မေလ (၂၄)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=================
01:02 - ဆိုင်ကလုန်းမိုခါအတွက် ထပ်တိုးအကူအညီ ဒေါ်လာ ၁၇ သန်းကို မိတ်ဖက်အဖွဲ့များမှတစ်ဆင့် ပေးအပ်မယ့်သတင်း
01:57 - BGF စခန်းကို KNLA ဝင်ရောက်တိုက်ခိုက်ပြီး တပ်ခွဲမှူးအပါအဝင် ၅ ဦးသေဆုံးတဲ့သတင်း
02:58 - အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ (၆၀၀) ကျော်သေဆုံးတဲ့သတင်း
06:40 - မန္တလေးတိုင်းမှာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်း အစောင့်တပ်သားတွေ တိုက်ခိုက်ခံရမှု ၃ ကြိမ်ဖြစ်ခဲ့တဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာပါခင်ဗျာ။
https://youtu.be/HUYAdNtyhbg
#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မေလ (၂၄)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:02 - ဆိုင်ကလုန်းမိုခါအတွက် ထပ်တိုးအကူအညီ ဒေါ်လာ ၁၇ သန်းကို မိတ်ဖက်အဖွဲ့များမှတစ်ဆင့် ပေးအပ်မယ့်သတင်း
01:57 - BGF စခန်းကို KNLA ဝင်ရောက်တိုက်ခိုက်ပြီး တပ်ခွဲမှူးအပါအဝင် ၅ ဦးသေဆုံးတဲ့သတင်း
02:58 - အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်…

👍10😁1🤮1
China opposes sanctions against its economic cooperation with Russia
=================
https://youtu.be/OwMuKNk5VaA

Chinese foreign ministry spokeswoman Mao Ning says China's ties with Russia are "normal economic and trade cooperation... on a basis of equality and mutual benefit". She adds that China opposes unilateral sanctions unauthorised by the UN Security Council…
👍4😁1
စစ်ကောင်စီထောက်တိုင်များအားတိုက်ခိုက်ရာတွင်ဟန့်တားနှောင့်ယှက်မပြုရန်ကာကွယ်ရေးတပ်ဖွဲ့မေတ္တာရပ်ခံ
======================
ရောင်နီ (မဇ္စျိမ)။ ။ စစ်ကောင်စီတပ်နှင့် ၄င်းတို့၏ ထောက်တိုင်များကို ရှင်းလင်းရေးလုပ်ဆောင်ရာတွင် ၀င်ရောက်ဟန့်တား နှောင့်ယှက်ခြင်းမပြုရန် Flying Dragon Force တပ်ဖွဲ့က ပြည်သူများအား မေတ္တာရပ်ခံသည်။
ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်( ၈ )ရပ်ကွက်ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးဘိုမြင့်ဆိုသူကို ယမန်နေ့ မေလ ၂၃ ရက် နံနက်ပိုင်းတွင် ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းခဲ့သည်။
ပစ်ခတ်ခံရသည့် အုပ်ချုပ်ရေးမှူးသည် မြို့ပြ UG များ၏ တည်နေရာကို သတင်းပေးခြင်း ၊ ဧည့်စာရင်းတိုင်သူများကို ငွေကြေးအဆမတန်တောင်းခံခြင်း ၊ ပြည်သူများအပေါ်တွင် အနိုင်ကျင့် မိုက်ရိုင်း စော်ကားခြင်း လုပ်ရပ်များ ပြုလုပ်ခဲ့သည့်အတွက် ရှင်းလင်းခဲ့ရကြောင်း ဆိုထားသည်။
ထိုသို့ ရှင်းလင်းရာတွင် အနီးရှိပြည်သူများက ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည့်ရဲဘော်ကို လက်သီးဖြင့် ထိုးခြင်း၊ တုတ်နှင့် ၀င်ရောက်ရိုက်နှက်ခြင်းများ ရှိခဲ့သည်။
“ မနေ့က အုပ်ချုပ်ရေးမှူးကို ရှင်းလင်းတဲ့အချိန်မှာ ပြည်သူအချို့က ကျွန်တော်တို့ ကာကွယ်ရေးရဲဘော်ကို ၀င်ရောက်ခုခံတိုက်ခိုက်တာရှိခဲ့တယ်။ လက်သီးနဲ့ထိုးတာတွေ၊ တုတ်နဲ့ ရိုက်တာတွေပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က စစ်ကောင်စီထောက်တိုင်ကိုပဲ ဦးတည်တဲ့အတွက် မဆိုင်တဲ့ပြည်သူတွေ ထိခိုက်အောင် မလုပ်ခဲ့ပါဘူး” ဟု FDF တပ်ဖွဲ့ တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။
အနီးရှိ ပြည်သူများ၏ ခုခံတိုက်ခိုက်မှုအတွင်း ကာကွယ်ရေးရဲဘော်တွင် အနည်းငယ် ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့သော်လည်း အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Flying Dragon Force ၊ SHWEBO Defent Force (SBDF)LPDF စခန်း(၂) Buffalo Soldiers. Freedom Force LPDF၊ ဗိုလ်မိကျောင်း၊ Snake Eyes PDF နှင့် တန( ၂ ) တပ်ပေါင်းစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည့် တိုက်ခိုက်မှုလုပ်ဆောင်သည့် ဗီဒီယိုဖိုင်တွင်လည်း ပြည်သူအချို့က ကာကွယ်ရေးရဲဘော်ကို ခုခံတိုက်ခိုက်မှု ပြုလုပ်နေသည့်မြင်ကွင်းကို မြင်တွေ့ရသည်။
“ ဒါက ရွှေဘိုမြို့နယ်မှာ ရှင်းလင်းရေးလုပ်တဲ့ အချိန် ပြန်လည်ခုခံမှုလုပ်တာ ပထမဆုံးပါ။ နောက်ကျရင်တော့ သတိထားရမှာပေါ့။ တိုက်ခိုက်တဲ့သူတွေက ဓားတွေဘာတွေနဲ့ ဆို ကျွန်တော်တို့ဘက်က ထိခိုက်တာတွေ ရှိလာနိုင်တယ်။ အဖမ်းခံရတာလည်း ဖြစ်နိုင်တယ်” ဟု FDF တပ်ဖွဲ့ တာ၀န်ရှိသူက ဆက်ပြောသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ထောက်တိုင်များနှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ၏ ရှင်းလင်းမှုလုပ်ဆောင်ရာတွင် ပါ၀င်ပတ်သတ်နှောင့်ယှက်ခြင်းမပြုရန် မေတ္တာရပ်ခံသည်။
စစ်တပ်အာဏာသိမ်းပြီးသည့်နောက် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အများစုမှ စစ်ကောင်စီတပ်၊ ၄င်းတို့၏ လက်အောက်ခံ ရုံးများနှင့် လူပုဂ္ဂိုလ်များကို ကာကွယ်ရေးတပ်ဖွဲ့က ရှင်းလင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်။
ထိုသို့ တိုက်ခိုက်မှုများတွင် ဖြစ်စဥ်အနီးတ၀ိုက်ရှိပြည်သူများ၏ ၀င်ရောက်ဟန့်တားနှောက်ယှက်မှုများကြောင့် ကာကွယ်ရေးတပ်ဖွဲ့၀င်ရဲဘော်များ ဖမ်းဆီးခံရခြင်းနှင့် သေဆုံးခြင်းများလည်း ရှိနေသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၁ ရက်နေ့ကလည်း ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား ဗုံးဖြင့် လာရောက်တိုက်ခိုက်သည့် UG ရဲဘော်တစ်ဦးကို အနီးရှိ စားသောက်ဆိုင်မှ ၀န်ထမ်းများက လိုက်လံ ဖမ်းဆီးကာ ရိုက်နှက်သတ်ဖြတ်လိုက်သည့် ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့သည်။
https://youtu.be/DtiCei0c3Ys
စာတည်း။ ။ အောင်ကျော်ဖြိုး

ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်( ၈ )ရပ်ကွက်ရှိ စစ်ကော…

👍19🔥2
Forwarded from Mizzima+ TV Channel
This media is not supported in your browser
VIEW IN TELEGRAM
ဆူဒန်တိုက်ပွဲတွေက လူမျိုးရေးခွဲခြားမှုပဋိပက္ခတစ်ခုဖြစ်လာနိုင်ကြောင်း ကုလသတိပေး
#internationalnews #reels #shorts
#internationalnews #reels #shorts
🔥4👏2
မိုးဗြဲမြို့၊ လွယ်ဝိုင်းကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူနေအိမ် ၂ လုံးထိခိုက်ပျက်စီး
================
ကိုဇာနည်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ၊ မိုးဗြဲကျေးရွာအုပ်စု လွယ်ဝိုင်းကျေးရွာကို ယမန်နေ့ မတ်လ ၂၃ ရက် ညနေ ၁၀ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ထိုသို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိသော်လည်း နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။
"မနေ့ည ညနေ ၁၀ နာရီ ဝန်းကျင်မှာ နှစ်ကြိမ်လာကြဲသွားပါတယ်။ ရွာထဲမှာကျတယ်။ လူတော့ထိခိုက်တာမရှိဘူး အိမ်နှစ်လုံး ထိခိုက်ပျက်စီးသွားတယ်" ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
မိုးဗြဲအုပ်စုအတွင်းမှ စစ်ဘေးရှောင်ပြည်သူများ ထိုကျေးရွာတွင် ခိုလှုံလျက်ရှိပြီး စစ်ဘေးရှာင်ဦးရေ ၂၃၀ ဝန်းကျင်သည်။
လက်ရှိတွင် စစ်ကောင်စီက ထပ်မံ လာရောက်ဗုံးကြဲတိုက်ခိုက်မည်ကို စိုးရိမ်သည့်အတွက် ယနေ့ ညတွင် လုံခြုံမည့် အခြားနေရာသို့ ပြောင်းရွေ့မည်ဖြစ်ကြောင်း စစ်ရှောင်တစ်ဦးက ပြောသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#လွယ်ဝိုင်းကျေးရွာ
# ဗုံးကြဲတိုက်ခိုက်
#နေအိမ် ၂ လုံးထိခိုက်ပျက်စီး

👍2👏2🔥1😢1
ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုအတွက် တရုတ်ရေယာဉ် ဗီယက်နမ်သို့ ရောက်ရှိ
=========================
သုံးရက်တာ ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုအတွက် တရုတ်၏ အကြီးဆုံး လေ့ကျင့်ရေး ရေယာဉ် Qi Jiguang သည် ဗီယက်နမ်သို့ အင်္ဂါနေ့တွင် ရောက်ရှိသည်။
