Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
“ဘုန်းကြီးကတော့ မထိဘူးလို့တော့ ပြောတယ်။ ကျောင်းကတော့ ကြေမွသွားတာပဲ။ ကျနော်တို့လည်း မထွက်ကြည့်ရဲဘူး။ ကိုယ့်အိမ်ကိုယ် နေနေတာ။ အခုလည်း တစ်ချက်တစ်ချက် လက်နက်ကြီးသံကြားနေရတယ်ဗျ။ မြို့စွန်မှာတော့ ဟိုဘက်ကြားလိုက် မြောက်ဘက်ကြားလိုက်၊ တောင်ဘက်ကြားလိုက်ပေါ့” ဟု မိုးဗြဲမြို့မှ ဒေသခံတစ်ဦးက ယနေ့ နေ့ခင်း ၁၂ နာရီခွဲတွင် ပြောသည်။
ယနေ့ နံနက် ၅နာရီခန့်တွင် MoBye PDF၊ KNDF နှင့် မြို့ပြပြောက်ကျား ပူးပေါင်းတပ်ဖွဲ့မှ မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်တွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀) တပ်ရင်းတပ်ဖွဲ့များအား သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူနှင့်အတူ မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂) တပ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“လက်နက်ကြီးက (၄၂၂) ကနေ လှမ်းထုတယ်။ မိုးဗြဲမြို့ ပတ်လည်ကို ထုတာ” ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုနေကောင်း က မဇ္ဈိမ ကိုပြောသည်။
ဧပြီလ ၂၆ ရက်နေ့တွင် ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခဲ့ရာ လေးနာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးကာ နှစ်ဦးကို လက်ရ ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ထိုတိုက်ပွဲတွင် အထိနာထားသည့် စစ်ကောင်စီတပ်သည့် ယနေ့တိုက်ပွဲတွင်လည်း ထိုနေ့ကဲ့သို့ အထိအခိုက်များမည်ကို စိုးရိမ်သဖြင့် လေကြောင်းပစ်ကူနှင့်အတူ လက်နက်ကြီးပစ်ကူပါ အင်အားသုံးတိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ကိုနေကောင်းက ပြောသည်။
“လေယာဉ်နဲ့ လာကြဲစရာ အကြောင်းတော့မရှိဘူး။ ဒါပေမယ့် အရင်တစ်ခေါက်က ဖြစ်သွားတဲ့ကိစ္စနဲ့ ပိုပြီး အခဲမကြေပြီး လာကြဲသွားတဲ့ပုံစံမျိုးဖြစ်တယ်။ အရင်က (ညောင်ဝိုင်းရပ်ကွက်)မြောက်ဘက်ကို တပ်စွဲထားတာ။ ဧပြီလထဲ ထိတွေ့မှုဖြစ်ပြီးတော့ ဒီတောင်ဘက်ကို တပ်စွဲထားတယ်။ ခုထပ်ဖြစ်တော့ လေယာဉ်က မြောက်ဘက် ဘုန်းကြီးကျောင်းကို ကြဲတာ” ဟု ကိုနေကောင်း က မဇ္ဈိမ ကို ပြောသည်။
ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့ ည ၉နာရီ ၃၀ မိနစ်ခန့်တွင်လည်း မိုးဗြဲရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနေအိမ် နှစ်လုံး ပျက်စီးခဲ့ရကြောင်း သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်းရှိ မိုးဗြဲ၊ ဖယ်ခုံနှင့် ပင်လောင်း တို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားလေ့ရှိရာ စစ်ကောင်စီတပ်မှ အရပ်သားပြည်သူများရှိသည့် စစ်ဘေးရှောင်စခန်းများ၊ ဆေးရုံများသို့ မကြာခဏ လေကြောင်းဖြင့် ဦးတည်တိုက်ခိုက်တတ်သောကြောင့် ပြည်သူများအနေဖြင့် လေယာဉ်သံကြားပါက ဗုံးခိုကျင်းထဲသို့ အမြန်ဆုံး ဝင်ရောက်ပေးကြရန် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်မှ မေတ္တာရပ်ခံထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မိုးဗြဲ
#လေကြောင်းတိုက်ခိုက်
#ဗုံးခိုကျင်း
#ရှမ်းပြည်နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤2😁1
​​ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို အမြန်ဆုံး စတင်လိုကြောင်း တရုတ်ပြော

မိုးသောက်
(မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်ရှိ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.e.Mr.Chen Hai က စစ်ကောင်စီ၏ ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် မေလ ၂၄ ရက်နေ့က တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့် ကြုံနေရသော်လည်း အကောင် အထည်ဖော် ဆောင်ရွက်ရန် နှစ်ပေါင်းများစွာကြိုးပမ်းနေသည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးစတင်နိုင်ရန်အတွက် တရုတ်ဘက်မှ ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ရခိုင်ပြည်နယ်ကျောက်ဖြူမြို့တွင် တည်ရှိပြီး စက်မှုဇုန်စီမံကိန်း၊ လူနေအိမ်ရာစီမံကိန်းနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းတို့ ပါဝင်သည်။
မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင်ရှိပြီး ဘင်္ဂလားပင်လယ်အော်ကို မေးတင်ထားသည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းသည် အထက်ပါ စီမံကိန်းသုံးခုအနက် အရင်ဆုံးစတင်မည့် စီမံကိန်းဖြစ်ကြောင်း လေ့လာသူများက ပြောသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို အမြန်ဆုံး စတင်လိုကြောင်း တရုတ်ဘက်က ထုတ်ပြောလာမှုအပေါ် မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက ယခုလို သုံးသပ်သည်။
“ပိုးလမ်းနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ စီမံကိန်းကြီးက ဒီနှစ်ကုန်မှာ အစည်းအဝေးကြီး တစ်ခုလုပ်စရာရှိတယ်၊ အဲဒီမှာ သူတို့လုပ်ထားတဲ့ စီမံကိန်းတွေ ဘာတွေပြီးတယ်၊ မပြီးဘူး ဘာလို့ပြီးတယ် ဒါမျိုးတွေပြန်ဆန်းစစ်မယ့် ညီလာခံတစ်ရပ် နှစ်ကုန်ပိုင်းမှာ လုပ်မယ်လို့ကြားတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းရဲ့ မြန်မာပြည်အလယ်ပိုင်းကို ဖြတ်သွားမယ့်လမ်းကလည်း ပိုးလမ်းမထဲမှာပါတော့ ဒါကိုလောနေတာ၊ ရပ်ထားရတာကြာပြီလေနော်” ဟု မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက သုံးသပ်သည်။
ယခု စီမံကိန်းစတင်မည်ဆိုပါက ဒေသခံလူထုအတွက် စီးပွားရေးတိုးတက်လာနိုင်ခြင်း မရှိသကဲ့သို့ ကောင်းကျိုးထက် ဆိုးကျိုးများသည့် စီမံကိန်းဖြစ်လာမည်ဟု ကျောက်ဖြူစီပွား‌ရေးဇုန်ကို စောင့်ကြည့်လေ့လာနေသည် အမည်မဖော်လိုသော ကျောက်ဖြူဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
“ အထူးသဖြင့် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ လူ့အခွင့်ရေးဆိုင်ရာ ကျင့်ဝတ်တွေ အရမ်းအားနည်းတယ်။ ဒေသဆိုင်ရာ ရိုးရားတွေပေါ်မှာလည်း ကျင့်ဝတ်အရမ်းနည်းတယ်။ အဲဒီလို နိုင်ငံမျိုးက အခုလို မငြိမ်မသက်ဖြစ်နေတဲ့ ပဋိပက္ခတွေ တပုံကြီးဖြစ်နေတဲ့ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လုပ်တယ်ဆိုတာက ကောင်းကျိုးထက်ဆိုးကျိုးကို ပိုများပါလိမ့်မယ် “ဟု ကျောက်ဖြူဒေသခံက ပြောသည်။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း စတင်ပါက တရုတ်နိုင်ငံအတွက် ရေနံတင်ပို့ရာတွင် မလေးကျွန်းဆွယ်ရှိ မလက္ကာ ရေလက်ကြားကို အသုံးပြုရန် မလိုတော့ဘဲ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်အသုံးပြုခွင့် ရရှိစေမည့် မဟာဗျူဟာကျသည့် စီမံကိန်းဖြစ်သည်။

Photo-AFP(ကျောက်ဖြူရှိ တရုတ်လုပ်ငန်းခွင်တစ်ခု)
👎9👍6🔥1👏1🤬1
မွန်နှင့်ကရင်တွင် အများပြည်သူ အသုံးပြုနေသော လမ်းများကို စစ်တပ်က လိုက်ဖျက်ဆီးနေ၊ ကျိုက်ထိုတွင် လမ်းဖျက်ဆီးရန်လာသည့် စစ်တပ်တိုက်ခိုက်ခံရ

YT
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အများပြည်သူသွားလာနေသည့် ကျေးရွာချင်းဆက်လမ်းကို ဘက်ဟိုးဖြင့်ဖျက်ဆီးရန် ရောက်လာသည့် စစ်ကောင်စီတပ်အား KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း ‌သတင်းရရှိသည်။
ပြီးခဲ့သည့် မေလ ၂၅ ရက်ည ၈ နာရီခန့်က ကျိုက်ထိုမြို့နယ်၊ သုံးခွကျေးရွာအုပ်စု၊ ကျောက်ပုံကြီးကွင်းလမ်းကို ဖျက်ဆီးရန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
" ကျောက်ပုံကြီးကွင်းလမ်းဆုံက ဓါတ်မီးတိုင်နဲ့ ပေ ၁၀၀ ဝန်းကျင်ပေါ့နော်။ အဲ့ဒီလောက်အထိကို သွေးကွက်တွေ၊သွေးစက်တွေတွေ့ရတယ်။ ရန်သူဘက်မှာ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ယူဆပါတယ်။ အတိအကျတော့ စုံစမ်းနေဆဲပါ" ဟု ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။
👍16🔥3❤2😁1
တိုက်ခိုက်ခံရသည့် စစ်ကြောင်းတွင် အင်အား ၆၀ ခန့်ပါပြီး ကျောက်ပုံကြီးကွင်းအရောက်တွင် KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။စစ်ကောင်စီတပ်က ဘက်ဟိုးတစ်စီးအား တွဲကားပေါ်တင်၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
တိုက်ခိုက်ခံရပြီးနောက် လမ်းအားမဖျက်ဆီးနိုင်ဘဲ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်က ကျောက်ပုံကြီးကွင်းလမ်းဆုံရှိ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ လုံခြုံရေးစစ်ဆေးရေးဂိတ်ကို ဖျက်ဆီးသွားကြောင်းပူး‌‌ပေါင်းတပ်ဖွဲ့က ဆိုသည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့သည် ကျောက်ပုံကြီးကွင်းအနီးတစ်ဝိုက်ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ည ၁၁ နာရီဝန်းကျင်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးကျည်ခွံများနှင့် အထိုင်ချ ပစ်ခတ်ထားသောနေရာအချို့တွေ့ရကြောင်း ပူးပေါင်းတပ်ဖွဲ့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။
စစ်ကောင်စီတပ်သည် လတ်တလောတွင် မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်အတွင်း စစ်ရေးအရ အထိနာနေသော ဒေသများတွင် အများပြည်သူသွားလာနေသည့် ကျေးရွာချင်းဆက်လမ်းများကို လိုက်လံဖျက်ဆီးနေသည်။ ယခင်ကလည်း စစ်ကိုင်းတိုင်းမှ ကျေးရွာချင်းဆက်လမ်းအချို့နှင့် မြို့ချင်းဆက်လမ်းအချို့ကို ဖျက်ဆီးခဲ့ဖူးသည်။
ကျိုက်ထိုမြို့နယ်တွင် မေလ ၁၉ရက်မှ မေလ၂၄ရက်အတွင်း ရွာချင်းဆက်လမ်းခြောက်လမ်းကို စစ်ကောင်စီတပ်ဖွဲ့က ဖျက်ဆီးသွားသည်ဟု သိရသည်။ ပထမဆုံးအဖျက်ခံရသောလမ်းမှာ ကင်မွန်းစခန်းကျေးရွာ (ကဒတ်ချောင်း) နှင့် ဆောင်နိုင်ကြီးကျေးရွာရွာချင်းဆက်လမ်းဖြစ်ပြီး နောက်ဆုံးဖျက်ဆီးခံခဲ့ရသောလမ်းမှာ လှည်းလမ်းကူးကျေးရွာနှင့် ဆောင်လှိုင်ခွကျေးရွာ ရွာချင်းဆက်လမ်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့ဖျက်ဆီးမည့်လမ်းအနီးတစ်ဝိုက်တွင် ကြိုတင်၍ ကင်းပုန်းဝပ် လုံခြုံရေးယူလေ့ရှိသည်ဟု ဒေသခံများကပြောသည်။ ထို့နောက် ဘက်ဟိုးဖြင့် လမ်းအားဖျက်ဆီးပြီး တချိန်တည်းတွင် ဘေးပတ်ဝန်းကျင်ရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိကြောင်း သိရသည်။ဖျက်ဆီးခံရသော လမ်းများသည် KNU တပ်မဟာ (၁)၊ တပ်ရင်း (၃) နယ်မြေသို့ ဝင်ထွက်သွားလာနိုင်သော လမ်းများဖြစ်သည်။ စစ်ကောင်စီအနေဖြင့် တော်လှန်ရေးအင်အားစုများအား ဖြတ်လေးဖြတ်ပြုလုပ်ရန်၊ ၎င်းတို့​၏ တတပ်စခန်းများ တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရန် လမ်းများကို ယခုကဲ့သို့ ဖျက်ဆီးခြင်းဖြစ်ကြောင်း သထုံခရိုင် PDF တာဝန်ခံက မဇ္ဈိမကို ပြောသည်။
" စစ်တပ်က စစ်ရေးမှာ မနိုင်တော့ ပြည်သူတွေသွားလာနေတဲ့ လမ်းတွေကို ယုတ်ယုတ်မာမာလိုက်ဖျက်နေတာ" ဟု ကျိုက်ထိုမြို့ခံတစ်ဦးကပြောသည်။
စာတည်း - မောင်ကြီး
#mizzima
#ကျိုက်ထိုမြို့နယ်
#ကျေးရွာချင်းဆက်လမ်း
#ဘက်ဟိုးဖြင့်ဖျက်ဆီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥8❤3👍1😁1
​​စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် လူဦးရေ ၁,၆၀၀ နီးပါး သေဆုံး

