Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တ အရှင်ကုမာရာဘိဝံသ ပျံလွန်တော်မူ

007၊ မောင်ခက်နွေ
(မဇ္စျိမ)။ ။ နိုင်ငံတော်သံံဃမဟာနာယကအဖွဲ့(မဟန)ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တ အရှင်ကုမာရာဘိဝံသသည် ယမန်နေ့ညက မန္တလေးမြို့တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
ယမန်နေ့မေလ ၂၅ ရက် ည ၁၁ နာရီ ၁၁ မိနစ်အချိန်ခန့်တွင် ဆရာတော်သီတင်းသုံး နေထိုင်တော်မူသည့် မန္တလေး မဟာအောင်မြေမြို့နယ် ဗောဓိကုန်းရပ်ကွက် ဗန်းမော်ကျောင်းတိုက်၌ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်ကြောင်း ကျောင်းတိုက်နေ ရဟန်းတော်များက အတည်ပြုသည်။
“ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အမှူးပြုသော ပါမောက္ခ၊ကထိကဆရာတော်များနှင့် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် တက်ရောက်ပြီး၊ တက်ရောက်နေဆဲ (သံဃာတော်၊သီလရှင်၊လူပုဂ္ဂိုလ်) ကျောင်းတော်သူ ၊ကျောင်းတော်သားများအတွက် ကြီးစွာစိတ်နှလုံးထိခိုက်ရခြင်းနှင့်အတူ မိမိတို့တက္ကသိုလ်အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်ရပါသည်"ဟု ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ကြည့်မြင်တိုင်) မှ ဆရာတော်တစ်ပါးက မိန့်သည်။
ဆရာတော်သည်၊ ယခုနှစ် မတ်လနှင့်ဧပြီတို့တွင် အသည်းရောဂါကြောင့် ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ဆေးဝါးကုသမှု ခံယူခဲ့ရသေးသည်။
ထို့နောက် ဧပြီလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ပြန်လည်ကြွရောက်ခဲ့ပြီး ကျောင်းတိုက်အတွင်း ဆေးဝါးကုသမှု ခံယူရင်း ပျံလွန်တော်မူခြင်းဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးတွင် တစ်ပါးတည်းသာ ရယူနိုင်ခဲ့သော ပါဠိသိရောမဏိဘွဲ့ရ အဋ္ဌကထာကျမ်းပြုအကျော် သာသနာ့အာဇာနည်တစ်ပါးဖြစ်တော်မူသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒမေဇာတိက၊ သက်သီဟ-၀ဋံသကာနှင့် ပြည်တွင်းပြည်ပ ဘွဲ့ထူးဂုဏ်ထူးရ ဗန်းမော်ဆရာတော်ကို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ၊တောင်သာမြို့နယ်၊ ရဘဲကျေးရွာ၌ ခမည်းတော် ဦးဘိုးသစ် မယ်တော်ဒေါ်အေးသိုက်တို့က ၁၂၉၁ ခုနှစ် တော်သလင်းလဆန်း ၁၄ ရက်တွင် ဖွားမြင်တော်မူခဲ့သည်။
ဆရာတော်သည် ၂၀၁၀ ပြည့်နှစ်မှ ပျံလွန်တော်မူချိန်အထိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဗဟိုသံဃာ့၀န်ဆောင်အဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိအဖြစ် တာ၀န်ယူခဲ့ပြီး ပျံလွန်တော်မူချိန်တွင် သက်တော် ၉၄ နှစ်၊ ဝါတော် ၇၄ ဝါ ရှိကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဥက္ကဋ္ဌဆရာတော် နဝမမြောက် ဗန်းမော်ဆရာတော်ဟု လူသိများသည့်အပြင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင်လည်း ဒုတိယပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဆရာတော်၏ဈာပနအခမ်းအနားနှင့်ပတ်သက်၍ သီးခြားသတင်းထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မန္တလေးတိုင်း
