KNU တပ်မဟာ (၁) နယ်မြေရှိ ရွာချင်းဆက် လမ်းများကို စစ်ကောင်စီတပ်ဖွဲ့ ဖျက်ဆီး
👍3👎2❤1🤬1
KNU တပ်မဟာ (၁) နယ်မြေရှိ ရွာချင်းဆက် လမ်းများကို စစ်ကောင်စီတပ်ဖွဲ့ ဖျက်ဆီး
======================
YT
မဇ္ဈိမ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများကို စစ်ကောင်စီတပ်ဖွဲ့က ဘက်ဟိုးဖြင့် ဖျက်ဆီးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံက သိရသည်။
တပ်မဟာ(၁)နယ်မြေအတွင်းက သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို ဆက်သွယ်ထားသော လမ်းများအား တစ်ပတ်အတွင်း လမ်းလေးခု ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။
မေလ ၁၉ ရက် ညနေ ၃ နာရီခန့်တွင် ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်အား ဆက်သွယ်ထားသော လမ်းမကြီးအား စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့်က လုံခြုံရေးယူ၍ မြေတူးစက်များဖြင့် ဖျက်ဆီးသွားကြောင်း ဒေသခံတစ်ဦးထံက သိရသည်။
"သထုံ၊ ဘီးလင်း ခရိုင်ချင်းဆက်လမ်း၊ ဇီးဝန်းဘုရားအနီးကပါ။ ဘီးလင်းမှာ ဖျက်ဆီးခံရတာက ဒါပထမဆုံးပါပဲ" ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် မေလ ၂၁ ရက် ည ၇ နာရီကျော်အချိန်ကလည်း ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ လက်ပံပင်လမ်းခွဲမှ မဲရုံးလေးကျေးရွာ၊ ကျောက်ပုံကျေးရွာများဘက်သို့ သွားနိုင်သည့် လမ်းပိုင်းအား စစ်ကောင်စီတပ်ဖွဲ့က ဘက်ဟိုးဖြင့် ထိုးဆွဖျက်ဆီးသွားကြောင်း ဒေသခံများထံက သိရသည်။
ထိုလမ်းအား မဖျက်ဆီးမီ ညနေ ၆ နာရီခန့်တွင် အင်အား ၅၀ ကျော်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောက်ပုံကျေးရွာအနီးမှ ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။
"ဘက်ဟိုးကို ကားနဲ့တင်လာပြီး လမ်းကိုဖျက်သွားတာ ။ လက်နက်ကြီးတွေလည်း တရစပ်ပဲ ပစ်တာ ၉ နာရီလောက်ထိကြားရတယ် " ဟု ၎င်းကပြောသည်။
ထို့အပြင် မေလ ၂၀ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ အာရှလမ်းမကြီးမှ ဝင်းကလောကျေးရွာဘက် အဝင်လမ်းပိုင်း၊ မေလ ၁၉ ရက်နေ့က ကင်မွန်းစခန်းကျေးရွာနှင့် ဆောင်နိုင်ကြီးကျေးရွာ ရွာချင်းဆက်လမ်းတို့အား စစ်ကောင်စီတပ်ဖွဲ့က ဘက်ဟိုးများဖြင့် ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖျက်ဆီးခံလိုက်ရသော လမ်းပိုင်းများသည် ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ စားဝတ်နေရေးအတွက် အဓိကထား အသုံးပြုနေရသော လမ်းများဖြစ်သဖြင့် ယခုကဲ့သို့ ဖျက်ဆီးခံလိုက်ရသည့်အတွက် သွားလာရေး အခက်အခဲဖြစ်ရကြောင်း ဒေသခံတစ်ဦိးထံက သိရသည်။
"ပိုခက်ခဲသွားတာပေါ့ဗျာ။ ကျွန်တော်တို့ ဈေးရောင်းဈေးဝယ်လုပ်တဲ့အခါ၊ ကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးခန်းသွားတဲ့အခါ ဒီလမ်းတွေပဲ သုံးရတာလေ။ အခုလို သုံးလမ်းလုံး ဖျက်ဆီးလိုက်တော့ ဘယ်လိုသွားကြမလဲ" ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီက ယခုကဲ့သို့ အများပြည်သူ အသုံးပြုသည့် လမ်းများအား ဖျက်ဆီးရခြင်းသည် ဖြတ်လေးဖြတ်ပြုလုပ်၍ ၎င်းတို့၏ ခုခံစစ်အား ပြုလုပ်ရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး ထိုကဲ့သို့ လမ်းများဖျက်ဆီးခြင်းကြောင့် တော်လှန်ရေးအင်အားစုများအပေါ် မည်သို့မျှ သက်ရောက်မှုရှိမည်မဟုတ်ကြောင်း သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မေလ ၂၁ ရက်က မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် မေလ ၁၃ ရက်နှင့် ၁၄ ရက်ကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် မြို့ချင်းဆက်လမ်း၊ ကော့ကရိတ်မြို့နယ်အတွင်း ဝင်ရောက်နိုင်သော ကျုံဒိုးမြို့နယ် တောင်ကြာအင်းတံတားထိပ် ကတ္တရာလမ်း၊ ကျိုက်ဒုံလမ်း၊ ကမိုင်ကုန်းလမ်းတို့အား စစ်ကောင်စီတပ်ဖွဲ့က ဘက်ဟိုးဖြင့် ထိုးခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မွန်ပြည်နယ်
#ကျိုက်ထိုမြို့နယ်
#ဘီးလင်းမြို့နယ်
#KNU
#စစ်ကောင်စီတပ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#မွန်ပြည်နယ် – Explore
explore #မွန်ပြည်နယ် at Facebook
👍7🤬3❤1
Media is too big
VIEW IN TELEGRAM
မုန်တိုင်းအပြီး တစ်ပတ်ကြာတဲ့အထိ ရခိုင်တွင် အကူအညီများမရသေး
Watch more detail - https://youtu.be/aFR68m4BSLA
#Political #reels #shorts #MizzimaTV

😢5👍2🔥1
မုန်တိုင်းပြီးနောက်ဆက်တွဲ ရေမှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်လာနိုင်ကြောင်း UNOCHA သတိပေး
======================
မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ ရေဖြန့်ဖြူးတဲ့စနစ်တွေပျက်စီးခဲ့ပြီး သန့်ရှင်းတဲ့ သောက်သုံးရေရဖို့ အကန့်အသတ်တွေရှိနေတာကြောင့် ရေကတစ်ဆင့်ကူးစက်ရောဂါတွေ ဖြစ်ပွားလာနိုင်ခြေများနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က သတိပေးလိုက်ပါတယ်။
စစ်တွေမြို့နဲ့ ရသေ့တောင်မြို့နယ်တွေမှာ အပျက်အစီးအများဆုံးပဲလို့လည်း UNOCHA က မေလ ၂၁ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
နေစရာ အဆောက်အအုံတွေ၊ အများသုံး အခြေခံအဆောက်အအုံတွေ နဲ့ ပြည်သူလူထု ရေရရှိရေး စနစ်တွေ ပျက်စီးသွားကြပြီး၊ စားဝတ်နေရေးအတွက် အရေးကြီးတဲ့ ပစ္စည်းတွေ ပြတ်လပ်နေတယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric စတီဖင် ဒူဂျာရစ် က ကုလသမဂ္ဂ ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာပါ။
အထူးသဖြင့် ရခိုင်ပြည်နယ်မှာ သောက်ရေသန့်ရရှိရေးက ခက်ခဲနေပြီး၊ ဝမ်းပျက်ဝမ်းလျှောလို ကူးစက်ရောဂါတွေကူးစက်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ကျန်းမာရေး အဆောက်အအုံတွေ ပျက်စီးသွားကြသလို၊ ကျောင်းတွေလည်း ပျက်စီးသွားကြတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
မုန်တိုင်းဒီရေကြောင့် သောက်သုံးရေကန်တွေထဲ ရေငံတွေ ဝင်ရောက်ပြီး ကိုယ်ထူကိုယ်ထစနစ်နဲ့ရေငံတွေ စုပ်ယူ နေရတယ်လို့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျေးတောပိုက်ဆိပ် ကျေးရွာဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ ကြိုတင်သတိပေးစနစ်တွေ အားကောင်းလာတာကြောင့် သဘာဝဘေးကြောင့် သေကြေထိခိုက်မှုတွေ လျော့နည်းလာတယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO) က ပြောကြားထားပါတယ်။
https://youtu.be/GxJPVznTaQY
#PoliticalNews
#Mizzima

