Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မိုခါမုန်တိုင်းကြောင့် ရသေ့တောင်တွင် လူ ၁၄ ဦးသေဆုံး

ဂျူချန်း
(မဇ္ဈိမ) ။ ။ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်ကျေးရွာနှင့် ပေါက်တောပြင်ကျေးရွာတို့မှ ၁၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၁၄ ရက်နေ့တွင် ဒုံးပိုက်ကျေးရွာ ဓမ္မာရုံအတွင်း လေဘေးခိုလှုံနေကြစဉ် ဓမ္မာရုံအဆောက်အဦး ပြို ကျမှုကြောင့် အသက် (၇)နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးကိုးဦး၊ အမျိုးသားလေးဦး စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ရသည်။
ထိုနေ့၌ပင် ရသေ့တောင်မြို့နယ်၊ ပေါက်တောပြင်ရွာတွင် လေပြင်းတိုက်ကာလဲကျလာသည့် သစ်ပင်ပိ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။
😢4👍3🔥2❤1
“ ဘုန်းကြီးကျောင်းမှာလေဘေးခိုလှုံရင်း အဆောက်ဦးပိပြီးသေတယ်။ ကျားလေးယောက်၊ မကိုးယောက်။ ရသေ့တောင်မြို့နယ်ထဲကပဲ ပေါက်တောပြင်ရွာမှာ တစ်ဦးသေတယ်။ သစ်ပင်ပိလို့သေတာ” ဟု လေဘေး ဒုက္ခသည်များအား ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူ ကိုဝေဟင်အောင်က မဇ္ဈိမသို့အတည်ပြု ပြော ကြားသည်။
မိုခါမုန်တိုင်း၏ အားအလွန်ပြင်းသည့်လေတိုက်နှုန်းကြောင့် ရသေ့တောင်မြို့နယ်ရှိ ဘာသာရေး အဆောက်အဦးများ၊ စာသင်ကျောင်းနှင့်လူနေအိမ်အားလုံးနီးပါးပျက်စီးခဲ့ရကာ လက်ရှိအချိန်တွင် နေအိမ် ပျက်စီးခဲ့သည့် ပြည်သူများမှာ နံရံအကာမရှိသဖြင့် မြောင်းတူးကာတုတ်တန်းအပေါ်တွင် မိုးကာစအုပ်ကာ မိုးခိုနေရကြောင်း သိရသည်။
အထက်ပါ သေဆုံးစာရင်းသည် မေလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းအထိရရှိထားသော အချက်အလက်များ သာဖြစ်ပြီး နောက်ဆက်တွဲကို မဇ္ဈိမအနေဖြင့် ထပ်မံစုံစမ်းနေသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားမှုနှင့် ဘေးအန္တရာယ်ဆိုင်ရာဝန် ကြီးဌာနကလည်း မိုခါမုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်းမှ ပြည်သူ ၄၅၅ ဦး သေဆုံးခဲ့ကြောင်း မေလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#မိုခါမုန်တိုင်း
#ရသေ့တောင်
#သေဆုံး
#ဆိုင်ကလုန်း
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬4👍2🔥1
​​သရက်ကွ ပျူစောထီးစခန်း လုံခြုံရေးဂိတ်ကို တိုက်ခိုက်မှု ၁၁ ဦးထိ သေဆုံးဟုဆို

MTO
(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ မြိုင်မြို့နယ် သရက်ကွပျူစောထီးစခန်း မြောက်ဖက်ရှိ လုံခြုံရေးကင်းစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင်နှင့် ပျူစောထီး ၁၁ ဦးထိ သေဆုံးသွားကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။
မေလ ၁၇ ရက်နေ့ ညနေပိုင်းလောက်တွင် အင်အား ၁၃ ဦးခန့် ရှိသည့် သရက်ကွပျူရွာလုံခြုံရေးဂိတ်ကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ် လက်ယာက ပြောသည်။
“ ဘုန်ကြီးကျောင်းဘုရားထဲမှာ စစ်သားရော ပျူရောဆို ၁၃ ဦးလောက်ရှိတယ်။ အဲ့ဒါကို ဝင်တိုက်တာ၊ ဒီမနက် ပြန်ပြီး အတည်ပြုတဲ့အခါမှာ စစ်သား ကိုးယောက် ပျူ နှစ်ယောက်သေတယ်၊ နှစ်ယောက်တော့ လွတ်သွားတယ်” ဟုပြောသည်။
မြိုင်မြို့နယ်အတွင်းရှိ ပျူစောထီးရွာများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့်အတွက် စားနပ်ရိက္ခာကို ပင် ထွက်မယူနိုင်ဘဲ ဖြစ်နေကြသည်ဟု ဗိုလ်လက်ယာက ဆိုသည်။
“ ရိက္ခာတောင်ထွက်မယူရဲဘူး၊ ဟိုနေ့ ကလည်း ရိက္ခာလာပို့တဲ့ကားကို မိုင်းဆွဲပြီး ရိက္ခာတွေ သိမ်းလိုက်သေးတယ်” ဟု ဗိုလ်လက်ယာက ပြောသည်။
လက်ရှိအချိန်တွင် မြိုင်မြို့နယ်အတွင်း အင်အား ၉၀ နီးပါး ပါဝင်သည့် စစ်ကြောင်းတစ်ခုရှိနေပြီး ယင်းစစ်ကြောင်းသည် မနက်မလင်းခင် အချိန်များတွင် ကျေးရွာများကို အလစ်အငိုက် ဝင်ရောက်သည့် ပုံစံမျိုး ဆောင်ရွက်နေသော်လည်း ဒေသကာကွယ်ရေးတပ်များက ပြည်သူတွေကို အချိန်မီ ကယ်ထုတ်နိုင်နေသေးကြောင်း သိရသည်။
ယခုတိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း(၁) ၊ တပ်ရင်း (၂) ၊ တပ်ခွဲ (၁) ရင်း(၁ ) ၊ တပ်ခွဲ (၃ )ရင်း(၁)၊ ကိုအောင်ကြီးတပ်ဖွဲ့ နှင့် စက်ြာအဖွဲ့(ပေါက်) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မြိုင်မြို့နယ်
#စစ်ကောင်စီတပ်ဖွဲ့
#သရက်ကွ
#ပျူစောထီး
#လုံခြုံရေးကင်းစခန်း
#ဒေသကာကွယ်ရေးတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍27👏5❤3😁2
​​မတ္တရာတွင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ၁ဦး အသတ်ခံရ

007

(မဇ္ဈိမ) ။ ။မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်တစ်ဦးသည် ယမန်နေ့ မေလ ၁၈ရက်က နေအိမ်အတွင်းသေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

မတ္တရာမြို့နယ်၊ဝန်စုကျေးရွာအုပ်စု၊ ရေချောင်းဘို့ကျေးရွာမှ မြို့နယ်အဆင့်ပြည်ခိုင်ဖြိုးပါတီအရန်ကော်မတီဝင် ဦးကျော်မင်း(အသက် ၆၉ နှစ်)သည်မေလ ၁၈ ရက်၊ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ၎င်း၏ နေအိမ်၌ ရှိနေစဉ်ဆိုင်ကယ်နှစ်စီးဖြင့် လူလေးဦးရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်သွားခြင်းဟုသိရသည်။

" မနက်ပိုင်း သူအိမ်ထဲမှာရှိနေတုန်း ဝင်ပစ်သွားတာပါ။ သူ့မိသားစုတော့ အထိအခိုက်မရှိဘူးလို့သိရတယ်၊ သူကတော့ on the spot (ပွဲချင်းပြီး)ပါပဲ။ ဆေးရုံတောင်မရောက်လိုက်ဘူး" ဟု ဒေသခံတစ်ဦးကပြောသည်။

ဦးကျော်မင်းတွင် သေနတ်ထိမှန်ဒဏ်ရာများရရှိပြီးအခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင် သတင်းရင်းမြစ်ကအတည်ပြုသည်။ဦးကျော်မင်းအား သေနတ်ဖြင့်ပစ်ခတ်သွားသူများမှာ မည်သည့်အဖွဲ့အစည်းမှ ဖြစ်ကြောင်းမသိရသေးပေ။

၎င်းသည် ဒေသအတွင်း၌ စစ်ကောင်စီလမ်းကြောင်းနှင့်အတူသတင်းပေးလမ်းပြအဖြစ်လိုက်ပါနေခြင်းကြောင့် မကြာခဏသတိပေးခံထားရသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီနှင့် ပူးပေါင်းနေသူများ၊ သတင်းပေးအဖြစ်ရပ်တည်နေသူများအနေဖြင့် ပြည်သူလူထုနှင့် ပူးပေါင်းရန် တော်လှန်ရေးအင်အားစုများ၊ မြေအောက်ပြောက်ကျားအဖွဲ့များက သတိပေးထားသည်။

စာတည်း - မောင်ကြီး
#mizzima
#မတ္တရာမြို့နယ်
#ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်
#သေဆုံး

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18🔥2👏1
👍5🔥2👎1🖕1
ကနီမြို့နယ် ချောင်းမရွာကို စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့်ဗုံးကြဲ၊ စာသင်ကျောင်းပျက်စီး

ကိုခင်မောင်

(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမစံပြကျေးရွာနှင့် အနီးဝန်းကျင်ရွာများကို စစ်ကောင်စီတပ်က တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကျေးရွာစာသင်ကျောင်းနှင့် ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။

မေလ ၁၇ ရက် မွန်းလွဲ ၂နာရီ ၄၅မိနစ်အချိန်ခန့်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ် နှစ်စင်းဖြင့် ဗုံးကြဲခဲ့၍ ချောင်းမရွာ စာသင် ကျောင်း၊ ဝန်ထမ်းအိမ်ရာများနှင့် အနီးဝန်းကျင်ရှိ နေအိမ်များ ပျက်စီးခဲ့သည်ဟု ဆိုသည်။

“ဗုဒ္ဓဟူးနေ့က တိုက်လေယာဉ်တွေနဲ့ လာပစ်သွားတာပါ။ အဲဒီမှာ ကျနော်တို့ မဟာမိတ်အဖွဲ့ပေါင်းစုံ (ခရိုင်တပ်ရင်း) နဲ့ တိုက်ပွဲဖြစ်တာမှာ သူတို့ဘက်က တော်တော်အထိနာသွားလို့ လေကြောင်းပစ်ကူခေါ်ရတဲ့ အနေအထားပါ။ အခုနေ့တိုင်းနီးပါး ဆက်တိုက်ပါပဲ၊ စစ်ကြောင်းထိုးတယ် မီးရှို့တယ်။ သူတို့ လုပ်ရိုးလုပ်စဉ်ပါ၊ အခုက မဟာမိတ်အဖွဲ့ဘက်က သူတို့အင်အားကို ရင်ဆိုင်ပြီး ထိန်းနိုင်တဲ့အနေအထားမှာ တအားအထိနာလို့ တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေ သုံးလာတာပါ” ဟု အမည်မဖော်လိုသူ ဒေသခံက မဇ္ဈိမသို့ ပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချောင်းမရွာဒေသခံ ဦးပေါ်ထွန်းဆိုသူသည် ခြေထောက်တွင် မစိုးရိမ်ရဒဏ်ရာ ရရှိသည်ဟု သိရသည်။

လွန်ခဲ့သော တစ်ပတ်ခန့်မှစ၍ စစ်ကောင်စီတပ်သားများသည် ကနီမြို့နယ်အတွင်းသို့ အင်အား ၅၀၀ ခန့်ဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ချင်းတွင်းမြစ် အနောက်ဘက်ခြမ်း ညောင်ပင်ကြီးရွာဘက်မှ အထက်ကို ဆက်တိုက်ထိုးလာရာမှာ ဒေသကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိမ်းငှက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၃၀ ဦးထက်မနည်းသေဆုံးပြီး မဟာမိတ်တပ်ပေါင်းစုဘက်က ရဲဘော် သုံးဦးကျဆုံးကာ ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းတာဝန်ရှိသူမှ ပြောသည်။

