Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
🤬7🔥1
စစ်ကောင်စီကန့်သတ်ထား၍ မတူပီ မုန်တိုင်းဘေးသင့်ပြည်သူများ အိမ်ဆောက်ပစ္စည်းဝယ်ရန် အခက်ကြုံနေဟုဆို

(မဇ္ဈိမ)။ ။ မိုခါမုန်တိုင်း‌ကြောင့် လေပြင်းတိုက်ခိုက်ခဲ့ပြီး အပျက်အစီးများခဲ့သည့် ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် စစ်ကောင်စီက လမ်းကြောင်းများ ပိတ်ဆို့ထား၍ အိမ်ဆောက်ပစ္စည်းများ ပြတ်လပ်နေသလို ဝယ်ယူရန်လည်း အခက်ကြုံတွေ့နေကြောင်း ဒေသခံများကပြောသည်။

" အိမ်ဆောက်ပစ္စည်းတွေကလည်းမြို့ပေါ်ဆိုင်တွေမှာဝယ်မရတော့ဘူး။ ကုန်ကားတွေလည်းမဝင်တော့ ဒီတိုင်းပဲ နေနေကြတယ်။အကယ်လို့ မိုးသာထပ်ရွာလာရင်ဘယ်လိုနေရမလဲမသိတော့ဘူး’’ဟု ပလက်ဝမြို့နယ် ဖနိုင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ဖနိုင်ကျေးရွာသည် မိုခါမုန်တိုင်းအရှိန်‌လေပြင်း ကြောင့် အပျက်အစီးအလွန်များခဲ့ပြီး အိမ်ခြေပေါင်း၂၅၀ ကျော်ရှိသည့်အနက် ၂၃၀ ကျော်ပျက်စီးခဲ့သည်ဟု သိရသည်။

လက်ရှိတွင် မတူပီမြို့ပေါ်၌ ဖုန်းလိုင်းတချို့သာအသုံးပြု၍ရပြီး အင်တာနက်လိုင်းဖြတ်တောက်ခံထားရ၍ ငွေလွှဲလုပ်ငန်းများလည်းရပ်ဆိုင်းနေသည်ဟု သိရသည်။ ထို့ကြောင့် ဘေးသင့်ဒေသခံများထံသို့ ပြည်တွင်းပြည်ပမှအလှူရှင်များက ငွေလှူ ဒါန်း၍ မရသည့် အခက်အခဲကြုံနေသည်ဟု ဒေသခံများကပြောသည်။

‘’မတူပီမြို့ပေါ်မှာက ငွေလွှဲလုပ်ငန်းတွေနားထားကြတယ်။အခုလည်းတချို့ကပြင်ဆင်ရေးတွေအတွက်ငွေလှူချင်တယ်ပြောထားတာတွေရှိတယ်။ဒါပေမယ့်မတူပီမှာက ပိုက်ဆံရှိရင်လည်း အိမ်ဆောက်ပစ္စည်းဝယ်ဖို့ဘာမှမရှိတော့ဘူးလေ။နောက်ပြီးအရင်ကငွေလွှဲလုပ်ငန်းလုပ်တဲ့သူတွေကိုCDFတွေထောက်ပံ့တယ်ဆိုပြီးဖမ်းဆီးထားတာတွေရှိနေတော့ ငွေလွှဲလုပ်ငန်းလည်းမလုပ်ရဲကြတော့ဘူးဖြစ်နေတယ်’’ဟုလည်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကလည်းဆိုသည်။

မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်က မိုခါ မုန်တိုင်း‌ဘေး ကြိုတင်ကာကွယ်ရေး လုံလောက်အောင်မလုပ်ခဲ့သလို မုန်တိုင်းအလွန်ကာလ၌လည်းမြို့အဝင်အထွက်ကို ဆက်လက်ပိတ်ပင်ထားဆဲဟု ဒေသခံများပြောသည်။

" အခုလိုသာ ဆက်ပိတ်ထားရင် မိုးထဲလေထဲပဲ ‌နေရမယ့် ပုံစံရှိတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

“မိုခါ”ဆိုင်ကလုန်းမုန်တိုင်းသည် ပြီးခဲ့သည့် မေလ(၁၄)ရက်နေ့က ရခိုင်ပြည်နယ်ကမ်းရိုးတန်းကို ဝင်ရောက်ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ်
ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းကို ဝင်ရောက်ခဲ့သည်။ မုန်တိုင်းဘေးကြောင့် ချင်းပြည်နယ်တွင် လူနေအိမ် ၁,၇၇၄လုံး၊ ဘာသာရေးအဆောက်အဦ၂၉လုံး၊ ကျန်းမာရေးအဆောက်အဦငါးလုံး၊ စာသင်ကျောင်း ၃၀နှင့် စပါးကျီ၁၉လုံးပျက်စီးခဲ့သည်ဟုကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC က မေ ၁၇ရက်က ရရှိသော စာရင်းကို ထုတ်ပြန်ထားသည်။ ထို့အပြင် မုန်းတိုင်းဘေးသင့်ပြည်သူများအတွက် အကူအညီများ လိုအပ်နေသည်ဟု ICNCCက အသိပေးထားသည်။

စာတည်း - မောင်ကြီး
#mizzima
#မိုခါမုန်တိုင်း‌
#မတူပီမြို့နယ်
#လမ်းပိတ်ဆို့
#အိမ်ဆောက်ပစ္စည်းပြတ်လပ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬8👍4🔥1😁1
​​လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်မှုများ၏ ဗဟိုချက်အဖြစ် မြန်မာနိုင်ငံက နာမည်ဆိုး ထွက်လာ

ယခုလအတွင်း၌ အင်ဒိုနီးရှားရဲတပ်ဖွဲ့သည် အင်ဒိုနီးရှားမှ မြန်မာသို့ လူကုန်ကူးမှု၏ နောက်ကွယ်မှ သံသယရှိသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရမိသည်။

http://www.mizzimaburmese.com/article/128547

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2
​​ယူကရိန်းမှ တပ်ဖွဲ့ဝင်များဆုတ်ခွာရေး ရုရှားကို ဖိအားပေးရန် ဂျီ-၇ ခေါင်းဆောင်များက တရုတ်ကို တိုက်တွန်း

ယူကရိန္းနိုင္ငံအား က်ဴးေက်ာ္ဝင္ေရာက္မွုကိုအဆုံးသတ္ေစေရးႏွင့္ ယူကရိန္းပိုင္နက္မွ တပ္ဖြဲ႕မ်ားဆုတ္ခြာေရး ႐ုရွားကို ဖိအားေပးရန္ ဂ်ီ-၇ အဖြဲ႕ ေခါင္းေဆာင္မ်ားက တ႐ုတ္နိုင္ငံကို တိုက္တြန္းလိုက္သည္။

http://www.mizzimaburmese.com/article/128549

------------------------
လြတ္လပ္တဲ့ မီဒီယာအျဖစ္ ရပ္တည္နိုင္ေရး မဇၩိမကို ဝိုင္းဝန္းကူညီေပးဖို့ ဖိတ္ေခၚပါတယ္။ သင္ရဲ့ ကူညီမွုကို ေအာက္ပါလင့္ကို ႏွိပ္ၿပီး လုပ္ေဆာင္နိုင္ပါတယ္။ https://bit.ly/2VhJ12U
👍8😁3
Media is too big
VIEW IN TELEGRAM
သင်္ဘောသီးထောင်းကြော် | Chef Eve's Easy Thai Cooking Show | Ep - 15

Watch more detail- https://youtu.be/81Y5DpOGup8

#Mizzima #reels #shorts #သင်္ဘောသီးထောင်းကြေ #ChefEve’s
👍4🤮1
အစိမ်းရောင် လူမျိုးစု [ TRAILER -4] | Green Tribe

https://youtu.be/tQ4t2_Yz_xA
❤4👍1🔥1😁1
“ဘာလိုလို့လဲ”လိင်ဆိုင်ရာ အခွင့်အရေးနဲ့ မျိုးဆက်ပွား ကျန်းမာရေး ပညာရေး ဇာတ်လမ်းတွဲ အပိုင်း -၂

https://youtu.be/qcrfC_DDjKQ
👍7🍌2🥰1
ကနီမြို့နယ်မှ စစ်ဘေးရှောင် ၁၀,၀၀၀ကျော်အတွက် အမိုးအကာနဲ့ အခြေခံဆေးဝါးများ အရေးပေါ်လိုအပ်နေ ( ရုပ်သံ)

https://youtu.be/iedJfWzVqdQ
👍10🔥1😁1😢1
ရခိုင်ပြည်နယ်အတွင်း ဆားငန် ရေဝင်နေသည့် ရေကန်များ အရေးပေါ် ရေစုပ်ထုတ်ရန် လိုအပ်နေ

