ရေးမြောက်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ဦးသေဆုံးဟုဆို
==================
ဂျူချန်း
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း ဝါပသဲကျေးရွာအနီးတွင် ရေးအခြေစိုက် ခလရ(၁၀၆)မှ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်များကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၃၀ ခန့် သေ ဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက မေလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မေလ ၁၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အင်အား ၂၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဝါပသဲကျေး ရွာအနီးသို့စစ်ကြောင်းထိုးလာ၍ ကျားဖြူစစ်ကြောင်းမှ တပ်ခွဲ(၁)နှင့်တပ်ခွဲ(၆)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ ရာ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၉ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းနောက် မေလ ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲဝန်းကျင်တွင် ဆုတ်ခွာလာသည့်စစ်ကောင်စီတပ်သားများ အား ကျားဖြူစစ်ကြောင်းမှ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး ခလရ(၁၀၆)မှ စစ်ကူများလည်းတက်လာရာ နှစ်ဖက် ထိတွေ့တိုက်ပွဲ သုံးနာရီခွဲဝန်းကျင်ခန့် ကြာမြင့်ခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၁ ဦးခန့် သေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ရာ သေနက်တစ်လက်ပျက်စီးခဲ့ကြောင်း ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်ရန်နိုင်က ပြောသည်။
“ကျနော်တို့ရဲဘော်တစ်ဦး လက်မှာရှပ်ထိဒဏ်ရာရပြီး သေနတ်တစ်လက်ပျက်စီးသွားပါတယ်။ သူတို့ အခု တော့ ဆုတ်သွားပါပြီ။ မနေ့တနေ့ကဆို လမိုင်းဖက်မှာ ခလရ(၁၀၆)က တပ်ဖွဲ့ဝင်နှစ်ဦး ထွက်ပြေးတယ်။ သတင်းတော့ ဖုံးထားတယ်”ဟု ဗိုလ်ရန်နိုင်ကမဇ္ဈိမကို ပြောသည်။
သေဆုံးသည့် စစ်ကောင်စီတပ်သားအရေအတွက်ကို မျက်မြင်တွေ့ခဲ့ရသည့် သက်သေများဖြင့် အတည် ပြုထားကြောင်း ဆိုသည်။
ပြီးခဲ့သည့် မေလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် ဝါပသဲကျေးရွာအနီးရှိ ကျားဖြူစစ်ကြောင်း တပ်စခန်းရှိရာ နေရာသို့ စစ်ကောင်စီတပ်ကလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျားဖြူစစ်ကြောင်းမှ မခင်သန္တာဆွေ(ခ) မမြင့်၊ ကိုဇွဲမာန်လင်း(ခ)စနေနှင့် ကိုထွန်းလင်းအောင်(ခ)ကိုမြကြီးတို့သုံးဦးကျဆုံးခဲ့ရပြီး ထိုရဲဘော်သုံးဦး အတွက်လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း ကျားဖြူစစ်ကြောင်း၏ ဒုတပ်ရင်းမှူးစောဝင်းဇော်က ၎င်း၏လူမှု ကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
“မင်းတို့အကို အကြွေးတော့ ပြန်တောင်းလိုက်တာပဲ။ ၃၀ ကျော်ပဲဆိုတော့ မတန်သေးဘူး တပည့်တို့” ဟု ရေးသားထားသည်။
ဝါပသဲကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင် အတွင်းတည်ရှိပြီး မေလအတွင်း စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဝါပသဲကျေးရွာအနီးတဝိုက် ရှိ ဘဲလမု၊ ချောင်းနှစ်ခွ စသည့်ကျေးရွာငါးရွာထက်မနည်းမှ ဒေသခံ ၅၀၀ ခန့် စစ်ဘေးရှောင်နေရကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#KNUတပ်မဟာ(၆)နယ်မြေ
#ကျားဖြူစစ်ကြောင်း
#ရေးမြို့နယ်
#ဝါပသဲကျေးရွာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍15😁3❤2👏1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၄ မေ ၂၀၂၃)
=======================
အကြမ်းဖက်စစ်ကောင်စီမှ မုန်တိုင်းသင့်ပြည်သူများကို ကူညီမှုများစတင်နေပြီးဟုပြောဆိုသော်လည်း တကယ့်လက်တွေ့တွင် မုန်တိုင်းတိုက်ပြီး တစ်ပတ်ကြာသည်အထိ အကူအညီများမရသေးကြောင်း ပြည်သူများမှပြောဆိုကြသည်ကို ကြည့်ခြင်းဖြင့် စစ်တပ်၏ စီမံခန့်ခွဲမှုအရည်အချင်းနှင့် ပြည်သူအပေါ် အမှန်တကယ်စေတနာထားဆောင်ရွက်မှုမရှိသည်ကို တွေ့ရသည်။

👍10😁2🔥1
မေလ ( ၂၄ ) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
=====================
⁃ရခိုင်မှာ မိုခါ မုန်တိုင်းအပြီး ၁၀ ရက်ကြာတဲ့အထိ ကုန်ဈေးနှုန်းမြင့်တက်နေဆဲဖြစ်တဲ့အကြောင်း
⁃ထိုင်းညွန့်ပေါင်းအဖွဲ့က တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲရေးအတွက် နှုတ်ဆိတ်နေတဲ့အကြောင်း
⁃အောင်မင်္ဂလာအဝေးပြေးဝန်းတွင် ဆိုင်ကယ်တွေသာမက ဘက်ထရီစက်ဘီးတွေကိုလည်းဖမ်းဆီးနေတဲ့အကြောင်း
⁃BGF စခန်းအား KNLA ဝင်ရောက်တိုက်ခိုက်၊ တပ်ခွဲမှူးအပါအဝင် ၅ ဦးသေဆုံးတဲ့သတင်း
⁃လောင်းလုံးမြို့လဝကရုံးစီးနင်းတိုက်ခိုက်ခံရပြီး ဒုဦးစီးမှူးသေဆုံးကာ၊ မြို့ခံ ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးထားတဲ့သတင်း
⁃အီလွန်မက်က အိမ်ထောင်ရှင်မစက်ရုပ် တီထွင်ထားခြင်း မရှိတဲ့အကြောင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးမှာပါ။
https://www.youtube.com/live/QPmRC2B1kRk?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မေလ ( ၂၄ ) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
⁃ရခိုင်မှာ မိုခါ မုန်တိုင်းအပြီး ၁၀ ရက်ကြာတဲ့အထိ ကုန်ဈေးနှုန်းမြင့်တက်နေဆဲဖြစ်တဲ့အကြောင်း
⁃ထိုင်းညွန့်ပေါင်းအဖွဲ့က တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲရေးအတွက် နှုတ်ဆိတ်နေတဲ့အကြောင်း
⁃အောင်မင်္ဂလာအဝေးပြေးဝန်းတွင် ဆိုင်ကယ်တွေသာမက…

👍13🤮2❤1😁1🍌1
ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရုတ်ကြွေးမြီထောင်ချောက်ထဲ ကျရောက်တော့မှာလား
=========================
တရုတ်သည် ဒေသတွင်း ကြီးမားသောဈေးကွက်ရှိခြင်းကြောင့် တောင်အာရှနိုင်ငံများနှင့် အမြဲဆက်နွှယ်မှုရှိကြောင်း သမိုင်းဆိုင်ရာ အချက်အလက်များက သက်သေပြနေသည်။ ဘင်္ဂလားဒေ့ရှ်၏ ပထဝီနိုင်ငံရေးအရ ထူးကဲမှုနှင့် စီးပွားရေးအရ စိတ်ဝင်စားဖွယ်ကောင်းမှုတို့ကြောင့် တရုတ်က ရင်းနှီးမြှုပ်နှံရန် အာရုံစိုက်လာခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=========================