“ကနီအခြေနေက တော်တော်လေး ဆိုးနေတာပါ ။ ပထမ လာတဲ့ စစ်ကြောင်းက စစ်ကြောင်းမှူးပါ သေဆုံးသွားတဲ့အတွက် တော်တော်လေး ငြိုးနေတာ ရှိပါတယ်။ ကနီခွင် တစ်ခုထဲကို စစ်အင်အား ၅၀၀ လောက်နဲ့ ကုန်းကြောင်းရော စစ်ကြောင်း နှစ်ကြောင်း နဲ့ ရေကြောင်းရောပါ စစ်ကြောင်းထိုးနေတာပါ” ဟုလည်း ကနီမြို့နယ်မှ တခြားဒေသခံတစ်ဦးမှ မဇ္ဈိမသို့ ပြောသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများနှင့် ဒေသကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစု၏ ထိခိုက်သေဆုံးစာရင်းကိုတော့ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် မေလအစောပိုင်းမှာလည်း စစ်ကောင်စီတပ်သားများသည် ကနီမြို့နယ် ဘန့်ဘွေးပျူရွာ၌ တပ်စွဲထားပြီး အနီးနားရှိ ကျေးရွာများသို့ တောက်လျှောက်စစ်ကြောင်းထိုးကာ ရွာစဉ်လိုက်မီးရှို့ဖျက်ဆီးနေကြောင်း လည်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကိုင်းတိုင်း
#ကနီမြို့နယ်
#ချောင်းမစံပြကျေးရွာ
#စစ်ကောင်စီတပ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬11👍9❤1😁1🖕1
စမ်းချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးမှုများ နေ့စဉ်ပြုလုပ်နေ

ဂန္ဒမာ

(မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် အရပ်သားပြည်သူများအား စစ်ကောင်စီတပ်ဖွဲ့က ယခုတစ်ပတ်အတွင်း၌ စစ်ဆေးဖမ်းဆီးမှုများ နေ့စဉ် ပြုလုပ်နေကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းထံက သိရသည်။

“ကျွန်တော်တို့ ဒီရက်ပိုင်း စမ်းချောင်းမှာ အစစ်အဆေးတွေရော ၊ အဖမ်းအဆီးတွေရော များတာတွေ့ရပါတယ်။ ပုံမှန်ဆိုရင် ယာဉ်ထိန်းရဲရယ်၊ ရဲတွေရယ်ပေါင်းပြီး ကားတွေကိုစစ်ပြီး ပိုက်ဆံတောင်းတာလောက်ပဲရှိတယ်။ လမ်းသွားလမ်းလာလူငယ်တွေကို ဖမ်းဆီးတာမရှိဘူး။ အခုနောက်ပိုင်းမှာ ညဘက် သန်းခေါင်စာရင်းစစ်ပြီးတော့ အိမ်ထဲဝင်ဖမ်းတဲ့ဖြစ်စဉ်တွေရှိသလို လမ်းသွားလမ်းလာလူငယ်တွေကိုလည်း စစ်တပ်နဲ့ရဲက တားဆီးစစ်ဆေးတာ ဖမ်းဆီးမှုတွေလုပ်လာတာကို တွေ့ရတယ်” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ဥက္ကဋ္ဌက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးခံရသူများမှာ အရပ်သားလူငယ်များဖြစ်ပြီး စမ်းချောင်းရှိ တော်လှန်ရေးအဖွဲ့ဝင်များ နှင့် ဆက်စပ်သူများ မဟုတ်ကြောင်းကိုလည်း ဥက္ကဋ္ဌက အတည်ပြုသည်။

