ်ယူရန် ကုန်ကျငွေ ငါးသောင်းကျပ်၊ ကောက်ရိတ်သိမ်းစရိတ် တစ်သိန်းကျပ်၊ ခြွေလှေ့ခ သုံးသောင်းကျပ်၊ ကောက်လှိုင်းထမ်း/စပါးထမ်း/အခြောက်လှမ်းခ ၅၀,၀၀၀ ကျပ် ကုန်ကျမည်ဖြစ်ပြီး မိုးကောက်ကြမ်းစပါးကြဲခင်း တစ်ဧက စိုက်ပျိုးထုတ်လုပ်ကုန် ကျငွေ ၆၃၀,၀၀၀ ခန့်ရှိနိုင်သည်ဟု လယ်သမားကဆိုသည်။
ထိုသို့ ကုန်ကျစရိတ်များ စျေးနှုန်းမြင့်တက်နေသည့်အတွက် တောင်သူလယ်သမားများမှာ စိုက်ဘဏ်ချေးငွေအကြွေးများ၊ အတိုးများနှင့် ရေရှည်ရပ်တည်ရန် မလွယ်ကူတော့ကြောင်း ဆက်လက်ပြောသည်။
ဆန်နှင့် စပါးသိုလှောင်မှုအား မှတ်ပုံတင်ရမည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွား/ကူးသန်း ဝန်ကြီးဌာနမှထုတ်ပြန်ချက်မှာ စပါးကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင်များကို ထိန်းချုပ်ခြင်းဖြစ်နိုင်ကြောင်း ဧရာဝတီတိုင်းအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
"ပွဲစားတွေနဲ့ ဆန်စက်ပိုင်ရှင်တွေက စပါးကိုလှောင်ထားပြီး စျေးကစားလို့ စပါးစျေးတက်တယ်လို့ သူတို့ကထင်နေတာ။ အမှန်ကတော့ သွင်းအားစုတွေစျေးတက်လို့ စပါးစျေးတက်နေတာပါ။အခုကြေညာချက်ကတော့ လယ်သမားတွေကိုတော့ မသက်ရောက်နိုင်သေးပါဘူး။ ပွဲစားတွေနဲ့ စက်ပိုင်တွေကို ထိန်းချုပ်တဲ့ အစီအစဥ်မအောင်မြင်ရင်တော့ အရင်ခေတ်ကလို ထွက်တဲ့စပါးကို အစိုးရကသတ်မှတ်တဲ့စျေးနဲ့ အစိုးရကိုသွင်းရမယ်ဆိုတဲ့ ပုံစံတွေဖြစ် လာနိုင်တယ်။"ဟု စီးပွားရေးလုပ်ငန်းရှင်က ဝေဖန်သုံးသပ်သည်။
စာတည်း-သန့်ဇော်(သန်လျင်)

#mizzima
#ဆန်
#စပါးသိုလှောင်မှု
#မှတ်ပုံတင်
#စစ်ကောင်စီ
#စီးပွားကူးသန်း
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥2👏1🤮1
မြောက်ဥက္ကလာပမြို့နယ်တွင် ကော်ဇောစက်ရုံ မီးလောင်မှုဖြစ်ပွား

မောင်ခက်နွေ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ၊ ရတနာလမ်း၊ (င)ရပ်ကွက် စက်မှုဇုန် ၊ ကျောက်ရေတွင်းတံတားအနီးရှိ ကော်ဇောစက်ရုံတွင် ယနေ့ မေလ ၁၉ရက် နံနက် ၉နာရီ ၁၆မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ Level 2 အနေအထားပဲ သွားတာပါခင်ဗျ။ အထိအခိုက်တော့ မရှိပါဘူး။ စ လောင်တာတော့ ဘယ်ကစ လောင်လဲ မသိသေးဘူး။ ကျွန်တော်တို့အသင်းက မြောက်ဥက္ကလာပ အဝိုင်းမှာ မီးခိုးတွေ အူနေလို့ သွားတာ။ လူထိခိုက်တာတွေ မရှိဘူး “ ဟု မြေပြင်တွင် ကူညီကယ်ဆယ်ရေး လုပ်နေသည့် We Love North Okkalapaမှ တာဝန်ရှိသူတစ်ဦးက‌ ပြောသည်။
အဆိုပါမီးလောင်မှုအား We Love North Okkalapa အသင်းမှ လူနာတင်ယာဉ်တစ်စီး နှင့် အသင်းသား သုံးဦးတို့က ကူညီဆောင်ရွက်ပေးခဲ့သည်ဟု We Love North Okkalapa၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
🔥3👍2
“သူက နှစ်ထပ် အဆောက်အဦ၊ လူအထိအခိုက်တော့ မရှိဘူး၊ ဒီလောက်ပဲ ကျွန်တော်တို့ပြောလို့ရတယ်” ဟု ကရုဏာကမ်းလက် လူမှုကူညီ ကယ်ဆယ်ရေးအသင်း၏ တာဝန်ရှိသူက ပြောသည်။
ပျက်စီးဆုံးရှုံးမှု တန်ဖိုးနှင့် မီးစတင်လောင်ကျွမ်းခဲ့ရသည့် အကြောင်းအရင်းအား လက်ရှိအချိန်ထိ မသိရသေး‌ပေ။
စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က မီးလောင်မှုကို အဆင့်(၂)အဖြစ် ငြှိမ်းသတ်ခဲ့ရာ နံနက် ၉နာရီ ၄၄မိနစ်အချိန်တွင် မီးငြိမ်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ရန်ကုန်တိုင်း
#မြောက်ဥက္ကလာပမြို့နယ်
#မီးလောင်မှု
ဓါတ်ပုံ - ကရုဏာကမ်းလက်လူမှုကူညီကယ်ဆယ်ရေးအသင်း၊ We Love North Okkalapa၊ ဝေပုလ္လလူမှုကူညီရေးနှင့်နာ/ကူ အသင်း။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2
​​ကုလသမဂ္ဂ သံတမန် ပြောဆိုချက်ပြီးနောက် မြန်မာဆီ လက်နက်များ မစီးဝင်ရေး လုပ်ဆောင်နေဟု စင်ကာပူ ပြောလာ

မြန်မာစစ်ကောင်စီ၏ လက်နက်စက်ရုံများအတွက် “မရှိမဖြစ် ပစ္စည်းများ”ကို စင်ကာပူရှိ အဖွဲ့အစည်းများက ပေးပို့နေသည်ဟု ကုလသမဂ္ဂ သံတမန် တွမ် အင်ဒရူးက ပြောခြင်းကို တုံ့ပြန်ပြီး စင်ကာပူအနေဖြင့် မြန်မာဆီ လက်နက်များ စီးဝင်မှုကို တားဆီးနိုင်ရေး လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန MFA က မေ ၁၉ ရက်တွင် ထုတ်ပြန်သည်။
😁13👍3
​​မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် ထောင်နှစ်၂၀ ထပ်မံချ

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကိုင်းတိုင်း မုံရွာခရိုင် တရားရုံးမှ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် နှစ် ၂၀ ကို ယနေ့ မေလ ၁၉ရက်တွင် ချမှတ်လိုက်ကြောင်း သိရသည်။
“မနေ့က လျှောက်လဲချက်တင်တယ်။ နောက် နှစ်ပတ်ခွာပြီးတော့ကျမှ အမိန့်ချမယ်လို့ပြောပြီး ချက်ချင်းပဲ ရုံးချိန်းပြန်ချိန်းပြီး ချလိုက်တယ်လို့သိရတယ်” ဟု မုံရွာမြို့လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုရှင်းသန့် ကဆိုသည်။
လက်ရှိချမှတ်လိုက်သည့် ထောင်ဒဏ်နှစ်၂၀ဖြင့်ဆိုလျှင် ကိုဝေမိုးနိုင်သည်အမှုပေါင်း ကိုးမှုအတွက် ထောင်ဒဏ်စုစုပေါင်း ၅၄နှစ် အမိန့်ချမှတ်ခံထားရပြီးဖြစ်သည်။
ထို့အပြင် ပြီးခဲ့သည့်၂၀၂၁ခုနှစ်အတွင်းက မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်တွင် ရဲနှစ်ဦးအသတ်ခံရသည့်အမှုနှင့်ပတ်သက်ပြီး အားပေးအားမြှောက် ပြုလုပ်သည်ဟု ဆိုကာ စွဲဆိုထားသည့် လူသတ်မှုတစ်ခုအတွက်လည်း ထပ်မံရင်ဆိုင်ရန် ကျန်ရှိနေသေးသည်။
မုံရွာလူထုသပိတ်ကို ရှေ့ဆုံးမှဦးဆောင်သည့် အအသက် ၂၆ နှစ်အရွယ် ကိုဝေမိုးနိုင်သည် ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို ဦးဆောင်၍ ဆိုင်ကယ်ဖြင့် လှည့်လည်နေစဉ် စစ်ကောင်စီက အိမ်စီးကားဖြင့် တိုက်၍ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ထောင်ဒဏ် ၅၄နှစ်ဖြင့် မုံရွာအကျဉ်းထောင်တွင် အကျဉ်းကျခံလျက်ရှိနေသည်။ ၎င်းကိုစစ်တပ်က စွဲဆိုထားသည့် ကြီးလေးသောပြစ်မှုများအတွက် လိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေများသည်လည်း ခြိမ်းခြောက်ခံရမှုများလည်း ရှိနေကြောင်းသိရသည်။
“အဲဒီအတွက် သူက ရှေ့နေမငှားတော့ဘဲ သူက အစိုးရရှေ့နားငှားဖို့တောင်းဆိုတာတွေ ဥပဒေကြောင်းအရလုပ်ဆောင်တာမျိုးတာတွေ ရှိတယ်လို့ သိရပါတယ်။ အပြင်ရှေ့နေကတော့ တစ်ဖက်ကအကျပ်ကိုင်တာဖြစ်တဲ့အတွက် အဆင်မပြေဘူးဖြစ်နေတယ်” ဟု ကိုရှင်းသန့်ကပြောသည်။
ဖက်ဆစ်စစ်တပ် လက်အောက်ခံ တရားရုံးများမှ နိုင်ငံရေး အကျဥ်းသားအားလုံးအပေါ် ယခုကဲ့သို့ မတရားစွပ်စွဲ အမိန့်ချမှတ်နေခြင်းအပေါ်ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ထုတ်ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မုံရွာသပိတ်ခေါင်းဆောင်
#ကိုဝေမိုးနိုင်
#နိုင်ငံတော်သစ္စာဖောက်ဖျက်မှု
#လူသတ်မှု
Photo-AFP(လူထုသပိတ်တစ်ခုအတွင်းတွေ့ရသော သပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်)
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍27🤬14❤7😢6🔥3
Mizzima pinned «​​မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် ထောင်နှစ်၂၀ ထပ်မံချ မိုးသောက် မဲဆောက်(မဇ္ဈိမ)။ ။မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကိုင်းတိုင်း မုံရွာခရိုင် တရားရုံးမှ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့်…»