Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Forwarded from Mizzima+ TV Channel
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းနယ်စပ်အနီးက ရုရှားအရပ်သားတွေ ထွက်ပြေးကုန်ကြကြောင်း အုပ်ချုပ်ရေးမှူးပြော

#internationalnews #reels #shorts
👍4😁4❤1
​​ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းအပြီး ၁၀ ရက်ကြာသည်အထိ ကုန်ဈေးနှုန်းများ မြင့်တက်နေ
===========================

ဂျူချန်း
(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်တွင် အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်အပြီး ၁၀ ရက်ကြာသည် အထိ ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။
“ကုန်ဈေးနှုန်းက ပြန်မကျဘူးဗျ။ အခုထိ မုန်တိုင်းဈေးပဲရှိသေးတယ်။ ထိန်းချုပ်တာကလည်း သိပ်ပြီး တော့ ထိထိရောက် မထိန်းချုပ်နိုင်သေးဘူး။ အရေးယူမှုအပိုင်း တော်တော်အားနည်းနေသေးတယ်” ဟု မြောက်ဦးဒေသခံတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

ဒေသဆိုင်ရာအာဏာပိုင်များမှ စီပွားရေးသမားများကို ဈေးတင်ရောင်းခြင်းမပြုလုပ်ကြရန် သတိပေးနေ သော်လည်း အရေးယူခြင်းမရှိသေးသည့်အတွက် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဆက်လက်မြင့် တက်နေခြင်းဖြစ်သည်ဟုဆိုသည်။

“အာဏာပိုင်တွေက ပြောတာတော့ပြောပါတယ်။ ဒီဘက်က စီးပွားရေးသမားတွေက တင်တာကတင်နေ တာပဲ။ ရာသီကလည်း မိုးကကျတော့မယ်။ နေစရာမရှိ အိပ်စရာမရှိဆိုတော့ ပြည်သူတွေက မဖြစ်မနေ ဝယ်ရတာပဲ ” ဟု ရသေ့တောင်မှ ဒေသခံတစ်ဦးကပြောသည်။

မိသားစုတစ်နပ်စာ စားလောက်သည့် ကန်စွန်းရွက် ၄၀ ကျပ်သား (ဒေသအခေါ် တစ်ပိုက်) သည် ၂,၀၀၀ ကျပ် ထိပေါက်ဈေးရှိနေပြီး ယခင် ၂,၀၀၀ ကျပ် ဝန်းကျင်ရှိသည့် စားသုံးဆီတစ်လီတာသည် ယခု ၆,၀၀၀ ကျပ်မှ ၇,၀၀၀ ကျပ်အထိ ဈေးတက်နေကြောင်း ဒေသခံများက ပြောသည်။

မုန်တိုင်းမကျမီက ၅၀,၀၀၀ ကျပ် ကျော်တန်ကြေးရှိသည့် ၂၅ ပြည်ဝင်ဆန်တစ်အိတ်သည် ယခုအခါ ကျပ် ၁၅၀,၀၀၀ အထိ ပေးဝယ်နေရကြောင်း သိရသည်။

အလားတူ သွပ်မိုးသည့် သံမှိုသည် မုန်တိုင်းမကျမီက တစ်ပိဿာ ၇,၀၀၀ ကျပ် ဝန်းကျင်ရှိခဲ့ပြီး မုန်တိုင်း ပြီးနောက် တစ်ပိဿာ ၅၀,၀၀၀ ကျပ်အထိ ဈေးမြင့်တက်ခဲ့ပြီး အာဏာပိုင်များမှ သတိပေးတားမြစ်မှု ကြောင့် လက်ရှိတွင် ၁၈,၀၀၀ ကျပ်ပေါက်ဈေးရှိသဖြင့် မူရင်းဈေးထက် ဈေးနှစ်ဆကျော် မြင့်တက်နေဆဲ ဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ထို့ပြင် လတ်တလော နေထိုင်ရန်အတွက် အဆောက်အဦးနှင့် နေအိမ်များ ပြန်လည်ပြုပြင်တည်ဆောက် ရန် အထူးလိုအပ်လျက်သော အိမ်ဆောက်ပစ္စည်းများဖြစ်သည့် သွပ်၊ တာလပတ်စ၊ သစ်၊ ဝါးတို့မှာလည်း မူရင်းဈေးထက် နှစ်ဆကျော်၊ သုံးဆခန့်အထိ ဈေးမြင့်တက်လျက်ရှိနေရာ အချို့ နေရာများတွင် ပစ္စည်းပင် ပြတ်လပ်နေကြောင်း သိရသည်။