YouTube
မုန်တိုင်းပြီးနောက်ဆက်တွဲ ရေမှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်လာနိုင်ကြောင်း UNOCHA သတိပေး
မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ ရေဖြန့်ဖြူးတဲ့စနစ်တွေပျက်စီးခဲ့ပြီး သန့်ရှင်းတဲ့ သောက်သုံးရေရဖို့ အကန့်အသတ်တွေရှိနေတာကြောင့် ရေကတစ်ဆင့်ကူးစက်ရောဂါတွေ ဖြစ်ပွားလာနိုင်ခြေများနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က…
👍9😁1
ချင်းပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် အဆောက်အဦ ၃,၀၀၀ ကျော်ပျက်စီး
====================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်အတွင်း ဖြတ်သန်းတိုက်ခတ်ခဲ့သော ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” ကြောင့် အဆောက်အဦ ၃,၃၃၈ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ယနေ့ မေလ ၂၃ရက်နေ့တွင် ထုတ်ပြန်သည်။
ချင်းပြည်နယ်အတွင်း မေလ ၁၄ ရက်နေ့ ဝင်ရောက်တိုက်ခိုက်ခဲ့သော မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် လူနေအိမ်များ အမိုးလန်ပြိုကျပျက်စီးခြင်း ၊ စာသင်ကျောင်း ၊ ဘာသာရေး အဆောက်အဦများ ပျက်စီးခြင်း၊ စပါးကျီများ ပျက်စီးခြင်နှင့် ရွာချင်းဆက်လမ်းများ မြေပြိုပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။
ချင်းပြည်နယ် မြို့နယ်အသီးသီးရှိ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး မြို့နယ်တာဝန်ခံများမှပေးပို့လာသည့် ထိခိုက်ပျက်စီးမှု စာရင်းများကို ICNCC က မေလ ၁၇ ရက်နေ့တွင် ကနဦး ထုတ်ပြန်ခဲ့ပြီးနောက် ယခု မေလ၂၃ ရက်တွင် ထပ်မံထုတ်ပြန်ခြင်းဖြစ်သည်။
ချင်းပြည်နယ်၌ မုန်တိုင်းဒဏ်သင့် မြို့နယ် ကိုးခုရှိပြီး တွန်းဇံမြို့နယ်မှအပ ကျန်မြို့နယ် ရှစ်မြို့နယ်တွင် လူနေအိမ် ၂,၇၇၄ လုံး ၊ စာသင်ကျောင်း ၁၈၅ ကျောင်း ၊ ဘာသာရေးအဆောက်အဦး ၁၀၂ လုံး၊ ကျန်းမာရေး အဆောက်အဦ ၁၂ ဆောင် ၊ စပါးကျီ ၂၅၉ လုံး၊ ခန်းမဆောင်နှင့် အခြားအဆောက်အဦ ခြောက်လုံး စုစုပေါင်း ၃,၃၃၈ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် အိမ်မွေးတိရစ္ဆာန်များဖြစ်သော ကျွဲ ၊နွား ၊ နွားနောက် ၊ ကြက် ၊ဘဲ ၊ ဝက် ၊ဆိတ်စသည့် အကောင်ရေ စုစုပေါင်း ၆၉ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။
“ကနဦး ကူညီမှုတွေတော့ လုပ်နေတာရှိပါတယ်၊ ကျနော်တို့ စာရင်းအချက်အလက် Data စုဆောင်းမှုက နောက်ဆုံးလုပ်လို့ရပြီ ဖြစ်တဲ့အတွက် အဲဒါကိုအခြေပြုပြီး လူသားချင်းစာနာထောက်ထားရေးနှင့် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု ICNCC အဖွဲ့ဝင်တစ်ဦးမှ မဇ္စျိမကို ပြောသည်။
မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် လူနေအိမ်များနှင့် အဆောက်အဦများ ပြန်လည်ပြုပြင်ရန် အိမ်မိုးသွပ်ပြားများ ၊ အိမ်ရိုက်သံများ ၊ မိုးကာများနှင့် တာလပတ်များ လိုအပ်လျက်ရှိကြောင်း သိရသည်။
ကျေးရွာရှိ စပါးကျီများ ပျက်စီးသွားသည့် ဒေသများအတွက် ဆန် ၊ ရိက္ခာနှင့် အခြေခံ စားသောက်ကုန်များ ၊ အခြေခံ အိမ်သုံးဆေးဝါးများလည်း အရေးပေါ်လိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထောက်ပံ့ကူညီလိုသည့် ပြည်တွင်း ၊ပြည်ပ မှ အလှူရှင်အဖွဲ့အစည်းများအနေဖြင့် ဆက်သွယ်ကူညီနိုင်ကြောင်းလည်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဖိတ်ခေါ်ထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#ချင်းမုန်တိုင်းဒဏ်သင့်
#မိုခါ

#ချင်းမုန်တိုင်းဒဏ်သင့် – Explore
explore #ချင်းမုန်တိုင်းဒဏ်သင့် at Facebook
🔥5👎1😁1
This media is not supported in your browser
VIEW IN TELEGRAM
၈ျပန်နဲ့ တောင်ကိုရီးယားခေါင်းဆောင်တွေကို ဘိုင်ဒင်က အမေရိကန်သို့ ဆွေးနွေးရန် ဖိတ်ခေါ
https://www.facebook.com/reel/5532309353539152/?s=single_unit
#InternationalNews #Mizzima #reels #shorts

👍10🔥1🤮1
Watch a promo for the Green Tribe a satire of the situation in Myanmar
======================
https://youtu.be/k7rIW6hQPT8

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
Subscribe now and join the…

🤮3😁1
Media is too big
VIEW IN TELEGRAM
မုန်တိုင်းပြီးနောက်ဆက်တွဲ ရေမှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်လာနိုင်ကြောင်း UNOCHA သတိပေး
Watch more detail - https://youtu.be/GxJPVznTaQY

👍7🔥1