Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
“အဓိကတော့ ရှေ့ဆက်လုပ်မယ့် စစ်ဆင်ရေးတွေမှာ အဓိက အရှိန်မြှင့်နိုင်အောင်၊ ပိုပြီးတော့ ထိထိရောက်ရောက်ဖြစ်အောင် ရည်ရွယ်တာပါ၊ သမားရိုးကျ စစ်ဆင်ရေးပုံစံ အမြဲတမ်းလုပ်သွားလို့ မရဘူး၊ အဲဒီအပေါ်မှာ တခါတလေလည်း ပြောက်ကျားစစ်နဲ အလစ်အငိုက် အမှည့်ခြွေတဲ့စနစ်နဲ့ သွားရမယ်၊ အလုံးအရင်းနဲ့ တိုက်ခိုက်နိုင်တဲ့ အနေအထား မရှိရင်လည်း စနိုက်ပါနဲ့ အမှည့်ခြွေလို့ရမယ်၊ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်လို့ ရမယ်ပေါ့၊ အဲဒါကို ရည်ရွယ်တာပါ” ဟု S.O.F တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
မွမ်းမံသင်တန်းပြီးမြောက်ခဲ့သော အထူးလက်ဖြောင့် တပ်ဖွဲ့ဝင် ၃၀ ဦးအား KNU တပ်မဟာ (၆)၊ တပ်မဟာ (၄) နယ်မြေရှိ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးနှင့် စစ်ကြောင်းများတွင် စစ်ဆင်ရေးတာဝန်များ ပေးအပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


#SOF
#အထူးလက်ဖြောင့်သင့်တန်း
#Mizzima
Photos- S.O.F
❤26👍8🔥1😁1
မေလ( ၂၀ )ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်း ရဲဘော်တွေကို NUG က လက်နက်တပ်ဆင်ပေးခဲ့တဲ့သတင်းနဲ့အတူ သေဒဏ်ကျနိုင်ကျဉ်းအချို့နဲ့ PDF တွေအပါအဝင် ၉ ဦး တောင်ငူ‌ထောင် အထူးတရားရုံးလုံခြုံရေးအဖွဲ့ကို တိုက်ခိုက် ထွက်ပြေး လွတ်မြောက်ခဲ့တဲ့သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

https://youtu.be/xDXWv_a3RRo
👍14😁3
မိုခါမုန်တိုင်းသင့် ရခိုင်ဒေသအတွက် အိန္ဒိယက သင်္ဘော ၄ စီးဖြင့် တင်ဆောင်လာသည့် ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်း

001
(မဇ္စျိမ)။ ။ မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် အိန္ဒိယနိုင်ငံက သင်္ဘောလေးစီးဖြင့် တင်ဆောင်လာသည့် ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းများကို စစ်ကောင်စီမှ တဆင့် လှူဒါန်းခဲ့ကြောင်း သိရသည်။
အိန္ဒိယရေတပ်သ‌င်္ဘောများဖြစ်သည့် INS Shivalik၊ INS Kamorta နှင့် INS Savitri တို့မှာ ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်း စုစုပေါင်းတန်ချိန် (၄၀)တန်ခန့်ကို မေလ (၁၈) ရက်နေ့တွင် တင်ဆောင်လာခဲ့ကြောင်း ရန်ကုန်ရှိ အိန္ဒိယနိုင်ငံသံရုံးက ယနေ့ မေလ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။
ပထမဆုံးရောက်ရှိလာသည့် ကယ်ဆယ်ရေး ဆိုင်ရာပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Shri Vinay Kumar မှ စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းထံသို့ ထိုနေ့ကပင် အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့နောက် စတုတ္ထ အိန္ဒိယရေတပ်သ‌င်္ဘောဖြစ်သည့် INS Gharial မှာမူ ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းများအပြင် အရေးပေါ်ဆေးဝါးများနှင့် ဆေးပစ္စည်များ ကို ယနေ့ မေလ ၁၉ တွင် တင်ဆောင်လာခဲ့ကြောင်း သိရသည်။
👍13👎4❤3😢2👏1
မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသည့် မြန်မာပြည်သူ များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများ ကူညီမှုကို ကရုဏာစီမံချက်ဖြင့် မေလ ၁၈ရက်တွင် စတင်ခြင်းဖြစ်ကြောင်း အိန္ဒိယသံရုံးက ပြောထားသည်။
အဆိုပါ သင်္ဘောလေးစီးဖြင့် သယ်ဆောင်လာသည့် ကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများတွင် အရေးပေါ်အတွက်အသုံးပြုရန် မရှိမဖြစ်လိုအပ်သော အသုံးအဆောင်များဖြစ်သည့် စားနပ်ရိက္ခာများ၊ လူသုံးကုန်များပါဝင်သည့်သေတ္တာ ၁၄ လုံး နှင့်အတူ ဆေးသေတ္တာ ၁၆ လုံး ပါဝင်ကြောင်း သိရသည်။
စားနပ်ရိက္ခာများတွင် အသင့်စားခေါက်ဆွဲခြောက်၊ ဆန်၊ နို့မှုန့်၊ သောက်သုံးရေ၊ အသင့်စား အစားအစာများ၊ အဟာရပြည့် ဘီစကွတ်၊ စားသုံးဆီ၊ သကြား၊ ငါးသေတ္တာဗူးများ၊ အသားဗူးများ၊ လဘက်ရည်၊ ဆား၊ ဟင်းခတ်အမွှေးအကြိုင်များ စသည်တို့ပါဝင်ကြောင်း ဖော်ပြထားသည်။
လူသုံးကုန်ပစ္စည်းများတွင်လည်း တာပေါ်လင်စများ၊မိုးကာတဲများ၊ အစွန်းချွတ် ပေါင်ဒါမှုန်များ၊ ပိုးသတ်ဆေးရည်များ၊ ဆပ်ပြာတုံးများ၊ အဝတ်လျှော်ဆပ်ပြာမှုန့်များ၊ တစ်ကိုယ်ရည်သုံး ကျန်းမာရေး ပစ္စည်းများ၊ အမျိုးသမီးသုံး ကျန်းမာရေး ပစ္စည်းများ၊ ချိုင်းထောက်များ၊ ဘီးတပ်ထိုင်ခုံများ၊ လွှစက်များ၊ ရေငုပ်ကရိယာများ၊ မျက်နှာသုတ်ပုဝါများ၊ ရှပ်အင်္ကျီများ၊ စောင်များ၊ ခြေညှပ်ဖိနပ်များ၊ စက်သုံးဆီပေပါများ၊ နေရောင်ခြည်သုံးမီးအိမ်များ၊ ရွှေ့ပြောင်းနိုင်သောမီးစက်များ၊ ရေစုပ်စက်များ ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။
ထိုပစ္စည်းများအားလုံးကို ရခိုင်ပြည်နယ်သို့ လေယာဉ်ဖြင့် ချက်ခြင်းသယ်ပို့ပေးပြီး မုန်တိုင်းဒဏ်ထိခိုက် ခံစားရသည့် လူမှုအသိုင်းအဝန်းများကို ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း အိန္ဒိယသံရုံးက ဆိုထားသည်။
မိုခါမုန်တိုင်းပြီးဆုံးပြီးနောက် မြန်မာနိုင်ငံ၏ အနောက်မြောက်ဖက်ပိုင်းတွင် လူဦးရေ ၁၅၀,၀၀၀ ခန့် မုန်တိုင်းဒဏ်ဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ရသည်ဟု ခန့်မှန်းရကြောင်း UN OCHA Myanmarက မေလ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။
စာတည်း။ ။ နောင်နောင်

#မိုခါ
#မိုခါအိန္ဒိယကူညီကယ်ဆယ်ရေး
#Mizzima
❤9👍2👏1😢1
ဒီတပတ်ရဲ့My india အစီအစဉ်မှာတော့

-အိန္ဒိယနိုင်ငံ အူတာပရာဒေ့ရှ်ပြည်နယ် ဘရစ်ဂျ်ဒေသမှာ ထောင်ပေါင်းများစွာသော လူများက ရိုးရာတေးသီချင်းများနဲ့အတူ ကခုန်ပြီး ဟိုလီပွဲတော်ကို ဆင်နွှဲနေသော မြင်ကွင်း
-နယူးဒေလီ ဒေသခံများက ကျန်းမာတဲ့ ဘဝနေထိုင်မှုကို မြှင့်တင်ပေးဖို့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြို စက်ဘီးစီးပွဲတစ်ခုမှာပါဝင်ခဲ့ကြ
-အမျိုးဇာတ်နဲ့ ဘာသာရေးအတားအဆီးများကို ကျော်လွန်ပြီး ဟီမာချယ်ပရာဒေ့ရှ်ရဲ့ ရိုင်ပူမြို့က လူအများက Thakur Satyanarayan Kapuriya ဘုရားကျောင်းမှာ မူဆလင်မင်္ဂလာပွဲတစ်ခုကို အစ္စလာမ်မစ်ဓလေ့ထုံးတမ်းများနဲ့အညီ ကျင်းပခွင့်ပြုခဲ့
-U.Sအတွင်းဝန် အန်သိုနီဘလင်ကန်က U.Sသံရုံးရဲ့ အစီအစဉ်နဲ့ အိန္ဒိယရဲ့ နာမည်ကျော် အော်တို၃ဘီး စီးနင်းခြင်းအရသာကို နယူဒေလီမှာ ခံစားကြည့်ခဲ့
-ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတတ်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ
အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။