တရုတ်သည် ဒေသတွင်း ကြီးမားသောဈေးကွက်ရှိခြင်းကြောင့် တောင်အာရှနိုင်ငံများနှင့် အမြဲဆက်နွှယ်မှုရှိကြောင်း သမိုင်းဆိုင်ရာ အချက်အလက်များက သက်သေပြနေသည်။ ဘင်္ဂလားဒေ့ရှ်၏ ပထဝီနိုင်ငံရေးအရ ထူးကဲမှုနှင့် စီးပွားရေးအရ စိတ်ဝင်စားဖွယ်ကောင်းမှုတို့ကြောင့် တရုတ်က ရင်းနှီးမြှုပ်နှံရန် အာရုံစိုက်လာခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5👎2❤1🔥1👏1
တနင်္သာရီမြို့ အင်းရှည်ကုန်းရွာတွင် ဒေသခံအမျိုးသား ၂ ဦး ခိုက်ရန်ဖြစ်ပွားရာမှ လူသေဆုံးမှုဖြစ်
👍3🔥3
တနင်္သာရီမြို့ အင်းရှည်ကုန်းရွာတွင် ဒေသခံအမျိုးသား ၂ ဦး ခိုက်ရန်ဖြစ်ပွားရာမှ လူသေဆုံးမှုဖြစ်
==================
ကိုရွှေမြိတ်
(မဲဆောက်) (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုရှိ အင်းရှည်ကုန်း ရွာတွင် မေလ ၂၃ ရက်နေ့က ဥယျာဉ်ခြံတစ်ခုတွင် ဒေသခံအမျိုးသားနှစ်ဦး ခိုက်ရန်ဖြစ်ပွားရာမှ လူသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အင်းရှည်ကုန်းရွာရှိ ဥယျာဉ်ခြံတစ်ခုသို့ သစ်သီးကောက်ရန်သွားခဲ့သည့် အသက် ၃၁ နှစ်ရွယ်ရှိ ကိုဘိုငယ်သည် မေလ ၂၃ ရက်နေ့တွင် ခြံတစ်ခြံ၌ အရက်မူးနေသောအခြားအမျိုးသားတစ်ဦးနှင့်
အပြန်အလှန် စကားများခဲ့ကြသည်။
ထို့နောက် ကိုဘိုငယ်သည် နေအိမ်သို့ ပြန်လာကာ အချွန်အထက်ရှိသော သံဆူးတစ်ချောင်းကို ယူ၍ ဆိုင်ကယ်ဖြင့် ပြန်လည်ထွက်သွားသည်ဟု ကိုဘိုငယ်၏ မိသားစု၀င်တစ်ဦးကဆိုသည်။
ယင်းနောက် အရက်မူးနေသူ (ကိုဘိုငယ်နှင့် ရန်ဖြစ်ခဲ့သူ ) စီးလာသည့် ဆိုင်ကယ် နှင့် ကိုဘိုငယ်၏ ဆိုင်ကယ်တိုက်မိရာမှာ ကိုဘိုငယ် ကိုင်ဆောင်သွားသည် သံဆူးထိုးမိ၍ တစ်ဖက်လူ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လူသတ်မှုကျူးလွန်သူဟုယူဆရသူ ကိုဘိုငယ်ကို တကူကျေးရွာအုပ်စု အခြေစိုက်နဂါးနက်-PDF အဖွဲ့က စစ်ဆေးမည်ဟုပြောကာ ဖမ်းဆီးခေါ်ဆောင်သွားရာမှ သတ်ဖြတ်ခံလိုက်ရကြောင်း မိသားစုဝင်များထံက သိရသည်။
ကာယကံရှင် မိသားစုဝင် တစ်ဦးက “ အခုက ရည်ရွယ်ချက် ရှိရှိနဲ့ သတ်လိုက်တာ မဟုတ်ဘူး။ ဆိုင်ကယ်ခြင်းတိုက်မိပြီး သံဆူးနဲ့ ထိုးမိပြီးသေသွားတာပါ။ အခုက အခြားလူသတ်မှုတစ်ခုနဲ့ ပတ်သက် ဆက်နွယ်ပြီး ဘိုငယ်ကို ဖမ်းဆီးရိုက်နက်သတ်ဖြတ်လိုက်တယ် ” ဟု ပြော သည်။
ကိုဘိုငယ်ကို နဂါးနက် PDF အဖွဲ့မှ ဖမ်းဆီးရိုက်နက် စစ်ဆေးခဲ့ကာ ဘက်မလိုက်ပြောက်ကျားအဖွဲ့သို့ လွဲပြောင်းပေးအပ်ခဲ့သည်။
ယင်းအဖွဲ့မှ ဆေးကုသမှု ပြုလုပ်ပေးပြီးနောက် အမည်မသိ အခြား PDF အဖွဲ့တစ်ခုက ၎င်းအား မျက်နှာကိုအဝတ်စည်းပြီး ပြန်လည် ခေါ်ဆောင်သွားကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
“မနေ့က ဖမ်းခံရတဲ့ အချိန်မှာ ကိုဘိုငယ်ကို သွားတွေ့ခွင့်ရတယ်။ စားစရာတွေ သွားပေးလိုက်သေးတယ်။ နောက်တစ်ကြိမ် ထပ်ပြီးသွားတွေ့တဲ့ အချိန်မှာ မရှိတော့ဘူး ပြောတယ်။ နောက်တော့ သတ်ပစ်လိုက်ပြီလို့ သိရတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
ထို့နောက် ကိုဘိုငယ်၏ ရုပ်အလောင်းကို မိသားစုဝင်များထံ ပြန်မပေးသည့်အပြင် ရွာပြင်ရှိ သင်္ချိုင်းတွင် မီးသင်္ဂြိုဟ်ခဲ့၍ မိသားစုဝင်များက စုံစမ်းစစ်ဆေးပေးရန် ဆန္ဒရှိနေသည်။
ထို့ကြောင့် ဖြစ်စဉ်အသေးစိတ်နှင့် ကိုဘိုငယ်ကိုသတ်ဖြတ်ခဲ့သောအဖွဲ့ကို သိရှိနိုင်ရန် ဘက်မလိုက်ပြောက်ကျားအဖွဲ့သို့ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ယခုဖြစ်စဉ်တွင် နဂါးနက်အဖွဲ့သည် ဒေသခံအခြေစိုက် အဖွဲ့စည်းဖြစ်ပြီး NUG အစိုးရ၏ လက်အောက်ခံမဟုတ်သောကြောင့် အရေးယူစစ်ဆေးပေးရန် ခက်ခဲသည့်အတွက် မှတ်ချက် မပေးလိုကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူကဆိုသည်။
လက်ရှိတွင် အထက်ပါ လူသတ်မှုကျူးလွန်သူဟုယူဆရသူ သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ ကာယကံရှင် မိသားစုဝင်များမှ ဥပဒေအရ အရေးယူပေးရန်လိုလားနေကြောင်း သိရသည်။
စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#တနင်္သာရီ
#နဂါးနက်PDF
#လူသေဆုံး
#တကူကျေးရွာအုပ်စု

👍10😢3❤1👎1🔥1
မေလ (၂၄) ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=================
ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့....
မြန်မာစစ်ကောင်စီကို လေယာဉ်ဆီပို့ဆောင်နေတာတွေအတွက် လုပ်ငန်းအာမခံပေးခဲ့တဲ့ ဗြိတိန်ကုမ္ပဏီငါးခုကို အမည်ပျက်စာရင်းသွင်းလိုက်တဲ့ သတင်းနဲ့အတူ ဆိုင်ကလုန်းမိုခါအတွက် ထပ်တိုးအကူအညီ ဒေါ်လာ ၁၇ သန်းကို မိတ်ဖက်အဖွဲ့တွေကတစ်ဆင့် ပေးအပ်သွားမယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်လိုက်တဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ Spring University က ပေးပို့တဲ့ အစီအစဉ်ကို နားဆင်ရမှာပါ။
သတင်းတွေအပြီးမှာတော့ ရေဒီယိုသတင်းဆောင်းပါးကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။
https://youtu.be/D0P9dzScczI
#Mizzimaradio
#EveningRadio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=================
ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့....
မြန်မာစစ်ကောင်စီကို လေယာဉ်ဆီပို့ဆောင်နေတာတွေအတွက် လုပ်ငန်းအာမခံပေးခဲ့တဲ့ ဗြိတိန်ကုမ္ပဏီငါးခုကို အမည်ပျက်စာရင်းသွင်းလိုက်တဲ့ သတင်းနဲ့အတူ ဆိုင်ကလုန်းမိုခါအတွက် ထပ်တိုးအကူအညီ ဒေါ်လာ ၁၇ သန်းကို မိတ်ဖက်အဖွဲ့တွေကတစ်ဆင့် ပေးအပ်သွားမယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်လိုက်တဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ Spring University က ပေးပို့တဲ့ အစီအစဉ်ကို နားဆင်ရမှာပါ။
သတင်းတွေအပြီးမှာတော့ ရေဒီယိုသတင်းဆောင်းပါးကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။
https://youtu.be/D0P9dzScczI
#Mizzimaradio
#EveningRadio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မေလ (၂၄) ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့....
