ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား
လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်မြောက်ခြမ်း နဘူးတောကျေးရွာအနီးတွင် ဘန့်ဘွေးရွာမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ မေလ ၁၁ ရက် နံနက် ၆ နာရီ အချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နဂါးညီနောင်တပ်ဖွဲ့ထံမှ သိရသည်။
“တိုက်ပွဲက အနီးကပ်တေ့ပစ်ရတာဖြစ်တဲ့အတွက် နှစ်ဖက်အထိအခိုက်များသွားတာဖြစ်ပါတယ်။ အပြန် အလှန် ပစ်ခတ်မှု တစ်နာရီခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားခုနစ်ဦးသေဆုံးသလို ဒေကာကွယ်ရေး ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်” ဟု နဂါးညီနောင်တပ်ဖွဲ့ခေါင်းဆောင်ကိုနိုင်မင်းက ပြောသည်။
အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“တိုက်ပွဲက အရမ်းနီးနီး ကပ်ကပ်ကြီး ဖြစ်ပွားခဲ့တဲ့ အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း
လူမှားပြီး ၁၅ မိနစ် လောက် ဆက်တိုက်ပစ်ကြတာ” ဟုနဂါးညီနောင်တပ်ဖွဲ့ ခေါင်းဆောင် ကိုနိုင်မင်းကအခြေအနေကို ရှင်းပြသည်။
ဘန့်ဘွေးရွာမှ ထွက်ခွါလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် အောင်ဇေယျကုန်းမှစစ်ကူရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့တို့ အချင်းချင်းမှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့နောက် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာစဉ် စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းများဖြင့်
ကင်းထောက်၍ ၆၀ မမ ဖြင့် အကြိမ်ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ရဲဘော်များ
မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို KLG PDF ၊ ပြည်ထောင်စုလွတ်မြောက်ရေး တပ်ဦး၊ နဂါးညီနောင်၊ ဆရာစံတပ်ဖွဲ့၊
TripleTwo ၊ ဗိုလ်မုတ်ဆိတ် ၊ Alpha Special Force ၊ ချိုမိုင်မိုင် ၊ စစ်ကိုင်းတပ်ရင်း(၃)ကနီဒေသတပ်ခွဲ နှင့် ဒေသခံ မဟာမိတ်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးရုပ်အလောင်း များကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်သို့ ကားများဖြင့်ခေါ်ဆောင်သွားကြောင်း သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍15😁2
စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသည့် သံတောင်ဒေသခံ ၇ ဦး ပြန်လည်လွတ်မြောက်လာ
YT
မဇ္ဈိမ။ ။ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်၊ကရင်ပြည်နယ်၊သံတောင်မြို့ (၁၃)မိုင်၊ ရပ်ကွက်(၁)မှ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသည့်ဒေသခံခုနစ်ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံက သိရသည်။
“ဖမ်းထားတဲ့လူတွေ အားလုံးလွတ်လာကြပြီ။အားလုံးခုနစ်ယောက်"ဟု သံတောင် ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
ဖမ်းဆီးခံခဲ့ရသည့် ဒေသခံခုနစ်ဦးသည် သံတောင်မြို့ (၁၃)မိုင်၊ရပ်ကွက်(၁)တွင်နေထိုင်သည့် အမျိုးသား များဖြစ်ပြီး မေလ ၁၉ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်က စစ်ကောင်စီတပ်သားများ၏
လက်ပြန်ကြိုးတုပ် ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
အဆိုပါ ဒေသခံခုနစ်ဦးအား သံတောင်(၁၃)မိုင်စစ်ကောင်စီတပ်စခန်းအနောက်ဘက်ရှိ စခန်းအတွင်း ခေါ်ဆောင်သွား၍ PDFများနှင့် သက်ဆိုင်ခြင်းရှိမရှိ၊ ကိုယ်ရေးရာဇဝင်နှင့်နောက်ကြောင်းရာဇဝင်များ၊ ၎င်းတို့၏ အလုပ်အကိုင်များအကြောင်းအား မေးမြန်းကာမှတ်တမ်းယူထားကြသည်ဟုလည်း ဆိုသည်။
ဒေသခံ ခုနစ်ဦးအနက် အချို့သည် မေလ ၁၉ ရက် ညပိုင်းတွင်ပြန်လည်လွတ်မြောက်ခဲ့ပြီး အချို့မှာ မေလ ၂၀ ရက် နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်ခဲ့ဖြစ်ကြောင်း သိရသည်။
“သူတို့ကို မင်းတို့ PDF တွေလားဆိုပြီး မေးတာတွေရှိတယ်။ မသက်ဆိုင်တော့မှ အာမခံနဲ့ပြန်လွှတ်ပေး လိုက်တာ” ဟုဖမ်းဆီးခံရသူများနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
ထို့ပြင် မေလ ၂၀ ရက်က သံတောင်မြို့ ရပ်ကွက် (၁) အပြင်ရပ်ကွက် (၃)နှင့် ဒေမူးလောရပ်ကွက် အတွင်း သို့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ပြီး လူမရှိသည့် နေအိမ်များအား တံခါးသော့များကိုဖျက်ဆီး၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။
ထိုဒေသခံခုနစ်ဦး ဖမ်းဆီးစစ်ဆေးခြင်း မခံရမီ မေလ ၁၈ ရက်ညနေပိုင်းက တောင်ငူအကျဉ်းထောင်မှ အကျဉ်းသားကိုးဦးထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးထိုအကျဉ်းသားများအား စစ်ကောင်စီတပ်ဖွဲ့က အပြင်း အထန် ရှာဖွေလျက်ရှိကြောင်း သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်ပြည်နယ်
#သံတောင်မြို့
#KNU
#စစ်ကောင်စီတပ်
#ဖမ်းဆီးမှု

