Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ (၉၂)ကြိမ်မြောက် ဆန္ဒထုတ်ဖော်

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ မေလ ၂၅ ရက်၊ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်
ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
"လွယ်သလားခက်သလား သာဝ၊ ငါတို့ပြည်သူ မင်းအတွက် ကြိုးကျစ်ထားတယ်"စာသားပါ ဘန်နာအားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။
စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၉၂)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။

#ဆန္ဒပြ
#Mizzima
👍14❤4🔥1😁1
​​ အိန္ဒိယနိုင်ငံ၏ ဂျီဒီပီ ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၃ ဒသမ ၅ ထရီလီယံ ကျော်လွန်

အိန္ဒိယနိုင်ငံ၏ ဂျီဒီပီ သည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ထရီလီယံကို ကျော်လွန်ခဲ့ပြီး လာမည့် နှစ်အများအတွင်း ဂျီ-၂၀ နိုင်ငံများအနက် တိုးတက်မှု အလျင်မြန်ဆုံး ဖြစ်လာသည်။
👍7🔥2
ချဉ်စော်ခါးသီးရဲ့အကျိုးကျေးဇူးများ

-ချဉ်စော်ခါးသီးက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?
-ချဉ်စော်ခါးသီးမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?
-ချဉ်စော်ခါးသီးမှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

https://youtu.be/zw7hTLOcCr8
👍10🔥3🌭1
​​Mizzima's Reader Satisfactory Survey

မကြာတော့မယ့်ကာလမှာ မဇ္ဈိမမီဒီယာရဲ့ မီဒီယာခရီးလမ်းဟာ ၂၅နှစ် ပြည့်တော့မှာဖြစ်ပါတယ်. ၂၅နှစ်တိုင်တိုင် နေ့စဥ်မပြတ် တင်ဆက်ပေးခဲ့သည့် မဇ္ဈိမရဲ့သတင်း‌များအတွက် ဖတ်ရှုသူ ပရိသတ်များဆီက ထင်မြင်အကြံပြုချက်များ တောင်းခံလိုက်ပါရစေ.
ပရိသတ်ထံမှရရှိသော အကြံပြုချက်များ အပေါ်အခြေခံ၍ မဇ္ဈိမ၏ အားသာချက်၊ အားနည်းချက်များကို နားလည်သဘောပေါက်စေပြီး ပိုမိုကောင်းမွန်တဲ့ အစီအစဥ်ကောင်းတွေကို တင်ဆက်ပေးနိုင်မှာပဲဖြစ်ပါတယ်.
ဒါကြောင့် ၃ မိနစ်သာကြာတဲ့ survey အစီအစဥ်မှာ ပါ၀င်ပေးဖို့ဖိတ်ခေါ်လိုက်ပါရစေ. Survery မှာ သင့်အကြံပြုချက်များပေးဖို့ အောက်ပါလင့်ကိုနှိပ်ပါ.
https://forms.gle/Xqa7xEUnEucuADAz7

#mizzimasurvey
#mizzima25anniversary
👍58❤27👏3🔥1😁1
Mizzima pinned «​​Mizzima's Reader Satisfactory Survey မကြာတော့မယ့်ကာလမှာ မဇ္ဈိမမီဒီယာရဲ့ မီဒီယာခရီးလမ်းဟာ ၂၅နှစ် ပြည့်တော့မှာဖြစ်ပါတယ်. ၂၅နှစ်တိုင်တိုင် နေ့စဥ်မပြတ် တင်ဆက်ပေးခဲ့သည့် မဇ္ဈိမရဲ့သတင်း‌များအတွက် ဖတ်ရှုသူ ပရိသတ်များဆီက ထင်မြင်အကြံပြုချက်များ တောင်းခံလိုက်ပါရစေ.…»
ဒေါင်း ပါဝင်သည့် ထိုင်း TV ဇာတ်လမ်းတွဲ ဆု ၂ ဆု ရရှိ

