Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​Non CDM များ အမြန်ဆုံး CDM လှုပ်ရှားမှုတွင်ပါဝင်ကြရန် CDF သတိပေး

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ဇိုတုန်နယ်တွင် စစ်ကောင်စီလက်အောက်၌ ဆက်လက်တာဝန်ထမ်းဆောင်နေသည့် Non CDMer များကို အမြန်ဆုံး CDM လှုပ်ရှားမှုများတွင် ပါဝင်ကြရန် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ဇိုတုန်) CDF – Zotung တပ်ဖွဲ့က မေလ ၂၄ရက်နေ့တွင် သတိပေးထုတ်ပြန်သည်။
အာဏာရှင်ဖြစ်သည့် စစ်ကောင်စီ လက်အောက်တွင်ဆက်လက်အလုပ်လုပ်ပြီး ပြည်သူများအားဖိနှိပ်ချုပ်ချယ်နှိပ်စက် သတ်ဖြတ်နိုင်ရန် အထောက်အပံ့ပေးလျက် ရှိသည့် Non CDM များအနေဖြင့် ပြည်သူ့ဘက်တွင် အမြန်ဆုံးရပ်တည်ကြရန် တိုက်တွန်းထားသည်။
ထို့အပြင် CDM ပြုလုပ်လျက်ရှိသည့် ဝန်ထမ်းများကို နည်းလမ်းပေါင်းစုံဖြင့် ဖြားယောင်းသွေးဆောင် ၊ ခြိမ်းခြောက်ကာ စစ်အာဏာရှင် ဖြစ်သည့် စစ်ကောင်စီ လက်အောက်တွင် ပြန်လည်တာဝန်ထမ်းဆောင်စေရန် ကြိုးစားလျက်ရှိသည့် Non CDM များအနေဖြင့် ၎င်းတို့၏ လုပ်ရပ်များကို ရပ်တန်းက ရပ်ကြပါရန် အသိပေး ထားသည်။
ယခုကဲ့သို့ သတိပေးထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်မှုမရှိသည့် Non CDM များ၏ ကိစ္စအဝဝနှင့်ပတ်သက်၍ တာဝန်ယူဖြေရှင်းမည်မဟုတ်ကြောင်း CDF – Zotung ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အထက်ပါ ထုတ်ပြန်ချက်ပါအချက်များနှင့်ပတ်သက်ပြီး မဇ္စျိမအနေဖြင့် အသေးစိတ် သိရှိရန် တာဝန်ရှိသူကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။
စစ်အာဏာရှင်အား အကြမ်းမဖက်သောနည်းလမ်းများနှင့် ဆန့်ကျင်တော်လှန်လျက် ရှိသည့် ပြည်သူ့ဝန်ထမ်းများကို လေးစားဂုဏ်ယူပြီး ၎င်တို့ဘက်တွင် CDF – Zotung အနေဖြင့် ရပ်တည်လျက်ရှိကြောင်း အသိပေးထားသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီသည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းသည့်အချိန်မှစ၍ နိုင်ငံတစ်ဝန်းလုံးရှိ အစိုးရဝန်ထမ်းများ၏ အကြမ်းမဖက်သော အာဏာဖီဆန်ရေးလှုပ်ရှားမှုသည် အကြမ်းဖက်စစ်ကောင်စီတော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးတိုက်ပွဲ၏ အဓိကအခန်းကဏ္ဍတွင်ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
CDF – Zotung တပ်ဖွဲ့ကို ဧပြီလ ၅ရက် ၂၀၂၁ခုနှစ်တွင် စတင်တည်ထောင်ပြီး အခြားဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်များနှင့် လက်တွဲ၍ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်
#CDF
#CDM
#ဇိုတုန်နယ်
ဓာတ်ပုံ - CDF - Zotung တပ်ဖွဲ့ဝင်များ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁2
​​ရေကြည်မြို့နယ် စစ်ဆေးရေးဂိတ်တွင် ပစ်ခတ်မှုဖြစ်၊ ရဲ ၂ ဦးဒဏ်ရာရပြီး လူငယ် ၁ ဦး ဖမ်းဆီးခံရ