ဂျူချန်း
(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ရသေ့တောင်၊ ပေါက်တော စသည့် မြို့နယ်များတွင် မိုခါမုန်တိုင်းကြောင့် ဒီရေတက်လာ၍ ရေချိုကန်များ အတွင်းသို့ ပင်လယ် ဆားငန်ရေများ ၀င်သွားခဲ့ရာ ထိုရေကန်များမှ ရေများ အရေးပေါ်စုပ်ထုတ်ရန် လိုအပ်နေကြောင်း သိရသည်။
ထိုသို့ ဆားငန်ရေ ၀င်ရောက်မှုကြောင့် သောက်သုံးရေ အခက်အခဲများ ရှိနေပြီး ကန်အတွင်းရှိ ရေချိုငါးများလည်း သေဆုံးခဲ့၍ ကျန်းမာရေးအတွက် ကန်များအား သန့်ရှင်းရေး အရေးပေါ်လုပ်ဆောင်ရန် လိုအပ်ကြောင်း ဒေသတွင်း ကူညီကယ်ဆယ်မှုများ ဆောင်ရွက်နေသူထံက သိရသည်။
“ရခိုင်ဘက်မှာ အဓိကအားဖြင့် ဒေသခံတွေက ရေကန်တွေကို အမှီပြုပြီးနေကြတာများတယ်။ ရေချိုငါးတွေနေတဲ့နေရာကို ရေငန်က ဝင်သွားတော့ ငါးတွေက ချက်ချင်းသေတာပဲ။ အဲ့ဒါကြောင့် ရေကန်တွေက ရေဆိုးရေညစ်တွေဖြစ်ပြီးတော့ အနံ့တွေတော်တော်နံတယ်” ဟု ရခိုင်ဒေသတွင်း ကူညီကယ်ဆယ်မှုများ ဆောင်ရွက်နေသည့် ကိုဝေဟင်အောင်က မဇ္ဈိမ ကိုပြောသည်။
👍8🔥2
မိုးမကျမီ ရေကန်တွင်းရှိ ရေဆိုးများအား မစုပ်ထုတ်နိုင်ပါက ဝမ်းရောဂါဖြစ်ပွားနိုင်သောကြောင့် ၎င်းအနေဖြင့် ယမန်နေ့ မေလ ၁၉ ရက်က ပေါက်တောမြို့နယ်၊ ငပြီကျွန်း သရက်တောရွာ၊ ရသေ့တောင်ရှိ ဒုံးပိုက်ရွာနှင့် စစ်တွေမြို့ရှိ ရေပိုက်ဆုံကျောင်းရှိ ရေကန်များအား ရေစုပ်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ယနေ့ မေလ ၂၀ ရက်တွင် ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ရန်အတွက် ရေစုပ်စက် ၂၄ လုံး ဝယ်ယူကာ ရွာသားများ၊ ပရဟိတသမားများနှင့်အတူ ကန်ထဲမှ ရေစုပ်ထုတ်ခြင်းကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်ရှိ မက်အလာကျကျေးရွာ၊ ကုန်းတန်းကြိမ်းချောင်း၊ ကုလားချောင်းကျေးရွာ၊ ကျွန်းချေကျေးရွာ၊ ဇိတ်ပင်ကျေးရွာ၊ ခမောင်းတောကျေးရွာ စသည့် ကျေးရွာ များတွင်လည်း ရေကန်တွင်းသို့ ဆားငန်ရေဝင်ရောက်နေ၍ သောက်သုံးရေ အရေးပေါ်လိုအပ်လျက်ရှိသည်။
ထိုသို့ သောက်သုံးရေလုံလောက်စွာမရရှိပါက ဝမ်းရောဂါပြဿနာ ဖြစ်လာနိုင်သဖြင့် ထိုဒေသရှိ ရေကန်များမှ ရေဆိုးရေညစ်များအား အဖွဲ့အစည်းတစ်ခုခုမှလာရောက်စုပ်ထုတ်ပေးရန် လိုအပ်ကြောင်း ဒေသခံများက ဆိုသည်။
“ခုလက်ရှိ သောက်သုံးရေအမြန်လိုအပ်နေပါတယ်။ ရေကန်တွေမှာ ဆားငန်ရေတွေ ပြည့်ကျပ်နေတယ်။ လောလောဆယ်တော့ ဝမ်းရောဂါမဖြစ်ကြသေးပါဘူး။ နောက်ဆိုဖြစ်မှာ သေချာသလောက်ပါ။ (သောက်ရေ) ဘယ်အဖွဲ့မှ လာမပေးသေးပါဘူး။ ရေကို နည်းမျိုးစုံနဲ့ ရှာသောက်နေရပါတယ်” ဟု ပုဏ္ဏာကျွန်းဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
မြောက်ဦးမြို့နယ်တွင်လည်း တင်းထိန်ရဲရွာ၊ ကုလားချောင်းရွာ၊ ဟင်းခရော်ရွာ၊ ခတောက်ချောင်းရွာ၊ မင်းညာရွာ၊ ဘုရားများရွာ စသည့် ကျေးရွာများတွင် ဆားငန်ရေ များဝင်နေသဖြင့် သောက်သုံးရေအခက်အခဲရှိကြောင်း ဒေသခံများထံက သိရသည်။
စစ်တွေမြို့ရှိ ရေသန့်စက်နှစ်ခုက မီးစက်ဖြင့် ရေသန့်များထုတ်နေသော်လည်း ဒေသခံများအတွက် လုံလောက်မှုမရှိကြောင်းနှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ သောက်သုံးရေ လှူဒါန်းခြင်းများလုပ်ဆောင်နေသော်လည်း နယ်ဘက်တွင် အိမ်ခြေတိုင်း၊ ရွာတိုင်းရရှိရန်မလွယ်ကူဘဲ သောက်သုံးရေ လိုအပ်လျက်ရှိကြောင်း သိရသည်။
ဆားငန်ရေ ဝင်ရောက်ခဲ့သည့် ကျေးရွာများမှ ဒေသခံများသည် သောက်ရေသုံးရေရရှိရန် ဆားငန်ရေဝင်ရောက်ခြင်းမရှိသည့် ကုန်းမြင့်ပိုင်း ကျေးရွာများသို့ သွားရောက်၍ သော်လည်းကောင်း၊ ဒေသတွင်း ပရဟိတအဖွဲ့အစည်းများမှတစ်ဆင့် သော်လည်းကောင်း ရေ ကို ပုံးကြီးပုံးငယ်များဖြင့် သွားရောက်သယ်ဆောင်ရကြောင်း သိရသည်။
မိုခါမုန်တိုင်း၀င်ရောက်ခဲ့သည့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ရသေ့တောင်၊ ပေါက်တော စသည့် မြို့နယ်များတွင် သောက်သုံးရေ လုံလောက်စွာမရရှိဘဲ လူများသာမက တိရိစ္ဆာန်များလည်း ရေဆိုးရေညစ်များ သောက်မိသဖြင့် ကျွဲ၊ နွားသေဆုံးမှုများ ရှိလာကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဆားငန် ရေဝင်
#မိုခါမုန်တိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥1😢1
ထိုင်းဝက်သားခေါက်ဆွဲကြော် နဲ့ သင်္ဘောသီးထောင်းကြော် | Chef Eve's Easy Thai Cooking Show | Ep - 15

https://youtu.be/81Y5DpOGup8
🤮1
Weekend News Roundup

ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။
-အာဆီယံရဲ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများတိုးမြင့်လာခြင်းအတွက် စိုးရိမ်ကြောင်းမျှသာ ဖော်ပြထား
တဲ့သတင်း
-လူနည်းစုဘာသာတွေကို စစ်ကောင်စီက ဆက်လက်ဖိနှိပ်နေဆဲဖြစ်တာကြောင့် စိုးရိမ်ရတဲ့နိုင်ငံအဖြစ် အမေရိကန် ဆက်လက်သတ်မှတ်တဲ့ သတင်း
-အိန္ဒိယသမုဒ္ဒရာမှာ တရုတ်သင်္ဘောနစ်မြုပ်ပြီး လူ ၃၉ ဦးပျောက်ဆုံးနေ တဲ့သတင်း
-ယူကရိန်းစစ်ပွဲအတွက် ရုရှားကလျော်ကြေးပေးရမယ့် ဆုံးရှုံးမှုစာရင်းကို ဥရောပခေါင်းဆောင်တွေ လက်မှတ်ရေးထိုးအတည်ပြု
တဲ့သတင်း
-အိန္ဒိယဆိပ်ကမ်းကုမ္ပဏီကြီးက မြန်မာနိုင်ငံမှ ထွက်ခွာမယ်လို့ ကြေညာပြီးနောက် စစ်ကောင်စီနှင့် လုပ်ငန်းများရှေ့ဆက်နေ
တဲ့ သတင်း
-ကန်ဒေါ်လာတစ်သောင်းအထက် ပြည်ပသို့ လွှဲပြောင်းပါက အခွန်အကောက်များ ပေးဆောင်ထားပြီးဖြစ်ရန် လိုအပ်ကြောင်း စစ်ကောင်စီ ထုတ်ပြန်တဲ့သတင်း

https://youtu.be/1uCmM89pCQo
👍6😁1🤮1
မေလ (၂၀) ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

ကန့်ကွက်မှုတွေရှိနေတဲ့ နမ္မတူ ရေကာတာစီမံကိန်းကို UWSAပိုင် ကုမ္ပဏီက အရှိန်အဟုန်နဲ့ ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားတဲ့သတင်းနဲ့အတူ

စစ်ကြောင်း ဆက်တိုက် ထိုးနေတဲ့ ခင်ဦးမြို့နယ်မှာ ဘာတွေဖြစ်နေသလဲဆိုတဲ့ သတင်းပေးပို့ချက်အပါအဝင်

တစ်ပတ်အတွင်းနိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ သံစဉ့်အိမ်အစီအစဉ်ကို နားဆင်ရမှာပါ။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/h-Fu2hR2UCM
👍4❤2😁1
လုံလောက်တဲ့ ဆေးကုသမှုမရတာကြောင့် NLD အမတ် ၁၆ ဦး သေဆုံး

https://youtu.be/C7172y5LBmc
😢16👍2❤1👏1
​​ခွေးလေးအာမီဆီ ရောက်သွားတဲ့ ရဲတွေရဲ့ သေနတ် ၂လက်

