Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တိုက်ပွဲအတွင်း ကျဆုံးသွားသည့် KNDF တပ်ရင်း၉ ဒုတပ်စုမှူး၏ စျာပန

(မဇ္ဈိမ)။ ။ကရင်နီပြည်နယ်တွင် ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့က စစ်ကောင်စီနှင့်ဖြစ်ပွားသော တိုက်ပွဲတွင် ကျဆုံးခဲ့သည့် KNDF တပ်ရင်း ၉ ၏ ဒုတိယတပ်စုမှူး၏ စျာပနကို ယနေ့ မေလ ၂၀ ရက်တွင် ပြုလုပ်ခဲ့သည်။
ကရင်နီအမျိုးသားကာကွယ်ရေးတပ် -KNDF တပ်ရင်း ၉ ၏ ဒုတိယတပ်စုမှူးမောင်ဖရန်စ္စကို(ဂျားဂျာ) ကျဆုံးခဲ့ခြင်းဖြစ်သည်။
😢34👏3🔥1
မောင်ဖရန်စ္စကို(ဂျားဂျာ)သည် ပေးအပ်သောတာဝန်ကို ​ကျေပွန်စွာ ထမ်းဆောင်သော ရဲဘော်ကောင်းတစ်ဦးဖြစ်ပြီးအမှန်တရားအတွက် အသက်ကိုပဓာနမထားဘဲ ရဲရင့်စွာတိုက်ပွဲဝင်ကာ အသက်ကိုပေးဆပ်သွားခဲ့ပါသည်ဟု KNDF တပ်ရင်း ၉က ထုတ်ပြန်ထားသည်။
စျာပအခမ်းအနားကိုကောင်းမွန်စွာပြုလုပ်ပေးခဲ့ပြီး ကျန်ရစ်သူမိသားစုဝင်များနှင့်အတူ ရဲဘော်ရဲဖက်များအားလုံး လွန်စွာဝမ်းနည်းကြေကွဲရပြီး ရဲဘော် မောင်ဖရန်စ္စကို၏ပေးဆပ်မှုအတွက် အလေးနီပြုကြောင်း KNDF တပ်ရင်း ၉ မှထုတ်ပြန်ထားသည်။
စာတည်း - မောင်ကြီး


#mizzima
#ကရင်နီပြည်နယ်
#KNDF
#ဒုတပ်စုမှူး
#စျာပန
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢26👍8👏2😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၂၀ ရက်ထုတ်လွှင့်မှုများ

https://youtu.be/f0gqs_bNRfM
#PVTV
#MizzimaTV

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🤮1🍌1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၀ မေ ၂၀၂၃)

စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်နေသည့် အပစ်ရပ် မွန်တပ် NMSP သည် စစ်ကောင်စီ၏ တစ်ဖက်သတ် ဆွေးနွေးမှုများကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ရပ်ဆိုင်း ထားသည်ဟု သိရသည်အတွက် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများသည် အောင်မြင်မှုများ မရသေးသည်ကို တွေ့ရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🥰8❤1🔥1😁1
မေ ၂၁ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်

ဒီကနေ့ မေ ၂၁ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေ ထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေးထားတာလည်း ဖြစ်ပါတယ်။

https://youtu.be/4mjzY-5-rhk
👍11😁2
မေလ (၂၁) ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

လူ့အခွင့်အရေးဥပဒေကို လိုက်နာပေးဖို့ ရှမ်းအရပ်ဖက်အဖွဲ့အစည်း ၃၀ က စာထုတ်တောင်းဆိုလိုက်တဲ့သတင်းနဲ့အတူ

စစ်အာဏာသိမ်းပြီးနောက် လုံလောက်တဲ့ ဆေးကုသမှုမရတာကြောင့် NLD အမတ် ၁၆ ဦး သေဆုံးသွားရတဲ့သတင်းအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

https://youtu.be/Nt02-HtuCbg
👍11😁2😢2
ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့

ဆရင်နဂါတွင် ပြဇာတ်ရုံများကို
အားပေးမြှင့်တင်ရန် ဆွေးနွေးပွဲကျင်းပ

ပါကစ္စတန် ပြည်သူ့ပါတီက ဂယ်ဂစ်ဘယ်တီစတန်
အာဏာပိုင်များကို လာဘ်စားမှုဖြင့် ဝေဖန်

အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင်
ဆင်အလှပြပွဲတော်ဆင်နွှဲမှု ပြီးဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့မြို့တော် ဒါခါရှိ
ဈေးဝယ်စင်တာမှ ကြီးမားတဲ့ မီးလောင်ကျွမ်းမှု
အာရှတစ်ခွင်က ထူးခြားတဲ့အကြောင်းအရာများကို သိရှိနိုင်မဲ့ Asia Watch ကဏ္ဍတွေကို တင်ဆက်သွားမှာပါ။

https://youtu.be/brtL-T3GCjo
👍16❤4🔥1👏1
​​သာယာဝတီမြို့နယ်မှ စစ်ကောင်စီခန့်m ကျေးရွာအုပ်ချုပ်ရေးမှူး ကားမှောက် သေဆုံး

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊သာယာဝတီမြို့နယ်၊ လှည်းလမ်းကူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းထွဋ်သည် မေလ ၂၀ ရက် ည ၁၀ နာရီကျော်အချိန်ခန့်က သစ်ကားမှောက်၍ ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံ များထံမှ သိရသည်။
၎င်းသည် မီးသွေးဖုတ်သူဖြစ်ပြီး သစ်နှင့်မီးသွေးများကို ကားဖြင့်တင်ဆောင်လာစဉ် ရိုးမတောင်ခြေရှိ ကျောက်အိုင်ကျေးရွာအကျော် နတ်ချောင်းရွာအနီးတွင် ကားဘီးပေါက်ကာ တိမ်းမှောက်ခြင်းဖြစ်ကြောင်း သိရသည်။
“သူ့ကြောင့် သူ့ရွာက CDM တွေ အဖမ်းခံရတာ၊ PDF တစ်ဦးလည်း အဖမ်းခံရတယ်။ စစ်ကောင်စီလက် ထက်မှအုပ်ကြီးဖြစ်လာတာ။ အာဏာသိမ်းပြီး ဆန္ဒပြနေကြတဲ့အချိန်တွေတုန်းက တက်ကြွလှုပ်ရှားသူ တွေ CDM တွေကိုဖမ်းဖို့ ခဏခဏတိုင်တဲ့သူ” ဟု သာယာဝတီမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူဦးဝင်းထွဋ်သည် စစ်ကောင်စီအားတစ်လလျှင် ဆက်ကြေး ၁၀ သိန်းပေး၍ နွားမှောင်ခိုအရောင်း အဝယ်လုပ်ခြင်း၊ သစ်ထုတ်လုပ်မှုပိတ်ပင်ထားသော ပဲခူးရိုးမအတွင်းမှ သစ်ခိုးထုတ်ကာ မီးသွေးဖုတ်ခြင်း၊ လောင်းကစားဝိုင်းများအား ဆက်ကြေးကောက်ကာ ပြုလုပ်ခွင့်ပေးခြင်း၊ နွားဆွဲသူများနှင့် သစ်ကားများအား ဂိတ်ကြေးကောက်ခံကာ စစ်ကောင်စီအတွက် ငွေရှာပေးနေသူဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။
“ညက သစ်တွေတင်လာတဲ့ကား ဘီးပေါက်တော့ သူကခုန်ချတာ။
ညဘက်ဆိုတော့ ဘေးမှာကမြေတွေနဲ့ ဘေးမလွင့်ပဲ ကားကြားထဲပြန်ဝင်သွားတာ” ဟု ၎င်းသေဆုံးပုံကို ဒေသခံက ရှင်းပြသည်။
ဦးဝင်းထွဋ်နှင့်အတူ ၎င်း၏တပည့်ဖြစ်သူဦးလှအေးလည်း နေရာတွင်ပင်
ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။
“ဒီလူက စစ်ကောင်စီကို ငွေကြေးအရလည်း အထောက်အပံ့ရှာပေးနေတဲ့သူဖြစ်တယ်။ ကိုယ်တိုင်လည်း စစ်ကောင်စီဘက်ကရပ်တည်ပြီး တော်လှန်ရေးအင်အားစုတွေကို ဖိနှိပ်တာတွေလုပ်နေတဲ့သူဖြစ်ပါတယ်။ ဒါကြောင့်
ဒီလိုဖြစ်သွားတာဟာ သူ့လမ်းသူသွားတာလို့ပဲ ပြောချင်ပါတယ်” ဟုသာယာဝတီခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
ပဲခူးရိုးမအတွင်း သစ်တောပြုန်းတီးမှုများပြားနေသဖြင့် NLD အစိုးရလက်ထက်မှစတင်ကာ သစ်ထုတ် လုပ်ခွင့် ၁၀ နှစ် ပိတ်ပင်ထားခြင်းဖြစ်သည်။
ပဲခူးတိုင်းအနောက်ခြမ်းတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ၏ အဓိက ဝင် ငွေရလမ်းကြောင်းသည် သစ်ခိုးထုတ်ခြင်းနှင့် လောင်းကစားဝိုင်းများ ဖြစ်သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ပဲခူးတိုင်း
#သာယာဝတီမြို့နယ်
#အုပ်ချုပ်ရေးမှူး
#ယာဉ်တိမ်းမှောက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍28❤2😁2🥰1👏1
ကန်ပက်လက်မြို့နယ်တွင် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အရေးပေါ်အကူအညီ လိုအပ်