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တစ်ခုတွင် မေလ ၂၃ ရက်နေ့ ညပိုင်းအချိန်က ပစ်ခတ်မှုများဖြစ်ပေါ်ပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရကာ၊ လက်နက်ကိုင်လူငယ်တစ်ဦး ဒဏ်ရာဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။
ဖြစ်စဥ်မှာ မေလ ၂၃ ရက်နေ့ ၊ ည ၉ နာရီ ၄၅ မိနစ်ခန့်အချိန်က ရေကြည်မြို့နယ်၊ ကြာကန်အုပ်စု၊ သံလမ်းကုန်း စစ်ဆေးဂိတ်၌ စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများမှ ပိတ်ဆို့စစ် ဆေးရေးပြုလုပ်နေစဥ် ဆိုင်ကယ်စီး လူငယ်နှစ်ဦးအား တားဆီးစစ်ဆေးခဲ့သည်ဟု သိရသည်။
ထိုသို့ စစ်ဆေးစဥ် စစ်ကောင်စီတပ်များနှင့် ရဲများက ဆိုင်ကယ်တူးဘောက်(နောက်အဖုံး)အား ဖွင့်ခိုင်းရာမှ ဆိုင်ကယ်စီးလူငယ်နှစ်ဦးမှ စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
"ဆိုင်ကယ်နောက်အဖုံးကို ဖွင့်ခိုင်းတာမှာ ကောင်လေးနှစ်ယောက်က ပစ်ပြီးတော့ထွက်ပြေးတာပါ။ ရဲနှစ်ယောက်ဒဏ်ရာရသွားပြီး ကောင်လေးနှစ်ယောက်ထဲက တစ်ယောက်လည်း ပေါင်ကိုကျည်မှန်ပြီး ထွက်ပြေးသွားကြတယ်။ ဒလန်တွေ သတင်းပေးလို့ထင်တယ် ထွက်ပြေးသွားတဲ့ နှစ်ယောက်ထဲက ဒဏ်ရာရတဲ့ကောင်လေး အဲ့ဒီညမှာပဲအဖမ်းခံလိုက်ရတယ်"ဟု ၎င်းကဆိုသည်။
ပစ်ခတ်ထွက်ပြေးသွားခဲ့သည့် လူငယ်နှစ်ဦးအနက် ဒဏ်ရာရရှိသွားသည့် လူငယ်မှာ ပစ်ခတ်မှုဖြစ်ရာနေရာနှင့် လေးဖာလုံခန့်အကွာအဝေးတွင်ရှိသည့် နေအိမ်တစ်လုံး၏ နောက်ဖေးလမ်းကြားတွင် ည ၁၀ နာရီ ၃၀ မိနစ်ခန့်အချိန်၌ လက်နက်နှင့်တကွ ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံကဆက်လက်ပြောသည်။
"ဒဏ်ရာရတဲ့ကောင်လေးကို အိမ်တစ်လုံးရဲ့နောက်မှာ ဝင်ဖမ်းသွားပြီး အဲ့ဒီအိမ်က အိမ်ရှင်တွေကိုပါ ရိုက်နှက်ပြီးဖမ်းသွားကြတယ်။ ဖမ်းမိမိချင်းတော့ ရေကြည်ရဲစခန်းကို ခေါ်သွားကြတယ်ဗျ၊ အခုတော့ ဒဏ်ရာနဲ့ကောင်လေးကို စစ်ကြောရေးကို ပို့လိုက်တယ်လို့ကြားတယ်"ဟု ဆိုသည်။
လက်ရှိတွင် ဆိုင်ကယ်စီးလူငယ်နှစ်ဦးအနက် တစ်ဦးမှာ လွတ်မြောက်နေသည်ဟုသိရပြီး၊ သေနတ်ဒဏ်ရာရရှိခဲ့သည့် လူငယ်ကိုမူ စစ်ကောင်စီတပ်ဖွဲ့များက ရိုက်နှက်စစ်ဆေးနေကြသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများကပြောသည်။
အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ် ချန်နယ် (Telegram Channel)များတွင် လွတ်မြောက်နေသည့် လက်နက်ကိုင် လူငယ်အား စစ်ကောင်စီတပ်ဖွဲ့များမှ ရှာဖွေဖမ်းဆီးရန် ပုံနှင့်တကွ ဖြန့်ဝေထားခြင်းများလည်းရှိနေသည်ဟု သိရသည်။
လက်နက်ကိုင် လူငယ်နှစ်ဦးမှာ မည်သည့်အဖွဲ့အစည်းမှဖြစ်သည်ကို မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#ရေကြည်မြို့နယ်
#စစ်ကောင်စီတပ်
#စစ်ဆေးရေးဂိတ်
#ရိုက်နှက်စစ်ဆေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😢4🔥2👏1
ကျိုက်ထိုက ကျေးရွာချင်းဆက် လမ်း ၂ လမ်း ထပ်မံ ဖျက်ခံရ၊ ဖျက်ဆီးခံရသောလမ်း ၆ လမ်းရှိပြီဖြစ်

YT
(မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများအား ဆက်သွယ်ထားသော လမ်းနှစ်လမ်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထပ်မံဖျက်ဆီးလိုက်ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။
"မနေ့က(မေလ ၂၄ ရက်) ပဲ ထပ်ဖျက်သွားတာ လှည်းလမ်းကူးလမ်းကို၊ အခုဆို ကျိုက်ထိုမှာ အဖျက်ခံရတာ အားလုံး ခြောက်လမ်းရှိပြီ" ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။
ယမန်နေ့ မေလ ၂၄ ရက်နေ့၊ ည ၇ နာရီဝန်းကျင်က ကျိုက်ထိုမြို့နယ် လှည်းလမ်းကူးကျေးရွာနှင့် ဆောင်လှိုင်ဂွကျေးရွာအား ဆက်သွယ်ထားသော လမ်းအား စစ်ကောင်စီတပ်က အင်အားသုံး ကင်းပုန်းဝပ်၍ ဘက်ဟိုးစက်ဖြင့် ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
🤬7👍6🔥1👏1
ထို့အပြင် မေလ ၂၃ ရက်နေ့ကလည်း ပျဉ်းကတိုးကုန်းကျေးရွာနှင့် ကွာလီ (မရမ်းချောင်)အကြားရှိ ကတ္တရာလမ်း၊ သစ်ကွင်းနှင့် ဆောင်နိုင်ကြီးကျေးရွာသို့ ဆက်သွယ်ထားသော လမ်းပိုင်းတို့အား စစ်ကောင်စီတပ်က ဘက်ဟိုးဖြင့် လာရောက် ဖျက်ဆီးသွားကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့မှစ၍ ကျိုက်ထိုမြို့နယ်တွင် ရွာချင်းဆက်လမ်းများ စတင်ဖျက်ဆီးခံရခြင်းဖြစ်ပြီး လမ်းစုစုပေါင်း ခြောက်လမ်း ဖျက်စီးခံထားရကြောင်း ဆိုသည်။
ဘက်ဟိုးများဖြင့် ဖျက်ဆီးခံရသော လမ်းခြောက်လမ်းလုံးသည် KNU တပ်မဟာ (၁)၊ တပ်ရင်း (၃) နယ်မြေသို့ ဝင်ထွက်သွားလာနိုင်သော လမ်းများဖြစ်ပြီး စစ်ကောင်စီတပ်အနေဖြင့် ဖြတ်လေးဖြတ်ပြုလုပ်ရန်နှင့် ၎င်းတို့၏ တပ်စခန်းများအား တော်လှန်ရေးအင်အားစုများ၏ လာရောက်တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း သထုံခရိုင် PDF တာဝန်ခံက ဆိုသည်။
" လမ်းတွေဖျက်တယ်ဆိုတော့ ဖြတ်လေးဖြတ်လုပ်ဖို့အတွက် ပြင်ဆင်နေတာပဲလို့တော့ ပြောရမှာပေါ့နော်။ သူတို့လုပ်တာက တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက် ဆောင်ရွက်မှုတွေကိုလည်း ကာကွယ်တဲ့ သဘောပေါ့။ ဒါပေမဲ့ တကယ်တမ်း သူတို့ မကာကွယ်နိုင်ပါဘူး" ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကို ပြောသည်။
ထို့အပြင် ယခုရက်ပိုင်းတွင် တပ်မဟာ (၁) တပ်ရင်း (၃) နယ်မြေအတွင်းသို့ ကျိုက်ထိုမြို့ ပတ်ပတ်လည်ရှိ အမတ (၆၀၂) ၊ ခလရ(၂) ၊ အမတ (၃၁၀) ၊ ခမရ (၂၀၇) ၊ ရသေ့တောင်စခန်းတို့မှ လက်နက်ကြီးများဖြင့် နေ့၊ ညမရွေး ခပ်စိပ်စိပ် ပစ်ခတ်နေပြီး ဒေသခံများ ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။
ယခုကဲ့သို့ အများပြည်သူ အသုံးပြုရာလမ်းများ ဖျက်ဆီးခံရခြင်းကြောင့် ဒေသခံပြည်သူများသာ အဓိက ခက်ခဲရကြောင်းနှင့် ဈေးရောင်းဈေးဝယ် ပြုလုပ်သူများအနေဖြင့်လည်း ယခင်ကထက် ပို၍ အသွားအလာ ခက်ခဲကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့ကလည်း KNU တပ်မဟာ (၆) နယ်မြေ၊ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် မြို့ချင်းဆက်လမ်း၊ ကော့ကရိတ်မြို့နယ်အတွင်း ဝင်ရောက်နိုင်သော ကျုံဒိုးမြို့နယ် တောင်ကြာအင်းတံတားထိပ် ကတ္တရာလမ်း၊ ကျိုက်ဒုံလမ်းနှင့် ကမိုင်ကုန်းလမ်းတို့ကို စစ်ကောင်စီတပ်က ဘက်ဟိုးဖြင့် ဖျက်ဆီးခဲ့သေးကြောင်း ဒေသခံများက ပြောသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#ကျိုက်ထို
#ကျေးရွာချင်းဆက်လမ်းများဖျက်ဆီးခံရ
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤬3🔥2👏2
မေလ ၂၅ ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
============

-ဒီးမော့ဆို အရှေ့ခြမ်း ၁ဝ ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့် -အပါအဝင် ၄၀ ဦးခန့် သေဆုံးတဲ့သတင်း
-ပုလောမှာ တိုက်ပွဲကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရတဲ့အကြောင်း
-ကနီမြို့နယ်မှာ ဒေသခံ ၆၀၀၀ ကျော် စစ်ရှောင်နေရတဲ့သတင်း
-မဲဆောက်မြို့က မြန်မာတွေ နေထိုင်တဲ့ နေရာတွေကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက် ရှာဖွေတာတွေ လုပ်နေတဲ့အကြောင်း
-ရုရှားနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ဆန့်ကျင်ကြောင်း တရုတ်ပြောတဲ့သတင်း
-ထိုင်းနိုင်ငံမှာလေပြင်းတိုက်ခတ်မှုအတွင်း အဆောက်အဦးအမိုးပြိုကျပြီး ကလေးငယ် ၄ ဦးသေဆုံးတဲ့သတင်း အပါအဝင် ရေးကြီးတဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

https://youtu.be/FP-zSxsS_u8
👍9🔥1🍌1
​​အိမ်ထောင်စု ၃၀,၀၀၀ နီးပါးစာအတွက် ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ထားပြီးဖြစ်ကြောင်း AHA ထုတ်ပြန်

