Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မြန်မာ ကိုကိုးကျွန်းပေါ်က အခြေခံအဆောက်အအုံ ဖော်ဆောင်မှုကို အနက်ကောက်ခြင်း
=======================

မြန်မာနိုင်ငံ ကိုကိုးကျွန်းပေါ်၌ ဆောက်လုပ်ရေး လုပ်ငန်းသစ်များ ရှိနေကြောင်းကို ပြသနေသည့် Maxar Technologies ကုမ္ပဏီ၏ ၂၀၂၃ ၊ ဇန်နဝါရီလတွင် ထုတ်ပြန်သော ဂြိုဟ်တုဓာတ်ပုံများကြောင့် စိုးရိမ်ပူပန်မှုများနှင့် မေးခွန်းများကို ထွက်ပေါ်စေခဲ့သည်။ ကိုကိုးကျွန်းပေါ်တွင် အရှည်တိုးချဲ့ထားသော လေဆိပ် လေယာဉ်ပြေးလမ်းတစ်ခုနှင့် ယင်းနှင့်ကပ်လျက်၌ အကျယ်ချဲ့ထားသော လေယာဉ်ရုံသစ်နှစ်ခုတို့ကို ဂြိုဟ်တုဓာတ်ပုံများက ဖွင့်ဟပြသသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁6👍4❤1
This media is not supported in your browser
VIEW IN TELEGRAM
ဆားဘီးယားမှာ အမျိုးသားရေး၀◌ါဒကို ဆန့်ကျင်တဲ့ အနာ၈တ်ယူ၈ိုဆလပ်တွေ ထွန်းကားလာ

https://www.facebook.com/reel/3488490844758066/?s=single_unit

#Internationalnews #Mizzima #reels #Shorts
😁3👍2
​​အုတ်ဖိုတွင် ဆိုင်ကယ်စီးနင်းသူများအား ရဲများက အကြောင်းပြချက်မျိုးစုံဖြင့် ဖမ်းဆီးငွေတောင်းနေ
===========================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင် ဆိုင်ကယ်စီးနင်းသွားလာနေသူများအား ရဲများက အကြောင်းပြချက်မျိုးစုံဖြင့် ဖမ်းဆီးကာငွေတောင်းခံနေသည်ဟု ဒေသခံများကမဇ္ဈိမကိုပြောသည်။

ဆိုင်ကယ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်မရှိပါက တရားစွဲဆိုထောင်ချမည်ဟုဆိုကာ အနည်းဆုံး ကျပ် ၁၅၀,၀၀၀ မှ ၃၀၀,၀၀၀ အထိတောင်းခံနေကြောင်းနှင့် လိုင်စင်ရှိပါကလည်း ဘက်မှန်၊ ဒူးကာ၊ အချက် ပြမီး၊ ဆိုင်ကယ်ဦးထုတ်မပါသောကြောင့်ဆိုကာ ဖမ်းဆီးနေခြင်းဖြစ်သည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအရ ဖမ်းဆီးအရေးယူခြင်းများကို နားလည်သော်လည်း ဖမ်းဆီးချိန်တွင် ယာဉ်ထိန်းရဲများ မပါခြင်း၊ ယခင်ကဲ့သို့ တရားရုံးတွင်ဒဏ်ငွေဆောင်ရခြင်းများမဟုတ်သည့်အတွက် ရဲများ က ၎င်းတို့အိတ်ထဲထည့်နေ၍ပြောရခြင်းဖြစ်သည်ဟု အုတ်ဖိုမြို့နေ အမည်မဖော်လိုသူ အမျိုးသားတဦး က မဇ္ဈိမကိုပြောသည်။

“အိုးသည်ကုန်းရဲစခန်းက နယ်ထိန်းဖုန်းမြင့်အောင် ဦးဆောင်ပြီး ထွက်ဖမ်း၊ ထွက်တောင်းနေတာ။ တခါ တလေစစ်သားတွေလည်း ပါတယ်။ ပြည်သူတွေကိုသာ ဖမ်းနေတာ သူတို့စီးလာတဲ့ဆိုင်ကယ်ကြည့်တော့ ဝစ်သောက်(လိုင်စင်မဲ့)တွေ” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ကောက်ခံရရှိသော ဒဏ်ငွေများအား ယခင်ကဲ့သို့ တရားရုံးမှပေးဆောင်ရခြင်းမဟုတ်သည့်အတွက် မည်သည့်အကျိုးပြုလုပ်ငန်းတွင်မှ ပြန်သုံးခြင်းမရှိဘဲ ၎င်းတို့အိတ်ထဲသို့ထည့်နေခြင်းဖြစ်ကြောင်းလည်း အဆိုပါဒေသခံမှ သုံးသပ်ပြောဆိုသည်။

“အခုက ဆိုင်ကယ်စီးမိရင်ကို တရားခံလိုဖြစ်နေတာပါ။ ပြည်သူတွေ အသိတရားဝင်ရအောင် ပညာပေး တာဖမ်းတာလည်းမဟုတ်၊ ငွေလိုချင်လို့ကိုဖမ်းနေတာဆိုတော့ ခက်တယ်” ဟု အခြား အုတ်ဖိုမြို့ခံတဦး ကလည်းပြောသည်။

ဖမ်းဆီးခံရပါက ရဲစခန်းသို့လိုက်ပါသွားရသည်လည်းရှိသလို ဖမ်းဆီးခံရသည့်နေရာတွင်ပင် ငွေပေးကာ ဖြေရှင်းသည်လည်းရှိကြောင်း သိရသည်။ သို့သော် ယခင်ကဲ့သို့ တရားရုံးတွင်ဖြေရှင်းရခြင်းများ မရှိတော့ သည့်အပြင် ပေးဆောင်ခြင်းအတွက်လည်း မည်သည့်ပြေစာမှ ပြန်မရကြောင်း ဒေသခံများကဆိုသည်။

"လုပ်ငန်းစဉ်အရဆိုရင် ယာဉ်ထိန်းရဲမရှိတဲ့မြို့တွေမှာ ရဲတွေက ဒီကိစ္စတွေကိုကြိုတင်ကာကွယ်တဲ့ သဘောနဲ့ လုပ်ကြရတာဖြစ်ပါတယ်။ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဖောက်ဖျက်ရင် ရဲစခန်းကိုဖမ်း ခေါ်ရ တယ်။ ပြီးရင် လူအာမခံဆိုင်ကယ်အာမခံလုပ်၊ မဟုတ်ရင် ဆိုင်ကယ်ကို အဲဒီနေ့ စခန်းမှာယူထားလိုက် တယ် နောက်ရက်မှာတော့ လူရောဆိုင်ကယ်ရောပေါ့ ဖမ်းဆီးထားတာတွေကို တရားရုံးကိုတင်ပေးတယ်။ တရားရုံးက သမာသမတ်ကျကျလုပ်ကိုင်ကြရင် ဒါတွေဟာ နိုင်ငံတော်ဘဏ္ဍာဖြစ်သွားပါတယ်” ဟု CDM ရဲဝန်ထမ်းတစ်ဦးက လုပ်ငန်းစဉ်ကိုရှင်းပြသည်။

အလားတူ နတ်တလင်းမြို့နယ်တွင်လည်း စစ်ကောင်စီတပ်နှင့်ရဲများက ကျေးရွာများအထိ ဆင်းဖမ်းနေ ပြီး နေရာတွင်ပင် ငွေတောင်းခံနေကြောင်း ဒေသခံများကဆိုသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ပဲခူးတိုင်း
#အုတ်ဖိုမြို့
#ဆိုင်ကယ်
#ဖမ်းဆီးငွေတောင်း
ယခင်ပုံဟောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤2😁1🤬1
​​ထိုင်းဝန်ကြီးချုပ်လောင်းက မြန်မာ့ငြိမ်းချမ်းရေးကို ကူညီလို
================

“မြန်မာအရေးမှာ ကျွန်တော့်ရဲ့ မူဝါဒကတော့ သက်ဆိုင်သူ အားလုံးနဲ့ ချိတ်ဆက်ဆွေးနွေးဖို့ပါ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ စီးပွားရေး ရှုထောင့်အပါအဝင် လူသားဘေးကင်းလုံခြုံရေးကို ရှေ့ရှုသွားပါမယ်၊ ထိုင်း၊ မြန်မာ၊ အာဆီယံနဲ့ ဒီပြင်ဒေသတွေအတွက် အပြန်အလှန် ငြိမ်းချမ်းရေးနဲ့ ချမ်းသာဝပြောရေးကို ဆောင်ကြဉ်းနိုင်ဖို့ ဦးတည်အကောင်အထည် ဖော်သွားပါမယ်”ဟု ၎င်းက ရေးသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤5😁1🤣1
This media is not supported in your browser
VIEW IN TELEGRAM
အာဖဂန်နစ္စတန်နဲ့ ရေအရင်းအမြစ် အငြင်းပွားမှုကို ပြန်လည်ကိုင်တွယ်ဖြေရှင်းဖို့ရှိကြောင်း အီရန်ပြော

https://www.facebook.com/reel/173818762009721/?s=single_unit

#Internationalnews #Mizzima #reels #shorts
❤3🔥2👏1
PDF နှင့် ဆက်စပ်သည်ဟုဆိုကာ တနင်္သာရီက ဒေသခံ ၂၀ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး
🤬4🔥3😢2👏1
PDF နှင့် ဆက်စပ်သည်ဟုဆိုကာ တနင်္သာရီက ဒေသခံ ၂၀ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး
====================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ကျေးရွာ သုံးရွာက အသက်ကြီးပိုင်းများ အပါအဝင် လူ ၂၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သတင်းရင်းမြစ်တစ်ဦးနှင့် ဒေသခံ နှစ်ဦးက မဇ္ဈိမကို ပြောသည်။

တနင်္သာရီမြို့နယ် ရေဖြူကျေးရွာ၊ ဘန်းလမွတ်ကျေးရွာစုရှိ ဘန်းလမွတ်ကျေးရွာနှင့် ပနပ်ငယ် ကျေးရွာက ဒေသခံ ၂၀ ဦးကို မေလ ၂၀ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

“ဖမ်းဆီးခံလိုက်ရတဲ့ဒေသခံတွေက PDF အဖွဲ့စည်းနဲ့ ဆက်စပ်မှုတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ လာဖမ်းသွားတယ်”ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

တနင်္သာရီမြို့နယ် ရေဖြူရွာတွင် မေလ ၂၀ ရက်နှင့် ၂၁ ရက်နေ့တွင် ကျေးရွာအတွင်း ကုန်စုံနှင့် ဥယျာဉ်ခြံပိုင်ရှင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၀ ဦးခန့်ကို ဖမ်းဆီးသွားသကဲ့သို့ မတ်လ ၂၂ ရက်နေ့ ညနေပိုင်းတွင်လည်း ဘန်းလမွန်ရွာနှင့် ပနပ်ငယ်ရွာက ဒေသခံ ၁၀ ဦးကို စစ်ကောင်စီတပ်က ထပ်မံ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဆိုသည်။

ဘန်းလမွတ်ရွာနှင့် ပနပ်ငယ် ကျေးရွာသည် မြိတ်- တနင်္သာရီမြို့ကို သွားသည့် လမ်းမှာတည်ရှိပြီး ရေဖြူကျေးရွာသည် တနင်္သာရီမြို့နယ်အထွက် မောတောင်ဘက်သို့သွားသည့် လမ်းပိုင်းတွင် တည်ရှိသည်။
လက်ရှိတွင် အဆိုပါ ဖမ်းဆီးခံရသူများကို စစ်ကောင်စီတပ်က မည်သည့် နေရာတွင် ဖမ်းဆီး စစ်ဆေးနေသည်ကို မသိရသေးကြောင်း ဘန်းလမွတ်ရွာ ဒေသခံတစ်ဦးက ပြော သည်။

“အခုရက်ပိုင်း ဖမ်းခံရတဲ့ သူတွေ တချို့က ပြန်လွတ်လာတယ် ဆိုပြီး သတင်းတွေ ကြားရနေပေမယ့် အတည်ပြုလို့ မရသေးပါဘူး၊ ကျွန်တော်တို့ နောက်ဆုံး သိရတာက ဖမ်းဆီးထားတဲ့ သူတွေကို အမြောက်တပ်မှာ ဖမ်းဆီးထားတယ်လို့တော့ ကြားတယ်”ဟု ဘန်းလမွတ်ရွာ ဒေသခံ တစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ်တွင် ယခုနှစ် ဖေဖော်ဝါရီလကလည်း ဒေသခံ ၂၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး အမျိုးသမီး ကိုးဦးကို အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၀-ည ဖြင့် အမှုအရေးယူမှုများ ရှိခဲ့သည်။

တနင်္သာရီမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားသည့် ဒေသတစ်ခုလည်း ဖြစ်သကဲ့သို့ အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ဒေသခံ တော်လှန်ရေးတပ်တို့အကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသော ဒေသတစ်ခု ဖြစ်သည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#တနင်္သာရီ
#ဖမ်းဆီး
#mizzima
#ရေဖြူကျေးရွာ
(ပုံ) ရေဖြူရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တွေ့ရစဉ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🤬5🔥1👏1
This media is not supported in your browser
VIEW IN TELEGRAM
လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့က အစရေးအတွင်းသို့ နယ်စပ်ဖြတ်ကျော် စီးနင်းမှုနဲ့ ပုံစံတူစစ်ရေးလေးကျင့်မှုတွေ ပြုလုပ်

https://www.facebook.com/reel/189801514010082/?s=single_unit

#Internationalnews #Mizzima #reels #shorts
👍6🔥3😁1
​​ဗီနီစီးယပ်ရဲ့ ပုံစံအရုပ်ကို ကြိုးဆွဲချတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ လူလေးဦးကို ဖမ်းဆီးခဲ့တယ်လို့ စပိန်ရဲတပ်ဖွဲ့ ပြော
====================

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဗီနီစီးယပ်စ် ဂျူနီယာရဲ့ ပုံစံအရုပ် (dummy)ကို ဇန်နဝါရီလက မက်ဒရစ်မြို့ရှိ တံတားတစ်ခုပေါ်ကနေ ကြိုးဆွဲချရာမှာ သံသယရှိသူ လေးဦးကို စပိန်ရဲတွေက အင်္ဂါနေ့က ဖမ်းဆီးခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင်ကစားသမားဟာ စပိန်လိဂ်ပွဲစဉ်တစ်ခုအတွင်း လူမျိုးရေးခွဲခြားစော်ကားမှု ထပ်မံခံခဲ့ရပြီး နိုင်ငံတကာမှ ပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက် နှစ်ရက်အကြာမှာ အခုလို အဖမ်းအဆီးဖြစ်လာတာပါ။

မက်ဒရစ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသားလေးဦးဟာ “ဗီနီစီရှပ်အင်္ကျီနဲ့အတူ အရုပ်တစ်ခုကို တံတားတစ်ခုပေါ်ကနေ ကြိုးဆွဲချမှုအတွက် အမုန်းတရား ရာဇဝတ်မှုတစ်ခုလို့ သံသယရှိခဲ့တာဖြစ်တယ်”လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
👍6😁2🔥1
​​ရေးဒေသတွင် အမှုကိစ္စများတိုင်ကြားရန်အတွက် နယ်မြေရဲစခန်းအချို့၌ ရဲများမရှိကြ
====================

ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ နယ်မြေရဲစခန်းများတွင် ရဲတပ်သားများမရှိကြတော့ဘဲ ရေး မြို့မရဲစခန်းနှင့် လမိုင်းမြို့နယ် ရဲစခန်းတွင်စုနေကြသောကြောင့် ဒေသခံများအနေဖြင့် ရပ်ရွာအတွင်း အမှု ကိစ္စရပ်များပေါ်ပေါက်လာပါက အုပ်ချုပ်ရေးမှူးများမှတဆင့်သာ တိုင်ကြားဖြေရှင်းနေရကြောင်း ဒေသခံ များထံမှ သိရသည်။

“ရဲစခန်းက ဘယ်မှာမှမရှိတော့ဘူး ရေးမှာပဲ ရှိတော့တယ်။ တိုင်ချက်ဖွင့်ချင်ရင် ရုံးမှာတော့ လူကြီးတွေရှိ သေးတယ်။ အုပ်ချုပ်ရေးမှူးတွေဘာတွေတော့ ရှိတာပေါ့။ ရဲကတော့ အရင်ကရှိတယ် အခုမရှိတော့ဘူး” ဟု ဇီးဖြူသောင်ကျေးရွာနေသူတစ်ဦးက ပြောသည်။

စစ်အာဏာမသိမ်းခင်က အမှုကိစ္စများပေါ်ပေါက်လျင် နယ်မြေရဲစခန်းတွင် တိုင်ကြားလေ့ရှိသော်လည်း နှစ်ကရင်နယ်မြေရဲစခန်း၌ ရဲမရှိသည်မှာ တနှစ်နီးပါးခန့်ရှိပြီဖြစ်ကြောင်းနှင့် အဆိုပါစခန်းမှမှ ရဲများသည် လက်ရှိတွင် လမိုင်းမြို့ရဲစခန်းသို့ရောက်ရှိသွားကြပြီး တိုင်ချက်ဖွင့်လိုပါက လမိုင်းမြို့နယ် ရဲစခန်းသို့ သွား ရောက်တိုင်ချက်ဖွင့်ရကြောင်း နှစ်ကရင်ကျေးရွာမှ ဒေသခံများက ပြောသည်။

လမိုင်းမြို့တွင်စုနေကြသည့် ရဲတပ်သားများသည် နေ့ခင်းပိုင်းတွင်သာရှိပြီး ညပိုင်းတွင် မရှိကြကြောင်းနှင့် ရဲဝတ်စုံဖြင့် အပြင်ထွက်ကြလေ့မရှိကြောင်းလည်း ဒေသခံများက ပြောသည်။

ရေးမြို့နယ် ခေါဇာနယ်မြေရဲစခန်းတွင်လည်း စခန်းမှူးပစ်သတ်ခံရသည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှစပြီး စခန်းတစ်ခုလုံး တပ်တွင်းသို့ ပြောင်းရွှေ့ခံခဲ့ရကြောင်း သိရသည်။

“ခေါဇာရဲစခန်းမှူး ပစ်သတ်ခံရပြီးနောက်ပိုင်း စခန်းမှာမနေကြတော့ဘဲ တပ်ရင်းကို ပြောင်းရွှေ့ခံလိုက်ရ တယ်။ စခန်းမှူးကျသွားပြီး နောက်နေ့မှာပဲ သူတို့ ရဲစခန်းတစ်ခုလုံး တပ်ရင်းထဲကို ရောက်သွားတာ” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ကျောင်းရွာစံပြကျေးရွာ နယ်မြေရဲစခန်းမှ ရဲများသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကုန်ပိုင်းတွင် Ye Special Task Force-YSTF ၏ ဝင်ရောက်တိုက်ခိုက်မှုအပြီး ရဲစခန်းကို စွန့်ခွာခဲ့ရာ လက်ရှိတွင် ကျေးရွာတွင်းသို့ ချဲ၊ နှစ်လုံးထီ စသည့်အကောက်အခွန်ကိစ္စများအတွက် နေ့ချင်းပြန်ရောက်လာတတ်သော်လည်း ရဲစခန်းကိုမူ လက်ရှိအချိန်အထိ ပြန်လာခြင်းမရှိကြကြောင်း YSTF အဖွဲ့တာဝန်ခံမှ သိရသည်။

ရေးမြို့နယ်အစွန်အဖျားဒေသများတွင် လုံခြုံရေးယူပေးနေရသည့် ရဲတပ်သားများအနေဖြင့် ၎င်းတို့၏ လုံခြုံရေးကိုစိုးရိမ်ပြီး စခန်းကိုစွန့်ခွာကာ အဓိကရဲစခန်းနှစ်ခုတွင်သာ သွားရောက်အင်အားဖြည့်ထားခြင်း ဖြစ်နိုင်ကြောင်း ဇီးဖြူသောင်နယ်မြေရဲစခန်းအား နှစ်ကြိမ်တိုင်တိုင်သွားရောက်ပစ်ခတ်ခဲ့သည့် မွန်ပြည် နယ်အခြေပြုတော်လှန်ရေးအဖွဲ့(MSRO) မှ စစ်ရေးတာဝန်ခံကိုဒီဃာက မှတ်ချက်ပြုသည်။

တော်လှန်ရေးအင်အားစုများအားကောင်းသည့် ရေးမြို့နယ်မြောက်ပိုင်းနှင့်တောင်ပိုင်းတွင် စစ်ကောင်စီမှ ရဲစခန်းများကိုလက်လွှတ်ခဲ့ရသကဲ့သို့ ရေးမြို့ပေါ်ရပ်ကွက်များကိုလည်း အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိ ပေ။ ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့တွင် လုံခြုံရေးတင်းကျပ်ထားသည့် ရေးမြို့မရဲစခန်းအား ရေးဘီလူး အဖွဲ့မှ ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခဲ့သေးသည်။

ရေးမြို့နယ်တွင် စစ်ကောင်စီက အပြည့်အဝမထိန်းချုပ်နိုင်သဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလက စစ်အုပ် ချုပ်ရေး ကြေညာခဲ့သော်လည်း လက်ရှိအချိန်အထိ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကြောင့် တော်လှန်ရေး အင်အားစုမှာ ဆက်လက်အားကောင်းနေဆဲဖြစ်ပြီး စစ်ကောင်စီမှအပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိသေး ကြောင်း YPDF မှ ဗိုလ်ရန်နိုင်က ပြောသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မွန်ပြည်နယ်
#ရေးမြို့နယ်
#နယ်မြေရဲစခန်း
#နယ်မြေစိုးမိုးမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁3❤1
Media is too big
VIEW IN TELEGRAM
ညောင်နှစ်ပင်စိုက်ပျိုးမွေးမြုရေးအထူးဇုန်အတွင်းရှိ အသုံးမပြုတဲ့မြေတွေကို ပြန်သိမ်းမယ်လို့ စစ်ကောင်စီကြေညာ

Watch more detail - https://youtu.be/Nbyld5Hn7XI

#reels #shorts #BusinessRoundUp #MizzimaTV
👍9❤2👏1🤬1
မေလ ၂၃ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်းဘုရင်နှင့် ထိုင်းအစိုးရက မုန်တိုင်းသင့် မြန်မာပြည်သူတွေအတွက် ပစ္စည်းများ လှူဒါန်း

Watch more detail - https://youtu.be/Nbyld5Hn7XI

#reels
#shorts
#BusinessRoundUp
#MizzimaTV
❤4👏4😁1
မိုခါမုန်တိုင်းကြောင့် အခက်ကြုံနေရတဲ့ မင်းတပ်နယ်က ဒေသခံများ(ရုပ်သံ)
=====================

Kim Mung (မဇ္ဈိမ)။ ။ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ မိုခါမုန်တိုင်းကြောင့် မြေပြိုတာ၊ လမ်းတွေပျက်စီးတာတွေ ဖြစ်ပွားပြီး အိမ်ဆောက်ပစ္စည်းတွေဝယ်ယူဖို့ လမ်းပမ်းဆက်သွယ်ရေး အခက်အခဲ‌တွေ ကြုံတွေ့နေရတယ် လို့ ဒေသခံတွေဆီက သိရပါတယ်။

အိမ်ဆောက်ပစ္စည်းတွေဝယ်ယူဖို့အတွက် ကားလမ်းတွေပျက်နေတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ မကွီအိမ်နူးမြို့နေ ဒေသခံကပြောပါတယ်။

မင်းတပ်မြို့နယ်၊ မကွီအိမ်နူးမြို့မှာ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မရှိတဲ့အတွက် ဆောမြို့၊ ကျောက်ထု မြို့နဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့လိုနေရာတွေမှာ သွားဝယ်ရတာလို့လည်း ဆိုပါတယ်။
မိုခါမုန်တိုင်းကြောင့် မင်းတပ်မြို့နယ်မှာ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ဒေသခံတွေကို တတ်နိုင်တဲ့ဘက်က ကူညီ ပေးကြဖို့ Support for Cyclone-affected Villages in Mindat Township အဖွဲ့ကလည်းတောင်း ဆိုထားပါတယ်။

https://youtu.be/0dR44_kXBUo

တင်ဆက်- KimMung
ရုပ်သံတည်းဖြတ်- Thant Sin

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥1😁1😢1
Media is too big
VIEW IN TELEGRAM
ကမ္ဘာ့ရွှေဈေးကျဆင်းလာပေမယ့် ပြည်တွင်းရွှေဈေးကျဆင်းမှုမရှိ

Watch more detail - https://youtu.be/Nbyld5Hn7XI

#reels #shorts #BusinessRoundUp #MizzimaTV
🔥3
လောင်းလုံးတွင် စစ်ကောင်စီလက်အောက်ခံ ရုံး ၃ ခု တချိန်တည်းတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး
👍10🔥1😁1