မြန်မာစစ်ကောင်စီကို လေယာဉ်ဆီပို့ဆောင်နေတာတွေအတွက် လုပ်ငန်းအာမခံပေးခဲ့တဲ့ ဗြိတိန်ကုမ္ပဏီငါးခုကို အမည်ပျက်စာရင်းသွင်းလိုက်တဲ့ သတင်းနဲ့အတူ ဆိုင်ကလုန်းမိုခါအတွက် ထပ်တိုးအကူအညီ ဒေါ်လာ ၁၇ သန်းကို မိတ်ဖက်အဖွဲ့တွေကတစ်ဆင့်…

👍4😁1🤮1
ဖက်ဒရယ်နိုင်ငံတွေမှာ ကျင့်သုံးတဲ့ အစိုးရစနစ်အမျိုးအစား | Beyond Panglong Oath Ep-7
=========================
ပင်လုံသစ္စာအလွန် ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ အပိုင်း(၇)
မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ စဥ်းစားဖို့ လိုအပ်တဲ့ နိုင်ငံရေးသီအိုရီပိုင်းဆိုင်ရာတွေကို အစဖေါ်ထုတ်ပေးတဲ့အနေနဲ့ “ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ” အစီအစဥ်ကို Mizzima TV ကနေ ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတိုင်း တင်ဆက်ပေးနေပါတယ်။ နိုင်ငံရေးသိပ္ပံ လေ့လာသူဒေါ်ခင်မမမျိုးနဲ့ ဖက်ဒရယ်နဲ့ အခြေခံဥပဒေရေးရာ လေ့လာသူ ဦးခင်မောင်၀င်းတို့က ဆွေးနွေးတင်ဆက်သွားမှာဖြစ်ပြီး Mizzima News In Burmese Facebook Page နဲ့ Mizzima TV YouTube Channel တို့မှာလည်း အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/zLHSyP5iUWM
#ပင်လုံသစ္စာ
#ဖက်ဒရယ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=========================
ပင်လုံသစ္စာအလွန် ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ အပိုင်း(၇)
မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ စဥ်းစားဖို့ လိုအပ်တဲ့ နိုင်ငံရေးသီအိုရီပိုင်းဆိုင်ရာတွေကို အစဖေါ်ထုတ်ပေးတဲ့အနေနဲ့ “ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ” အစီအစဥ်ကို Mizzima TV ကနေ ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတိုင်း တင်ဆက်ပေးနေပါတယ်။ နိုင်ငံရေးသိပ္ပံ လေ့လာသူဒေါ်ခင်မမမျိုးနဲ့ ဖက်ဒရယ်နဲ့ အခြေခံဥပဒေရေးရာ လေ့လာသူ ဦးခင်မောင်၀င်းတို့က ဆွေးနွေးတင်ဆက်သွားမှာဖြစ်ပြီး Mizzima News In Burmese Facebook Page နဲ့ Mizzima TV YouTube Channel တို့မှာလည်း အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/zLHSyP5iUWM
#ပင်လုံသစ္စာ
#ဖက်ဒရယ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဖက်ဒရယ်နိုင်ငံတွေမှာ ကျင့်သုံးတဲ့ အစိုးရစနစ်အမျိုးအစား | Beyond Panglong Oath Ep-7
ပင်လုံသစ္စာအလွန် ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ အပိုင်း(၇)
မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက…

👍9❤7🔥2
ပီအက်စ်ဗီနဲ့ စာချုပ်ဖျက်သိမ်းပြီး ကလပ်နဲ့ လမ်းခွဲလိုက်တဲ့ နစ္စတယ်ရိုင်း
=======================
ပီအက်စ်ဗီနည်းပြ ဗန် နစ္စတယ်ရိုင်းဟာ "ကလပ်အတွင်း ပံ့ပိုးမှု" အားနည်းခြင်းကြောင့် ရာသီနောက်ဆုံးပွဲမတိုင်ခင် ထွက်ခွာသွားပြီဖြစ်ကြောင်း ကလပ်အသင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗန် နစ္စတယ်ရိုင်းဟာ ၂၀၂၂ မတ်လမှာ နည်းပြတာဝန်ယူပြီးနောက် ဒတ်ချ်ဖလားနဲ့ ဒတ်ချ်စူပါဖလားတို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။
ပီအက်စ်ဗီအသင်းက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေကို တနင်္ဂနွေနေ့မှာ စီစဉ်ထားခဲ့ပေမယ့်လည်း အသက် (၄၆) နှစ်အရွယ် နည်းပြဟာ နောက်ဆက်တွဲအနေနဲ့ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

🔥5👍2
This media is not supported in your browser
VIEW IN TELEGRAM
ပုသိမ်ကြီးမြို့နယ် မင်းဂံရွာစာသင်ကျောင်း၌ တပ်စွဲထားသောစစ်ကောင်စီတပ်လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ
https://youtube.com/shorts/7vQcaIbT7EM?feature=share
#ပုသိမ်ကြီးမြို့နယ်
#မင်းဂံရွာစာသင်ကျောင်း
#စစ်ကောင်စီတပ်
#လက်နက်ကြီး
#Reels
#shorts

👍14❤7🔥2😁1
"ကျည်ဆန်သာ လုံလောက်ရင် ကျွန်တော်တို့ ပဒူရွာ စခန်းသိမ်းနိုင်ပြီ" (ရုပ်/သံ)
=======================
KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ မေလ ၁၉ ရက်နေ့ကနေ မေလ ၂၂ ရက်နေ့အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ အကြားမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီတပ်ဘက်က ၃၀ ဦး သေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးပြီး ရှစ်ဦးဒဏ်ရာရှရှိခဲ့ပါတယ်။
မေလ ၂၂ ရက်နေ့မှာ စစ်ကိုင်းမြို့နယ်၊ ပဒူရွာ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်တိုက်ခဲ့ကြပြီး ကျည်ဆန်လုံလောက်မှု မရှိခဲ့တာကြောင့် စခန်းသိမ်းခါနီး လက်တကမ်း အလိုမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ကူတွေကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။
https://youtu.be/cXv5Yk38bhM
တည်းဖြတ်/တင်ဆက်= KMN
#Mizzima
#ပဒူရွာစခန်း
#စစ်ကိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ မေလ ၁၉ ရက်နေ့ကနေ မေလ ၂၂ ရက်နေ့အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ အကြားမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီတပ်ဘက်က ၃၀ ဦး သေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးပြီး ရှစ်ဦးဒဏ်ရာရှရှိခဲ့ပါတယ်။
မေလ ၂၂ ရက်နေ့မှာ စစ်ကိုင်းမြို့နယ်၊ ပဒူရွာ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်တိုက်ခဲ့ကြပြီး ကျည်ဆန်လုံလောက်မှု မရှိခဲ့တာကြောင့် စခန်းသိမ်းခါနီး လက်တကမ်း အလိုမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ကူတွေကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။
https://youtu.be/cXv5Yk38bhM
တည်းဖြတ်/တင်ဆက်= KMN
#Mizzima
#ပဒူရွာစခန်း
#စစ်ကိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
"ကျည်ဆန်သာ လုံလောက်ရင် ကျွန်တော်တို့ ပဒူရွာ စခန်းသိမ်းနိုင်ပြီ"
KMN (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ မေလ ၁၉ ရက်နေ့ကနေ မေလ ၂၂ ရက်နေ့အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ အကြားမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီတပ်ဘက်က ၃၀ ဦး သေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး…

👍22🤣4❤1👏1
KNU နယ်မြေ သံတောင်ရှိ မြို့ပေါ်ရပ်ကွက်များကို စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးများ ထိမှန်
🔥5👍4😁2🤬1

======================
YT
(မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်မြို့ (၁၃) မိုင်ရှိ မြို့ပေါ် ရပ်ကွက်များကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်မှာ သုံးရက်ဆက်တိုက်ရှိပြီဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
"ညဘက်တွေဆို ပစ်နေတာ၊ မြို့ပေါ်ရပ်ကွက်တွေထဲ ကျတာရှိတယ်၊ ခရစ်ယာန် ဘုရားကျောင်းတွေ ပျက်စီးတာရှိတယ်၊ Sunday School လို့ခေါ်တဲ့ကျောင်းကတော့ ခေါင်မိုးတွေ တော်တော်ပျက်စီးသွားတယ်၊ လူအထိအခိုက်ရှိတယ်လို့တော့ မကြားမိဘူး" ဟု သံတောင်မြို့ (၁၃) မိုင် ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့၊ ည ၇ နာရီဝန်းကျင်မှစ၍ မေလ ၂၃ ရက်နေ့ နံနက်အစောပိုင်းအထိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ သံတောင်မြို့ (၁၃) မိုင်၊ ရပ်ကွက် (၂) နှင့် ရပ်ကွက် (၃) အကြားရှိ ခရစ်ယာန်ဘုရားကျောင်း အဆောက်အအုံတစ်ခုနှင့် ရာဘာခြံတို့ကို ကျရောက်ပေါက်ကွဲခဲ့ရာ ပျက်စီးမှုအချို့ ရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ မေလ ၂၃ ရက်နေ့ည ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးသည် သံတောင်မြို့ (၁၃) မိုင်၊ ရပ်ကွက် (၃) ကို ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူအထိအခိုက်မရှိကြောင်း သိရသည်။
ယင်းအပြင် သံတောင်မြို့ (၁၃) မိုင်၊ ရပ်ကွက် (၃) အနီးရှိ Sunday School ကျောင်းကိုလည်း မေလ ၂၁ ရက်နေ့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ ကျောင်းဆောင်၏ ခေါင်မိုးများ၊ ကျောင်းဆောင်နံရံများ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
သံတောင် (၁၃) မိုင်အနီးတွင် မေလ ၂၁ ရက်နေ့ညက KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထိုတိုက်ပွဲဖြစ်ပွားမှု အခြေအနေအသေးစိတ်ကို မသိရပေ။
သံတောင်မြို့ (၁၃) မိုင်ရှိ ဒေသခံအချို့သည် တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီတပ်၏ ရပ်ကွက်များအတွင်း လက်နက်ကြီးပစ်ခတ်မှုများကြောင့် ရှောင်တိမ်းနေရာမှ ယခုမေလ အစောပိုင်းမှစ၍ နေရပ်တွင် ပြန်လည်နေထိုင်ကြသော်လည်း ယခုကဲ့သို့ လက်နက်ကြီးများ ရက်ဆက်ပစ်ခတ်ခံနေရသဖြင့် ပြန်လည်တိမ်းရှောင်သူများ ရှိနေကြောင်း သိရသည်။
စာတည်း။ ။ နောင်နောင်
#သံတောင်(၁၃)မိုင်
#မြို့ပေါ်ရပ်ကွက်ကိုလက်နက်ကြီးပစ်
#Mizzima
ဓါတ်ပုံ- ThanDaungMuPoe

Facebook
#သံတောင် – Explore
explore #သံတောင် at Facebook
👍8🔥5👏4
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၂၄ ရက်ထုတ်လွှင့်မှုများ
=======================
https://youtu.be/46n8bK0jxcE
#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=======================
https://youtu.be/46n8bK0jxcE
#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၂၄ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၂၄ ရက်ထုတ်လွှင့်မှုများ
#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

👍10🤮1🍌1
ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ (၉၁)ကြိမ်မြောက် ဆန္ဒထုတ်ဖော်
=================
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ မေလ ၂၄ ရက်၊ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသပိတ်ကော်မတီမှ ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ် ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
"အမှောင်ခေတ်ကို အလင်းဆောင်ခဲ့တဲ့ ငါတို့ပြည်သူတွေရဲ့မိခင် အမေစုကိုချက်ခြင်းလွှတ်"စာသားပါ ဘန်နာအားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။
စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၉၁)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။
#ဆန္ဒပြ

❤11👍6🔥1😁1