Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဒီးမော့ဆို အရှေ့ခြမ်း ၁ဝ ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့် အပါအဝင် ၄၀ ဦးခန့် သေဆုံး
ကိုဇာနည်
(မဇ္ဈိမ) ။ ။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်း၌ ၁၀ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးအပါအဝင် ၄၀ ဦးခန့် သေဆုံးသွားကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးက မေလ ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာတောင်ပေါ်မှ ဒေါလျားခူကျေးရွာ တောင်ပေါ်ဖက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များနှင့် KNDF ပူးပေါင်းတပ်တို့အကြား မေလ ၁၄ ရက်နေ့မှစ၍ မေလ ၂၃ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။
ဒေါလျားခူကျေးရွာ၏ အရှေ့ဖက်တောင်ပေါ်တွင် စစ်ကောင်စီ၏ ခမရ(၄၂၅)၊ ခမရ(၅၁၇)၊ ခလရ(၂၈၇) တပ်ရင်းများနှင့် ကရင်နီတပ်မတော် (KA)၊ KNDF စစ်ဗျူဟာအမှတ်(၆)၊ KNDF စစ်ဗျူ ဟာအမှတ်(၄)၊ KNDF-ETD၊ KNDF-UAV၊ Loikaw PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
👍12❤2🔥2😁2👏1
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦး၊ ဗိုလ်အဆင့်ရှိသူ နှစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၄၀ နီးပါး သေဆုံးပြီး နောက်ထပ် ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် စစ်ကောင်စီတပ်များထံမှ MA-1 ရှစ်လက်၊ MA-2 တစ်လက်၊ MA-3 သုံးလက်၊ MA-4 တစ်လက်၊ 9mm ပစ္စတို တစ်လက်၊ RPG နှစ်လက်နှင့် ဆက်စပ်ခဲယမ်းမီးကျောက်များ၊ ဆက်သွယ်ရေးပစ္စည်းများနှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဆိုသည်။
ထို့ပြင် တိုက်ပွဲ၌ စစ်ကောင်စီတပ်သား နှစ်ဦးကိုလည်း လက်ရအရှင် ဖမ်းမိခဲ့ကြောင်း KNDF က ဆိုသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လွိုင်ကော်၊ ငွေတောင်နှင့် ဖရူဆိုအခြေစိုက်တပ်များမှ နေ့စဉ် လက်နက်ကြီးများ ပစ်ကူပေးခြင်းနှင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၆၀ ထက်မနည်း ပြုလုပ်ခဲ့ကြောင်းလည်း KNDF က ပြောသည်။
ယင်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲတွင် KNDF/B01 မှ တပ်ဖွဲ့ဝင်တစ်ဦး ၊ KNDF/B07 မှ တပ်ဖွဲ့ဝင် နှစ်ဦး၊ KNDF/B09 မှ တပ်ဖွဲ့ဝင် သုံးဦး၊ KNDF/B10 မှ တပ်ဖွဲ့ဝင်တစ်ဦးနှင့် ကရင်နီတပ်မတော်(KA) မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးသွားကြောင်းလည်း KNDF က ထုတ်ပြန်သည်။
အဆိုပါ တနီးလာလဲကျေးရွာ၏ အရှေ့ဖက်တောင်ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် KNDF ပူးပေါင်းတပ်များကြား ထိတွေ့တိုက်ပွဲများ ဆက်၍ ဖြစ်ပွားနေပြီး ယင်းနေရာအနီးတဝိုက် ဖြတ်သန်းသွားလာခြင်း မပြုကြရန် KNDF က ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
စာတည်း။ ။ နောင်နောင်
#Mizzima
#ဒီးမော့ဆိုအရှေ့ဖက်ခြမ်း
#ဗိုလ်ကြီးအဆင့်အပါဝင်၄၀သေ
👍14❤3🔥1😁1😢1
မေလ ၂၅ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥3
​​မိုခါမုန်တိုင်း ကူညီကယ်ဆယ်မှုများကို တားဆီးခြင်းမပြုဘဲ လမ်းဖွင့်ပေးရန် စစ်ကောင်စီကို ကုလ တိုက်တွန်း

မြန်မာနိုင်ငံ၌ ဆိုင်ကလုန်း မိုခါမုန်တိုင်းဒဏ်သင့် ဒေသများထံ အသက်ကယ်အကူအညီများ အသေအချာ ရောက်ရှိနိုင်စေရန်နှင့် အကူအညီပေးမှု လမ်းကြောင်းများကို ဖွင့်လှစ်ပေးရန် ကုလသမဂ္ဂက အာဏာသိမ်းစစ်ကောင်စီကို မေလ ၂၄ ရက်တွင် တိုက်တွန်းတောင်းဆိုသည်။
အရှေ့တောင်အာရှ မြန်မာနိုင်ငံသည် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုဒဏ်ခံထားရစဉ် အကူအညီ လိုအပ်မှုများနှင့်ပတ်သက်ပြီး အကဲဖြတ်ချက်များကို ဆက်လက်လုပ်ဆောင်စေရေး နိုင်ငံ၏ အာဏာသိမ်းစစ်အုပ်စုဘက်က ခွင့်ပြုပေးရန် ကုလ လူ့အခွင့်အရေး အကြီးအကဲ ဗောလ်ကာ တာ့ခ်က တိုက်တွန်းပြောကြားသည်။
👍13🤮3😁1🤣1
မေလ ၂၅ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

01:01- မြန်မာစစ်တပ်အပေါ် ထပ်တိုးဒဏ်ခတ်မှု နည်းလမ်းတွေ အမေရိကန်နှင့် မိတ်ဖက်များ ဆွေးနွေးတဲ့သတင်း

03:46-လျှပ်စစ်မီးပြတ်တောက်မှုကို ဒေါသတကြီးဝေဖန်တဲ့ ဟစ်ဟော့အဆိုတော်ဗျူဟာ ဖမ်းဆီးခံရတဲ့သတင်း

05:44-"ကျည်ဆန်သာ လုံလောက်ရင် ကျွန်တော်တို့ ပဒူရွာ စခန်းသိမ်းနိုင်ပြီ" ဆိုတဲ့သတင်း

09:16-စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ခရစ်ယာန်ဘုရားကျောင်း ပျက်စီးတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။

https://youtu.be/WhnJE1l60II
👍6😁3❤2