#ဗန်းမော်ဆရာတော်
#ပျံလွန်တော်မူခြင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🙏18👍7
​​တော့တင်ဟမ်ဟာ သူနဲ့ ငြိတွယ်မှုမရှိတဲ့ တစ်ခုတည်းသော အသင်းပဲလို့ ရိုးမားနည်းပြ ဟိုဆေး မော်ရင်ဟို ပြော

ဟိုဆေးမော်ရင်ဟိုက တော့တင်ဟမ်ဟာ သူနဲ့ ချည်နှောင်တွယ်တာမှုမရှိတဲ့ သူကိုင်တွယ်ခဲ့တဲ့ တစ်ခုတည်းသော အသင်းဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
👍8🔥1
ဟားခါးမြို့သို့ နိုင်ငံကူးလက်မှတ် သက်တမ်းသွားတိုးသူ ၂ဦး သတ်ဖြတ်ခံရမှု PDF ပြင်းထန်စွာရှုတ်ချ

ပါခွီး
(မဇ္စျိမ) ။ ။ချင်းပြည်နယ် ၊ ဟားခါးမြို့သို့ နိုင်ငံကူးလက်မှတ်(Passport) သက်တမ်းသွားတိုးသူ နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်မီးရှို့ခဲ့သည့်အတွက် ပြင်းထန်စွာ ရှုတ်ချကြောင်း ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU) People Defence Force – Zoland က မေလ ၂၅ရက်တွင်ထုတ်ပြန်သည်။
တီးတိန်မြို့ ၊ လွယ်ဘွာလ်းရပ်ကွက်နေ အဘ ဦးနန်ခန့်ခိုင်၏ သမီး အသက် ၃၇နှစ်အရွယ် မကျင်ဟောက်ဝုန် နှင့် အဘ ဦးဇမ်းလမ့်ထန် ၏သား အသက် ၃၂အရွယ် ဦးလျန်းဇထောင်းမ် တို့သည် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။
မကျင်းဟောက်ဝုန်သည် ဒူဘိုင်းမြို့တွင် အလုပ်လုပ်ကိုင်ခဲ့ပြီး အင်္ဂလန်နိုင်ငံတွင် ပညာတော်သင်အဖြစ် လျောက်ထားရန် နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ဆုံးခါနီးသဖြင့် သက်တမ်းတိုးရန် မြန်မာပြည်သို့ ပြန်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးလျန်းဇထောင်းမ်သည် ဟားခါးပြည်သူဆေးရုံ (ဓါတ်ခွဲ - ၂) အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး နွေဦးတော်လှန်ရေး၌ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်လာခဲ့သူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
😢13😁4👍2🔥1🤬1
၎င်းတို့နှစ်ဦးသည် မေလ ၂ရက်တွင် ဖလမ်းမြို့မှ ဟားခါးမြို့သို့အသွား၌ ညနေ ၆ နာရီနောက်ပိုင်း မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်‌တောက်သွားသဖြင့် မိသားစုဝင်များက လူပျောက်ကြော်ငြာကာ စုံစမ်းခဲ့ကြရာ ထလန်ရောရွာသစ်အနီးတွင် ၎င်းတို့၏ အဝတ်အစားနှင့် စာရွက် စာတမ်းများကို ခရီးသွားများက ကောက်ယူရရှိထားခဲ့ကြောင်း သိရသည်။
မေလ ၂၂ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းချခဲ့ပြီး စွန့်ခွာသွားခဲ့သော နှီယာလ်ေလှောန်းရွာသစ်အနီး သီဖိုလ်လမ်းတွင် ၎င်းတို့နှစ်ဦး၏ မီးရှို့ခံထားရသော ရုပ်အလောင်းများကို တွေ့ရှိရကြောင်းဆိုသည်။
“ရုပ်အလောင်းတွေက ရုပ်မပေါ်တော့ဘူး ၊ အလောင်းအနီးမှာရှိတဲ့ မီးမလောင်တဲ့ ရိုးရာလည်ဆွဲကို တွေ့ရတယ်၊ အဲဒါနဲ့ အတည်ပြုခဲ့တာပါ” ဟု မိသားစုဝင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
၎င်းတို့ရုပ်အလောင်းများကို ဟားခါးမြို့သို့သယ်ယူပြီး သင်္ဂြိုဟ်ခဲ့ကြကာ မေလ ၂၄ရက်နေ့တွင် တီးတိန်မြို့ နေအိမ်တွင် အောက်မေ့ဖွယ် ဝတ်ပြုပွဲ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ကလေးမြို့မှ ဟားခါးမြို့သို့ စစ်အင်အားနှင့် ရိက္ခာဖြည့်တင်းရန်ထွက်ခွာလာသည့် စစ်ကောင်စီတပ်သည် ချင်းအမျိုးသားတပ်မတော်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ၏ အကြိမ်ကြိမ်ဖြတ်တောက်တိုက်ခိုက်မှုကြောင့် ပါလာသည့်ယာဉ်များ အကုန်ပျက်စီးခဲ့ပြီး အကျအဆုံးအထိအခိုက်များစွာရှိခဲ့ကာ ဒေသခံနေအိမ်များမီးရှို့ဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြောင်း ဒေသတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ချင်းပြည်နယ်
#ဟားခါးမြို့
#စစ်ကောင်စီတပ်
#သတ်ဖြတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥4😁2
​​စမ်းချောင်းတွင် လူငယ် ၁၆ ဦးအား အရပ်ဝတ်စစ်ကောင်စီတပ်သားများက လိုက်လံဖမ်းဆီး

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက်ရပ်ကွက်မှ လူငယ် ၁၆ ဦးအား အရပ်ဝတ်စစ်ကောင်စီတပ်သားများက မေလ ၂၅ ရက်က တစ်အိမ်တက်ဆင်း လိုက်လံဖမ်းဆီးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
“အစက ကောင်လေးနှစ်ယောက်ကိုဖမ်းသွားတာ၊ သူတို့လာတဲ့အချိန်မှာလည်း လက်ထဲမှာ စာရွက်ပါလာတယ်။ နာမည်စာရင်းဖြစ်ဖို့များတယ်။ နောက်တော့ ဖမ်းခံရတဲ့ကောင်လေးတွေကိုမေးပြီး နောက်ထပ်တစ်အိမ်ကိုသွားဖမ်းတယ်။ အဲ့မှာကြတော့ ဒီရက်ပိုင်းမှာဝတ်ခဲ့တဲ့ အဝတ်အစားတွေကို ထုတ်ဆိုပြီးတော့ စစ်တယ်။ စစ်ပြီးတော့ အိမ်တော်တော်များများဝင်ဖမ်းပြီး ၁၆ ယောက်ကို ကားပေါ်တင်ဖမ်းသွားတယ်။” ဟု ရပ်ကွက်နေပြည်သူများထံကတစ်ဆင့် သိရသည်။
ဖမ်းဆီးသည့်ဖြစ်စဉ်မှာ မေလ ၂၅ ရက် နံနက်အစောပိုင်း ၂ နာရီခွဲမှ ၄ နာရီ အကြားတွင်ဖြစ်ပြီး ဖမ်းဆီးရသည့် အကြောင်းအရင်းအသေးစိတ်အား မသိရှိရသေးသော်လည်း ထိုထဲတွင် ဆရာဝန်နှစ်ဦး ပါဝင်ကြောင်းကို သိရှိရသည်။ ယခင်က ဖမ်းဆီးမှုများတွင် အဖမ်းခံရသူများအား စမ်းချောင်းရဲစခန်းသို့ အရင်ပို့ဆောင်သော်လည်း ယခုဖြစ်စဉ်တွင် ဖမ်းဆီးခံရသူများအား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရပေ။
ဖမ်းဆီးခံရသော လူငယ် ၁၆​ ဦးအနက် နှစ်ဦးမှာပြန်လည်လွတ်မြောက်လာသော်လည်း ကျန် ၁၄ ဦး၏ သတင်းမှာတော့ ပျောက်နေဆဲဖြစ်ကြောင်း ပြောသည်။