KMN
(မဇ္ဈိမ) ။ ။ စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ နိုင်ငံတဝန်းတွင် လူ ငါးဦးထက်မနည်း သေဆုံးခဲ့သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း အနည်းဆုံး ၁၄၇ ကြိမ်ကို စစ်ကောင်စီက ကျူးလွန်ခဲ့ပြီး စုစုပေါင်း ၁၅၉၂ ဦး သေဆုံးခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က မေလ ၂၆ ရက်နေ့တွင်ထုတ်ပြန်သည်။
စစ်ကောင်စီသည် ဆန္ဒပြပွဲများဖြိုခွင်းစဉ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ လေကြောင်းသုံးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ လက်နက်ကြီးဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ တိုက်ပွဲဖြစ်ပွားစဉ်နှင့်နယ်မြေရှင်လင်းရေးလုပ်ဆောင်စဉ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက်တံဆိပ်ကပ်သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လေ့ရှိသည်။
ယင်းအနက် လေကြောင်းပါဝင်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကျူးလွန်မှုသည် စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများ၏
၃၂ ရာခိုင်နူန်းရှိပြီး သေဆုံးသူအရေအတွက် ၅၀၈ ဦးရှိကြောင်း ၎င်းအဖွဲ့ကဆိုသည်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဖြစ်ပွားခဲ့သည့်မြို့နယ်များမှာ ဝက်လက်၊ယင်းမာပင်၊ကလေး၊ကန့်ဘလူ၊ဖားကန့်၊ကလေး၊ပဲခူး စသည့်ဒေသများဖြစ်ပြီး
ကန့်ဘလူမြို့နယ်တွင် ၂၁၇ ဦး၊ဖားကန့်မြို့နယ်တွင် ၈၃ဦးနှင့် ပဲခူးမြို့နယ်တွင် ၈၂ဦးသေဆုံးခဲ့သည်။
မှတ်တမ်းများအရ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နေ့ ညပိုင်းတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါဒေသတွင် ကျင်းပနေသည့် ဖျော်ဖြေပွဲကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူဦးရေ ၈၀ နီးပါး အစုလိုက်အပြုံလိုက်သေဆုံးခဲ့သည််။
ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့၊ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊နမ်နိန်း ကျေးရွာဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသည့် သံဃာ သုံးဦး အပါအဝင် အပြစ်မဲ့ အရပ်သား ပြည်သူ ၁၉ ဦး ကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ် သတ်ဖြတ်ခဲ့သည်။
ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင်လည်း ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်မနက်ပိုင်းတွင် ကျင်းပနေသည့် ရုံးဖွင့်ပွဲအခမ်းအနားတစ်ခုကို စစ်ကောင်စီက လေကြောင်းဖြင့်ပစ်ခတ်
တိုက်ခိုက်ခဲ့ပြီး ကျေးရွာခံ ကလေးငယ်၊ အမျိုးသမီးများ အပါအဝင် လူပေါင်း ၂၀၀ ကျော် အစုလိုက်အပြုံလိုက် သေဆုံးခဲ့သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
#ဉာဏ်လင်းသစ်သုတေသနအဖွဲ့
#လူဦးရေ ၁,၆၀၀ နီးပါး သေဆုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥3❤1😁1😢1
​​စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်း တပ်မဟာ (၃) မုန်းမြို့နယ်အတွင်း ရောက်ရှိ

