အာဏာသိမ်းစစ်တပ်နှင်မပူးပေါင်းရန် တရုတ်အစိုးရကို ရန်ကုန်တွင်လူငယ်များဆန္ဒပြ
=======================
မောင်ခက်နွေ၊ ဂန္ဓမာ
(မဇ္ဈိမ)။ ။အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်ပူးပေါင်းသည့်တရုတ်အစိုးရ၏ လုပ်ရပ်များကို ဆန့်ကျင် ကန့်ကွက်ကြောင်း ယနေ့ မေလ ၂၃ ရက်နေ့နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများစုပေါင်း၍
ရန်ကုန်မြို့ရှိ တံတားတစ်စင်းပေါ်၌ “China,Respect Myanmar People’s Voice!!! Stop Supporting Fascist Criminals” စာတန်းချိတ်ဆွဲကာ ဆန္ဒပြခဲ့ကြသည်။
လုံခြုံရေးတင်းကြပ်ထားသော ရန်ကုန်မြို.ရှိတံတားတစ်ခုတွင် Kyimyindaing Networks (KMD18) နှင့် Mayangone DemocraticFront (MDF) တော်လှန်ရေးအင်အားစုများပူးပေါင်းပြီး ချိတ်ဆွဲဆန္ဒပြခဲ့ကြ ခြင်းဖြစ်ကြောင်းသိရသည်။
“တရုတ်အစိုးရအနေနဲ့တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကိုလိုလားမယ်၊ မြန်မာနိုင်ငံသူ/သားများရဲ့ ဆန္ဒအမှန် ကို လေးစားမယ်ဆို ကျနော်တို့ရဲ့ ပြည်သူ့အစိုးရ National Unity Government of Myanmar (NUG)နဲ့ အမြန်ဆုံး တွေ့ဆုံညှိနှိုင်းဆောင်ရွက်သွားဖို့ကို ဒီနေရာကနေ လေးစားစွာဖြင့် တိုက်တွန်းတောင်းဆိုလိုက် ပါတယ်”ဟု Kyimyindaing Networks(KMD18)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တရုတ်အစိုးရအနေဖြင့် အာဏာသိမ်းစစ်တပ်ကိုထောက်ခံပြီးလူသတ်အကြမ်းဖက်မှုများကို ဆက်လက် အားပေးနေပါက တရုတ်အစိုးရကိုလည်း လူသတ်အားပေး တရားခံအဖြစ် သတ်မှတ်မည်ဖြစ်ကာ တရုတ် သည်မြန်မာပြည်သူတရပ်လုံး၏ “ဘုံရန်သူ” စာရင်းဝင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
“တရုတ်အစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့အသံကိုလေးစားစေချင်တယ်၊ လူမျိုးတုန်းသတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်ကိုလုံးဝ(လုံးဝ)မထောက်ပံ့ဖို့ပြောချင်ပါတယ်၊ အကြမ်းဖက်အားပေးဆိုအကြမ်းဖက် သမားအဖြစ် မြန်မာပြည်သူများကသတ်မှတ်မှာဖြစ်ပြီး မြန်မာပြည်သူအားလုံးရဲ ဘုံရန်သူဖြစ်သွားပါလိမ့် မယ်” ဟု MDFသတင်းနှင့်ပြန့်ကြားရေး အဖွဲ့ဝင်တစ်ဦးကလည်း မဇ္ဈိမကို ပြောသည်။
လက်ရှိအချိန်ထိ အာဏာသိမ်းစစ်ကောင်စီသည် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ သံဃာ တော်များ၊ ကျောင်းသူကျောင်းသားများနှင့်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထောင်သွင်း အကျဉ်းချထားပြီး မေလ ၂၂ရက်အထိ လူပေါင်း ၂၂,၆၂၄ ဦး ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရကြောင်း နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ သိရသည်။
စာတည်း။ ။နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#တရုတ်အစိုးရကိုဆန္ဒပြ
