Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မေလ ၂၃ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
​​ဖားကန့်တွင် အမျိုးသား ၁ ဦး သေနတ်ပစ်ခံရ
================

အဂမ်
(မဇ္ဈိမ)။ ။ ကချင်ပြည််နယ် ဖားကန့်မြို့ မှော်ဝှမ်းရပ်ကွက်တွင် ယမန်နေ့ မေလ ၂၂ ရက် နေ့လယ်ပိုင်း ၂ နာရီကျော်အချိန်လောက်က အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး အခြေအနေစိုးရိမ်ရ​​ကြောင်း ဒေသခံများက ဆိုကြသည်။

ဖားကန့်မြို့ မော်ဝှမ်းရှိ မျိုးသန့် ဆံပင်ညှပ်ဆိုင်အနီးရှိ ကွမ်းယာဆိုင်ရှေ့တွင် ဆိုင်ကယ်ဖြင့်ရောက်ရှိလာသည့် လူငယ်များက သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“လမ်းမှာကားတွေ ဆိုင်ကယ်တွေရှုပ်နေတဲ့အချိန် ပစ်သွားတာဟုတ်တယ်။ ဆိုင်ကယ်နဲ့ပဲ ဟုတ်တယ်။ လူငယ်လေးတွေပါပဲ။ သိတဲ့အတိုင်း ကွမ်းယာဆိုင်ဆိုတော့ လူကလည်းရှုပ်နေတဲ့အချိန် အသံကြားလို့ ကြည့်လိုက်တာ ဆိုင်ရှေ့မှာ လူက လဲနေပြီ ” ဟု သတင်းရင်း မြစ်က အခုလိုပြောသည်။

ပစ်ခတ်ခံရသူမှာ အသက် ၅၄ နှစ်ခန့်အရွယ်ရှိ ဦးဇော်တူးဆိုသူဖြစ်ကြောင်း စုံစမ်းသိရှိရပြီး၊ လည်ပင်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့်အတွက် လက်ရှိဖားကန့်ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေတယ်လို့ စုံစမ်းသိရှိရသည်။

မည်သည့်အဖွဲ့က ဘာကြောင့် ပစ်ခတ်သွားခဲ့သည်ကိုတော့ စုံစမ်းနေဆဲ ဖြစ်သည်။

ကချင်ပြည်နယ်အတွင်းက ဖားကန့်ရတနာမြေတွင် ယခုလို ဖြစ်စဉ်များမကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဖားကန်မြို့
#ရတနာမြေ
#မှော်ဝမ်းရပ်ကွက်
#ဆံပင်ညှပ်ဆိုင်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
Media is too big
VIEW IN TELEGRAM
အမေရိကန်ဌာနေတိုင်းရင်းသား မျိုးနွယ်စု ၅၆၂ ခုရဲ့ မှတ်တမ်း | VOA On Mizzima

Watch more detail - https://youtu.be/3b85AkOKP9k

#VOA #AmericanNews #VideoNews #shorts #Reels
👍5🤮1
တဏှာကင်းတဲ့ ပွေ့ဖက်မှု ဝန်ဆောင်မှုလုပ်ငန်း ထွန်းကား | VOA On Mizzima
====================

အာဖရိကတိုက်ရဲ့ ပထမဆုံးသော အခကြေးငွေယူပြီး တဏှာကင်းစွာ ပွေ့ဖက်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းကို တောင်အာဖရိကနိုင်ငံမှာ ဖွင့်လှစ်လိုက်ပါပြီ။ ကိုဗစ်ကပ်ရောကာကာလအတွင်း အထီးကျန်စွာနေခဲ့ရတာတွေနဲ့ စီးပွားရေးအကြပ်အတည်းတွေကြောင့် အခုလို အခကြေးငွေယူကာ ပွေ့ဖက်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်း ထွန်းကားလာနေတာပါ။ ဂျိုဟန်နာဘတ်စ်ကနေ Zaheer Cassim သတင်းပေးပို့လာတာကို ရဲမွန်က တင်ဆက်ထားပါတယ်။

https://youtu.be/uFsrcUpZUXo

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁1🖕1
မေလ (၂၃)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
==================

01:00 − မုန်တိုင်းအပြီး တစ်ပတ်ကျော်ကြာတဲ့အထိ ရခိုင်မှာ အကူအညီတွေမရသေးဘူးလို့ ဒေသခံတွေပြောတဲ့သတင်း

04:34 − မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြနေကြတဲ့သတင်း

06:24 − မြိတ်မြို့မှာ မီတာခ ယူနစ်ဈေးတွေ လျှော့ချပေးဖို့ မြို့ခံတွေ တောင်းဆိုတဲ့သတင်းနဲ့

