Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
KNU နယ်မြေ သံတောင်ရှိ မြို့ပေါ်ရပ်ကွက်များကို စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးများ ‌ထိမှန်
🔥5👍4😁2🤬1
KNU နယ်မြေ သံတောင်ရှိ မြို့ပေါ်ရပ်ကွက်များကို စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးများ ‌ထိမှန်
======================

YT
(မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်မြို့ (၁၃) မိုင်ရှိ မြို့ပေါ် ရပ်ကွက်များကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်မှာ သုံးရက်ဆက်တိုက်ရှိပြီဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

"ညဘက်တွေဆို ပစ်နေတာ၊ မြို့ပေါ်ရပ်ကွက်တွေထဲ ကျတာရှိတယ်၊ ခရစ်ယာန် ဘုရားကျောင်းတွေ ပျက်စီးတာရှိတယ်၊ Sunday School လို့ခေါ်တဲ့ကျောင်းကတော့ ခေါင်မိုးတွေ တော်တော်ပျက်စီးသွားတယ်၊ လူအထိအခိုက်ရှိတယ်လို့တော့ မကြားမိဘူး" ဟု သံတောင်မြို့ (၁၃) မိုင် ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့၊ ည ၇ နာရီဝန်းကျင်မှစ၍ မေလ ၂၃ ရက်နေ့ နံနက်အစောပိုင်းအထိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ သံတောင်မြို့ (၁၃) မိုင်၊ ရပ်ကွက် (၂) နှင့် ရပ်ကွက် (၃) အကြားရှိ ခရစ်ယာန်ဘုရားကျောင်း အဆောက်အအုံတစ်ခုနှင့် ရာဘာခြံတို့ကို ကျရောက်ပေါက်ကွဲခဲ့ရာ ပျက်စီးမှုအချို့ ရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ မေလ ၂၃ ရက်နေ့ည ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးသည် သံတောင်မြို့ (၁၃) မိုင်၊ ရပ်ကွက် (၃) ကို ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူအထိအခိုက်မရှိကြောင်း သိရသည်။

ယင်းအပြင် သံတောင်မြို့ (၁၃) မိုင်၊ ရပ်ကွက် (၃) အနီးရှိ Sunday School ကျောင်းကိုလည်း မေလ ၂၁ ရက်နေ့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ ကျောင်းဆောင်၏ ခေါင်မိုးများ၊ ကျောင်းဆောင်နံရံများ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
သံတောင် (၁၃) မိုင်အနီးတွင် မေလ ၂၁ ရက်နေ့ညက KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထိုတိုက်ပွဲဖြစ်ပွားမှု အခြေအနေအသေးစိတ်ကို မသိရပေ။
သံတောင်မြို့ (၁၃) မိုင်ရှိ ဒေသခံအချို့သည် တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီတပ်၏ ရပ်ကွက်များအတွင်း လက်နက်ကြီးပစ်ခတ်မှုများကြောင့် ရှောင်တိမ်းနေရာမှ ယခုမေလ အစောပိုင်းမှစ၍ နေရပ်တွင် ပြန်လည်နေထိုင်ကြသော်လည်း ယခုကဲ့သို့ လက်နက်ကြီးများ ရက်ဆက်ပစ်ခတ်ခံနေရသဖြင့် ပြန်လည်တိမ်းရှောင်သူများ ရှိနေကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်

#သံတောင်(၁၃)မိုင်
#မြို့ပေါ်ရပ်ကွက်ကိုလက်နက်ကြီးပစ်
#Mizzima
ဓါတ်ပုံ- ThanDaungMuPoe
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥5👏4
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၂၄ ရက်ထုတ်လွှင့်မှုများ
=======================

https://youtu.be/46n8bK0jxcE

#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🤮1🍌1
ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ (၉၁)ကြိမ်မြောက် ဆန္ဒထုတ်ဖော်
=================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ မေလ ၂၄ ရက်၊ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသပိတ်ကော်မတီမှ ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ် ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

