Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
ယူနန်ပြည်နယ်ရွှေလီမြို့မှာ ပထမသုံးလပတ် ကုန်သွယ်မှုတန်ဖိုး ၆၇ ရာခိုင်နှုန်းကျော် မြင့်တက်လာ

Watch more detail - https://youtu.be/Nbyld5Hn7XI

#reels #shorts #BusinessRoundUp #MizzimaTV
❤3😁3
မေလ ( ၂၃ ) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
========================

- အာဏာပြန်လွှဲနိုင်ရေးမဖြစ်မ​နေ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ​ခေါင်း​ဆောင် အာမခံ​​တဲ့ သတင်း

- အာဏာသိမ်းစစ်တပ်နဲ့ မပူးပေါင်းဖို့အတွက် တရုတ်အစိုးရကို ရန်ကုန်မှာဆန္ဒပြနေကြတဲ့သတင်း

- ယင်းမာပင်မြိုမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကတပ်သား လက်နက်အပြည့်အစုံနဲ့ CDM ပြုလုပ်တဲ့သတင်း

- မုန်တိုင်းအပြီး တစ်ပတ်ကြာတဲ့အထိ ရခိုင်တွင် အကူအညီများမရသေးတဲ့ သတင်း

- G7 ဆီက သံတမန်‌ရေးနဲ့ စစ်ရေးဆိုင်ရာ ပံ့ပိုးမှုအသစ်တွေကို ဇယ်လန်စကီးရရှိခဲ့တဲ့အကြောင်းနဲ့

- ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးစတဲ့ သတင်းအပါအဝင် တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/nKOYi_ciUSs?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🤮3🍌1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၃ မေ ၂၀၂၃) 
=========================

ပြည်သူများ၏ မဲဆန္ဒများကို မျက်ကွယ်ပြုပြီး မတရားအာဏာလုခဲ့သည့် အကြမ်းဖက်မင်းအောင်လှိုင်မှ ရွေးကောက်ပွဲလုပ်ပြီး အနိုင်ရပါတီကို ပြန်လွဲမည်ဟု ထပ်ပြောလာပြန်သည်။စစ်အုပ်စုမှလုပ်မည့် ရွေးကောက်ပွဲသည်လည်း အတုအယောင်သာဖြစ်၍ ပြည်သူများမှ စိတ်ဝင်စားမည်မဟုတ်ပေ။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁5🤮2👍1
မတူပီမြို့ အခြေစိုက် ခလရ (၁၄၀) တပ်ရင်းတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးမှုများရှိ
😁4🔥1🥰1
မတူပီမြို့ အခြေစိုက် ခလရ (၁၄၀) တပ်ရင်းတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးမှုများရှိ
==========================

မဇ္ဈိမ
ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း မိုခါဆိုင်ကလုန်းမုန်းတိုင်းကြောင့် လူနေအိမ်ပေါင်း ၁,၂၄၃ အိမ်ပျက်စီးသွားပြီး မတူပီမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၁၄၀) တပ်ရင်းနှင့် ဗျူဟာကုန်းလည်း ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြည်သူ့နေအိမ် ပျက်စီးမှုများ ပြန်လည်ပြုပြင်ရန်အတွက် လိုအပ်သည့် သံချောင်း၊ မိုးကာ၊ သွပ် အစရှိသည့် ပစ္စည်းများ အထူးလိုအပ်နေပြီး မြို့ပေါ်တွင်လည်း အိမ်ဆောက်ပစ္စည်းများ ဝယ်ယူရန်မရှိ ဖြစ်နေသော်လည်း စစ်တပ်မှ ၎င်းတို့ပျက်စီးမှုများအား ပြင်ဆင်ရန်အတွက် ခရိုင်ရုံးမှ ဆောက်လုပ်ရေးပစ္စည်းများအား တပ်ထဲကို သယ်ယူနေကြောင်း မျက်မြင်ဒေသခံများက ပြောသည်။

‘’အရပ်သားနေအိမ်တွေရဲ့ ဆုံးရှုံးမှုတွေ စာရင်းတွေကိုတော့ရတယ်၊ တပ်ထဲက ပျက်စီးဆုံးရှုံးမှု တွေကိုတော့ ဘယ်သူမှအတိအကျမသိကြဘူး၊ ဒါပေမယ့် ဖနိုင်နဲ့ ငလိုင်ကျေးရွာကြားထဲမှာရှိတဲ့ ခရိုင်ရုံးအဆောက်အအုံနေရာတွေကနေ စစ်ကားနှစ်စီးနဲ့ သစ်တွေအပြည့်တင်ပြီးတော့ တပ်ထဲကို သယ်သွားတာတော့ တွေ့လိုက်ကြတယ်’’ဟု ဒေသခံများက ပြောသည်။

