Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ဂျီ-၇ ထိပ်သီးအစည်းအဝေးတွင် ပြစ်တင်ပြောဆိုခံရမှုအပေါ် တရုတ်အစိုးရက ဂျပန်သံအမတ်ကို ဆင့်ခေါ် ကန့်ကွက်

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွင် သီတင်းပတ်ကုန်က ကျင်းပခဲ့သော ဂျီ-၇ ထိပ်သီးအစည်းအဝေး၌ တရုတ်နှင့်ပတ်သက်သောကိစ္စရပ်များအား ပုံကြီးချဲ့ပြောဆိုသည်ဟုဆိုကာ တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဂျပန်သံအမတ်ကြီးကို ဆင့်ခေါ် ကန့်ကွက်ခဲ့သည်။
👍9😁5👏2
​​မုံရွာမြို့ သာစည်ရဲစခန်းမှ ရဲတပ်သား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ပါခွီး
(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် သာစည်ရဲစခန်းမှ ရဲတပ်သားနှစ်ဦးအနီးကပ်ပစ်ခတ်ခံရသဖြင့် တစ်ဦး သေဆုံးသွားကြောင်း ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့(မုံရွာ)ကထုတ်ပြန်ထားသည်။
သာစည်ရဲစခန်းမှ ကျေးရွာအတွင်းသို့ ကွမ်းယာဝယ်ထွက်လာချိန်မေလ၂၀ ရက် နေ့လည် ၁၂ နာရီ အချိန်တွင် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။
“ကျနော်တို့ ဝင်ပစ်ခတ်ခဲ့တာ သူတို့ဖက်က ပြန်ပစ်ချိန်မရဘူး။ သေတာက နေရာတင်မဟုတ်ဘူး ခွေးခြံ (ရဲစခန်း)ရောက်မှ သေတာ”ဟု ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုမိုးကြီး ကမဇ္စျိမကိုပြောသည်။
အဆိုပါ ရဲတပ်သားနှစ်ဦးအား ပစ္စတိုဖြင့် အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိ ခဲ့ကာ ပြန်လည်သယ်ဆောင်သွားပြီးနောက် ရဲစခန်းတွင်သေဆုံးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အင်အား ၂၀ ခန့်ရှိအဆိုပါရဲစခန်းမှ ရဲတပ်သားများကကျေးရွာအတွင်း သေနတ်များပစ်ဖောက်ကာ ဆဲဆိုနေကြကြောင်း ကိုမိုးကြီးကပြောသည်။
သာစည်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် စခန်းအရှေ့မှဖြတ်သန်းသွားလာသည့် ဆီကား၊ ထင်းကား၊ ဝါး ကားများကိုတား၍ ငွေကောက်ခံကြောင်းနှင့် အနီးပတ်ဝန်းကျင်သို့ စစ်ကြောင်းထိုးရာတွင်လည်းလိုက်ပါ လေ့ရှိကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့နှင့်အတူမုံရွာခရိုင်တပ်ရင်း (၂၄) တပ်ခွဲ(၁) ၊ မုံရွာခရိုင် တပ်ရင်း (၂၅) တပ်ခွဲ (၄) တို့ကပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မေလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်ကလည်းမုံရွာစီးပွားရေးတက္ကသိုလ်ရှေ့၌ ကင်းစောင့်နေ သော စစ်ကောင်စီတပ်သား လေးဦးကိုပုဏ္ဏပြောက်ကျားတပ်ဖွဲ့ နှင့် မဟာမိတ်များက ကားပေါ်မှ ပစ်ခတ် ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#မုံရွာမြို့နယ်
#ရဲစခန်း
#ပစ်ခတ်မှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1😁1
​​ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲများအတွင်း KNDF မှ ဒုတပ်စုမှူးအပါအဝင် ရဲဘော် ၄ ဦး ကျဆုံး