ဖမ်းဆီးပုံမှာ လမ်းသွားလမ်းလာလူငယ်များအား ပစ်မှတ်ထားခြင်းဖြစ်ပြီး ညနေပိုင်းနှင့် ညပိုင်းများတွင် အဖမ်းများကြောင်း ၊ ယခင်က ဧည့်စာရင်းစစ်မည်ဟုအကြောင်းပြကာ အိမ်ထဲအထိဝင်ဖမ်းသည့်ဖြစ်စဉ် များသော်လည်း ယခုလက်ရှိတွင် လမ်းမပေါ်တွင်သာ စစ်မေး၍ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“အထက်က ဖိအားကြောင့် UG တို့ ၊ PDF တို့ ၊ သပိတ်က ရဲဘော်တို့ကိုဖမ်းလို့မရလို့ လူငယ်တွေကို လိုက်ဖမ်းနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဒါကြောင့် ဒီရက်ပိုင်းမှာ လူငယ်တွေအနေနဲ့ အရေးကြီးတဲ့ကိစ္စမဟုတ်လို့ရှိရင် ညနေပိုင်း၊ ညပိုင်းမှာ အပြင်သွားတာကို ရှောင်ကြဉ်ပေးစေချင်ပါတယ်။ အခန့်မသင့်ရင် စစ်ကောင်စီတပ်က တွေ့ကရာဖမ်းနေတဲ့အတွက် အဖမ်းခံရတဲ့အခြေအနေတွေရှိလာနိုင်ပါတယ်” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ဥက္ကဋ္ဌက ဆက်ပြောသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်၌ PDF များ ဝင်ရောက်လာပြီဟူသော ကောလာဟလသတင်းများ ထွက်ပေါ်နေသည့်အတွက် နေရာအများစုတွင် တင်းကျပ်စစ်ဆေးမှုများရှိနေပြီး ဖမ်းဆီးခံရသော်လည်း သတင်းထွက်ပေါ်မှုမရှိသည့် ဖြစ်စဉ်များလည်းရှိကာ ယခုတစ်ပတ်အတွင်း အရပ်သားလူငယ် ၃၀ နီးပါး ဖမ်းဆီးခံထားရသည်ဟု သတင်းရရှိကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ဥက္ကဋ္ဌက ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ရန်ကုန်တိုင်း
#စမ်းချောင်းမြို့နယ်
#စစ်ကောင်စီတပ်
#စစ်ဆေးဖမ်းဆီးမှု

ဓာတ်ပုံ - စမ်းချောင်းပင်မသပိတ်စစ်ကြောင်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🤬5❤1🔥1👏1

001











------------------------
👍1🔥1🥰1
မေလ (၁၉) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

-စစ်ကောင်စီထံ စစ်လက်နက်တွေမရောက်ဖို့ ကုလရဲ့ ဆုံးဖြတ်ချက်အတိုင်းလိုက်နာဟု စင်င်္ကာပူကထပ်မံ ဖြေရှင်းတဲ့သတင်း တဲ့သတင်း
-မုန်တိုင်း ဒဏ်ခံရသူများထဲမှ အနည်းဆုံး လူဦးရေ ၈ သိန်းကို သုံးလအတွင်း အစားစာနှင့် ငွေကြေးများ ကူညီရန်စီစဉ်နေဟု WFP ပြော တဲ့သတင်း
-ရုရှားကိုဖိအားပေးဖို့အတွက် တရုတ်ရဲ့စီးပွားရေးအကျပ်ကိုင်မှုအန္တရာယ်ကို G7 ချိန်ဆနေတဲ့သတင်း
-ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။

https://www.youtube.com/live/Kf_FRwNwqQo?feature=share
👍8🌭2
မေလ( ၁၉ )ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

မြို့ပတ်ရထားပေါ်ပစ်ခတ်မှုနဲ့ စွပ်စွဲခံရသူ ၅ ဦးကို အရပ်ဘက်တရားရုံးက သေဒဏ်နဲ့ တစ်ကျွန်းထောင်ဒဏ်တွေချမှတ်လိုက်တဲ့သတင်းနဲ့အတူ မုန်တိုင်းကြောင့် သေဆုံးသူဦးရေ ၄၅ဝ ကျော်အထိရှိလာပြီဆိုတဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။

သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။

https://youtu.be/j20EE5hnYC8
👍7❤3👎2😁1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၉ မေ ၂၀၂၃)

စစ်ကောင်စီသည် ထင်ရှားသည့် တော်လှန်ရေးသပိတ် ခေါင်းဆောင်များကို မတရားပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ကာ တော်လှန်ရေး သပိတ်လုပ်ဆောင်သူများကို နှိပ်ကွပ် နေသည်ကို တွေ့ရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁2🤬1