အဆိုပါ ခရိုင်ရုံး အဆောက်အအုံ နေရာသည် စစ်တပ်မှ အာဏာမသိမ်းခင်အထိ ဌာနဆိုင်ရာ အဆောက်အအုံမှ ဆောက်လုပ်ရေးလုပ်ငန်း အများအပြားလုပ်ကိုင်ကြခြင်းပြီး စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားရာ အဆိုပါနေရာကို စစ်တပ်မှ တပ်စွဲ နေရာယူထားခြင်း ဖြစ်သည်။

ချင်းပြည်နယ်အတွင်း ဖြတ်သန်းတိုက်ခတ်ခဲ့သော ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” ကြောင့် အဆောက်အဦ ၃,၃၃၈ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)က ယနေ့ မေလ ၂၃ရက်နေ့တွင် ထုတ်ပြန်သည်။

ချင်းပြည်နယ်၌ မုန်တိုင်းဒဏ်သင့် မြို့နယ် ကိုးခုရှိပြီး တွန်းဇံမြို့နယ်မှအပ ကျန်မြို့နယ် ရှစ်မြို့နယ်တွင် လူနေအိမ် ၂,၇၇၄ လုံး ၊ စာသင်ကျောင်း ၁၈၅ ကျောင်း ၊ ဘာသာရေးအဆောက်အဦး ၁၀၂ လုံး၊ ကျန်းမာရေး အဆောက်အဦ ၁၂ ခု ၊ စပါးကျီ ၂၅၉ လုံး၊ ခန်းမဆောင်နှင့် အခြားအဆောက်အဦ ခြောက်လုံး စုစုပေါင်း ၃,၃၃၈ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မတူပီမြို့
#စစ်ကောင်စီခလရ၁၄၀တပ်ရင်း
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7👏2❤1🔥1
​​ပြည်သူများအပေါ်အနိုင်ကျင့်နေသည့် ရွှေဘိုမြို့က အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး
====================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ အမှတ်(၈)ရပ်ကွက်တွင်
စစ်ကောင်စီမှ ခန့်အပ်ထားပြီး ပြည်သူများအပေါ်အနိုင်ကျင့်နေသည့် အုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မဟူရာ ရွှေဘိုသား တပ်ဖွဲ့ထံမှ သိရသည်။

အုပ်ချုပ်ရေးမှူး ဘိုမြင့် ကို တစ်ပတ်ခန့်အချိန်ယူ စောင့်ကြည့်ခဲ့ပြီးနောက် မေလ ၂၃ရက် ယနေ့ နံနက် ၈နာရီ ၁၅မိနစ်တွင် ဈေးဝယ်လာသည့်အချိန်၌ ရှင်းလင်းခဲ့ ခြင်းဖြစ်ကြောင်းဆိုသည်။

“ကျနော်တို့ အချိန်ယူစောင့်ကြည့်ခဲ့ပြီးမှ ဒီနေ့မနက်ဈေးဝယ်လာတဲ့အချိန်မှာ ဈေးအနောက်ဘက်လမ်းအကွေ့မှာ အနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့တာပါ” ဟု မဟူရာ ရွှေဘိုသား တာဝန်ရှိသူတစ်ဦး ကပြောသည်။

အဆိုပါအုပ်ချုပ်ရေးမှူးသည် မြို့ပြ UG များ၏ တည်နေရာကို သတင်းပေးခြင်း ၊ ဧည့်စာရင်းတိုင်သူများကို ငွေကြေးအဆမတန်တောင်းခံခြင်း ၊ ပြည်သူများအပေါ်တွင် အနိုင်ကျင့် မိုက်ရိုင်း စော်ကားသည့်လုပ်ရပ်များ ပြုလုပ်ခဲ့သည့်အတွက် ရှင်းလင်း ခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

၎င်းအား လုပ်ကြံရန်ပြင်ဆင်ချိန်တွင် ဘိုမြင့်မှ သေနတ်ဖြင့် ပြန်လည် ပစ်ခတ်ရန် ကြိုးစားသဖြင့် အချိန်မီ လက်ဦးမှုယူပြီး ပစ်ခတ်ခဲ့ရကြောင်းသိရသည်။

အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ပြီးနောက် ငါးမိနစ်ခန့်အကြာတွင် စစ်ကောင်စီတပ်သားများ နာရေးကားဖြင့်ရောက်လာကာ သေနတ်ဖြင့် ရမ်းသန်းပစ်ဖောက်ပြီး အလောင်းကို သယ်သူသွားကြောင်း မဟူရာ ရွှေဘိုသားအဖွဲ့ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

အဆိုပါလုပ်ကြံမှုကို မဟူရာရွှေဘိုသားအဖွဲ့နှင့်အတူ ဗိုလ်မိကျောင်း ၊ Snake Eyes ၊ ဒေါင်းစစ်သည် ၊ ဒေါင်းမာန် (Shwe Bo ) နှင့် တိုက်နယ် (၂) တပ်ပေါင်းစုမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဘေးကင်း လုံခြုံသောနေရာသို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

မေလ ၁၈ရက် မွန်းလွဲ ၁နာရီ ၄၀မိနစ်အချိန်ခန့်တွင်လည်း ရွှေဘိုမြို့ နန်းတော်ရာ အတွင်းတွင် သောက်စားမူးယစ်နေသည့် စစ်ကောင်စီတပ်သားများထဲသို့ မဟူရာရွှေဘိုသား နှင့် မဟာမိတ်များပူးပေါင်း၍ လက်ပစ်ဗုံး နှစ်လုံး ပစ်ခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မဟူရာရွှေဘိုသား
#မဟာမိတ်များ
#ရွှေဘိုမြို့
#စစ်ကောင်စီတပ်သား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🥴2
မေလ (၂၃) ရက်၊ အင်္ဂါနေ့ ညဘက် မဇ္ဈိမ ရေဒီယိုအစီအစဉ်
==================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ရွေးကောက်ပွဲကျင်းပပြီး အာဏာပြန်လွှဲနိုင်ရေး မဖြစ်မ နေဆောင်ရွက်သွားမည်ဟု အာဏာသိမ်း စစ်ကောင်စီ ခေါင်း ဆောင်

မင်းအောင်လှိုင်က အာမခံ ပြောဆိုလိုက်တဲ့သတင်းတွေအပါအဝင် အာဏာသိမ်းစစ်တပ်နဲ့ မပူးပေါင်းဖို့အတွက် တရုတ်အစိုးရကို ရန်ကုန်မှာ ဆန္ဒပြနေကြတဲ့သတင်းတွေပါဝင်တဲ့

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေနဲ့ ဒီနေ့အတွက် ကုန်ဈေးနှုးန်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ “မရွှေမိုးရဲ့လေးညှို့သံ” ဆောင်းပါးအစီအစဉ်နဲ့ “သဘာဝလက်ဆောင်” ဆိုတဲ့အစီအစဉ်တွေကိုနားဆင်ရဖို့ရှိပါတယ်။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်ဖို့ရှိပါတယ်။

https://youtu.be/w8ZH0KTnJ2M

#Eveningradio
#Mizzimaradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁3👎1
This media is not supported in your browser
VIEW IN TELEGRAM
May - 23 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍8😁2
​​မြင်းခြံထောင်တွင် နိုင်ကျဉ်းများကို သီးသန့်ခေါ်ထုတ်မှု ဆက်လက်ပြုလုပ်နေ
=====================

001
(မဇ္စျိမ)။ ။ မန္တလေးတိုင်း၊ မြင်းခြံမြို့၊ မြင်းခြံအကျဉ်းထောင်တွင် စစ်ကောင်စီတပ်နှင့်ရဲက နိုင်ငံရေးအကျဉ်းသားအချို့ကို သီးသန့်ခေါ်ထုတ်မှု ဆက်လက်ပြုလုပ်နေပြီး ထောင်တွင်းလုံခြုံရေးကိုလည်း တင်းကျပ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPN) ဦးဆောင်သူ ကိုသိုက်ထွန်းဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့်ရဲက မေလ ၂၁ ရက်နေ့နှင့် မေလ ၂၂ ရက်နေ့တို့တွင် ကိုကျော်မင်းနိုင်၊ ကိုသက်မောင်မောင်၊ ကိုဥက္ကာ၊ ကိုကျော်မျိုးတင့်၊ ကိုဇော်ဇော်အောင်၊ ကိုအောင်မျိုးသန့်နှင့် ကိုကျော်ဇင်ဦးတို့ကို အချိန်ခွဲ၍ သီးသန့်ခေါ်ထုတ်သွားပြီး ယမန်နေ့ ညနေပိုင်းတွင် ကိုစိုးရာဇာထွန်းလွင်နှင့် ကိုဇော်လှိုင်းတို့ကို ထပ်မံခေါ်ထုတ်သွားကြောင်း သိရသည်။

“ဘယ်ဆီကို ပို့ထားမှန်းတော့ အခုအချိန်ထိ အတည်ပြုချက်မရသေးဘူး။ စစ်ကြောရေးဆိုတဲ့ခေါင်းစဉ်ပဲ ရှိတယ်​ပေါ့​နော်။ စစ်ကြောရေးမှာ ခေါ်ယူမေးမြန်းစစ်ဆေးနေကြတယ်ပေါ့နော်။ အဓိကအကြောင်းပြချက်ကတော့ PDF တွေနဲ့ အဆက်အသွယ်မလုပ်ဖို့နဲ့ ထောင်ရဲ့လုံခြုံရေးကို အဲ့ဒီလိုမျိုးပေါ့၊ အကြောင်းပြမှာပေါ့ ။ ”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

သီးသန့်ခေါ်ထုတ်ခံရသူများထဲမှ ကိုကျော်ဇင်ဦးမှာ ယမန်နေ့က အကျဉ်းထောင်သို့ ပြန်လည်ရောက်ရှိလာသော်လည်း ကျန်ရှိသည့်သူများမှာ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်ကြောင်း သိရသည်။

ယခုအခြေအနေအရ အဆက်အသွယ်ပြတ်တောက်နေသည့် နိုင်ငံရေးအကျဉ်းသားများအတွက် အသက်အန္တရာယ် စိုးရိမ်ရကြောင်း ကိုသိုက်ထွန်းဦးက ပြောသည်။

“ဒီလူတွေ(သီးသန့်ခေါ်ထုတ်ခံရသူ)သည် နဂိုတည်းက ကျန်းမာရေးကောင်းတယ်။ ရောဂါအခံ တစ်ခုမှ မရှိဘူး။ အားလုံးက အနာတရဒဏ်ရာ တစ်ခုမှ မရှိဘူးပေါ့နော်။ သက်ဆိုင်သူတွေအနေနဲ့ အဲ့တာကို ပြောကြားလိုတယ်”ဟု ဆိုသည်။

ထိုသို့ အကျဉ်းသားများကို သီးသန့်ခေါ်ထုတ်နေသည့်အပေါ် အကျဉ်း ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများက ယမန်နေ့ နံနက်ပိုင်းကစ၍ လက်ရှိအချိန်အထိ အစာအငတ်ခံဆန္ဒပြမှု ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။

လက်ရှိတွင် မြင်းခြံအကျဉ်းထောင်အတွင်း စစ်ကောင်စီတပ်နှင့် ရဲက လုံခြုံရေးတာဝန်ယူပြီး တင်းကျပ်ထားသည့်အပြင် အကျဉ်းဦးစီးဌာန၀န်ထမ်းများ၏ ဖုန်းကိုပါ သိမ်းဆည်းထားကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မြင်းခြံအကျဉ်းထောင်
#စစ်ကောင်စီတပ်
#ရဲ
#နိုင်ငံရေးအကျဉ်းသား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬8👍2❤1🥰1😁1
မုန်းမြို့နယ်တွင် စစ်ဘေးရှောင် ၂၁,၈၈၀ ဦးအထိ ရှိလာဟု KNU ထုတ်ပြန်
😢8👍2🔥2😁1
မုန်းမြို့နယ်တွင် စစ်ဘေးရှောင် ၂၁,၈၈၀ ဦးအထိ ရှိလာဟု KNU ထုတ်ပြန်
====================

YT
(မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂၁,၈၈၀ ဦးအထိ ရှိလာသည်ဟု KNU ဗဟို၏ မေလ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

မုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး၍ အရပ်သားပစ်မှတ်များအား တိုက်ခိုက်မှုကြောင့် ကျေးရွာ ၁၈ ရွာမှ ဒေသခံများ ထွက်ပြေးနေရသည် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ ၂၁ ရက် နေ့လယ်ပိုင်းတွင် မုန်းမြို့နယ်၊ နောင်ကုန်းကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲချခဲ့ရာ နောင်ကုန်းရွာအတွင်းရှိ စာသင်ကျောင်း တစ်ကျောင်း၊ ဒေသခံနေအိမ် တစ်လုံး ဗုံးထိမှန် ပျက်စီးခဲ့ပြီး ဒေသခံနေအိမ် တစ်လုံး ဗုံးထိ၍ မီးလောင်ပြာကျခဲ့ရကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။

မေလ ၁၆ ရက်နေ့ကလည်း မုန်းမြို့နယ်၊ တမာခေါကျေးရွာနှင့် အနောက်တောင်စုကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်က တမာခေါကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးနှင့် အနောက်တောင်စုကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး စုစုပေါင်းနှစ်ဦးအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး မေလ ၁၇ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် ယမန်နေ့ မေလ ၂၂ ရက် နံနက်ပိုင်းမှစ၍ မုန်းမြို့အခြေစိုက် ခမရ(၅၉၉) နှင့် ဖြူးမြို့နယ်အခြေစိုက် ခလရ(၁၀၆)တို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မုန်းမြို့နယ်၊ တုံးတောရွာ၊ စဝေရွာ၊ ကျွန်းတောကျေးရွာများအတွင်း အင်အားဖြည့် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ယင်းကျေးရွာများရှိ ဒေသခံများ ထပ်မံစစ်ဘေးရှောင်နေရကြောင်း သိရသည်။