ဂျူချန်း
(မဇ္ဈိမ)။ ။ "မိုခါ"ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနအချက်အလက်များအရဟုဆိုကာ အိမ်ထောင်စု ၂၉,၅၉၅ အတွက် ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေထားပြီးဖြစ်ကြောင်း အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်မှုစင်တာ(AHA)၏ မေလ ၂၄ ရက်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်ခဲ့သည့် အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဒေသများထံသို့ အာဆီယံ၏ အကူအညီပေးမှုဆိုင်ရာ အချက်အလက်များကို စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များကို ကိုးကားပြီး အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်မှုစင်တာ (AHA)မှ ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ထိုအိမ််ထောင်စုများတွင် ရခိုင်အတွက် အိမ်ထောင်စု ၉,၂၆၉ စု၊ ချင်းအတွက် ၁,၃၀၈ စု၊​ ဧရာဝတီတိုင်းအတွက် ၅,၉၅၅ စု၊ ​စစ်ကိုင်းတိုင်းအတွက် ၅,၂၄၈စု၊ မကွေးတိုင်းအတွက် ၄,၂၆၅ စု နှင့် GAD နှင့် DMC ရုံးများမှတစ်ဆင့် ၃,၅၅၀ စုစာအတွက် ပို့ဆောင်ထားပြီးဖြစ်ကြောင်း အာဆီယံ၏ မေ ၂၄ ရက်နေ့ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင် ဘေးစီမံကော်မတီအဆိုအရ သယ်ယူပို့ဆောင်ရေးအတွက် ခရီးသည်တင်ယာဉ် ၁၇၃ စီး၊ ကုန်တင်ယာဉ် ၆၅၅စီး၊ ရေယာဉ် ၄၈၁ စီးနှင့် အရေးပေါ်လူနာတင်ယာဉ် ၁၈၃ စီးကို ရခိုင်၊ ချင်းနှင့် စစ်ကိုင်းတို့အတွက် ပို့ဆောင်ခဲ့ပြီး လူဦးရေ ၃၃,၀၀၀ အတွက် လုံလောက်အောင် ထောက်ပံ့ပေးနိုင်သည့် ရေသန့်ကား ငါးစီးကိုလည်း ရခိုင်အတွက် ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ AHAစင်တာ၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီလက်အောက်ခံ ဘေးအန္တရာယ်နှင့် စီမံခွဲရေးဆိုင်ရာ ကော်မတီ( NDMC )မှ ထုတ်ပြန်ထားသည့် အချက်အလက်များကိုသာ ပြန်လည်ကိုးကားဖော်ပြထားပြီး လက်တွေ့ကူညီဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များကိုလည်း စစ်ကောင်စီလက်အောက်မှာသာ ကူညီထောက်ပံ့နေရခြင်းတို့သည် အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်မှုစင်တာ( AHA) အနေဖြင့် အမှီအခိုကင်းပြီး လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ တိုက်တွန်းထားသည်။
👍19🔥1
မေလ (၂၅) ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ .မြန်မာစစ်တပ်အပေါ် ထပ်တိုးဒဏ်ခတ်မှု နည်းလမ်းတွေကို အမေရိကန်နဲ့ မိတ်ဖက်နိုင်ငံတွေ ဆွေးနွေးခဲ့ကြတဲ့ သတင်းနဲ့အတူ ဒီးမော့ဆိုအနောက်ခြမ်းမှာ စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲချတဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကိုနားဆင်ကြရပါမယ်။

https://youtu.be/1xIejIuuZPo
👍7🔥1😁1
Media is too big
VIEW IN TELEGRAM
လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ဘာတွေဆွေးနွေးခဲ့လဲ

Watch more detail - https://youtu.be/Mr22q_tRPR8

#Mizzima #Human Rights Barometer #ဦးအောင်မျိုးမင်း
#တွမ်အင်ဒရူး #reels #shorts #videonews
👍15🍌2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်ထုတ်လွှင့်မှုများ

https://youtu.be/gSPCUhAyDXY
#PVTV
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍21🍌2