ဂျူချန်း
(မဇ္ဈိမ)။ ။ ရေးမြို့မရဲစခန်းမှူးနှင့် ခေါဇာမြို့မရဲစခန်းမှူးအား ပစ်ခတ်ရှင်းလင်းပြီးနောက် သိမ်းယူခဲ့သည့် သေနတ်နှစ်လက်ကို မစ်ရှင်ဖော်ဆောင်ပြီး ရှစ်လခန့်အကြာတွင် ရေးဘီလူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ဖော်ပြသသည်။
မွန်ပြည်နယ်၊ရေးမြို့နယ်မှ ရေးမြို့မရဲစခန်းမှူး ဒုရဲမှူးလှဌေးနှင့် ခေါဇာမြို့မရဲစခန်းမှူးအား ရေးဘီလူးအဖွဲ့က ပြီးခဲ့သည့်နှစ် ၂၀၂၂ခုနှစ် နိုဝင်လာလနှင့် စက်တင်ဘာလတွင် ပစ်ခတ်ရှင်းလင်းပြီး အဆိုပါ စခန်းမှူးနှစ်ဦး ကိုင်ဆောင်သည့် သေနတ်နှစ်လက်ကို သိမ်းယူခဲ့သည်။ ယနေ့ မေလ ၂၀ရက်တွင် ရေးဘီးလူးအဖွဲ့က ၎င်းတို့မွေးထားသည့် ခွေးတစ်ကောင်၌ အီကွေးမန့်( equipment) ဝတ်ဆင်ပေးကာ သေနတ်နှစ်လက် ချိတ်ဆွဲပြီး လူမှုကွန်ရက်၌ပြသခြင်းဖြစ်သည်။ အ‌ဆိုပါ ခွေး၏ နာမည်မှာ Army ဟု သိရသည်။
" ဒီသေနတ်နှစ်လက်ရဲ့ ပိုင်ရှင်တွေက နယ်နယ်ရရတော့မဟုတ်ဘူး။ ခေါဇာမှာဆိုရင် ခေါဇာရဲစခန်းမှာ အကြီးဆုံးဖြစ်တဲ့ စခန်းမှူးရဲ့ သေနတ်တစ်လက်ဖြစ်တယ်။ ရေးမြို့မ ရဲစခန်းမှာဆိုရင်လည်း ဗဟိုစခန်းမှုး။ အကြီးဆုံး စခန်းမှူး ရဲ့ သေနတ်တွေပေါ့ဗျာ။ အဲ့ဒီအတိုနှစ်လက်လုံးက စခန်းမှူးနှစ်ယောက်ရဲ့ သေနတ်တွေပေါ့” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
အဆိုပါသေနတ်နှစ်လက်သည် ခြောက်လုံးပြူး
အမျိုးအစားဖြစ်သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကဆိုသည်။ ရဲစခန်းမှူးအဆင့်က ကိုင်သော သေနတ်သည် အဆင့်မမီ၍ ၎င်း၏တပ်ဖွဲ့ဝင်များကိုပင် မကိုင်စေဘဲ ခွေးကိုသာ တပ်ဆင်ပေးထားခြင်းဟု ၎င်းက အရွှန်းဖောက်ထားသည်။ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းမှူးနှစ်ဦး၏ သေနတ်နှစ်လက်အား ခွေးတစ်ကောင်နှင့်တွဲကာ ပြသထားကသော ရေးဘီလူးအဖွဲ့က ထုတ်ပြန်သည့် ဓာတ်ပုံသည် လူမှုကွန်ရက်သုံးစွဲသူများကြားတွင် ပျံ့နှံ့ခဲ့သည်။
" ရခမှူး(ရဲစခန်းမှူး) ၂ယောက်ပေါင်းအရည်အချင်းကို Army က အေးဆေးပဲ"ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုထားသည်။
ရေးမြို့မစခန်းမှုးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ရေးမြို့၊ တပ်ရင်း (၁၉) နားရှိ အာရှလမ်းမပေါ်၌ ရေးဘီလူးအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ရာ သေဆုံးခဲ့သည်။ခေါဇာမြို့မစခန်းမှုးသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ရေးမြို့၊ ကဗျာကြီးကျေးရွာတွင် ရေးဘီလူးအဖွဲ့၏ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်ဟု သိရသည်။
ရေးဘီလူးအဖွဲ့သည် မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်တွင် အခြေစိုက်ပြီး စစ်ကောင်စီတပ်နှင့် စစ်ကောင်စီဒေါက်တိုင်များအား မကြာခဏ တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။ ရေးဘီလူးအဖွဲ့ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင်ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်ပြုတ်ကျသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောထားသည်။
စာတည်း - မောင်ကြီး
#mizzima
#ရေးမြို့မရဲစခန်းမှူး
#ခေါဇာမြို့မရဲစခန်းမှူး
#အာမီ
#သေနတ်နှစ်လက်
#ရေးဘီလူးအဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍31❤7🔥1😱1😢1
ဆားလင်းကြီးမြို့ပေါ်တွင် ကင်းပတ်နေသော စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ

https://youtu.be/ciLvdGVsRG4
👍16😁2
​​ဘီးလင်းမြို့နယ် နယ်ခြားရွာမှ ဒေသခံ လက်နက်ကြီးကျည်ထိမှန်သေဆုံး

YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ နယ်ခြားရွာ (ကျားကွင်း)မှ ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ မေလ ၁၉ ရက်တွင် ဘီးလင်းမြို့နယ်၊ မဲလံကျေးရွာမှ ခြေလျင်ဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ၎င်းတို့ ဆင်းလာရာ လမ်းတစ်လျှောက် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ နယ်ခြားကျေးရွာ( ကျားကွင်း)မှ ဒေသခံအမျိုးသမီးတစ်ဦး ထိုလက်နက်ကြီးကျည် ထိမှန်၍ သေဆုံးခဲ့ကာ ဒေသခံနေအိမ်တစ်လုံး မီးလောင်ခဲ့ရကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် တပ်မဟာ (၅)၊ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မဲဝိုင်ကျေးရွာအခြေစိုက် မဲဝိုင်စစ်ကောင်စီစခန်းမှ အင်အား ၁၀၀ ဝန်းကျင်ပါသော စစ်ကြောင်းဖြစ်ပြီး မေလ ၁၅ ရက်နေ့မှစ၍ တပ်မဟာ (၅) မှ တပ်မဟာ (၁)နယ်မြေ၊ ဘီးလင်းမြို့နယ်သို့ ခြေလျင်စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။
"မနေ့က မဲဝိုင်ဘက်ကဆင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီး ရမ်းသန်းပစ်လို့ နယ်ခြားရွာမှာ ပြည်သူတစ်ယောက်သေတယ်။ သေတာက အမျိုးသမီး၊ အိမ်တစ်လုံး လက်နက်ကြီးကျလို့ မီးလောင်သွားတယ်။ ဒေသခံတွေလည်း ပြေးနေရတယ်" ဟု ဘီးလင်းမြို့နယ်မှ သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ၎င်းတို့ စတင်စစ်ကြောင်းထိုးလာရာ တပ်မဟာ (၅)နယ်မြေ၊ ဒွယ်လိုးမြို့နယ်တစ်လျှောက်တွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်ခဲ့ကြကြောင်း တပ်မဟာ (၅) မူတြော်သတင်းစဉ်က ယနေ့ မေလ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မေလ ၁၅ ရက်တွင် ထိုစစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် တပ်မဟာ (၅) နယ်မြေ၊ ဒွယ်လိုးမြို့နယ်၊ မဲဝိုင်ကျေးရွာအုပ်စု၊ ဖွေးပွာကျေးရွာအတွင်း ဝင်ရောက်ခဲ့စဉ်က ယင်းကျေးရွာမှ ဒေသခံနှစ်ဦးအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားကာ ၎င်းတို့ဘေးကင်းလုံခြုံပြီဟု ယူဆသည့် လမ်းခုလတ်အရောက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း KNU-မူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ထိုစစ်ကောင်စီတပ်သားများသည် ဖွေးပွာကျေးရွာနေ ဒေသခံများ၏ ဖုန်းသုံးလုံး၊ အရပ်သုံး စကားပြောစက်တစ်လုံး၊ ငွေသား ၃၈၀,၀၀၀ ကျပ်၊ ဓါးမြှောင်နှစ်လက်တို့အား ယူဆောင်သွားကြောင်းလည်း ဖော်ပြထားသည်။
ပြီးခဲ့သည့် မေလ ၁၅ရက်၊ ၁၆ရက်နှင့် ၁၈ ရက်တို့တွင် အဆိုပါစစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းအား တပ်မဟာ (၁) KNLA ပူးပေါင်းစစ်ကြောင်းများက ကြားဖြတ်တိုက်ခိုက်မှုပေါင်း ခြောက်ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#KNU
#ဘီးလင်းမြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😢3😁2