"စစ်ကြောင်းထပ်ထိုးလာတာ၊ ဖြူးဘက်ကတပ်ရယ်၊ နယ်ခံ (၅၉၉) ရယ်ကနေ တုံးတောနဲ့ စဝေ၊ ကျွန်းတောဘက်ကို စစ်ကြောင်းထိုးလာတာ။ စစ်ကြောင်းထိုးပြီဆိုတာနဲ့ ဘာလုပ်မယ်မှန်းမသိတော့ ရွာသားတွေ ရှောင်ပြေးနေကြပါပြီ" ဟု KNLA သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် မုန်းမြို့နယ်အတွင်းရှိ ညောင်ပင်သာကျေးရွာ၊ နောင်ချိုကျေးရွာ၊ ဒိုက်ပုံကျေးရွာ၊ မီးတိုင်တောကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ကျောင်းစုကျေးရွာ၊ မြောင်းဦးကျေးရွာ၊ ရေအိုးစင်ကျေးရွာ၊ ကော့ပြင်းကျေးရွာ၊ ကျောက်ကန်ကျေးရွာ၊ နောင်ကုန်းကျေးရွာ၊ တောင်စုကျေးရွာ၊ စဝေရွာ၊ ကျွန်းတောကျေးရွာ၊ ညောင်ပင်ဆိပ်ကျေးရွာ၊ မြောင်းရိုးကြီးကျေးရွာ၊ ရွာဟောင်းကျေးရွာနှင့် တပ်ကုန်းကျေးရွာ အစရှိသည့် ကျေးရွာ ၁၈ ရွာမှ ဒေသခံ ၂၁,၈၈၀ ဦး ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စစ်ဘေးရှောင်စခန်းများတွင် မိုးဦးကာလဖြစ်၍ ဖျားနာခြင်း၊ ဝမ်းလျောခြင်းအစရှိသည့် ရောဂါများ အဖြစ်များနေကာ အမိုးအကာ မလုံလောက်မှု၊ စားနပ်ရိက္ခာမလုံလောက်မှု စသည့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း KNLA သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

"အမျိုးသမီးတွေ ကလေးတွေကတော့ အများဆုံးပေါ့။ အသက်ကြီးတဲ့သူတွေရော ကိုယ်ဝန်ဆောင်တွေလည်းပါတယ်။ နေရာက အခုက အနှံ့ပဲ။ ဒီလိုပဲ အုပ်စုလိုက်လေးတွေ ရှောင်နေကြရတာ။ အခက်အခဲကတော့ အခြေခံလိုအပ်ချက်တွေ အကုန်လိုအပ်နေတာပါပဲ။ ကျွန်တော်တို့ကတော့ လူ ၂၀၀ လောက်ကိုပဲ ထောက်ပံ့နိုင်ပါသေးတယ်" ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အရပ်သားပစ်မှတ်များအား ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ဒေသခံများအနေဖြင့် နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်နေကြရပြီး ကျန်ရှိနေသည့် နေအိမ်များအား စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခြင်းကိုပါ ပြုလုပ်နေကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#KNU
#မုန်းမြို့နယ်
#စစ်ကောင်စီတပ်
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁2😢2🔥1🥰1
​​မန္တလေးတိုင်းတွင် တရုတ်ဓာတ်ငွေ့ပိုက်လိုင်း အစောင့်တပ်သားများ တိုက်ခိုက်ခံရမှု ၃ ကြိမ်ဖြစ်ခဲ့
=========================

007
(မဇ္ဈိမ) ။ ။ မန္တလေးတိုင်းတွင် တစ်လအတွင်း တရုတ်ဓာတ်ငွေ့ပိုက်လိုင်းအစောင့်တပ်သားများ တိုက်ခိုက်ခံရမှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

မေလ ၂၂ ရက်နေ့က မြင်းခြံခရိုင်၊ တောင်သာမြို့တွင်တစ်ကြိမ်၊
မေလ ၂၁ ရက်နေ့တွင် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပါးတောင်အနီးနှင့် မေလ ၇ ရက်နေ့တွင် နွားထိုးကြီးမြို့နယ်၌ တစ်ကြိမ် စုစုပေါင်း သုံးကြိမ်ဖြစ်သည်။

ယမန်နေ့ မေလ ၂၂ ရက်နေ့ည ၈ နာရီခန့်တွင် တောင်သာမြို့နယ်ရှိ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းအနီး ဒေသအခြေစိုက်မြို့ပြပြောက်ကျားများက ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

“ နှစ်ဘက်အပြန်အလှန်ပစ်ကြတာ မိနစ် ၂၀ လောက်ကြာတယ်။ အဲဒီတရုတ်ဂတ်စ်ပိုက်လိုင်းက ကျွန်တော်တို့မြို့တောင်ဘက် မင်းကန်ရွာနားမှာရှိတာ။ အောင်သာရဲစခန်းနဲ့လည်းနီးတယ်။ အဲဒီက အစောင့်စစ်သားတွေကို PDF က ဝင်ဆော်တာ ” ဟု မြို့ခံတစ်ဦးကပြောသည်။

သို့သော် အဆိုပါတိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက ဝင်ရောက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်လာခြင်း မရှိသေးပေ။

အလားတူ မေလ ၂၁ ရက်နေ့ကလည်း ကျောက်ပန်းတောင်းမြို့နယ် ပုပါးတောင်အနီးရှိ တရုတ်ဓာတ် ငွေ့ပိုက်လိုင်းအစောင့် စစ်အုပ်စုကို မြင်းခြံခရိုင်တပ်ရင်း (၂) ပါဝင်သော တော်လှန်ရေး ပြောက်ကျားအဖွဲ့များမှ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်အုပ်စုဘက်မှ ငါးယောက်သေပြီး စခန်းသိမ်းပိုက်နိုင်မည့် အခွင့်အရေးရှိသော်လည်း လက်နက်အင်အားမကောင်းသဖြင့် လက်လွှတ်ခဲ့ရကြောင်း မြင်းခြံခရိုင်တပ်ရင်း (၂)က ယနေ့သတင်း ထုတ်ပြန်ထားသည်။

အလားတူ နွားထိုးကြီးမြို့နယ်တွင်လည်း၊ မေလ ၇ ရက်နေ့ညက
တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်စက်ရုံမှ အစောင့်စစ်သားများကို ဒေသအခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော Natogyi Guerrilla Force (NGF) က တိုက်ခိုက်ခဲ့သည်။

အထက်ပါတိုက်ခိုက်မှုများသည် တရုတ်အစိုးရမှ မြန်မာ့နိုင်ငံရေးကို ဝင်စွက်ဖက်နေမှုအား သတိပေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူကပြောသည်။

တရုတ်နိုင်ငံပိုင် CNPC (China National Petroleum Corporation) ၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ခုဖြစ်သော တရုတ်ဓာတ်ငွေ့ပိုက်လိုင်းသည် ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းဖြင့် တွဲလျက်တည်ဆောက် ထားခြင်းဖြစ်သည်။

အဆိုပါပိုက်လိုင်းသည် မြန်မာနိုင်ငံအနောက်ဘက်ကမ်းခြေ မဒေးကျွန်းမှစတင်၍ ရခိုင်၊ မကွေး၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့ကိုဖြတ်သန်းကာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ဆက်သွယ်ထားသည်။

စီမံကိန်းတွင် တရုတ်နိုင်ငံမှ CNPC၊ မြန်မာနိုင်ငံမှ MOGE (Myanmar Oil an Gas Enterprise) ၊ တောင်ကိုရီးယားနိုင်ငံမှ Posco Daewoo, KOGAs (Korea Gas Corporation) နှင့် အိန္ဒိယနိုင်ငံမှ India’s Oil Companies Overseas, India Gas Corporation တို့ ပူးပေါင်းရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကြောင်း သိရသည်။

Photo - Shwe Gas Movement
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#သဘာဝဓာတ်ငွေ့ပိုက်လိုင်း
#တရုတ်အစိုးရ
#မန္တလေးတိုင်း
#မြို့ပြပြောက်ကျား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁1🥴1
ရခိုင်ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူအများစု ကယ်ဆယ်ရေး အထောက်ပံ့များ မရကြသေး
=====================

001
(မဇ္စျိမ) ။ ။ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်ပြီး တစ်ပတ်ကျော်ကြာသည်အထိ ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူအများစုမှာ စစ်ကောင်စီထံမှ အကူအညီများ မရရှိသေးကြောင်း မြေပြင်တွင် ကူညီနေသည့် ပရဟိတအဖွဲ့များနှင့် ဒေသခံများက မဇ္ဈိမကို ပြောသည်

မိုခါမုန်တိုင်းကြောင့် ရသေ့တောင်၊ ဘူးသီးတောင် ၊ မောင်တော ၊ စစ်တွေ၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော်၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား စသည့်မြို့နယ်များတွင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

အိမ်ခြေ ၃၀၀ နီးပါးရှိပြီး မုန်တိုင်းဒဏ်သင့်ထားသည့် ပေါက်တောမြို့နယ်၊ ချောင်းစောက်ကျေးရွာတွင် လက်ရှိအချိန်အထိ မည်သည့်ထောက်ပံ့မှုမျှ မရရှိသေးကြောင်း ဒေသခံများက ပြောသည်။
ယင်းကျေးရွာမှာ မုန်တိုင်းကြောင့် လူနေအိမ်များ ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက မဇ္ဈိမကို ပြောသည်။
👍3🔥2😢2
“အခုထိ မြို့နယ်ကလည်း ဘာအစီအစဉ်မှ မရှိသေးပါဘူး၊ ကျွန်တော်တို့ကိုလည်း ဘာမှခေါ်ပြီးမှ ပြောတာလည်း မရှိသေးပါဘူးခင်ဗျ၊ ဘေးနားက ရွာတွေလည်း အတူတူပါပဲ၊ ဒီပတ်၀န်းရွာတွေမှာတော့ အဲ့ဒီအတိုင်းပါပဲ၊ ဘယ်ရွာကမှလည်း ဘာတစ်ခုမှလည်း အကူအညီမရသေးဘူး၊ ခေါ်ယူဆွေးနွေးတာတွေလည်း မရှိသေးဘူး”ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

ရွာခံများအနေဖြင့် လက်ရှိတွင် ပျက်စီးသွားသော နေအိမ်များကို ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် ပြန်လည်ပြုပြင်ဆောက်လုပ်နေရ သကဲ့သို့ အစားအသောက်ကိုလည်း တစ်ဦးနှင့် တစ်ဦး ဝေမျှစားသောက်နေရကြောင်း ဆိုသည်။

စစ်ကောင်စီသည် ထိုသို့ ကျေးရွာများတွင် ထောက်ပံ့မှုများ မရှိသော်လည်း ပေါက်တောမြို့ပေါ်က ရပ်ကွက်အချို့မှာမူ ဆန်တစ်မျိုးတည်းကိုသာ ထောက်ပံ့ပြီး အဆိုပါ ထောက်ပံ့မှုမှာလည်း မလောက်ငှဟု ပေါက်တောမြို့ခံတစ်ဦးက မှတ်ချက်ပေးသည်။

“ဒီတစ်ရက် နှစ်ရက်မှာ မြို့ပေါ်မှာလည်း ရပ်ကွက်အစုံတော့ မဟုတ်ဘူး၊ ရပ်ကွက် (၃) ရယ် ၊ ရပ်ကွက် (၄) ရယ် အဲ့ဒီလို၊ ဆန်တစ်ခုပဲပေးတာ၊ အိမ်ထောင်စုတစ်ခုကို ကျွန်တော်တို့ဆီမှာတော့ လေးသိုက်လို့ ပြောတာပေါ့၊ နို့ဆီဘူး ၁၆ လုံးပေါ့”ဟု ပေါက်တောမြို့ခံ ကိုကျော်ကျော်ခိုင်က ပြောသည်။

ပေါက်တောမြို့ပေါ် နေရာအားလုံးတွင် ထောက်ပံ့မှု မရသေးကြောင်းနှင့် စစ်ကောင်စီ၏ ထောက်ပံ့မှုကိုရရှိသော ကျေးရွာအချို့ ရှိသော်လည်း ကျေးရွာအများစုမှာ ကူညီကယ်ဆယ်ရေး ထောက်ပံ့များ မရရှိသေးဘဲ အခက်အခဲများဖြင့် ရင်ဆိုင်နေကြရကြောင်း ကိုကျော်ကျော်ခိုင်က ဆိုသည်။

အလားတူ ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်က ကျေးရွာ ၁၅ ရွာမှ အိမ်ခြေ ၂,၀၀၀ ကျော်တွင်လည်း လက်ရှိအချိန်အထိ ထောက်ပံ့ကူညီမှု ကြီးကြီးမားမား မရရှိသေးဘဲ ပရဟိတအဖွဲ့များ၏ ပူးပေါင်းထောက်ပံ့မှုများသာ ရှိသေးကြောင်း မြေပြင်စာရင်းကောက်ယူခဲ့သည့် ပရဟိတအဖွဲ့၀င်တစ်ဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါ စာရင်းသည် ကူညီထောက်ပံ့မှုများ ပြုလုပ်ရန် မေလ ၂၂ ရက်နေ့က ၎င်းတို့ ပရဟိတအဖွဲ့များ ပူးပေါင်းကောက်ယူရရှိခဲ့သည့် စာရင်းအရေအတွက်ဖြစ်ကြောင်း ဆိုသည်။

“ထောက်ပံ့မှုကတော့ လောလောဆယ်ကတော့ ကျွန်တော်တို့ရောက်တဲ့အထိ ထောက်ပံ့မှု ကြီးကြီးမားမားမရကြသေးဘူး၊ ရွာတွေမှာတော့ ထောက်ပံ့တာ သိပ်မရှိဘူး”ဟု ပရဟိတအဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါ ကျေးရွာများတွင် သောက်သုံးရေ အခက်အခဲများအတွက် ပြင်ပအလှူရှင်များ၏ လှူဒါန်းမှုများဖြင့် ဖြေရှင်းနေရကြောင်းလည်း သိရသည်။

ပရဟိတအဖွဲ့များအနေဖြင့်လည်း ၎င်းတို့ထံတွင်ရှိသည့် ရန်ပုံငွေထဲမှ တတ်နိုင်သလောက်ကို ပြန်လည်လှူဒါန်းရခြင်းဖြစ်၍ မုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့ရာတွင် လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း ပရဟိတအဖွဲ့များနှင့် နီးစပ်သည့် စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

စစ်တွေမြို့ပေါ်တွင်လည်း စစ်ကောင်စီက ရပ်ကွက်အချို့တွင် ဆန်၊ ဆီထောက်ပံ့မှု အချို့ ရှိသော်လည်း လုံလုံလောက်လောက် မရှိကြောင်း ၎င်းကပြောသည်။

“စစ်ကောင်စီက ရွာတစ်ရွာမှာ အိမ်ခြေ ၄၀၀ ကျော်ရှိတယ်ဆိုပါတော့၊ အဲ့ဒီအတွက် ဆန်အိတ် ၁၀၀ ပေးတယ်၊ ဘဲဥ အလုံး ၃၀၀ ပေါ့၊ အိမ်ခြေ ၄၀၀ ကျော်ကို ဘဲဥအလုံး ၃၀၀ ပေးတော့ တစ်အိမ်တစ်လုံးတောင်မှ မလောက်ငှဘူး၊ အဲ့ဒီလိုပုံစံမျိုးတွေ ဖြစ်နေတယ်၊ မယူလို့လည်း မရဘူး၊ သွားယူရတယ်၊ ကျွန်တော်တို့ မယူဘူး၊ ရွာမှာ အဝေမတည့်ဘူးပေါ့၊ မလောက်ဘူးပေါ့၊ အဲ့ဒီလိုပြောတာလည်း မရဘူး၊ ယူရတယ်”ဟု အထက်ပါ စစ်တွေမြို့ခံက မဇ္ဈိမကို ပြောသည်။
ရခိုင်ပြည်နယ်တွင် “မိုခါ” ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပျက်စီးသွားသည့် မြို့နယ်များအနက် စစ်တွေနှင့် ရသေ့တောင်မြို့နယ်သည် မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွား ကြုံခဲ့ရကြောင်း UN OCHA Myanmarက ထုတ်ပြန်ထားသည်။

ရခိုင်ကမ်းရိုးတန်းကို ဦးတည်ပြီး မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ကြောင့် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများ အပါအဝင် ၁၄၈ ဦးသေဆုံးခဲ့ကြောင်း စစ်ကောင်စီ၏ မေလ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဒါးပိုင် ရိုဟင်ဂျာ ကယ်ဆယ်ရေးစခန်းတွင်လည်း မုန်တိုင်းတိုက်ပြီးချိန်မှ လက်ရှိအချိန်အထိ မည်သည့်အထောက်အပံ့မှမရဘဲ ကိုယ်ထူကိုယ်ထပုံစံဖြင့်သာ နေထိုင်နေရကြောင်း ဒါးပိုင်စခန်းရှိ ရိုဟင်ဂျာတစ်ဦးက မဇ္ဈိမကို ပြောသည်။
စစ်ကောင်စီထိန်းချုပ်ထားသော မေလ ၂၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် စစ်ကောင်စီအဖွဲ့ဝင်များက ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် စာသင်ကျောင်းများ အပါအ၀င် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေရာများကို လှည့်လည်ကြည့်ရှုပြီး မုန်တိုင်းဒဏ်သင့် အိမ်ထောင်စုများကိုလည်း ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။

မြောက်ဦး၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်များရှိ စစ်ကောင်စီတပ်သားများနှင့် မိသားစု၀င်များကို စားသောက်ဖွယ်ရာများ၊ အဆောက်အအုံ သုံးပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းများ ထောက်ပံ့ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
🔥2😢2👍1
လက်နက် လုံးဝမပို့ပေးနိုင်တဲ့ နေရာတွေလည်း ရှိနေသေးတယ်လို့ NUG ပြော
=========================

မိုးသောက် (မဇ္ဈိမ)။ ။စစ်ကောင်စီတပ်ဖွဲ့ကို ရရာလက်နက်ကိုင်ဆွဲပြီး တော်လှန်နေကြတာ နှစ်နှစ်ကျော်ကာလကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

တူမီးသေနတ်က အစပြုခဲ့ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ ကိုယ်တိုင်လုပ် လက်နက်အမျိုးမျိုးကို ထုတ်လုပ်လာနိုင်ကြပါတယ်။
လက်နက် ထုတ်လုပ်စမ်းသပ်ရာမှာ အသက်ပေးသွားကြတဲ့ တပ်ဖွဲ့ဝင်တွေရှိသလို ထုတ်လုပ်မှုကုန်ကျစရိတ်အတွက် အခက်အခဲတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တိုင်းအတွက် လက်နက်တပ်ဆင်ပေးနိုင်ဖို့ စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။

လက်ရှိအချိန်ထိ လက်နက်မထောက်ပံ့ပေးနိုင်တဲ့ နေရာတွေရှိသေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ဆိုပါတယ်။

https://youtu.be/CHScVXL7THo

#mizzima
#NUG
#သမ္မတရုံး
#တူမီးသေနတ်

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍19🔥1😁1😢1