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်တွင် ဆိုင်ကလုန်း မုန်တိုင်း မိုခါကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အရေးပေါ်အကူအညီများလိုအပ်နေကြောင်း မိုခါမုန်တိုင်း အရေးပေါ်တုံ့ပြန်ရေး ကော်မတီ(ကန်ပက်လက်) က မေလ ၂၀ရက်နေ့တွင် ထုတ်ပြန် သည်။
ထိုကော်မတီ၏ မေလ ၁၉ရက်အထိ ကောက်ခံရရှိထားသော စာရင်းများအရ ကန်ပက်လက်မြို့နယ်အတွင်း ပျက်စီးခဲ့သည့် လူနေအိမ် ၊ စာသင်ကျောင်း ၊ စပါးကျီ ၂၅၇ လုံးအနက် ၂၁လုံးမှာအလုံးစုံပျက်စီးခဲ့ပြီး ကျန်၂၃၆လုံးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည်ဟု သိရသည်။
ထို့ပြင် အိမ်မွေးတိရိစ္ဆာန်များဖြစ်သော ကျွဲ ၊ နွားနောက် ၊ ဆိတ် ၊ ဝက် နှင့် ကြက် ၃၇ ကောင် သေဆုံးခဲ့ရပြီး ရေလှောင်ကန် သုံးလုံး ၊ ဆိုလာပြား အချို့နှင့် လမ်းများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်းနှင့် ထပ်တိုးစာရင်းရှိနိုင်သေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
👍8🔥4😢3❤1
“အရေးပေါ်အနေနဲ့ကတော့ တာလပတ် ၊ အစားအသောက် ၊ ဆေးဝါး လိုအပ်နေပါတယ်” ဟု ကန်ပက်လက်မြို့နယ် မိုခါမုန်တိုင်းအရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ကိုဂျက်ကီ က မဇ္စျိမ ကိုပြောသည်။
မုန်တိုင်းမလာမီက အရေးပေါ်သုံးစွဲရန် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ကူညီသော ကျပ်ငွေ ၁,၀၀၀,၀၀၀ မှအပ အခြားအကူအညီများ မရရှိသေးကြောင်း ၎င်းကဆိုသည်။
မိုခါ မုန်တိုင်းကြောင့် နေအိမ်ပျက်စီးခြင်း၊ အိမ်မွေးတိရိစ္ဆာန်သေဆုံးခြင်းများကို ကြုံတွေ့ရသည့် ဒေသခံ ဦးရေမှာ ၁,၇၀၀ ရှိပြီး ယခင် စစ်ဘေးရှာင်ဦးရေမှာ ၅,၆၀၀ ကျော်ရှိကာ ၎င်းတို့ အားလုံးအတွက် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။
မီဒီယာများနှင့် ချိတ်ဆက်မှုအားနည်းခြင်း၊ ထင်ပေါ်ကျော်ကြား လူသိများသူများ( ဆယ်လီ) များ မရှိခြင်းတို့ကြောင့် ကန်ပက်လက်မြို့နယ်၏ အဖြစ်အပျက်များကို လူသိနည်းနေပြီး အကူအညီရရှိမှုလည်း နည်းပါးကြောင်း ကိုဂျက်ကီက သုံးသပ်ပြောဆိုသည်။
စစ်တပ်က အာဏာမသိမ်းခင်ကပင် မြို့နယ်၏ ၄၀ရာခိုင်းနှုန်းခန့်သာ ဖုန်းလိုင်း ရရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် ဖုန်းလိုင်းများ ထပ်မံဖြတ်တောက် ခံရသဖြင့် ယခု အချိန်တွင် မြို့၏ ၁၀ရာခိုင်နှုန်းခန့်သာ ဖုန်းလိုင်းရရှိတော့ကြောင်းသိရသည်။ ကန်ပလက်မြို့နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ဒေသခံများနှင့် အတူ ချင်းကာကွယ် ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet တပ်ဖွဲ့၏ တပ်ရင်း (၁) ၊ (၂) ၊ (၃) ရှိ စခန်းများ၏ ခေါင်မိုးများပျက်စီးပြီး သစ်ကိုင်းကျိုးကျကာ စခန်းအချို့ ပျက်စီးခဲ့၍ ပြန်လည်ပြုပြင်နိုင်ရေးအတွက်လည်း အကူအညီများ တောင်းခံထားသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#မုန်တိုင်းဒဏ်သင့် ပြည်သူများ
#ကန်ပက်လက်မြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥2😁1
​​မြန်မာ - စစ်ကောင်စီက မုန်တိုင်းဘေး အကူအညီကို စစ်လက်နက်အဖြစ် အသုံးပြုနိုင်

မဇ္ဈိမ အယ်ဒီတာ့ အာဘော်
ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မြန်မာနိုင်ငံတွင် ကြီးစွာသော အပျက်အစီးတို့ကို ဖြစ်ပေါ်စေခဲ့ပြီး မုန်တိုင်းဘေးသင့် ပြည်သူတို့အတွက်လည်း အကူအညီများ လိုအပ်လျက်ရှိသည်။
ဆိုရလျှင် အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ အကျိုးအမြတ်ရစေရန် ဤဟာကွက်ကို အသုံးချနိုင်သည်။
စစ်ကောင်စီ အာဏာပိုင်တို့သည် စစ်တွေမြို့ သို့မဟုတ် ဝန်းကျင်ဧရိယာများကဲ့သို့ ၎င်းတို့ သဘောရှိသည့် လူအစုအဖွဲ့များကို ထောက်ပံ့ကူညီပေးရင်း၊ ၎င်းတို့အပေါ် အားကိုးမှီခိုရစေမှုကို အတိုင်းအတာတစ်ခုအထိ တည်ဆောက်ခြင်းအားဖြင့် အကူအညီ လိုအပ်သူများကို အကူအညီများ ဖြန့်ဝေပေးခြင်း သို့မဟုတ် ထိုကဲ့သို့ အကူအညီများပေးရန် ပြင်ပအဖွဲ့အစည်းများကို လုပ်ခွင့်ပြုခြင်းတို့ကို လုပ်ဆောင်နိုင်သည်။
သို့သော် အခြားတစ်ဘက်တွင်မူ စစ်ကောင်စီသည် စစ်ကိုင်း၊ ချင်း နှင့် ကချင်ပြည်နယ်တို့ ကဲ့သို့ “၎င်းတို့အပေါ် ဒုက္ခပေးသော” ဧရိယာများ၊ အထူးသဖြင့် ရွေးချယ်မှုအရ သို့မဟုတ် ရွေးချယ်စရာမလိုဘဲ နွေဦးတော်လှန်ရေးကို ထောက်ခံသည့် လူအစုအဖွဲ့များထံ အကူအညီများ ဖြန့်ဝေခြင်းအပေါ် ပိတ်ဆို့တားဆီးနိုင်သည်။
ထို့အတွက်ကြောင့် အကူအညီကို စစ်လက်နက်တစ်ခုအဖြစ် အသုံးပြုနိုင်သည်။
၂၀၀၈ ခုနှစ်က ကြောက်မက်ဖွယ် ဆိုင်ကလုန်း နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ထိုစဉ်က စစ်အစိုးရသည် ၎င်းတို့၏ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုတွင် စမ်းတဝါးဝါး သွားခဲ့ပြီး ၎င်းတို့၏ လုပ်ဆောင်ချက် သို့မဟုတ် လုပ်ဆောင်ချက်ကင်းမဲ့မှုအပေါ်တွင် နိုင်ငံခြားသားကြောက်ခြင်းနှင့် လူမျိုးစု၊ ဘာသာရေးဆိုင်ရာ နိုင်ငံရေးတို့က အတိုင်းအတာတစ်ခုဖြင့် လွှမ်းမိုးခဲ့သည်။ နာဂစ်မုန်တိုင်းလောက် ထိခိုက်မှု မပြင်းသည့် မိုခါ မုန်တိုင်း တိုက်ခတ်သွားပြီးနောက် ယခုတစ်ကြိမ်တွင်လည်း လက်ရှိ အာဏာသိမ်းစစ်အုပ်စုသည် လူသားချင်းစာနာမှု အကျပ်အတည်းကို ၎င်းတို့အကျိုးအမြတ်အတွက် အသုံးချရင်း အတိုင်းအတာတစ်ခုဖြင့် ဤအပြုအမူအတိုင်း ထပ်ကာပြုလုပ်လျက် ရှိသည်။
👍21🔥2
​​ထားဝယ်မြို့တွင် ဖမ်းဆီးခံလူငယ် ၁ ဦး စစ်ကြောရေး၌ သေဆုံး

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ထားဝယ်မြို့တွင် ဖမ်းဆီးခံရသည့် လူငယ်တစ်ဦး စစ်ကြောရေး၌ သေဆုံးသွားကြောင်း မေလ ၂၀ ရက်နေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက မိသားစုဝင်များထံ လာရောက် အသိပေးခဲ့သည်ဟု ယင်းရပ်ကွက်အတွင်း နေထိုင်သူများထံကသိရသည်။
ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့က အလုပ်မှပြန်လာသည့် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပြီး စစ်ကြောရေးတွင် ရိုက်နှက်စစ်ဆေးသဖြင့်
သေဆုံးသွားခြင်းဖြစ်ကြောင်း ဆိုသည်။
သေဆုံးသွားသူမှာ ထားဝယ်မြို့နယ် ဒေါင်းငူရပ်ကွက်တွင်နေထိုင်သည့်
အသက်(၃၀)ကျော်အရွယ် ကိုကျော်သူရ ဆိုသူ ဖြစ်သည်ဟု သိရသည်။
“လက်ရှိအချိန်အထိတော့ အလောင်းပြန်ရဖို့အတွက်
ထားဝယ်နာရေးအဖွဲ့တွေကို မိသားစုဝင်တွေက အကူညီတောင်းထားတယ်”ဟု တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့-ပြန်ကြားရေးတာဝန်ခံကပြောသည်။
စစ်ကြောရေးတွင် သေဆုံးသွားကြောင်း အကြောင်းကြားလာသည့်အတွက်
သေဆုံးသူကို​ကျော်သူရအား အစ္စလာမ်ဘာသာဝင်ဓ​လေ့ထုံးစံများအရ သင်္ဂြိုဟ်ရန် မိသားစုဝင်များကလိုလားနေကြောင်းလည်း သိရ သည်။
မေလ ၁၆ ရက်နေ့ကလည်း ဒေါင်းငူရပ်ကွက်တွင် အမျိုးသမီးသုံးဦးနှင့်
အမျိုးသားငါးဦး စုစုပေါင်းရှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ပြီး လူငယ်တစ်ဦးကိုညတွင်းချင်း ပြန်လည်လွှတ်ပေးခဲ့သော် လည်း ကျန်ခုနစ်ဦးကို စစ်ကြောရေးမှတဆင့် ထားဝယ်မြို့နယ်ရဲစခန်းသို့ မေလ ၁၉ရက်နေ့က ပို့ဆောင် ထားကြောင်း မိသားစုဝင်များထံက သိရသည်။
စာတည်း။
။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း
#ထားဝယ်မြို့
#စစ်ကောင်စီတပ်
#ဖမ်းဆီးမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬14👍7😢3❤1👏1