“စစချင်းဖမ်းခံရတာ ၁၃ ယောက်၊ နောက်ကျတော့ ကားပေါ်ဖမ်းတင်သွားတာ ၁၆ ယောက်ဖြစ်သွားတယ်။ ဖမ်းသွားပြီးတော့ နှစ်ယောက်ကို ပြန်လွှတ်လိုက်ပြီးတော့ ၁၄ ယောက်ကိုတော့ ဘယ်နေရာခေါ်ထားမှန်းမသိဘူး။ ရဲစခန်းမှာလည်းလုံးဝမရှိဘူး။” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက မဇ္ဈိမ ကို ပြောသည်။
ဖမ်းဆီးမှုဖြစ်ပွားသည့်နေရာမှာ စမ်းချောင်း ၊ ဝေဠုဝန်မြောက်ရပ်ကွက်တွင်ဖြစ်ပြီး ထိုရပ်ကွက်၌ စစ်ကောင်စီသတင်းပေး သုံးဦးရှိကာ အဆိုပါသတင်းပေးများ၏ တိုင်ကြားမှုကြောင့် ဖမ်းဆီးမှုဖြစ်စဉ်ရှိခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။
လွန်ခဲ့သည့် ရက်သတ္တပတ်ခန့်ကလည်း စမ်းချောင်းတွင် လမ်းသွားလမ်းလာလူငယ်ပါမကျန် စစ်ဆေးဖမ်းဆီးခံရပြီး တစ်ပတ်အတွင်း အယောက် ၃၀ ခန့် ဖမ်းဆီးခံရသည့် အခြေအနေဖြစ်ခဲ့ကာ ထိုကဲ့သို့ ဖမ်းဆီးမှုများပြုလုပ်ပြီးနောက် ရန်ကုန်ရှိ မြို့ပြပြောက်ကျားများကို စစ်ကောင်စီဘက်မှ ဖမ်းမိထားကြောင်းဆိုကာ ပုဒ်မမျိုးစုံတပ်၍ သတင်းထုတ်ပြန်ကြေညာခြင်းများရှိသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မြို့ပြပြောက်ကျား
#စမ်းချောင်းမြို့နယ်
#ဖမ်းဆီးမှု
#ဆရာဝန်
ဓာတ်ပုံ - စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🤬4🔥2🥰2👏2
မေလ ၂၆ ရက်နေ့၊ မွန်းလွှဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

00:57- မုန်တိုင်းဘေးသင့် ပြည်သူများအား ကူညီရေး ကယ်ဆယ်ရေးအတွက် လွတ်လပ်စွာသွားလာခွင့်ပြုဖို့ ကုလသမဂ္ဂတောင်းဆို တဲ့သတင်း
04:04- ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တ အရှင်ကုမာရာဘိဝံသပျံလွန်တော်မူတဲ့သတင်း
06:03- စစ်ဘေးသင့်ဆီးရီးယားမှာ မွေးကင်းစကလေးတွေကို ဗလီတွေထဲနဲ့ သစ်ပင်တွေအောက်မှာ စွန့်ပစ်ထားခဲ့ကြတဲ့သတင်း
12:45- ရိုဟင်ဂျာနေရပ်ပြန်ရေး ဆွေးနွေးဖို့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သွားရောက်တဲ့သတင်းတွေ
အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/1VFpW3IqqV4
❤2🔥2😁1
​​ကလေးမြို့ စခန်းကြီးရွာတွင် စစ်ကောင်စီတပ်က အုပ်ကြီးခန့်အပ်ပြီး ပျူစောထီး အဓမ္မဖွဲ့စည်းရန် ဖိအားပေး

ပါခွီး
(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်မြောက်ပိုင်း စခန်းကြီးရွာကို စစ်ကောင်စီတပ်မှ အုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌခန့်အပ်ပြီး ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ အဓမ္မ ဖွဲ့စည်းရန် ဖိအားပေးလုပ်ဆောင်နေကြောင်း ဒေသခံများထံမှသိရသည်။
မေလ ၁၂ရက်နေ့တွင် စခန်းကြီးရွာသို့ စစ်ကောင်စီတပ်သားများရောက်လာခဲ့ပြီး တစ်အိမ်တစ်ယောက် စာသင်းကျောင်းသို့ အစည်းအဝေးခေါ်ခဲ့ပြီး မတက်ရောက်သည့်အိမ် မီးရှို့မည်ဖြစ်ကြောင်း လော်စပီကာဖြင့် အော်ခေါ်ခဲ့ကြောင်းသိရသည်။