10:17 − ပျက်ကျခဲ့တဲ့လေယာဉ်မှ ကလေးငယ်တွေကို အသက်ရှင်လျက်တွေရှိခဲ့ကြောင်း ပြောဆိုချက်ကို ကိုလံဘီယာသမ္မတပြန်ရုတ်သိမ်းတဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်း နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/jK_f0h0T7xQ

#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3🤮1🍌1
ရွှေအများဆုံး ထွက်တဲ့ ဗာဂျီးနီးယားပြည်နယ် | VOA On Mizzima
====================

အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဗာဂျီးနီးယားဓနသဟာယပြည်နယ်ဟာ တချိန်က အမေရိကန်ရဲ့ အကြီးဆုံးရွှေ ထွက်တဲ့ ဒေသတခုပါ။ ရွေရှာ၊ ရွှေတူးသူတွေဟာ အမေရိကန်ရဲ့ အနောက်ဘက် ဒေသတွေဆီ ပြောင်းရွှေ့ခဲ့ကြလို့ ရွှေလုပ်ငန်းက အဲဒီမှာ တိမ်ကောခဲ့ပါတယ်။ ဒါပေမယ့် အခု အခါမှာတော့ တိုးတက်လာတဲ့ နည်းပညာ အပြင် ရွှေဈေးတွေ တက်လာတာကြောင့် အဲဒီမှာ မကြာခင် ရွှေတူးလုပ်ငန်း တခေတ် ပြန် ဆန်းသစ်လာဖို့ ရှိနေပါတယ်။ ဗွီအိုအေရဲ့ ပြည်တွင်းရေးရာ သတင်းထောက်ချုပ် စတိဗ်ဟာမန်း က ဗာဂျီးနီးယားကို ကိုယ်တိုင်သွား သတင်းရယူထားတာကို ကိုငြိမ်းချမ်းအေးက တင်ဆက်ထားပါတယ်။

https://youtu.be/VxAEZ7t-Q8s

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥2
​​ပေါင်းတည်မြို့တွင် ပျူခေါင်းဆောင်သတင်းပေး ပစ်ခတ်ခံရ
===============

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ပြည်ခရိုင် ပေါင်းတည်မြို့တွင် ညောင်နီပင်ကျေးရွာ ၏ ရာအိမ်မှူး ပျူသင်တန်းဆင်း ပျူစောထီးခေါင်းဆောင် သတင်းပေးဆိုသူ ဦးသန်းနိုင်(ခေါ်) နိုင်ကြီးအား မေလ ၂၂ ရက်နေ့ နံနက် ၁ နာရီ ၃၀ခန့်တွင် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)မှ ပစ်ခတ်ခဲ့သည်ဟု PPDF ပြန်ကြားရေးတာဝန်ခံမှ ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဦးသန်းနိုင်မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းသိရသည်။

"ညောင်နီပင်ရွာက သူ့ယောက်ဖအိမ်မှာပဲ အနီးကပ်ပစ်ခတ်ခဲ့တာပါ၊ တခြားဘေးလူထိခိုက်မှုမရှိပါဘူး" ဟု PPDF ပြန်ကြားရေးတာဝန်ခံမှပြောသည်။

ပစ်ခတ်ခံရသူ ဦးသန်းနိုင်သည် ညောင်နီပင်ရွာသား အုပ်စုအုပ်ချုပ်ရေးမှူးအား ကြိုးကိုင်ထားသူဖြစ်ပြီး ရွာရှိ ၎င်းနှင့်မတည့်သူ လူငယ်များအား PDF ဟုစွပ်စွဲကာ စစ်ကောင်စီတပ်သို့ သတင်းပေးတိုင်ကြားခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏စခန်းချရာ နေရာများကို ထောက်လှမ်းကာ စစ်ကောင်စီတပ်ကိုသတင်းပေးခြင်းနှင့် ပျူစောထီးသင်တန်း ဦးဆောင်ပေးနေခြင်းများ လုပ်ဆောင်နေသူဖြစ်သောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပေါင်းတည်မြို့နယ်တွင် ယခု မေလအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့်ကြား တိုက်ပွဲပေါင်း ရှစ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ရှစ်ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ သတင်းပြန်ကြားရေး၏ ထုတ်ပြန်ထားသောအချက်အလက်များအရ သိရသည်။

