မေလ ၂၂ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍11🔥1
မြန်မာအရေးနဲ့ပတ်သတ်ပြီး G7 ခေါင်းဆောင်တွေရဲ့ထုတ်ပြန်ချက်စစ်ကောင်စီအပေါ် ထိရောက်တဲ့အရေးယူမှုဖြစ်စေလို
https://youtu.be/y3VC_-I-GeM
https://youtu.be/y3VC_-I-GeM
YouTube
မြန်မာအရေးနဲ့ပတ်သတ်ပြီး G7 ခေါင်းဆောင်တွေရဲ့ထုတ်ပြန်ချက်စစ်ကောင်စီအပေါ် ထိရောက်တဲ့အရေးယူမှုဖြစ်စေလို
စက်မှုထိပ်သီး နိုင်ငံ ၇ နိုင်ငံရဲ့ မေလ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၃ ရက်ကြာ ညီလာခံကျင်းပပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မြန်မာအာဏာသိမ်းစစ်ကောင်စီအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ G7 စက်မှုထိပ်သီးနိုင်ငံ ခေါင်းဆောင်တွေက တိုက်တွန်းထားပါတယ်။
မြန်မာစစ်တပ်ကို…
မြန်မာစစ်တပ်ကို…
👍10😁3
မေလ (၂၂)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
00:57 - စစ်ကောင်စီကဖမ်းဆီးထားတဲ့တေးသံရှင်စောဖိုးခွား ပြန်လည်လွတ်မြောက် လာတဲ့သတင်း
02:02 - လုံလောက်တဲ့ဆေးကုသမှုမရတာကြောင့် NLD အမတ် ၁၆ ဦး သေဆုံးတဲ့ သတင်း
06:50 - အသက်ဝင်လာတဲ့ကံပိုင်တည် နယ်စပ် ကုန်သွယ်ရေးဇုန်အကြောင်းနဲ့
12:00 - ရုရှားကိုဖိအားပေးဖို့အတွက် တရုတ်ရဲ့စီးပွားရေးအကျပ်ကိုင်မှုအန္တရာယ်ကိုG7 ချိန်ဆနေတဲ့ တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/NZvxTtu6RUM

12:00 - ရုရှားကိုဖိအားပေးဖို့အတွက်…

👍12😁2
ယင်းမာပင်တွင် လက်နက်နှင့်အတူ အလင်းဝင်လာသည့်ပျူစောထီးကို ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်
လွှမ်းမိုး
(မဇ္ဈိမ) ။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမ (ပျူ)စခန်းမှ လက်နက်နှင့်အတူအလင်းဝင်လာသည့် ပျူစောထီးတစ်ဦးကို ငွေကျပ် သိန်း ၁၀၀ ဆု ချီးမြှင့်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
၎င်းသည် မေလ ၂၀ ရက်နေ့ ညနေ ၃ နာရီခန့်တွင် KA-25 အမျိုးအစားသေနတ် တစ်လက်၊ ကျည်ဘောက် သုံးခု၊ ကျည်အတောင့် ၉၀၊ ဆက်သွယ်ရေး အိုင်ကွန်စက်တစ်လုံးနှင့်အတူ ဗိုလ်ထွန်းတောက်၊ ဗျတ္တညီ နောင်၊ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး၊Comrade Column တပ်ဖွဲ့တို့ထံအလင်းဝင်လာခဲ့ခြင်းဟု ဆိုသည်။
“ပြည်သူ့ကာကွယ်ရေး အဖွဲ့ဆီကို ချိတ်ဆက်ထားတာတော့အတော်ကြာပါပြီ။ သေနတ်ပါယူခဲ့ချင်တာ ရော၊ မလစ်သေးတာရောကြောင့် အချိန်ကြာနေတာ ဖြစ်တယ်” ဟု အလင်းဝင်လာသည့် ပျူစောထီးက ပြောသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ၎င်းကို ငွေကျပ်သိန်း ၁၀၀ တိတိ ဆုချီးမြှင့်ခဲ့သည့်အပြင် ပျူစောထီး ဆိုသူ၏ မိသားစုနှစ်စုကိုပါ ဘန့်ဘွေးပျူရွာ အနီးမှ ကယ်ထုတ်၍ ဘေးလွတ်ရာသို့ ပို့ဆောင်ပေးနိုင်ခဲ့ ကြောင်း ဗျတ္တညီနောင် တပ်ဖွဲ့ထံမှ သိရသည်။
ဒေသကာကွယ်ရေး တပ်ဖွဲ့များ အနေဖြင့် အမြင်မှန်ရ၍ ပြည်သူ့ရင်ခွင်ထံ အလင်းဝင်ရောက်လိုသည့် စစ်သားနှင့် ပျူစောထီးများကို အမြဲကြိုဆိုနေမည်ဖြစ်ကြောင်း ဗျတ္တညီနောင် တပ်ဖွဲ့ မှ တာဝန်ရှိသူက ဆိုသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ယင်းမာပင်
#ဘန့်ဘွေးရွာမ
#ပျူစောထီး
#ဆုချီးမြှင့်

👍18😁3❤1👎1
This media is not supported in your browser
VIEW IN TELEGRAM
ကမ္ဘာကျော်တဲ့ ဂျပန်ဓားများ | VOA On Mizzima
Watch more detail - https://youtu.be/7V-wRvwTPt4
#VOA #ကမ္ဘာကျော်တဲ့ ဂျပန်ဓားများ#VideoNews #shorts #reels

👍8🔥1
This media is not supported in your browser
VIEW IN TELEGRAM
သတင်းထဲက အင်္ဂလိပ်စာ | VOA On Mizzima
Watch more detail - https://youtu.be/2lWqPG5Oe6Q
#VOA #သတင်းထဲက အင်္ဂလိပ်စာ#VideoNews #shorts #reels

❤2🌭2👍1🤮1
Media is too big
VIEW IN TELEGRAM
မြန်မာအရေးနဲ့ပတ်သတ်ပြီး G7 ခေါင်းဆောင်တွေရဲ့ထုတ်ပြန်ချက်စစ်ကောင်စီအပေါ် ထိရောက်တဲ့အရေးယူမှုဖြစ်စေလို
Watch more detail - https://youtu.be/y3VC_-I-GeM
#Mizzima #Political #reels #shorts #MizzimaTV

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား
လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်မြောက်ခြမ်း နဘူးတောကျေးရွာအနီးတွင် ဘန့်ဘွေးရွာမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ မေလ ၁၁ ရက် နံနက် ၆ နာရီ အချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နဂါးညီနောင်တပ်ဖွဲ့ထံမှ သိရသည်။
“တိုက်ပွဲက အနီးကပ်တေ့ပစ်ရတာဖြစ်တဲ့အတွက် နှစ်ဖက်အထိအခိုက်များသွားတာဖြစ်ပါတယ်။ အပြန် အလှန် ပစ်ခတ်မှု တစ်နာရီခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားခုနစ်ဦးသေဆုံးသလို ဒေကာကွယ်ရေး ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်” ဟု နဂါးညီနောင်တပ်ဖွဲ့ခေါင်းဆောင်ကိုနိုင်မင်းက ပြောသည်။
အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“တိုက်ပွဲက အရမ်းနီးနီး ကပ်ကပ်ကြီး ဖြစ်ပွားခဲ့တဲ့ အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း
လူမှားပြီး ၁၅ မိနစ် လောက် ဆက်တိုက်ပစ်ကြတာ” ဟုနဂါးညီနောင်တပ်ဖွဲ့ ခေါင်းဆောင် ကိုနိုင်မင်းကအခြေအနေကို ရှင်းပြသည်။
ဘန့်ဘွေးရွာမှ ထွက်ခွါလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် အောင်ဇေယျကုန်းမှစစ်ကူရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့တို့ အချင်းချင်းမှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့နောက် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာစဉ် စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းများဖြင့်
ကင်းထောက်၍ ၆၀ မမ ဖြင့် အကြိမ်ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ရဲဘော်များ
မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို KLG PDF ၊ ပြည်ထောင်စုလွတ်မြောက်ရေး တပ်ဦး၊ နဂါးညီနောင်၊ ဆရာစံတပ်ဖွဲ့၊
TripleTwo ၊ ဗိုလ်မုတ်ဆိတ် ၊ Alpha Special Force ၊ ချိုမိုင်မိုင် ၊ စစ်ကိုင်းတပ်ရင်း(၃)ကနီဒေသတပ်ခွဲ နှင့် ဒေသခံ မဟာမိတ်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးရုပ်အလောင်း များကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်သို့ ကားများဖြင့်ခေါ်ဆောင်သွားကြောင်း သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား

👍15😁2
စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသည့် သံတောင်ဒေသခံ ၇ ဦး ပြန်လည်လွတ်မြောက်လာ
YT
မဇ္ဈိမ။ ။ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်၊ကရင်ပြည်နယ်၊သံတောင်မြို့ (၁၃)မိုင်၊ ရပ်ကွက်(၁)မှ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသည့်ဒေသခံခုနစ်ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံက သိရသည်။
“ဖမ်းထားတဲ့လူတွေ အားလုံးလွတ်လာကြပြီ။အားလုံးခုနစ်ယောက်"ဟု သံတောင် ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
ဖမ်းဆီးခံခဲ့ရသည့် ဒေသခံခုနစ်ဦးသည် သံတောင်မြို့ (၁၃)မိုင်၊ရပ်ကွက်(၁)တွင်နေထိုင်သည့် အမျိုးသား များဖြစ်ပြီး မေလ ၁၉ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်က စစ်ကောင်စီတပ်သားများ၏
လက်ပြန်ကြိုးတုပ် ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
အဆိုပါ ဒေသခံခုနစ်ဦးအား သံတောင်(၁၃)မိုင်စစ်ကောင်စီတပ်စခန်းအနောက်ဘက်ရှိ စခန်းအတွင်း ခေါ်ဆောင်သွား၍ PDFများနှင့် သက်ဆိုင်ခြင်းရှိမရှိ၊ ကိုယ်ရေးရာဇဝင်နှင့်နောက်ကြောင်းရာဇဝင်များ၊ ၎င်းတို့၏ အလုပ်အကိုင်များအကြောင်းအား မေးမြန်းကာမှတ်တမ်းယူထားကြသည်ဟုလည်း ဆိုသည်။
ဒေသခံ ခုနစ်ဦးအနက် အချို့သည် မေလ ၁၉ ရက် ညပိုင်းတွင်ပြန်လည်လွတ်မြောက်ခဲ့ပြီး အချို့မှာ မေလ ၂၀ ရက် နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်ခဲ့ဖြစ်ကြောင်း သိရသည်။
“သူတို့ကို မင်းတို့ PDF တွေလားဆိုပြီး မေးတာတွေရှိတယ်။ မသက်ဆိုင်တော့မှ အာမခံနဲ့ပြန်လွှတ်ပေး လိုက်တာ” ဟုဖမ်းဆီးခံရသူများနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
ထို့ပြင် မေလ ၂၀ ရက်က သံတောင်မြို့ ရပ်ကွက် (၁) အပြင်ရပ်ကွက် (၃)နှင့် ဒေမူးလောရပ်ကွက် အတွင်း သို့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ပြီး လူမရှိသည့် နေအိမ်များအား တံခါးသော့များကိုဖျက်ဆီး၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။
ထိုဒေသခံခုနစ်ဦး ဖမ်းဆီးစစ်ဆေးခြင်း မခံရမီ မေလ ၁၈ ရက်ညနေပိုင်းက တောင်ငူအကျဉ်းထောင်မှ အကျဉ်းသားကိုးဦးထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးထိုအကျဉ်းသားများအား စစ်ကောင်စီတပ်ဖွဲ့က အပြင်း အထန် ရှာဖွေလျက်ရှိကြောင်း သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်ပြည်နယ်
#သံတောင်မြို့
#KNU
#စစ်ကောင်စီတပ်
#ဖမ်းဆီးမှု

👍8❤2😁2
ဆားတောင်မြို့မရဲစခန်းတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံး ဟုဆို
လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ဆားတောင်မြို့မရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မေလ ၂၁ ရက်နေ့ ညနေ ၆ နာရီအချိန်ကဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
“ဘန်ကာတွေကို RPG တွေနဲ့ထုပြီး ဖျက်ဆီးနိုင်ခဲ့တယ်။ ဘန်ကာတွေထဲမှာကို အလောင်းတွေ တွေ့ခဲ့ရ တယ်။နှစ်ဖက်ထိတွေ့မှု နှစ်နာရီခန့် ဖြစ်ပွားခဲ့ပြီးတော့ စစ်သားနဲ့ရဲစုစုပေါင်း ၁၂ ဦး သေဆုံးခဲ့တယ်” ဟု Zero ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။
ယင်းသေဆုံးမှုများ နှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

👍15😁4
တိုက်ပွဲဖြစ်ပွားနေစဉ် စခန်းအနီးသို့ စစ်ကောင်စီတပ်မှတိုက်လေယာဉ်များ ၁၀ ကြိမ်ခန့် ပျံဝဲလာခြင်း ကြောင့် ဒေသကာကွယ်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၇) တပ်ရင်း (Zeroပြောက်ကျားတပ်ဖွဲ့) ၊ ကျောက်ဆည်ခရိုင် အမှတ်(၁)တပ်ရင်း(နဂါးနီတပ်ဖွဲ့) ၊ မြင်းခြံ ခရိုင်အမှတ်(၄) တပ်ရင်း နှင့်ဆားတောင်မိုးကြိုး မဟာမိတ် တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ဆားတောင်မြို့မရဲစခန်းမှ သေဆုံးသူများကိုမီးသင်္ဂြိုဟ်ပြီး ထိခိုက်ဒဏ်ရာ ရရှိ သူများကို ဆေးရုံသို့ပို့ဆောင်နေကြောင်းသိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ဆားတောင်မြို့
#ရဲစခန်း
#တိုက်ခိုက်မှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၇) တပ်ရင်း (Zeroပြောက်ကျားတပ်ဖွဲ့) ၊ ကျောက်ဆည်ခရိုင် အမှတ်(၁)တပ်ရင်း(နဂါးနီတပ်ဖွဲ့) ၊ မြင်းခြံ ခရိုင်အမှတ်(၄) တပ်ရင်း နှင့်ဆားတောင်မိုးကြိုး မဟာမိတ် တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ဆားတောင်မြို့မရဲစခန်းမှ သေဆုံးသူများကိုမီးသင်္ဂြိုဟ်ပြီး ထိခိုက်ဒဏ်ရာ ရရှိ သူများကို ဆေးရုံသို့ပို့ဆောင်နေကြောင်းသိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ဆားတောင်မြို့
#ရဲစခန်း
#တိုက်ခိုက်မှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁3
Myingyan Black Tiger-MBT တပ်ဖွဲ့ ၏ “RPG-7 campaign” ၃၀ ရာခိုင်နှုန်းသာ ရရှိသေး
မောင်ခက်နွေ
(မဇ္ဈိမ)။ ။မကွေးတိုင်းနှင့်စစ်ကိုင်းတိုင်းတို့တွင်လှုပ်ရှားနေသည့် Myingyan Black Tiger-MBT တပ်ဖွဲ့၏ “RPG-7 Campaign” မှာ သတ်မှတ်ပမာဏ၏ ၃၀ ရာခိုင်နှုန်းသာရရှိသေးကြောင်း ၎င်းအဖွဲ့၏ခေါင်း ဆောင်တစ်ဦးဖြစ်သူဗိုလ်မိုက်ခဲက မဇ္ဈိမသို့ပြောသည်။
အဆိုပါကမ်းပိန်းကို မေလ ၈ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၈ ရက်နေ့အထိ တစ်လတိတိ ပြုလုပ်
သွားမည်ဖြစ်ကာ ကျပ်သိန်း ၄၀၀ ရရှိရန် ခန့်မှန်းထားသည်။
MBT အဖွဲ့အနေဖြင့် မကြာခဏဆိုသကဲ့သို့စစ်ကောင်စီတပ်၏ စခန်းများကိုတိုက်ခိုက်ခဲ့ပြီး စခန်းသိမ်း တိုက်ပွဲငါးကြိမ်ခန့်ဆင်နွဲခဲ့ကြောင်း သိရသည်။
သို့သော် စခန်းသိမ်းခါနီးတွင် ကျည်မလုံလောက်မှုများကြောင့် ပြန်ဆုတ်ခဲ့ရ၍“RPG-7 Campaign” သည်ထိုသို့ စခန်းသိမ်းတိုက်ပွဲများဆင်နွဲနိုင်ရန် RPG တစ်လက်ရရှိလိုယူပြုလုပ်ခြင်းဖြစ်ကြောင်းဆိုသည်။

👍19😁2
“အဓိကကတော့ သူတို့ရဲ့ဘန်ကာတွေဖြိုဖျက်ဖို့မလွယ်ကူတာပေါ့နော်။ အဲဒါတွေသာ ဖြိုဖျက်နိုင်မယ် ဆို ရင် အချိန်ခဏအတွင်းမှာသူတို့ရဲ့စခန်းကို သိမ်းနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ အဲဒါကြောင့် “RPG-7 campaign” တစ်လကမ်ပိန်း၊သိန်း ၄၀၀ ကမ်ပိန်းကို ကျွန်တော်တို့ ခေါ်ယူခဲ့တာဖြစ်ပါတယ်”ဟုဗိုလ်မိုက်ခဲကဆိုသည်။
Myingyan Black Tiger-MBT တပ်ဖွဲ့သည်ထောက်ပံ့မှုအင်အားနည်းပါးမှု၊ ငွေကြေး တောင့်တောင့်တင်း တင်းမရှိခြင်းများကြောင့်အခြားမြေပြင်အဖွဲ့များကဲ့သို့ မဲဖောက်၍ ဆုပေးခြင်းများကို မလုပ်နိုင်ဟု သိရသည်။
သို့သော် ယခုကမ်ပိန်းသာအောင်မြင်ခဲ့ပါက စစ်ကောင်စီ၏ တပ်စခန်းများကိုတိုက်ခိုက် သိမ်းပိုက်ကာ ပြည်သူများထံသို့ လက်ဆောင်အနေဖြင့်ပေးမည်ဟုလည်းဗိုလ်မိုက်ခဲမှ ကတိပြုသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#MBT
#RPG-7
#မြင်းခြံ
#စခန်းသိမ်း
#လက်နက်

👍24🤪2❤1