နေ့လယ် ၁၂နာရီအချိန်တွင် စစ်ကောင်စီတပ်မှ အရာရှိများရောက်ရှိလာခဲ့ပြီး တက်ရောက်လာသည့် အိမ်ရှင်မအများစု နှင့် အသက်ကြီးရွယ်အိုများအပါအဝင် အမျိုးသား လူလတ် လေးဦးခန့်ပါသည့် ဒေသခံများကို အုပ်ချုပ်ရေး ဥက္ကဋ္ဌခန့်အပ်ရန် နှင့် ပျူစောထီးတပ် ဖွဲ့စည်းရန်လိုအပ်ကြောင်း ပြောဆိုခဲ့သည့်ဟု ဆိုသည်။
“ဘယ်သူ့ကို ဥက္ကဋ္ဌလုပ်ခိုင်းမလဲ ၊ ငါတို့စကားကိုနားမထောင်ရင် ဒီဘက်က လက်ပံချောင်း ၊ ပျဉ်းတောဦး ၊ ညောင်ကုန်းရွာတွေဘက်လိုမျိုး ကြိုက်တဲ့အချိန် လက်နက်ကြီးနဲ့ပစ်မယ် ၊ မီးရှို့မယ် ၊ အသက်တွေကိုလည်း အာမ မခံဘူး” ဟု စစ်ကောင်စီတပ်အရာရှိက ပြောဆိုခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက မဇ္စျိမ ကိုပြောဆိုသည်။
အကယ်၍ ၎င်းတို့စကားအား နားထောင်ခဲ့ပါက မြို့နယ်အတွင်း လွတ်လပ်စွာသွားလာခွင့်ရရှိပြီး ရွာကိုလည်း အခြားပျူစောထီးရွာများဖြစ်သည့် အင်တိုင်ကြီး ၊ အင်တိုင်လေး ၊ ကျောင်းတိုက်ဆည်ဦး များကဲ့သို့ ရွာခံများ၏ အသက်နှင့် လုံခြုံရေး တာဝန်ယူပေးမည်ဖြစ်ကြောင်း ဆိုသည်။၎င်းအပြင် တောင်သူလယ်သမားများအတွက် ထောက်ပံ့ကြေးနှင့် ချေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အဆိုပါ အစီအစဉ်များကို ထောက်ခံပါသလား မေးမြန်းခဲ့ရာ လူငယ်တစ်ဦးမှ ထောက်ခံကြောင်းနှင့် ဥက္ကဋ္ဌအား ငဖြိုး ဆိုသူကိုတင်မြှောက်ရန် သင့် တော်ကြောင်း အဆိုတင်သွင်းခဲ့သည်ဟု သိရသည်။
သို့သော် တက်ရောက်လာသော လူကြီးတစ်ဦးမှ ၎င်းတို့ရွာသည် ချင်း - ဗမာရောနှော နေထိုင်သည့်အတွက် ညီညွတ်မှုမရှိကြောင်း ယင်းသို့ဖွဲ့စည်းရန်အတွက်အချိန်လိုအပ်ကြောင်း တင်ပြပြောဆိုခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်က အချိန် ၁၀ရက်ပေးမည်ဖြစ်ပြီး အစည်းအဝေးအပြီးတွင် ရွာမီးလင်းရေးရန်ပုံငွေ ၃၀,၀၀၀,၀၀၀(သိန်းသုံးရာကျော်) ကို တောင်းယူကြောင်း ဆိုသည်။
မေလ ၂၅ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ် နှင့် ပျူစောထီးအဖွဲ့ အင်အား ၂၀၀ ကျော်ခန့်သည် ကံကြီးဘက်တွင် လှုပ်ရှားသွားလာခဲ့ပြီးနောက် စခန်းကြီးရွာကို ဝိုင်းထားကာ ရွာအတွင်းရှိ တစ်အိမ်ထောင်တစ်ယောက် ဘုန်းကြီးကျောင်းသို့ အစည်း အဝေးလာရန်ပြန်လည်ခေါ်ခဲ့ကြောင်း သိရသည်။
ယင်းနောက်တွင် ကနဦး ဥက္ကဋ္ဌအဖြစ် အဆိုပြုထားသူ ငဖြိုးအား ဥက္ကဋ္ဌတင်မြှောက် ကြောင်းအသိပေးခဲ့ပြီး ပျူစောထီးဖွဲ့စည်းရန် အထူးလိုအပ်ပြီး ကြောက်စရာမလိုအပ်ကြောင်း ယခုအခါ လူကိုယ်တိုင်မတိုက်တော့ဘဲ လေကြောင်းမှသာ တိုက်ခိုက်တော့ကြောင်း အသိပေးခဲ့သည် ဟုဆိုသည်။
အဆိုပါ ဥက္ကဋ္ဌဖြစ်သူ ငဖြိုးမှာ အသက် ၃၀ ခန့်ရှိပြီး အလုပ်အကိုင်မရှိသည့် မူးယစ်ဆေးစွဲနေသည့် ဆေးသမားတစ်ဦးဖြစ်ပြီး ၎င်း၏ ဖခင်ဖြစ်သူမှာ ဆေးမှူးတစ်ဦး ဖြစ်သဖြင့် ငဖြိုးအား ဗန်းပြထားပြီး သူ့ဖခင်မှ လုပ်ငန်းများ လုပ်ကိုင်သွားဖွယ်ရှိကြောင်း အမည်မဖော်လိုသည့် ဒေသခံမှ သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီတပ်သည် စခန်းကြီးကျေးရွာကို ကလေးမြို့မြောက်ပိုင်း စစ်ကြောင်းများ ထိုးသည့်အချိန်တွင် စုရပ်အဖြစ်အသုံးပြုရန်ရည်ရွယ်ထားပြီး ယခင်က CDM ဆရာမ အပါဝင် လူခြောက်ဦးခန့်ကို ဖမ်းဆီးထားခဲ့ကြောင်း ကလေးမြို့ ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးထံမှသိရသည်။
စခန်းကြီးကျေးရွာသည် အိမ်ခြေ ၂,၀၀၀ ခန့်ရှိသော ရွာကြီးဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပတ်သက်မှုမရှိသကဲ့သို့ စစ်ကောင်စီတပ်ကို လည်း ထောက်ခံခြင်း မရှိကြောင်း ဒေသခံထံမှ သိရှိရသည်။
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#စခန်းကြီးကျေးရွာ
#ကောင်စီတပ်
#အုပ်ချုပ်ရေးမှူး
#ကလေးမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤4😁2
​​မိုခါဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်များသို့ အကူအညီ ပေးပို့ရာ နှောင့်နှေးကြန့်ကြာနေ

ရခိုင်ပြည်နယ်တွင် မုန်တိုင်းတိုက်ခတ်ပြီးနောက် ၁၀ ရက်ကြာအထိ မိုခါဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်များထံ အကူအညီများ ပေးပို့ရေး၌ ပြဿနာများ ရှိနေသည်ကို စိုးရိမ်ပူပန်ကြောင်း ဌာနေမီဒီယာက သတင်းဖော်ပြသည်။
ဆိုင်ကလုန်း သက်ရောက်ရာ မိသားစုအများအပြားဆီ စစ်ကောင်စီနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့မှ အကူအညီများ မရောက်ရှိကြောင်း ဖြစ်ရပ်များကို စိစစ်နေသည့် Rakhine Communications Hub ကို ကိုးကားပြီး Narinjara သတင်းဌာနက မေ ၂၅ ရက်တွင် ဖော်ပြသည်။ ဒုက္ခကြုံနေရသည့် ရခိုင်ပြည်သူများသည် ထိုင်း၊ အိန္ဒိယနှင့် အခြားသော အာဆီယံနိုင်ငံများမှ အကူအညီများကို စောင့်ဆိုင်းနေကြောင်း မှတ်ချက်ချသည်။
🔥4👍2
မြန်မာ မီဒီယာများ အကူအညီလိုအပ်နေကြောင်း IPI World Congress 2023 တွင် ဆွေးနွေး၊ Myanmar Now က Free Media Pioneer award ချီးမြှင့်ခံရ

မဇ္ဈိမ၊ မေလ ၂၆ ရက်
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးအချိန်ကစ၍ မြန်မာနိုင်ငံအတွင်း လွတ်လပ်သော သတင်းမီဒီယာ များ စနစ်တကျ ဖိနှိပ်ခံနေရကြောင်းနှင့် နိုင်ငံတကာ သွေးစည်းညီညွတ်မှုနှင့် အကူအညီ မရရှိပါက ရေရှည်ရပ်တည်နိုင်ရေး ခြိမ်းခြောက်ခံနိုင်ရဖွယ်ရှိကြောင်း Mizzima Media Group ၏ အကြံပေး ဦးခင်မောင်၀င်းက သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် International Press Institute (IPI) World Congress 2023 အမည်ဖြင့် ကျင်းပသည့် ညီလာခံတွင် တင်ပြဆွေးနွေးခဲ့သည်။
👍10😁3🤮2