စစ်ကောင်စီတပ်များသည် ပဲခူးရိုးမအတွင်းတပ်စွဲထားသော ပြည်သူ့ကာကွယ်ရေးတပ်များအား တိုက်ခိုက်ချေမှုန်းနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ရိုးမဘက်သို့ စစ်ကြောင်းထိုးခြင်း၊ သတင်းထောက်လှမ်းခြင်းများပြုလုပ်နေသောကြောင့် စစ်ရေးအခြေအနေတင်းမာနေခြင်းဖြစ်သည်။

ထိုကဲ့သို့စစ်ရေးအခြေအနေတင်းမာနေသောကြောင့် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီ၏ ဒေါက်တိုင်များဖြစ်သော အုပ်ချုပ်ရေးမှူးများ သတင်းပေးများနှင့် ပျူစောထီးများကိုပြတ်ပြတ်သားသား အရေးယူလုပ်ဆောင်နေပြီဖြစ်ကြောင်း PPDF ပြန်ကြားရေးတာဝန်ခံမှ အသိပေးထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ပေါင်းတည်မြို့
#PPDF
#ညောင်နီပင်ကျေးရွာ
#ရာအိမ်မှူး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥2👏2
မော်လမြိုင်မြို့ပေါ်ရှိ ရွှေဆိုင် ဓားပြတိုက်ခံရ
=================

ဂျူချန်း(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ယမန်နေ့ မေလ ၂၂ရက်က ဓားပြတိုက်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ မွန်းလွဲ ၂နာရီခန့်၌ သီရိမြိုင်ရပ်ကွက်၊ ဘုရားလမ်းဆုံထောင့်ရှိ ဆင်ဖြူတော်ရွှေဆိုင်တွင် ဆိုင်ကယ်မောင်းလာသည့် လူနှစ်ဦးသည် ဆိုင်အတွင်းသို့ ဝင်လာကာ အရောင်းကောင်တာရှိ အမျိုးသမီးနှစ်ဦးအား ဓားဖြင့် ခြိမ်းခြောက် ရိုက်နှက်ရာ ဆိုင်တွင်းရှိ အမျိုးသမီးများမှ ပြန်လည်ခုခံခဲ့သောကြောင့် ရွှေလက်ကောက်ထည့်ထားသည့် ဗန်းတစ်ချပ်ကိုယူကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

"နှစ်ယောက်ဝင်လုတာ။ နှစ်ယောက်စလုံးမှာ ဓားပါတယ်။ ကောင်မလေးတွေက ပြန်ရိုက်တယ်။ အဲ့ဒါပြီးတော့ သူတို့(လုယက်သူ) တွေက လက်ကောက်ထည့်တဲ့ ကတ်တစ်ကတ်ယူပြီး ပြေးသွားတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြန်လည်ခုခံသည့် အမျိုးသမီးများအနက် တစ်ဦးသည် ဆိုင်ပိုင်ရှင်ဖြစ်ပြီး ကျန်သူများမှာ ဆိုင်ဝန်ထမ်းများဖြစ်ကြောင်းနှင့် အမျိုးသမီးများတွင် ဒဏ်ရာကြီးကြီးမားမား မရရှိခဲ့ကြသော်လည်း ရွှေ ၆၀ ကျပ်သားခန့် ပါသွားကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါလုယက်မှုနှင့် ပတ်သက်ပြီး ဆိုင်ရှင်များက မော်လမြိုင်မြို့မ ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားပြီး လုယက်သူများအား လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ဆိုသည်။

အလားတူ လွန်ခဲ့သည့် နှစ်လခန့်ကလည်း မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်ရှိ ရွှေအုန်းပင်ရွှေဆိုင် ယခုကဲ့သို့ ဓားပြတိုက်လုယက်ခံရကာ ငွေသား သိန်း ၂၀ ခန့် ပါသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။


အာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့တွင် ခိုးမှု နှင့် လုယက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိရာ ယခုကဲ့သို့ တရားဥပဒေစိုးမိုးမှု လျော့နည်းလာခြင်းကြောင့် ဒေသခံများအနေဖြင့် ၎င်းတို့၏ လုံခြုံရေးကို စိုးရိမ်မိကြောင်း ဆိုသည်။


စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

https://youtu.be/4JdYToyhJj0


#မွန်ပြည်နယ်
#မော်လမြိုင်မြို့
#ရွှေဆိုင်
#ဓားပြမှု

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8❤2🔥1
This media is not supported in your browser
VIEW IN TELEGRAM
May - 23 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour
#reels #shorts
👍5🍌1🖕1
​​ကလေးမြို့ ပင်မသပိတ်အဖွဲ့ဝင် ၄ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၂နှစ်စီချမှတ်
======================

ပါခွီး
မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်အဖွဲ့ဝင်လေးဦးကိုစစ်ကောင်စီက ထောင်ဒဏ် နှစ်နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းကလေးမြို့ခံတချို့ဆီမှ သိရသည်။

ကလေးမြို့၊ အမျိုးသမီးသပိတ်စစ်ကြောင်းမှ သပိတ်ဦးဆောင်သူတစ်ဦးဖြစ်သော မအိစံအပါအဝင် မကျင်ဒိတ်ကင်၊ ကိုမျိုးကိုဝင်း၊ ကိုသန်းစိုးဦးတို့ကို ထောင်ဒဏ်များချမှတ်ခဲ့ခြင်းဟု အမျိုးသမီး မဟာမိတ်အင်အားစု (WAB) မှ မေလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

“ ထောင်ဒဏ်ချလိုက်တယ်လို့ကြားတယ်။ နောက်ပြီး ထပ်တိုးအမှုကြီးတွေနဲ့ ဆွဲထားတယ်လို့လည်း ကြားမိတယ်။ ဘာပုဒ်မ၊ ဘယ်လိုအမှုဆိုတာတော့ သေချာမသိဘူး ” ဟု ကလေးမြို့ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ သပိတ်အဖွဲ့ဝင်လေးဦးနှင့်အတူ အခြားအဖွဲ့ဝင် မိသားစုဝင်အချို့ပါ အဖမ်းခံခဲ့ရသော်လည်း မိသားစုဝင်များမှာ ပြန်လည်လွတ်မြောက်ခဲ့ပြီးဖြစ်ကြောင်းဆိုသည်။

အဖမ်းအဆီးခံရပြီးနောက်တွင် မအိစံနှင့် ကိုမျိုးကိုဝင်းတို့နှစ်ဦးတွင် နှိပ်စက်ခံရသည့် ဒဏ်ရာများကို သိသိသာသာတွေ့ရှိခဲ့ရကြောင်း WAB ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ လေးဦး၏ ကျန်မားရေးအပါအဝင် အခြေအနေအသေးစိတ်ကို မဇ္စျိမအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်မှ ဖမ်းဆီး၍ နှိပ်စက်ခံရသော ၎င်းတို့၏ အဖွဲ့ဝင်များအတွက်သာမက ပြည်သူအားလုံးအတွက် မတရားမှုမှန်သမျှကို ဆက်လက်ကြိုးပမ်းတိုက်ထုတ်သွားမည်ဖြစ်ကြောင်း အမျိုးသမီးမဟာမိတ်အင်အားစု က အသိပေးထားသည်။

မအိစံနှင့်အတူ မကျင်ဒိတ်ကင် ၊ ကိုမျိုးကိုဝင်း ၊ ကိုသန်းစိုးဦးတို့သည် ဧပြီလ ၁၆ ရက် နေ့လယ် ၂ နာရီခန့်တွင် ကလေးမြို့ ၊ ဗိုလ်ချုပ်လမ်းပေါ်၌ အတာရေအိုးများတွင် “တော်လှန်သင်္ကြန်” စာသားများရေးပြီး ကိုင်ဆောင်ဆန္ဒပြစဉ် စစ်ကောင်စီတပ်မှ သေနတ်ဖောက်ဖြိုခွင်းပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ဖမ်းဆီးမှုအပြင် ဧပြီလ ၁၉ ရက်နှင့် ၂၀ ရက်နေ့များတွင် မအိစံ၊ မကျင်ဒိုကင်နှင့် အခြားသပိတ် အင်အားစုဝင်ဖြစ်သော ကိုထန်ရှန်ကစ်ပ်၊ မပွားလေးတို့၏ နေအိမ်များကို စစ်ကောင်စီတပ်က အဓမ္မအင်အားသုံးဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

စာတည်း ။ ။​ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ကလေးမြို့
#ပင်မသပိတ်
#ထောင်ဒဏ်ချမှတ်
#ဆန္ဒပြ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2👏1
Media is too big
VIEW IN TELEGRAM
တဏှာကင်းတဲ့ ပွေ့ဖက်မှု ဝန်ဆောင်မှုလုပ်ငန်း ထွန်းကား | VOA On Mizzima

Watch more detail - https://youtu.be/uFsrcUpZUXo

#VOA #VideoNews #shorts #Reels
👍5😁1🖕1
This media is not supported in your browser
VIEW IN TELEGRAM
ရွှေအများဆုံး ထွက်တဲ့ ဗာဂျီးနီးယားပြည်နယ် | VOA On Mizzima