001
(မဇ္စျိမ)။ ။ကရင်နီပြည်၊ဒီးမော့ဆိုအရှေ့ခြမ်း၊ တနီးလာလဲကျေးရွာအနီးဖြစ်ပွားနေသည့် တစ်ပတ်ကျော် ကြာတိုက်ပွဲများအတွင်း ဒုတပ်စုမှူးတစ်ဦးအပါအဝင်ရဲဘော်လေးဦး ကျဆုံးခဲ့ကြောင်း KNDF မှ ထုတ်ပြန် ထားသည်။
စစ်ကောင်စီတပ်က ဒီးမော့ဆိုအရှေ့ခြမ်းရှိဒေါဆဲ၊ ဒေါတငူး၊ ဒေါတမြေးစသည့်ကျေးရွာများတွင် တပ်စွဲ ထားကာတနီးလာလဲဖက်သို့ တိုးလာနေကြောင်း ဆိုသည်။
ထို့ကြောင့် မေလ ၁၄ ရက်မှစကာ မေလ ၂၂ ရက်နေ့အထိ ကရင်နီတပ်မတော်(KA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ပူးပေါင်းအဖွဲ့တို့နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရ သည်။
မေလ ၁၅ ရက်နေ့တွင် KNDF တပ်ရင်း (၁၀) မှ ရဲဘော် ခူးစိုးရယ်၊ မေလ ၁၈ ရက်နေ့တွင်တပ်ရင်း(၉)မှ ဒုတပ်စုမှူး မောင်ဖရန်စစ္စကို (ဂျားဂျာ)၊ မေလ ၁၉ ရက်နေ့တွင် တပ်ရင်း(၁)မှရဲဘော်နေ၀င်းနှင့် တပ်ရင်း (၇) မှ ရဲဘော် ဘဲနဒစ်(အောင်အောင်) တို့ကျဆုံးခဲ့ကြောင်း သက်ဆိုင်ရာ တပ်ရင်းများက ထုတ်ပြန်ထား ကြသည်။
“ နှစ်ဖက်တိုက်ပွဲပြင်းထန်တယ်။ မေလ၁၄ ရက်နေ့လောက်ကစပြီး တိုက်ပွဲ တော်တော်လေးပြင်းထန် တယ်။စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုက နေ့စဉ်လုပ်တယ်ဗျ။ လေကြောင်း နေ့စဉ်သုံးတယ်။ မနက်ကနေညအထိ၊ညကနေမနက်အထိ တောက်လျှောက် လက်နက်ကြီးတွေပစ်တယ်။ အဓိက ကတော့တိုက်ပွဲတွေထဲကို လွိုင်ကော်အခြေစိုက်တို့၊ ဒီးမော့ဆိုအခြေစိုက်တို့ အဲဒီတပ်တွေကနေ ပတ်ချာ လည်ပစ်တာမျိုးရှိတယ်”ဟုKNDFဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ တာ၀န်ရှိသူတစ်ဦးကပြောသည်။
အဆိုပါတိုက်ပွဲများအတွင်း ကရင်နီတပ်မတော်(KA)မှရဲဘော်တစ်ဦးလည်းကျဆုံးခဲ့ကြောင်း ကရင်နီ စစ်ဘက်ဆိုင်ရာဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ခူးညေးရယ်က မေလ ၁၈ ရက်နေ့က မဇ္စျိမကို ဖြေဆိုထားသည်။
တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့်အတွက် အသေးစိတ်အားထုတ်ပြန်၍မရသေးကြောင်းKNDFဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ တာ၀န်ရှိသူက ဆိုသည်။
“လောလောဆယ်မှာ ပြောနိုင်တာတစ်ခုက စစ်ကောင်စီဖက်ကတော့ အကျအဆုံးများတယ်။
ဒါကြောင့်ပဲ လေကြောင်းတိုက်ခိုက်မှု တောက်လျှောက်လုပ်လာတာ”ဟု ၎င်းက ပြောသည်။
လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က အနီးနားရှိကျေးရွာများ၊ စစ်ရှောင်များ ရှိသည့်နေရာများကိုပါလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက်နေအိမ်ပျက်စီးမှုများနှင့် အရပ်သားထိခိုက်ဒဏ်ရာရရှိမှုတို့လည်းရှိနေကြောင်း သိရသည်။
ဒီးမော့ဆို အရှေ့ခြမ်းတွင် စစ်ကြောင်းသုံးခုဖြင့် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်နှင့် ကရင်နီပူး ပေါင်းအဖွဲ့များအကြား ပြီးခဲ့သည့်မတ်လမှစတင်ကာ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။
စာတည်း ။ ။​ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ဒီးမော့ဆို
#ကရင်နီ
#KNDF
#ကျဆုံး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢15👍2❤1🔥1🥰1
​​မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာရွှေ့ပြောင်းများ ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ကီလန်တန်ပြည်နယ် ပက်ဆီရ် မက်စ် ခရိုင် ကမ်ပေါင် ကူဘန်း ဘင်ဂျိုင် အရပ်တွင် မေလ ၂၀ ရက်က ဆီအုန်းခြံတစ်ခြံ၌ အမျိုးသမီးတစ်ဦး အပါအဝင် မြန်မာနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းအခြေချသူ ရှစ်ဦးကို မလေးရှားရဲများက ဖမ်းဆီးခဲ့သည်ဟု သိရသည်။
👍4😢2🔥1😁1
​​သုံးဆယ်မြို့မှ ရာအိမ်မှူးဇနီးမောင်နှံအား ပဲခူးတိုင်းမြို့ပြအထူးစစ်ဆင်ရေးအဖြစ် ပစ်ခတ်

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့နယ်၊ အိုင်ကဒုံကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာမှ ရာအိမ်မှူးဇနီးမောင်နှံအားမေလ ၂၁ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ပဲခူးတိုင်းမြို့ပြအထူး စစ်ဆင်ရေးအဖြစ်ပစ်ခတ်ခဲ့သည်ဟုသာယာဝတီဂဠုန်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ ပြောသည်။
ရာအိမ်မှူးဦးသန်းထွန်းအောင်နှင့် ဇနီးမစိန်မြင့်တို့သည် NLDပါတီထောက်ခံသူများအား PDF ဟုစွပ်စွဲကာ ဖမ်းဆီးခိုင်းခြင်း၊ရွာသစ်ရွာ၏မြစိမ်းရောင်ချေးငွေဥက္ကဋ္ဌဖြစ်ကာ ပြည်သူများအပေါ် စစ်ကောင်စီအားကိုး ဖြင့်၎င်းတို့စိတ်သဘောကျအနိုင်ကျင့်နေသော ဇနီးမောင်နှံဖြစ်သည်ဟု သာယာဝတီခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့အသိုင်းအဝိုင်းကဆိုသည်။
“သူတို့လင်မယားကြောင့် ပြည်သူတစ်ဦးဖမ်းခံထားရတယ်။တခြားသူတွေကိုလည်း ဖမ်းဆီးဖို့သတင်း ပေးတာတွေရှိတယ်။မြစိမ်းရောင်ချေးငွေချေးရာမှာလည်း စည်းဘောင်နဲ့အညီမဟုတ်၊ သူတို့စိတ်သဘော အတိုင်း ပေးချင်ပေး၊ မပေးချင်မပေးဖြစ်နေတာတွေလည်းရှိတယ်။ တားနေပေမယ့် ဆက်လုပ်နေတဲ့ အတွက် စိစစ်ပြီးမှ ဒီလိုလုပ်ခဲ့တာပါ”ဟု သာယာဝတီခရိုင် သတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
ရာအိမ်မှူးနှင့် ၎င်း၏ဇနီးမှာ နေရာတွင်ပင်သေဆုံးခဲ့ကြောင်းသိရပြီး ပစ်ခတ်မှုကို သာယာဝတီဂဠုန်တပ်ဖွဲ့နှင့် မင်းလှ-PDF တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
သာယာဝတီခရိုင်အတွင်းတွင် မြစိမ်းရောင်ချေးငွေနှင့်အတူစိုက်ဘဏ်ချေးငွေများပြန်မဆပ်သည့် ဒေသခံ များကိုလည်းစစ်ကောင်စီတပ်များမှ ဖမ်းဆီးတရားစွဲဆိုသည်များရှိနေသည်။
ယခင်ပြည်သူ့အစိုးရလက်ထက်က ပြည်သူများ၊ တောင်သူများနှင့်အစိုးရဝန်ထမ်းများအား အကြောင်း အမျိုးမျိုးဖြင့်ထုတ်ချေးပေးထားသည့်ချေးငွေများကို စစ်ကောင်စီ အထောက်အပံ့မဖြစ်စေရန်အတွက် ပြန်မဆပ်ကြရန်တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားကြသည်။
စာတည်း ။ ။​ Alden
စာမူတည်းဖြတ်။ ။စောဖေ
#သုံးဆယ်မြို့
#မြစိမ်းရောင်ချေးငွေ
#ပဲခူးတိုင်း
#ပစ်ခတ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤6👍3🔥2👏2
Media is too big
VIEW IN TELEGRAM
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အရေးပါတဲ့ အင်အားစုတိုင်းနဲ့ ဆက်သွယ်ညှိနှိုင်းသွားမယ်လို့ ထိုင်းရွေးကောက်ပွဲအနိုင်ရခေါင်းဆောင်ပြော

Watch more detail - https://youtu.be/ddBZoAwGgq8

#Mizzima #Political #reels #shorts #MizzimaTV
👍18❤3😁2
မေလ (၂၂)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

01:06 - မြန်မာ့အရေး သက်ဆိုင်သူအားလုံးနဲ့ဆက်သွယ်ဆွေးနွေးတဲ့  အင်ဒိုနီးရှားရဲ့ကြိုးပမ်းတာကို ထောက်ခံတယ်လို့  ဗီယက်နမ်ပြောတဲ့ သတင်း

02:46 -  ဆားလင်းကြီးမြို့နယ်ယမားချောင်းဘေး ကျေးရွာများ ရေဘေးကြုံနေရတဲ့ သတင်း

06:40 -  မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အရေးပါတဲ့ အင်အားစုတိုင်းနဲ့ဆက်သွယ်ညှိနှိုင်းသွားမယ်လို့ ထိုင်းရွေးကောက်ပွဲအနိုင်ရခေါင်းဆောင်ပြော တဲ့ သတင်းနဲ့

11:32 -   ဆူဒန်မှာ သီတင်းတစ်ပတ်ကြာအပစ်အခတ်ရပ်စဲမှုကာလအတွင်းလေကြောင်းတိုက်ခိုက်မှုတွေနဲ့ သံရုံးစီးနင်းမှုတွေဆက်လက်ဖြစ်ပွားနေတဲ့ သတင်း အပါအဝင်တခြားအရေးကြီးတဲ့သတင်းတွေနဲ့စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်သွားမှာပါ။

https://youtu.be/8zbOFIskFU8
👍3😁1🤮1
Business Round Up (22 May 2023)

- မုန်တိုင်းသင့်ဒေသတွေအတွက် ပထမဆုံးအကူအညီ အာဆီယံပေးပို့

- ကျပ်သိန်းသောင်းချီတန်ဖိုးရှိ မြန်မာ့ ပဲများ တရုတ်ဘက်တွင် ချိတ်ပိတ်ခံထားရ

- မိုးရေချိန် လျော့နည်းနိုင်တာကြောင့် ထိုင်းဆန်ထုတ်လုပ်မှု ထိခိုက်နိုင်ပြီး ဈေးထပ်တက်ဖွယ်ရှိနေ