YT
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးကာ အရပ်ဘက် ပစ်မှတ်များအပေါ် အဓိကထား တိုက်ခိုက်ခဲ့သော စစ်ကောင်စီတပ်​၏ ဘီလူးစစ်ကြောင်းသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေအတွင်းသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် သတင်းအရင်းအမြစ်များထံက သိရသည်။
"ခန့်မှန်းခြေ အင်အား ၂၀၀ လောက်ပါတယ်။ လယ်ဒို (ကျောက်ကြီး)နဲ့ မူး (မုန်း)မြို့နယ်ကို အဓိကပေါ့။ ဒီကောင်တွေက လူသတ်ဖို့နဲ့ မီးရှို့ဖို့ပါ။ စစ်တိုက်ဖို့ မဟုတ်ဘူး လက်နက်မဲ့ ပြည်သူတွေကို သတ်ဖို့။ အဆိုးရွားဆုံး အခြေအနေတစ်ခုကို ရောက်နေပြီ" ဟု တပ်မဟာ (၃) KNLA သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။
တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ဝန်းကျင်ခန့်ပါသော စစ်ကောင်စီတပ်​၏ ဘီလူးစစ်ကြောင်းသည် ယခုအခါ မုန်းမြို့နယ်၊ မြောင်းဦးကျေးရွာအနီးသို့ ရောက်ရှိနေပြီဖြစ်ပြီး ထိုစစ်ကြောင်းသည် ဒေသခံများ​၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့အား အဓိက ပစ်မှတ်ထား တိုက်ခိုက်ချေမှုန်းရန် ရည်ရွယ်ထားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်တစ်ဦးထံက သိရသည်။
" ၂၅ ရက်နေ့ မနက်ပိုင်းလောက်က ရောက်တာပါ။ မြောင်းဦးက မုန်းဒေသပါပဲ။ မုန်းမြို့ရဲ့အရှေ့ဘက် ရှစ်မိုင်၊ ၁၀မိုင် ဝန်းကျင်လောက်တော့ ဝေးတယ်ဗျ။ အဲ့ဒီရွာရဲ့အရှေ့ဘက်မှာ ဘာရွာမှမရှိတော့ပါဘူး" ဟု ဒေသတွင်းသတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။
KNLA သတင်းအရင်းအမြစ်တစ်ဦးကမူ ဘီလူးစစ်ကြောင်း​၏ ခြေလှမ်း၊ လှုပ်ရှားမှုအခြေအနေကိုကြည့်၍ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ် နိဂုံးချုပ်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။
ဘီလူးစစ်ကြောင်း တပ်မဟာ (၃) နယ်မြေသို့ လာရောက်မည်ဆိုသည့် သတင်း စတင်ပျံ့နှံ့ချိန်မှစ၍ KNU တပ်မဟာ (၃) တာဝန်ရှိသူများက နယ်မြေအတွင်းရှိ ကျေးရွာဒေသခံများအား ကြိုတင်ရှောင်တိမ်းရန် သတိပေးထားပြီးဖြစ်ကြောင်းနှင့် နေစရာများ စီစဉ်ပေးလျက်ရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်တစ်ဦးထံက သိရသည်။
" KNU ဘက်ကလည်း ကြိုတင်ရှောင်ထားဖို့ပြောထားပါတယ်။ ပြီးတော့ KNU နယ်မြေထဲမှာ ရှောင်ဖို့အတွက်လည်း KNU က ပြင်ဆင်ပေးထားပါတယ်။ အောင်ချမ်းသာရွာ၊ ကျောင်းစုရွာသားတွေဆိုရင် KNU ကပဲ စောင့်ရှောက်ပေးထားပါတယ်။ သူတို့ရွာတွေကလည်း ကရင်ပြည်နယ်အစပ် အစွန်ဆုံးရွာတွေပါပဲ" ဟု နောက်ထပ် ဒေသတွင်းသတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။
တပ်မဟာ (၃) နယ်မြေမှ ဒေသခံများသည် ဘီလူးစစ်ကြောင်းမတိုင်ခင် မုန်းမြို့နယ်နှင့် ကျောက်ကြီးမြို့နယ်သို့ စစ်ကြောင်းထိုးလေ့ရှိသော စစ်ကြောင်းများ​၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ နေအိမ်များအား မီးရှို့မှု၊ ဒေသခံများအား ဖမ်းဆီး သတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုကြောင့် နေအိမ်စွန့်ခွာ၍ ရှောင်တိမ်းနေရခြင်းဖြစ်ကြောင်း သိရသည်။
" ဒေသခံတွေကတော့ ဒီစစ်ကြောင်းမှမဟုတ်ပါဘူး။ ဘီလူးစစ်ကြောင်းမလာခင် တခြားစစ်ကြောင်းထိုးကတည်းက ရှောင်နေရတာပေါ့" ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က မုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်​၏ စစ်ကြောင်းတစ်ကြောင်းက ညောင်ပင်သာကျေးရွာမှ ကလေးငယ် ငါးဦးအပါအဝင် ဒေသခံ ၂၀ ဦးအား အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကြောင်းထိုး
#စစ်ကောင်စီတပ်​
#KNU
#ဘီလူးစစ်ကြောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬11👍9🔥2😁2
​​ရေလယ်ကျွန်းမှာ စစ်တပ်က စစ်ကြောင်းထိုးစဉ် အမျိုးသမီး အသတ်ခံရပြီး လူပေါင်း ၁,၀၀၀ ကျော် ထွက်ပြေး

MTO
(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာမျာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လက်နက်ကြီးများဖြင့် ပစ်ခတ်စစ်ကြောင်းထိုးစဉ် အမျိုးသမီး တစ်ဦး အသတ်ခံရပြီး လူပေါင်း ၁,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်က ရေလယ်ကျွန်း ကျေးရွာများဖြစ်သည့် မိဖုရား ၊ မြေတော်၊ ကိုင်းဘိစပ်ကုန်း၊ မြေစွန်း၊ ရေယှား၊ လှေခုတ် စသည့် ကျေးရွာများကို မေလ ၂၆ ရက်နေ့နှင့် ယနေ့ မေလ ၂၇ ရက်နေ့ များတွင် စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မီးရှို့ခံရတာ ရွာ ခုနစ်ရွာထက်မနည်း ရှိနေပြီ စစ်ရှောင်နေရသူတွေလည်း တစ်ထောင်ကျော် လောက်ရှိမယ်၊ သူတို့ သွားတဲ့နေရာနား ပတ်ချာလည်က ရွာတွေ အကုန်ရှောင်ရတာ၊ ဒီကျွန်းပေါ်တင် ပတ်ချာလှည့်ပြီး ရှောင်နေရတာ “ ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ သည် လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာချိန် မေလ ၂၆ ရက်နေ့က မိဖုရားကျေးရွာမှ အမျိုးသမီးတစ်ဦး ကျည်ထိမှန် သေဆုံးပြီး ကလေးငယ်တစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရရှိထားကြောင်း ရေစကြို ပ.က.ဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ရေလယ်ကျွန်းဒေသ၏ တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းကို အင်းအား ၁၀၀ ခန့်ပါဝင်သည့် စစ်ကြောင်း နှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
“သူတို့ ဝင်တဲ့ရွာတိုင်းကို မီးရှို့ နေတာဆိုတော့ တစ်ကျွန်းလုံးကို မီးလောင်တိုက်သွင်းနေတဲ့ ပုံစံမျိုးကို ဖြစ်နေပြီ၊ ပြည်သူတွေအရှောင်မြန်နေလို့ မိမယ်ဆိုရင် အစုလိုက်အပြုံလိုက်သတ်မယ့် ပုံစံဖြစ်နေပြီ” ဟု ရေစကြို မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့ ဝင်ရောက်သည့် ကျေးရွာတိုင်းတွင် လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြလုပ်နေ၍ ပျက်စီးဆုံးရှုံးမှု များပြားနိုင်သော်လည်း အခြေအနေ အသေးစိတ်ကိုမူ မသိရသေးကြောင်း ဒေသခံများက ပြောသည်။
ယင်းအာဏာသိမ်း စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ မေလ ၂၇ ရက်နေ မွန်းလွဲပိုင်းတွင် ငတရော်ရွာနှင့် မိုးဖြူ ရွာအကြား ရောက်ရှိလာပြီးနောက် စစ်ကြောင်းကို တပ်ဖျောက်ထားကြောင်း သိရသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ရေလယ်ကျွန်း
#အမျိုးသမီးသေ
#ဒေသခံထွက်ပြေး
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥7🤬3❤1👍1😁1
​​မုန်တိုင်းကြောင့် သေဆုံးဦးရေ အာဆီယံ ထုတ်ပြန်ချက်က စစ်ကောင်စီ၏ နှုန်းထားနှင့် တူ

သဘာဝဘေး စီမံခန့်ခွဲမှု လူသားချင်း စာနာထောက်ထားရေး အကူအညီဆိုင်ရာ အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး စင်တာ (AHA) ၏ မေ ၂၄ ရက်က ထုတ်ပြန်သော မိုခါဆိုင်ကလုန်းမုန်တိုင်းအတွင်း သေဆုံးသူဦးရေ ဖော်ပြချက်သည် စစ်ကောင်စီက ကြေညာသည့် နှုန်းထားနှင့် အတူတူပင် ဖြစ်သည်။
👏3💩3🤯2🤬2👍1
ငါန်းဇွန်မြို့နယ်ရှိ TGYR စခန်း ဝင်စီးခံရ ၊ လက်နက်ခဲယမ်းအများအပြားဆုံးရှုံး

ကိုခင်မောင်
(မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ ငါန်းဇွန်းမြို့နယ်အတွင်း လှုပ်ရှားနေသော TGYR -Youth Revolution Guerrilla Force အဖွဲ့ စခန်း စစ်ကောင်စီတပ်၏ ဝင်စီးခံရ၍ စခန်းတစ်ခုလုံးပြာကျသွားပြီး လက်နက်ခဲယမ်းအများအပြား ဆုံးရှုံးခဲ့သည်ဟု ယင်းအဖွဲ့က ယမန်နေ့ မေလ ၂၆ရက်တွင် သတင်းထုတ်ပြန်သည်။
ဒလန်၏သတင်းပေးတိုင်ကြားမှုကြောင့် ယမန်နေ့ နံနက် ၅ နာရီခန့် TGYR စခန်းတွင် လူအင်အားနည်းသည့်အချိန်၌ ကျောက်ရစ်အထိုင်စခန်းမှ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း TGYR - Youth Guerrilla Counter Revolution ခေါင်းဆောင် ဗိုလ်အေကေက ဆိုသည်။
" တပ်ဖွဲ့ခေါင်းဆောင် ကျနော်က ဦးဆောင်ပြီး ရဲဘော် ၁၂ယောက်က ငါန်းဇွန်နယ်မှာအလုပ်သွားနေတာ ။ ငါးယောက်ကို တခြားအလုပ်လွှတ်ထားတာ။ စခန်းမှာက စခန်းစောင့်ရဲဘော် ရှစ်ယောက်ပဲထားခဲ့တာ။ အင်အားနည်းနေတာကိုဒလန်က အတိအကျပေးထားလို့ အင်အားနည်းနေချိန် ဝင်ရောက်စီးခံရတာပါဗျ” ဗိုလ်အေကေက မဇ္ဈိမသို့ပြောသည်။
🔥9😢3👍2😁1
Youth Guerrilla Counter Revolution တပ်ဖွဲ့ စခန်းတွင်းရှိ AK ကျည် ၄၁ တောင့်၊ 5.56 ကျည် ၂၅၀ တောင့်၊ 9.လုံးကျည် ၂၄၇ တောင့်၊လိုကယ်ဖောင်အပြည့်စုံ ၊ ဖုန်း နှစ်လုံး၊ စကားပြောစက် လေးလုံး၊ 9.mm ကျည် ၃၄ တောင့်၊ မိုင်း ခြောက် လုံး၊ ခြောက်ဆယ်မမအဖူး လေးဆယ်၊ ဆိုင်ကယ်- နှစ်စီး၊ ဆန် တစ်အိတ်၊ ဆီတစ်ပုံး၊ စာရွက်စာတန်းအကုန်၊ ကွပ်တိုက်ကြိုးတစ်ခွေနဲ့ C2-C4တို့ ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။
ထိုသို့ စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းမှုကြောင့် ကာလပေါက်ဈေးအရ ကျပ်သိန်း ၁၅၀နီးပါး ဆုံးရှုံးခဲ့သော်လည်း စခန်းရှိရဲဘော်များ ဘေးလွတ်ရာသို့ တိမ်းရှောင်နိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် လက်ရှိအချိန်တွင် ငါန်းဇွန်မြို့နယ်၊ မယ်မသော်ရွာတွင် တပ်စွဲထားသည်ဟုလည်းဆိုသည်။
TGYR - Youth Guerrilla Counter Revolutionအနေဖြင့် ဆုံးရှုံးခဲ့ရသော စခန်းအား ပြန်လည် တည်ဆောက်ရေးပြုလုပ်ရမည်ဖြစ်သည့်တွက် ပြည်တွင်း၊ပြည်ပ အလှူရှင်များ၏ အကူအညီ အရေးပေါ်လိုအပ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
TGYR - Youth Guerrilla Counter Revolution အဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ ထောက်တိုင်များကို ရှင်းလင်းတာအပြင် အခြားမစ်ရှင်ပေါင်းများစွာပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#TGYR စခန်း ဝင်စီးခံရ
#ငါန်းဇွန်မြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥3😁1
This media is not supported in your browser
VIEW IN TELEGRAM
အဆိုတော် Billie Eilish နဲ့ Jesse Rutherford တို့ လမ်းခွဲ

Full Video Link - https://youtu.be/tMtcWgdRyAw

#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
🔥1
Media is too big
VIEW IN TELEGRAM
ငါးခူစပ်ကြော် | Chef Eve's Easy Thai Cooking Show | Ep - 16

Watch more detail- https://youtu.be/Pn0iijZDhBc

#Mizzima #reels #shorts #ငါးခူစပ်ကြေ #ChefEve’s
🔥1
Media is too big
VIEW IN TELEGRAM
မုန့်လုံးကြော် | Chef Eve's Easy Thai Cooking Show | Ep - 16

Watch more detail- https://youtu.be/Pn0iijZDhBc

#Mizzima #reels #shorts #မုန့်လုံးကြော် #ChefEve’s
🔥1
​​ထိုင်းနိုင်ငံတွင် အာဏာသိမ်းပြီဟု သတင်းမှားပျံ့

JC
(မဇ္ဈိမ) ။ ။ ထိုင်းဝန်ကြီးချုပ်သစ်ကို ထိုင်းစစ်တပ်မှဖမ်းဆီးကာ အာဏာသိမ်းခြင်းဖြစ်ပွားနေပြီဟူသော သတင်းအမှား လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။

“ထိုင်းဝန်ကြီးချုပ်သစ် ထိုင်းစစ်တပ်ဖမ်းဆီးပြီး အာဏာသိမ်းပြီ” ဟူသော ခေါင်းစဉ်ဖြင့် “HD Videos” အမည်ရှိ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဗီဒီယိုဖိုင်တစ်ခုကို မေလ ၂၄ ရက်နေ့က ဖြန့်ဝေထားသည်။ အဆိုပါ ဗီဒီယိုဖိုင်အား ကြည့်ရှုသူ ၉၃၀,၀၀၀ နှင့်အထက်ရှိပြီး ကြိုက်နှစ်သက်ကြောင်းပြုလုပ်သူ ၃၁,၀၀၀ ကျော် ရှိရာ ပြန်လည်ဖြန့်ဝေမှု ၁,၆၀၀၀ ရှိသည်။

ထိုဗီဒီယိုဖိုင်အား မဇ္ဈိမက အချက်အလက်စစ်ဆေးခဲ့ရာတွင် ခေါင်းစဉ်ဖော်ပြမှုနှင့် ဗီဒီယိုဖိုင်၌ အမှန် တကယ်ပြောဆိုသည့်အကြောင်းအရာမှာ လွဲမှားနေကြောင်း တွေ့ရသည်။

ဗီဒီယိုဖိုင်သည် ကြာချိန် ၁၃ မိနစ်ကျော်ရှိပြီး တစ်မိနစ်ကျော်ခန့်တွင် ထိုင်းဝန်ကြီးချုပ် ပရာယွပ် က ၂၀၂၃ ထိုင်းနိုင်ငံ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြောဆိုထားသည်ကို တွေ့ရသည်။ အဆိုပါ အကြောင်းအရာကို Ayeyarwaddy Times သတင်းဌာနမှ မေလ ၂၄ ရက်နေ့တွင် ဖော်ပြထားပြီး “အစိုးရသစ်ကို အာဏာလွှဲ ပြောင်းပေးမယ်လို့ ထိုင်းဝန်ကြီးချုပ်ပရာယွပ်ချန်အိုချာ ကတိပြု” ဟူသောသတင်းကို ပြန်လည်တင်ဆက် ထားခြင်း ဖြစ်သည်။
လင့် - https://shorturl.at/eSTX0

ထိုင်း သတင်းမီဒီယာတခုဖြစ်သော Bangkok Post သတင်းဌာနက မေလ ၂၇ ရက်နေ့၌ ထိုင်းနိုင်ငံရွေး ကောက်ပွဲတွင်အနိုင်ရခဲ့သည့် Move Forward Party ဦးဆောင်သူပီတ ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် တောင်းဆိုဟူသောသတင်းကို နောက်ဆုံးဖော်ပြထားသည်။ သတင်းမှားတွင် ဖော်ပြထားသကဲ့သို့ ထိုင်း ဝန်ကြီးချုပ်အသစ်ဖြစ်လာမည့် မစ္စတာပီတလင်ဂျာရွန်ရက်ကို ထိုင်းစစ်တပ်မှဖမ်းဆီးခဲ့ပြီး ထိုင်းနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားကြောင်းကိုမူ ထိုင်းနိုင်ငံရှိ မည်သည့်သတင်းဌာနတွင်မှ ဖော်ပြထားခြင်း မရှိပေ။
လင့် - https://shorturl.at/mwzKM

ထိုင်းနိုင်ငံအတွင်း၌လည်း ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြပြီး အာဏာသိမ်းသည့် အရိပ်အယောင် မတွေ့ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။

အလားတူ “အာဏာသိမ်းဖို့ကြံလို့ ဖမ်းဆီးလိုက်ပြီ” ဟူသောခေါင်းစဉ်ဖြင့် HD Videos မှ မေလ ၂၆ ရက် နေ့တွင် အကြောင်းအရာနှင့်ခေါင်းစဉ်လွဲမှားနေသည့် ထိုင်းဝန်ကြီးချုပ်ပရာယွပ်နှင့် MFP ပါတီခေါင်း ဆောင် ပီတလင်ဂျာရွန်ရက်တို့၏ ရုပ်ပုံများဖြင့် ဗီဒီယိုဖိုင်တစ်ခုကို ဖြန့်ဝေထားသည်။

ထိုဗီဒီယိုဖိုင်ကိုလည်း ၂၄ နာရီအတွင်း ကြည့်ရှုသူ ၁၅၅,၀၀၀၊ ကြိုက်နှစ်သက်ကြောင်း ပြုလုပ်သူ ၄,၀၀၀ ကျော်နှင့် ပြန်လည်မျှဝေမှု ၂၂၉ ခုရှိနေပြီဖြစ်သည်။ ထိုဗီဒီယိုဖိုင်ထဲတွင်မူ နိုင်ငံရေးဆိုင်ရာသုံးသပ်ချက် များရေးသားလေ့ရှိသည့် ဦးလှစိုးဝေ၏ ထိုင်းနိုင်ငံနှင့်ပတ်သက်၍ရေးသားထားသည့် “ပရာရွတ် အတွက်ပါ ယတြာ ချေပေးရဖို့ ဖြစ်လာနေ" ဟူသော သုံးသပ်ချက်ကို ပြန်လည်တင်ဆက်ထားခြင်း ဖြစ်သည်။
မူရင်းစာလင့် - https://shorturl.at/cdoq0
ဗီဒီယိုလင့် https://fb.watch/kNezOaH7YT/

သတင်းမှားဖြန့်ဝေသည့် “HD Videos” ဖေ့စ်ဘုတ်စာမျက်နှာတွင် ယခုကဲ့သို့ လူစိတ်ဝင်စားစေမည့် ခေါင်း စဉ်မျိုးဖြင့် သတင်းဌာနများမှဖော်ပြထားသည့် သတင်းများကို ပြန်လည်တင်ဆက်ပြီး ရုပ်ကပ်အလွဲများ နှင့် ခေါင်းစဉ်အလွဲများတပ်ကာ ဖော်ပြလေ့ရှိသည်။

ထို့ကြောင့် ထိုင်းဝန်ကြီးချုပ်သစ်ကို ထိုင်းစစ်တပ်ကဖမ်းဆီးကာ အာဏာသိမ်းလိုက်ပြီဟူသောသတင်းမှာ မှားယွင်းနေပြီး ဗီဒီယိုဖိုင်ပါသတင်းနှင့် မတူညီပေ။ လက်ရှိတွင် အနိုင်ရပါတီ(MFP)မှ ပီတာသည် ဖမ်းဆီး ခံရခြင်းမရှိဘဲ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ထိုင်းမီဒီယာများက ဖော်ပြလျက် ရှိသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။


စာတည်း။ ။စောဖေ

#Misinformation_Buster
#fake_news_

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10❤2😁2