အရာရှိနှင့် အမှုထမ်း ၄၇၆ ဦး လိုက်ပါသော အဆိုပါ ရေယာဉ်သည် ကမ်းရိုးတန်းမြို့ ဒါနန်း၏ တီအန်ဆာဆိပ်ကမ်းတွင် ကမ်းကပ်ကြောင်း Vietnam Express International သတင်းစာက ဖော်ပြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

😁2👏1🤮1
ဗီနီစီးယပ်စ် လူမျိုးရေးခွဲခြားခံရမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဗလင်စီယာအသင်းကို ကွင်းတစ်စိတ်တစ်ပိုင်း ၅ ပွဲ ပိတ်ပင်စေပြီး ဒဏ်ရိုက်ခဲ့
======================
ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဗီနီစီးယပ်စ် ဂျူနီယာကို လူမျိုးရေးခွဲခြားတိုက်ခိုက်ပြီးနောက် ဗလင်စီယာအသင်းဟာ ကွင်းတစ်စိတ်တစ်ပိုင်း ၅ ပွဲပိတ်ပင်မှုနဲ့အတူ ဒဏ်ခတ်အရေးယူခံခဲ့ရပါတယ်။
စပိန်ရဲတပ်ဖွဲ့ဟာ တနင်္ဂနွေနေ့က မက်စတယ်လာကွင်းမှာ ဘရာဇီးလ်သားကို ဦးတည်တိုက်ခိုက်မှုနဲ့ပတ်သက်လို့ လူသုံးဦးကို ဖမ်းဆီးခဲ့ပါတယ်။
ဗလင်စီယာကိုလည်း ဒဏ်ငွေ ယူရို ၄၅,၀၀၀ (ပေါင် ၃၉,၀၀၀) ချမှတ်ခဲ့ပါတယ်။

❤3👍2🔥1😁1
ငါန်းဇွန်တွင် အုပ်ချုပ်ရေးမှူး ၂ ဦး အရက်ဆိုင်အတွင်း၌ ပစ်သတ်ခံရ
======================
007
(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ယနေ့ မေလ ၂၄ ရက် နံနက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေး မှူးနှစ်ဦး အရက်ဆိုင်ထဲ၌ရှိနေစဉ် သေနတ်ဖြင့်ပစ်သတ်ခံရကာ ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံ များက မဇ္ဈိမသို့ပြောကြားသည်။
ငါန်းဇွန်မြို့နယ် သန့်ဇင်ကုန်းကျေးရွာမှ စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူး သန်းဇော်လင်းနှင့် ဇလုပ်မကျေးရွာမှ ကျေးရွာခွဲအုပ်ချုပ်ရေးမှူးတို့နှစ်ဦး အရက်ဆိုင်အတွင်းအတူရှိနေချိန် ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်တွင် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။
“အရက်ဆိုင်က ရွာနှစ်ရွာကြားမှာဆိုတော့ နှစ်ရွာစလုံးကအုပ်ကြီးတွေ မနက်လင်းတာနဲ့ အဲဒီရောက်ကုန် ကြတာပဲ၊ အုပ်ကြီးတွေရော၊ အုပ်ကလေးတွေရော အစုံပါပဲ၊ မနက်ကတော့ တဒိုင်းဒိုင်းနဲ့ပစ်သွားတာ။ သန့်စင်ကုန်းကအုပ်ကြီးနဲ့ ဇလုပ်မကကျေးရွာတာ၀န်ခံ (ကျေးရွာခွဲအုပ်ချုပ်ရေးမှူး) ပွဲချင်းပြီးတာပါပဲ” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
၎င်းတို့နှစ်ဦးကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ သုံးဖွဲ့ပူးပေါင်းပြီး ပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်း ပစ်ခတ်မှုတွင်ပါ၀င်ခဲ့သော 925 ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အုပ်ချုပ်ရေးမှူးနှစ်ဦးအား သေနတ်ဖြင့်ခြောက်ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကပေးထားသော ဗုံးသီးများဖြင့် ကျေးရွာလူထုကို နိုင်ထက်စီးနင်းပြုလုပ်နေခြင်းကြောင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း 925 ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာ၀န်ခံက မဇ္ဈိမကို ပြောသည်။
အဆိုပါပစ်ခတ်မှုကို TGYR-Youth Guerrilla Counter Revolution(LPDF) အထူးပြောက်ကျားတပ်ဖွဲ့၊ 925 ပြောက်ကျားတပ်ဖွဲ့နှင့်၊ ဒေါင်းဖိုက်တာတပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် မေလ ၅ ရက်နေ့ နံနက်ပိုင်းကလည်း ငါန်းမြာကြီးကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သန်းဇော် ပစ်သတ်ခံခဲ့ရသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#ငါန်းဇွန်
#ကျေးရွာအုပ်ချုပ်ရေးမှူး
#ပြောက်ကျားတပ်ဖွဲ့
#Mizzima
ဓာတ်ပုံ- 925 ပြောက်ကျားတပ်ဖွဲ့
---------------------

👍4🔥2🤩1🥴1
အီလွန်မက်က အိမ်ထောင်ရှင်မစက်ရုပ် တီထွင်ထားခြင်း မရှိ
========================
ZZ
(မဇ္ဈိမ) ။ ။ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အပြင် Twitter, Space X နှင့် Tesla ကုမ္ပဏီများ၏စီအီးအိုလည်းဖြစ်သည့် အီလွန်မတ်က အိမ်ထောင်ရှင်မစက်ရုပ်(ခေါ်) Robot Wife တီထွင် ခဲ့ပြီဖြစ်သည်ဆိုသောသတင်းများ လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။
Captain Win အမည်ရှိ ဖေ့စ်ဘုတ်အကောင့်မှ “ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး Elon Musk ရဲ့ နောက်ဆုံး တီထွင်မှုတစ်ခုပါ...Robot Wife အိမ်ထောင်ရှင်မစက်ရုပ်ပါတဲ့...လာမယ့် ၂၀၂၃ စက်တင်ဘာလမှာ စျေးကွက်ထဲစဖြန့်ပါမယ်တဲ့..”ဟု (မူရင်းအရေးအသားအတိုင်း) ရေးသားကာ မေလ ၂၀ ရက်နေ့က ဖြန့်ဝေ ခဲ့သည်။
အီလွန်မတ်က စက်ရုပ်အမျိုးသမီးများကို ပွေ့ဖက်နမ်းရှုပ်နေသည့်ပုံများဖြင့် တွဲလျက်ဖော်ပြထားသည်။
ထိုပို့စ်ကို ပြန်လည်မျှဝေမှု ၄၆၀ ခု ရှိနေပြီဖြစ်သည်။ မူရင်းတင်သူမှ အတုဖြစ်နိုင်ကြောင်း ဝန်ခံသော်လည်း အတုမဖြစ်စေချင်သူ များနေသောကြောင့် မဖျက်သေးကြောင်းလည်း ဆိုထားသည်။
ထိုအကြောင်းကို အခြားဖေ့စ်ဘုတ်ပေ့ချ်ဖြစ်သည့် MOE WIN OO ပေ့ချ်မှလည်း ကူးယူဖော်ပြထားပြီး ပြန်လည်မျှဝေမှု ၁၅၀ ခု ရှိနေသည်။
ထိုပိုစ့်များက zacareers.co.za ဝက်ဘ်ဆိုက်မှ မေလ ၁၇ ရက်နေ့က ဖော်ပြထားသည့် အီလွန်မက်၏ စက်ရုပ်ချစ်သူဟူသော
ဖော်ပြမှုကိုညွှန်းဆိုထားကြသည်။ သိုသော် အဆိုပါဝက်ဘ်ဆိုက်အား ဝင်ရောက် ကြည့်ရှုရာတွင် ၎င်းတို့၏အကြောင်း(about)နှင့် ဆက်သွယ်ရန်(contact)တို့မှာ ကြည့်ရှု၍ မရပေ။
ယင်းအကြောင်းအရာနှင့်ပတ်သက်၍ အချက်အလက်စစ်သေးသူများမှ Google တွင် “Elon Musk building a robot wife” ဆိုသည့် စကားစုဖြင့် ရှာဖွေ စစ်ဆေးခဲ့သည်။
တွေ့ရှိချက်များအရ သတင်းတုတွင်ဖော်ပြထားသည့် ပုံများသည် AI ဟုခေါ်သော Artificial Intelligence (ဥာဏ်ရည်တု)ဖြင့်ဖန်တီးထားသောပုံများဖြစ်ကြောင်း တွေ့ရသည်။
ပြင်သစ်နိုင်ငံအခြေစိုက်သတင်းဌာနတစ်ခုဖြစ်သည့် France 24 သတင်းဝက်ဘ်ဆိုဒ်မှ အီလွန်မတ်အနေ ဖြင့် အိမ်ထောင်ရှင်မစက်ရုပ်အား တီထွင်ထားခြင်းမရှိ” ဆိုသည့်ခေါင်းစဉ်ဖြင့် အချက်အလက်စစ်ဆေး ထားသည်။
လင့် - https://bit.ly/42Xxcws
ထိုစစ်ဆေးချက်တွင် AI ဖြင့် ဖန်တီးထားသောကြောင့် စက်ရုပ်၏လက်များနှင့် အီလွန်မက်၏ ပုခုံးပေါ်
တင်ထားသည့်ဟန်ဆိုသော်လည်း ဝေးကွာနေကြောင်း ထောက်ပြထားသည်။ ထို့ပြင် ဖန်တီးသူမှာ Xavier Art ဖြစ်ပြီး “art_is_2_inspire” အင်စတာဂရမ်အကောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။
“art_is_2_inspire” အကောင့်ကလည်း ၎င်း၏ဖန်တီးမှုကို Credit မပေးဘဲ ယူသုံးနေကြောင်း မေလ ၂၂ ရက်နေ့ကဖော်ပြထားသည်။ ထိုပုံများကို ၎င်းက မေလ ၄ ရက်နေ့တွင် ဖန်တီးဖော်ပြထားခြင်းဖြစ်သည်။ လင့် - https://shorturl.at/apqWZ ,
https://shorturl.at/xBOU8
အချက်အလက်စစ်ဆေးသည့်အဖွဲ့ဖြစ်သော Fact-Crescendo က အဆိုပါပုံများမှာ AI ဖြင့်ပြုလုပ်ထားခြင်း သာဖြစ်ပြီး လက်တွေ့တွင် အမျိုးသမီးစက်ရုပ်များအား ထုတ်လုပ်ထားနိုင်ခြင်းမရှိသေးကြောင်း ဖော်ပြ ထားသည်။
လင့် - https://bit.ly/42YyAyN
ယခုနှစ်အတွင်း Artificial Intelligence(ဥာဏ်ရည်တု) အသုံးပြုမှုများတွင်ကျယ်လာပြီး ထိုဥာဏ်ရည်တု ဖြင့် ဓာတ်ပုံများ၊ ဗီဒီယိုများ ဖန်တီးဖော်ပြမှုများပြားလာနေသည်။
ထို့ကြောင့် အီလွန်မတ်ခ်အနေဖြင့် အိမ်ထောင်ရှင်မစက်ရုပ် (Robot Wife) တည်ထွင်နိုင်ခဲ့သည်ဆိုသော သတင်းမှာ
ဥာဏ်ရည်တုဖြင့် ဖန်တီးထားသောပုံများဖြင့် ဖော်ပြထားသည့် သတင်းအမှားသာဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#Elon_Musk
#Robot_Wife

👍4😁3🔥1
Forwarded from Mizzima+ TV Channel
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းနယ်စပ်အနီးက ရုရှားအရပ်သားတွေ ထွက်ပြေးကုန်ကြကြောင်း အုပ်ချုပ်ရေးမှူးပြော
#internationalnews #reels #shorts
#internationalnews #reels #shorts
👍4😁4❤1
ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းအပြီး ၁၀ ရက်ကြာသည်အထိ ကုန်ဈေးနှုန်းများ မြင့်တက်နေ
===========================
ဂျူချန်း
(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်တွင် အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်အပြီး ၁၀ ရက်ကြာသည် အထိ ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။
“ကုန်ဈေးနှုန်းက ပြန်မကျဘူးဗျ။ အခုထိ မုန်တိုင်းဈေးပဲရှိသေးတယ်။ ထိန်းချုပ်တာကလည်း သိပ်ပြီး တော့ ထိထိရောက် မထိန်းချုပ်နိုင်သေးဘူး။ အရေးယူမှုအပိုင်း တော်တော်အားနည်းနေသေးတယ်” ဟု မြောက်ဦးဒေသခံတစ်ဦးက မဇ္ဈိမသို့ ပြောသည်။
ဒေသဆိုင်ရာအာဏာပိုင်များမှ စီပွားရေးသမားများကို ဈေးတင်ရောင်းခြင်းမပြုလုပ်ကြရန် သတိပေးနေ သော်လည်း အရေးယူခြင်းမရှိသေးသည့်အတွက် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဆက်လက်မြင့် တက်နေခြင်းဖြစ်သည်ဟုဆိုသည်။
“အာဏာပိုင်တွေက ပြောတာတော့ပြောပါတယ်။ ဒီဘက်က စီးပွားရေးသမားတွေက တင်တာကတင်နေ တာပဲ။ ရာသီကလည်း မိုးကကျတော့မယ်။ နေစရာမရှိ အိပ်စရာမရှိဆိုတော့ ပြည်သူတွေက မဖြစ်မနေ ဝယ်ရတာပဲ ” ဟု ရသေ့တောင်မှ ဒေသခံတစ်ဦးကပြောသည်။
မိသားစုတစ်နပ်စာ စားလောက်သည့် ကန်စွန်းရွက် ၄၀ ကျပ်သား (ဒေသအခေါ် တစ်ပိုက်) သည် ၂,၀၀၀ ကျပ် ထိပေါက်ဈေးရှိနေပြီး ယခင် ၂,၀၀၀ ကျပ် ဝန်းကျင်ရှိသည့် စားသုံးဆီတစ်လီတာသည် ယခု ၆,၀၀၀ ကျပ်မှ ၇,၀၀၀ ကျပ်အထိ ဈေးတက်နေကြောင်း ဒေသခံများက ပြောသည်။
မုန်တိုင်းမကျမီက ၅၀,၀၀၀ ကျပ် ကျော်တန်ကြေးရှိသည့် ၂၅ ပြည်ဝင်ဆန်တစ်အိတ်သည် ယခုအခါ ကျပ် ၁၅၀,၀၀၀ အထိ ပေးဝယ်နေရကြောင်း သိရသည်။
အလားတူ သွပ်မိုးသည့် သံမှိုသည် မုန်တိုင်းမကျမီက တစ်ပိဿာ ၇,၀၀၀ ကျပ် ဝန်းကျင်ရှိခဲ့ပြီး မုန်တိုင်း ပြီးနောက် တစ်ပိဿာ ၅၀,၀၀၀ ကျပ်အထိ ဈေးမြင့်တက်ခဲ့ပြီး အာဏာပိုင်များမှ သတိပေးတားမြစ်မှု ကြောင့် လက်ရှိတွင် ၁၈,၀၀၀ ကျပ်ပေါက်ဈေးရှိသဖြင့် မူရင်းဈေးထက် ဈေးနှစ်ဆကျော် မြင့်တက်နေဆဲ ဖြစ်ကြောင်း ဒေသခံများကဆိုသည်။
ထို့ပြင် လတ်တလော နေထိုင်ရန်အတွက် အဆောက်အဦးနှင့် နေအိမ်များ ပြန်လည်ပြုပြင်တည်ဆောက် ရန် အထူးလိုအပ်လျက်သော အိမ်ဆောက်ပစ္စည်းများဖြစ်သည့် သွပ်၊ တာလပတ်စ၊ သစ်၊ ဝါးတို့မှာလည်း မူရင်းဈေးထက် နှစ်ဆကျော်၊ သုံးဆခန့်အထိ ဈေးမြင့်တက်လျက်ရှိနေရာ အချို့ နေရာများတွင် ပစ္စည်းပင် ပြတ်လပ်နေကြောင်း သိရသည်။
“တာလပတ်လည်း တစ်သိန်းကျော်တယ်။ အခုကတော့ ဆိုင်တွေမှာသိပ်မရှိတော့ဘူး။ ဝယ်လို့လည်းမရ တော့ဘူး။ ဆိုင်တွေကလည်း ကုန်သွားတော့ ပိတ်ထားတယ်။ အိမ်မပြင်ရသေးတဲ့သူတွေ အများကြီးပဲ။ သွပ်တွေ၊ သံတွေက လောက်မှ မလောက်တာ။ ဒါတောင်မိုးမရွာသေးလို့ တော်သေးတယ်။ ကျနော်တို့ဆို ရင် အခုထိတောင် အမိုး မမိုးရသေးဘူး” ဟု ပုဏ္ဏားကျွန်းမှ ဒေသခံတစ်ဦးက ပြောသည်။
နေအိမ်များပြုပြင်ရန် လက်သမားနှင့် နေ့စားအလုပ်သမားခမှာလည်း ဈေးနှုန်းမြင့်တက်နေပြီး ယခင် နေ့ စားခ ၈,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်ကြားရှိသူများကို ရသေ့တောင်တွင် တစ်ရက်လျှင် ၂,၅၀၀၀ ၊ ၃,၀၀၀၀ အထိပေးရပြီး ပုဏ္ဏားကျွန်းတွင် နှစ်ယောက်သုံးယောက်ပါသည့် လက်သမားအုပ်စုတစ်စုကို ၁၀၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ပေးရကြောင်း ဆိုသည်။
“ဒီမှာက လက်သမားဈေးတွေကလည်း တအားကိုဈေးကြီးတယ်။ သွပ်မိုးမယ့်သူတွေကိုငှားရင် တအား ဈေးကြီးတာ။ သွပ်တစ်ချပ်မိုးရင် ၅,၀၀၀၊ ၆,၀၀၀ တောင်းတယ်။ တစ်ရက်ဆို ၁၅၀,၀၀၀၊ ၂၀၀,၀၀၀ အထိ တောင်းတယ်” ဟု အထက်ပါဒေသခံက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ယခင်က ၃၀,၀၀၀ ကျပ် ဝန်းကျင်ခန့်ရှိသည့် ၁၈ ပေပတ်လည် တာလပတ်စသည် ယခုအခါ ၁၅၀,၀၀၀ မှ ၁၈၀,၀၀၀ အထိပေါက်ဈေးရှိပြီး အိမ်တစ်အိမ်မိုးရန် ၁၈ ပေပတ်လည် တာလ ပတ်စ အနည်းဆုံးသုံးချပ်လိုအပ်ကြောင်း သိရသည်။
ထို့ပြင် မိုးထားသော တာလပတ်စကိုအုပ်သည့် သစ်နှင့် ဝါးများမှာလည်း ယခင်က ဝါး အလုံး ၁၀၀ ကို ၃၀,၀၀၀ ကျော်သာရှိသော်လည်း ယခု ၇၀,၀၀၀ ကျပ်မှ ၈၀,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်။
ရက္ခိုင့်တပ်တော်(AA)က ဈေးအဆမတန်တင်ရောင်းသည့် အရောင်းဆိုင်များကို ခေါ်ယူသတိပေးမှု ကြောင့် အနည်းငယ်ဈေးပြန်ကျခဲ့သော်လည်း လက်ရှိအချိန်အထိ ယခင်ပုံမှန်ဈေးသို့ ပြန်မရောက်သေး ကြောင်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ရသေ့တောင်
#ပုဏ္ဏားကျွန်း
#ကုန်ဈေးနှုန်း
#စားသောက်ကုန်
#ရခိုင်ပြည်နယ်
ဓါတ်ပုံ- Si Thu Aung (မေ ၁၄၊ စစ်တွေ)

👍6🔥3
မူးယစ်ဆေးဝါး ဝင်ရောက်မှုကို စစ်ဆေးရန် မြန်မာနှင့်နယ်စပ် လုံခြုံရေး ဘင်္ဂလားဒေ့ရှ် တိုးမြှင့်
=====================
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ မူးယစ်ဆေးဝါးများ ဝင်ရောက်မှုကို တားဆီးကာကွယ်ရန် မြန်မာနှင့်နယ်စပ်တစ်လျှောက်တွင် လုံခြုံရေးကို တိုးမြှင့်လျက် ရှိကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အဆာဒက်ဇာမန် ခန်း ကာမဲလ်က မေလ ၂၃ ရက်တွင် ပြောသည်။
“မြန်မာနဲ့ နယ်စပ်တလျှောက်မှာ လုံခြုံရေးကို အားကောင်းအောင် ကျွန်တော်တို့ တိုးမြှင့်လုပ်ဆောင်နေပါတယ်။ ဒါမှလည်း မူးယစ်ဆေးဝါးတွေ ကျွန်တော်တို့နိုင်ငံထဲ ဝင်မလာနိုင်မှာဖြစ်တယ်” ဟု ၎င်းက သတင်းထောက်များကို ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ မူးယစ်ဆေးဝါးများ ဝင်ရောက်မှုကို တားဆီးကာကွယ်ရန် မြန်မာနှင့်နယ်စပ်တစ်လျှောက်တွင် လုံခြုံရေးကို တိုးမြှင့်လျက် ရှိကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အဆာဒက်ဇာမန် ခန်း ကာမဲလ်က မေလ ၂၃ ရက်တွင် ပြောသည်။
“မြန်မာနဲ့ နယ်စပ်တလျှောက်မှာ လုံခြုံရေးကို အားကောင်းအောင် ကျွန်တော်တို့ တိုးမြှင့်လုပ်ဆောင်နေပါတယ်။ ဒါမှလည်း မူးယစ်ဆေးဝါးတွေ ကျွန်တော်တို့နိုင်ငံထဲ ဝင်မလာနိုင်မှာဖြစ်တယ်” ဟု ၎င်းက သတင်းထောက်များကို ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁2🔥1
Business Round Up (24 May 2023)
==============
- အကူအညီလိုအပ်နေတဲ့ ရခိုင်မှာ အိမ်ဆောက်ပစ္စည်းများ ဈေးတတ်နေ
- ၆ လအတွင်း ပြည်ပရောက် မြန်မာအလုပ်သမားများရဲ့ ပြန်ပို့ငွေ သန်း ၁,၅၀၀ကျော်ရှိ
- ဧပြီလအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုသာဝင်
- ကိုယ်ရေးကိုယ်တာအချက်အလက်များ လွှဲပြောင်းပေးခြင်းအတွက် Facebook ကုမ္ပဏီ ဒေါ်လာ တစ်ဘီလီယံကျော် ဒဏ်ရိုက်ခံရ
- အခြေခံအဆောက်အဦးနှင့် ကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက်များတွင် လက်မှတ်ထိုးရန် ရုရှားဝန်ကြီးချုပ် တရုတ်သို့ရောက်ရှိ
https://youtu.be/VSlhP9GxMC8
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==============
- အကူအညီလိုအပ်နေတဲ့ ရခိုင်မှာ အိမ်ဆောက်ပစ္စည်းများ ဈေးတတ်နေ
- ၆ လအတွင်း ပြည်ပရောက် မြန်မာအလုပ်သမားများရဲ့ ပြန်ပို့ငွေ သန်း ၁,၅၀၀ကျော်ရှိ
- ဧပြီလအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုသာဝင်
- ကိုယ်ရေးကိုယ်တာအချက်အလက်များ လွှဲပြောင်းပေးခြင်းအတွက် Facebook ကုမ္ပဏီ ဒေါ်လာ တစ်ဘီလီယံကျော် ဒဏ်ရိုက်ခံရ
- အခြေခံအဆောက်အဦးနှင့် ကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက်များတွင် လက်မှတ်ထိုးရန် ရုရှားဝန်ကြီးချုပ် တရုတ်သို့ရောက်ရှိ
https://youtu.be/VSlhP9GxMC8
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
Business Round Up (24 May 2023)
- အကူအညီလိုအပ်နေတဲ့ ရခိုင်မှာ အိမ်ဆောက်ပစ္စည်းများ ဈေးတတ်နေ
- ၆ လအတွင်း ပြည်ပရောက် မြန်မာအလုပ်သမားများရဲ့ ပြန်ပို့ငွေ သန်း ၁,၅၀၀ကျော်ရှိ
- ဧပြီလအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုသာဝင်
- ကိုယ်ရေးကိုယ်တာအချက်အလက်များ လွ…

👍7🔥2
မဲဇလီကုန်းမြို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီး သေဆုံး
===================
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့တွင် ယမန်နေ့ မေလ ၂၃ ရက်ညနေက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ဓားဖြင့်ထိုးခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။
မဲဇလီကုန်းမြို့၊ အမှတ်(၃)ရပ်ကွက် (အုန်းကုန်းရပ်ကွက်) အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းသည် မေလ၂၃ရက်ညနေ၆ နာရီ ၃၀ မိနစ်ခန့်က ၎င်း၏ လယ်ထဲသို့ သွားစဥ် ဓားထိုးခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။
" သူကအုပ်ကြီး(အုပ်ချုပ်ရေးမှူး) အသစ်ပါ။အုပ်ကြီးဖြစ်တာလပိုင်းပဲရှိသေးတယ်။ မနေ့ကညပိုင်း လယ်ထဲသွားတဲ့အချိန် စကေဘာနဲ့အထိုးခံရပြီး ပွဲချင်းပြီးသေတယ်လို့သိရတယ်။ ဓားနဲ့ထိုးခံရတာဆိုတော့ PDF လက်ချက်တော့မဖြစ်နိုင်ဘူး"ဟု မဲဇလီကုန်းမြို့ခံတစ်ဦးကပြောသည်။
ဦးကျော်ဝင်းသည် စစ်ကောင်စီသတင်းပေးလုပ်နေသူဖြစ်ပြီး ယခုဖြစ်ရပ်မှာ ပုဂ္ဂိုလ်ရေးအရ သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က မှတ်ချက်ပြုသည်။
ဦးကျော်ဝင်း၏ ရုပ်အလောင်းအား ဒေသခံများက ည ၇ နာရီခန့်တွင် လယ်ကွင်းထဲ၌ တွေ့ရှိခဲ့ပြီး ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။သို့သော် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့က ယင်းနေ့ညတွင် လာရောက်စစ်ဆေးခြင်းမရှိခဲ့ဘဲ ယနေ့ မေလ ၂၄ ရက်နေ့ နံနက် ၇ နာရီခန့်မှသာ အင်အားခြောက်ဦးပါ စစ်ကောင်စီတပ်ကားတစ်စီးဖြင့် ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်သွားကြောင်း ဒေသခံများကပြောသည်။
" အမှုဖြစ်လည်း ရဲတွေက မလာရဲတော့ဘူး။ သူတို့အတွက် ဒေသခံတွေက လုံခြုံရေးပြန်ယူပေးမှ လာရဲတာ"ဟု မဲဇလီကုန်းမြို့ခံတစ်ဦးကပြောသည်။
ဦးကျော်ဝင်း သတ်ဖြတ်ခံရမှုနှင့် ပတ်သတ်၍ အင်္ဂပူမြို့ နယ်အတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အချို့အားဆက်သွယ်မေးမြန်းရာ ၎င်းတို့လက်ချက်မဟုတ်ကြောင်း မဇ္စျိမကိုပြောသည်။
စာတည်း - မောင်ကြီး
#ဧရာဝတီတိုင်း
#မဲဇလီကုန်းမြို့
#စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး
#သေဆုံး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့တွင် ယမန်နေ့ မေလ ၂၃ ရက်ညနေက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ဓားဖြင့်ထိုးခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။
မဲဇလီကုန်းမြို့၊ အမှတ်(၃)ရပ်ကွက် (အုန်းကုန်းရပ်ကွက်) အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းသည် မေလ၂၃ရက်ညနေ၆ နာရီ ၃၀ မိနစ်ခန့်က ၎င်း၏ လယ်ထဲသို့ သွားစဥ် ဓားထိုးခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။
" သူကအုပ်ကြီး(အုပ်ချုပ်ရေးမှူး) အသစ်ပါ။အုပ်ကြီးဖြစ်တာလပိုင်းပဲရှိသေးတယ်။ မနေ့ကညပိုင်း လယ်ထဲသွားတဲ့အချိန် စကေဘာနဲ့အထိုးခံရပြီး ပွဲချင်းပြီးသေတယ်လို့သိရတယ်။ ဓားနဲ့ထိုးခံရတာဆိုတော့ PDF လက်ချက်တော့မဖြစ်နိုင်ဘူး"ဟု မဲဇလီကုန်းမြို့ခံတစ်ဦးကပြောသည်။
ဦးကျော်ဝင်းသည် စစ်ကောင်စီသတင်းပေးလုပ်နေသူဖြစ်ပြီး ယခုဖြစ်ရပ်မှာ ပုဂ္ဂိုလ်ရေးအရ သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က မှတ်ချက်ပြုသည်။
ဦးကျော်ဝင်း၏ ရုပ်အလောင်းအား ဒေသခံများက ည ၇ နာရီခန့်တွင် လယ်ကွင်းထဲ၌ တွေ့ရှိခဲ့ပြီး ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။သို့သော် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့က ယင်းနေ့ညတွင် လာရောက်စစ်ဆေးခြင်းမရှိခဲ့ဘဲ ယနေ့ မေလ ၂၄ ရက်နေ့ နံနက် ၇ နာရီခန့်မှသာ အင်အားခြောက်ဦးပါ စစ်ကောင်စီတပ်ကားတစ်စီးဖြင့် ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်သွားကြောင်း ဒေသခံများကပြောသည်။
" အမှုဖြစ်လည်း ရဲတွေက မလာရဲတော့ဘူး။ သူတို့အတွက် ဒေသခံတွေက လုံခြုံရေးပြန်ယူပေးမှ လာရဲတာ"ဟု မဲဇလီကုန်းမြို့ခံတစ်ဦးကပြောသည်။
ဦးကျော်ဝင်း သတ်ဖြတ်ခံရမှုနှင့် ပတ်သတ်၍ အင်္ဂပူမြို့ နယ်အတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အချို့အားဆက်သွယ်မေးမြန်းရာ ၎င်းတို့လက်ချက်မဟုတ်ကြောင်း မဇ္စျိမကိုပြောသည်။
စာတည်း - မောင်ကြီး
#ဧရာဝတီတိုင်း
#မဲဇလီကုန်းမြို့
#စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး
#သေဆုံး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥2
မေလ (၂၄)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================
01:00 - မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်မှာ စာသင်ကျောင်းတွေ ပုံမှန်အတိုင်းဖွင့်လှစ်သွားမယ့်သတင်း
04:03 - အောင်မင်္ဂလာအဝေးပြေးဝန်းမှာ ဆိုင်ကယ်တွေသာမက ဘက်ထရီစက်ဘီးတွေကိုလည်း ဖမ်းဆီးနေတဲ့သတင်း
05:04 - လောင်းလုံးမြို့လဝကရုံးစီးနင်းတိုက်ခိုက်ခံရမှုမှာ ဒုဦးစီးမှူးသေဆုံးပြီး မြို့ခံ ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးထားတဲ့သတင်း
06:55 - အကူအညီလိုအပ်နေတဲ့ ရခိုင်မှာ အိမ်ဆောက်ပစ္စည်းတွေ ဈေးတတ်နေတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါခင်ဗျာ။
https://youtu.be/aGJBX6lcvBQ
#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
01:00 - မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်မှာ စာသင်ကျောင်းတွေ ပုံမှန်အတိုင်းဖွင့်လှစ်သွားမယ့်သတင်း
04:03 - အောင်မင်္ဂလာအဝေးပြေးဝန်းမှာ ဆိုင်ကယ်တွေသာမက ဘက်ထရီစက်ဘီးတွေကိုလည်း ဖမ်းဆီးနေတဲ့သတင်း
05:04 - လောင်းလုံးမြို့လဝကရုံးစီးနင်းတိုက်ခိုက်ခံရမှုမှာ ဒုဦးစီးမှူးသေဆုံးပြီး မြို့ခံ ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးထားတဲ့သတင်း
06:55 - အကူအညီလိုအပ်နေတဲ့ ရခိုင်မှာ အိမ်ဆောက်ပစ္စည်းတွေ ဈေးတတ်နေတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါခင်ဗျာ။
https://youtu.be/aGJBX6lcvBQ
#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မေလ (၂၄)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:00 - မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်မှာ စာသင်ကျောင်းတွေ ပုံမှန်အတိုင်းဖွင့်လှစ်သွားမယ့်သတင်း
04:03 - အောင်မင်္ဂလာအဝေးပြေးဝန်းမှာ ဆိုင်ကယ်တွေသာမက ဘက်ထရီစက်ဘီးတွေကိုလည်း ဖမ်းဆီးနေတဲ့သတင်း
05:04 - လောင်းလုံးမြို့လဝကရုံးစီးနင်းတိုက်ခိုက်ခံရမှုမှာ ဒု…

👍8🔥1😁1
Forwarded from Mizzima+ TV Channel
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်ချစ်ပ်ပြားကုမ္ပဏီကြီးကို အမျိုးသားလုံခြုံရေးအတွက် ပိတ်ပင်ရခြင်းဖြစ်ကြောင်း တရုတ်ကာကွယ်ပြောဆို
#internationalnews #reels #shorts
#internationalnews #reels #shorts
🔥2😁2👏1
ဖော်မြူလာဝမ်းပြိုင်ပွဲမှာ Honda က Aston Martin အင်ဂျင်ပါတနာအဖြစ် ၂၀၂၆ မှာ ပြန်လာမယ်
=========================
Honda ဟာ Aston Martin အဖွဲ့အတွက် အင်ဂျင်ပါတနာအဖြစ် ၂၀၂၆ မှာ ဖော်မြူလာဝမ်းပြိုင်ကားလောကကို တရားဝင် ပြန်လာမှာဖြစ်ပါတယ်။
ဒီကုမ္ပဏီဟာ ၂၀၂၁ နှစ်ကုန်မှာ F1 မှ တရားဝင်နှုတ်ထွက်ခဲ့ပေမယ့်လည်း သူ့ရဲ့အင်ဂျင်တွေကို Red Bull အဖွဲ့နှစ်ဖွဲ့က ဆက်လက်အသုံးပြုနေပြီး ၂၀၂၃ ကစလို့ ဒီအင်ဂျင်တွေကို Hondas လို့ ထပ်ပြီးခေါ်ဆိုမှာဖြစ်ပါတယ်။
၂၀၃၀ မှာ F1 ရဲ့ carbon-neutrality (ကာဗွန်ထုတ်လုပ်ခြင်း ကင်းမဲ့)လို အစီအမံတွေ ကြိုးပမ်းမှုက တရားဝင်ပြန်လည်ဝင်ရောက်ဖို့ ဆုံးဖြတ်ချက်နောက်ကွယ်မှ "အဓိကကျတဲ့အချက်"ဖြစ်တယ်လို့ Honda က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

🔥3👍2❤1
Forwarded from Mizzima+ TV Channel
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားဦးဆောင်တဲ့ စစ်ရေးအစုအဖွဲ့ကနေ အာမေးနီးယားနုတ်ထွက်ဖွယ်ရှိကြောင်း ဝန်ကြီးချုပ်ပြော
#internationalnews #reels #shorts
#internationalnews #reels #shorts
👍8😁2❤1🔥1