#လူငယ်
#ရန်ကုန်စစ်အာဏာရှင်ဆန့်ကျင်ရေး
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#တရုတ်အစိုးရကိုဆန္ဒပြ – Explore
explore #တရုတ်အစိုးရကိုဆန္ဒပြ at Facebook
❤9👍3😁3
မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီခန့် ရပ်ကွက်အုပ် ချုပ်ရေးမှူးက WY ဆေးပြားရောင်းချနေ
=========================
(အယ်ဒီတာထံပေးစာ)
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမြင့်ငြိမ်းဟာ WY စိတ်ကြွ ရူးသွပ်ဆေးပြားများရောင်းချပြီး မော်လမြိုင်ကျွန်းမြို့က လူငယ်တွေကို ဖျက်ဆီးနေပါတယ်။
မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၁၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်ငြိမ်းဟာ အာဏာသိမ်းပြီးနောက်မှာ စစ်တပ်မှခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးလည်းဖြစ်ပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရာထူးရယူပြီးနောက်မှာ ဦးမြင့်ငြိမ်းသာမကဘဲ ဦးမြင့်ငြိမ်းရဲ့ မိသားစုဝင်အချို့ကပါ မူး ယစ်ဆေးဝါး(WY)ရောင်းချပြီးစီးပွားရှာလျက်ရှိပါတယ်။
အဲ့ဒီလို မူးယစ်ဆေးဝါးရောင်းချနေတာကို အာဏာပိုင်တွေကသိရှိပေမဲ့ ဦးမြင့်ငြိမ်းနဲ့ သူရဲ့မိသားစုတွေကို အရေးယူတာမျိုး တစ်စုံတစ်ရာမှ မတွေ့ရပါဘူး။ အာဏာမသိမ်းခင်ကလည်း ဦးမြင့်ငြိမ်းရဲ့ မိသားစုတွေထဲမှာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျဖူးတဲ့သူတွေ ရှိပါတယ်။
ကျွန်တော်တို့ မော်လမြိုင်ကျွန်းဒေသခံတွေကတော့ ဦးမြင့်ငြိမ်းဟာ လူငယ်တွေကိုဖျက်ဆီးနေတာ ၊တော်လှန်ရေးမှာ မပါဝင်လာအောင် နည်းမျိုးစုံနဲ့နှောက်ယှက်နေတာလို့ မြင်ပါတယ်။
ဦးမြင့်ငြိမ်းဟာ အလှူခံပြီး အသက်မွေးနေသူလည်းဖြစ်လို့ ရပ်ကွက်ထဲမှာ နှစ်သောင်းမြင့်ငြိမ်းလို့ အမည်တပ်ခေါ်ဆိုလာမှုတွေလည်း ရှိပါတယ်။
မော်ကျွန်းမှာ နာရေးကူညီမှုအသင်းရှိပါတယ်။အာဏာသိမ်းပြီးနောက်ပိုင်းမှာ နာရေးကူညီမှုအသင်းက လူတွေကို စစ်တပ်ကလိုက်ဖမ်းနေတာကြောင့် အားလုံး အသင်းကနှုတ်ထွက်လိုက်ကြပါတယ်။
အဲ့ဒီလို နှုတ်ထွက်လိုက်တာကိုအကြောင်းပြပြီး မော်ကျွန်းနာရေးကူညီမှုအသင်းရဲ့ ဥက္ကဋ္ဌရာထူးကို ဦးမြင့်ငြိမ်းက အပိုင်သိမ်းလိုက်ပါတယ်။ အပိုင်သိမ်းပြီးနောက်မှာ နာကူအသင်းရန်ပုံငွေအတွက်ဆိုပြီး မြို့ပေါ်ကလူတွေဆီက တစ်လကို နှစ်ခါ အလှူခံပါတယ်။ အလှူခံလို့ရတဲ့ ငွေတွေကိုလည်း ကိုယ်ကျိုးအတွက် သုံးနေပါတယ်။
ဦးမြင့်ငြိမ်းဟာ ယခင်စစ်အစိုးရလက်ထက်မှာလည်း နာဂစ် ဒုက္ခသည်တွေအတွက်ရတဲ့ ငွေကြေးတွေကို အလွဲသုံးစားလုပ်မှုနဲ့ ထောင်ကျဖူးသူလည်းဖြစ်ပါတယ်။
အဲ့ဒီအပြင် မဘသ ရဟန်းတွေနဲ့ ဆက်နွယ်ပြီးအလုပ်လုပ်စားရာက ယခင်ရပ်ကွက်ပိုင် ဆွမ်းပတ်မှာ ကပ်နေရသူ ဦးမြင့်ငြိမ်းဟာ စစ်အာဏာသိမ်းပြီးမှ မြေနေရာဝယ်တိုက်ဆောက်ပြီး ငွေကြေးအဆင်ပြေနေတာကိုတွေ့ရပါတယ်။
အများသိနိုင်စေဖို့အတွက် မဇ္ဈိမရဲ့ အယ်ဒီတာထံပေးစာက တစ်ဆင့် ရေးသားလိုက်ရပါတယ်။
(မော်လမြိုင်ကျွန်းမြို့ခံ လူငယ်တစ်ဦး)
#mizzima
#အယ်ဒီတာထံပေးစာ

👍7🤮6❤3😁2🤬2
US signs security pact with Papua New Guinea to strengthen role in Pacific with eye on China
================
https://youtu.be/Kg3R0J1N0Sc
================
https://youtu.be/Kg3R0J1N0Sc
YouTube
US signs security pact with Papua New Guinea to strengthen role in Pacific with eye on China
Papua New Guinea signs a defence pact with the United States, giving US forces access to its airfields and ports as Washington vies with China's expanding footprint in the Pacific region. Washington has growing concerns about China's rise in the Pacific,…
👍3🔥3
မုန်တိုင်းအပြီး တစ်ပတ်ကြာတဲ့အထိ ရခိုင်တွင် အကူအညီများမရသေး
================
ရခိုင်ပြည်ကို မိုခါ ဆိုင်ကလုန်မုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီး တစ်ပတ်ကျော်ကြာလာတာတဲ့အထိ နိုင်ငံတကာအစိုးရနဲ့ အဖွဲ့အစည်းများအပါအဝင် ပြည်တွင်းအလှူရှင်များမှ မုန်တိုင်းသင့်ပြည် သူများအတွက် စစ်ကောင်စီမှတစ်ဆင့် လှူဒါန်းထားတဲ့ အကူအညီများမှာ မုန်တိုင်းသင့် ဒေသများသို့ ရောက်ရှိလာခြင်းမရှိသေးကြောင်း မုန်တိုင်းသင့် ဒေသခံများက ပြောပါတယ်။
စစ်ကောင်စီကတော့ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ဒန်အိုး ဒန်ခွက်၊ဆီ၊ ဆန်၊ တာပေါ်လင်ချာ၊ ဆေးဝါးနဲ့ သွပ်ပြားအပါအဝင် အသင့်စားခေါက်ဆွဲများနှင့် ရေသန့်ဆေးများကို စစ်ရေယာဉ်များ အပါအဝင် လေယာဉ်နဲ့ပါ ရခိုင်ပြည်ကို ပို့ဆောင်နေကြောင်း စစ်ကောင်စီ လက်အောက်ခံ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
မုန်တိုင်းသင့်ပြည်သူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးအတွက် အိန္ဒိယအစိုးရ အပါအဝင် ပြည်တွင်းမှ လုပ်ငန်းရှင်များ အသင်းအဖွဲ့များက စစ်ကောင်စီကတစ်ဆင့် ဆန်အပါအဝင် အလှူငွေနှင့် ပစ္စည်းများကို လှူဒါန်းထားတာပါတယ်။
လက်ရှိအချိန် ရခိုင်ပြည်က မုန်တိုင်းသင့်ပြည်သူများမှာ အမိုးအကာနှင့် ဆန်အပါအဝင် သောက်ရေမှာ အရေး တကြီးလိုအပ်နေတဲ့ အတွက် လူမှုအဖွဲ့တစ်ချို့က အလှူရှင်များထည့်ဝင်တဲ့ ငွေနှင့် ကူညီပေး နေပေမယ့်လည်း လုံးလောက်မှုမရှိသည့်အပြင် တချို့နယ်ဘက် ဒေသများကို မည်သည့် အကူအညီပေးရေး အဖွဲ့အစည်းမှ ရောက်ရှိလာခြင်းမရှိသေးကြောင်း ဒေသခံများက ပြောပါတယ်။
https://youtu.be/aFR68m4BSLA
#PoliticalNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

ရခိုင်ပြည်ကို မိုခါ ဆိုင်ကလုန်မုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီး တစ်ပတ်ကျော်ကြာလာတာတဲ့အထိ နိုင်ငံတကာအစိုးရနဲ့ အဖွဲ့အစည်းများအပါအဝင် ပြည်တွင်းအလှူရှင်များမှ မုန်တိုင်းသင့်ပြည် သူများအတွက် စစ်ကောင်စီမှတစ်ဆင့် လှူဒါန်းထားတဲ့ အကူအညီများမှာ မုန်တိုင်းသင့် ဒေသများသို့…
👍11🤔3🔥2
မေလ (၂၃)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================
01:01 - မုန်တိုင်းပြီးနောက်ဆက်တွဲရေမှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်လာနိုင်ကြောင်း UNOCHA သတိပေးတဲ့ သတင်း
04:41 - ယင်းမာပင်မြိုမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကတပ်သား လက်နက်အပြည့်အစုံနဲ့ CDM ပြုလုပ်တဲ့ သတင်း
06:00 - မုန်တိုင်းအပြီးတစ်ပတ်ကြာတဲ့အထိ ရခိုင်တွင် အကူအညီများမရသေးတဲ့ အကြောင်းနဲ့
10:12 - G7 ဆီက သံတမန်ရေးနဲ့ စစ်ရေးဆိုင်ရာပံ့ပိုးမှုအသစ်တွေကို ဇယ်လန်စကီးရရှိခဲ့တဲ့ သတင်းအပါအဝင်တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/45BSyiiGt5I
#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
01:01 - မုန်တိုင်းပြီးနောက်ဆက်တွဲရေမှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်လာနိုင်ကြောင်း UNOCHA သတိပေးတဲ့ သတင်း
04:41 - ယင်းမာပင်မြိုမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကတပ်သား လက်နက်အပြည့်အစုံနဲ့ CDM ပြုလုပ်တဲ့ သတင်း
06:00 - မုန်တိုင်းအပြီးတစ်ပတ်ကြာတဲ့အထိ ရခိုင်တွင် အကူအညီများမရသေးတဲ့ အကြောင်းနဲ့
10:12 - G7 ဆီက သံတမန်ရေးနဲ့ စစ်ရေးဆိုင်ရာပံ့ပိုးမှုအသစ်တွေကို ဇယ်လန်စကီးရရှိခဲ့တဲ့ သတင်းအပါအဝင်တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/45BSyiiGt5I
#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မေလ (၂၃)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:01 - မုန်တိုင်းပြီးနောက်ဆက်တွဲရေမှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်လာနိုင်ကြောင်း UNOCHA သတိပေးတဲ့ သတင်း
04:41 - ယင်းမာပင်မြိုမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကတပ်သား လက်နက်အပြည့်အစုံနဲ့ CDM ပြုလုပ်တဲ့ သတင်း
06:00 - မုန်တိုင်းအပြီးတစ်ပတ်ကြာတဲ့အထိ…

❤5😁2👍1
This media is not supported in your browser
VIEW IN TELEGRAM
ပါပူဝါနယူးဂီနီနဲ့ အမေရိကန်တို့ကြား တရုတ်အတွက်ရည်ရွယ်တဲ့ လုံခြုံရေးသဘောတူစာချုပ် လက်မှတ်ရေးထိုး
https://www.facebook.com/reel/1319802722226209
#InternationalNews
#Mizzima
#reels #shorts

❤4🔥2
ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ
=============================
ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ်၊ အညာဖျားကျေးရွာတွင် မေလ ၂၀ ရက် ည ၇ နာရီ အချိန်က စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းအား နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်စုပေါင်းစစ်ကြောင်းထံမှ သိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးထက်မနည်း ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်။
အင်အား ၁၀၀ နီးပါးရှိ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် မေလ ၂၀ ရက် ည ၇ နာရီ အချိန်တွင် ထားဝယ်မြို့နယ်၊ အညာဖျားကျေးရွာနှင့် ဥယျာဉ်ကျေးရွာကြားရှိ မိကျောင်းအိုင်ဘုရားအနီး ဝင်ရောက်လာချိန် ထားဝယ်စုပေါင်းစစ်ကြောင်းက ရှေ့ထွက် မိုင်းအကြီးတစ်လုံး ဖောက်ခွဲပြီး ၄၀ မမ ဗုံးသီးများ၊ လက်နက်ငယ်များဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။
“စစ်ေ-(စစ်ကောင်စီတပ်ဖွဲ့ဝင်) ၁၈ ကောင်လောက် ဒဏ်ရာ ရရှိထားတယ်လို့ သိရတယ်၊ လူသေ အလောင်း လေးလောင်းလောက်လည်း သယ်သွားတာတွေ့ရတာကြောင့် အခုသိတာထက် မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်”ဟု ထားဝယ်စုပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မေလ ၂၁ ရက် နံနက် ၁၀ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားရာ နေရာတစ်ဝိုက်ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသုံးပြုသော ၆၀ မမ ဗုံးသီး နှစ်လုံး၊ ၄၀ မမ ဗုံးသီး ၁၄ လုံး၊ ဗုံးသီး အခွံများ၊ ကျည်အိမ် နှစ်ခုနှင့် ကျည်ဆန် အများအပြား သိမ်းဆည်းရရှိခဲ့ပြီး အဆိုပါနေရာ အနီးတစ်ဝိုက်တွင် သွေးကွက်များလည်း တွေ့ခဲ့ရကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#တနင်္သာရီတိုင်း
#ထားဝယ်မြို့နယ်
#စစ်ကောင်စီတပ်
#မိုင်းဆွဲတိုက်ခိုက်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=============================
ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ်၊ အညာဖျားကျေးရွာတွင် မေလ ၂၀ ရက် ည ၇ နာရီ အချိန်က စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းအား နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်စုပေါင်းစစ်ကြောင်းထံမှ သိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးထက်မနည်း ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်။
အင်အား ၁၀၀ နီးပါးရှိ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် မေလ ၂၀ ရက် ည ၇ နာရီ အချိန်တွင် ထားဝယ်မြို့နယ်၊ အညာဖျားကျေးရွာနှင့် ဥယျာဉ်ကျေးရွာကြားရှိ မိကျောင်းအိုင်ဘုရားအနီး ဝင်ရောက်လာချိန် ထားဝယ်စုပေါင်းစစ်ကြောင်းက ရှေ့ထွက် မိုင်းအကြီးတစ်လုံး ဖောက်ခွဲပြီး ၄၀ မမ ဗုံးသီးများ၊ လက်နက်ငယ်များဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။