Watch more detail - https://youtu.be/VxAEZ7t-Q8s

#VOA #VideoNews #ရွှေအများဆုံး ထွက်တဲ့ ဗာဂျီးနီးယားပြည်နယ်#shorts #Reels
👍4🔥3
အာဏာသိမ်းစစ်တပ်နှင်မပူးပေါင်းရန် တရုတ်အစိုးရကို ရန်ကုန်တွင်လူငယ်များဆန္ဒပြ
👍10😁4
အာဏာသိမ်းစစ်တပ်နှင်မပူးပေါင်းရန် တရုတ်အစိုးရကို ရန်ကုန်တွင်လူငယ်များဆန္ဒပြ
=======================

မောင်ခက်နွေ၊ ဂန္ဓမာ
(မဇ္ဈိမ)။ ။အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်ပူးပေါင်းသည့်တရုတ်အစိုးရ၏ လုပ်ရပ်များကို ဆန့်ကျင် ကန့်ကွက်ကြောင်း ယနေ့ မေလ ၂၃ ရက်နေ့နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများစုပေါင်း၍
ရန်ကုန်မြို့ရှိ တံတားတစ်စင်းပေါ်၌ “China,Respect Myanmar People’s Voice!!! Stop Supporting Fascist Criminals” စာတန်းချိတ်ဆွဲကာ ဆန္ဒပြခဲ့ကြသည်။

လုံခြုံရေးတင်းကြပ်ထားသော ရန်ကုန်မြို.ရှိတံတားတစ်ခုတွင် Kyimyindaing Networks (KMD18) နှင့် Mayangone DemocraticFront (MDF) တော်လှန်ရေးအင်အားစုများပူးပေါင်းပြီး ချိတ်ဆွဲဆန္ဒပြခဲ့ကြ ခြင်းဖြစ်ကြောင်းသိရသည်။

“တရုတ်အစိုးရအနေနဲ့တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကိုလိုလားမယ်၊ မြန်မာနိုင်ငံသူ/သားများရဲ့ ဆန္ဒအမှန် ကို လေးစားမယ်ဆို ကျနော်တို့ရဲ့ ပြည်သူ့အစိုးရ National Unity Government of Myanmar (NUG)နဲ့ အမြန်ဆုံး တွေ့ဆုံညှိနှိုင်းဆောင်ရွက်သွားဖို့ကို ဒီနေရာကနေ လေးစားစွာဖြင့် တိုက်တွန်းတောင်းဆိုလိုက် ပါတယ်”ဟု Kyimyindaing Networks(KMD18)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တရုတ်အစိုးရအနေဖြင့် အာဏာသိမ်းစစ်တပ်ကိုထောက်ခံပြီးလူသတ်အကြမ်းဖက်မှုများကို ဆက်လက် အားပေးနေပါက တရုတ်အစိုးရကိုလည်း လူသတ်အားပေး တရားခံအဖြစ် သတ်မှတ်မည်ဖြစ်ကာ တရုတ် သည်မြန်မာပြည်သူတရပ်လုံး၏ “ဘုံရန်သူ” စာရင်းဝင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

“တရုတ်အစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့အသံကိုလေးစားစေချင်တယ်၊ လူမျိုးတုန်းသတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်ကိုလုံးဝ(လုံးဝ)မထောက်ပံ့ဖို့ပြောချင်ပါတယ်၊ အကြမ်းဖက်အားပေးဆိုအကြမ်းဖက် သမားအဖြစ် မြန်မာပြည်သူများကသတ်မှတ်မှာဖြစ်ပြီး မြန်မာပြည်သူအားလုံးရဲ ဘုံရန်သူဖြစ်သွားပါလိမ့် မယ်” ဟု MDFသတင်းနှင့်ပြန့်ကြားရေး အဖွဲ့ဝင်တစ်ဦးကလည်း မဇ္ဈိမကို ပြောသည်။

လက်ရှိအချိန်ထိ အာဏာသိမ်းစစ်ကောင်စီသည် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ သံဃာ တော်များ၊ ကျောင်းသူကျောင်းသားများနှင့်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထောင်သွင်း အကျဉ်းချထားပြီး မေလ ၂၂ရက်အထိ လူပေါင်း ၂၂,၆၂၄ ဦး ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရကြောင်း နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ သိရသည်။

စာတည်း။ ။နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#တရုတ်အစိုးရကိုဆန္ဒပြ
#လူငယ်
#ရန်ကုန်စစ်အာဏာရှင်ဆန့်ကျင်ရေး
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9👍3😁3