"အမှောင်ခေတ်ကို အလင်းဆောင်ခဲ့တဲ့ ငါတို့ပြည်သူတွေရဲ့မိခင် အမေစုကိုချက်ခြင်းလွှတ်"စာသားပါ ဘန်နာအားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၉၁)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။

#ဆန္ဒပြ
#Mizzima
❤11👍6🔥1😁1
​​ဖားကန့်တွင် ရေမဆေးသမား အပါအဝင် ၂ ဦး မိုးကြိုးပစ်ခံရ၍ သေဆုံး
===================

အဂမ်
(မဇ္စျိမ)။ ။ ကချင်ပြည်နယ်၊ ဖားကန့်မှာ ယနေ့ မေလ ၂၄ ရက်နေ့ နံနက်ပိုင်းက မိုးကြိုးပစ်ခံရ၍ ကျောက်ရှာဖွေနေသော ရေမဆေးသမားတစ်ဦး အပါအဝင် နှစ်ဦး သေဆုံးပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့လည်း ပျက်စီးသွားကြောင်း ဒေသခံများက မဇ္စျိမကို ပြောသည်။

ဖားကန့်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်နေချိိန်မှာပဲ မိုးကြိုးပစ်ခံရမှုကြောင့် လူနှစ်ဦးသေဆုံးသွား သကဲ့သို့ လျှပ်စစ်မီးကြိုးဓါတ်တိုင်များ လဲကျခြင်း၊ သစ်ပင်ကြီးများ ကျိုးကျခြင်းများလည်း ဖြစ်ပေါ်ခဲ့သည်။

“ဂေါက်ကွင်းဘက် နေအိမ်တချို့တော့ အမိုးတွေ ဘာတွေလှန်သွားတယ်၊ နောက်ပြီး ဓာတ်တိုင်တွေလည်း ကျိုးသွားတယ်၊ မိုးကြိုးက အသံအကျယ်ကြီးနဲ့ သုံးလေးချက်မကဘူး ​ပစ်သွားတယ်၊ အလောင်းကတော့ မြင်တဲ့အတိုင်းပဲ၊ ညိုမဲသွားတာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူ နှစ်ဦးအနက် တစ်ဦးသည် လုံးခင်းကျေးရွာအုပ်စု၊ ကထန်ကျေးရွာအနီး ယခင် တောက်ပကြယ်ကုမ္ပဏီလုပ်ကွက်ဟောင်း၊ ယခုအမည်မရှိသည့် ကျောက်တူးဖော်ရေးလုပ်ကွက်တစ်ခုမှ ခြံစောင့် အလုပ်သမား အသက် (၄၀) နှစ်အရွယ် ကိုစိုင်းမောင်မြင့် ဖြစ်သည်။

နောက်တစ်ဦးမှာ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာမှ အသက် (၃၉) နှစ်အရွယ် ဦးရွှေသိန်းဖြစ်သည်။

ဦးရွှေသိန်းသည် မမုံကျေးရွာအနောက်ဘက်ရှိ ယခင်သံလွင်ဧရာကုမ္ပဏီလုပ်ကွက်ဟောင်း၊ ယခုအမည်မရှိ ကျောက်ကျင်းလုပ်ကွက်တစ်ခုအတွင်း ရေမဆေးကျောက်ရှာနေစဉ် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
မြန်မာနိုင်ငံ၏ ကျောက်စိမ်းသိုက် တည်ရှိရာ ဒေသဟု လူသိများသည့် ဖားကန့်တွင် KIA နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများလည်း ဖြစ်ပွါးနေသည်။

စာတည်း။ ။ နောင်နောင်

#ရေမဆေးကျောက်ရှာသူ
#မိုးကြိုးပစ်ခံရ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18🔥5😢3😁2
မေလ (၂၅) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

အောင်မင်္ဂလာအဝေးပြေးဝန်းမှာ ဆိုင်ကယ်တွေသာမက ဘက်ထရီစက်ဘီးတွေကိုလည်း ဖမ်းဆီးနေတဲ့ သတင်းနဲ့အတူ လောင်းလုံးမြို့လဝကရုံး စီးနင်းတိုက်ခိုက်ခံရချိန် ဒုဦးစီးမှူးသေဆုံးပြီး မြို့ခံ ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားတဲ့သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

https://youtu.be/_pnEcf6vrHE
👍6🤮2😁1
ဒီးမော့ဆို အရှေ့ခြမ်း ၁ဝ ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့် အပါအဝင် ၄၀ ဦးခန့် သေဆုံး
ကိုဇာနည်
(မဇ္ဈိမ) ။ ။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်း၌ ၁၀ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးအပါအဝင် ၄၀ ဦးခန့် သေဆုံးသွားကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးက မေလ ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာတောင်ပေါ်မှ ဒေါလျားခူကျေးရွာ တောင်ပေါ်ဖက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များနှင့် KNDF ပူးပေါင်းတပ်တို့အကြား မေလ ၁၄ ရက်နေ့မှစ၍ မေလ ၂၃ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။
ဒေါလျားခူကျေးရွာ၏ အရှေ့ဖက်တောင်ပေါ်တွင် စစ်ကောင်စီ၏ ခမရ(၄၂၅)၊ ခမရ(၅၁၇)၊ ခလရ(၂၈၇) တပ်ရင်းများနှင့် ကရင်နီတပ်မတော် (KA)၊ KNDF စစ်ဗျူဟာအမှတ်(၆)၊ KNDF စစ်ဗျူ ဟာအမှတ်(၄)၊ KNDF-ETD၊ KNDF-UAV၊ Loikaw PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
👍12❤2🔥2😁2👏1
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦး၊ ဗိုလ်အဆင့်ရှိသူ နှစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၄၀ နီးပါး သေဆုံးပြီး နောက်ထပ် ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် စစ်ကောင်စီတပ်များထံမှ MA-1 ရှစ်လက်၊ MA-2 တစ်လက်၊ MA-3 သုံးလက်၊ MA-4 တစ်လက်၊ 9mm ပစ္စတို တစ်လက်၊ RPG နှစ်လက်နှင့် ဆက်စပ်ခဲယမ်းမီးကျောက်များ၊ ဆက်သွယ်ရေးပစ္စည်းများနှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဆိုသည်။
ထို့ပြင် တိုက်ပွဲ၌ စစ်ကောင်စီတပ်သား နှစ်ဦးကိုလည်း လက်ရအရှင် ဖမ်းမိခဲ့ကြောင်း KNDF က ဆိုသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လွိုင်ကော်၊ ငွေတောင်နှင့် ဖရူဆိုအခြေစိုက်တပ်များမှ နေ့စဉ် လက်နက်ကြီးများ ပစ်ကူပေးခြင်းနှင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၆၀ ထက်မနည်း ပြုလုပ်ခဲ့ကြောင်းလည်း KNDF က ပြောသည်။
ယင်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲတွင် KNDF/B01 မှ တပ်ဖွဲ့ဝင်တစ်ဦး ၊ KNDF/B07 မှ တပ်ဖွဲ့ဝင် နှစ်ဦး၊ KNDF/B09 မှ တပ်ဖွဲ့ဝင် သုံးဦး၊ KNDF/B10 မှ တပ်ဖွဲ့ဝင်တစ်ဦးနှင့် ကရင်နီတပ်မတော်(KA) မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးသွားကြောင်းလည်း KNDF က ထုတ်ပြန်သည်။
အဆိုပါ တနီးလာလဲကျေးရွာ၏ အရှေ့ဖက်တောင်ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် KNDF ပူးပေါင်းတပ်များကြား ထိတွေ့တိုက်ပွဲများ ဆက်၍ ဖြစ်ပွားနေပြီး ယင်းနေရာအနီးတဝိုက် ဖြတ်သန်းသွားလာခြင်း မပြုကြရန် KNDF က ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
စာတည်း။ ။ နောင်နောင်
#Mizzima
#ဒီးမော့ဆိုအရှေ့ဖက်ခြမ်း
#ဗိုလ်ကြီးအဆင့်အပါဝင်၄၀သေ
👍14❤3🔥1😁1😢1
မေလ ၂၅ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥3