Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဆိုင်ကလုန်းမိုခါအတွက် ထပ်တိုးအကူအညီ ဒေါ်လာ ၁၇ သန်းကို မိတ်ဖက်အဖွဲ့များမှတစ်ဆင့် ပေးအပ်မည်
======================

မဇ္ဈိမ။ ။ ဆိုင်ကလုန်းမိုခါအတွက် ထပ်တိုးအကူအညီ ဒေါ်လာ ၁၇ သန်းကို မိတ်ဖက်အဖွဲ့များမှတစ်ဆင့် ပေးအပ်မည်ဖြစ် ကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်သည်။

ကနဦးအကူအညီအဖြစ် ဒေါ်လာ နှစ်သိန်းကို ပေးအပ်ခဲ့ပြီးနောက် ထပ်တိုးကူညီမှုအဖြစ် ဒေါ်လာ ၁၇ သန်းကို ပေးအပ်ခြင်းဖြစ်သည်။

" အကူအညီကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် မုန်တိုင်းသင့်ဒေသများတွင် ဆောင်ရွက်လျက်ရှိသည့် မိတ်ဖက်အဖွဲ့အစည်းများကို ပေးအပ်သွားမည်ဖြစ်ပြီး အရေးပေါ် နားခိုစရာ၊ သန့်ရှင်းသောရေ ရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ရာတွင် အကူအညီဖြစ်စေနိုင်မည်ဖြစ်ပါသည်" ဟု အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုခါမုန်တိုင်းကြောင့် ထောက်ပံ့မှုအများဆုံး လိုအပ်နေသည့် လူ့အသိုက်အဝန်းများသို့ အကူအညီပေးသည့်အဖွဲ့အစည်းများ အလွယ်တကူရောက်ရှိနိုင်ရန်နှင့် အကူအညီများပေးအပ်နိုင်ရန် အလွန်အရေးကြီးသည်ဟု အမေရိကန်သံရုံးက ရှုမြင်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဒေါ်လာ ၁၇ သန်း
# အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ
👍15🔥1😁1
အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ (၆၀၀) ကျော်သေဆုံး
======================

အာဏာသိမ်းစစ်အုပ်စုရဲ့လေကြောင်းအသုံးပြုပြီး ပြည်သူတွေကို တိုက်ခိုက်မှုတွေကြောင့် အရပ်သား (၆၃၄) ဦးသေဆုံးထားတယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က သတင်းထုတ် ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလကုန်အထိ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ အရပ်သားထိခိုက်သေဆုံးမှုတွေအပေါ် လေ့လာစောင့်ကြည့်ပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။
မြန်မာနိုင်ငံတဝှမ်းမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေနဲ့ ပတ်သက်တဲ့ "အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းအသုံးပြုသတ်ဖြတ်မှုများနှင့် နိုင်ငံတကာ ရပ်တည်ချက်" ဆိုတဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ဝေထားတဲ့စာတမ်းမှာ ဖော်ပြထားတာပါ။

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ရပ်တည်ချက်သဘောထား၊မူဝါဒနဲ့ လုပ်ဆောင်ချက်တွေကိုလည်း ဒီအထူးအစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

https://youtu.be/naVeZA22VGk

#PoliticalNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬8🔥2😢2😁1💔1
ဖောင်တိန်အသွား ထုတ်လုပ်နေတဲ့ အမေရိကန် လူငယ် | VOA On Mizzima
========================

ဘောလ်ပွိုင့်၊ လက်နှိပ်စက်၊ ပြီးတော့ ကွန်ပျူတာ ကီးဘုတ် နဲ့ အခု ဖုန်းပေါ်မှာ စကားပြောရုံ နဲ့ စာ ပေါ်တဲ့အထိ နည်းပညာ တိုးတက်လာပါတယ်။ ဒီလို နည်းပညာတွေ ပေါ်လာတိုင်း စာရေးကိရိယာ ဖောင်တိန် ပင်န် ရဲ့ အသုံးဝင်မှု ပြီးသွားပြီ လို့ ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ ၁၉ ရာစု က တီထွင်ခဲ့တဲ့ ဖောင်တိန် ကို ခုအထိ ဝယ်လိုအား ရှိနေတုန်းပါပဲ။ အမေရိကန် လူငယ် အင်ဂျင်နီယာလေးတစ်ယောက် ရဲ့ ကျေးဇူးကြောင့် ဖောင်တိန် က ပြောင်းလဲဖြစ်ပေါ်လာနေပြန်ပါတယ်။ ဗွီအိုအေ ရဲ့ သတင်းထောက်ချုပ် Steve Herman .. Philadelphia ပြည်နယ်က ပို့လိုက်တဲ့ သတင်းဆောင်းပါး ကို ဦးတင်မောင်သန်း က တင်ဆက်ထားပါတယ်။

https://youtu.be/SyMgmpku7N0

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11😁2
Media is too big
VIEW IN TELEGRAM
အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ (၆၀၀) ကျော်သေဆုံး

Watch more detail -
https://youtu.be/naVeZA22VGk#PoliticalNews

#လေကြောင် း#စစ်ကောင်စီ #တိုက်ခိုက်မှု #VideoNews #shorts #Reels
😢8❤1👍1😁1
This media is not supported in your browser
VIEW IN TELEGRAM
May - 24 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews
#mizzimanewshour
#reels
#shorts
👍4😁1🤮1
​​မြန်မာတွင် မိုခါဆိုင်ကလုန်းမုန်တိုင်း ကယ်ဆယ်ရေးအတွက် ကုလသမဂ္ဂက အရေးပေါ် ရန်ပုံငွေ ကန်ဒေါ်လာ ၃၃၃ သန်း တောင်းခံ
========================

မြန်မာနိုင်ငံအတွင်း တိုက်ခတ်သွားသော အသေအဆုံးများသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းနောက်ပိုင်း သက်ရောက်မှု ရှိသော ပြည်သူ ၁ ဒသမ ၆ သန်းအတွက် အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၃၃ သန်းကို ကုလသမဂ္ဂက တောင်းခံသည်။
မိုးရာသီအကြို ခိုလှုံရာနေရာ၊ ဆေးဝါးအထောက်အပံ့၊ စားနပ်ရိက္ခာနှင့် သန့်ရှင်းသော ရေတို့ ထောက်ပံ့ကူညီရန် ဒေါ်လာ ၃၃၃ သန်း ရရှိရေး ကြိုးစားနေကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးရာရုံးက အင်္ဂါနေ့တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁2🤣2😭1
စစ်ကောင်စီထံ လေယာဉ်ဆီပို့ဆောင်မှု အာမခံပေးတဲ့ ဗြိတိန်ကုမ္ပဏီငါးခုကို အမည်ပျက်စာရင်းသွင်း
===================

မြန်မာစစ်ကောင်စီကို လေယာဉ်ဆီပို့ဆောင်နေတာတွေအတွက် လုပ်ငန်းအာမခံပေးထား တဲ့ ဗြိတိန်အာမခံ ကုမ္ပဏီ ငါးခုကို နာမည်ပျက်စာရင်းသွင်းလိုက်တယ်လို့ မြန်မာနိုင်ငံ အတွင်းက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးရေးတွေကို စောင့်ကြည့်နေတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ Burma Campaign UK က မေလ ၂၃ ရက်u ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့ရာမှာ အာမခံဝန်ဆောင်မှုပေးနေတဲ့ ဗြိတိန်ကုမ္ပဏီတွေကတော့ UK P & I, Steamship Mutual, Britannia P & I, North Standard နဲ့ Shipowners’ Club တို့ဖြစ်ပါတယ်။

အဲဒီကုမ္ပဏီတွေဟာ မြန်မာနိုင်ငံကို လေယာဉ်ဆီပို့နေတဲ့ ယာဉ်တွေကို အကာအကွယ်နဲ့ နစ်နာကြေး အာမခံပေးထားတဲ့ ကုမ္ပဏီတွေပါ။
မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးကတည်းက မြန်မာတစ်နိုင်ငံလုံးကိုထိန်းချုပ်နိုင်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေကို တိုးမြှင့်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထား ပါတယ်။

https://youtu.be/atMVG0XEiJ4

#PoliticalNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍17😁4💩2
မေလ (၂၄)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=========================

