Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဒေါင်း ပါဝင်သည့် ထိုင်း TV ဇာတ်လမ်းတွဲ ဆု ၂ ဆု ရရှိ

မောင်ခက်နွေ
(မဇ္ဈိမ)။ ။ယမန်နေ့ မေလ ၂၅ ရက်နေ့ညက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် Nine Entertainment Awards 2023 ဆုပေးပွဲတွင် သရုပ်ဆောင်ဒေါင်း ပါဝင်သရုပ်ဆောင်ထားသည့် "ကျောက်ဖရားမှ ဧရာဝတီသို့” ရုပ်သံဇာတ်လမ်းတွဲက ဆုနှစ်ဆုကို ရရှိခဲ့သည်။
Nine Entertainment Awards 2023 ဆုပေးပွဲတွင် ကျောက်ဖရားမှ ဧရာဝတီသို့ ဇာတ်လမ်းတွဲက Creative Team of the Year နှင့် Drama of the Year ဆုနှစ်ဆု ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါင်းသည် ထိုဇာတ်လမ်း၌ မြဝတီမင်းကြီးဦးစ နေရာတွင် သရုပ်ဆောင်ခဲ့ပြီး ထိုင်းသရုပ်ဆောင်များနှင့် အတူရိုက်ကူးထားခြင်းဖြစ်သည်။
👍24❤4😁3
လာမည့် ဇွန်လ ၁၀ ရက်နေ့တွင် ပြုလုပ်မည့် ရွှေရုပ်မြင်သံကြားဆုအတွက်လည်း ကျောက်ဖရားမှ ဧရာဝတီသို့ ရုပ်သံဇာတ်လမ်းတွဲဖြင့် ဇာတ်ပို့ဆု ဆန်ခါတင်ဝင်ရောက်နေကြောင်း သိရသည်။
သရုပ်ဆောင် ဒေါင်းသည် ဇာတ်ကားကို ရိုက်ကူးနေစဉ် စစ်တပ်က ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် အာဏာသိမ်းခဲ့ခြင်းကြောင့် သရုပ်ဆောင် "ဒေါင်း”အပါအဝင် အလှမယ် နှင်းသွေးယုအောင်တို့က အာဏာသိမ်းခြင်းကို ဆန့်ကျင်ခဲ့ကြပြီး သူတို့နှစ်ဦးကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်လှစ်ထားသည်။
စာတည်း -သန့်ဇော်(သန်လျင်)
#mizzima
#ဒေါင်း
#ထိုင်း
#TVဇာတ်လမ်းတွဲ
#အာဏာသိမ်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤3🔥2
မုံရွာမြို့ပေါ် လူစည်ကားရာနေရာများတွင် ပြောက်ကျားသပိတ် ဖော်ဆောင်

KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် လူစည်ကားရာနေရာများတွင် မေလ ၂၅ ရက်နေ့က ပြောက်ကျားသပိတ် ဖော်ဆောင်ခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ထုတ်ပြန်သည်။
"ကျောက္ကာလမ်း၊ နာရီစင်၊ ကန်သာယာစတဲ့နေရာတွေမှာဖော်ဆောင်ခဲ့ပါ" ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောသည်။
ပြောက်ကျားသပိတ်ဖော်ဆောင်မှုတွင် "ကျေးလက်မှာပေးဆပ် မြို့ပြမှာအပြုံးမပျက်"၊ "လုံးဝအုပ်ချုပ်ခွင့်မရစေရ"၊ "ဖက်ဆစ်စနစ်သပိတ်မှောက် ဖက်ဒရယ်လမ်းကိုရဲရဲလျှောက်" စသည့်စာသားများ ကိုင်ဆောင်ခဲ့ကြကြောင်း သိရသည်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အခြေစိုက်ပြီး စစ်ကောင်စီတပ်မီးရှို့ခဲ့သည့် ကျေးရွာများမှဒေသခံများကို ပြန်လည်ထူထောင်ရေးအတွက် ကူညီပေးနေသည့် အဖွဲ့တစ်ခုဖြစ်သည်။
❤21👍5😁2
မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့သည့်ကျေးရွာများအားလည်း သွားရောက်ပြီး စားသောက်ကုန်များလှူဒါန်းနေကြောင်း ယင်းအဖွဲ့ဝင်က မဇ္ဈိမကိုပြောသည်။
စာတည်း-သန့်ဇော်(သန်လျင်)
#mizzima
#အညာပစ်တိုင်းထောင်လေးများ
#ရေဘေးသင့်
#မိုခါ
#မုံရွာမြို့
#ပြောက်ကျားသပိတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁2❤1
စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းကြောင့် ခင်ဦး မြေနီသျှိုရွာခံများ တိမ်းရှောင်နေရ

