Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
“ကံသစ်ထဲကို ရောက်တဲ့အချိန်မှာ သူတို့ တိုက်မိုင်းတွေမိတယ်။
အထိနာသွားတော့ ပြည်သူတွေရဲ့အိမ်တွေကို မီးပိုရှို့သွားတာ။ နောက်ပြီးတော့ တာယာကွင်းတွေနဲ့ အမိန့်ပြန်တမ်းနဲ့စနစ်တကျမီးရှို့ထားခဲ့တဲ့ အရိုးစုလေးခုတွေ့တယ်” ဟု ၎င်းကပြောသည်။
အဆိုပါစစ်ကောင်စီတပ်သည် ရွှေဘိုမြို့နယ် ကံသာကုန်း၊ လိပ်ရကုန်းစသည့်ကျေးရွာများကိုမီးရှို့ခဲ့ပြီး မေလ ၁၉ ရက်နေ့ ညနေပိုင်းတွင်အောင်ချမ်းသာရွာ(မကျီးတုံကုန်း)၌ နေအိမ်သုံးလုံး၊ ကံသစ်ကျေးရွာ၌ နေအိမ် ၁၇၂လုံးအားမီးရှို့ခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲခန့်တွင်ရေဦးမြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရ သည်။
ရေဦးမြို့သို့ထွက်ခွာသွားချိန်တွင်လည်း ရေဦး-ခင်ဦးလမ်းတစ်လျှောက်လမ်းဘေးဝဲယာများကို လက်နက် ကြီး၊ လက်နက်ငယ်များဖြင့်ရမ်းသန်းပစ်ခတ်သွားကြောင်း ဒေသခံများကပြောသည်။
ကံသစ်ကျေးရွာသည် သုံးကြိမ်မြောက်မီးရှို့ရခြင်းဖြစ်ပြီး အိမ်ခြေ ၅၀၀ ကျော်ရှိသည့်အနက် အိမ်ခြေ
၃၀၀ ကျော် မီးလောင်ပျက်စီးသွားပြီဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ခင်ဦးမြို့နယ်
#ကံသစ်ကျေးရွာ
#စစ်ကောင်စီတပ်
#မီးရှို့
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥2❤1😁1
​​စစ်ကိုင်းတွင် ပျူ‌စောထီးဆိုသူ သုံးယောက်အား ဝင်ဖမ်းစဥ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်း

007
(မဇ္စျိမ)။ ။ စစ်ကိုင်းမြို့၊ ညောင်ဇင်ကျေးရွာတွင် ပျူစောထီးဆိုသူ လင်မယားနှင့် မောင်ဖြစ်သူတို့ကို ဒေသကာကွယ်ရေးပြောက်ကျားများက ၀င်ဖမ်းစဥ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု UNICorn ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
မေလ ၁၈ ရက် ည ၁၁ နာရီခန့် က ညောင်ဇင်ကျေးရွာရှိ ၎င်းတို့၏ နေအိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သုံးဦးလုံး ပွဲချင်းပြီးသေဆုံးကြောင်း သိရသည်။ သေဆုံးသွားသူများမှာ ဦးမြင့်ဇော်၊ ဒေါ်သက်သက်မာနှင့် ဒေါ်သက်သက်မာ၏ မောင်ဖြစ်သူ ကိုကျော်ဇော၀င်း(ခ)မဲလုံးဖြစ်သည်။
“ အရှင်ဖမ်းဆီးပြီး တရားဥပဒေအရ အရေးယူဖို့ သွားရောက်ဖမ်းဆီးစဥ် ခုခံထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးခဲ့တာပါ။ စစ်ကောင်စီ အလိုကျ ပြည်သူလူထုကို ဒုက္ခမျိုးစုံပေးနေသူတွေပါ”ဟု
UNICorn ပြောက်ကျားတပ်ဖွဲ့တာ၀န်ရှိသူက ပြောသည်။
၎င်းတို့သည် စစ်ကိုင်းတပ်မ (၃၃) ကိုငွေပေးပြီး ရွာသူ၊ ရွာသားများကို ဖမ်းခိုင်းခြင်း၊ CDM ၀န်ထမ်းများအား ဖိနှိပ်ခြင်း၊ PDF တပ်ဖွဲ့လှုပ်ရှားမှုကို သတင်းပေးခြင်းနှင့် အခြေအနေမဲ့ ကလေးသူငယ်များကို မိုင်းရှာခိုင်းခြင်း စသည့်ပြစ်မှုများကျူးလွန်သည်ဟု ပြည်သူများ၏ တိုင်တန်းချက်ကို လက်ခံရရှိထားကြောင်း ၎င်းကဆိုသည်။
ထိုပြင် ၎င်းတို့သုံးဦးထံမှ သိမ်းဆည်းရရှိသောဖုန်းတွင် အမှတ် (၁၆) ရဲသင်တန်းကျောင်းနှင့်ဆက်သွယ်ထားသော ဖုန်းနံပါတ် နှင့် စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိတစ်ယောက်၏ ဖုန်းနံပါတ် ကို တွေ့ရှိခဲ့ကြောင်း၊ ဖမ်းဆီးမှုကို UNIcorn ပြောက်ကျားတပ်ဖွဲ့နှင့် Phoenix SGG တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရသိရသည်။
UNICorn ပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်များသည် ထိုနေ့ မွန်းလွဲပိုင်းကလည်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ၊ညောင်ငုတ်တိုကျေးရွာရှိ ပျူစောထီး စခန်းကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ ပျူစောထီးအများအပြား ထိခိုက်သေဆုံးမှုရှိခဲ့သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ညောင်ဇင်ကျေးရွာ
#ပစ်ခတ်ရှင်းလင်း
#UNICorn ပြောက်ကျားတပ်ဖွဲ့
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15❤4🔥1🥱1
​​ကက်ရှ်မီးယားဒေသတွင် ဂျီ-၂၀ အစည်းအဝေးကျင်းပမည့်အပေါ် တရုတ်ကန့်ကွက်မှုအား အိန္ဒိယက ပြတ်ပြတ်သားသား တုံ့ပြန်

အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသရှိ ဆရီနာဂါမြို့တွင် ဂျီ-၂၀ အစည်းအဝေးကျင်းပမည့်အစီအစဉ်ကို တရုတ်က ကန့်ကွက်ထားပြီး တူရကီနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ကလည်း တက်ရောက်ရန် စာရင်းမသွင်းထားပေ။
တရုတ်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက “အငြင်းပွားဒေသတွေမှာ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် ဂျီ-၂၀ အစည်းအဝေးတွေ ကျင်းပတာကို တရုတ်အနေနဲ့ ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်။ အဲဒီအစည်းအဝေးတွေကို တက်ရောက်မှာ မဟုတ်ပါဘူး” ဟု မေလ ၁၉ ရက်က ပြောကြားခဲ့သည်။
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥4👍2
ကျိုက်ထိုမြို့နယ်အတွင်းမှ ကျေးရွာချင်းဆက်လမ်းများကိုစစ်ကောင်စီတပ်ဖွဲ့ ဖျက်ဆီး

YT
(မဇ္ဈိမ)။ ။ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာချင်းဆက်သွယ်ထားသည့် လမ်းပိုင်းနှစ်နေရာကို ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၂၀ ရက် ည ၇ နာရီဝန်းကျင်ခန့်က အာရှလမ်းမကြီးမှ ဝင်းကလောကျေးရွာသို့အဝင် လမ်းပိုင်းအား စစ်ကောင်စီတပ်သားများက ဘက်ဟိုးဖြင့် ဖျက်ဆီးသွားကြောင်းသိရသည်။
ထို့ပြင် မေလ ၁၉ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်ကလည်း ကျိုက်ထိုမြို့နယ်၊ ကင်မွန်းစခန်းကျေးရွာနှင့် ဆောင်နိုင်ကြီးကျေးရွာတို့အား ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား ဖျက်ဆီးသွားကြောင်း သိရသည်။
“ဆောင်နိုင်ကြီးလမ်းဘက်က ကဒတ်ချောင်းတံတားအကျော်လမ်းကို ဘက်ဟိုးနဲ့ဖျက်တာ။ ဝင်းကလော လမ်းက ဆိုင်ကယ်နဲ့ရောင်းတဲ့ တနိုင်တပိုင်ဈေးသည်တွေ အသုံးများတဲ့လမ်းပါ။ အခုလို ဖျက်ဆီးခံလိုက်ရ တဲ့အတွက် သူတို့တွေ ဒုက္ခရောက်ရတာ” ဟု ကျိုက်ထိုမြို့နယ်မှ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
🤬8👍3❤1😁1
ဖျက်ဆီးခံလိုက်ရသည့် ဝင်းကလောကျေးရွာ အဝင်လမ်းမှာ ဆောင်နိုင်ကြီး၊ ကနိုင်ဒွတ်၊ မိုးဘော၊ နတ်စင် ကျေးရွာစသည့် တပ်မဟာ(၁) တပ်ရင်း(၃)
နယ်မြေအတွင်းရှိ ဒေသခံပြည်သူများ အဓိက ဈေးရောင်း၊ ဈေး ဝယ်ပြုလုပ်နေသော လမ်းပိုင်းဖြစ်သည်။
“လမ်းတွေကို ဘက်ဟိုးနဲ့ထိုးခွဲပြီးတော့ ဖျက်ဆီးပစ်တာ။ ကျေးရွာချင်းဆက်လမ်းတွေဖြစ်တဲ့အတွက် ရွာတွေ၊ ပြည်သူတွေပဲ အခက်အခဲဖြစ်တယ်” ဟု သထုံခရိုင် PDFတာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကို ပြောသည်။
ဘက်ဟိုးဖြင့် ဖျက်ဆီးခံလိုက်ရသော ထိုလမ်းနှစ်ခုလုံးသည် တပ်မဟာ (၁)၊ တပ်ရင်း (၃) နယ်မြေအတွင်း ဝင်ရောက်နိုင်သော လမ်းပိုင်းများဖြစ်ကြောင်း သထုံခရိုင် PDF တာဝန်ခံထံက သိရသည်။
“သူတို့က ခုခံစစ်လုပ်တော့မယ့် သဘောရှိတယ်။ ဖြတ်လေးဖြတ်လည်း လုပ်လာနိုင်တာပေါ့။ ဒီဘက် တော်လှန်ရေးအတွက်ကတော့ အခက်အခဲဘာမှမရှိပါဘူး။ ကျွန်တော်တို့က အားလုံးပြင်ဆင်ပြီးသားဖြစ် ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် မေလ ၁၃ ရက် နှင့် ၁၄ ရက်ကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်သို့ ဝင်ရောက်နိုင် သော လမ်းလေးခုအား စစ်ကောင်စီတပ်ဖွဲ့ကဘက်ဟိုးဖြင့် ထိုးခွဲဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က မေလ ၁၆ ရက်တွင်သတင်းထုတ်ပြန်ထားသည်။
ဘက်ဟိုးဖြင့် ဖျက်ဆီးခံရသော လမ်းများမှာ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အား ဆက် ထားသော မြို့ချင်းဆက်လမ်း၊ ကျုံဒိုးမြို့နယ် တောင်ကြာအင်းတံတားထိပ် ကတ္တရာလမ်း၊ ကော့ကရိတ် မြို့နယ်သို့ ဝင်ရောက်နိုင်သော ကျိုက်ဒုံလမ်း၊ ကမိုင်ကုန်းလမ်းတို့ ဖြစ်သည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ကျိုက်ထိုမြို့နယ်
#KNU
#စစ်ကောင်စီတပ်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬6❤1😁1
ပုလောမြို့နယ် ကျောက္ကာကျေးရွာက ပျူစောထီးဆိုသူများအား PPDF တိုက်ခိုက်

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာ အမှတ်(၂)ရပ်ကွက်တွင် လုံခြုံရေးယူကင်းလှည့်နေသည့် ပျူစောထီးအဖွဲ့ကို မေလ ၁၉ ရက်နေ့ ည ၁၀ နာရီ အချိန်၌ သွားရောက် တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း (၁) လက်အောက်ခံ ဒေသအခြေပြု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)ထံမှ သိရသည်။
ယင်းတိုက်ခိုက်မှုအား မြိတ်ခရိုင် တပ်ရင်း(၁)မှ အထူးတပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကာ အပြန်အလှန်ပစ်ခတ်မှု နှစ်နာရီကျော်ဖြစ်ပွားပြီးနောက် ပျူစောထီးအဖွဲ့ထွက်ပြေးသဖြင့် PPDF အဖွဲ့ က ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကိုဝင်ရောက်စီးနင်းခဲ့ရာ AK 47 အမျိုးအစား သေနတ်နှစ်လက်နှင့်ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး ရုံးအဆောက်အအုံနှင့် ပျူစောထီး ခေါင်းဆောင်၏ နေအိမ်တို့ကို ဗုံးခွဲကာ မီးရှို့ဖျက်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ပျူ(ပျူစောထီး)တွေကို ဝင်ရောက်စီးနင်းပစ်ခတ်တဲ့အချိန်မှာ ပြည်သူတွေ ထိခိုက်မှုမရှိခဲ့ ဘူး။ အဲဒီအကောင်တွေကိုပဲ ပစ်ခတ်တိုက်ခဲ့တယ်”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက ပြော သည်။
👍13🔥1🥴1
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် PPDF အဖွဲ့မှာ ည ၁၂ နာရီအချိန်တွင် ပြန်လည်ဆုတ်ခွာစဉ် ပျူစောထီးများ ဘက်သို့ စစ်ကောင်စီတပ်ဖွဲ့များစစ်ကူ= ရောက်ရှိလာပြီး ကျေးရွာအတွင်း သေနတ်များပစ်ဖောက်ကာ ရွာသားခုနစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
“တိုက်ပွဲဖြစ်တဲ့ညက ရွာထဲမှာ သေနတ်ပစ်သံတွေ ကြားရတယ်၊ ရွာသားတွေကြောက်ပြီး ထွက်မကြည့် ရဲကြဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ဖမ်းဆီးသွားသော ဒေသခံခုနစ်ဦးအား ရိုက်နှက်စစ်ဆေးခဲ့ပြီး မေလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အယောက် ၃၀ ကျော်ကို ထပ်မံဖမ်းဆီး၍ ရိုက်နှက်စစ်ဆေးခြင်းများပြုလုပ်ကာ အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး တစ်ဦးကို ပုလောမြို့ အခြေစိုက် ခလရ (၂၈၅) တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင် သွားပြီး ကျန်ဒေသခံများအား ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံ သတင်းအရင်းအမြစ်များထံမှ သိရသည်။
“ကျောက္ကာရွာက ပင်လယ်ရွာဆိုတော့ လှေနဲ့သွားလာရတာမို့ ရွာမှာစစ်တပ်က ဖမ်းဆီးစစ်ဆေးပြီးမှ အယောက် ၃၀ ကို ရွာမှာပဲ ပြန်လွှတ်ပေးလိုက်ပြီး NLDပါတီနဲ့ နီးစပ်သူ၊ PDFအဖွဲ့တွေနဲ့ နီးစပ်တယ်ထင် တဲ့ သူတွေကို ဖမ်းသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ပုလောမြို့နယ် ကျောက္ကာရွာတွင် ရပ်ကွက်လေးခုရှိပြီး စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် ၁၁ ဦးရှိကြောင်းလည်း သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီတိုင်း
#ပုလောမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7❤1🔥1🥱1
မုန်တိုင်းသင့်ပြည်သူများအတွက် အာဆီယံက အကူအညီများပို့ဆောင်

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။ မိုခါဆိုင်ကလုန်းမုန်တိုင်း ဒဏ်သင့်သည့် မြန်မာပြည်သူများအတွက် အာဆီယံကထောက်ပံ့မည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို မေလ ၂၁ ရက်တွင် ကုန်စည်ပို့ဆောင်ရေးလေယာဉ်ဖြင့် ပထမအကြိမ်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံအခြေစိုက်သတင်းဌာတစ်ခုဖြစ်သည့် The Star သတင်းဌာနကဖော်ပြသည်။
ရခိုင်ပြည်နယ်ကျောက်ဖြူနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာကြား ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်တွင်သေဆုံးသူ ရာနှင့်ချီရှိခဲ့သည်။
ထိုမုန်တိုင်းသင့် ပြည်သူများအတွက် စားနပ်ရိက္ခာနှင့်အကူအညီအထောက်အပံ့များ လိုအပ်နေကြောင်း စာရေးဆရာ ကိုဝေဟင်အောင်က မဇ္ဈိမသို့ပြောသည်။
“မြို့တွေထဲမှာ တစ်စုံတရစ်ာ ကုန်ပစ္စည်းတွေ ရှိတယ်လို့ပြောလို့ရတယ်။ အဓိကက နယ်တွေဘက်မှာဆိုရင် စားနပ်ရိက္ခာပါသွားတာ ကြားရတယ်။အထူးသဖြင့် သောက်ရေနဲ့သုံးရေ လုံးဝမရှိတော့ဘူးစစ်တွေမြို့အနီးနားတဝိုက်ကရွာတွေမှာလေ” ဟုပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ၎င်းကပြောသည်။
🔥3❤1
မြန်မာနိုင်ငံကို အကူအညီများပေးအပ်နိုင်ရန်အတွက် အာဆီယံလူသားချင်းစာနာမှု အကူအညီပေးရေးစင်တာ (AHA Centre) အမှုဆောင် ညွှန်ကြားရေးမှူး နှင့် အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံများမှ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံကို ရောက်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။
မေလ ၂၂ရက် နှင့် ၂၃ ရက်တို့တွင်လည်း မလေးရှား၊ အင်ဒိုးနီးရှားနှင့် ထိုင်းနိုင်ငံတို့က စစ်သုံးလေယာဉ်များဖြင့် နောက်ထပ် အထောက်အပံ့များ ပေးပို့ရန် စီစဉ်ထားသည်ဟု The Starသတင်းတွင်ဖော်ပြသည်။
မြန်မာနိုင်ငံမှ မုန်တိုင်းဒဏ်သင့် ပြည်သူများအား အကူအညီပေးထောက်ပံ့မည့် ပစ္စည်းများကို မလေးရှားနိုင်ငံနှင့်ထိုင်းနိုင်ငံက အာဆီယံအဖွဲ့၏ ပစ္စည်းသိုလှောင်ရုံများတွင် အဆင်သင့်ထားရှိကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
မြန်မာနိုင်ငံသို့ စစ်သုံးလေယာဉ်များကို အသုံးပြုပြီး အထောက်အပံ့များ ပေးပို့ခြင်းကို အာဆီယံ လူသားချင်းစာနာမှုနှင့် သဘာ၀ဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ အာဆီယံ စစ်ဘက်အဆင်သင့်အဖွဲ့(the Asean Military Ready Group on Humanitarian Assistance and Disaster Relief)၏ ညှိနှိုင်းမှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#ရခိုင်ပြည်နယ်
#မိုခါမုန်တိုင်း
#အာဆီယံ
#လူသားချင်းစာနာထောက်ထားမှုအကူအညီ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🔥1