Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရက်ပေါင်း ၈၀၀ မြောက် ရွာပေါင်းစုံသပိတ် ဆက်လက်ချီတက်

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများမှစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင့်ရေး ရက်ပေါင်း ၈၀၀ ရက်မြောက်အဖြစ် မေလ ၂၆ရက် ယနေ့တွင် ဆက်လက်ချီတက်ခဲ့ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် ယနေ့တွင် ဒေသတွင်းရှိ သပိတ်စစ်ကြောင်းများနှင့် ပူးပေါင်းကာ ချီတက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရက်ပေါင်း ၈၀၀ ချီတက်ခဲ့သည် ရွာပေါင်းစုံသပိတ်စစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဖဒိုစောတာဒိုမှုး တို့မှ ဂုဏ်ပြုစကားများ ရုပ်သံများပေးပို့ခဲ့ကြောင်း သိရသည်။
👍12❤3😁2🔥1
ထို့ပြင် စစ်အာဏာရှင်ဆန့်ကျင်းရေး ပါဝင်လာသူများကို သပိတ်ရဲဘော်များမှ တော်လှန်ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြသည်။
ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ယင်းမာပင်
#ဆားလင်းကြီး
#ကျေးရွာပေါင်းစုံ
#သပိတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1😁1
အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက် အဖွားအိုသေဆုံး

ကိုခင်မောင်
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် မေလ ၂၂ရက်မှ ၂၅ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၍ အဖွားအိုသေဆုံးပြီး ဘုန်းကြီးအကျောင်းအပါအဝင် အဆောက်အဦ လေးလုံး ပျက်စီးသွားသည်ဟု Indaw Revolution - IRအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
ယမန်နေ့ မေလ ၂၅ရက် နံနက် ၅နာရီ ၃၀မိနစ်လောက်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်တို့အကြား အင်းတော်မြို့နယ်၊ ကျွန်းတောရွာအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အင်းတော်စစ်တပ်ကုန်းမှ လက်နက်ကြီးများ ပစ်ကူပေးခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားနေစဉ် နံနက်ပိုင်း ၁၀နာရီခန့်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် ကျွန်းတောရွာကို လေကြောင်းမှ တိုက်ခိုက်သကဲ့သို့ ယင်းနေ့ ညနေ ၃နာရီ ၃၀မိနစ်ခန့်အချိန်တွင်လည်း နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
👍9🔥4🤬2😢1
“လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်းတောရွာမှာရှိတဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကြောင်း ၊ နေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်ဗျ။ နောက်ပြီးတော့ ဘုန်းကြီးကျောင်းမှာသွားနေတဲ့ အသက် ၉၃နှစ်အရွယ် အဖွားအို တစ်ယောက်လည်း ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် သေသွားတယ်။” ဟု Indaw Revolution-IRမှ တာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။
မေလ ၁၅ရက်နေ့ နံနက်ပိုင်းတွင် ဂျက်ဖိုက်တာတစ်စီးဖြင့် ရှစ်ကြိမ်လာရောက်ပျံဝဲကာ တစ်ကြိမ်လျှင် ဗုံးသီးနှစ်လုံးစီ ကြဲချတိုက်ခိုက်၍ စုစုပေါင်းဗုံးသီး ၁၆ လုံးကြဲချခဲ့ပြီး ဗုံးသီးများသည် ကျေးရွာအတွင်းမကျဘဲ အနီးပတ်ဝန်းကျင်တွင်သာ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။
ဆက်လက်၍ ညနေပိုင်းတွင်လည်း ဂျက်ဖိုက်တာတစ်စီးဖြင့် ငါးကြိမ်လာရောက်ပျံဝဲကာ တစ်ကြိမ်လျှင် ဗုံးသီးနှစ်လုံးဖြင့် တိုက်ခိုက်၍ ဗုံးသီး ၁၀ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ကျွန်းတောရွာဘုန်းကြီးအကျောင်းအပါအဝင် အဆောက်အဦ လေးလုံးပျက်စီးသွားကြောင်း အင်းတော် PDF အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်းတောရွာ ဘုန်းကြီးကျောင်း၊ ဘုန်းကြီးကျောင်းနားက နေအိမ် နှစ်လုံး ၊ ကျေးရွာခန်းမဆောင်နှင့် ဆန်စက်များ ထိခိုက်ပျက်စီးသွားကြောင်းလည်း ဆိုသည်။
ထို့အပြင် ကျွန်းတောရွာ ဒေသခံ အသက် ၉၃ နှစ်အရွယ် အဖွားအိုလည်း သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်သားများ ရွာထဲတွင်ရှိနေသေး၍ ယနေ့ မေလ၂၆ရက် ညနေပိုင်းအချိန်ထိ သေဆုံးရုပ်အလောင်း မကောက်ရသေးကြောင်း သိရသည်။
တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး အင်းတော် PDF ရဲဘော်တစ်ဦးက “ တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဘက်က တော်တော်အထိနာတယ်ဗျ။ သူတို့မနေ့ ညနေတုန်းက ဒီရွာသာယာက ကားငှားပြီးတော့ အင်းတော်ဘက်ကို လူနာတွေနဲ့ တချို့သေတဲ့ အကြီးပိုင်းတွေကို ပို့တယ်ဗျ။ အယောက် ၂၀ကျော်မယ်။ လက်ရှိ စစ်ကောင်စီတပ်တွေက ကျွန်းတောမှာရှိနေသေးတယ်။ သူတို့အင်းအား တော်တော်လေးတော့နည်းနေတယ် ။” ဟုပြောသည်။
မေလ ၂၂ရက်မှ စ၍ မေလ ၂၅ရက်နေ့အထိ အင်းတော်မြို့နယ် ရွာသာယာရွာ၊ ကျွန်းတောရွာများတွင် စစ်ကောင်စီတပ်၏ တပ်မ(၈၈)လောက်အောက်ခံ ခမရ (၄၁၆)၊ တပ်မ(၇၇)လက်အောက်ခံ တပ်ရင်းများပေါင်းထားသောအဖွဲ့များနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ အင်းတော် PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။
ယနေ့ မေလ ၂၆ရက်နေ့ ညနေပိုင်းတွင် အဆိုပါစစ်ကောင်စီတပ်သားများသည် ကျွန်းတောရွာတွင် ဆက်လက်တပ်စွဲထားကြောင်း ကြားသိရသည်ဟု အင်းတော်PDF ရဲဘော်တစ်ဦးက ဆိုသည်။
မေလ ၂၂ရက်နေ့က တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်အသေအပျောက်များသောကြောင့် တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ အင်းတော်စစ်တပ်ကုန်းမှ လက်နက်ကြီးပစ်ကူခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
မေလ၂၃ရက်နေ့တွင် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အင်းတော် PDF မှ အသက် ၂၉နှစ်အရွယ် ရဲဘော်တစ်ဦးနှင့် အသက် ၂၈နှစ်အရွယ် ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီတပ်
#ဗုံးကြဲတိုက်ခိုက်မှု
#အင်းတော်မြို့နယ်
#တိုက်လေယာဉ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥5👏1
ကော့ကရိတ်မြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ကျေးရွာများကို ပစ်ခတ်နေ

သွင်ထူးဈာန်
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် KNU ၊ KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
မေလ၂၅ရက် နေ့လယ် ၁၂နာရီ ၃၀ မိနစ်တွင် ကော့ကရိတ်မြို့အနီး တမိုင်ကုန်းကျေးရွာကို စစ်ကောင်စီ၏ ကော့ကရိတ်မြို့အခြေစိုက် ခလရ(၉၇)တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း သိရသည်။
“မနေ့က စပစ်ကြတာ ကော့ကရိတ်မြို့ထဲပဲ တိုက်ပွဲမဖြစ်တာ၊ ဘေးနားကရွာတွေမှာ နေ့တိုင်းလိုလိုဖြစ်နေတာ ခလရ(၉၇)တပ်ရင်းကလည်း နေ့တိုင်းကို လက်နက်ကြီးတွေပစ်ထုတ်နေတာ တချို့ရွာတွေဆို မီးလောင်ပျက်စီးပြီး လူတွေလည်းထွက်ပြေးနေကြပြီ”ဟု ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။
🔥6👍2🤬2❤1👏1
ယင်းနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ တစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာ ရရှိကာ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် တမိုင်ကုန်းကျေးရွာနေ အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့အနီး တိုက်ပွဲများကြောင့် ကျုံဒိုးမြို့အပါအဝင် ကျေးရွာ‌ခြောက်ရွာ‌ကျော်မှ ဒေသခံများဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအခြေနေနှင့် ပတ်သက်ပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ပြီးခဲ့သည့် မေလ၂၂ရက်နေ့ကလည်း စစ်ကောင်စီ၏ ခလရ(၉၇)တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် တမိုင်ကုန်းကျေးရွာရှိ ကုန်စုံဆိုင်ပေါ်လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ဆိုင်မီးလောင်ပျက်စီးသွားခဲ့သည်။
ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်ကာ စစ်ကောင်စီတပ်ဖွဲ့က ကော့ကရိတ်မြို့အဝင်လမ်းများကို မေလ ၁၄ ရက်နေ့မှ စတင်ပြီးဖျက်ဆီးထားကြောင်းလည်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ကရင်ပြည်နယ်
#ကော့ကရိတ်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥4😁2
မေလ ၂၆ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥2