Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ (၆၀၀) ကျော်သေဆုံး

Watch more detail -
https://youtu.be/naVeZA22VGk#PoliticalNews

#လေကြောင် း#စစ်ကောင်စီ #တိုက်ခိုက်မှု #VideoNews #shorts #Reels
😢8❤1👍1😁1
This media is not supported in your browser
VIEW IN TELEGRAM
May - 24 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews
#mizzimanewshour
#reels
#shorts
👍4😁1🤮1
​​မြန်မာတွင် မိုခါဆိုင်ကလုန်းမုန်တိုင်း ကယ်ဆယ်ရေးအတွက် ကုလသမဂ္ဂက အရေးပေါ် ရန်ပုံငွေ ကန်ဒေါ်လာ ၃၃၃ သန်း တောင်းခံ
========================

မြန်မာနိုင်ငံအတွင်း တိုက်ခတ်သွားသော အသေအဆုံးများသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းနောက်ပိုင်း သက်ရောက်မှု ရှိသော ပြည်သူ ၁ ဒသမ ၆ သန်းအတွက် အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၃၃ သန်းကို ကုလသမဂ္ဂက တောင်းခံသည်။
မိုးရာသီအကြို ခိုလှုံရာနေရာ၊ ဆေးဝါးအထောက်အပံ့၊ စားနပ်ရိက္ခာနှင့် သန့်ရှင်းသော ရေတို့ ထောက်ပံ့ကူညီရန် ဒေါ်လာ ၃၃၃ သန်း ရရှိရေး ကြိုးစားနေကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးရာရုံးက အင်္ဂါနေ့တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁2🤣2😭1
စစ်ကောင်စီထံ လေယာဉ်ဆီပို့ဆောင်မှု အာမခံပေးတဲ့ ဗြိတိန်ကုမ္ပဏီငါးခုကို အမည်ပျက်စာရင်းသွင်း
===================

မြန်မာစစ်ကောင်စီကို လေယာဉ်ဆီပို့ဆောင်နေတာတွေအတွက် လုပ်ငန်းအာမခံပေးထား တဲ့ ဗြိတိန်အာမခံ ကုမ္ပဏီ ငါးခုကို နာမည်ပျက်စာရင်းသွင်းလိုက်တယ်လို့ မြန်မာနိုင်ငံ အတွင်းက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးရေးတွေကို စောင့်ကြည့်နေတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ Burma Campaign UK က မေလ ၂၃ ရက်u ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့ရာမှာ အာမခံဝန်ဆောင်မှုပေးနေတဲ့ ဗြိတိန်ကုမ္ပဏီတွေကတော့ UK P & I, Steamship Mutual, Britannia P & I, North Standard နဲ့ Shipowners’ Club တို့ဖြစ်ပါတယ်။

အဲဒီကုမ္ပဏီတွေဟာ မြန်မာနိုင်ငံကို လေယာဉ်ဆီပို့နေတဲ့ ယာဉ်တွေကို အကာအကွယ်နဲ့ နစ်နာကြေး အာမခံပေးထားတဲ့ ကုမ္ပဏီတွေပါ။
မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးကတည်းက မြန်မာတစ်နိုင်ငံလုံးကိုထိန်းချုပ်နိုင်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေကို တိုးမြှင့်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထား ပါတယ်။

https://youtu.be/atMVG0XEiJ4

#PoliticalNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍17😁4💩2
မေလ (၂၄)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=========================

-လက်နက် လုံးဝမပို့ပေးနိုင်တဲ့ နေရာတွေလည်း ရှိနေသေးတယ်လို့ NUG ပြောတဲ့သတင်း

-စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ဗန်းမောက်မှာ တိုက်ပွဲပြင်းထန်နေတဲ့သတင်း

-စစ်ကောင်စီထံ လေယာဉ်ဆီပို့ဆောင်မှု အာမခံပေးတဲ့ ဗြိတိန်ကုမ္ပဏီငါးခုကို အမည်ပျက်စာရင်းသွင်းတဲ့သတင်း

-ထိုင်းညွန့်ပေါင်းအဖွဲ့က တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲရေးအတွက် နှုတ်ဆိတ်နေတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာပါခင်ဗျာ။

https://youtu.be/stMDLlEmOCQ

#12pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁2
BGF စခန်းအား KNLA ဝင်ရောက်တိုက်ခိုက်၊ တပ်ခွဲမှူးအပါအဝင် ၅ ဦးသေဆုံး
👍19❤2😁1
BGF စခန်းအား KNLA ဝင်ရောက်တိုက်ခိုက်၊ တပ်ခွဲမှူးအပါအဝင် ၅ ဦးသေဆုံး
======================

YT
(မဇ္ဈိမ)။ ။ကရင်အမျိုးသားအစည်းအရုံး (KNU)​၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင် ( ဖာပွန်ခရိုင်)၊ဒွယ်လိုးမြို့နယ်၊ ကတဲတိကျေးရွာနှင့် ထီးကဆောမဲကျေးရွာအကြားရှိကရင်နယ်ခြားစောင့်တပ်(BGF)ဂိတ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း KNU-မူတြော်သတင်းစဉ်က ယနေ့ မေလ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။

မေလ ၂၀ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင်ကတဲတိကျေးရွာနှင့်ထီးကဆောမဲကျေးရွာအကြားရှိ BGF ဂိတ်စခန်အား တပ်မဟာ(၅) KNLA ၊ တပ်ရင်း(၁၀၂)နှင့် တပ်ခွဲများမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး BGFဘက်မှ တပ်ခွဲမှူး စောဘာယိုအပါအဝင် ငါးဦးသေဆုံးခဲ့ပြီး BGF ပိုင်ဆိုင်သော ကားတစ်စီးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

အဆိုပါစခန်းမှ BGF တပ်သားများသည် ဖြတ်သန်းသွားလာနေသောဒေသခံများထံမှ ဆက်ကြေး ကောက် ခံလျက်ရှိသောဂိတ်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNUတပ်မဟာ(၅)နယ်မြေအတွင်း BGF တပ်ရင်း (၁၀၁၃)နှင့် တပ်ရင်း(၁၀၁၄)တို့ အဓိကလှုပ်ရှားလျက် ရှိပြီး တပ်ရင်း(၁၀၁၁)သည်တပ်မဟာ(၅)နှင့် တပ်မဟာ(၁)အစပ်တွင် လှုပ်ရှားနေကြောင်း၊ အဆိုပါ BGF တပ်များသည် စစ်ကောင်စီတပ်များနှင့်ပူးတွဲ၍ စစ်ကြောင်းဖွဲ့လှုပ်ရှားကြကြောင်း KNU တပ်မဟာ(၅)မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့ကပြောသည်။

တပ်မဟာ(၅)မှာအခြေချလှုပ်ရှားတဲ့ BGFတပ်ရင်းက (၁၀၁၃)နဲ့ (၁၀၁၄) တပ်ရင်း နှစ်ရင်းဖြစ်တယ်။ တပ်ရင်း(၁၀၁၁)ကျတော့ တပ်မဟာ (၅)မှာတဝက်နဲ့တပ်မဟာ(၁)မှာတဝက် တာဝန်ယူလှုပ်ရှားတယ်။

သူတို့ရဲ့လှုပ်ရှားမှုကစစ်ကောင်စီတပ်နဲ့တွဲပြီး စစ်ကြောင်းဖွဲ့အတူလှုပ်ရှားတယ်။ စစ်ကောင်စီတပ် လက် နက်ခဲယမ်းနဲ့ရိက္ခာကိုဝိုင်းဝန်းသယ်ကူပေးတယ်” ဒုဗိုလ်မှူးကြီး စောကလယ်ဒို့ကမဇ္ဈိမကိုပြောသည်။

KNUတပ်မဟာ (၅) နယ်မြေအတွင်း အထိုင်ချလှုပ်ရှားနေသောစစ်ကောင်စီတပ်သားများနှင့် ၎င်းတို့​၏ လက်အောက်ခံ BGF များသည် လက်နက်ကြီးများဖြင့် ကျေးရွာများ၊ဥယျာဉ်ခြံများအတွင်း ပစ်ခတ်ခြင်း များပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့ကလည်း BGF(၁၀၁၃)တပ်ရင်းမှူး မောင်လှကြိုင်​၏ အမိန့်ပေးစေခိုင်းချက် အရ ဖိုဃဲထာကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဖိုဃဲထာကျေးရွာမှ အသက်(၂၁) နှစ် အရွယ်ရှိ စောကျော်ခူ ထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ်နှစ်လုံးထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

မေလ ၁ ရက်မှ ၁၅ ရက်နေ့အတွင်း KNUတပ်မဟာ(၅)နယ်မြေတွင် KNLA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲ ၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်မှ တပ်ခွဲမှူးတဦး၊ ဒု- ခွဲမှူးတဦး၊ တပ်ကြပ်တဦးအပါအဝင် ၂၆ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#KNUတပ်မဟာ(၅)
#KNLA
#BGF
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20❤2😁2
​​မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများအတွက် အကူအညီရန်ပုံငွေ ဒေါ်လာ ၃၃၃ သန်း လိုအပ်
==========================

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်က ထိခိုက်ပျက်စီးမှုများကို ကြီးကြီးမားမား ဖြစ်စေခဲ့သည့် ဆိုင်ကလုန်း မိုခါ မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ခံခဲ့ကြရသော ပြည်သူ ၁ ဒသမ ၆ သန်းကို အကူအညီပေးရန် ရန်ပုံငွေများရရှိရေး ကုလသမဂ္ဂက အရေးတကြီး ပန်ကြားချက်တစ်ရပ်ကို လုပ်ဆောင်ခဲ့သည်။
👍8❤3😁2
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီထံ လေယာဉ်ဆီပို့ဆောင်မှု အာမခံပေးတဲ့ ဗြိတိန်ကုမ္ပဏီငါးခုကို အမည်ပျက်စာရင်းသွင်း

Watch more detail -
https://youtu.be/atMVG0XEiJ4

#PoliticalNews #စစ်ကောင်စီ #လေယာဉ်ဆီ #ဗြိတိန်ကုမ္ပဏီငါးခု #VideoNews #shorts #Reels
👍15😁3
မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်မှာ စာသင်ကျောင်းများ ပုံမှန်အတိုင်းဖွင့်လှစ်သွားမည်ဟုဆို
=======================

အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ အခြေခံပညာစာသင်ကျောင်းတွေကို မူလသတ်မှတ်ထားတဲ့အတိုင်း ဖွင့်လှစ်သွားမယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးကနေ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ အခြေခံပညာ စာသင်ကျောင်းတွေ မူလအတိုင်း ပြန်လည်ဖွင့်လှစ်သွားမယ်လို့ စီစဉ်ထားပေမဲ့ စာသင်ကျောင်းတွေကို ပြန်လည်ပြုပြင်ခြင်း မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

https://youtu.be/A2BgJcaTnJU

#Political News
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤5👍2😁2👏1
​​အောင်မင်္ဂလာအဝေးပြေးဝန်းတွင် ဆိုင်ကယ်များသာမက ဘက်ထရီစက်ဘီးများကိုလည်း ဖမ်းဆီးနေ
===================

002
(မဇ္စိုမ)။ ။ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းဆုံနှင့် အောင်မင်္ဂလာအဝေးပြေးကားဝန်းအတွင်းဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်နှင့် ဘက်ထရီစက်ဘီးများကို လုံခြုံရေးတာဝန်ယူထားသည့် စစ်ကောင်စီ တပ်သားနှင့် ရဲများကဖမ်းဆီးပြီးဆိုင်ကယ်အသစ်များကိုသိမ်းယူကာ အဟောင်းများကို ငွေတောင်းပြီး ပြန်ပေးနေကြောင်း သိရသည်။

ထို့ပြင် အောင်မင်္ဂလာအဝေးပြေးကားဝန်း လုံခြုံရေးဂိတ်ရှေ့မှစီးနင်းသွားသည့် ဘက်ထရီစက်ဘီးစီးနင်း သူတဦးကိုနေပူထဲတွင်ဒူးထောက်ထိုင်ခိုင်ပြီး နားရင်းအုပ်ကာ စက်ဘီးကိုသိမ်းယူသွားသည်ဟုလည်း မျက်မြင်တွေ့ခဲ့သူများကပြောသည်။

“တစ်နေ့ကပဲ ကောင်လေးတစ်ယောက် ဝန်းထဲမှာဘက်ထရီစက်ဘီးစီးလာတာသူတို့ရဲကင်းရှေ့ကဖြတ် တော့ တားပြီး နေပူထဲမှာ ဒူးထောက်ထိုင်ခိုင်းတယ်။ နားပန်ကျင်းနေတာလည်း တွေ့ရတယ်။ ကောင်လေး က စက်ဘီးထားခဲ့ရပြီး ပြန်ထွက်လာခဲ့ရတာ၊၊ တခြားသူတွေကိုလည်း ဖမ်းတယ်။ ဆိုင်ကယ်တွေတင်မက ဘူး ဘက်ထရီဘီးတွေအားလုံးကိုဖမ်းတာ။ ဒါက ဆိုင်ကယ်မဟုတ်ပါဘူး ဘက်ထရီဘီးပါပြောလည်း မရ ဘူး။ မင်းစက်ဘီးက ခြေနင်းမပါတဲ့အတွက်ဘက်ထရီစက်ဘီးမဟုတ်ဘူး၊ ဒါဆိုင်ကယ်ပဲဆိုပြီး ဖမ်းသွား တာ ၃၀,၀၀၀ ပေးပြီး မနည်းပြန်ရွေးယူလာရတယ်” ဟုအောင်မင်္ဂလာအဝေးပြေးဝန်းအတွင်းမှ ဈေးသည် တစ်ဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း တရားမ၀င် ဘေးတွဲဆိုင်ကယ်များမောင်းနှင်သူများ၏ ကိုယ်ရေးအချက် အလက်များအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများက စာရင်းကောက်ယူနေကြောင်းသိရပြီး လက်တလောတွင် ဆိုင်ကယ်ကယ်ရီသမားများမှာ သက်ဆိုင်ရာတာဝန်ကျလုံခြုံရေးတာဝန်ယူထားသည့် စစ်ကောင်စီတပ်နှင့် ရဲများကို တစ်လလျှင် လစဉ်ကြေး ၅,၀၀၀ ပေးနေရကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#အောင်မင်္ဂလာအဝေးပြေး
#ဆိုင်ကယ်
#ဘက်ထရီစက်ဘီး
#ဆိုင်ကယ်ကယ်ရီသမား
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🤬4❤3👏1
Media is too big
VIEW IN TELEGRAM
မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်မှာ စာသင်ကျောင်းများ ပုံမှန်အတိုင်းဖွင့်လှစ်သွားမည်ဟုဆို

Watch more detail -
https://youtu.be/A2BgJcaTnJU

#PoliticalNews #မုန်တိုင်း #ရခိုင် #စာသင်ကျောင်း #ဖွင့်လှစ်သွားမည် #VideoNews #shorts #Reels
😁3👍2👏2
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်းညွန့်ပေါင်းအဖွဲ့က တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲရေးအတွက် နှုတ်ဆိတ်နေ

https://www.facebook.com/reel/578643617722464

#internationalnews #reels #shorts
👍6😁5
This media is not supported in your browser
VIEW IN TELEGRAM
May - 24 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews
#mizzimanewshour
#reels
#shorts
👍8😁1🤮1
​​လောင်းလုံးမြို့လဝကရုံးစီးနင်းတိုက်ခိုက်ခံရပြီး ဒုဦးစီးမှူးသေဆုံး၊ မြို့ခံ ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား
=====================

မဇ္ဈိမ ။ ။မေလ ၂၄ ရက်၊ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှ ရုံးဌာနသုံးခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ မေလ ၂၃ရက်တွင် တိုက်ခိုက်ခဲ့ရာ လဝကဌာနဒုဦးစီးမှူး သေဆုံးသွားပြီး မြို့ခံအရပ်သားလေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

လောင်းလုံးမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ရဲစခန်း၊ လဝကရုံးနှင့် စစ်ဖက်ရေးရာစုံစမ်းထောက်လှမ်းရေးရုံးတို့သည် မေလ ၂၃ ရက်နေ့နေ့လယ် ၁၂ နာရီခန့်တွင် တစ်ပြိုင်တည်း တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုတွင် လောင်းလုံးမြို့နယ်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနရုံး (လဝကရုံး)ဒုတိယဦးစီးမှူးဦးမင်းသိန်းလတ်သေဆုံးခဲ့ပြီးနောက် မြို့ခံ လေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု မဇ္ဈိမ၏ သတင်းရင်းမြစ်များကပြောသည်။
“မနေ့ကဖြစ်စဉ်မှာ ဒေသခံ လေးဦးဖမ်းဆီးခံရတယ်။ အခုလည်း ဒီမနက်ပိုင်း စစ်တပ်က မြေသယ်ကားသုံးစီးနဲ့ ကင်းလှည့်နေတယ်”ဟု လောင်းလုံးမြို့ခံတစ်ဦးကပြောသည်။

လောင်းလုံးမြို့ ရဲစခန်းအ‌နောက်ဘက်လမ်းမှ လူငယ်အမျိုးသမီးတစ်ဦး၊အမျိုးသားတစ်ဦးနှင့် လောင်းလုံးမြို့၊(က)ရပ်ကွက်မှ လူလတ်ပိုင်း လင်မယားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က မေလ ၂၃ရက် ညနေတွင် ဖမ်းဆီးသွားခြင်းဟုသိရသည်။

ဦးမင်းသိန်းလတ်သည် အသက် ၄၄ နှစ်အရွယ်ရှ်ိပြီး ယခင်က မွန်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့ကာ လောင်းလုံးမြို့သို့ ပြောင်းလာသည်မှာ ခြောက်လခန့်သာ ရှိသေးသည်ဟု သိရသည်။ ရုံးအတွင်းထဲအထိ ဝင်ရောက်ပစ်ခတ်ခံရပြီး ဝဲဘက်နားထင်၌ကျည်​ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်း စစ်ကောင်စီထောက်ခံသော တယ်လီဂရမ်ချန်နယ်အချို့တွင် ရေးသားထားသည်ကို တွေ့ရသည်။ ထို့အပြင် လဝကရုံးဝန်ထမ်းတစ်ဦးလည်း ထိခိုက် ဒဏ်ရာရရှိသွားခဲ့သည်။ လောင်းလုံးမြို့လ၀ကရုံးတွင် ယခုရက်ပိုင်း မှတ်ပုံတင် လာရောက် ပြုလုပ်သူများပြားနေပြီး ယခုကဲ့သို့ စီးနင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားများ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

ပစ်ခတ်မှုနှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့မေလ ၂၄ရက်နေ့လယ်အထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ ပြည်သူ့ကာကွယ်ရေးရဲဘော်များက လောင်းလုံးမြို့ ရဲစခန်း၊ လဝကရုံးနှင့် စစ်ဖက်ရေးရာစုံစမ်းထောက်လှမ်းရေး(စရဖ)ရုံးတို့အနက် လဝကရုံးကို အတွင်းထဲအထိ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ပြီး ရဲစခန်းနှင့်စရဖရုံးကို လမ်းပေါ်မှ ပစ်ခတ်သွားခြင်းဟု သိရသည်။ ထို့ကြောင့် ရဲစခန်းနှင့်စရဖရုံးတွင် ထိခိုက်မှုသတင်းမကြားရကြောင်း မြို့ခံများကပြောသည်။ ယမန်နေ့က ပစ်ခတ်မှုဖြစ်စဉ်ကို သတင်းရရှိထားပြီး အသေးစိတ်မပြောနိုင်သေးကြောင်းတနင်္သာရီတိုင်း‌စစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၇၀ ကျော်သည် လောင်းလုံးမြို့နယ်၊ သဲပုံရွာရှိ အင်း၀ဘုရားတောင်ပေါ်၌ တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း - မောင်ကြီး

#mizzima
#လောင်းလုံးမြို့
#ရုံးဌာနသုံးခု
#လဝကဌာနဒုဦးစီးမှူးသေဆုံး
#အရပ်သားလေးဦးဖမ်းဆီးခံရ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🔥3
မေလ (၂၄)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=================

01:02 - ဆိုင်ကလုန်းမိုခါအတွက် ထပ်တိုးအကူအညီ ဒေါ်လာ ၁၇ သန်းကို မိတ်ဖက်အဖွဲ့များမှတစ်ဆင့် ပေးအပ်မယ့်သတင်း

01:57 - BGF စခန်းကို KNLA ဝင်ရောက်တိုက်ခိုက်ပြီး တပ်ခွဲမှူးအပါအဝင် ၅ ဦးသေဆုံးတဲ့သတင်း

02:58 - အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ (၆၀၀) ကျော်သေဆုံးတဲ့သတင်း

06:40 - မန္တလေးတိုင်းမှာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်း အစောင့်တပ်သားတွေ တိုက်ခိုက်ခံရမှု ၃ ကြိမ်ဖြစ်ခဲ့တဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာပါခင်ဗျာ။

https://youtu.be/HUYAdNtyhbg

#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁1🤮1
စစ်ကောင်စီထောက်တိုင်များအားတိုက်ခိုက်ရာတွင်ဟန့်တားနှောင့်ယှက်မပြုရန်ကာကွယ်ရေးတပ်ဖွဲ့မေတ္တာရပ်ခံ
======================

ရောင်နီ (မဇ္စျိမ)။ ။ စစ်ကောင်စီတပ်နှင့် ၄င်းတို့၏ ထောက်တိုင်များကို ရှင်းလင်းရေးလုပ်ဆောင်ရာတွင် ၀င်ရောက်ဟန့်တား နှောင့်ယှက်ခြင်းမပြုရန် Flying Dragon Force တပ်ဖွဲ့က ပြည်သူများအား မေတ္တာရပ်ခံသည်။

ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်( ၈ )ရပ်ကွက်ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးဘိုမြင့်ဆိုသူကို ယမန်နေ့ မေလ ၂၃ ရက် နံနက်ပိုင်းတွင် ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းခဲ့သည်။

ပစ်ခတ်ခံရသည့် အုပ်ချုပ်ရေးမှူးသည် မြို့ပြ UG များ၏ တည်နေရာကို သတင်းပေးခြင်း ၊ ဧည့်စာရင်းတိုင်သူများကို ငွေကြေးအဆမတန်တောင်းခံခြင်း ၊ ပြည်သူများအပေါ်တွင် အနိုင်ကျင့် မိုက်ရိုင်း စော်ကားခြင်း လုပ်ရပ်များ ပြုလုပ်ခဲ့သည့်အတွက် ရှင်းလင်းခဲ့ရကြောင်း ဆိုထားသည်။

ထိုသို့ ရှင်းလင်းရာတွင် အနီးရှိပြည်သူများက ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည့်ရဲဘော်ကို လက်သီးဖြင့် ထိုးခြင်း၊ တုတ်နှင့် ၀င်ရောက်ရိုက်နှက်ခြင်းများ ရှိခဲ့သည်။

“ မနေ့က အုပ်ချုပ်ရေးမှူးကို ရှင်းလင်းတဲ့အချိန်မှာ ပြည်သူအချို့က ကျွန်တော်တို့ ကာကွယ်ရေးရဲဘော်ကို ၀င်ရောက်ခုခံတိုက်ခိုက်တာရှိခဲ့တယ်။ လက်သီးနဲ့ထိုးတာတွေ၊ တုတ်နဲ့ ရိုက်တာတွေပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က စစ်ကောင်စီထောက်တိုင်ကိုပဲ ဦးတည်တဲ့အတွက် မဆိုင်တဲ့ပြည်သူတွေ ထိခိုက်အောင် မလုပ်ခဲ့ပါဘူး” ဟု FDF တပ်ဖွဲ့ တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။

အနီးရှိ ပြည်သူများ၏ ခုခံတိုက်ခိုက်မှုအတွင်း ကာကွယ်ရေးရဲဘော်တွင် အနည်းငယ် ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့သော်လည်း အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Flying Dragon Force ၊ SHWEBO Defent Force (SBDF)LPDF စခန်း(၂) Buffalo Soldiers. Freedom Force LPDF၊ ဗိုလ်မိကျောင်း၊ Snake Eyes PDF နှင့် တန( ၂ ) တပ်ပေါင်းစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည့် တိုက်ခိုက်မှုလုပ်ဆောင်သည့် ဗီဒီယိုဖိုင်တွင်လည်း ပြည်သူအချို့က ကာကွယ်ရေးရဲဘော်ကို ခုခံတိုက်ခိုက်မှု ပြုလုပ်နေသည့်မြင်ကွင်းကို မြင်တွေ့ရသည်။

“ ဒါက ရွှေဘိုမြို့နယ်မှာ ရှင်းလင်းရေးလုပ်တဲ့ အချိန် ပြန်လည်ခုခံမှုလုပ်တာ ပထမဆုံးပါ။ နောက်ကျရင်တော့ သတိထားရမှာပေါ့။ တိုက်ခိုက်တဲ့သူတွေက ဓားတွေဘာတွေနဲ့ ဆို ကျွန်တော်တို့ဘက်က ထိခိုက်တာတွေ ရှိလာနိုင်တယ်။ အဖမ်းခံရတာလည်း ဖြစ်နိုင်တယ်” ဟု FDF တပ်ဖွဲ့ တာ၀န်ရှိသူက ဆက်ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ထောက်တိုင်များနှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ၏ ရှင်းလင်းမှုလုပ်ဆောင်ရာတွင် ပါ၀င်ပတ်သတ်နှောင့်ယှက်ခြင်းမပြုရန် မေတ္တာရပ်ခံသည်။

စစ်တပ်အာဏာသိမ်းပြီးသည့်နောက် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အများစုမှ စစ်ကောင်စီတပ်၊ ၄င်းတို့၏ လက်အောက်ခံ ရုံးများနှင့် လူပုဂ္ဂိုလ်များကို ကာကွယ်ရေးတပ်ဖွဲ့က ရှင်းလင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

ထိုသို့ တိုက်ခိုက်မှုများတွင် ဖြစ်စဥ်အနီးတ၀ိုက်ရှိပြည်သူများ၏ ၀င်ရောက်ဟန့်တားနှောက်ယှက်မှုများကြောင့် ကာကွယ်ရေးတပ်ဖွဲ့၀င်ရဲဘော်များ ဖမ်းဆီးခံရခြင်းနှင့် သေဆုံးခြင်းများလည်း ရှိနေသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၁ ရက်နေ့ကလည်း ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား ဗုံးဖြင့် လာရောက်တိုက်ခိုက်သည့် UG ရဲဘော်တစ်ဦးကို အနီးရှိ စားသောက်ဆိုင်မှ ၀န်ထမ်းများက လိုက်လံ ဖမ်းဆီးကာ ရိုက်နှက်သတ်ဖြတ်လိုက်သည့် ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့သည်။

https://youtu.be/DtiCei0c3Ys

စာတည်း။ ။ အောင်ကျော်ဖြိုး
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍19🔥2