“တာလပတ်လည်း တစ်သိန်းကျော်တယ်။ အခုကတော့ ဆိုင်တွေမှာသိပ်မရှိတော့ဘူး။ ဝယ်လို့လည်းမရ တော့ဘူး။ ဆိုင်တွေကလည်း ကုန်သွားတော့ ပိတ်ထားတယ်။ အိမ်မပြင်ရသေးတဲ့သူတွေ အများကြီးပဲ။ သွပ်တွေ၊ သံတွေက လောက်မှ မလောက်တာ။ ဒါတောင်မိုးမရွာသေးလို့ တော်သေးတယ်။ ကျနော်တို့ဆို ရင် အခုထိတောင် အမိုး မမိုးရသေးဘူး” ဟု ပုဏ္ဏားကျွန်းမှ ဒေသခံတစ်ဦးက ပြောသည်။

နေအိမ်များပြုပြင်ရန် လက်သမားနှင့် နေ့စားအလုပ်သမားခမှာလည်း ဈေးနှုန်းမြင့်တက်နေပြီး ယခင် နေ့ စားခ ၈,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်ကြားရှိသူများကို ရသေ့တောင်တွင် တစ်ရက်လျှင် ၂,၅၀၀၀ ၊ ၃,၀၀၀၀ အထိပေးရပြီး ပုဏ္ဏားကျွန်းတွင် နှစ်ယောက်သုံးယောက်ပါသည့် လက်သမားအုပ်စုတစ်စုကို ၁၀၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ပေးရကြောင်း ဆိုသည်။

“ဒီမှာက လက်သမားဈေးတွေကလည်း တအားကိုဈေးကြီးတယ်။ သွပ်မိုးမယ့်သူတွေကိုငှားရင် တအား ဈေးကြီးတာ။ သွပ်တစ်ချပ်မိုးရင် ၅,၀၀၀၊ ၆,၀၀၀ တောင်းတယ်။ တစ်ရက်ဆို ၁၅၀,၀၀၀၊ ၂၀၀,၀၀၀ အထိ တောင်းတယ်” ဟု အထက်ပါဒေသခံက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ယခင်က ၃၀,၀၀၀ ကျပ် ဝန်းကျင်ခန့်ရှိသည့် ၁၈ ပေပတ်လည် တာလပတ်စသည် ယခုအခါ ၁၅၀,၀၀၀ မှ ၁၈၀,၀၀၀ အထိပေါက်ဈေးရှိပြီး အိမ်တစ်အိမ်မိုးရန် ၁၈ ပေပတ်လည် တာလ ပတ်စ အနည်းဆုံးသုံးချပ်လိုအပ်ကြောင်း သိရသည်။

ထို့ပြင် မိုးထားသော တာလပတ်စကိုအုပ်သည့် သစ်နှင့် ဝါးများမှာလည်း ယခင်က ဝါး အလုံး ၁၀၀ ကို ၃၀,၀၀၀ ကျော်သာရှိသော်လည်း ယခု ၇၀,၀၀၀ ကျပ်မှ ၈၀,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်။


ရက္ခိုင့်တပ်တော်(AA)က ဈေးအဆမတန်တင်ရောင်းသည့် အရောင်းဆိုင်များကို ခေါ်ယူသတိပေးမှု ကြောင့် အနည်းငယ်ဈေးပြန်ကျခဲ့သော်လည်း လက်ရှိအချိန်အထိ ယခင်ပုံမှန်ဈေးသို့ ပြန်မရောက်သေး ကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ရသေ့တောင်
#ပုဏ္ဏားကျွန်း
#ကုန်ဈေးနှုန်း
#စားသောက်ကုန်
#ရခိုင်ပြည်နယ်
ဓါတ်ပုံ- Si Thu Aung (မေ ၁၄၊ စစ်တွေ)
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥3
​​မူးယစ်ဆေးဝါး ဝင်ရောက်မှုကို စစ်ဆေးရန် မြန်မာနှင့်နယ်စပ် လုံခြုံရေး ဘင်္ဂလားဒေ့ရှ် တိုးမြှင့်
=====================

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ မူးယစ်ဆေးဝါးများ ဝင်ရောက်မှုကို တားဆီးကာကွယ်ရန် မြန်မာနှင့်နယ်စပ်တစ်လျှောက်တွင် လုံခြုံရေးကို တိုးမြှင့်လျက် ရှိကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အဆာဒက်ဇာမန် ခန်း ကာမဲလ်က မေလ ၂၃ ရက်တွင် ပြောသည်။
“မြန်မာနဲ့ နယ်စပ်တလျှောက်မှာ လုံခြုံရေးကို အားကောင်းအောင် ကျွန်တော်တို့ တိုးမြှင့်လုပ်ဆောင်နေပါတယ်။ ဒါမှလည်း မူးယစ်ဆေးဝါးတွေ ကျွန်တော်တို့နိုင်ငံထဲ ဝင်မလာနိုင်မှာဖြစ်တယ်” ဟု ၎င်းက သတင်းထောက်များကို ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁2🔥1
Business Round Up (24 May 2023)
==============

- အကူအညီလိုအပ်နေတဲ့ ရခိုင်မှာ အိမ်ဆောက်ပစ္စည်းများ ဈေးတတ်နေ

- ၆ လအတွင်း ပြည်ပရောက် မြန်မာအလုပ်သမားများရဲ့ ပြန်ပို့ငွေ သန်း ၁,၅၀၀ကျော်ရှိ

- ဧပြီလအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုသာဝင်

- ကိုယ်ရေးကိုယ်တာအချက်အလက်များ လွှဲပြောင်းပေးခြင်းအတွက် Facebook ကုမ္ပဏီ ဒေါ်လာ တစ်ဘီလီယံကျော် ဒဏ်ရိုက်ခံရ

- အခြေခံအဆောက်အဦးနှင့် ကုန်သွယ်‌ရေးဆိုင်ရာသဘောတူညီချက်များတွင် လက်မှတ်ထိုးရန် ရုရှားဝန်ကြီးချုပ် တရုတ်သို့ရောက်ရှိ

https://youtu.be/VSlhP9GxMC8

#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥2
​​မဲဇလီကုန်းမြို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီး သေဆုံး
===================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့တွင် ယမန်နေ့ မေလ ၂၃ ရက်ညနေက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ဓားဖြင့်ထိုးခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။

မဲဇလီကုန်းမြို့၊ အမှတ်(၃)ရပ်ကွက် (အုန်းကုန်းရပ်ကွက်) အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းသည် မေလ၂၃ရက်ညနေ၆ နာရီ ၃၀ မိနစ်ခန့်က ၎င်း၏ လယ်ထဲသို့ သွားစဥ် ဓားထိုးခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

" သူကအုပ်ကြီး(အုပ်ချုပ်ရေးမှူး) အသစ်ပါ။အုပ်ကြီးဖြစ်တာလပိုင်းပဲရှိသေးတယ်။ မနေ့ကညပိုင်း လယ်ထဲသွားတဲ့အချိန် စကေဘာနဲ့အထိုးခံရပြီး ပွဲချင်းပြီးသေတယ်လို့သိရတယ်။ ဓားနဲ့ထိုးခံရတာဆိုတော့ PDF လက်ချက်တော့မဖြစ်နိုင်ဘူး"ဟု မဲဇလီကုန်းမြို့ခံတစ်ဦးကပြောသည်။

ဦးကျော်ဝင်းသည် စစ်ကောင်စီသတင်းပေးလုပ်နေသူဖြစ်ပြီး ယခုဖြစ်ရပ်မှာ ပုဂ္ဂိုလ်ရေးအရ သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က မှတ်ချက်ပြုသည်။

ဦးကျော်ဝင်း၏ ရုပ်အလောင်းအား ဒေသခံများက ည ၇ နာရီခန့်တွင် လယ်ကွင်းထဲ၌ တွေ့ရှိခဲ့ပြီး ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။သို့သော် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့က ယင်းနေ့ညတွင် လာရောက်စစ်ဆေးခြင်းမရှိခဲ့ဘဲ ယနေ့ မေလ ၂၄ ရက်နေ့ နံနက် ၇ နာရီခန့်မှသာ အင်အားခြောက်ဦးပါ စစ်ကောင်စီတပ်ကားတစ်စီးဖြင့် ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်သွားကြောင်း ဒေသခံများကပြောသည်။
" အမှုဖြစ်လည်း ရဲတွေက မလာရဲတော့ဘူး။ သူတို့အတွက် ဒေသခံတွေက လုံခြုံရေးပြန်ယူပေးမှ လာရဲတာ"ဟု မဲဇလီကုန်းမြို့ခံတစ်ဦးကပြောသည်။

ဦးကျော်ဝင်း သတ်ဖြတ်ခံရမှုနှင့် ပတ်သတ်၍ အင်္ဂပူမြို့ နယ်အတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အချို့အားဆက်သွယ်မေးမြန်းရာ ၎င်းတို့လက်ချက်မဟုတ်ကြောင်း မဇ္စျိမကိုပြောသည်။

စာတည်း - မောင်ကြီး

#ဧရာဝတီတိုင်း
#မဲဇလီကုန်းမြို့
#စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး
#သေဆုံး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥2
မေလ (၂၄)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================

01:00 - မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်မှာ စာသင်ကျောင်းတွေ ပုံမှန်အတိုင်းဖွင့်လှစ်သွားမယ့်သတင်း

04:03 - အောင်မင်္ဂလာအဝေးပြေးဝန်းမှာ ဆိုင်ကယ်တွေသာမက ဘက်ထရီစက်ဘီးတွေကိုလည်း ဖမ်းဆီးနေတဲ့သတင်း

05:04 - လောင်းလုံးမြို့လဝကရုံးစီးနင်းတိုက်ခိုက်ခံရမှုမှာ ဒုဦးစီးမှူးသေဆုံးပြီး မြို့ခံ ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးထားတဲ့သတင်း

06:55 - အကူအညီလိုအပ်နေတဲ့ ရခိုင်မှာ အိမ်ဆောက်ပစ္စည်းတွေ ဈေးတတ်နေတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါခင်ဗျာ။

https://youtu.be/aGJBX6lcvBQ

#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥1😁1
Forwarded from Mizzima+ TV Channel
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်ချစ်ပ်ပြားကုမ္ပဏီကြီးကို အမျိုးသားလုံခြုံရေးအတွက် ပိတ်ပင်ရခြင်းဖြစ်ကြောင်း တရုတ်ကာကွယ်ပြောဆို

#internationalnews #reels #shorts
🔥2😁2👏1
​​ဖော်မြူလာဝမ်းပြိုင်ပွဲမှာ Honda က Aston Martin အင်ဂျင်ပါတနာအဖြစ် ၂၀၂၆ မှာ ပြန်လာမယ်
=========================

Honda ဟာ Aston Martin အဖွဲ့အတွက် အင်ဂျင်ပါတနာအဖြစ် ၂၀၂၆ မှာ ဖော်မြူလာဝမ်းပြိုင်ကားလောကကို တရားဝင် ပြန်လာမှာဖြစ်ပါတယ်။

ဒီကုမ္ပဏီဟာ ၂၀၂၁ နှစ်ကုန်မှာ F1 မှ တရားဝင်နှုတ်ထွက်ခဲ့ပေမယ့်လည်း သူ့ရဲ့အင်ဂျင်တွေကို Red Bull အဖွဲ့နှစ်ဖွဲ့က ဆက်လက်အသုံးပြုနေပြီး ၂၀၂၃ ကစလို့ ဒီအင်ဂျင်တွေကို Hondas လို့ ထပ်ပြီးခေါ်ဆိုမှာဖြစ်ပါတယ်။

၂၀၃၀ မှာ F1 ရဲ့ carbon-neutrality (ကာဗွန်ထုတ်လုပ်ခြင်း ကင်းမဲ့)လို အစီအမံတွေ ကြိုးပမ်းမှုက တရားဝင်ပြန်လည်ဝင်ရောက်ဖို့ ဆုံးဖြတ်ချက်နောက်ကွယ်မှ "အဓိကကျတဲ့အချက်"ဖြစ်တယ်လို့ Honda က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
🔥3👍2❤1
Forwarded from Mizzima+ TV Channel
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားဦးဆောင်တဲ့ စစ်ရေးအစုအဖွဲ့ကနေ အာမေးနီးယားနုတ်ထွက်ဖွယ်ရှိကြောင်း ဝန်ကြီးချုပ်ပြော

#internationalnews #reels #shorts
👍8😁2❤1🔥1
စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ခရစ်ယာန်ဘုရားကျောင်း ပျက်စီး
===========

သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ ဝေါ်လေခီး ဒေသ ခလယ်လောကျယ်(ခ)ပနွယ်ဖိုးကလိုးကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က မေလ ၂၃ ရက်နေ့ ည ၁၁ နာရီ ၅၂ မိနစ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ခရစ်ယာန်ဘုရားကျောင်း ပျက်စီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

“ည ၁၂ နာရီလောက်မှာ လာကြဲတာ၊ လူတော့မထိလိုက်ဘူး။ တိုက်ပွဲဖြစ်နေတာတော့ မရှိပါဘူး။ ရွာက လူတွေရှောင်နေရတာရှိတယ်၊ နောက်ထပ်လာကြဲမှာ စိုးရိမ်နေရတယ်”ဟု ဒေသခံတစ်ဦးမှ ပြောသည်။

အဆိုပါဒေသသည် KNLA တပ်ရင်း(၂၀၁) အုပ်ချုပ်ရေးနယ်မြေဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ထီးကပလယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်က တပ်ရင်း(၂၀၁)ကို ဝင်ရောက်စီးနင်းခဲ့သည့်ဖြစ်စဉ် ဖြစ်ပွား ခဲ့သည်။

စစ်ကောင်စီတပ်သည် မြေပြင်တွင်အထိနာနေသဖြင့် ကျေးရွာများ၊ ဘာသာရေးအဆောက်အဦများ၊ အရပ် သားများကိုပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု နေ့စဉ်နီးပါး ပြုလုပ်လျှက်ရှိသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#KNUတပ်မဟာ(၆)
#KNLA
#ဗုံးကြဲတိုက်ခိုက်
#ခရစ်ယာန်ဘုရားကျောင်း
👍7❤4🤬2😁1
This media is not supported in your browser
VIEW IN TELEGRAM
ကိုလံဘီယာစစ်တပ်က အဓိက သူပုန်အုပ်စုနဲ့ အပစ်အခတ် ရပ်စဲရေးကို ရပ်ဆိုင်း

https://www.facebook.com/reel/5677310842368830/?s=single_unit

#Internationalnews #Mizzima #Reels #Shorts
👏4🔥3
မေလ ၂၄ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2👍1
Forwarded from Mizzima+ TV Channel
This media is not supported in your browser
VIEW IN TELEGRAM
နုတ်ထွက်တောမယ့်နိုင်ဂျီးရီးယားသမ္မတက နိုင်ငံရဲ့အဓိကရေနံချက်စက်ရုံကြီးဖွင့်လှစ်ပေး

#internationalnews #reels #shorts
🔥5👍3
​​ရခိုင်တွင် မိုခါမုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေး ကူညီနေသည့် စာရေးဆရာဝေဟင်အောင် ပြန်လည် လွှတ်လာ
==================

KMN
(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်တွင် မိုခါဆိုင်ကလုန်း မုန်တိုင်းဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုများရှိပြီး ပြန်လည်ထူထောင်ရေးအတွက် လူမှုကူညီရေးလုပ်ငန်းများဆောင်ရွက်နေသည့် စာရေးဆရာဝေဟင်အောင်နှင့် အဖွဲ့ကို ယမန်နေ့ မေလ ၂၃ ရက် ညနေပိုင်းတွင် စစ်ကောင်စီက ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ယနေ့ မေလ ၂၄ ရက် မနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

"ဆရာ ကျန်းကျန်းမာမာနဲ့ အိမ်မှာရှိပါတယ်။ ကျေးဇူးပါ" ဟု သူ၏ မိသားစုနှင့် နီးစပ်သူက မဇ္ဈိမ ကိုအတည်ပြု ပြောကြားသည်။
စာရေးဆရာဝေဟင်အောင် အပါအ၀င် ငါးဦးသည် ယမန်နေ့ညနေ ၃ နာရီ ဝန်းကျင်တွင် ပုဏ္ဏားကျွန်းမြို့နယ်သို့ ကူညီထောက်ပံ့ရေးပစ္စည်းများပေးအပ်ရန် သွားရောက်စဉ် စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

စာရေးဆရာ ဝေဟင်အောင်၊ ၎င်း၏ သမီးနှင့် တပည့်၊ ရန်ကုန်မှ ပရဟိတသမားနှစ်ဦး စုစုပေါင်း ၅ ဦး သည် ယနေ့ မနက် ၁၁ နာရီဝန်းကျင်တွင် ပြန်လည်လွှတ်မြောက်လာပြီဖြစ်ကြောင်း ရခိုင်ဒေသတွင်း သတင်းဌာနများတွင် ဖော်ပြထားသည်။

စာရေးဆရာ ဝေဟင်အောင်သည် မုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် စသည့် မြို့နယ်များသို့ သွားရောက်ပြီး ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောကြားသည်။

စာရေးဆရာ ဝေဟင်အောင်သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ပြုလုပ်သည့် “ရခိုင့်ဘုရင်နိုင်ငံတော် အချုပ်အခြာအာဏာကျရှုံးခြင်း” ဝမ်းနည်းဖွယ် အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောချက်များသည် ဥပဒေနှင့် မညီညွတ်ဟုဆိုကာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ- ၁၂၂ ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ- ၅၀၅ (ခ)တို့ဖြင့် ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် နှစ်(၂၀) ချမှတ်ခဲ့သည်။

ယင်းနောက် ၎င်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်၊ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။

စာတည်း ။ ။ အောင်ကျော်ဖြိုး

#Mizzima
#ပြန်လည်လွှတ်မြောက်
#စာရေးဆရာ ေဝဟင်အောင်
#ပြန်လည်ထူထောင်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥4❤1