Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မေလ ၂၆ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥2
Business Roundup (26 May 2023)

- ရတနာဓါတ်ငွေ့စီမံကိန်း အကြီးဆုံးရှယ်ယာ ကနေဒါကုမ္ပဏီဖြစ်နေကြောင်း ဖော်ထုတ်

- ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများ လျော့ချပေးရန် တရုတ်ထံ တောင်းဆို

- ရုရှားနဲ့တရုတ်တို့ စီးပွားရေးဆိုင်ရာသဘောတူစာချုပ် လက်မှတ်ရေးထိုး

- ထိုင်းနိုင်ငံမှာ အနိမ့်ဆုံးလုပ်ခလစာ တိုးမြင့်စေဖို့ ဆောင်ရွက်နေပေမယ့် ချက်ချင်းမဖြစ်နိုင်သေးကြောင်း MFP ပါတီခေါင်းဆောင်ပြော

https://youtu.be/Rc-OCzPAzC4
👍4😁2🔥1
​​မတူပီမြို့နယ်တွင် မြေမြှုပ်မိုင်းနင်းမိပြီး ၈ နှစ်ရွယ်ကလေး ခြေထောက်ပြတ်

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ မတူပီမြို့နယ် လည်မျိုးချောင်းအနီးတွင် မြေမြှုပ်မိုင်း နင်းမိ၍ ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး ခြေထောက်ပြတ်သွားကြောင်း မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၂၆ရက် ယနေ့တွင်ထုတ်ပြန်သည်။
ယနေ့မွန်းတည့် ၁၂နာရီခန့်တွင် မတူပီမြို့လောင်ဗန်းရပ်ကွက်နေ ကိုဇော်နှင့် မပန်းပန် တို့၏ သမီး အသုန် ရှစ်နှစ်သည် ဖခင်နှင့်အတူ မင်းတပ် - မတူပီကားလမ်းအတိုင်း ပြည်မဖက်မှ ပြန်လာပြီး လည်မျိုချောင်းအရောက်တွင် ကားရပ်နား၍ ရေခပ်စဉ် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။
မိုင်းဒဏ်ကြောင့် သမီးငယ်သည် ညာခြေထာက်ပြတ်သွားခဲ့ပြီး ဘယ်ဖက်လက်နှင့် မျက်နှာတွင် ဒဏ်ရာရရှိသွားကာ မတူပီ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေ ကြောင်းသိရသည်။
“လည်မျိုချောင်းပတ်ဝန်းကျင်အထိက စကစ တွေမကြာခဏလာတတ်တဲ့နေရာဆိုတော့ စကစတပ်ထောင်ထားတဲ့မိုင်းလို့ပဲ ယူဆပါတယ် ။ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်လုပ်မိုင်းဆိုရင် ပွဲချင်းပြီးသေဆုံးနိုင်တဲ့အခြေအနေရှိပါတယ်” ဟု မတူပီမြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဆလိုင်း ပါထောင်း က မဇ္စျိမ ကို ပြောသည်။
လည်မျိုချောင်းတံတားသည် မတူပီမြို့နှင့် နီးကပ်သောနေရာတွင် တည်ရှိသဖြင့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် အနားကပ်ရန်မလွယ်ကူကြောင်းဆိုသည်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မကြာမြင့်မီကာလတွင် ချင်းလူ့အခွင့်အရေးအဖွဲ့ နှင့်ပူးပေါင်းပြီး မြေမြှုပ်မိုင်း အန္တရာယ်နှင့်ပတ်သက်သော ပညာပေးမှုများ ပြုလုပ်သွားရန်အစီစဉ်များရှိကြောင်း သိရသည်။
ပြည်သူများအနေဖြင့် ပြည်သူအုပ်ချုပ်ရေးအဖွဲ့နှင့် CDF – Matupi တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များကို အလေးအနက်လိုက်နာကြရန်လိုအပ်ကြောင်း ၊ မလိုအပ်ဘဲ မြစ်ချောင်းများ ၊ လမ်းဟောင်းများကို မသွားကြရန်နှင့် စစ်ဖြစ်ပွားဖူးသည့်နေရာများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ခွင့်ပြုချက်မရှိဘဲ မသွားကြရန် ပြန်ကြားရေးတာ ဝန်ခံက သတိပေးပြောဆိုခဲ့သည်။
မေလ ၂၄ရက်နေ့ကလည်း ဟားခါးမြို့ ၊ မြိုသစ်ရပ်ကွက် ဂေါက်ကွင်းအနီးတွင်နေထိုင်သူ ဦးချန်ကီယာန်းသည် နံနက် ၁၁ နာရီဝန်းကျင်တွင် ဟားခါးမြို့ပြင် နည်းပညာကျောင်းနှင့် ဝန်ကြီးအိမ်ယာအကြား အနီးတစ်ဝိုက်သို့ ဆိတ်အစာရှာထွက်စဉ် မိုင်း နင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။
ယင်းမိုင်းနင်းမိသူ ပြန်မလာသဖြင့် မေလ ၂၅ရက် နံနက် ၈နာရီဝန်းကျင်တွင် လူငါးယောက်သွားရောက်ရှာဖွေရာ မိုင်းထပ်မံပေါက်ကွဲသဖြင့် ငါးဦးစလုံး ဒဏ်ရာ အပြင်းအထန်ရရှိပြီး ဟားခါးမြို့ဆေးရုံတွင် ကုသမှုခံနေရကြောင်း သိရှိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မတူပီမြို့နယ်
#မြေမြှုပ်မိုင်း
#လည်မျိုချောင်း
#ဟားခါးမြို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥6😢4👍2
​​ထိုင်ဝမ်မှ မူဝါဒများကို အတုယူကျင့်သုံးမည်ဟု ထိုင်းရွေးကောက်ပွဲ အနိုင်ရ ခေါင်းဆောင် ပြော