“စစ်ေ-(စစ်ကောင်စီတပ်ဖွဲ့ဝင်) ၁၈ ကောင်လောက် ဒဏ်ရာ ရရှိထားတယ်လို့ သိရတယ်၊ လူသေ အလောင်း လေးလောင်းလောက်လည်း သယ်သွားတာတွေ့ရတာကြောင့် အခုသိတာထက် မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်”ဟု ထားဝယ်စုပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မေလ ၂၁ ရက် နံနက် ၁၀ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားရာ နေရာတစ်ဝိုက်ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသုံးပြုသော ၆၀ မမ ဗုံးသီး နှစ်လုံး၊ ၄၀ မမ ဗုံးသီး ၁၄ လုံး၊ ဗုံးသီး အခွံများ၊ ကျည်အိမ် နှစ်ခုနှင့် ကျည်ဆန် အများအပြား သိမ်းဆည်းရရှိခဲ့ပြီး အဆိုပါနေရာ အနီးတစ်ဝိုက်တွင် သွေးကွက်များလည်း တွေ့ခဲ့ရကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#တနင်္သာရီတိုင်း
#ထားဝယ်မြို့နယ်
#စစ်ကောင်စီတပ်
#မိုင်းဆွဲတိုက်ခိုက်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Facebook
#တနင်္သာရီတိုင်း – Explore
explore #တနင်္သာရီတိုင်း at Facebook
👍9❤2🔥1
This media is not supported in your browser
VIEW IN TELEGRAM
G7 ဆီက သံတမန်ရေးနဲ့ စစ်ရေးဆိုင်ရာ ပံ့ပိုးမှုအသစ်တွေကို ဇယ်လန်စကီးရရှိခဲ့
https://www.facebook.com/reel/1248142355807568
#InternationalNews #Mizzima #reels #shorts

❤6🤮1
KNU တပ်မဟာ (၁) နယ်မြေရှိ ရွာချင်းဆက် လမ်းများကို စစ်ကောင်စီတပ်ဖွဲ့ ဖျက်ဆီး
👍3👎2❤1🤬1
KNU တပ်မဟာ (၁) နယ်မြေရှိ ရွာချင်းဆက် လမ်းများကို စစ်ကောင်စီတပ်ဖွဲ့ ဖျက်ဆီး
======================
YT
မဇ္ဈိမ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများကို စစ်ကောင်စီတပ်ဖွဲ့က ဘက်ဟိုးဖြင့် ဖျက်ဆီးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံက သိရသည်။
တပ်မဟာ(၁)နယ်မြေအတွင်းက သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို ဆက်သွယ်ထားသော လမ်းများအား တစ်ပတ်အတွင်း လမ်းလေးခု ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။
မေလ ၁၉ ရက် ညနေ ၃ နာရီခန့်တွင် ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်အား ဆက်သွယ်ထားသော လမ်းမကြီးအား စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့်က လုံခြုံရေးယူ၍ မြေတူးစက်များဖြင့် ဖျက်ဆီးသွားကြောင်း ဒေသခံတစ်ဦးထံက သိရသည်။
"သထုံ၊ ဘီးလင်း ခရိုင်ချင်းဆက်လမ်း၊ ဇီးဝန်းဘုရားအနီးကပါ။ ဘီးလင်းမှာ ဖျက်ဆီးခံရတာက ဒါပထမဆုံးပါပဲ" ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် မေလ ၂၁ ရက် ည ၇ နာရီကျော်အချိန်ကလည်း ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ လက်ပံပင်လမ်းခွဲမှ မဲရုံးလေးကျေးရွာ၊ ကျောက်ပုံကျေးရွာများဘက်သို့ သွားနိုင်သည့် လမ်းပိုင်းအား စစ်ကောင်စီတပ်ဖွဲ့က ဘက်ဟိုးဖြင့် ထိုးဆွဖျက်ဆီးသွားကြောင်း ဒေသခံများထံက သိရသည်။
ထိုလမ်းအား မဖျက်ဆီးမီ ညနေ ၆ နာရီခန့်တွင် အင်အား ၅၀ ကျော်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောက်ပုံကျေးရွာအနီးမှ ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။
"ဘက်ဟိုးကို ကားနဲ့တင်လာပြီး လမ်းကိုဖျက်သွားတာ ။ လက်နက်ကြီးတွေလည်း တရစပ်ပဲ ပစ်တာ ၉ နာရီလောက်ထိကြားရတယ် " ဟု ၎င်းကပြောသည်။
ထို့အပြင် မေလ ၂၀ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ အာရှလမ်းမကြီးမှ ဝင်းကလောကျေးရွာဘက် အဝင်လမ်းပိုင်း၊ မေလ ၁၉ ရက်နေ့က ကင်မွန်းစခန်းကျေးရွာနှင့် ဆောင်နိုင်ကြီးကျေးရွာ ရွာချင်းဆက်လမ်းတို့အား စစ်ကောင်စီတပ်ဖွဲ့က ဘက်ဟိုးများဖြင့် ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖျက်ဆီးခံလိုက်ရသော လမ်းပိုင်းများသည် ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ စားဝတ်နေရေးအတွက် အဓိကထား အသုံးပြုနေရသော လမ်းများဖြစ်သဖြင့် ယခုကဲ့သို့ ဖျက်ဆီးခံလိုက်ရသည့်အတွက် သွားလာရေး အခက်အခဲဖြစ်ရကြောင်း ဒေသခံတစ်ဦိးထံက သိရသည်။
"ပိုခက်ခဲသွားတာပေါ့ဗျာ။ ကျွန်တော်တို့ ဈေးရောင်းဈေးဝယ်လုပ်တဲ့အခါ၊ ကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးခန်းသွားတဲ့အခါ ဒီလမ်းတွေပဲ သုံးရတာလေ။ အခုလို သုံးလမ်းလုံး ဖျက်ဆီးလိုက်တော့ ဘယ်လိုသွားကြမလဲ" ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီက ယခုကဲ့သို့ အများပြည်သူ အသုံးပြုသည့် လမ်းများအား ဖျက်ဆီးရခြင်းသည် ဖြတ်လေးဖြတ်ပြုလုပ်၍ ၎င်းတို့၏ ခုခံစစ်အား ပြုလုပ်ရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး ထိုကဲ့သို့ လမ်းများဖျက်ဆီးခြင်းကြောင့် တော်လှန်ရေးအင်အားစုများအပေါ် မည်သို့မျှ သက်ရောက်မှုရှိမည်မဟုတ်ကြောင်း သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မေလ ၂၁ ရက်က မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် မေလ ၁၃ ရက်နှင့် ၁၄ ရက်ကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် မြို့ချင်းဆက်လမ်း၊ ကော့ကရိတ်မြို့နယ်အတွင်း ဝင်ရောက်နိုင်သော ကျုံဒိုးမြို့နယ် တောင်ကြာအင်းတံတားထိပ် ကတ္တရာလမ်း၊ ကျိုက်ဒုံလမ်း၊ ကမိုင်ကုန်းလမ်းတို့အား စစ်ကောင်စီတပ်ဖွဲ့က ဘက်ဟိုးဖြင့် ထိုးခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မွန်ပြည်နယ်
#ကျိုက်ထိုမြို့နယ်
#ဘီးလင်းမြို့နယ်
#KNU

#မွန်ပြည်နယ် – Explore
explore #မွန်ပြည်နယ် at Facebook
👍7🤬3❤1
Media is too big
VIEW IN TELEGRAM
မုန်တိုင်းအပြီး တစ်ပတ်ကြာတဲ့အထိ ရခိုင်တွင် အကူအညီများမရသေး
Watch more detail - https://youtu.be/aFR68m4BSLA
#Political #reels #shorts #MizzimaTV

😢5👍2🔥1