ဂျပန်ကလပ် ဗစ်ဆယ်ကိုဘေးကနေ အင်နီယေစတာ ထွက်ခွာမှာဖြစ်ပေမယ့် ဆက်လက်ကစားဖို့ ဆုံးဖြတ်ခဲ့
ဘာစီလိုနာနဲ့ စပိန်ကွင်းလယ်ကစားသမားဟောင်း အင်နီယေစတာဟာ ဗစ်ဆယ် ကိုဘေးမှာ ငါးနှစ်ကြာကစားပြီးနောက် ဂျပန်ကလပ်ကနေ ထွက်ခွာတော့မှာဖြစ်ပေမယ့် အသက် ၃၉ နှစ်အရွယ်မှာ ဆက်ကစားသွားဖို့ ရည်ရွယ်ထားပါတယ်။

👍6🔥2
စစ်ကောင်စီကမ်းလှမ်းမှုကို ယုံကြည်ပြီး ခံဝန်ထိုးရန် ရဲစခန်းသို့သွားသည့် အငြိမ်းစားကျောင်းဆရာကြီး ၁ ဦး စစ်ကြောရေးတွင် သတ်ဖြတ်အလောင်းဖျောက်ခံရ
YT
(မဇ္ဈိမ)။ ။ နေရပ်သို့ ပြန်လာကြရန် စစ်ကောင်စီက နိုင်ငံပိုင်မီဒီယာမှတဆင့် ကြေညာချက်ကို ယုံကြည်ပြီး ခံဝန်ထိုးရန် ရဲစခန်းသို့ သွားရောက်ခဲ့သည့် တောင်သာမြို့နယ်မှ အငြိမ်းစားကျောင်းဆရာကြီးတစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး စစ်ကြောရေးတွင် သတ်ဖြတ်ကာ အလောင်းဖျောက်လိုက်ကြောင်း တောင်သာမြို့ခံများက ပြောသည်။
မန္တလေးတိုင်းဒေသကြီး၊တောင်သာမြို့နယ်၊ ရုံးပင်ကျေးရွာမှ အသက် ၇၀ အရွယ်ခန့် အငြိမ်းစားကျောင်းဆရာဦးသောင်းရီသည် စစ်ကောင်စီစစ်ကြောရေးတွင် သတ်ဖြတ်ခံလိုက်ရခြင်းဟု သိရှိရသည်။
" စစ်ကောင်စီက နိုင်ငံပိုင်မီဒီယာကနေ ဖိတ်ခေါ်လို့ ဆရာကြီးက အသက်လည်းကြီးပြီမို့ အေးဆေးနေ
ချင်လို့ ရဲစခန်းမှာ ခံဝန်သွားထိုးတာ။ ရဲက ဖမ်းပြီး စစ်ကောင်စီဆီအပ်တယ်။ စစ်တပ်နဲ့ရဲက စစ်ကြောရေးမှာ သတ်ပစ်လိုက်တယ်"ဟု တောင်သာမြို့ခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
အငြိမ်းစားကျောင်းဆရာ ဦးသောင်းရီသည် နွေဦးတော်လှန်ရေးအစတွင် တက်ကြွစွာပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ၎င်း၏ နေအိမ်အား ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီက လာရောက်ရှာဖွေခဲ့ကြောင်း၊ လူက တိမ်းရှောင်နိုင်ခဲ့သော်လည်း ဦးသောင်းရီပိုင်ဆိုင်သည့် ကားတစ်စီးအား စစ်ကောင်စီက သိမ်းဆည်းသွားပြီး ထိုအချိန်မှစ၍ နေအိမ်တွင် နေမရဲတော့ဘဲ ထွက်ပြေးနေခဲ့ရသည်ဟုသိရသည်။
ပြီးခဲ့သည့် မေလ ၆ ရက်နေ့တွင် ဦးသောင်းရီသည် စစ်ကောင်စီတပ်၏ အလင်းဝင်ရန် နိုင်ငံပိုင်မီဒီယာများမှတဆင့် ကမ်းလှမ်းချက်ကြောင့် ခံဝန်ထိုးရန် ဇနီးဖြစ်သူနှင့်အတူ တောင်သာမြို့မရဲစခန်းသို့ သွားခဲ့ရာ ဇနီးဖြစ်သူကို ပြန်လွှတ်ပေးခဲ့သော်လည်း ဦးသောင်းရီအားဖမ်းပြီး စစ်ကြောရေးသို့ ပို့ဆောင်လိုက်ကြောင်း ရုံးပင်ကျေးရွာဒေသခံတစ်ဦးကပြောသည်။
" ရဲစခန်းကို သွားပြီး ခံဝန်ထိုးတဲ့နေကစ အဖမ်းခံရပြီးဆရာကြီးကို ပြန်မလွှတ်တော့တာ။ သေတာတောင် မသိရဘဲ သွားမေးမှ သိရတာ" ဟု ၎င်းက ပြောသည်။
မေလ ၁၈ ရက်နေ့တွင် ဦးသောင်းရီ သေဆုံးသည့်သတင်းထွက်လာ၍ သွားရောက်မေးမြန်းခဲ့သော်လည်း ယင်းနေ့တွင် မသိရဘဲ သေဆုံးသွားကြောင်းနှင့် သင်္ဂြိုလ်လိုက်ကြောင်းကို မေလ ၂၃ ရက်နေ့မှသာ မိသားစုထံ အကြောင်းကြားလာသည်ဟု သတင်းရရှိသည်။
" ၂၃ ရက်နေ့မှာပဲ မိသားစုကို အကြောင်းကြားလာတယ်။ သူတို့ကတော့ ရိုးရိုးရှင်းရှင်းလေးပဲ၊ ကျည်ထွက်တယ်ပေါ့ဗျာ။ မိသားစုက အလောင်းပြန်တောင်းတော့ သူတို့ဘက်က အလောင်းမရဘူး။ သင်္ဂြိုလ်လိုက်ပြီလို့ပြောတယ်။ မေလ ၂၄ ရက်နေ့မှာ မိသားစုက အလောင်းပြန်မရဘဲနဲ့ စတိသဘောမျိုးနဲ့ သက်ပျောက်ဆွမ်းနဲ့ သင်္ဂြိုလ်တဲ့အပိုင်း လုပ်လိုက်ရတာပေါ့" ဟု တောင်သာမြို့ရှိ သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။
အထက်ပါဖြစ်ရပ်နှင့် ပတ်သက်၍ မေးမြန်းရန်တောင်သာမြို့မရဲစခန်းကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဦးသောင်းရီအား ဖမ်းဆီးခဲ့သည့် အချိန်မှစ၍ မိသားစုနှင့် အဆက်အသွယ်ပေးမလုပ်ခဲ့ဘဲ မိသားစုဝင်များသည် ဦးသောင်းရီကို မေလ ၆ ရက်က အသက်ရှင်လျက် နောက်ဆုံးတွေ့ခဲ့ရခြင်းဟု သိရသည်။
အသက် ၇၀ ဝန်းကျင်ရှိပြီဖြစ်သော အငြိမ်းစားကျောင်းဆရာကြီး ဦးသောင်းရီသည် ၎င်း၏ အသက်အရွယ်အရ လက်ကျန်အချိန်များအား အေးဆေးစွာဖြတ်သန်းလို၍ တော်လှန်ရေးတွင် ပါဝင်နေသူများအား အလင်းဝင်ရန် စစ်ကောင်စီ၏ ကမ်းလှမ်းချက်များကို ယုံကြည်ကာ တောင်သာမြို့မရဲစခန်းသို့ သွားရောက်ခဲ့ရာမှ ယခုကဲ့သို့ အသက်သေဆုံးခဲ့ရကြောင်း တောင်သာမြို့ခံတစ်ဦးကပြောသည်။
စစ်အာဏာရှင်တော်လှန်ရေးလုပ်ဆောင်၍ အမှုဖွင့်ခံထားရသူများ၊ ၀ရမ်းထုတ်ခံရသူများ နေရပ်ပြန်လာရန်နှင့် ပြစ်မှုအပေါ် မူတည်၍ ဖြေလျော့ပေးမည်ဖြစ်ပြီး PDFများလည်း လက်နက်ခဲယမ်းများ သယ်ယူ၍ အလင်းဝင်လာပါက ဆုကြေး ပေးမည်ဟုလည်း စစ်ကောင်စီက နိုင်ငံပိုင်မီဒီယာမှတဆင့် မကြာခဏ ထုတ်ပြန်ကြေညာနေသည်။ အဆိုပါကြေညာချက်ကို မယုံကြည်ကြရန် တော်လှန်ရေးအင်အားစုများကသတိပေးနေသည်။
" မတရား အာဏာသိမ်းထားတဲ့အဖွဲ့က မတရားလုပ်ငန်းတွေကိုပဲ ကျူးလွန်နေတာပဲ ဖြစ်တဲ့အတွက် ဒီလိုဖိတ်ခေါ်ချက်တွေက အကျုံးမဝင်ဘူး။ ယုတ္တိမရှိဘူး။ ယုံစရာအကြောင်းမရှိဘူးပေါ့လေ။ ဒီထုတ်ပြန်ချက်တွေက ကျွန်တော်တို့မြို့နယ်အတွက်တော့ သာဓကဖြစ်သွားတာပေါ့လေ " ဟု တောင်သာမြို့ခံ
တစ်ဦးကပြောသည်။
စာတည်း - မောင်ကြီး
#mizzima
#တောင်သာမြို့
#အငြိမ်းစားကျောင်းဆရာ
#စစ်ကြောရေးတွင်သတ်ဖြတ်
#အလောင်းဖျောက်
ဓါတ်ပုံ- အငြိမ်းစားကျောင်းဆရာ ဦးသောင်းရီ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍8🤬6❤3😢3🔥1
မြန်မာ့တိုက်ပွဲစစ်စစ်
မြန်မာနိုင်ငံဟာ စစ်မီးတောက်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေရယ်၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (ERO) တွေရဲ့တပ်တွေဟာမြန်မာစစ်တပ်ကို နေ့စဉ်နဲ့အမျှ တိုက်ခိုက်လျက်ရှိနေပါတယ်။မြန်မာစစ်တပ်စစ်ယာဉ်တန်းတွေကိုဖျက်ဆီးပြီးစစ်တပ်စခန်းတွေကိုတိုက်ခိုက်ကာလက်နက်တွေသိမ်းဆည်းရမိကြသလိုသီတင်းပတ်တိုင်းမှာစစ်တပ်စစ်သားဒါဇင်များစွာကိုရှင်းလင်းသုတ်သင်နေပါတယ်။

👍27😁2🔥1
မေလ ၂၅ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤3👍3🔥2
F-35 တိုက်လေယာဉ်များ ဝယ်ယူမည့် ထိုင်း၏ ကမ်းလှမ်းမှုကို အမေရိကန် ငြင်းပယ်
လေ့ကျင့်သင်ကြားမှုနှင့် နည်းပညာဆိုင်ရာ လိုအပ်ချက်များနှင့်ပတ်သက်သည့် ကိစ္စများကြောင့် အမေရိကန်သည် F-35 ကိုယ်ပျောက် တိုက်လေယာဉ်များကို ထိုင်းနိုင်ငံထံသို့ ရောင်းချပေးရန် ငြင်းပယ်ခဲ့ကြောင်း ထိုင်းလေတပ်က မေလ ၂၅ ရက်တွင် ပြောသည်။

👍14😁6
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၅ မေ ၂၀၂၃)
စစ်ကောင်စီမှ ယခုအချိန်ထိ မုန်တိုင်းသင့်ဒေသများတွင် နိုင်ငံတကာနှင့်ကုလအဖွဲ့အစည်းများကို ဝင်ရောက်ခွင့်မပြုသေးဘဲ ပိတ်ပင်ထားဆဲဖြစ်သည်။ယင်းအခြေအနေသည် နာဂစ်မုန်တိုင်း ကာလက စစ်ဗိုလ်ချုပ်များသကဲ့သို့ ၎င်းတို့ပဲအခြေအနေအရပ်ရပ်ကို လုပ်နိုင်သဖွယ် ဟန်ဆောင် နေခြင်းဖြစ်သည်။

👍4😁3
အခွန်ရှောင်သူများကိုအရေးယူမည်ဟု ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အသိပေး
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် အခွန်စနစ် လည်ပတ်နိုင်ရေးအတွက် ပညာပေးကာလသတ်မှတ်ပြီးနောက်ပိုင်း အခွန်ရှောင်သူများကို ဥပဒေနှင့်အညီအရေးယူသွားမည်ဖြစ်ကြောင်း ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က မေလ ၂၄ရက်နေ့တွင် ထုတ်ပြန်သည်။
မေလ ၂၆ ရက်မှစ၍ ၁၀ ရက်တာကို ပညာပေးကာလသတ်မှတ်မည်ဖြစ်ပြီး အခွန်ရှောင်သည့် လုပ်ငန်းရှင်များ၏ပစ္စည်းများအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ထိန်းချုပ်မှုအောက်ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အချင်းချင်းချိတ်ဆက်၍ ဥပဒေနှင့် အညီအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။
“ ကုန်စည်ဂိတ်တွေနဲ့ ကားသမားတွေကနေ အခွန်မဆောင်ထားတဲ့ပစ္စည်းတွေ၊ အထူးသဖြင့် စစ်ကောင်စီနဲ့ ဆက်စပ်ပတ်သက်တဲ့ပစ္စည်းတွေ ကုန်မကူးဖို့၊ အခွန်မဆောင်တဲ့ လုပ်ငန်းရှင်တွေဆီက ပစ္စည်းတွေကို မိဘပြည်သူတွေကနေ မဝယ်ယူကြဖို့နဲ့ အခွန်မဆောင်တဲ့လုပ်ငန်းရှင်တွေကို ပစ္စည်းသိမ်းယူမှာဖြစ်ကြောင်း ပညာပေးမှာပါ” ဟု ကလေးမြို့နယ် ပအဖ တာဝန်ရှိသူတစ်ဦးက မဇ္စျိမ သို့ပြောသည်။
စစ်တပ်ထုတ်ကုန်များ စစ်တပ်နှင့်ပတ်သက်သော လုပ်ငန်းများကို လက်ကမ်းစာစောင်များပြုလုပ်ပြီး ၎င်းတို့၏ စိုးမိုးဧရိယာအတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များအတွင်း ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ဆိုသည်။
ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် အခွန်ဆောင်ရသော လုပ်ငန်းအားလုံး အခွန်ဆောင်ရမည်ဖြစ်ပြီး လုပ်ငန်းရှင်အဓိကထားသော အခွန်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင်လည်း ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်များရှိနေပြီး အခွန်ကောက်ယူမည့်ကုန်ပစ္စည်း အမျိုးအစားအများအပြားဖြစ်နေသောကြောင့် အခွန်ဆောင်မည့် လုပ်ငန်းရှင်ဘက်က ဆက်သွယ်လာမှသာ အခွန်နှုန်းထားအသေးစိတ်ကို ရှင်းပြနိုင်မည်ဖြစ်ကြောင်း ကလေးမြို့နယ် ပအဖ တာဝန်ရှိသူကပြောသည်။
လုံခြုံရေးအရ အခွန်ကောက်ခံသည့်ပုံစံမှာ လုပ်ငန်းရှင်နှင့်တိုက်ရိုက်ဆက်သွယ်မည်ဖြစ်ပြီး လုံခြုံရေးမကျိုးပေါက်စေရန် တာဝန်ယူသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ ဘက်မှ ပြည်သူ့အစိုးရအား ပူးပေါင်းလိုသောစိတ်မျိုး မွေးမြူဖို့ လိုအပ်မည်ဖြစ်ကြောင်း ဆိုသည်။
ပူးပေါင်းဆောင်ရွက်ခြင်းမရှိသော လုပ်ငန်းရှင်များ၏ ပစ္စည်းများကို ၎င်းတို့ထိန်းချုပ်နယ်မြေများနှင့် မဟာမိတ်ထိန်းချုပ်နယ်မြေများတွင် ရောင်းချခွင့်မပြုဘဲ သိမ်းယူသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူလူထုအားဝန်ဆောင်မှုပေးနိုင်ရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ မြို့နယ်အဆင့် အစိုးရယန္တရားလည်ပတ်နိုင်ရေးအတွက် ပြည်သူလူထုအား ဝန်မပိစေဘဲ လုပ်ငန်းရှင်ကြီးများအား အဓိကထားသည့်အခွန်စနစ် လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကလေးမြို့ပေါ်၊ မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် သပိတ်မှောက်ကုန်စည်များမှအပ အခွန်ထမ်းဆောင်ရန်တာဝန်ရှိကြောင်း ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတိပေးထားသည်။
စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ကလေးမြို့နယ်
#ပြည်သူ့အုပ်ချုပ်ရေး
#အခွန်စနစ်
#လုပ်ငန်းရှင်

👍12😁5❤2🥴2
ခင်ဦးမြို့နယ်တွင် အသက် ၂၀ အရွယ် ဆေးတက္ကသိုလ်ကျောင်းသား ကျဆုံး
ရောင်နီ
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်းတွင် စစ်ကြောင်းထိုးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ခင်ဦးမြို့နယ်တစ်နေရာ၌ ဆေးတက္ကသိုလ်ကျောင်းသား တစ်ဦးကျဆုံးခဲ့ကြောင်း NUG ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်သည်။
ကျဆုံးခဲ့သူသည် ဆေးတက္ကသိုလ် - မကွေး၊ ဆေးပညာအခြေခံနှစ် (foundation year) တွင် တက်ရောက်နေသည့် အသက် ၂၀ နှစ်အရွယ် မောင်စွမ်းထက် ဆိုသူဖြစ်သည်။
၎င်းသည် ခင်ဦးမြို့နယ်တစ်နေရာတွင် မေလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတစ်ခုအတွင်း ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း NUG ၏ ထုတ်ပြန်ချက်အရ သိရသည်။
နွေဦးတော်လှန်ရေးအတွက်တိုက်ပွဲ၀င်ရင်း မြင့်မြတ်စွာအသက်ပေးလှူခဲ့သည့် မောင်စွမ်းထက်ကို အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြုပြီး မိသားစုနှင့် ထပ်တူကြေကွဲ ၀မ်းနည်းရကြောင်းလည်း NUG မှထုတ်ပြန်သည့်သ၀ဏ်လွှာတွင် ဖော်ပြသည်။
သို့သော် NUG အနေဖြင့် မောင်စွမ်းထက် ကျဆုံးခဲ့ရသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန်ထားခြင်းမရှိပေ။
မောင်စွမ်းထက် ကျဆုံးခဲ့ရသည့် ဖြစ်စဥ်နှင့် ပတ်သက်ပြီး မကွေးဆေးတက္ကသိုလ်နှင့် နီးစပ်သူများထံ မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း “ လက်ရှိအချိန်တွင် ဖြေကြားပေးရန် အဆင်မပြေသေးကြောင်း” ပြန်လည် အကြောင်းပြန်ခဲ့သည်။
ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂနှင့် ဆေးတက္ကသိုလ် - မကွေး ကျောင်းသားများ သမဂ္ဂများကလည်း ကိုစွမ်းထက်ကျဆုံးခဲ့ရသည့်အပေါ် ၀မ်းနည်းကြောင်းသ၀ဏ်လွှာများ အသီးသီး ထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းပြီးသည့်နောက်ပိုင်းမှ စတင်ကာ စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ပြုလုပ်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ကို ဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်မှုများပြုလုပ်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများလည်း ရှိသည်။
နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မေလ ၂၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်၀န်းလုံးတွင် နွေဦးတော်လှန်ရေးကာလအတွင်းကျဆုံးခဲ့ရသူ စုစုပေါင်း ၃,၅၆၇ ဦး ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ခင်ဦးမြို့နယ်
#ဆေးတက္ကသိုလ်ကျောင်းသား
#ကျဆုံး
#NUG

😢29👍3🔥1👏1
Non CDM များ အမြန်ဆုံး CDM လှုပ်ရှားမှုတွင်ပါဝင်ကြရန် CDF သတိပေး
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ဇိုတုန်နယ်တွင် စစ်ကောင်စီလက်အောက်၌ ဆက်လက်တာဝန်ထမ်းဆောင်နေသည့် Non CDMer များကို အမြန်ဆုံး CDM လှုပ်ရှားမှုများတွင် ပါဝင်ကြရန် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ဇိုတုန်) CDF – Zotung တပ်ဖွဲ့က မေလ ၂၄ရက်နေ့တွင် သတိပေးထုတ်ပြန်သည်။
အာဏာရှင်ဖြစ်သည့် စစ်ကောင်စီ လက်အောက်တွင်ဆက်လက်အလုပ်လုပ်ပြီး ပြည်သူများအားဖိနှိပ်ချုပ်ချယ်နှိပ်စက် သတ်ဖြတ်နိုင်ရန် အထောက်အပံ့ပေးလျက် ရှိသည့် Non CDM များအနေဖြင့် ပြည်သူ့ဘက်တွင် အမြန်ဆုံးရပ်တည်ကြရန် တိုက်တွန်းထားသည်။
ထို့အပြင် CDM ပြုလုပ်လျက်ရှိသည့် ဝန်ထမ်းများကို နည်းလမ်းပေါင်းစုံဖြင့် ဖြားယောင်းသွေးဆောင် ၊ ခြိမ်းခြောက်ကာ စစ်အာဏာရှင် ဖြစ်သည့် စစ်ကောင်စီ လက်အောက်တွင် ပြန်လည်တာဝန်ထမ်းဆောင်စေရန် ကြိုးစားလျက်ရှိသည့် Non CDM များအနေဖြင့် ၎င်းတို့၏ လုပ်ရပ်များကို ရပ်တန်းက ရပ်ကြပါရန် အသိပေး ထားသည်။
ယခုကဲ့သို့ သတိပေးထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်မှုမရှိသည့် Non CDM များ၏ ကိစ္စအဝဝနှင့်ပတ်သက်၍ တာဝန်ယူဖြေရှင်းမည်မဟုတ်ကြောင်း CDF – Zotung ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အထက်ပါ ထုတ်ပြန်ချက်ပါအချက်များနှင့်ပတ်သက်ပြီး မဇ္စျိမအနေဖြင့် အသေးစိတ် သိရှိရန် တာဝန်ရှိသူကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။
စစ်အာဏာရှင်အား အကြမ်းမဖက်သောနည်းလမ်းများနှင့် ဆန့်ကျင်တော်လှန်လျက် ရှိသည့် ပြည်သူ့ဝန်ထမ်းများကို လေးစားဂုဏ်ယူပြီး ၎င်တို့ဘက်တွင် CDF – Zotung အနေဖြင့် ရပ်တည်လျက်ရှိကြောင်း အသိပေးထားသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီသည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းသည့်အချိန်မှစ၍ နိုင်ငံတစ်ဝန်းလုံးရှိ အစိုးရဝန်ထမ်းများ၏ အကြမ်းမဖက်သော အာဏာဖီဆန်ရေးလှုပ်ရှားမှုသည် အကြမ်းဖက်စစ်ကောင်စီတော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးတိုက်ပွဲ၏ အဓိကအခန်းကဏ္ဍတွင်ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
CDF – Zotung တပ်ဖွဲ့ကို ဧပြီလ ၅ရက် ၂၀၂၁ခုနှစ်တွင် စတင်တည်ထောင်ပြီး အခြားဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်များနှင့် လက်တွဲ၍ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်
#CDF
#CDM
#ဇိုတုန်နယ်
ဓာတ်ပုံ - CDF - Zotung တပ်ဖွဲ့ဝင်များ

👍14😁2
ရေကြည်မြို့နယ် စစ်ဆေးရေးဂိတ်တွင် ပစ်ခတ်မှုဖြစ်၊ ရဲ ၂ ဦးဒဏ်ရာရပြီး လူငယ် ၁ ဦး ဖမ်းဆီးခံရ
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တစ်ခုတွင် မေလ ၂၃ ရက်နေ့ ညပိုင်းအချိန်က ပစ်ခတ်မှုများဖြစ်ပေါ်ပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရကာ၊ လက်နက်ကိုင်လူငယ်တစ်ဦး ဒဏ်ရာဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။
ဖြစ်စဥ်မှာ မေလ ၂၃ ရက်နေ့ ၊ ည ၉ နာရီ ၄၅ မိနစ်ခန့်အချိန်က ရေကြည်မြို့နယ်၊ ကြာကန်အုပ်စု၊ သံလမ်းကုန်း စစ်ဆေးဂိတ်၌ စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများမှ ပိတ်ဆို့စစ် ဆေးရေးပြုလုပ်နေစဥ် ဆိုင်ကယ်စီး လူငယ်နှစ်ဦးအား တားဆီးစစ်ဆေးခဲ့သည်ဟု သိရသည်။
ထိုသို့ စစ်ဆေးစဥ် စစ်ကောင်စီတပ်များနှင့် ရဲများက ဆိုင်ကယ်တူးဘောက်(နောက်အဖုံး)အား ဖွင့်ခိုင်းရာမှ ဆိုင်ကယ်စီးလူငယ်နှစ်ဦးမှ စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
"ဆိုင်ကယ်နောက်အဖုံးကို ဖွင့်ခိုင်းတာမှာ ကောင်လေးနှစ်ယောက်က ပစ်ပြီးတော့ထွက်ပြေးတာပါ။ ရဲနှစ်ယောက်ဒဏ်ရာရသွားပြီး ကောင်လေးနှစ်ယောက်ထဲက တစ်ယောက်လည်း ပေါင်ကိုကျည်မှန်ပြီး ထွက်ပြေးသွားကြတယ်။ ဒလန်တွေ သတင်းပေးလို့ထင်တယ် ထွက်ပြေးသွားတဲ့ နှစ်ယောက်ထဲက ဒဏ်ရာရတဲ့ကောင်လေး အဲ့ဒီညမှာပဲအဖမ်းခံလိုက်ရတယ်"ဟု ၎င်းကဆိုသည်။
ပစ်ခတ်ထွက်ပြေးသွားခဲ့သည့် လူငယ်နှစ်ဦးအနက် ဒဏ်ရာရရှိသွားသည့် လူငယ်မှာ ပစ်ခတ်မှုဖြစ်ရာနေရာနှင့် လေးဖာလုံခန့်အကွာအဝေးတွင်ရှိသည့် နေအိမ်တစ်လုံး၏ နောက်ဖေးလမ်းကြားတွင် ည ၁၀ နာရီ ၃၀ မိနစ်ခန့်အချိန်၌ လက်နက်နှင့်တကွ ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံကဆက်လက်ပြောသည်။
"ဒဏ်ရာရတဲ့ကောင်လေးကို အိမ်တစ်လုံးရဲ့နောက်မှာ ဝင်ဖမ်းသွားပြီး အဲ့ဒီအိမ်က အိမ်ရှင်တွေကိုပါ ရိုက်နှက်ပြီးဖမ်းသွားကြတယ်။ ဖမ်းမိမိချင်းတော့ ရေကြည်ရဲစခန်းကို ခေါ်သွားကြတယ်ဗျ၊ အခုတော့ ဒဏ်ရာနဲ့ကောင်လေးကို စစ်ကြောရေးကို ပို့လိုက်တယ်လို့ကြားတယ်"ဟု ဆိုသည်။
လက်ရှိတွင် ဆိုင်ကယ်စီးလူငယ်နှစ်ဦးအနက် တစ်ဦးမှာ လွတ်မြောက်နေသည်ဟုသိရပြီး၊ သေနတ်ဒဏ်ရာရရှိခဲ့သည့် လူငယ်ကိုမူ စစ်ကောင်စီတပ်ဖွဲ့များက ရိုက်နှက်စစ်ဆေးနေကြသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများကပြောသည်။
အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ် ချန်နယ် (Telegram Channel)များတွင် လွတ်မြောက်နေသည့် လက်နက်ကိုင် လူငယ်အား စစ်ကောင်စီတပ်ဖွဲ့များမှ ရှာဖွေဖမ်းဆီးရန် ပုံနှင့်တကွ ဖြန့်ဝေထားခြင်းများလည်းရှိနေသည်ဟု သိရသည်။
လက်နက်ကိုင် လူငယ်နှစ်ဦးမှာ မည်သည့်အဖွဲ့အစည်းမှဖြစ်သည်ကို မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#ရေကြည်မြို့နယ်
#စစ်ကောင်စီတပ်
#စစ်ဆေးရေးဂိတ်
#ရိုက်နှက်စစ်ဆေး

👍8😢4🔥2👏1
ကျိုက်ထိုက ကျေးရွာချင်းဆက် လမ်း ၂ လမ်း ထပ်မံ ဖျက်ခံရ၊ ဖျက်ဆီးခံရသောလမ်း ၆ လမ်းရှိပြီဖြစ်
YT
(မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများအား ဆက်သွယ်ထားသော လမ်းနှစ်လမ်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထပ်မံဖျက်ဆီးလိုက်ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။
"မနေ့က(မေလ ၂၄ ရက်) ပဲ ထပ်ဖျက်သွားတာ လှည်းလမ်းကူးလမ်းကို၊ အခုဆို ကျိုက်ထိုမှာ အဖျက်ခံရတာ အားလုံး ခြောက်လမ်းရှိပြီ" ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။
ယမန်နေ့ မေလ ၂၄ ရက်နေ့၊ ည ၇ နာရီဝန်းကျင်က ကျိုက်ထိုမြို့နယ် လှည်းလမ်းကူးကျေးရွာနှင့် ဆောင်လှိုင်ဂွကျေးရွာအား ဆက်သွယ်ထားသော လမ်းအား စစ်ကောင်စီတပ်က အင်အားသုံး ကင်းပုန်းဝပ်၍ ဘက်ဟိုးစက်ဖြင့် ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

🤬7👍6🔥1👏1