👍8❤2😁2
ဆားတောင်မြို့မရဲစခန်းတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံး ဟုဆို
လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ဆားတောင်မြို့မရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မေလ ၂၁ ရက်နေ့ ညနေ ၆ နာရီအချိန်ကဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
“ဘန်ကာတွေကို RPG တွေနဲ့ထုပြီး ဖျက်ဆီးနိုင်ခဲ့တယ်။ ဘန်ကာတွေထဲမှာကို အလောင်းတွေ တွေ့ခဲ့ရ တယ်။နှစ်ဖက်ထိတွေ့မှု နှစ်နာရီခန့် ဖြစ်ပွားခဲ့ပြီးတော့ စစ်သားနဲ့ရဲစုစုပေါင်း ၁၂ ဦး သေဆုံးခဲ့တယ်” ဟု Zero ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။
ယင်းသေဆုံးမှုများ နှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

👍15😁4
တိုက်ပွဲဖြစ်ပွားနေစဉ် စခန်းအနီးသို့ စစ်ကောင်စီတပ်မှတိုက်လေယာဉ်များ ၁၀ ကြိမ်ခန့် ပျံဝဲလာခြင်း ကြောင့် ဒေသကာကွယ်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၇) တပ်ရင်း (Zeroပြောက်ကျားတပ်ဖွဲ့) ၊ ကျောက်ဆည်ခရိုင် အမှတ်(၁)တပ်ရင်း(နဂါးနီတပ်ဖွဲ့) ၊ မြင်းခြံ ခရိုင်အမှတ်(၄) တပ်ရင်း နှင့်ဆားတောင်မိုးကြိုး မဟာမိတ် တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ဆားတောင်မြို့မရဲစခန်းမှ သေဆုံးသူများကိုမီးသင်္ဂြိုဟ်ပြီး ထိခိုက်ဒဏ်ရာ ရရှိ သူများကို ဆေးရုံသို့ပို့ဆောင်နေကြောင်းသိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ဆားတောင်မြို့
#ရဲစခန်း
#တိုက်ခိုက်မှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၇) တပ်ရင်း (Zeroပြောက်ကျားတပ်ဖွဲ့) ၊ ကျောက်ဆည်ခရိုင် အမှတ်(၁)တပ်ရင်း(နဂါးနီတပ်ဖွဲ့) ၊ မြင်းခြံ ခရိုင်အမှတ်(၄) တပ်ရင်း နှင့်ဆားတောင်မိုးကြိုး မဟာမိတ် တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ဆားတောင်မြို့မရဲစခန်းမှ သေဆုံးသူများကိုမီးသင်္ဂြိုဟ်ပြီး ထိခိုက်ဒဏ်ရာ ရရှိ သူများကို ဆေးရုံသို့ပို့ဆောင်နေကြောင်းသိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ဆားတောင်မြို့
#ရဲစခန်း
#တိုက်ခိုက်မှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁3
Myingyan Black Tiger-MBT တပ်ဖွဲ့ ၏ “RPG-7 campaign” ၃၀ ရာခိုင်နှုန်းသာ ရရှိသေး
မောင်ခက်နွေ
(မဇ္ဈိမ)။ ။မကွေးတိုင်းနှင့်စစ်ကိုင်းတိုင်းတို့တွင်လှုပ်ရှားနေသည့် Myingyan Black Tiger-MBT တပ်ဖွဲ့၏ “RPG-7 Campaign” မှာ သတ်မှတ်ပမာဏ၏ ၃၀ ရာခိုင်နှုန်းသာရရှိသေးကြောင်း ၎င်းအဖွဲ့၏ခေါင်း ဆောင်တစ်ဦးဖြစ်သူဗိုလ်မိုက်ခဲက မဇ္ဈိမသို့ပြောသည်။
အဆိုပါကမ်းပိန်းကို မေလ ၈ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၈ ရက်နေ့အထိ တစ်လတိတိ ပြုလုပ်
သွားမည်ဖြစ်ကာ ကျပ်သိန်း ၄၀၀ ရရှိရန် ခန့်မှန်းထားသည်။
MBT အဖွဲ့အနေဖြင့် မကြာခဏဆိုသကဲ့သို့စစ်ကောင်စီတပ်၏ စခန်းများကိုတိုက်ခိုက်ခဲ့ပြီး စခန်းသိမ်း တိုက်ပွဲငါးကြိမ်ခန့်ဆင်နွဲခဲ့ကြောင်း သိရသည်။
သို့သော် စခန်းသိမ်းခါနီးတွင် ကျည်မလုံလောက်မှုများကြောင့် ပြန်ဆုတ်ခဲ့ရ၍“RPG-7 Campaign” သည်ထိုသို့ စခန်းသိမ်းတိုက်ပွဲများဆင်နွဲနိုင်ရန် RPG တစ်လက်ရရှိလိုယူပြုလုပ်ခြင်းဖြစ်ကြောင်းဆိုသည်။

👍19😁2
“အဓိကကတော့ သူတို့ရဲ့ဘန်ကာတွေဖြိုဖျက်ဖို့မလွယ်ကူတာပေါ့နော်။ အဲဒါတွေသာ ဖြိုဖျက်နိုင်မယ် ဆို ရင် အချိန်ခဏအတွင်းမှာသူတို့ရဲ့စခန်းကို သိမ်းနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ အဲဒါကြောင့် “RPG-7 campaign” တစ်လကမ်ပိန်း၊သိန်း ၄၀၀ ကမ်ပိန်းကို ကျွန်တော်တို့ ခေါ်ယူခဲ့တာဖြစ်ပါတယ်”ဟုဗိုလ်မိုက်ခဲကဆိုသည်။
Myingyan Black Tiger-MBT တပ်ဖွဲ့သည်ထောက်ပံ့မှုအင်အားနည်းပါးမှု၊ ငွေကြေး တောင့်တောင့်တင်း တင်းမရှိခြင်းများကြောင့်အခြားမြေပြင်အဖွဲ့များကဲ့သို့ မဲဖောက်၍ ဆုပေးခြင်းများကို မလုပ်နိုင်ဟု သိရသည်။
သို့သော် ယခုကမ်ပိန်းသာအောင်မြင်ခဲ့ပါက စစ်ကောင်စီ၏ တပ်စခန်းများကိုတိုက်ခိုက် သိမ်းပိုက်ကာ ပြည်သူများထံသို့ လက်ဆောင်အနေဖြင့်ပေးမည်ဟုလည်းဗိုလ်မိုက်ခဲမှ ကတိပြုသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#MBT
#RPG-7
#မြင်းခြံ
#စခန်းသိမ်း
#လက်နက်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Myingyan Black Tiger-MBT တပ်ဖွဲ့သည်ထောက်ပံ့မှုအင်အားနည်းပါးမှု၊ ငွေကြေး တောင့်တောင့်တင်း တင်းမရှိခြင်းများကြောင့်အခြားမြေပြင်အဖွဲ့များကဲ့သို့ မဲဖောက်၍ ဆုပေးခြင်းများကို မလုပ်နိုင်ဟု သိရသည်။
သို့သော် ယခုကမ်ပိန်းသာအောင်မြင်ခဲ့ပါက စစ်ကောင်စီ၏ တပ်စခန်းများကိုတိုက်ခိုက် သိမ်းပိုက်ကာ ပြည်သူများထံသို့ လက်ဆောင်အနေဖြင့်ပေးမည်ဟုလည်းဗိုလ်မိုက်ခဲမှ ကတိပြုသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#MBT
#RPG-7
#မြင်းခြံ
#စခန်းသိမ်း
#လက်နက်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24🤪2❤1
မေလ (၂၂)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:02 − မြန်မာ့အရေးနဲ့ပတ်သတ်ပြီး ကုလလုံခြုံရေးကောင်စီမှာ အလွတ်သဘော ဆွေးနွေးတဲ့သတင်း
04:42− မုန်တိုင်းဒဏ်သင့်နေရာတွေကို နိုင်ငံတကာအကူအညီတွေ အချိုးကျရောက် ဖို့လိုတယ်လို့ NUG ပြောတဲ့သတင်း
07:03 − မြန်မာအရေးနဲ့ပတ်သတ်ပြီး G7 ခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက် စစ်ကောင်စီအပေါ် ထိရောက်တဲ့ အရေးယူမှုဖြစ်စေလိုတာကြောင့် ဂျပန်နိုင်ငံရောက် မြန်မာတွေစုရုံး ဆန္ဒပြတဲ့သတင်းနဲ့
11:58 − ယူကရိန်းတိုက်ပွဲရဲ့ဗဟိုချက်ဖြစ်တဲ့ ဘာ့ခ်မတ်ကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ရုရှားကြေညာလိုက်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/9GdV54csMMM

YouTube
မေလ (၂၂)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:02 − မြန်မာ့အရေးနဲ့ပတ်သတ်ပြီး ကုလလုံခြုံရေးကောင်စီမှာ အလွတ်သဘော ဆွေးနွေးတဲ့သတင်း
04:42− မုန်တိုင်းဒဏ်သင့်နေရာတွေကို နိုင်ငံတကာအကူအညီတွေ အချိုးကျရောက် ဖို့လိုတယ်လို့ NUG ပြောတဲ့သတင်း
07:03 − မြန်မာအရေးနဲ့ပတ်သတ်ပြီး G7 ခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက် စစ်ကောင်စီအပေါ်…

👍9😁1🍌1
ဂျီ-၇ ထိပ်သီးအစည်းအဝေးတွင် ပြစ်တင်ပြောဆိုခံရမှုအပေါ် တရုတ်အစိုးရက ဂျပန်သံအမတ်ကို ဆင့်ခေါ် ကန့်ကွက်
ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွင် သီတင်းပတ်ကုန်က ကျင်းပခဲ့သော ဂျီ-၇ ထိပ်သီးအစည်းအဝေး၌ တရုတ်နှင့်ပတ်သက်သောကိစ္စရပ်များအား ပုံကြီးချဲ့ပြောဆိုသည်ဟုဆိုကာ တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဂျပန်သံအမတ်ကြီးကို ဆင့်ခေါ် ကန့်ကွက်ခဲ့သည်။

👍9😁5👏2
မုံရွာမြို့ သာစည်ရဲစခန်းမှ ရဲတပ်သား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
ပါခွီး
(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် သာစည်ရဲစခန်းမှ ရဲတပ်သားနှစ်ဦးအနီးကပ်ပစ်ခတ်ခံရသဖြင့် တစ်ဦး သေဆုံးသွားကြောင်း ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့(မုံရွာ)ကထုတ်ပြန်ထားသည်။
သာစည်ရဲစခန်းမှ ကျေးရွာအတွင်းသို့ ကွမ်းယာဝယ်ထွက်လာချိန်မေလ၂၀ ရက် နေ့လည် ၁၂ နာရီ အချိန်တွင် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။
“ကျနော်တို့ ဝင်ပစ်ခတ်ခဲ့တာ သူတို့ဖက်က ပြန်ပစ်ချိန်မရဘူး။ သေတာက နေရာတင်မဟုတ်ဘူး ခွေးခြံ (ရဲစခန်း)ရောက်မှ သေတာ”ဟု ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုမိုးကြီး ကမဇ္စျိမကိုပြောသည်။
အဆိုပါ ရဲတပ်သားနှစ်ဦးအား ပစ္စတိုဖြင့် အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိ ခဲ့ကာ ပြန်လည်သယ်ဆောင်သွားပြီးနောက် ရဲစခန်းတွင်သေဆုံးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အင်အား ၂၀ ခန့်ရှိအဆိုပါရဲစခန်းမှ ရဲတပ်သားများကကျေးရွာအတွင်း သေနတ်များပစ်ဖောက်ကာ ဆဲဆိုနေကြကြောင်း ကိုမိုးကြီးကပြောသည်။
သာစည်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် စခန်းအရှေ့မှဖြတ်သန်းသွားလာသည့် ဆီကား၊ ထင်းကား၊ ဝါး ကားများကိုတား၍ ငွေကောက်ခံကြောင်းနှင့် အနီးပတ်ဝန်းကျင်သို့ စစ်ကြောင်းထိုးရာတွင်လည်းလိုက်ပါ လေ့ရှိကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့နှင့်အတူမုံရွာခရိုင်တပ်ရင်း (၂၄) တပ်ခွဲ(၁) ၊ မုံရွာခရိုင် တပ်ရင်း (၂၅) တပ်ခွဲ (၄) တို့ကပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မေလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်ကလည်းမုံရွာစီးပွားရေးတက္ကသိုလ်ရှေ့၌ ကင်းစောင့်နေ သော စစ်ကောင်စီတပ်သား လေးဦးကိုပုဏ္ဏပြောက်ကျားတပ်ဖွဲ့ နှင့် မဟာမိတ်များက ကားပေါ်မှ ပစ်ခတ် ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#မုံရွာမြို့နယ်
#ရဲစခန်း
#ပစ်ခတ်မှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
ပါခွီး
(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် သာစည်ရဲစခန်းမှ ရဲတပ်သားနှစ်ဦးအနီးကပ်ပစ်ခတ်ခံရသဖြင့် တစ်ဦး သေဆုံးသွားကြောင်း ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့(မုံရွာ)ကထုတ်ပြန်ထားသည်။
သာစည်ရဲစခန်းမှ ကျေးရွာအတွင်းသို့ ကွမ်းယာဝယ်ထွက်လာချိန်မေလ၂၀ ရက် နေ့လည် ၁၂ နာရီ အချိန်တွင် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။
“ကျနော်တို့ ဝင်ပစ်ခတ်ခဲ့တာ သူတို့ဖက်က ပြန်ပစ်ချိန်မရဘူး။ သေတာက နေရာတင်မဟုတ်ဘူး ခွေးခြံ (ရဲစခန်း)ရောက်မှ သေတာ”ဟု ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုမိုးကြီး ကမဇ္စျိမကိုပြောသည်။
အဆိုပါ ရဲတပ်သားနှစ်ဦးအား ပစ္စတိုဖြင့် အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိ ခဲ့ကာ ပြန်လည်သယ်ဆောင်သွားပြီးနောက် ရဲစခန်းတွင်သေဆုံးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အင်အား ၂၀ ခန့်ရှိအဆိုပါရဲစခန်းမှ ရဲတပ်သားများကကျေးရွာအတွင်း သေနတ်များပစ်ဖောက်ကာ ဆဲဆိုနေကြကြောင်း ကိုမိုးကြီးကပြောသည်။
သာစည်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် စခန်းအရှေ့မှဖြတ်သန်းသွားလာသည့် ဆီကား၊ ထင်းကား၊ ဝါး ကားများကိုတား၍ ငွေကောက်ခံကြောင်းနှင့် အနီးပတ်ဝန်းကျင်သို့ စစ်ကြောင်းထိုးရာတွင်လည်းလိုက်ပါ လေ့ရှိကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့နှင့်အတူမုံရွာခရိုင်တပ်ရင်း (၂၄) တပ်ခွဲ(၁) ၊ မုံရွာခရိုင် တပ်ရင်း (၂၅) တပ်ခွဲ (၄) တို့ကပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မေလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်ကလည်းမုံရွာစီးပွားရေးတက္ကသိုလ်ရှေ့၌ ကင်းစောင့်နေ သော စစ်ကောင်စီတပ်သား လေးဦးကိုပုဏ္ဏပြောက်ကျားတပ်ဖွဲ့ နှင့် မဟာမိတ်များက ကားပေါ်မှ ပစ်ခတ် ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#မုံရွာမြို့နယ်
#ရဲစခန်း
#ပစ်ခတ်မှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1😁1
ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲများအတွင်း KNDF မှ ဒုတပ်စုမှူးအပါအဝင် ရဲဘော် ၄ ဦး ကျဆုံး
001
(မဇ္စျိမ)။ ။ကရင်နီပြည်၊ဒီးမော့ဆိုအရှေ့ခြမ်း၊ တနီးလာလဲကျေးရွာအနီးဖြစ်ပွားနေသည့် တစ်ပတ်ကျော် ကြာတိုက်ပွဲများအတွင်း ဒုတပ်စုမှူးတစ်ဦးအပါအဝင်ရဲဘော်လေးဦး ကျဆုံးခဲ့ကြောင်း KNDF မှ ထုတ်ပြန် ထားသည်။
စစ်ကောင်စီတပ်က ဒီးမော့ဆိုအရှေ့ခြမ်းရှိဒေါဆဲ၊ ဒေါတငူး၊ ဒေါတမြေးစသည့်ကျေးရွာများတွင် တပ်စွဲ ထားကာတနီးလာလဲဖက်သို့ တိုးလာနေကြောင်း ဆိုသည်။
ထို့ကြောင့် မေလ ၁၄ ရက်မှစကာ မေလ ၂၂ ရက်နေ့အထိ ကရင်နီတပ်မတော်(KA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ပူးပေါင်းအဖွဲ့တို့နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရ သည်။
မေလ ၁၅ ရက်နေ့တွင် KNDF တပ်ရင်း (၁၀) မှ ရဲဘော် ခူးစိုးရယ်၊ မေလ ၁၈ ရက်နေ့တွင်တပ်ရင်း(၉)မှ ဒုတပ်စုမှူး မောင်ဖရန်စစ္စကို (ဂျားဂျာ)၊ မေလ ၁၉ ရက်နေ့တွင် တပ်ရင်း(၁)မှရဲဘော်နေ၀င်းနှင့် တပ်ရင်း (၇) မှ ရဲဘော် ဘဲနဒစ်(အောင်အောင်) တို့ကျဆုံးခဲ့ကြောင်း သက်ဆိုင်ရာ တပ်ရင်းများက ထုတ်ပြန်ထား ကြသည်။
“ နှစ်ဖက်တိုက်ပွဲပြင်းထန်တယ်။ မေလ၁၄ ရက်နေ့လောက်ကစပြီး တိုက်ပွဲ တော်တော်လေးပြင်းထန် တယ်။စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုက နေ့စဉ်လုပ်တယ်ဗျ။ လေကြောင်း နေ့စဉ်သုံးတယ်။ မနက်ကနေညအထိ၊ညကနေမနက်အထိ တောက်လျှောက် လက်နက်ကြီးတွေပစ်တယ်။ အဓိက ကတော့တိုက်ပွဲတွေထဲကို လွိုင်ကော်အခြေစိုက်တို့၊ ဒီးမော့ဆိုအခြေစိုက်တို့ အဲဒီတပ်တွေကနေ ပတ်ချာ လည်ပစ်တာမျိုးရှိတယ်”ဟုKNDFဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ တာ၀န်ရှိသူတစ်ဦးကပြောသည်။
အဆိုပါတိုက်ပွဲများအတွင်း ကရင်နီတပ်မတော်(KA)မှရဲဘော်တစ်ဦးလည်းကျဆုံးခဲ့ကြောင်း ကရင်နီ စစ်ဘက်ဆိုင်ရာဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ခူးညေးရယ်က မေလ ၁၈ ရက်နေ့က မဇ္စျိမကို ဖြေဆိုထားသည်။
တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့်အတွက် အသေးစိတ်အားထုတ်ပြန်၍မရသေးကြောင်းKNDFဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ တာ၀န်ရှိသူက ဆိုသည်။
“လောလောဆယ်မှာ ပြောနိုင်တာတစ်ခုက စစ်ကောင်စီဖက်ကတော့ အကျအဆုံးများတယ်။
ဒါကြောင့်ပဲ လေကြောင်းတိုက်ခိုက်မှု တောက်လျှောက်လုပ်လာတာ”ဟု ၎င်းက ပြောသည်။
လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က အနီးနားရှိကျေးရွာများ၊ စစ်ရှောင်များ ရှိသည့်နေရာများကိုပါလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက်နေအိမ်ပျက်စီးမှုများနှင့် အရပ်သားထိခိုက်ဒဏ်ရာရရှိမှုတို့လည်းရှိနေကြောင်း သိရသည်။
ဒီးမော့ဆို အရှေ့ခြမ်းတွင် စစ်ကြောင်းသုံးခုဖြင့် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်နှင့် ကရင်နီပူး ပေါင်းအဖွဲ့များအကြား ပြီးခဲ့သည့်မတ်လမှစတင်ကာ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ဒီးမော့ဆို
#ကရင်နီ
#KNDF
#ကျဆုံး

😢15👍2❤1🔥1🥰1
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဆက်သွယ်ညှိနှိုင်းသွားမယ်လို့ ထိုင်းရွေးကောက်ပွဲအနိုင်ရခေါင်းဆောင်ပြော
https://youtu.be/ddBZoAwGgq8

မြန်မာပြည်သူတွေ ဘဝလုံခြုံရေး စဉ်းစားချက်အပေါ် အာရုံစိုက်ပြီး အရေးပါတဲ့ အင်အားစုတိုင်းနဲ့ ဆက်သွယ်ညှိနှိုင်းသွားမယ်လို့ ထိုင်းရွေးကောက်ပွဲအနိုင်ရ Move Forword ပါတီခေါင်းဆောင် ပီတလင် ဂျာရွန်ရက် က ပြောပါတယ်။
“မြန်မာနိုင်ငံဆိုင်ရာ ကျနော့်ရဲ့မူဝါဒဟာ လူသားဘဝလု…

👍9😁2
လှတောရဲစခန်းရှေ့၌ ပစ်ခတ်မှုဖြစ်ပွားပြီး ရဲ ၇ ဦး သေဆုံးကြောင်းကာကွယ်ရေးတပ်ဖွဲ့ပြော
https://youtu.be/ZEWFwOwLGBA

ပါခွီး(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ လှတောရဲစခန်းရှေ့ ကင်းဂိတ်ကိုကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှအနီးကပ် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲခုနစ်ဦး သေဆုံးသွားကြောင်းဗန္ဓုလနှင့် အဖွဲ့သားများ(LDF) တာဝန်ရှိသူက မဇ္ဈိမကို အတည်ပြု…
👍13❤3😁2
မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာရွှေ့ပြောင်းများ ဖမ်းဆီးခံရ
မလေးရှားနိုင်ငံ ကီလန်တန်ပြည်နယ် ပက်ဆီရ် မက်စ် ခရိုင် ကမ်ပေါင် ကူဘန်း ဘင်ဂျိုင် အရပ်တွင် မေလ ၂၀ ရက်က ဆီအုန်းခြံတစ်ခြံ၌ အမျိုးသမီးတစ်ဦး အပါအဝင် မြန်မာနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းအခြေချသူ ရှစ်ဦးကို မလေးရှားရဲများက ဖမ်းဆီးခဲ့သည်ဟု သိရသည်။

👍4😢2🔥1😁1
သုံးဆယ်မြို့မှ ရာအိမ်မှူးဇနီးမောင်နှံအား ပဲခူးတိုင်းမြို့ပြအထူးစစ်ဆင်ရေးအဖြစ် ပစ်ခတ်
ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့နယ်၊ အိုင်ကဒုံကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာမှ ရာအိမ်မှူးဇနီးမောင်နှံအားမေလ ၂၁ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ပဲခူးတိုင်းမြို့ပြအထူး စစ်ဆင်ရေးအဖြစ်ပစ်ခတ်ခဲ့သည်ဟုသာယာဝတီဂဠုန်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ ပြောသည်။
ရာအိမ်မှူးဦးသန်းထွန်းအောင်နှင့် ဇနီးမစိန်မြင့်တို့သည် NLDပါတီထောက်ခံသူများအား PDF ဟုစွပ်စွဲကာ ဖမ်းဆီးခိုင်းခြင်း၊ရွာသစ်ရွာ၏မြစိမ်းရောင်ချေးငွေဥက္ကဋ္ဌဖြစ်ကာ ပြည်သူများအပေါ် စစ်ကောင်စီအားကိုး ဖြင့်၎င်းတို့စိတ်သဘောကျအနိုင်ကျင့်နေသော ဇနီးမောင်နှံဖြစ်သည်ဟု သာယာဝတီခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့အသိုင်းအဝိုင်းကဆိုသည်။
“သူတို့လင်မယားကြောင့် ပြည်သူတစ်ဦးဖမ်းခံထားရတယ်။တခြားသူတွေကိုလည်း ဖမ်းဆီးဖို့သတင်း ပေးတာတွေရှိတယ်။မြစိမ်းရောင်ချေးငွေချေးရာမှာလည်း စည်းဘောင်နဲ့အညီမဟုတ်၊ သူတို့စိတ်သဘော အတိုင်း ပေးချင်ပေး၊ မပေးချင်မပေးဖြစ်နေတာတွေလည်းရှိတယ်။ တားနေပေမယ့် ဆက်လုပ်နေတဲ့ အတွက် စိစစ်ပြီးမှ ဒီလိုလုပ်ခဲ့တာပါ”ဟု သာယာဝတီခရိုင် သတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
ရာအိမ်မှူးနှင့် ၎င်း၏ဇနီးမှာ နေရာတွင်ပင်သေဆုံးခဲ့ကြောင်းသိရပြီး ပစ်ခတ်မှုကို သာယာဝတီဂဠုန်တပ်ဖွဲ့နှင့် မင်းလှ-PDF တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
သာယာဝတီခရိုင်အတွင်းတွင် မြစိမ်းရောင်ချေးငွေနှင့်အတူစိုက်ဘဏ်ချေးငွေများပြန်မဆပ်သည့် ဒေသခံ များကိုလည်းစစ်ကောင်စီတပ်များမှ ဖမ်းဆီးတရားစွဲဆိုသည်များရှိနေသည်။
ယခင်ပြည်သူ့အစိုးရလက်ထက်က ပြည်သူများ၊ တောင်သူများနှင့်အစိုးရဝန်ထမ်းများအား အကြောင်း အမျိုးမျိုးဖြင့်ထုတ်ချေးပေးထားသည့်ချေးငွေများကို စစ်ကောင်စီ အထောက်အပံ့မဖြစ်စေရန်အတွက် ပြန်မဆပ်ကြရန်တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားကြသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#သုံးဆယ်မြို့
#မြစိမ်းရောင်ချေးငွေ
#ပဲခူးတိုင်း
#ပစ်ခတ်