KMN
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ဘက်မှ မေလ ၂၄ ရက်နေ့တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ခမရ(၃၆၈) ခြေလျင်စစ်ကြောင်းကြောင့် မြေနီသျှိုရွာနှင့်နီးစပ်ရာရွာခံများ အရေးပေါ်တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
၎င်းစစ်ကြောင်းသည် မေလ ၂၄ ရက်နေ့တွင် ခင်ဦးမြို့ပေါ် ရောက်ရှိခဲ့ပြီး ယမန်နေ့ မေလ ၂၅ ရက်နေ့တွင် မဒေါင်းလှ ပျူများနှင့်ပူးပေါင်းကာ မကျီးတုံပျူရွာ အနီးပတ်ဝန်းကျင်တွင် စစ်ရေးလှုပ်ရှားခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
ထိုစစ်ကြောင်းသည် မေလ ၂၅ ရက်နေ့၊ ညနေပိုင်းတွင် မြေနီသျှိုလမ်းဆုံ သို့ရောက်ရှိကာ ညပိုင်းတွင် အနီးအနားနေရာများအား မီးရှို့ခဲ့ကြောင်း သိရသည်။
"ဒေသခံမျက်မြင်ပြောတာတော့ နေအိမ်နှစ်လုံးလောက်ပဲ မီးရှို့သွားတယ်ပြောတယ်။ ရွာရဲ့အနောက်ဘက် ရွှေဘို-မြစ်ကြီးနားလမ်းဆုံ ဈေးလေးနားကိုရှို့သွားတယ် သိရတယ်။ စစ်ကြောင်းကင်းလှည့်နေတာမို့ ဝင်ရောက်လို့တော့မရသေးပါဘူး"ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။
👍10😁3🔥2
မြေနီသျှိုလမ်းဆုံ နှင့် မြေနီသျှိုရွာကြားအထိ စစ်ကောင်စီတပ် ကင်းပုန်းများ တိုးလာခြင်းကြောင့် မြေနီသျှိုရွာနှင့်အတူ ကျွန်းပင်ကန်၊ ခြေမြစ်ရင်း စသည့်ကျေးရွာများမှ ဒေသခံများ မေလ ၂၅ ရက်နေ့၊ ညပိုင်းမှစတင်ကာ တိမ်းရှောင်နေကြရသည်။
မြေနီသျှိုလမ်းဆုံနီးနေအိမ် နှစ်လုံးကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်စစ်ကြောင်းမှာ ယနေ့ မေလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘို-မြစ်ကြီးနားလမ်းမှတစ်ဆင့် တောတွင်းလမ်းဝင်ရောက်ကာ ခြေလျင်စစ်ကြောင်းဆက်ထိုးနေသည်။
ယင်းစစ်ကြောင်းသည် ဒေသကာကွယ်ရေးတပ်များထောင်ထားသည့် မိုင်းများနင်းမိခဲ့သောကြောင့် စစ်သားတချို့ထိခိုက်ဒဏ်ရာရခဲ့ပြီး ရွှေဘိုနယ်၊ ခုန်ကုန်းပျူရွာဘက်ကို ယနေ့ နံနက် ၁၀နာရီခွဲခန့်တွင် ဝင်ရောက်သွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။
ခင်ဦးမြို့နယ်တွင် မေလ၂၅ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာ ၇၄ ရွာအထိ ရှိခဲ့ပြီး အိမ်ခြေ ၅,၀၀၀ ကျော် ပြာကျပျက်စီး၍ အိုးမဲ့အိမ်မဲ့ပြည်သူပေါင်း ၃၀,၀၀၀ ဝန်းကျင်ရှိလာကာ အကူအညီများ လိုအပ်နေသည်။
စာတည်း - သန့်ဇော်(သန်လျင်)
ဓာတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး (ပုံဟောင်း)
(စစ်ကောင်စီတပ်များ နှစ်ရက်ဆက်(မေလ ၉-၁၉၊၂၀) မီးရှို့ဖျက်ဆီးခဲ့သည့် ကံသစ်ကျေးရွာ)
#Mizzima
#ခင်ဦးမြို့နယ်
#ခြေလျင်စစ်ကြောင်း
#မြေနီသျှိုရွာ
#မီးရှို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥3❤2😁2
This media is not supported in your browser
VIEW IN TELEGRAM
ပုလဲမြို့နယ် ဇီးဖြူကုန်း ပျူရွာကို MRDA တပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် တိုက်ခိုက်

#Mizzima #ဇီးဖြူကုန်း #ပျူရွာ
#စစ်ကောင်စီတပ် #ပုလဲမြို့နယ် #MRDA
👍18😁2❤1
မေလ ၂၆ ရက် မနက် ၁၁ နာရီအထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥2