Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရွာပေါင်းစုံ သပိတ်ကော်မတီသည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများအပြင် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် လမ်းပိုင်းများ ပြုပြင်ခြင်းတွင် ပါဝင်ကူညီခြင်း ၊ ရေဘေးသင့် ပြည်သူများကို အကူအညီပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းမာပင်နှင့် ဆာလင်းကြီး ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ရွာပေါင်းစုံသပိတ်
#၇၇၉ ရက်မြောက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤7👍1🔥1🥰1😁1
မေလ ၂၅ ရက်၊ မွန်းလွဲ ၂နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

01:08- ဒီးမော့ဆို အရှေ့ခြမ်း ၁ဝ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့် အပါအဝင် ၄၀ ဦးခန့် သေဆုံးတဲ့သတင်း

03:22-ICJ မှာ ထုချေလွှာတင်ဖို့ စစ်ကောင်စီကို နောက်ထပ် ၃ လ ရွှေ့ဆိုင်းပေးခြင်းအပေါ် လူ့အခွင့်ရေးလှုပ်ရှားသူတွေ ဝေဖန်တဲ့သတင်း

05:54-ပုသိမ်ကြီးမြို့နယ် မင်းဂံရွာစာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရတဲ့သတင်း

06:57-အိမ်ဖြူတော်အနီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ယာဉ်မောင်းကို သမ္မတအားလုပ်ကြံရန်ကြိုးပမ်းမှုနဲ့ ဖမ်းဆီးတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။

https://youtu.be/CSIbmpnduwY
👍3😁3🖕1
ဒီးမော့ဆိုအနောက်ခြမ်းတွင် စစ်ကောင်စီတပ်မှ ၂ ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲ

ဂျူချန်း
(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ခြမ်းတွင် စစ်ကောင်စီတပ်မှ ယမန်နေ့ ညပိုင်းမှ စတင်ကာ ယနေ့ မေလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းအထိ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံမှ သိရသည်။
ယမန်နေ့ မေလ ၂၄ ရက်နေ့ ည ၁၀ နာရီခန့်တွင် စစ်ကောင်မှ လေယာဉ်ဖြင့် ခြောက်ကြိမ် ဗုံးလာကြဲသွားခဲ့ပြီး ယနေ့ မေလ ၂၅ ရက်နေ့ နံနက် ၉နာရီခန့်တွင် ရဟတ်ယာဉ်ဖြင့် ကင်းလာထောက်ပြီး မွန်းတည့် ၁၁ နာရီ ၅၀ ခန့်တွင်လေယာဉ်ဖြင့် နှစ်ကြိမ် ထပ်မံဗုံးကြဲခဲ့ကြောင်း သိရသည်။
“ဒီမနက်ပိုင်းလည်း လက်နက်ကြီးနဲ့ ထပ်ထုတယ်။ အခုလည်း ဗုံးထပ်လာကြဲတာရှိတယ်။ နောက်ပြီးတော့ အခု ကင်းထောက်လေယာဉ်လည်း ဝဲနေတယ်ဗျ ကောင်းကင်မှာ။ အခုကြဲတဲ့နေရာနဲ့ မနေ့ညကနေရာနဲ့တော့ မတူဘူးပေါ့နော်” ဟု DMO-PDF ပြန်ကြားရေးတာဝန်ခံက ယနေ့ မွန်းတည့် ၁၂နာရီခွဲ အချိန်ခန့်တွင် ပြောသည်။
👍8🔥2😁1😱1
ယနေ့နံနက်အစောပိုင်းတွင် ငွေတောင်အခြေစိုက် ခလရ (၁၀၂) နှင့် ခမရ(၄၂၇) တပ်မှ လက်နက်ကြီးနှစ်လုံးဖြင့် ပစ်ခတ်ခဲ့ပြီး အဆိုပါပစ်ခတ်မှုများနှင့်ပတ်သက်၍ ထိခိုက်ပျက်စီးမှု အသေးစိတ်အခြေအနေကို မသိရသေးကြောင်း ဆိုသည်။
ယမန်နေ့ ည ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အနီးအနားရှိ ကျေးရွာမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသား လေးဦး သေဆုံးခဲ့ရကာ တော်လှန်ရေးအင်အားစုမှ ရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။
“အဲ့အနားကရွာမှာ အမျိူးသမီးတစ်ဦးသေပါတယ်။ ရဲဘော် တချို့လည်း ထိခိုက်ဒဏ်ရာရပါတယ်။ ဒီမနက် ၉နာရီဝန်းကျင်မှာ ရဟတ်တစ်စင်းထပ်လာသေးတယ်။ ဒီမနက် အထိ စစ်တပ်ဘက်က လက်နက်ကြီးထပ်ပစ်ပါသေးတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့မှ ၂၃ ရက်နေ့အတွင်း ဒီးမော့ဆိုမြို့ အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် ၄၀ ဦးနီးပါး သေဆုံးခဲ့ကာ စစ်သုံ့ပန်း နှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း KNDF မှ ယမန်နေ့ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထိုသို့ တိုက်ပွဲအတွင်းတွင် အထိနာခဲ့သဖြင့် စစ်ဘေးရှောင်နှင့် ပြည်သူအများစုရှိသည့် ဒီးမော့ဆိုအနောက်ခြမ်းသို့ ပြန်လည်တိုက်ခိုက်ခြင်းဖြစ်ကြောင်း DMO-PDF မှ ပြန်ကြားရေးတာဝန်ခံက သုံးသပ်သည်။
“အရှေ့ဘက်ကမ်းမှာ တိုက်ပွဲ တစ်အားဖြစ်ထားတော့ သူတို့ဘက်လည်း အများကြီး ကျဆုံးတယ်။ အရှေ့ဘက်ကမ်းက စစ်ရှောင်တွေလည်း ကျနော်တို့ အနောက်ဘက်ကို ရောက်ကုန်ပြီလေနော်။ အဲ့လိုအနေအထားမျိုးမှာ ပြည်သူရှိတဲ့ဘက်ကို ပြန်ပြီးတော့ ရည်ရွယ်ချက်ရှိရှိ ပစ်တယ်လို့ပဲ ကောက်ချက်ချတယ်” ဟု DMO- PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယခု မေလအတွင်းတွင် စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့ အရှေ့ခြမ်းတွင် တိုက်ပွဲများကြောင့် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၀ ထက်မနည်း ပစ်ခတ်ခဲ့ပြီး ဒီးမော့ဆိုမြို့ အနောက်ခြမ်းတွင် ငါးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အာဏာသိမ်းပြီးသည့် ၂၀၂၁ ခုနှစ်မှ စတင်ကာ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ပိုမိုအသုံးပြုလာခဲ့ပြီး နှစ်နှစ်ကျော်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁,၄၂၇ ကြိမ် ပြုလုပ်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဒီးမော့ဆိုမြို့သည် ဒုတိယ လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်ရေအများဆုံးမြို့ဖြစ်ကြောင်း အချက်အလက်ပြုစုသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဉာဏ်လင်းသစ် သုတေသနအဖွဲ့မှ မေလ ၂၂ ရက်နေ့တွင် ဖော်ပြထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#လေကြောင်းတိုက်ခိုက်မှု
#ဒီးမော့ဆိုမြို့
#ဉာဏ်လင်းသစ်သုတေသနအဖွဲ့
#စစ်ကောင်စီတပ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2😁1
ဒီးမော့ဆိုအရှေ့ဖက်ခြမ်းတိုက်ပွဲတွင် ကျဆုံးသွားသည့် KNDF B- 9မှ ရဲဘော်၏စျာပန

ဇာနည်
(မဇ္ဈိမ)။ ။ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီပူးတပ်တို့ ထိတွေ့တိုက်ပွဲ၌ KNDF -09 မှ ရဲဘော် တစ်ဦးကျဆုံးခဲ့သည်။
ကျဆုံးသွားသည့် KNDF B-09 မှ ရဲဘော် မောင်ဂျွန်ဘက်သည် မေလ ၂၃ ရက်နေ့ စစ်ကောင်စီတပ်နှင့်ထိတွေ့တိုက်ပွဲဲဖြစ်ပြီးရှေ့တန်းတစ်နေရာ၌ ထိခိုက်ကျဆုံးသွားကြောင်း KNDF B-09 က ယနေ့ မေလ ၂၅ ရက်နေ့တွင်ထုတ်ပြန်သည်။
ကျဆုံးသွားသည့် ရဲဘော် မောင်ဂျွန်ရောဘက် ၏ စျာပနကို ကရင်နီပြည်နယ်တစ်နေရာ၌ ဒီကနေ့ မေလ ၂၅ ရက်နေ့မှာ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
👍5🔥2😢2👏1
ရဲဘော် "မောင်ဂျွန်ရောဘက်" သည် KNDF B-09 တပ်ရင်း၌ အမိန့်နာခံ တာဝန်ကျေပွန်စွာ ထမ်းဆောင်သည့် ရဲဘော်တစ်ဦးဖြစ်ပြီးကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် အမှန်တကယ် ဖယ်ဒရယ်ဒီမိုကရေစီအတွက် အသက်ကို ပဓာနမထားဘဲ ရဲရင့်စွာတိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့သော ရဲဘော် မောင်ဂျွန်ရောဘက် အား ကရင်နီပြည်သူရဲကောင်းအဖြစ် အလေးပြု မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဖယ်ဒရယ်ဒီမိုကရေစီ
#ဒီးမော့ဆို
#စစ်ကြောင်းထိုး
#KNDF
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1👏1
မေလ ၂၅ ရက်၊ ညနေ ၄ နာရီ၊ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

01:02-မြန်မာစစ်တပ်အပေါ် ထပ်တိုးဒဏ်ခတ်မှု နည်းလမ်းတွေ အမေရိကန်နှင့် မိတ်ဖက်များ ဆွေးနွေးတဲ့သတင်း

03:47-ဒီးမော့ဆို အရှေ့ခြမ်း ၁ဝ ရက်တာ တိုက်ပွဲမှာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့် အပါအဝင် ၄၀ ဦးခန့် သေဆုံးတဲ့သတင်း

06:09-ICJ မှာ ထုချေလွှာတင်ဖို့ စစ်ကောင်စီကို နောက်ထပ် ၃ လ ရွှေ့ဆိုင်းပေးခြင်းအပေါ် လူ့အခွင့်ရေးလှုပ်ရှားသူတွေ ဝေဖန်တဲ့သတင်း

08:40-အချိန်မီ ဆေးမကုသနိုင်လို့ မိုင်းထိ CDF – Matupi ရဲဘော် ကျဆုံးတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။

https://youtu.be/1d4X-HbGrWI
👍5❤2🔥1😁1
Business Round Up (25 May 2023)

- ပဋိပက္ခတွေဖြစ်တဲ့နေရာတွေမှာ မုန်တိုင်းကျရောက်တာကြောင့် အဆိုးရွားဆုံးဘေးဒုက္ခများခံစားနေရ
- မြန်မာ့သရက် ပို့ကုန်အရည်အသွေးမမှီသဖြင့် တရုတ်ဝယ်လိုအား ကျဆင်းလာ
- မိုခါကြောင့် လယ်ဧက ခြောက်သောင်းကျော် ပျက်စီးပြီး တိရစ္ဆာန် ငါးသိန်းကျော် သေဆုံးဟု စစ်ကောင်စီက ထုတ်ပြန်၊ မြေပြင်မှာ ဆုံးရှုံးမှုပိုများနိုင်
- မုန်တိုင်းသင့် မြန်မာပြည်သူများအတွက် အကူအညီ ဒေါ်လာ ၁၇ သန်း အမေရိကန်အစိုးရ တိုက်ရိုက်ကူညီ
- အာရှ LNG ပေါက်ဈေး ၁၀ ဒေါ်လာအောက်သို့ ကျဆင်း

https://youtu.be/obkuEdTlL3c
👍6❤1🔥1😁1
​​မဲဆောက်မြို့ရှိ မြန်မာများနေထိုင်ရာ ‌နေရာများကို ထိုင်းအာဏာပိုင်များ ရှာဖွေ

ဂန္ဒမာ
(မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မြန်မာလူမျိုးများ နေထိုင်သည့်နေရာများကို ထိုင်းအာဏာပိုင် များက မေလ ၂၂ ရက်တွင် စတင် ရှာဖွေဖမ်းဆီး၊ စစ်ဆေးမှုများပြုလုပ်နေသည်။
မဲဆောက်မြို့၊ မာလွေအိမ်ယာတွင် မေလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့သော နေအိမ်မီးလောင်မှု ဖြစ်စဉ်မှ ထွက်ပြေးလွတ်မြောက်ခဲ့သည့် မြန်မာများကို အဓိကရှာဖွေနေခြင်းဟုသိရသည်။
အကြောင်းမှာ ထိုင်းရဲနှင့် မီးသတ်များမှ အဆိုပါနေအိမ်အတွင်းသို့ဝင်ရောက် မီးငြှိမ်းသတ်စဉ် လက်နက်ထုတ်လုပ်ရေးပစ္စည်းများ၊ ခဲယမ်းများတွေ့ရှိခဲ့ခြင်းကြောင့်ဟုဆိုသည်။
ထို့ကြောင့် မေလ ၂၂ ရက်နေ့မှ မေလ ၂၆ ရက်နေ့အထိ ထိုင်းစစ်တပ်၊ ရဲနှင့် လ.ဝ.က အဖွဲ့များမှ ၎င်းတို့ သံသယရှိသည့်နေရာများတွင် စစ်ဆေးမှုများပြုလုပ်ကာ အထောက်အထားမဲ့နေထိုင်သူများအား ဖမ်းဆီးရန်အခြေအနေထိ ဖြစ်ပေါ်လာရခြင်းဟု သိရသည်။
“ လောလောဆယ်က မြန်မာတွေနေတဲ့ နေရာတွေတော့ ဆက်တိုက်ရှာဖွေနေတုန်းပဲ။ စက်ရုံ အလုပ်ရုံ ဆောက်လုပ်ရေး ဆိုဒ်တွေပါ ဝင်စစ်ဆေးတာတွေရှိတယ်။ မြို့ထဲသွားလာသူတွေကို ဖမ်းဆီးတာတွေရှိတယ် ” ဟု ထိုင်းရောက်မြန်မာများကိုကူညီပေးနေသည့် အဖွဲ့တစ်ခုမှ အမည် မဖော်လိုသူကပြောသည်။
အဖမ်းအဆီးသတင်း စတင်ထွက်ပေါ်သည့် မေလ ၂၂ ရက်နေ့တွင် မဲဆောက်မြို့၊ မယ်တောင်ကျေးရွာရှိ စက်ရုံတစ်ရုံအနီးရှိ တရားမဝင် အလုပ်သမား ၁၅ ဦးဖမ်းဆီးခံရသည့် ဖြစ်စဉ်အပါအဝင် အဆိုပါနေ့ တစ်ရက်ထဲတွင်ပင် လူ ၅၀ ဦးခန့် ဖမ်းဆီးခံရကြောင်း သိရသည်။
အဆိုပါ လူ ၅၀ အနက်မှ အချို့မှာ ပြန်လည်လွတ်မြောက် လာခဲ့ပြီဟု ထိုင်းရောက်မြန်မာများ၏အခက်အခဲများကို ကူညီပေးနေသော အဖွဲ့အစည်းတစ်ခု၏ ဦးဆောင်သူတစ်ဦးက ပြောသည်။
အလားတူ မေလ ၂၃ နှင့် ၂၄ ရက်တို့တွင် မဲဆောက်မြို့အတွင်း စစ်ဆေးမှုများပြုလုပ်နေသည့် သတင်းများကြားသိနေရသော်လည်း ဖမ်းဆီးခံရသည့်သတင်းများထပ်မံ၍ ထွက်ပေါ်လာခြင်း မရှိသေးပေ။
ထိုကဲ့သို့ဖြစ်ရပ်များကြောင့် မဲဆောက်သို့ နိုင်ငံရေးအရ သွားရောက်ခိုလှုံနေကြသူများသည်လည်း ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံဘက်သို့ပြန်လည်ပို့ဆောင်ခံရမည်ကို စိုးရိမ်မှုများဖြစ်ပေါ်နေကြကြောင်း ဒေသခံများကဆိုသည်။
“ဘယ်သူ့မှ ကိုယ့်နိုင်ငံကို ပစ်ပြီးမလာချင်ဘူး။ အထဲမှာကလည်း ဘယ်လိုမှနေလို့မရတော့လို့ လာနေရတဲ့သူတွေများပါတယ်။ ပြောရရင်တော့ ဒါက နယ်စပ်မြို့မို့ ဝင်လို့အလွယ်ဆုံးပဲလေ။ ဒါကြောင့် လာပြီး နေကြရတာပါ။ ဒါကို အဖွဲ့စုံက လိုက်စစ်ပြီး ဖမ်းနေတယ်ကြားတော့ အနေကြပ်တာပေါ့။ ခက်တာက ဘယ်ကိုသွားပြေးမလဲ။ ကိုယ့်မြေကတောင် စစ်ခွေး (စစ်ကောင်စီတပ်) ရန်ကြောင့်ပြေးလာရပါတယ်ဆို ဒီဘက်မှာ ဘယ်ကိုထပ်ပြေးရမှာလဲ” ဟူ၍ မြန်မာနိုင်ငံမှ နိုင်ငံရေးအခြေအနေများကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် လာရောက် ခိုလှုံနေသူတစ်ဦးက ပြောပြသည်။
ထို့ကြောင့် ၎င်းတို့အနေဖြင့်လည်း နေအိမ်ပြောင်းရွှေ့ခြင်း၊ နေရာမှ ခေတ္တပုန်းခိုခြင်း၊ အပြင်သို့ သွားလာမှုမပြုရဘဲ နေအိမ်ထဲတွင်သာ နေထိုင်နေသည့် အခက်အခဲများကို ရင်ဆိုင်နေရကြောင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရောက် မြန်မာများထံကတစ်ဆင့် သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#မဲဆောက်မြို့
#ဖမ်းဆီးစစ်ဆေး
#ထိုင်းအာဏာပိုင်
#မာလွေအိမ်ယာ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🤬3❤1🔥1🥰1