Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
“လူသားချင်းစာနာမှု အကူအညီပေးတယ်ဆိုတာက ခွဲခြားမှုမရှိရဘူး။ တကယ်လိုအပ်နေတဲ့နေရာတွေဆီ တကယ်ရောက်အောင် ပေးနိုင်ရမယ်။ အာဆီယံဆိုတာကလည်း ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ အတွက် ကြောင့် ဒီဒေသတွင်းမှာဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကို အတွင်းရေးပဲဖြစ်ဖြစ် အပြင်ရေးပဲဖြစ်ဖြစ် ဘယ်လိုကြောင့်ဖြစ်ဖြစ် ပြည်သူဒုက္ခရောက်ပြီဆို ဒုက္ခရောက်နေတဲ့နေရာကို လူသားချင်းစာနာမှု အကူ အညီကို ရောက်အောင်ပေးဖို့ လူသားချင်းစာနာမှု လူ့အခွင့်အရေးတွေနဲ့အညီ ကိုက်ညီအောင်လုပ်ဖို့ တိုက် တွန်းတာဖြစ်တယ်။ ဒါ အင်မတန်အရေးကြီးတယ်” ဟု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောသည်။
မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် အာဆီယံမှထောက်ပံ့မည့် လူသားချင်းစာနာထောက်ထား မှုအကူအညီများကို ယနေ့ မေလ ၂၁ ရက်တွင် ကုန်စည်ပို့ဆောင်ရေးလေယာဉ်ဖြင့် ပထမအကြိမ်ပို့ဆောင် လိုက်ခြင်းဖြစ်သည်။
နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများသည် စစ်ကောင်စီလက်အောင်တွင်သာ မူအရ ကူညီ ကယ်ဆယ်ခြင်းလုပ်ငန်းများဆောင်ရွက်နေရသဖြင့် တော်လှန်ရေးအားကောင်းသည့်ဒေသများသို့ နိုင်ငံ တကာအကူအညီများ ရောက်ရှိရန်မှာ ရာခိုင်နှုန်းအနည်းငယ်သာရှိကြောင်း ဆိုသည်။
“စစ်ကောင်စီရဲ့ လွှမ်းမိုးမှုရှိတဲ့အတွက်ကြောင့် တကယ်ဒုက္ခရောက်တဲ့နေရာကို သေချာပေါက် အပြည့် အဝ ရောက်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်ဘူး။
အနည်းအကျဉ်းလောက်ကို ဟန်ပြလုပ်မယ်။ သေချာတယ်။ သူတို့အုပ်ချုပ်မှုနယ်မြေ၊ သူတို့ဘက်တော်သားတွေဆီကိုပဲ ရောက်သွားမယ်။ ပြည်သူတွေနဲ့ တကယ် ဒုက္ခ ရောက်နေတဲ့ တော်လှန်ရေးအင်အားစုတွေဘက်တော့ ဘယ်လိုနည်းနဲ့မှ မရောက်နိုင်ဘူး” ဟု ဒေါက်တာ ဝင်းမြတ်အေးက
ပြောသည်။
သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးရေး အာဆီယံညှိနှိုင်းဆောင်ရွက်မှု စင်တာ AHA မှ အကူအညီပစ္စည်းများကို ပြင်ဆင်ထားပြီး ဖြစ်ပြီး ထိုင်းနိုင်ငံ Chainat နှင့် မလေးရှားနိုင်ငံ Subang ရှိ အာဆီယံ၏ သဘာဝဘေးအန္တရာယ် အရေးပေါ်ထောက်ပံ့ပို့ဆောင်မှု
ကုန်လှောင်ရုံများတွင် ထားရှိကာ ယနေ့ မေလ ၂၁ ရက်တွင် မြန်မာနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မိုခါမုန်တိုင်း တိုက်ခတ်မှုအပြီး နိုင်ငံတကာမှ ပထမဆုံးရောက်ရှိလာသည့် ကယ်ဆယ်ရေး ဆိုင်ရာပစ္စည်း စုစုပေါင်းတန်ချိန် ၄၀ တန်ခန့်သည်လည်း အိန္ဒိယရေတပ်သင်္ဘောများဖြစ်သည့် INS Shivalik ၊ INS Kamorta နှင့် INS Savitri တို့ဖြင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Shri
Vinay Kumar မှတဆင့် စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းထံသို့ မေလ ၁၈ ရက်နေ့တွင် အခမ်းအနား ဖြင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းမိုခါ အဓိကဖြတ်ကျော်ဝင်ရောက်ရာဒေသဖြစ်သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နေအိမ်များ၊ သာသနိကအဆောက်အဦများ၊ အစိုးရဌာနဆိုင်ရာရုံးများ၊ ကျောင်းများအပါ အဝင် လယ်မြေ၊ ရေတွင်းရေကန်၊ လမ်းတံတားများသည် ၉၀ ရာခိုင်နှုန်းနှင့် အထက် ပျက်စီးသွားကြောင်း ဒေသခံများကပြောသည်။
👍10🥴2❤1
🔥2😢1
အလားတူ မိုခါမုန်တိုင်း ဖြတ်ကျော်ဝင်ရောက်ရာ လမ်းကြောင်းတစ်လျှောက်တွင်ရှိနေသော ချင်းပြည် နယ်တွင်လည်း လူနေအိမ်များ၊ ကျေးရွာများ၊ စားပါးကျီများ ပျက်စီးဆုံးရှုံးခဲ့ရသည်။
ချင်းပြည်နယ်သည် ဖုန်းလိုင်း၊ အင်တာနက်လိုင်းဖြတ်တောက်ခံထားရသည့်ဒေသ ဖြစ်သောကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများမှာ ပြင်ပမှသိရှိရန်ခက်ခဲနေခြင်းဖြစ်သည်။
လူနေအိမ်များနှင့်အတူ စပါးကျီများ၊ အိမ်မွေးတိရစ္ဆာန်များပါဆုံးရှုံးထားရသော ချင်းပြည်နယ် ကန်ပက် လက်မြို့နယ်တွင် မုန်တိုင်းမဝင်ရောက်မီက အရေးပေါ်သုံးစွဲရန် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီကကူညီသော ကျပ်ငွေ ၁၀ သိန်းမှအပ လက်ရှိအချိန်အထိ မည်သည့်အကူအညီမှမရရှိသေး ကြောင်း ကန်ပက်လက်မြို့နယ် မိုခါမုန်တိုင်း အရေးပေါ်တုန့်ပြန်ရေးကော်မတီအတွင်းရေးမှုးက မဇ္ဈိမကို ပြောသည်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင်လည်း မိုခါမုန်တိုင်းကြောင့် ကျေးရွာပေါင်း ၄၉ ရွာမှ လယ်မြေဧက ၁၀,၀၀၀ ကျော် ဆုံးရှုံးပျက်စီးခဲ့ရသည်။
အလားတူ စစ်ကိုင်းတိုင်းအတွင်းရှိ အခြားဒေသများနှင့် မကွေးတိုင်းအတွင်း၌လည်း လယ်မြေဧကများစွာ ၊ သီးနှံစိုက်ခင်းများစွာ ဆုံးရှုံးခဲ့ရကာ ရေကြီးနစ်မြုပ်မှုဒဏ်ကို ပြည်သူများ ခံနေကြရသည်။
မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုဒဏ်ကို ခံခဲ့ရသည့် မကွေးတိုင်း၊ စလင်းမြို့နယ်တွင်မူ လက်ရှိချိန်ထိ ဒေသတွင်း အဖွဲ့အစည်းများကသာ ကူညီကယ်ဆယ်မှုများ ဆောင်ရွက်နေရပြီး နိုင်ငံတကာ အဖွဲ့အစည်း များအပါအဝင် အစိုးရနှင့် အခြားအရပ်ဖက်အဖွဲ့အစည်းများ အားလုံးထံမှ အကူအညီများရရှိရန် မျှော်လင့် လျက်ရှိကြောင်း ဆိုသည်။
“နိုင်ငံတကာဆီက ဒုက္ခရောက်နေတဲ့သူအကုန်လုံး အကူအညီများများရလေ ကောင်းလေပေါ့ဗျာ။ မျှော် လင့်တာပေါ့။ လက်ရှိတော့ ပြည်တွင်းက
ပရဟိတအဖွဲ့တွေနဲ့ လူမှုကူညီရေးတွေပဲ လာရောက် ထောက်ပံ့ ပေးနေပါတယ်” ဟု ဆင်ဖြူကျွန်းတွင် ကူညီကယ်ဆယ်မှုများ ဆောင်ရွက်နေသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
ထို့ပြင် မုန်တိုင်းဝင်ရောက်နေစဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းထိုး တိုက်ခိုက်မှုများကြောင့် ကနီမြို့နယ်နှင့် ခင်ဦးမြို့နယ်တို့မှ ဒေသခံများမှာ မုန်တိုင်းဘေးထက် စစ်ဘေးကို ပို၍ ထိတ်လန့်ခဲ့ ကြရသည်။
ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ရှိပြည်သူများသည် မိုခါမုန်တိုင်းမဝင်ရောက်မီကပင် စစ်ဘေးကြောင့် နေအိမ်များဆုံးရှုံးထားရကာ
စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြရသော လူဦးရေ မှာ အများအပြားရှိနေသော ဒေသများဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်စာရင်းအင်းများအရ မိုခါမုန်တိုင်းကြောင့် သေဆုံးသူဦးရေ မှာ ရခိုင်ပြည်နယ်တွင် ၄၀၀ ဦးကျော်(အတည်ပြုဆဲ)၊ မကွေးတိုင်းတွင် ၁၅ ဦး၊ စစ်ကိုင်တိုင်းတွင် လေးဦး၊ ရှမ်းပြည်နယ်တွင် နှစ်ဦးနှင့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတို့တွင် တစ်ဦးစီဖြစ်ကြောင်း သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#NUG
#မိုခါမုန်တိုင်း
#အာဆီယံ
#လူသားချင်းစာနာထောက်ထားမှုအကူအညီ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😢3😁2
ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ် ဖော်

မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မေ လ ၂၁ ရက်နေ့ ညနေပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
"အမေစုကို တန်းမညှိစမ်းနဲ့ အမေစုရဲ့နောက်မှာ ပြည်သူရှိတယ် အာဏာရူးတို့ရဲ့နောက်မှာကကြိုးစင်"စာသားပါ ဘန်နာ(ဗီနိုင်း) အားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။
စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှု သည် အဆိုပါသပိတ်ကော်မတီ၏ (၈၈)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

#ဆန္ဒပြ
#Mizzima
👍9❤3😁2
Media is too big
VIEW IN TELEGRAM
မျိုးဆက်ပွားကျန်းမာရေး | ကျန်းမာသုတ လူမှုဘဝ Episode - 16

See more - https://youtu.be/SIEvCawayBU

#Mizzima #ကျန်းမာသုတလူမှုဘဝ #မျိုးဆက်ပွား
#reels #shorts
👍4😁1🤮1
Media is too big
VIEW IN TELEGRAM
“မိုခါဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး” | Editors’ Talk Episode-13

See more - https://youtu.be/BO7tw6XXOO8

#Mizzima #မိုခါဒဏ်သင့်ဒေသများ #စကားဝိုင်း #reels #shorts
👍12🔥1🤮1
မေလ (၂၂) ရက်၊ တနင်္လာနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

မိုခါမုန်တိုင်းဘေးသင့် မြန်မာနိုင်ငံဆီ အာဆီယံက လူသားချင်းစာနာမှု အကူအညီတွေကို မေလ ၂၁ ရက်နေ့မှာ ပထမဆုံးပေးပို့တဲ့သတင်းနဲ့အတူ

ဆားလင်းကြီးမြို့နယ် ယမားချောင်းဘေး ကျေးရွာများ ရေဘေးကြုံနေရတဲ့ အကြောင်း သတင်းပေးပို့ချက်အပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

https://youtu.be/hujJG7471A4
👍12😁2🤮1
​​မြန်မာ့အရေး သက်ဆိုင်သူအားလုံးနှင့် ဆက်သွယ်ဆွေးနွေးသည့် အင်ဒိုနီးရှား၏ ကြိုးပမ်းမှုကို ထောက်ခံဟု ဗီယက်နမ် ပြော

မြန်မာ့အရေးအတွက် ငြိမ်းချမ်းပြီး ရေရှည်ခိုင်မာသော ဖြေရှင်းနည်းလမ်း ရှာဖွေရာတွင် သက်ဆိုင်ပတ်သက်သူအားလုံးနှင့် ဆက်သွယ်ဆွေးနွေးသည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား၏ အခန်းကဏ္ဍကို ဗီယက်နမ်အနေဖြင့် ထောက်ခံအားပေးကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ် ဒုတိယအမြဲတမ်းကိုယ်စားလှယ် လီသီမင်ဒေါင်က ပြောသည်။
👍10😁2
မေလ ၂၂ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1