Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဒီးမော့ဆိုအနောက်ခြမ်းတွင် စစ်ကောင်စီတပ်မှ ၂ ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲ

ဂျူချန်း
(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ခြမ်းတွင် စစ်ကောင်စီတပ်မှ ယမန်နေ့ ညပိုင်းမှ စတင်ကာ ယနေ့ မေလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းအထိ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံမှ သိရသည်။
ယမန်နေ့ မေလ ၂၄ ရက်နေ့ ည ၁၀ နာရီခန့်တွင် စစ်ကောင်မှ လေယာဉ်ဖြင့် ခြောက်ကြိမ် ဗုံးလာကြဲသွားခဲ့ပြီး ယနေ့ မေလ ၂၅ ရက်နေ့ နံနက် ၉နာရီခန့်တွင် ရဟတ်ယာဉ်ဖြင့် ကင်းလာထောက်ပြီး မွန်းတည့် ၁၁ နာရီ ၅၀ ခန့်တွင်လေယာဉ်ဖြင့် နှစ်ကြိမ် ထပ်မံဗုံးကြဲခဲ့ကြောင်း သိရသည်။
“ဒီမနက်ပိုင်းလည်း လက်နက်ကြီးနဲ့ ထပ်ထုတယ်။ အခုလည်း ဗုံးထပ်လာကြဲတာရှိတယ်။ နောက်ပြီးတော့ အခု ကင်းထောက်လေယာဉ်လည်း ဝဲနေတယ်ဗျ ကောင်းကင်မှာ။ အခုကြဲတဲ့နေရာနဲ့ မနေ့ညကနေရာနဲ့တော့ မတူဘူးပေါ့နော်” ဟု DMO-PDF ပြန်ကြားရေးတာဝန်ခံက ယနေ့ မွန်းတည့် ၁၂နာရီခွဲ အချိန်ခန့်တွင် ပြောသည်။
👍8🔥2😁1😱1
ယနေ့နံနက်အစောပိုင်းတွင် ငွေတောင်အခြေစိုက် ခလရ (၁၀၂) နှင့် ခမရ(၄၂၇) တပ်မှ လက်နက်ကြီးနှစ်လုံးဖြင့် ပစ်ခတ်ခဲ့ပြီး အဆိုပါပစ်ခတ်မှုများနှင့်ပတ်သက်၍ ထိခိုက်ပျက်စီးမှု အသေးစိတ်အခြေအနေကို မသိရသေးကြောင်း ဆိုသည်။
ယမန်နေ့ ည ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အနီးအနားရှိ ကျေးရွာမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသား လေးဦး သေဆုံးခဲ့ရကာ တော်လှန်ရေးအင်အားစုမှ ရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။
“အဲ့အနားကရွာမှာ အမျိူးသမီးတစ်ဦးသေပါတယ်။ ရဲဘော် တချို့လည်း ထိခိုက်ဒဏ်ရာရပါတယ်။ ဒီမနက် ၉နာရီဝန်းကျင်မှာ ရဟတ်တစ်စင်းထပ်လာသေးတယ်။ ဒီမနက် အထိ စစ်တပ်ဘက်က လက်နက်ကြီးထပ်ပစ်ပါသေးတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့မှ ၂၃ ရက်နေ့အတွင်း ဒီးမော့ဆိုမြို့ အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် ၄၀ ဦးနီးပါး သေဆုံးခဲ့ကာ စစ်သုံ့ပန်း နှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း KNDF မှ ယမန်နေ့ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထိုသို့ တိုက်ပွဲအတွင်းတွင် အထိနာခဲ့သဖြင့် စစ်ဘေးရှောင်နှင့် ပြည်သူအများစုရှိသည့် ဒီးမော့ဆိုအနောက်ခြမ်းသို့ ပြန်လည်တိုက်ခိုက်ခြင်းဖြစ်ကြောင်း DMO-PDF မှ ပြန်ကြားရေးတာဝန်ခံက သုံးသပ်သည်။
“အရှေ့ဘက်ကမ်းမှာ တိုက်ပွဲ တစ်အားဖြစ်ထားတော့ သူတို့ဘက်လည်း အများကြီး ကျဆုံးတယ်။ အရှေ့ဘက်ကမ်းက စစ်ရှောင်တွေလည်း ကျနော်တို့ အနောက်ဘက်ကို ရောက်ကုန်ပြီလေနော်။ အဲ့လိုအနေအထားမျိုးမှာ ပြည်သူရှိတဲ့ဘက်ကို ပြန်ပြီးတော့ ရည်ရွယ်ချက်ရှိရှိ ပစ်တယ်လို့ပဲ ကောက်ချက်ချတယ်” ဟု DMO- PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယခု မေလအတွင်းတွင် စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့ အရှေ့ခြမ်းတွင် တိုက်ပွဲများကြောင့် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၀ ထက်မနည်း ပစ်ခတ်ခဲ့ပြီး ဒီးမော့ဆိုမြို့ အနောက်ခြမ်းတွင် ငါးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အာဏာသိမ်းပြီးသည့် ၂၀၂၁ ခုနှစ်မှ စတင်ကာ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ပိုမိုအသုံးပြုလာခဲ့ပြီး နှစ်နှစ်ကျော်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁,၄၂၇ ကြိမ် ပြုလုပ်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဒီးမော့ဆိုမြို့သည် ဒုတိယ လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်ရေအများဆုံးမြို့ဖြစ်ကြောင်း အချက်အလက်ပြုစုသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဉာဏ်လင်းသစ် သုတေသနအဖွဲ့မှ မေလ ၂၂ ရက်နေ့တွင် ဖော်ပြထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#လေကြောင်းတိုက်ခိုက်မှု
#ဒီးမော့ဆိုမြို့
#ဉာဏ်လင်းသစ်သုတေသနအဖွဲ့
#စစ်ကောင်စီတပ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2😁1
ဒီးမော့ဆိုအရှေ့ဖက်ခြမ်းတိုက်ပွဲတွင် ကျဆုံးသွားသည့် KNDF B- 9မှ ရဲဘော်၏စျာပန

ဇာနည်
(မဇ္ဈိမ)။ ။ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီပူးတပ်တို့ ထိတွေ့တိုက်ပွဲ၌ KNDF -09 မှ ရဲဘော် တစ်ဦးကျဆုံးခဲ့သည်။
ကျဆုံးသွားသည့် KNDF B-09 မှ ရဲဘော် မောင်ဂျွန်ဘက်သည် မေလ ၂၃ ရက်နေ့ စစ်ကောင်စီတပ်နှင့်ထိတွေ့တိုက်ပွဲဲဖြစ်ပြီးရှေ့တန်းတစ်နေရာ၌ ထိခိုက်ကျဆုံးသွားကြောင်း KNDF B-09 က ယနေ့ မေလ ၂၅ ရက်နေ့တွင်ထုတ်ပြန်သည်။
ကျဆုံးသွားသည့် ရဲဘော် မောင်ဂျွန်ရောဘက် ၏ စျာပနကို ကရင်နီပြည်နယ်တစ်နေရာ၌ ဒီကနေ့ မေလ ၂၅ ရက်နေ့မှာ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
👍5🔥2😢2👏1
ရဲဘော် "မောင်ဂျွန်ရောဘက်" သည် KNDF B-09 တပ်ရင်း၌ အမိန့်နာခံ တာဝန်ကျေပွန်စွာ ထမ်းဆောင်သည့် ရဲဘော်တစ်ဦးဖြစ်ပြီးကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် အမှန်တကယ် ဖယ်ဒရယ်ဒီမိုကရေစီအတွက် အသက်ကို ပဓာနမထားဘဲ ရဲရင့်စွာတိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့သော ရဲဘော် မောင်ဂျွန်ရောဘက် အား ကရင်နီပြည်သူရဲကောင်းအဖြစ် အလေးပြု မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဖယ်ဒရယ်ဒီမိုကရေစီ
#ဒီးမော့ဆို
#စစ်ကြောင်းထိုး
#KNDF
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1👏1
မေလ ၂၅ ရက်၊ ညနေ ၄ နာရီ၊ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

01:02-မြန်မာစစ်တပ်အပေါ် ထပ်တိုးဒဏ်ခတ်မှု နည်းလမ်းတွေ အမေရိကန်နှင့် မိတ်ဖက်များ ဆွေးနွေးတဲ့သတင်း

03:47-ဒီးမော့ဆို အရှေ့ခြမ်း ၁ဝ ရက်တာ တိုက်ပွဲမှာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့် အပါအဝင် ၄၀ ဦးခန့် သေဆုံးတဲ့သတင်း

06:09-ICJ မှာ ထုချေလွှာတင်ဖို့ စစ်ကောင်စီကို နောက်ထပ် ၃ လ ရွှေ့ဆိုင်းပေးခြင်းအပေါ် လူ့အခွင့်ရေးလှုပ်ရှားသူတွေ ဝေဖန်တဲ့သတင်း

08:40-အချိန်မီ ဆေးမကုသနိုင်လို့ မိုင်းထိ CDF – Matupi ရဲဘော် ကျဆုံးတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။

https://youtu.be/1d4X-HbGrWI
👍5❤2🔥1😁1
Business Round Up (25 May 2023)

- ပဋိပက္ခတွေဖြစ်တဲ့နေရာတွေမှာ မုန်တိုင်းကျရောက်တာကြောင့် အဆိုးရွားဆုံးဘေးဒုက္ခများခံစားနေရ
- မြန်မာ့သရက် ပို့ကုန်အရည်အသွေးမမှီသဖြင့် တရုတ်ဝယ်လိုအား ကျဆင်းလာ
- မိုခါကြောင့် လယ်ဧက ခြောက်သောင်းကျော် ပျက်စီးပြီး တိရစ္ဆာန် ငါးသိန်းကျော် သေဆုံးဟု စစ်ကောင်စီက ထုတ်ပြန်၊ မြေပြင်မှာ ဆုံးရှုံးမှုပိုများနိုင်
- မုန်တိုင်းသင့် မြန်မာပြည်သူများအတွက် အကူအညီ ဒေါ်လာ ၁၇ သန်း အမေရိကန်အစိုးရ တိုက်ရိုက်ကူညီ
- အာရှ LNG ပေါက်ဈေး ၁၀ ဒေါ်လာအောက်သို့ ကျဆင်း

https://youtu.be/obkuEdTlL3c
👍6❤1🔥1😁1
​​မဲဆောက်မြို့ရှိ မြန်မာများနေထိုင်ရာ ‌နေရာများကို ထိုင်းအာဏာပိုင်များ ရှာဖွေ

ဂန္ဒမာ
(မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မြန်မာလူမျိုးများ နေထိုင်သည့်နေရာများကို ထိုင်းအာဏာပိုင် များက မေလ ၂၂ ရက်တွင် စတင် ရှာဖွေဖမ်းဆီး၊ စစ်ဆေးမှုများပြုလုပ်နေသည်။
မဲဆောက်မြို့၊ မာလွေအိမ်ယာတွင် မေလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့သော နေအိမ်မီးလောင်မှု ဖြစ်စဉ်မှ ထွက်ပြေးလွတ်မြောက်ခဲ့သည့် မြန်မာများကို အဓိကရှာဖွေနေခြင်းဟုသိရသည်။
အကြောင်းမှာ ထိုင်းရဲနှင့် မီးသတ်များမှ အဆိုပါနေအိမ်အတွင်းသို့ဝင်ရောက် မီးငြှိမ်းသတ်စဉ် လက်နက်ထုတ်လုပ်ရေးပစ္စည်းများ၊ ခဲယမ်းများတွေ့ရှိခဲ့ခြင်းကြောင့်ဟုဆိုသည်။
ထို့ကြောင့် မေလ ၂၂ ရက်နေ့မှ မေလ ၂၆ ရက်နေ့အထိ ထိုင်းစစ်တပ်၊ ရဲနှင့် လ.ဝ.က အဖွဲ့များမှ ၎င်းတို့ သံသယရှိသည့်နေရာများတွင် စစ်ဆေးမှုများပြုလုပ်ကာ အထောက်အထားမဲ့နေထိုင်သူများအား ဖမ်းဆီးရန်အခြေအနေထိ ဖြစ်ပေါ်လာရခြင်းဟု သိရသည်။
“ လောလောဆယ်က မြန်မာတွေနေတဲ့ နေရာတွေတော့ ဆက်တိုက်ရှာဖွေနေတုန်းပဲ။ စက်ရုံ အလုပ်ရုံ ဆောက်လုပ်ရေး ဆိုဒ်တွေပါ ဝင်စစ်ဆေးတာတွေရှိတယ်။ မြို့ထဲသွားလာသူတွေကို ဖမ်းဆီးတာတွေရှိတယ် ” ဟု ထိုင်းရောက်မြန်မာများကိုကူညီပေးနေသည့် အဖွဲ့တစ်ခုမှ အမည် မဖော်လိုသူကပြောသည်။
အဖမ်းအဆီးသတင်း စတင်ထွက်ပေါ်သည့် မေလ ၂၂ ရက်နေ့တွင် မဲဆောက်မြို့၊ မယ်တောင်ကျေးရွာရှိ စက်ရုံတစ်ရုံအနီးရှိ တရားမဝင် အလုပ်သမား ၁၅ ဦးဖမ်းဆီးခံရသည့် ဖြစ်စဉ်အပါအဝင် အဆိုပါနေ့ တစ်ရက်ထဲတွင်ပင် လူ ၅၀ ဦးခန့် ဖမ်းဆီးခံရကြောင်း သိရသည်။
အဆိုပါ လူ ၅၀ အနက်မှ အချို့မှာ ပြန်လည်လွတ်မြောက် လာခဲ့ပြီဟု ထိုင်းရောက်မြန်မာများ၏အခက်အခဲများကို ကူညီပေးနေသော အဖွဲ့အစည်းတစ်ခု၏ ဦးဆောင်သူတစ်ဦးက ပြောသည်။
အလားတူ မေလ ၂၃ နှင့် ၂၄ ရက်တို့တွင် မဲဆောက်မြို့အတွင်း စစ်ဆေးမှုများပြုလုပ်နေသည့် သတင်းများကြားသိနေရသော်လည်း ဖမ်းဆီးခံရသည့်သတင်းများထပ်မံ၍ ထွက်ပေါ်လာခြင်း မရှိသေးပေ။
ထိုကဲ့သို့ဖြစ်ရပ်များကြောင့် မဲဆောက်သို့ နိုင်ငံရေးအရ သွားရောက်ခိုလှုံနေကြသူများသည်လည်း ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံဘက်သို့ပြန်လည်ပို့ဆောင်ခံရမည်ကို စိုးရိမ်မှုများဖြစ်ပေါ်နေကြကြောင်း ဒေသခံများကဆိုသည်။
“ဘယ်သူ့မှ ကိုယ့်နိုင်ငံကို ပစ်ပြီးမလာချင်ဘူး။ အထဲမှာကလည်း ဘယ်လိုမှနေလို့မရတော့လို့ လာနေရတဲ့သူတွေများပါတယ်။ ပြောရရင်တော့ ဒါက နယ်စပ်မြို့မို့ ဝင်လို့အလွယ်ဆုံးပဲလေ။ ဒါကြောင့် လာပြီး နေကြရတာပါ။ ဒါကို အဖွဲ့စုံက လိုက်စစ်ပြီး ဖမ်းနေတယ်ကြားတော့ အနေကြပ်တာပေါ့။ ခက်တာက ဘယ်ကိုသွားပြေးမလဲ။ ကိုယ့်မြေကတောင် စစ်ခွေး (စစ်ကောင်စီတပ်) ရန်ကြောင့်ပြေးလာရပါတယ်ဆို ဒီဘက်မှာ ဘယ်ကိုထပ်ပြေးရမှာလဲ” ဟူ၍ မြန်မာနိုင်ငံမှ နိုင်ငံရေးအခြေအနေများကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် လာရောက် ခိုလှုံနေသူတစ်ဦးက ပြောပြသည်။
ထို့ကြောင့် ၎င်းတို့အနေဖြင့်လည်း နေအိမ်ပြောင်းရွှေ့ခြင်း၊ နေရာမှ ခေတ္တပုန်းခိုခြင်း၊ အပြင်သို့ သွားလာမှုမပြုရဘဲ နေအိမ်ထဲတွင်သာ နေထိုင်နေသည့် အခက်အခဲများကို ရင်ဆိုင်နေရကြောင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရောက် မြန်မာများထံကတစ်ဆင့် သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#မဲဆောက်မြို့
#ဖမ်းဆီးစစ်ဆေး
#ထိုင်းအာဏာပိုင်
#မာလွေအိမ်ယာ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🤬3❤1🔥1🥰1
​​CDM ပြုလုပ်လာသူများကို နိုင်ငံတကာက အသိအမှတ်ပြုပြီး အကူအညီများပေးရန် လိုအပ်

MTO
(မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM ပြုလုပ်ခဲ့သူများကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအဖြစ်အသိအမှတ်ပြုပြီး အကူအညီ အထောက်အပံ့များပေးအပ်ရန် လိုအပ်ကြောင်း ရှေ့ပြေးအသံ ( Progressive Voice) အဖွဲ့၏ ဥက္ကဌ ဒေါ်ခင်ဥမ္မာက ပြောသည်။
ယနေ့ မေလ ၂၅ ရက်တွင် ပြုလုပ်သည့် “ မြန်မာ့နွေဦး တော်လှန်ရေး၏ အုတ်မြစ်တစ်ခု၊ စစ်အုပ်စုအာဏာ သိမ်းရန် ကြိုးပမ်းမှု ကျရှုံးရခြင်း၏ နောက်ကွယ်မှအင်အားစု” ဆိုသည့် ခေါင်းစဉ်ဖြင့် CDM များ၏ ပကတိ အခြေအနေများနှင့် ပတ်သက်၍ လူထုအဖွဲ့အစည်း ၁၉ ခုက ပြုစုထုတ်ဝေသည့် အစီရင်ခံစာ မိတ်ဆက်ပွဲ နှင့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ CDM တွေမှာ ရန်ပုံငွေလိုအပ်ချက်တွေအရမ်းကို များပါတယ်။ အဲ့ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှာ ရှိတဲ့ မဟာမိတ်တွေ အကုန်လုံးကနေပြီးတော့ မြန်မာ့အရေးကို ပံ့ပိုးပေးချင်တယ်။ မြန်မာရဲ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို ပံ့ပိုးပေးချင်တယ်ဆိုရင် CDM တွေကို ပံ့ပိုးမှုတွေကို ပြန်ကြည့်ဖို့ လိုပါတယ်။ CDM ပြုလုပ်သူတွေဟာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ ဖြစ်တယ်ဆိုတာ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ ကိုက်ညီတယ်ဆိုတာ ပြောဖို့လိုပါတယ် “ ဟု ဒေါ်ခင်ဥမ္မာက ပြောသည်။
ယင်းအပြင် CDM လှုပ်ရှားသူများ၏ ဆက်လက်လုပ်ဆောင်မှုများသည် မြန်မာပြည်သူများအားလုံးအတွက် တန်းတူညီမျှမှုကို ရနိုင်ရန် နှင့် နောင်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရေး ကဏ္ဍများတွင် အားလုံးပါဝင်နိုင်ရန် နှင့် တန်းတူညီမျှမှုရနိင်ရန်အတွက် အပြုသဘောဆောင်သည့် အောင်မြင်မှုတစ်ခုလည်းဖြစ်ကြောင်း ဒေါ်ခင်ဥမ္မာက ဆိုသည်။
ယင်းအပြင် ကမ္ဘာကြီးအနေဖြင့် CDM လှုပ်ရှားမှုကို အသိအမှတ်ပြုရမည် ဖြစ်သကဲ့သို့ ဆက်လက်ဖြစ်ပွားနေသည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသော်ငြား ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက်နှင့် စစ်အာဏာရှင်စနစ်ဆိုး အဆုံးသတ်ရန်အတွက် ရဲရင့်စွာ တိုက်ပွဲဝင်နေကြသော CDM တွင်ပါဝင်သူများကို နိုင်ငံရေးထောက်ခံအားပေးမှုနှင့် ရုပ်ဝတ္ထုအထောက်အပံ့များ ပံ့ပိုးပေးရမည်ဟု မြန်မာအရပ်ဘက် လူထုအဖွဲ့အစည်းများက ယနေ့ ထုတ်ပြန်သော အစီရင်ခံစာအသစ်တွင် ဖော်ပြထားသည်။
ထို အစီရင်ခံစာ သုတေသနစာတမ်းကို ကုလသမဂ္ဂ အဖွဲ့အစည်းကြီး နှင့်တကွ နိုင်ငံတကာအဖွဲ့အစည်းများထံ ကျယ်ကျယ်ပြန်ပြန့် ဖြန့်ဝေနိုင်ရန် လိုအပ်ကြောင်း FORUM-ASIA အဖွဲ့ မှ မစ္စတာ ဘန်နီက ပြောသည်။
“အထူးသဖြင့် လူ့အခွင့်အရေးအခြေအနေကို ပံ့ပိုးပေးနိုင်တဲ့ အဖွဲ့အစည်းတွေကို ဖြန့်ဝေပေးနိုင်ဖို့ လိုပါတယ် ။ နောက်ပြီးတော့ သံတမန်တွေ ၊ အလှူရှင် အသိုင်းအဝိုင်းတွေထံကိုလည်း မျှဝေချင်ပါတယ်” ဟု ၎င်းက ပြောသည်။
ယခုအစီရင်ခံစာကို ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှား ဆောင်ရွက်မှု ကော်မတီ၊ အသံ – လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ ၊ မြန်မာ့အမျိုးသမီးသမဂ္ဂ ၊ အနာဂတ်သံလွင်၊မျိုးဆက်လှိုင်း၊ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း၊ ကချင်အမျိုးသမီး အစည်းအရုံး – ထိုင်းနိုင်ငံ ၊ ကရင်လူ့အခွင့်အရေး အဖွဲ့ ၊ ကရင်နီအ မျိုးသမီး အစည်းအရုံး၊ ကယန်းအမျိုးသမီး အစည်းအရုံး၊ပအိုဝ်းအမျိုးသမီး သမဂ္ဂ ၊ ရှေ့ပြေးအသံအဖွဲ့ ၊ နယ်စပ်ဒေသရောက် တိုင်းရင်းသူအမျိုးသမီးများ ကယ်ဆယ်ရေးအဖွဲ့အစည်း ၊ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (ရှမ်းပြည်နယ်) နှင့် တောင်ပိုင်းလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ စုစုပေါင်း ၁၅ ဖွဲ့ နှင့်အတူ အမည်မဖော်လိုသည့် နောက်ထပ် အဖွဲ့ လေးဖွဲ့ တို့ ပူးပေါင်း ဆောင်ရွက်ထားခြင်းဖြစ်ကြောင်းသိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#CDM
#Progressive Voice
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤2😁1🤣1
​​ဂျပန်ကလပ် ဗစ်ဆယ်ကိုဘေးကနေ အင်နီယေစတာ ထွက်ခွာမှာဖြစ်ပေမယ့် ဆက်လက်ကစားဖို့ ဆုံးဖြတ်ခဲ့

ဘာစီလိုနာနဲ့ စပိန်ကွင်းလယ်ကစားသမားဟောင်း အင်နီယေစတာဟာ ဗစ်ဆယ် ကိုဘေးမှာ ငါးနှစ်ကြာကစားပြီးနောက် ဂျပန်ကလပ်ကနေ ထွက်ခွာတော့မှာဖြစ်ပေမယ့် အသက် ၃၉ နှစ်အရွယ်မှာ ဆက်ကစားသွားဖို့ ရည်ရွယ်ထားပါတယ်။
👍6🔥2
​​စစ်ကောင်စီကမ်းလှမ်းမှုကို ယုံကြည်ပြီး ခံဝန်ထိုးရန် ရဲစခန်းသို့သွားသည့် အငြိမ်းစားကျောင်းဆရာကြီး ၁ ဦး စစ်ကြောရေးတွင် သတ်ဖြတ်အ‌လောင်းဖျောက်ခံရ

YT
(မဇ္ဈိမ)။ ။ နေရပ်သို့ ပြန်လာကြရန် စစ်ကောင်စီက နိုင်ငံပိုင်မီဒီယာမှတဆင့် ကြေညာချက်ကို ယုံကြည်ပြီး ခံဝန်ထိုးရန် ရဲစခန်းသို့ သွားရောက်ခဲ့သည့် တောင်သာမြို့နယ်မှ အငြိမ်းစားကျောင်းဆရာကြီးတစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး စစ်ကြောရေးတွင် သတ်ဖြတ်ကာ အလောင်းဖျောက်လိုက်ကြောင်း တောင်သာမြို့ခံများက ပြောသည်။
မန္တလေးတိုင်းဒေသကြီး၊တောင်သာမြို့နယ်၊ ရုံးပင်ကျေးရွာမှ အသက် ၇၀ အရွယ်ခန့် အငြိမ်းစားကျောင်းဆရာဦးသောင်းရီသည် စစ်ကောင်စီစစ်ကြောရေးတွင် သတ်ဖြတ်ခံလိုက်ရခြင်းဟု သိရှိရသည်။
" စစ်ကောင်စီက နိုင်ငံပိုင်မီဒီယာကနေ ဖိတ်ခေါ်လို့ ဆရာကြီးက အသက်လည်းကြီးပြီမို့ အေးဆေးနေ
ချင်လို့ ရဲစခန်းမှာ ခံဝန်သွားထိုးတာ။ ရဲက ဖမ်းပြီး စစ်ကောင်စီဆီအပ်တယ်။ စစ်တပ်နဲ့ရဲက စစ်ကြောရေးမှာ သတ်ပစ်လိုက်တယ်"ဟု တောင်သာမြို့ခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
အငြိမ်းစားကျောင်းဆရာ ဦးသောင်းရီ​သည် နွေဦးတော်လှန်ရေးအစတွင် တက်ကြွစွာပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ၎င်း၏ နေအိမ်အား ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီက လာရောက်ရှာဖွေခဲ့ကြောင်း၊ လူက တိမ်း‌ရှောင်နိုင်ခဲ့သော်လည်း ဦးသောင်းရီပိုင်ဆိုင်သည့် ကားတစ်စီးအား စစ်ကောင်စီက သိမ်းဆည်းသွားပြီး ထိုအချိန်မှစ၍ နေအိမ်တွင် နေမရဲတော့ဘဲ ထွက်ပြေးနေခဲ့ရသည်ဟုသိရသည်။
ပြီးခဲ့သည့် မေလ ၆ ရက်နေ့တွင် ဦးသောင်းရီသည် စစ်ကောင်စီတပ်​၏ အလင်းဝင်ရန် နိုင်ငံပိုင်မီဒီယာများမှတဆင့် ကမ်းလှမ်းချက်ကြောင့် ခံဝန်ထိုးရန် ဇနီးဖြစ်သူနှင့်အတူ တောင်သာမြို့မရဲစခန်းသို့ သွားခဲ့ရာ ဇနီးဖြစ်သူကို ပြန်လွှတ်ပေးခဲ့သော်လည်း ဦးသောင်းရီအားဖမ်းပြီး စစ်ကြောရေးသို့ ပို့ဆောင်လိုက်ကြောင်း ရုံးပင်ကျေးရွာဒေသခံတစ်ဦးကပြောသည်။
" ရဲစခန်းကို သွားပြီး ခံဝန်ထိုးတဲ့နေကစ အဖမ်းခံရပြီးဆရာကြီးကို ပြန်မလွှတ်တော့တာ။ သေတာတောင် မသိရဘဲ သွားမေးမှ သိရတာ" ဟု ၎င်းက ပြောသည်။
မေလ ၁၈ ရက်နေ့တွင် ဦးသောင်းရီ သေဆုံးသည့်သတင်းထွက်လာ၍ သွားရောက်မေးမြန်းခဲ့သော်လည်း ယင်းနေ့တွင် မသိရဘဲ သေဆုံးသွားကြောင်းနှင့် သင်္ဂြိုလ်လိုက်ကြောင်းကို မေလ ၂၃ ရက်နေ့မှသာ မိသားစုထံ အကြောင်းကြားလာသည်ဟု သတင်းရရှိသည်။
" ၂၃ ရက်နေ့မှာပဲ မိသားစုကို အကြောင်းကြားလာတယ်။ သူတို့ကတော့ ရိုးရိုးရှင်းရှင်းလေးပဲ၊ ကျည်ထွက်တယ်ပေါ့ဗျာ။ မိသားစုက အလောင်းပြန်တောင်းတော့ သူတို့ဘက်က အလောင်းမရဘူး။ သင်္ဂြိုလ်လိုက်ပြီလို့ပြောတယ်။ မေလ ၂၄ ရက်နေ့မှာ မိသားစုက အလောင်းပြန်မရဘဲနဲ့ စတိသဘောမျိုးနဲ့ သက်ပျောက်ဆွမ်းနဲ့ သင်္ဂြိုလ်တဲ့အပိုင်း လုပ်လိုက်ရတာပေါ့" ဟု တောင်သာမြို့ရှိ သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။
အထက်ပါဖြစ်ရပ်နှင့် ပတ်သက်၍ မေးမြန်းရန်တောင်သာမြို့မရဲစခန်းကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဦးသောင်းရီအား ဖမ်းဆီးခဲ့သည့် အချိန်မှစ၍ မိသားစုနှင့် အဆက်အသွယ်ပေးမလုပ်ခဲ့ဘဲ မိသားစုဝင်များသည် ဦးသောင်းရီကို မေလ ၆ ရက်က အသက်ရှင်လျက် နောက်ဆုံးတွေ့ခဲ့ရခြင်းဟု သိရသည်။
အသက် ၇၀ ဝန်းကျင်ရှိပြီဖြစ်သော အငြိမ်းစားကျောင်းဆရာကြီး ဦးသောင်းရီသည် ၎င်း​၏ အသက်အရွယ်အရ လက်ကျန်အချိန်များအား အေးဆေးစွာဖြတ်သန်းလို၍ တော်လှန်ရေးတွင် ပါဝင်နေသူများအား အလင်းဝင်ရန် စစ်ကောင်စီ​၏ ကမ်းလှမ်းချက်များကို ယုံကြည်ကာ တောင်သာမြို့မရဲစခန်းသို့ သွားရောက်ခဲ့ရာမှ ယခုကဲ့သို့ အသက်သေဆုံးခဲ့ရကြောင်း တောင်သာမြို့ခံတစ်ဦးကပြောသည်။
စစ်အာဏာရှင်တော်လှန်ရေးလုပ်‌ဆောင်၍ အမှုဖွင့်ခံထားရသူများ၊ ၀ရမ်းထုတ်ခံရသူများ နေရပ်ပြန်လာရန်နှင့် ပြစ်မှုအပေါ် မူတည်၍ ဖြေလျော့ပေးမည်ဖြစ်ပြီး PDFများလည်း လက်နက်ခဲယမ်းများ သယ်ယူ၍ အလင်းဝင်လာပါက ဆုကြေး ပေးမည်ဟုလည်း စစ်ကောင်စီက နိုင်ငံပိုင်မီဒီယာမှတဆင့် မကြာခဏ ထုတ်ပြန်ကြေညာနေသည်။ အဆိုပါကြေညာချက်ကို မယုံကြည်ကြရန် တော်လှန်ရေးအင်အားစုများကသတိပေးနေသည်။
" မတရား အာဏာသိမ်းထားတဲ့အဖွဲ့က မတရားလုပ်ငန်းတွေကိုပဲ ကျူးလွန်နေတာပဲ ဖြစ်တဲ့အတွက် ဒီလိုဖိတ်ခေါ်ချက်တွေက အကျုံးမဝင်ဘူး။ ယုတ္တိမရှိဘူး။ ယုံစရာအကြောင်းမရှိဘူးပေါ့လေ။ ဒီထုတ်ပြန်ချက်တွေက ကျွန်တော်တို့မြို့နယ်အတွက်တော့ သာဓကဖြစ်သွားတာပေါ့လေ " ဟု တောင်သာမြို့ခံ
တစ်ဦးကပြောသည်။
စာတည်း - မောင်ကြီး
#mizzima
#တောင်သာမြို့
#အငြိမ်းစားကျောင်းဆရာ
#စစ်ကြောရေးတွင်သတ်ဖြတ်
#အလောင်းဖျောက်
ဓါတ်ပုံ- အငြိမ်းစားကျောင်းဆရာ ဦးသောင်းရီ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤬6❤3😢3🔥1
​​မြန်မာ့တိုက်ပွဲစစ်စစ်

မြန်မာနိုင်ငံဟာ စစ်မီးတောက်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေရယ်၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (ERO) တွေရဲ့တပ်တွေဟာမြန်မာစစ်တပ်ကို နေ့စဉ်နဲ့အမျှ တိုက်ခိုက်လျက်ရှိနေပါတယ်။မြန်မာစစ်တပ်စစ်ယာဉ်တန်းတွေကိုဖျက်ဆီးပြီးစစ်တပ်စခန်းတွေကိုတိုက်ခိုက်ကာလက်နက်တွေသိမ်းဆည်းရမိကြသလိုသီတင်းပတ်တိုင်းမှာစစ်တပ်စစ်သားဒါဇင်များစွာကိုရှင်းလင်းသုတ်သင်နေပါတယ်။
👍27😁2🔥1