-လက်နက် လုံးဝမပို့ပေးနိုင်တဲ့ နေရာတွေလည်း ရှိနေသေးတယ်လို့ NUG ပြောတဲ့သတင်း

-စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ဗန်းမောက်မှာ တိုက်ပွဲပြင်းထန်နေတဲ့သတင်း

-စစ်ကောင်စီထံ လေယာဉ်ဆီပို့ဆောင်မှု အာမခံပေးတဲ့ ဗြိတိန်ကုမ္ပဏီငါးခုကို အမည်ပျက်စာရင်းသွင်းတဲ့သတင်း

-ထိုင်းညွန့်ပေါင်းအဖွဲ့က တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲရေးအတွက် နှုတ်ဆိတ်နေတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာပါခင်ဗျာ။

https://youtu.be/stMDLlEmOCQ

#12pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁2
BGF စခန်းအား KNLA ဝင်ရောက်တိုက်ခိုက်၊ တပ်ခွဲမှူးအပါအဝင် ၅ ဦးသေဆုံး
👍19❤2😁1
BGF စခန်းအား KNLA ဝင်ရောက်တိုက်ခိုက်၊ တပ်ခွဲမှူးအပါအဝင် ၅ ဦးသေဆုံး
======================

YT
(မဇ္ဈိမ)။ ။ကရင်အမျိုးသားအစည်းအရုံး (KNU)​၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင် ( ဖာပွန်ခရိုင်)၊ဒွယ်လိုးမြို့နယ်၊ ကတဲတိကျေးရွာနှင့် ထီးကဆောမဲကျေးရွာအကြားရှိကရင်နယ်ခြားစောင့်တပ်(BGF)ဂိတ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း KNU-မူတြော်သတင်းစဉ်က ယနေ့ မေလ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။

မေလ ၂၀ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင်ကတဲတိကျေးရွာနှင့်ထီးကဆောမဲကျေးရွာအကြားရှိ BGF ဂိတ်စခန်အား တပ်မဟာ(၅) KNLA ၊ တပ်ရင်း(၁၀၂)နှင့် တပ်ခွဲများမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး BGFဘက်မှ တပ်ခွဲမှူး စောဘာယိုအပါအဝင် ငါးဦးသေဆုံးခဲ့ပြီး BGF ပိုင်ဆိုင်သော ကားတစ်စီးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

အဆိုပါစခန်းမှ BGF တပ်သားများသည် ဖြတ်သန်းသွားလာနေသောဒေသခံများထံမှ ဆက်ကြေး ကောက် ခံလျက်ရှိသောဂိတ်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNUတပ်မဟာ(၅)နယ်မြေအတွင်း BGF တပ်ရင်း (၁၀၁၃)နှင့် တပ်ရင်း(၁၀၁၄)တို့ အဓိကလှုပ်ရှားလျက် ရှိပြီး တပ်ရင်း(၁၀၁၁)သည်တပ်မဟာ(၅)နှင့် တပ်မဟာ(၁)အစပ်တွင် လှုပ်ရှားနေကြောင်း၊ အဆိုပါ BGF တပ်များသည် စစ်ကောင်စီတပ်များနှင့်ပူးတွဲ၍ စစ်ကြောင်းဖွဲ့လှုပ်ရှားကြကြောင်း KNU တပ်မဟာ(၅)မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့ကပြောသည်။

တပ်မဟာ(၅)မှာအခြေချလှုပ်ရှားတဲ့ BGFတပ်ရင်းက (၁၀၁၃)နဲ့ (၁၀၁၄) တပ်ရင်း နှစ်ရင်းဖြစ်တယ်။ တပ်ရင်း(၁၀၁၁)ကျတော့ တပ်မဟာ (၅)မှာတဝက်နဲ့တပ်မဟာ(၁)မှာတဝက် တာဝန်ယူလှုပ်ရှားတယ်။

သူတို့ရဲ့လှုပ်ရှားမှုကစစ်ကောင်စီတပ်နဲ့တွဲပြီး စစ်ကြောင်းဖွဲ့အတူလှုပ်ရှားတယ်။ စစ်ကောင်စီတပ် လက် နက်ခဲယမ်းနဲ့ရိက္ခာကိုဝိုင်းဝန်းသယ်ကူပေးတယ်” ဒုဗိုလ်မှူးကြီး စောကလယ်ဒို့ကမဇ္ဈိမကိုပြောသည်။

KNUတပ်မဟာ (၅) နယ်မြေအတွင်း အထိုင်ချလှုပ်ရှားနေသောစစ်ကောင်စီတပ်သားများနှင့် ၎င်းတို့​၏ လက်အောက်ခံ BGF များသည် လက်နက်ကြီးများဖြင့် ကျေးရွာများ၊ဥယျာဉ်ခြံများအတွင်း ပစ်ခတ်ခြင်း များပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့ကလည်း BGF(၁၀၁၃)တပ်ရင်းမှူး မောင်လှကြိုင်​၏ အမိန့်ပေးစေခိုင်းချက် အရ ဖိုဃဲထာကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဖိုဃဲထာကျေးရွာမှ အသက်(၂၁) နှစ် အရွယ်ရှိ စောကျော်ခူ ထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ်နှစ်လုံးထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

မေလ ၁ ရက်မှ ၁၅ ရက်နေ့အတွင်း KNUတပ်မဟာ(၅)နယ်မြေတွင် KNLA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲ ၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်မှ တပ်ခွဲမှူးတဦး၊ ဒု- ခွဲမှူးတဦး၊ တပ်ကြပ်တဦးအပါအဝင် ၂၆ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#KNUတပ်မဟာ(၅)
#KNLA
#BGF
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20❤2😁2
​​မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများအတွက် အကူအညီရန်ပုံငွေ ဒေါ်လာ ၃၃၃ သန်း လိုအပ်
==========================

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်က ထိခိုက်ပျက်စီးမှုများကို ကြီးကြီးမားမား ဖြစ်စေခဲ့သည့် ဆိုင်ကလုန်း မိုခါ မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ခံခဲ့ကြရသော ပြည်သူ ၁ ဒသမ ၆ သန်းကို အကူအညီပေးရန် ရန်ပုံငွေများရရှိရေး ကုလသမဂ္ဂက အရေးတကြီး ပန်ကြားချက်တစ်ရပ်ကို လုပ်ဆောင်ခဲ့သည်။
👍8❤3😁2
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီထံ လေယာဉ်ဆီပို့ဆောင်မှု အာမခံပေးတဲ့ ဗြိတိန်ကုမ္ပဏီငါးခုကို အမည်ပျက်စာရင်းသွင်း

Watch more detail -
https://youtu.be/atMVG0XEiJ4

#PoliticalNews #စစ်ကောင်စီ #လေယာဉ်ဆီ #ဗြိတိန်ကုမ္ပဏီငါးခု #VideoNews #shorts #Reels
👍15😁3
မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်မှာ စာသင်ကျောင်းများ ပုံမှန်အတိုင်းဖွင့်လှစ်သွားမည်ဟုဆို
=======================

အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ အခြေခံပညာစာသင်ကျောင်းတွေကို မူလသတ်မှတ်ထားတဲ့အတိုင်း ဖွင့်လှစ်သွားမယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးကနေ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ အခြေခံပညာ စာသင်ကျောင်းတွေ မူလအတိုင်း ပြန်လည်ဖွင့်လှစ်သွားမယ်လို့ စီစဉ်ထားပေမဲ့ စာသင်ကျောင်းတွေကို ပြန်လည်ပြုပြင်ခြင်း မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

https://youtu.be/A2BgJcaTnJU

#Political News
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤5👍2😁2👏1
​​အောင်မင်္ဂလာအဝေးပြေးဝန်းတွင် ဆိုင်ကယ်များသာမက ဘက်ထရီစက်ဘီးများကိုလည်း ဖမ်းဆီးနေ
===================

002
(မဇ္စိုမ)။ ။ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းဆုံနှင့် အောင်မင်္ဂလာအဝေးပြေးကားဝန်းအတွင်းဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်နှင့် ဘက်ထရီစက်ဘီးများကို လုံခြုံရေးတာဝန်ယူထားသည့် စစ်ကောင်စီ တပ်သားနှင့် ရဲများကဖမ်းဆီးပြီးဆိုင်ကယ်အသစ်များကိုသိမ်းယူကာ အဟောင်းများကို ငွေတောင်းပြီး ပြန်ပေးနေကြောင်း သိရသည်။

ထို့ပြင် အောင်မင်္ဂလာအဝေးပြေးကားဝန်း လုံခြုံရေးဂိတ်ရှေ့မှစီးနင်းသွားသည့် ဘက်ထရီစက်ဘီးစီးနင်း သူတဦးကိုနေပူထဲတွင်ဒူးထောက်ထိုင်ခိုင်ပြီး နားရင်းအုပ်ကာ စက်ဘီးကိုသိမ်းယူသွားသည်ဟုလည်း မျက်မြင်တွေ့ခဲ့သူများကပြောသည်။

“တစ်နေ့ကပဲ ကောင်လေးတစ်ယောက် ဝန်းထဲမှာဘက်ထရီစက်ဘီးစီးလာတာသူတို့ရဲကင်းရှေ့ကဖြတ် တော့ တားပြီး နေပူထဲမှာ ဒူးထောက်ထိုင်ခိုင်းတယ်။ နားပန်ကျင်းနေတာလည်း တွေ့ရတယ်။ ကောင်လေး က စက်ဘီးထားခဲ့ရပြီး ပြန်ထွက်လာခဲ့ရတာ၊၊ တခြားသူတွေကိုလည်း ဖမ်းတယ်။ ဆိုင်ကယ်တွေတင်မက ဘူး ဘက်ထရီဘီးတွေအားလုံးကိုဖမ်းတာ။ ဒါက ဆိုင်ကယ်မဟုတ်ပါဘူး ဘက်ထရီဘီးပါပြောလည်း မရ ဘူး။ မင်းစက်ဘီးက ခြေနင်းမပါတဲ့အတွက်ဘက်ထရီစက်ဘီးမဟုတ်ဘူး၊ ဒါဆိုင်ကယ်ပဲဆိုပြီး ဖမ်းသွား တာ ၃၀,၀၀၀ ပေးပြီး မနည်းပြန်ရွေးယူလာရတယ်” ဟုအောင်မင်္ဂလာအဝေးပြေးဝန်းအတွင်းမှ ဈေးသည် တစ်ဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း တရားမ၀င် ဘေးတွဲဆိုင်ကယ်များမောင်းနှင်သူများ၏ ကိုယ်ရေးအချက် အလက်များအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများက စာရင်းကောက်ယူနေကြောင်းသိရပြီး လက်တလောတွင် ဆိုင်ကယ်ကယ်ရီသမားများမှာ သက်ဆိုင်ရာတာဝန်ကျလုံခြုံရေးတာဝန်ယူထားသည့် စစ်ကောင်စီတပ်နှင့် ရဲများကို တစ်လလျှင် လစဉ်ကြေး ၅,၀၀၀ ပေးနေရကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#အောင်မင်္ဂလာအဝေးပြေး
#ဆိုင်ကယ်
#ဘက်ထရီစက်ဘီး
#ဆိုင်ကယ်ကယ်ရီသမား
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🤬4❤3👏1
Media is too big
VIEW IN TELEGRAM
မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်မှာ စာသင်ကျောင်းများ ပုံမှန်အတိုင်းဖွင့်လှစ်သွားမည်ဟုဆို

Watch more detail -
https://youtu.be/A2BgJcaTnJU

#PoliticalNews #မုန်တိုင်း #ရခိုင် #စာသင်ကျောင်း #ဖွင့်လှစ်သွားမည် #VideoNews #shorts #Reels
😁3👍2👏2
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်းညွန့်ပေါင်းအဖွဲ့က တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲရေးအတွက် နှုတ်ဆိတ်နေ

https://www.facebook.com/reel/578643617722464

#internationalnews #reels #shorts
👍6😁5
This media is not supported in your browser
VIEW IN TELEGRAM
May - 24 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews
#mizzimanewshour
#reels
#shorts
👍8😁1🤮1