မေ ၁၄ ရက်က ထိုင်းအထွေထွေရွေးကောက်ပွဲတွင် MFP ပါတီက မဲအများဆုံး အနိုင်ရခြင်းဖြစ်သော်လည်း ပီတာ၏ ဝန်ကြီးချုပ် ဖြစ်လာရေး မျှော်လင့်ချက်များကို ထိုင်းစစ်တပ်က ငြင်းဆန်လာသေးခြင်း မရှိပေ။
ညွန့်ပေါင်းပါတီအချို့မှ အဆိုပြုသော မူဝါဒ ၂၃ ခုသည် ထိုင်ဝမ်တွင် အကောင်အထည်ဖော်ထားပြီးသား မူဝါဒများပေါ်တွင် အခြေတည်သည်ဟု ပီတာက CNA သတင်းဌာနသို့ ပြောသည်။
👍14😁4
​​စစ်အာဏာရှင်ကိုဆန့်ကျင်သည့် လျှပ်စစ်ဝန်ထမ်း၃ဦးအပါအဝင်လူငယ် ၅ ဦးကို နတ်တလင်းခရိုင်တရားသူကြီးက နှစ်ရှည်ထောင်ဒဏ်များချမှတ်

ရွှေနွယ်
(မဇ္ဈိမ) ။ ။ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတည်ထောင်တွင်အကျဉ်းကျနေသော လူငယ် ငါးဦးအား အကြမ်းဖက် ဥပဒေပုဒ်မအများအပြားဖြင့် တရားစွဲဆိုပြီးနောက် နှစ်၅၀ အထိ ထောင်ဒဏ်အပါအဝင် နှစ်ရှည်ထောင်ဒဏ်များကို နတ်တလင်းခရိုင်တရားသူကြီးက ချမှတ်လိုက်သည်ဟု သတင်းရရှိသည်။
စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်ခဲ့သော
ပေါင်းတည်မြို့ခံ ကိုဇင်မြင့်ထွန်းနှင့် ဇီးကုန်းမြို့ခံကိုဗညားမျိုးသန့်၊ကိုသော်ဇင်ထက်၊ ကိုရဲနိုင်နှင့်ကိုထင်လင်းဦးတို့ကို ပေါင်းတည်ထောင်တွင်းတရားရုံးတွင် စစ်ဆေးပြီးနောက် နတ်တလင်းခရိုင် တရားသူကြီးဒေါ်စန်းသိင်္ဂီ က မေလ ၂၄ ရက်နေ့တွင် ထောင်ဒဏ်များချမှတ်လိုက်ခြင်းဟုသိရှိရသည်။
" ဒီငါးဦးကိုပေါင်းတည်ထောင်မှာထောင်ဒဏ်ချမှတ်ခဲ့တာက နတ်တလင်းမြို့က နတ်တလင်းခရိုင်တရားသူကြီး ဒေါ်စန်းသိင်္ဂီကချမှတ်ခဲ့တာပါ"ဟု ပေါင်းတည်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။
ကိုဗညားမျိုးသန့်ကို ထောင်ဒဏ်၁၀ နှစ်မှ တစ်သက်အထိချမှတ်နိုင်သော ပုဒ်မ ၅၀ (က)၊ပုဒ်မ ၅၀ (ဈ)နှင့်ပုဒ်မ ၅၄ တို့ဖြင့် ထောင်ဒဏ် ၅၀ နှစ်ချမှတ်လိုက်ခြင်းဟု မဇ္ဈိမ၏ သတင်းရင်းမြစ်တစ်ဦးကပြောသည်။ ထို့အပြင် ကိုဇင်မြင့်ထွန်းကိုလည်း ပုဒ်မ ၅၀ (ဈ)နှင့် ပုဒ်မ ၅၄ တို့ဖြင့်တရားစွဲကာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။
ကိုဇင်မြင့်ထွန်းနှင့် ကိုဗညားမျိုးသန့်ကို PDF သင်တန်းဆင်းများဖြစ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးပြီး ယခုကဲ့သို့ မတရားအမိန့်ချမှတ်ခြင်းဟု ဒေသခံများကပြောသည်။
" ဒါ‌တွေက မတရားအမိန့်ချတာဗျ။ သူတို့ စစ်ကောင်စီအုပ်စုက ဥပဒေဆိုတာကို လိုရာဆွဲပြီး လူငယ်တွေအနာဂတ်ကို သတ်နေတာ"ဟု ပေါင်းတည်မြို့ခံတစ်ဦးကပြောသည်။
ဇီးကုန်းမြို့မှ လျှပ်စစ်ရုံးဝန်ထမ်းများဖြစ်သည့် ကိုသော်ဇင်ထက်၊ ကိုရဲနိုင်၊ ကိုထင်လင်းဦးတို့ကိုလည်း ပုဒ်မ ၅၀ က၊ ၅၀ (ဈ) တို့ဖြင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။၎င်းတို့သုံးဦးသည် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်က ဇီးကုန်းမြို့ လျှပ်စစ်ရုံးပေါက်ကွဲမှုနှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
"ကျွန်တော်တို့သိသလောက် သူတို့သုံးဦးက ကိုယ့်အလုပ်ကိုယ်လုပ်ပြီး နေနေကြတာပါ။ PDF လည်းမဟုတ်ပါဘူး။ အရင်ကတော့ဗျာ NLD ပါတီဝန်းရံသူတွေပေါ့။ ဒါပဲရှိတာပါ" ဟု ဇီးကုန်းမြို့ ဒေသခံတစ်ဦးကပြောသည်။
ဇီးကုန်းမြို့လျှပ်စစ်ရုံးသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ အတွင်းကဖောက်ခွဲခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါ ဖောက်ခွဲမှုသည် ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဟု ဇီးကုန်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
“ဖြစ်စဉ်ဖြစ်ပြီးတဲ့နောက် လအတန်ကြာမှ သူတို့သုံးဦးဖမ်းဆီးခံရတာပါ။ ကြားထဲမှာ တခြားဖမ်းခံထားရသူတွေလည်းရှိသေးတယ်။ ဒီသုံးဦးဟာ ဒီဖောက်ခွဲမှုနဲ့ဘာမှမသက်ဆိုင်ပဲ စွပ်စွဲဖမ်းဆီးခံရတာပါ” ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ တရားသူကြီးများသည် ‌လူထုတော်လှန်ရေးတွင် အန္တရာယ်အရှိဆုံး Non CDM ဝန်ထမ်းများဖြစ်ပြီး ဥပဒေမဲ့ တရားစီရင်နေသည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။နှစ်ရှည်ထောင်ဒဏ်များချမှတ်ခံခဲ့ရသော အထက်ပါ လူငယ်ငါးဦးသည် အသက်၂၀ အရွယ်ခန့်သာ ရှိသေးသည်ဟု ပေါင်းတည်မြို့ခံများကပြောသည်။ လူငယ် ငါးဦးအား နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်းနှင့်ပတ်သက်၍ နတ်တလင်းခရိုင်တရားသူကြီးအား ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့သော်လည်း မရခဲ့ပေ။
စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ လက်ရှိအချိန်အထိ ဇီးကုန်းမြို့တွင် ဖမ်းဆီးအကျဉ်းချခံထားရသူ အယောက် ၄၀ နှင့်အထက်ရှိနေပြီး အဆိုပါ စာရင်းသည်လက်လှမ်းမီသ၍ ပြုစုထားခြင်းဖြစ်ကာ အမှန်တကယ်ဖမ်းဆီးခံထားရသူအရေအတွက်သည် ထိုထက်များနိုင်ကြောင်း သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံကဆိုသည်။
စာတည်း - မောင်ကြီး

#mizzima
#ပဲခူးတိုင်း
#ပေါင်းတည်အကျဥ်းထောင်
#လူငယ်ငါးဦး
#နှစ်ရှည်ထောင်ဒဏ်
#နတ်တလင်းခရိုင်တရားသူကြီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🤬3❤2😁1
​​ကမ္ဘောဒီးယား အဓိကအတိုက်အခံပါတီ ရွေးကောက်ပွဲ ငြင်းပယ်ခံရ

ကမ္ဘောဒီးယား အဓိက အတိုက်အခံပါတီ၏ လာမည့် ရွေးကောက်ပွဲများမှ တားမြစ်ခံရမှုကို ပယ်ဖျက်ပေးရန် လျှောက်ထားချက်က ကြာသပတေးနေ့တွင် ပယ်ချခံရရာ ကာလရှည် ခေါင်းဆောင် ဟွန်ဆန်အတွက် အပြတ်အသတ် အနိုင်ပန်းမည့်ဆီ လမ်းပွင့်သွားတော့သည်။
ပြီးခဲ့သည့် သီတင်းပတ်က အမျိုးသား ရွေးကောက်ပွဲကော်မရှင်သည် တိကျသော မှတ်တမ်းများ တင်သွင်းရန် ပျက်ကွက်မှုဖြင့် ဟွန်ဆန်၏ အဓိက စိန်ခေါ်သူ Candlelight Party ကို မှတ်ပုံတင်ခွင့် ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။
🔥5🤬5
​​စစ်ကောင်စီလက်ထက် ဇောက်ထိုးဆင်းနေသော အညွှန်းကိန်းများ (ဆောင်းပါး) 

အရပ်သားအစိုးရဆီကနေ အာဏာလုယူထားတဲ့ စစ်ကောင်စီလက်ထက်မှာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ကမ္ဘာ့ အညွှန်းကိန်းတွေဟာ စိုးရိမ်ရေမှတ်ရောက်လာနေပါတယ်။ အာရှမှာ အန္တရာယ်အရှိဆုံး နိုင်ငံဖြစ်လာသလို စားနပ် ရိက္ခာမလုံလောက်မှုနဲ့ရင်ဆိုင်နေရတဲ့ ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံထဲလည်းရောက်လာပါတယ်။ ဒါ့အပြင် သတင်း လွတ်လပ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်နဲ့ အဂတိလိုက်စားမှု အများဆုံးနိုင်ငံတစ်ခုလည်း ဖြစ်လာနေတာပါ။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🤬4🤮4❤2👎2
​​မိုခါဆိုင်ကလုန်းနောက်ပိုင်း ရိုဟင်ဂျာများရှိရာ ဒေသသို့ အီးယူက အကူအညီ ဒေါ်လာ ၂ ဒသမ ၇ သန်း ပေးပို့

အကြီးအကျယ် ဖျက်ဆီးသော မိုးသည်းထန်စွာ ရွာသွန်းမှုနောက်တွင် ရိုဟင်ဂျာများ နေထိုင်ရာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ရှိ ဒေသများအတွက် အရေးပေါ် ကူညီထောက်ပံ့ရေး ယူရိုငွေ ၂ ဒသမ ၅ သန်း(အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ သန်းဝန်းကျင်)ကို အီးယူက ပေးပို့ကြောင်း ဥရောပကော်မရှင်က ကြာသပတေးနေ့တွင် ကြေညာသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥4
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၆ မေ ၂၀၂၃) 

မြန်မာတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု စစ်ကြောင်းထိုး ရွာမီးရှို့မှု များ ကြောင့် စစ်ဘေးရှောင်ဒုက္ခသည် တိုးလာနေပြီးအရေးပေါ်နေထိုင်ရေးနှင့် စားသောက်ရေး များလိုအပ်နေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥2😁1
​​MPA မှ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ်ခံရ

ဂန္ဒမာ
(မဇ္ဈိမ)။ ။ Myanmar Pressphoto Agency မှ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းအား ယနေ့ မေလ ၂၆ ရက်တွင် သင်္ဃန်းကျွန်းခရိုင်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ် ထပ်မံချမှတ်လိုက်ကြောင်း မိသားစုဝင်မှတစ်ဆင့် သိရသည်။
“ဒီနေ့အမိန့်ချတယ် ၁၀ နှစ်တဲ့၊ မထင်ထားဘူး၊ အဲ့လောက်ထိချမယ်လို့။ တော်တော်ခံရခက်တယ်။ သူကျန်းကျန်းမာမာနဲ့ အဆင်ပြေပြေရှိနေဖို့ကိုပဲ အဓိက ထားပါတယ်” ဟု မိသားစုဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။
မမှူးရတနာခက်မို့မို့ထွန်းသည် ရန်ကုန်တိုင်း၊ ကြည့်မြင့်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း၌ ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလ ၅ရက်က ပြုလုပ်သော ရန်ကုန်လူထုသပိတ်တွင် သတင်းလိုက်ပါရယူစဉ် စစ်ကားဖြင့်တိုက်၍ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
“ကျန်းမာရေးကတော့ ထိခိုက်ဒဏ်ရာတွေက ကိုက်ခဲတဲ့ဒဏ် ခံစားနေရတုန်းပဲ။ ခြေထောက်က စတီးချောင်းထည့်ထားရတယ်။ ဂျိုင်းထောက်လွှတ်လို့မရသေးဘူး” ဟု ၎င်း၏မိသားစုဝင်က ပြောသည်။
ဖမ်းဆီးခံရစဉ်က ဦးခေါင်း နှင့် ခြေထောက်တို့တွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ကြည့်မြင်တိုင်မြို့မရဲစခန်း စခန်းမှူးက တရားလိုပြုလုပ်ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ကြည့်မြင်တိုင်မြို့နယ် တရားရုံးတွင် စွဲဆိုထားသော အမှုအား အင်းစိန်ထောင်တွင်းတရားရုံး၌ ဆက်လက်ရင်ဆိုင်ရာမှ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရသည်။
၎င်းသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့်စွဲဆိုခံထားရသည့် အမှုအားရင်ဆိုင်နေစဉ် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂ရက်နေ့တွင်မူ တာမွေမြို့မရဲစခန်း စခန်းမှူးက တရားလိုပြုလုပ်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် သင်္ဃန်းကျွန်းခရိုင်တရားရုံးတွင် ထပ်မံတရားစွဲဆိုခဲ့ပြီး အဆိုပါအမှုအတွက် ယနေ့ မေလ ၂၆ ရက်နေ့တွင် အပြီးသတ်အမိန့်ချရာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
“မမှူးရတနာက အယူခံမတင်ဘူးလို့ပြောပါတယ်။ သူ့မိခင်နဲ့ညီမဖြစ်သူလည်း တရားခွင်မှာရှိနေတော့ သူတို့ကလည်း မမှူးရတနာရဲ့ဆန္ဒအတိုင်းပဲ အယူခံမတင်တော့ပါဘူးလို့ပြောပါတယ်။ ဒါကြောင့် ဒီအမှုကတော့ ကျွန်တော် ဆက်လက်ဆောင်ရွက်ဖို့မရှိတော့ပါဘူး”ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေက မဇ္ဈိမကိုပြောသည်။
သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း၏ ဘယ်ဘက်ခြေထောက်မှာ ခြေသလုံးရိုးကျေမွသွားသည့်အတွက် စတီးချောင်းဖြင့်အစားသွင်းကုသထားရသဖြင့် မေလ ၃၀ ရက်နေ့တွင် အမိန့်ချမည့်အစား ယနေ့ ၂၆ ရက်နေ့တွင် ပြောင်းလဲချမှတ်ခြင်းဖြစ်ကြောင်း ရှေ့နေက ပြောသည်။
၎င်းသည် ပြင်းထန်ဒဏ်ရာရရှိထားသည့် ခြေထောက်တွင် ထည့်ထားသည့် စတီးချောင်းနှင့် ကိုယ်တွင်းအင်္ဂါများ ကိုက်ညီမှုရှိမရှိ စစ်ဆေးနိုင်ရန်အတွက် မေလ ၂၇ ရက်နေ့တွင် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသရမည်ဖြစ်ကြောင်းလည်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#သတင်းထောက်
#စစ်ကောင်စီ
#ထောင်ဒဏ်
#MPA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬15👍10👏2🔥1
မေလ (၂၆) ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

- ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တ အရှင်ကုမာရာဘိဝံသပျံလွန်တော်မူတဲ့သတင်း

-မုန်တိုင်းဘေးသင့် ပြည်သူများအား ကူညီရေး ကယ်ဆယ်ရေးအတွက် လွတ်လပ်စွာသွားလာခွင့်ပြုဖို့ ကုလသမဂ္ဂတောင်းဆို တဲ့သတင်း

-ဆူဒန်မှာ အပစ်အခတ်ရပ်စဲရေး ၂ ရက်မြောက်အထိအောင် အကူအညီတွေစောင့်ဆိုင်းနေရဆဲတဲ့သတင်း

-ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများ လျော့ချပေးရန် တရုတ်ထံ တောင်းဆိုတဲ့သတင်း

-ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/dzKcMBlJ31Q
👍7🤮2❤1🌭1
မေလ (၂၆) ရက်၊ သောကြာနေ့ ညနေပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တ အရှင်ကုမာရာဘိဝံသ ဘ၀နတ်ထံ ပျံလွန်တော်မူသွားပြီဖြစ်တဲ့သတင်းနဲ့အတူ

ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝှမ်းမှာ မုဒိမ်းမှုပေါင်း (၉ဝဝ) နီးပါးရှိခဲ့ပြီး အမှုပေါင်း (၆ဝဝ)ကျော်ဟာ သက်ငယ်မုဒိမ်းမှုတွေဖြစ်တဲ့သတင်းအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ နောက်ဆုံးရ ရွှေစျေး၊ ငွေစျေးနဲ့ အခြားအရေးကြီးကုန်စျေးနှုန်းတွေကို တင်ဆက်သွားမှာပါ။

https://youtu.be/WX611R2JxTE
👍11