မောင်ခက်နွေ
(မဇ္ဈိမ)။ ။ယမန်နေ့ မေလ ၂၅ ရက်နေ့ညက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် Nine Entertainment Awards 2023 ဆုပေးပွဲတွင် သရုပ်ဆောင်ဒေါင်း ပါဝင်သရုပ်ဆောင်ထားသည့် "ကျောက်ဖရားမှ ဧရာဝတီသို့” ရုပ်သံဇာတ်လမ်းတွဲက ဆုနှစ်ဆုကို ရရှိခဲ့သည်။
Nine Entertainment Awards 2023 ဆုပေးပွဲတွင် ကျောက်ဖရားမှ ဧရာဝတီသို့ ဇာတ်လမ်းတွဲက Creative Team of the Year နှင့် Drama of the Year ဆုနှစ်ဆု ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါင်းသည် ထိုဇာတ်လမ်း၌ မြဝတီမင်းကြီးဦးစ နေရာတွင် သရုပ်ဆောင်ခဲ့ပြီး ထိုင်းသရုပ်ဆောင်များနှင့် အတူရိုက်ကူးထားခြင်းဖြစ်သည်။
👍24❤4😁3
လာမည့် ဇွန်လ ၁၀ ရက်နေ့တွင် ပြုလုပ်မည့် ရွှေရုပ်မြင်သံကြားဆုအတွက်လည်း ကျောက်ဖရားမှ ဧရာဝတီသို့ ရုပ်သံဇာတ်လမ်းတွဲဖြင့် ဇာတ်ပို့ဆု ဆန်ခါတင်ဝင်ရောက်နေကြောင်း သိရသည်။
သရုပ်ဆောင် ဒေါင်းသည် ဇာတ်ကားကို ရိုက်ကူးနေစဉ် စစ်တပ်က ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် အာဏာသိမ်းခဲ့ခြင်းကြောင့် သရုပ်ဆောင် "ဒေါင်း”အပါအဝင် အလှမယ် နှင်းသွေးယုအောင်တို့က အာဏာသိမ်းခြင်းကို ဆန့်ကျင်ခဲ့ကြပြီး သူတို့နှစ်ဦးကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်လှစ်ထားသည်။
စာတည်း -သန့်ဇော်(သန်လျင်)
#mizzima
#ဒေါင်း
#ထိုင်း
#TVဇာတ်လမ်းတွဲ
#အာဏာသိမ်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤3🔥2
မုံရွာမြို့ပေါ် လူစည်ကားရာနေရာများတွင် ပြောက်ကျားသပိတ် ဖော်ဆောင်

KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် လူစည်ကားရာနေရာများတွင် မေလ ၂၅ ရက်နေ့က ပြောက်ကျားသပိတ် ဖော်ဆောင်ခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ထုတ်ပြန်သည်။
"ကျောက္ကာလမ်း၊ နာရီစင်၊ ကန်သာယာစတဲ့နေရာတွေမှာဖော်ဆောင်ခဲ့ပါ" ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောသည်။
ပြောက်ကျားသပိတ်ဖော်ဆောင်မှုတွင် "ကျေးလက်မှာပေးဆပ် မြို့ပြမှာအပြုံးမပျက်"၊ "လုံးဝအုပ်ချုပ်ခွင့်မရစေရ"၊ "ဖက်ဆစ်စနစ်သပိတ်မှောက် ဖက်ဒရယ်လမ်းကိုရဲရဲလျှောက်" စသည့်စာသားများ ကိုင်ဆောင်ခဲ့ကြကြောင်း သိရသည်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အခြေစိုက်ပြီး စစ်ကောင်စီတပ်မီးရှို့ခဲ့သည့် ကျေးရွာများမှဒေသခံများကို ပြန်လည်ထူထောင်ရေးအတွက် ကူညီပေးနေသည့် အဖွဲ့တစ်ခုဖြစ်သည်။
❤21👍5😁2
မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့သည့်ကျေးရွာများအားလည်း သွားရောက်ပြီး စားသောက်ကုန်များလှူဒါန်းနေကြောင်း ယင်းအဖွဲ့ဝင်က မဇ္ဈိမကိုပြောသည်။
စာတည်း-သန့်ဇော်(သန်လျင်)
#mizzima
#အညာပစ်တိုင်းထောင်လေးများ
#ရေဘေးသင့်
#မိုခါ
#မုံရွာမြို့
#ပြောက်ကျားသပိတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁2❤1