❤6👍3🔥2👏2
Media is too big
VIEW IN TELEGRAM
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အရေးပါတဲ့ အင်အားစုတိုင်းနဲ့ ဆက်သွယ်ညှိနှိုင်းသွားမယ်လို့ ထိုင်းရွေးကောက်ပွဲအနိုင်ရခေါင်းဆောင်ပြော
Watch more detail - https://youtu.be/ddBZoAwGgq8
#Mizzima #Political #reels #shorts #MizzimaTV

👍18❤3😁2
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ခံစားချက်တွေကိုဖော်ထုတ်ပေးနေတဲ့ Voice of PDF
https://youtu.be/pFOnEXx-Z5E

ဟန်ထူးဇော်(မဇ္ဈိမ)။ ။“နိုင်ငံတစ်ခုကောင်းဖို့အတွက်ပြည်သူတွေအသက်ပေးရတယ်ဆိုတဲ့ တောထဲမှာ လူငယ်တွေ လာပြီး အသက်ပေးရတယ်ဆိုတဲ့ပုံစံကြီးကိုဒီတခါနောက်ဆုံးပဲဖြစ်စေချင်တယ်” လို့ Voice of PDF က ရဲဘော် ဂိဒေါင်က ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံရ…

👍4❤2🔥1😁1
မေလ (၂၂)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:06 - မြန်မာ့အရေး သက်ဆိုင်သူအားလုံးနဲ့ဆက်သွယ်ဆွေးနွေးတဲ့ အင်ဒိုနီးရှားရဲ့ကြိုးပမ်းတာကို ထောက်ခံတယ်လို့ ဗီယက်နမ်ပြောတဲ့ သတင်း
02:46 - ဆားလင်းကြီးမြို့နယ်ယမားချောင်းဘေး ကျေးရွာများ ရေဘေးကြုံနေရတဲ့ သတင်း
06:40 - မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အရေးပါတဲ့ အင်အားစုတိုင်းနဲ့ဆက်သွယ်ညှိနှိုင်းသွားမယ်လို့ ထိုင်းရွေးကောက်ပွဲအနိုင်ရခေါင်းဆောင်ပြော တဲ့ သတင်းနဲ့
11:32 - ဆူဒန်မှာ သီတင်းတစ်ပတ်ကြာအပစ်အခတ်ရပ်စဲမှုကာလအတွင်းလေကြောင်းတိုက်ခိုက်မှုတွေနဲ့ သံရုံးစီးနင်းမှုတွေဆက်လက်ဖြစ်ပွားနေတဲ့ သတင်း အပါအဝင်တခြားအရေးကြီးတဲ့သတင်းတွေနဲ့စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်သွားမှာပါ။
https://youtu.be/8zbOFIskFU8

06:40 - မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အရေးပါတဲ့ အ…

👍3😁1🤮1