- ရုပီး ၂၀၀၀ တန်ငွေစက္ကူလည်ပတ်မှု အိန္ဒိယဗဟိုဘဏ်ရုပ်သိမ်း

https://youtu.be/1dkdCEellsg
👍7🔥2❤1
တိုက်ကြီးမြို့နယ်ရှိ မီးသတ်ရေကန်အတွင်း မွေးမြူထားသည့်အလှမွေးငါး ၆,၀၀၀ ကျော် ရုတ်တရက် သေဆုံး
ရောင်နီ
(မဇ္စျိမ) ။ ။ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိမီးသတ်ရေကန်အတွင်း မွေးမြူထားသည့် အလှမွေးငါး ၆,၀၀၀ ကျော် ရုတ်တရက်သေဆုံးသွားကြောင်း နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်းထံမှသိရသည်။
ယနေ့ မေလ ၂၂ ရက် နံနက်ပိုင်းကငါးများအားအစာကျွေးရန်လုပ်ဆောင်ချိန်၌ မီးသတ်ရေကန်အတွင်း မွေးမြူထားသည့်ငါးများ သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရခြင်းဖြစ်သည်။
“ မနက်ပိုင်းမှာငါးတချို့က ရေပေါ်ပေါ်နေပြီ။ အစာလည်းချရောကျန်တဲ့ငါးတွေက ရေပေါ်တက် မလာ ဘူး။ အဲဒါနဲ့ ဘာဖြစ်တာလည်း မသိဘူးပြောနေတဲ့အချိန် တစ်ကောင်စနှစ်ကောင်စ စသေလာတယ်။ အဲဒီ မှာ ကန်ထဲကိုဆင်းကြည့်တော့မှကြမ်းပြင်မှာ ငါးတွေကကပ်နေတယ်။ လုံး၀ ရေပေါ်ကိုမတက်နိုင် တော့ တာ” ဟုနိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်းအထွေထွေအတွင်းရေးမှူး ကိုတင်ကျော်ဦးက မဇ္စျိမကိုပြောသည်။
အဆိုပါမီးသတ်ရေကန်သည် အကျယ်အ၀န်း ခန့်မှန်း ဧက၀က်ခန့်ရှိပြီးရေအနက် ပေ ၂၀ ရှိကာ မြို့နယ် အတွင်း မီးဘေးအန္တရာယ်ဖြစ်ပွားမှုတခုတည်းအတွက် သီးသန့်သုံးစွဲရန်ရေသိုလှောင်ထားသည့် ရေကန် ကြီး ဖြစ်ကြောင်း သိရသည်။
😢9👍3😁1
ယင်းရေကန်သည်တိုက်ကြီးမြို့နယ်စတင်တည်ထောင်သည့်အချိန်ကတည်းက တည်ရှိနေခြင်းဖြစ်ပြီး မြို့နယ်အခြေစိုက် နိဗ္ဗာန်ချမ်းသာမင်္ဂလာလူမှုကူညီရေးအသင်းက ၂၀၁၁ ခုနှစ်မှစတင်ကာ အလှမွေး ငါး များစတင်ထည့်သွင်းမွေးမြူခဲ့ခြင်း ဖြစ်သည်။
“ ငါးတွေ စသေလာတော့ ကျွမ်းကျင်တဲ့ မြို့နယ်ထဲကအင်းလုပ်တဲ့သူတွေကို အကူအညီတောင်းတော့ ချက်ချင်းရောက်လာတယ်။ သူတို့က ကြည့်ပြီးတော့ပုံစံမမှန်ဘူးဆိုပြီး ရှေးထုံးကုနည်းနဲ့ ငှက်ပျောအူတွေ ငါးကန်ထဲပစ်ချပြီး ထားတာလည်းမရဘူး။ မရတော့ရေစုပ်စက်ကြီးတွေမောင်း ရေတွေထိုး အောက်စီဂျင် မရရအောင်လုပ်ပေးတော့လည်း ဘယ်လိုမှငါးတွေက ပြန်လန်းမလာဘူး။ အကောင်ရေက တိုးတိုး တိုးတိုးပြီးသေလာတယ်။” ဟု ၎င်းက ပြောသည်။
ငါးကန်အတွင်း၌ အလှမွေးငါးဖြစ်သည့် ရွှေ၀ါငါးကြင်းအများစုအပြင်အခြားငါးမျိုးစိတ်များလည်းရှိကာ စုစုပေါင်းအကောင်ရေ သောင်းကျော်ရှိကြောင်း သိရသည်။
မီးသတ်ရေကန်အတွင်းမွေးမြူထားသည့် ငါးများသေဆုံးရသည့်အကြောင်းအရင်းနှင့်ပတ်သက်ပြီး လူမှု ကွန်ရက်စာမျက်နှာပေါ်တွင် ငါးကန်အဆိပ်ခတ်ခံရခြင်း ဖြစ်ကြောင်းသတင်းထွက်ပေါ်မှုများလည်း ရှိနေ သည်။
သို့သော် ထွက်ပေါ်နေသည့် သတင်းများကိုအတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဌာနဆိုင်ရာများ၊ ကျွမ်းကျင် ပညာရှင်များနှင့်ချိတ်ဆက်ကာစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။
“ကျွမ်းကျင်ပညာရှင်တွေခေါ်ထားတယ်။ ဌာနဆိုင်ရာတွေနဲ့ချိတ်ဆက်ပြီးလုပ်နေတယ်။ လက်ရှိအချိန်မှာ အတည်ပြုလို့မရသေးဘူးဖြစ်နေတယ်။ရာသီဥတုကလည်း အရမ်းပူတော့လေ။ အပြင်ပယောဂကိုတော့ မစွပ်စွဲချင်သေးဘူး။ ဒါတွေကလည်းကိုယ်မမြင်ရတဲ့ အရာတွေဖြစ်နေလို့လေ။ ငါးတွေ၊ ရေတွေကိုဓာတ်ခွဲ ပြီးမှပဲ သိရမှာပါ” ဟု အသင်းတာ၀န်ရှိသူက ဆိုသည်။
ယနေ့ မေလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းအထိ ငါးကန်အတွင်းမှငါးအကောင်ရေ ၆,၀၀၀ ကျော်သေဆုံးထားခဲ့ ဖြစ်ကာ အသက်ရှင်ကျန်ရှိနေသည့်ငါးများကို ကယ်ဆယ်နိုင်ရန်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ လက်ရှိ အသက်ရှင်တာဆို ၃၀၀၀ ကျော်လောက်ပဲ ရှိတော့မယ်။တကယ်သာ အဆိပ်ခတ်ခံရရင်တော့
အဲဒီကောင်တွေလည်း အခြေအနေမကောင်းဘူး။ လက်ရှိရေပေါ်မှာရှင်နေတာတွေကို ဖမ်းရသလောက် သုံးကောင်ရှိတယ်။ အဲဒီကောင်တွေကိုအောက်စီဂျင်တွေပေး၊ ရေတွေလဲလုပ်တော့ တော်တော်လေး တော့လန်းလာပြီ အစာတော့မစားနိုင်သေးဘူး” ဟု အသင်းတာ၀န်ရှိသူက ဆက်ပြောသည်။
ငါးများသေဆုံးခဲ့သည့် မီးသတ်ရေလှောင်ကန်သည်ရေ၀င်ရေထွက်မရှိသည့် ရေသေကန်အမျိုးအစား ဖြစ်ပြီး ကန်အတွင်းရေ၀င်ရောက်မှုအတွက်အ၀ိဇိတွင်းနှစ်တွင်းဖြင့် တရက်လျှင်နှစ်ကြိမ်ရေဖြည့်တင်းမှု ပြုလုပ်ပေးနေကြောင်း သိရသည်။
“ကန်ကရေသေပါ ကန်ဘေးမှာ အ၀ိဇိတွင်းလေးလက်မနှစ်တွင်းရှိတယ်။နှစ်တွင်းကို တရက်နှစ်ကြိမ် ကန် အတွက်မောင်းပေးတယ်။ မီးပျက်ရင်မီးစက်နဲ့မောင်းတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အခုလို ရေမမောင်း ပေးတော့အကောင် ၁၀၀ ကျော်သေဖူးတယ်။ ဒီနှစ်တော့ အဖြစ်မခံဘူးဆိုပြီးရေတောက်လျောက်လိုက် ထည့်တာ။ အဲဒီလိုလုပ်တာတောင် အခုလိုမျိုးဖြစ်တော့ကျွန်တော်တို့အားနည်းချက်လား သဘာ၀ တရား ကြောင့်လားဆိုတာ စဥ်းစားမရဖြစ်နေတယ်” ဟုအသင်းတာ၀န်ရှိသူက ဆိုသည်။​
လက်ရှိအချိန်တွင် ငါးများသေဆုံးခဲ့သည့် မီးသတ်ရေကန်အတွင်းကျွမ်းကျင်သူများဖြင့်ကန်သန့်ရှင်းရေး ပြုလုပ်နေကာ သေဆုံးနေသည့်ငါးများအား အပုပ်နံ့မထွက်ခင်ဆယ်ယူမှုများ ပြုလုပ်နေကြောင်း သိရ သည်။
သေဆုံးရသည့်အကြောင်းအရင်း စိစစ်နိုင်ခြင်းမရှိသေးသည့်ငါးများကိုဒေသခံအချို့က စားသုံးရန်အတွက် လာရောက် ယူဆောင်မူများလည်း ရှိခဲ့ကြောင်းသိရသည်။
“ လက်ရှိမှာ ကျွမ်းကျင်သူတွေနဲ့ ကန်သန့်ရှင်းရေးလုပ်နေတယ်။အခုသေတဲ့ငါးတွေကို အပုပ်နံ့မထွက်ခင် ရသလောက်ဆွဲထုတ်နေတယ်။အပြင်ကိုလည်း အထွက်မခံဘူး။ ဒါပေမယ့် တစ်ကောင်စ နှစ်ကောင်စ တော့ထွက်သွားတယ်။ မစားစေချင်တာပါ။ဘာကြောင့် သေမှန်းမသိတော့ ရောဂါတွေ ပြန့်မှာစိုးတာ” ဟုအသင်းတာ၀န်ရှိသူက ဆိုသည်။
မီးသတ်ရေလှောင်ကန်အတွင်း သေဆုံးခဲ့ရသည့်ငါးများကိုပြင်ပသို့မရောက်ရှိစေရန်အတွက် နိဗ္ဗာန်ချမ်း သာမင်္ဂလာအသင်းက အထူးကြပ်မတ်ဆောင်ရွက်နေပြီးတိုက်ကြီးမြို့ရှိသုသာန်အတွင်း မြေကျင်းတူးကာမြုပ်နှံမှုများ ပြုလုပ်နေကြောင်း သိရသည်။
စာတည်း ။ ။​ Alden
စာမူတည်းဖြတ်။ ။စောဖေ
#အလှမွေးငါး
#တိုက်ကြီးမြို့နယ်
#မီးသတ်ရေကန်
#သေဆုံး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1
​​ကိုယ်ပိုင်ကျောင်းများတွင် ပါတီနိုင်ငံရေးအကြောင်းဆွေးနွေးလျှင် ထောင်ဒဏ် ၆ လ ချမှတ်နိုင်သည့် ဥပဒေ အာဏာသိမ်းစစ်ကောင်စီပြဋ္ဌာန်း

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။စစ်ကောင်စီက ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့် ပုဂ္ဂလိကပညာရေးဥပဒေတွင် ကိုယ်ပိုင် ကျောင်းများ၌ ပါတီနိုင်ငံရေးအကြောင်းဆွေးနွေးလျှင် အနည်းဆုံး ထောင်ခြောက်လအထိ ချမှတ်နိုင် ကြောင်း ပြဋ္ဌာန်းထားသည်။
၂၀၂၃ ခုနှစ် မေလ ၁၂ ရက်နေ့က အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့သည့် ပုဂ္ဂလိကပညာရေးဥပဒေတွင် အခန်း ၁၆ ခန်းပါဝင်ပြီး ပုဒ်မပေါင်း ၈၂ ခု ပါဝင်သည်။
ဥပဒေ၏ အခန်း(၁၄) ပုဒ်မ(၆၈) တွင် မည်သူမျှ ကျောင်းများတွင် နိုင်ငံတော်မူဝါဒနှင့်ဆန့်ကျင်သော ပါတီ နိုင်ငံရေးဆိုင်ရာ အကြောင်းရာများနှင့် နိုင်ငံရေးအကြောင်းအရာများကို ဟောပြောခြင်းသင်ကြားခြင်း၊ ထည့်သွင်းပြောကြားခြင်း၊ ဆွေးနွေးခြင်းသို့မဟုတ် ထိုသို့ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ခြင်းမပြုရဟု ဆိုထားပြီး လိုက်နာခြင်းမရှိပါက အနည်းဆုံးထောင်ဒဏ် ခြောက်လမှ တစ်နှစ်အထိ၊ ငွေဒဏ်အားဖြင့် သိန်း ၃၀ မှ သိန်း ၅၀ အထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ထို့ပြင် ပုဒ်မ(၆၃)တွင်လည်း မည်သူမျှ နိုင်ငံတော်တည်ငြိမ်ရေး၊လုံခြုံရေး သို့မဟုတ် အမျိုးသား ယဉ်ကျေးမှုကို ထိခိုက်စေသောလုပ်ရပ်များမလုပ်ရဟု ပြဋ္ဌာန်းထားပြီး ဖောက်ဖျက်ကျူးလွန်ပါက ထောင် ဒဏ်အနည်းဆုံးတစ်နှစ်မှ အများဆုံးနှစ်နှစ်အထိအပြင် ငွေဒဏ်သိန်း ၃၀၀ မှ သိန်း ၅၀၀ အထိ ချမှတ် နိုင်သည်ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။
အဆိုပါဥပဒေပြဋ္ဌာန်းချက်နှစ်ရပ်ကိုလေ့လာကြည့်ပါက စစ်ကောင်စီသည် ကျောင်းသားကျောင်းသူများ နှင့် ဆရာဆရာမများကို နိုင်ငံရေးအကြောင်းပြောလျှင်ပင် အနည်းဆုံး ထောင်ဒဏ်ခြောက်လအထိ ချမှတ် မည်ဟု ခြိမ်းခြောက်ထားခြင်းဖြစ်သည်။
စစ်ကောင်စီသည် ၂၀၁၀ ခုနှစ်က ဦးသိန်းစိန်လက်မှတ်ရေးထိုးထုတ်ပြန်ထားသည့် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေကို ဖျက်သိမ်းပြီး လက်ရှိဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။
ယခု စစ်ကောင်စီကပြဋ္ဌာန်းသည့်ဥပဒေနှင့်ပတ်သက်ပြီး အခြေခံပညာရေးလုပ်သားသမဂ္ဂများ တိုက်ပွဲ ဦးဆောင်ကော်မတီ(BEWU-SC)၏ ဗဟိုအလုပ်အမှုဆောင် ဆရာနောင်ချိုက “စစ်ကျွန်ပညာရေးစနစ်ကို အသက်သွင်းတဲ့ ဥပဒေလို့ မြင်ပါတယ်ဗျ။ အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် ဒီမိုကရေစီမသိ၊ နိုင်ငံရေးမသိတဲ့ ခပ်ညံ့ညံ့မျိုးဆက်တွေကို ပညာရေးကတဆင့်မွေးထုတ်ဖို့ ပညာရေးကို စနစ်တကျ ဖျက်ဆီးဖို့ လုပ်နေတယ်လို့ မြင်ပါတယ်”ဟု ပြောသည်။
ပုဂ္ဂလိကကျောင်းဟုဆိုရာတွင် အစိုးရ၏ သင်ရိုးညွှန်းတမ်းများအတိုင်း ဆောင်ရွက်သော၊ သင်ကြားသော အခြေခံပညာကျောင်းများနှင့် ပြည်ပသင်ရိုးညွှန်တမ်းများဖြင့်သင်ကြားသော အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များပါဝင်သည်။
၂၀၁၀ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် ပုဂ္ဂလိကအခြေခံပညာကျောင်းများမှာ ကျောင်းသားမိဘများ အကြားတွင် အထူးကျော်ကြားသော ပညာရေးစနစ်တစ်ခု ဖြစ်လာသည်။
အာဏာမသိမ်းမီ ပညာရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင်
ကိုယ်ပိုင်ကျောင်းပေါင်း ၁၀၀၀ ကျော်ရှိသည်။
အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုများတွင်ပါဝင်၍ သော်လည်းကောင်း၊ ကျောင်းများတွင် စစ်သား များရှိနေသည့်အတွက် လုံခြုံရေးစိုးရိမ်ရသည့်အတွက်ကြောင့်လည်းကောင်း အစိုးရအခြေခံပညာကျောင်း များကို ကျောင်းသားကျောင်းသူများအနေဖြင့် စွန့်ခွာခဲ့မှုများရှိလာပြီး ကိုယ်ပိုင်ကျောင်းများကို ရွေးချယ်မှု များ ပိုလာခဲ့သည်။
ထို့ကြောင့် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ကိုယ်ပိုင်ကျောင်းစုစုပေါင်း ၉၀ ရာခိုင်နှုန်းနီးပါး ပြန် လည်ဖွင့်လှစ်ခဲ့ပြီး ကျောင်းအပ်သူများပြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုယ်ပိုင်ကျောင်းများအသင်း တွဲဖက်အတွင်းရေးမှူး ဆရာဦးစိုးအောင်က ပြီးခဲ့သည့်ကျောင်းအပ်ရာသီကပြောခဲ့သည်။
လက်ရှိစစ်ကောင်စီက အသစ် ပြဋ္ဌာန်းထားသည့် ဥပဒေသည် ကျောင်းသားမိဘများအကြားတွင်လည်း စိုးရိမ်စရာဖြစ်လာသည်။
“အတန်းငယ်တွေကကိစ္စမရှိဘူးလေ။ နည်းနည်းသိတတ်တဲ့ကလေးတွေက ဖုန်းထဲမှာ နိုင်ငံရေးမကောင်း ဘူးဆိုတာတွေ့နေရတော့ ပြောမိဆိုမိရင်အဆင်မပြေနိုင်ဘူးပေါ့။ အဲဒီလိုကျောင်းတွေမှာကလည်း ကလေးက ပေါင်းစုံလေ” ဟု ကျောင်းသားတစ်ဦး၏ မိခင်က မှတ်ချက်ပြုသည်။
ထိုသို့ဥပဒေများ မပြဌာန်းခင်ကတည်းကလည်း စစ်ကောင်စီသည် ကိုယ်ပိုင်ကျောင်းအချို့ကို နိုင်ငံရေး လုပ်ငန်းများနှင့် ဆက်နွယ်သည်ဟုဆိုကာမှတ်ပုံတင်ပိတ်သိမ်းမှုများ ပြုလုပ်ခဲ့သည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကောင်စီ
#ပုဂ္ဂလိကပညာရေးဥပဒေ
#ကိုယ်ပိုင်ကျောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁13👍8❤2👏1🤣1