https://youtu.be/kuTnoTFAht4
👍12❤2🔥1😁1
​​ဒုက္ခမှ သမူဟသို့၊ အတိတ်မှ သင်ယူပြီး ခွင့်တူညီမျှ လူ့အဖွဲ့အစည်းကို တည်ဆောက်ခြင်း

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းချိန်ကစပြီး Generation Z တွေဟာ တိုင်းရင်းသားရေးနဲ့ ဘာသာရေး ခွဲခြားဆက်ဆံမှုတွေကနေ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းကို တောင်းဆိုလာကြတာနဲ့အတူ အရေးပါတဲ့ နိုင်ငံရေး ဖွံ့ဖြိုးမှုတွေ ရှိလာခဲ့ပါတယ်။ ဗမာလူငယ်တွေဟာ ကိုးကွယ်ရာ ဗုဒ္ဓဘာသာရဲ့ မိရိုးဖလာ အယူအဆနဲ့ အသင်းအဖွဲ့တွေကို စောဒက တက်လာကြပြီး ထင်ရှားတဲ့ ဘုန်းကြီးတွေကို လူမှုပြစ်ဒဏ် ခတ်ဖို့ တောင်းဆိုလာခဲ့ကြတဲ့အထိပါပဲ။ သီတဂူဆရာတော်လို ဘုန်းကြီးတွေဟာ မြန်မာစစ်တပ်ရဲ့ အပေါင်းပါတွေပဲလို့ ရှုမြင်ကြပါတယ်။
👍23🔥1😁1
​​မိုခါ ဆိုင်ကလုန်းမုန်တိုင်းနောက်ပိုင်း ပြည်သူ ၃ ဒသမ ၂ သန်း အကူအညီ လိုအပ်နေဟု ယူနီဆက်ဖ် ပြော

မေ ၁၄ ရက်က ရခိုင်ပြည်နယ်ဆီ ဝင်ရောက်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုခါ နောက်ပိုင်း၌ ပြည်သူ ၃ ဒသမ ၂ သန်းသည် အလွန်တရာ ခုခံအားနည်းပြီး လူသားချင်း စာနာထောက်ထားရေး အကူအညီများ လိုအပ်နေဖွယ် ရှိကြောင်း မေ ၁၇ ရက်က ထုတ်ပြန်သည့် ယူနီဆက်ဖ်၏ မြန်မာ လူသားချင်း စာနာထောက်ထားရေး အခြေအနေ အစီရင်ခံစာအရ သိရသည်။
👍6🔥4
မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ သေဆုံး

YT
(မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ စဝေ ကျွန်းတောကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံး၍ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံက သိရသည်။
ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့၊ နံနက် ၈ နာရီဝန်းကျင်တွင် ခမရ (၅၉၉)၊ ခမရ(၅၉၀)၊ တပ်မ(၄၄) နှင့် ခလရ(၄၈) တို့မှ စစ်ကောင်စီတပ်သားများသည် ကျေးရွာအတွင်းသို့ လက်နက်ကြီး အလုံးရေ ၂၀ ကျော် ပစ်ခတ်ကာ စစ်ကြောင်းထိုး၀င်ရောက်ခဲ့ခြင်းဖြစ်သည်။
ထိုလက်နက်ကြီးကျည်ထိမှန်၍ ကျေးရွာမှ အသက် ၁၄ နှစ်အရွယ်ရှိ မင်းရဲဆက် (ခ) သားငယ်လေး သေဆုံးခဲ့ရပြီး အသက် ၁၈ နှစ်အရွယ်ရှိ ကိုမြင့်မြတ်သူနှင့် အသက် ၄၀ ကျော်အရွယ်ရှိ မလှစန်းတို့ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့ကာ ဘုန်းကြီးကျောင်း အဆောက်အအုံတစ်လုံး၊ ဒေသခံအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
👍5🔥3❤1😁1