Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.6K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ထိုင်းနိုင်ငံတွင် အာဏာသိမ်းပြီဟု သတင်းမှားပျံ့

JC
(မဇ္ဈိမ) ။ ။ ထိုင်းဝန်ကြီးချုပ်သစ်ကို ထိုင်းစစ်တပ်မှဖမ်းဆီးကာ အာဏာသိမ်းခြင်းဖြစ်ပွားနေပြီဟူသော သတင်းအမှား လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။

“ထိုင်းဝန်ကြီးချုပ်သစ် ထိုင်းစစ်တပ်ဖမ်းဆီးပြီး အာဏာသိမ်းပြီ” ဟူသော ခေါင်းစဉ်ဖြင့် “HD Videos” အမည်ရှိ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဗီဒီယိုဖိုင်တစ်ခုကို မေလ ၂၄ ရက်နေ့က ဖြန့်ဝေထားသည်။ အဆိုပါ ဗီဒီယိုဖိုင်အား ကြည့်ရှုသူ ၉၃၀,၀၀၀ နှင့်အထက်ရှိပြီး ကြိုက်နှစ်သက်ကြောင်းပြုလုပ်သူ ၃၁,၀၀၀ ကျော် ရှိရာ ပြန်လည်ဖြန့်ဝေမှု ၁,၆၀၀၀ ရှိသည်။

ထိုဗီဒီယိုဖိုင်အား မဇ္ဈိမက အချက်အလက်စစ်ဆေးခဲ့ရာတွင် ခေါင်းစဉ်ဖော်ပြမှုနှင့် ဗီဒီယိုဖိုင်၌ အမှန် တကယ်ပြောဆိုသည့်အကြောင်းအရာမှာ လွဲမှားနေကြောင်း တွေ့ရသည်။

ဗီဒီယိုဖိုင်သည် ကြာချိန် ၁၃ မိနစ်ကျော်ရှိပြီး တစ်မိနစ်ကျော်ခန့်တွင် ထိုင်းဝန်ကြီးချုပ် ပရာယွပ် က ၂၀၂၃ ထိုင်းနိုင်ငံ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြောဆိုထားသည်ကို တွေ့ရသည်။ အဆိုပါ အကြောင်းအရာကို Ayeyarwaddy Times သတင်းဌာနမှ မေလ ၂၄ ရက်နေ့တွင် ဖော်ပြထားပြီး “အစိုးရသစ်ကို အာဏာလွှဲ ပြောင်းပေးမယ်လို့ ထိုင်းဝန်ကြီးချုပ်ပရာယွပ်ချန်အိုချာ ကတိပြု” ဟူသောသတင်းကို ပြန်လည်တင်ဆက် ထားခြင်း ဖြစ်သည်။
လင့် - https://shorturl.at/eSTX0

ထိုင်း သတင်းမီဒီယာတခုဖြစ်သော Bangkok Post သတင်းဌာနက မေလ ၂၇ ရက်နေ့၌ ထိုင်းနိုင်ငံရွေး ကောက်ပွဲတွင်အနိုင်ရခဲ့သည့် Move Forward Party ဦးဆောင်သူပီတ ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် တောင်းဆိုဟူသောသတင်းကို နောက်ဆုံးဖော်ပြထားသည်။ သတင်းမှားတွင် ဖော်ပြထားသကဲ့သို့ ထိုင်း ဝန်ကြီးချုပ်အသစ်ဖြစ်လာမည့် မစ္စတာပီတလင်ဂျာရွန်ရက်ကို ထိုင်းစစ်တပ်မှဖမ်းဆီးခဲ့ပြီး ထိုင်းနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားကြောင်းကိုမူ ထိုင်းနိုင်ငံရှိ မည်သည့်သတင်းဌာနတွင်မှ ဖော်ပြထားခြင်း မရှိပေ။
လင့် - https://shorturl.at/mwzKM

ထိုင်းနိုင်ငံအတွင်း၌လည်း ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြပြီး အာဏာသိမ်းသည့် အရိပ်အယောင် မတွေ့ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။

အလားတူ “အာဏာသိမ်းဖို့ကြံလို့ ဖမ်းဆီးလိုက်ပြီ” ဟူသောခေါင်းစဉ်ဖြင့် HD Videos မှ မေလ ၂၆ ရက် နေ့တွင် အကြောင်းအရာနှင့်ခေါင်းစဉ်လွဲမှားနေသည့် ထိုင်းဝန်ကြီးချုပ်ပရာယွပ်နှင့် MFP ပါတီခေါင်း ဆောင် ပီတလင်ဂျာရွန်ရက်တို့၏ ရုပ်ပုံများဖြင့် ဗီဒီယိုဖိုင်တစ်ခုကို ဖြန့်ဝေထားသည်။

ထိုဗီဒီယိုဖိုင်ကိုလည်း ၂၄ နာရီအတွင်း ကြည့်ရှုသူ ၁၅၅,၀၀၀၊ ကြိုက်နှစ်သက်ကြောင်း ပြုလုပ်သူ ၄,၀၀၀ ကျော်နှင့် ပြန်လည်မျှဝေမှု ၂၂၉ ခုရှိနေပြီဖြစ်သည်။ ထိုဗီဒီယိုဖိုင်ထဲတွင်မူ နိုင်ငံရေးဆိုင်ရာသုံးသပ်ချက် များရေးသားလေ့ရှိသည့် ဦးလှစိုးဝေ၏ ထိုင်းနိုင်ငံနှင့်ပတ်သက်၍ရေးသားထားသည့် “ပရာရွတ် အတွက်ပါ ယတြာ ချေပေးရဖို့ ဖြစ်လာနေ" ဟူသော သုံးသပ်ချက်ကို ပြန်လည်တင်ဆက်ထားခြင်း ဖြစ်သည်။
မူရင်းစာလင့် - https://shorturl.at/cdoq0
ဗီဒီယိုလင့် https://fb.watch/kNezOaH7YT/

သတင်းမှားဖြန့်ဝေသည့် “HD Videos” ဖေ့စ်ဘုတ်စာမျက်နှာတွင် ယခုကဲ့သို့ လူစိတ်ဝင်စားစေမည့် ခေါင်း စဉ်မျိုးဖြင့် သတင်းဌာနများမှဖော်ပြထားသည့် သတင်းများကို ပြန်လည်တင်ဆက်ပြီး ရုပ်ကပ်အလွဲများ နှင့် ခေါင်းစဉ်အလွဲများတပ်ကာ ဖော်ပြလေ့ရှိသည်။

ထို့ကြောင့် ထိုင်းဝန်ကြီးချုပ်သစ်ကို ထိုင်းစစ်တပ်ကဖမ်းဆီးကာ အာဏာသိမ်းလိုက်ပြီဟူသောသတင်းမှာ မှားယွင်းနေပြီး ဗီဒီယိုဖိုင်ပါသတင်းနှင့် မတူညီပေ။ လက်ရှိတွင် အနိုင်ရပါတီ(MFP)မှ ပီတာသည် ဖမ်းဆီး ခံရခြင်းမရှိဘဲ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ထိုင်းမီဒီယာများက ဖော်ပြလျက် ရှိသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။


စာတည်း။ ။စောဖေ

#Misinformation_Buster
#fake_news_

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10❤2😁2
🔥3
ပဒူကျေးရွာတွင် စစ်ကောင်စီတပ်စွဲ၊ ဒေသခံ ၃,၀၀၀ကျော် နေရပ်ပြန်မရ

MTO

(မဇ္ဈိမ) ။ ။စစ်ကိုင်းမြို့နယ် ၊ပဒူကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ပြီး တပ်စွဲထားသောကြောင့် ဒေသခံများသည် ၁၀ရက်ခန့်ကြာသည်အထိ နေရပ်မပြန်နိုင်ပဲ စစ်ဘေးရှောင်နေကြရကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကသတင်းထုတ်ပြန်သည်။

" ပဒူတရွာလုံး နီးပါးဆိုတော့ ၃၀၀၀ခန့်ရှိပါတယ်။ စစ်သားတွေ ရွာထဲရှိနေတော့ ပြန်ဖို့ကတော့ မလွယ်ပါဘူး။ ပြန်လည်း နေစရာမရှိဘူး"ဟုစစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၉ရက်မှစတင်၍ ပဒူကျေးရွာပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။ မေလ ၂၂ ရက်တွင် ပဒူတိုက်နယ်ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ရဲစခန်းကို သိမ်းလုနီးပါးအထိ တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီတပ်က လလေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ပြီးပဒူကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ဒေသခံများကပြောသည်။ ထို့နောက်စစ်ကောင်စီတပ်ဖွဲ့ သည် မေလ ၂၃ ရက်နှင့် ၂၄ ရက်နေ့ များတွင် ရွာအတွင်းရှိ နေအိမ်များကို ထပ်မံ၍ မီးရှို့ဖျက်ဆီးပြီးနောက် ယနေ့ မေလ ၂၇ ရက်နေ့ အထိ ကျေးရွာအတွင်း တပ်စွဲနေထိုင်နေကြောင်း သိရသည်။

" ရွာက အိမ်‌ခြေ ၅၀၀ လောက်ကို မီးတင်ရှို့တာ။ ဒေသခံတွေက ထွက်ပြေးနေရတယ်။ တ‌နေရာရာမှာ အကြာကြီး မနေရဲဘူး" ဟု ပဒူရွာဒေသခံတစ်ဦးကပြောသည်။

ပဒူရွာဒေသခံ လူဦးရေ ၃၀၀၀ ခန့်သည် မေလ ၁၉ရက်နေ့မှ စတင်တိမ်းရှောင်ခဲ့ရပြီး ယနေ့ မေလ ၂၇ရက်အထိ ထွက်ပြေး‌နေရသည်ဟု သိရသည်။၎င်းတို့နှင့်အတူယာယီစစ်ဘေးရှောင်ရာနေရာများသို့ ကျွဲနွားများလည်း ပါလာသောကြောင့် တိရိစ္ဆာန်အစာအတွက်ပါ အခက်တွေ့နေရသည်ဟုစစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံက ‌ဆိုသည်။

စာတည်း - မောင်ကြီး
#mizzima
#စစ်ကိုင်း
#ပဒူကျေးရွာ
#စစ်ကောင်စီတပ်စွဲ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢7👍3😁2🤬2
​​မဲကနယ်နှင့် ကျောက်မိုင်းဒေသ ၂ လတာ တိုက်ပွဲတွင် စကစတပ် ၁၂၀ နီးပါး သေဆုံး

သွင်ထူးဈာန် (ကော်သူးလေ)

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ခြမ်းရှိ မဲကနယ်ဒေသနှင့် ကျောက်မိုင်း ဒေသတို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်ဖွဲ့နှင့် KNU/KNLA၊ Cobra စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းတို့ပူးပေါင်း စစ်ကြောင်းအကြား ဖြစ်ပွားနေသော မတ်လ ၂၅ ရက်နေ့မှ မေလ ၂၅ ရက်နေ့အထိ နှစ်လတာ တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် BGF ဘက်က ၁၁၄ ဦး သေဆုံးကြောင်း Cobra စစ်ကြောင်းထံမှ သိရသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင် ၁၁၄ ဦးသေဆုံး သကဲ့သို့ နောက်ထပ် တပ်ဖွဲ့ဝင် ၁၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၁၁ ဦး ကို ဖမ်းဆီးရမိခဲ့ကြောင်း Cobra စစ်ကြောင်းက ပြောသည်။

စစ်ကောင်စီတပ်သားများ အထိအခိုက်၊ အကျအဆုံးများနေခြင်းမှာ စစ်တိုက်ရာတွင် ခံယူချက်နှင့် စိတ်ပါဝင်မှု မရှိခြင်းကြောင့် ဖြစ်သည်ဟု Cobra စစ်ကြောင်း၏ စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောမှ မဇ္ဈိမကို ပြောသည်။

“ကျဆုံးမှုများတာလည်း ခုနကပြောသလိုမျိုး စိတ်မှမပါဘဲ အထက်ကနေပြီးမှ သေရမယ်မှန်း သိသိကြီးနဲ့ လွှတ်တာကတော့ အကျအဆုံးများတာပေါ့၊ ဘာလို့လဲဆိုတော့ အလုပ်တခုလုပ်ရင် စိတ်မပါဘဲ လုပ်ရင်တော့ ဘာအလုပ်လုပ်ပဲဖြစ်ဖြစ် အောင်မြင်မှုရှိမှာ မဟုတ်သလို စစ်တိုက်တာကို စိတ်မပါပဲနဲ့ သေရမှာမှန်း သိသိကြီးနဲ့ တက်လာတာတော့ အဲ့လိုမျိုးကျတော့ အကျအဆုံး များတယ်လို့ ပြောလို့ရတယ်”ဟု Cobra စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောမှ မဇ္ဈိမကို ပြောသည်။

ယင်း နှစ်လတာ တိုက်ပွဲတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ၁၁ ဦး ကျဆုံးပြီး ၃၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ Drone လေးစီး ပျက်စီးခဲ့ကြောင်း သိရသည်။

တိုက်ပွဲ၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီတပ် လက်အောက်ခံ (BGF) တပ်စခန်း သုံးခုကို သိမ်းဆည်းနိုင်ခဲ့ပြီး လက်နက်ငယ်အစုံ ၃၈ လက်၊ ၆၀ မမ ပြောင်းရှည် တစ်လက်၊ ၆၀မမ ပြောင်းတို တစ်လက်၊ ၇၉ သေနတ် တစ်လက်နှင့် နာတိုပြောင်း တစ်ခုကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုင်း- မြန်မာနယ်စပ်၊ မြန်မာဘက်ခြမ်းရှိ မြဝတီမြို့ နယ်၊ မဲကနယ်ဒေသနှင့် ကျောက်မိုင်းဒေသတို့တွင် မတ်လ ၂၅ ရက်နေ့မှ စတင်ပြီး လက်ရှိအချိန်ထိ နှစ်ဘက်တိုက်ပွဲဖြစ်ပွားကာ စစ်ရေးတင်းမာနေဆဲ ဖြစ်ကာ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်များလည်း ပြုလုပ်နေသည်။

အဆိုပါ ဒေသ၌ နှစ်လအတွင်း စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှု ၂၂ ကြိမ်နှင့် လက်နက်ကြီးပစ်ခတ်မှု ၁,၀၈၁ ကြိမ်ရှိခဲ့ကြောင်း Cobra စစ်ကြောင်း၏ မှတ်တမ်းများအရ သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦးသေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ်မွေးတိရစ္ဆာန် ၁၀ ကောင်ထက်မနည်း သေဆုံးကာ အဆောက်အဦး ၄၁ လုံး ပျက်စီးသွားကြောင်း Cobraစစ်ကြောင်းထံမှ သိရသည်။

စာတည်း။ ။ နောင်နောင်

#မဲကနယ်
#ကျောက်မိုင်းဒေသ
#မြဝတီတိုက်ပွဲ
#Mizzima
👍15🥱3
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၇ မေ ၂၀၂၃) 

မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်း၊မကွေးဒေသများတွင် ရွာများကိုမီးရှို့ သည့်အပြင် မပြေးနိုင်သော သက်ကြီးရွယ်များကိုပါမရှောင်တော့ဘဲ သတ်ဖြတ်သည့် ပုံစံများကျင့်သုံးလာသည်ကို တွေ့ရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁2👍1
Weekend News Roundup

-မြန်မာ့အရေးနဲ့ပတ်သတ်ပြီး ကုလလုံခြုံရေးကောင်စီမှာ အလွတ်သဘောဆွေးနွေးတဲ့သတင်း
-မြန်မာအရေးနဲ့ပတ်သတ်ပြီး G7 ခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက် စစ်ကောင်စီအပေါ် ထိရောက်တဲ့ အရေးယူမှုဖြစ်စေလို တဲ့ သတင်း
-ဘရာဇီးနိုင်ငံဟာ ကုလလုံခြုံရေးကောင်စီမှာ အမြဲတမ်အဖွဲ့ဝင်ဖြစ်သင့်ကြောင်း ဗြိတိန်ပြော
တဲ့သတင်း
- အီဂျစ်ကိုထွက်ပြေးလာတဲ့ ဆူဒန်ဒုက္ခသည်တွေအတွက် စိန်ခေါ်မှုများစွာရှိနေ
တဲ့သတင်း
-ရတနာဓါတ်ငွေ့စီမံကိန်း အကြီးဆုံးရှယ်ယာ ကနေဒါကုမ္ပဏီဖြစ်နေကြောင်း ဖော်ထုတ်
တဲ့ သတင်း
-ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများ လျော့ချပေးရန် တရုတ်ထံ တောင်းဆို

https://youtu.be/D-m9kWFh6Q8
👍5😁2
Media is too big
VIEW IN TELEGRAM
မိုခါစူပါဆိုင်ကလုန်းမုန်တိုင်းက ကလေးဖက်ကို ဘယ်လိုများသက်ရောက်မှု့ရှိသလဲ

Watch more detail -https://youtu.be/-rCtdbKVfLM

#ချစ်သောအညာမြေ #စကားဝိုင်း #shorts #reels
❤3🔥2
​​KNU တပ်မဟာ(၅)နယ်မြေရှိ စစ်ကောင်စီတပ်နှင့် BGF စခန်းများအား ဝင်ရောက်တိုက်ခိုက်

YT
(မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU)​၊ တပ်မဟာ (၅)နယ်မြေ၊ မူတြော်ခရိုင် ( ဖာပွန်ခရိုင်)၊ လယ်မူပလောမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ၎င်းတို့​၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) စခန်းများအား တပ်မဟာ (၅) KNLA လက်အောက်ရှိ တပ်ရင်းရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KNU- မူတြော်သတင်းစဉ်က ယမန်နေ့ မေလ ၂၆ ရက်နေ့က သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့က လယ်မူပလောမြို့နယ်၊ ယိုဒိုခိုနှင့် ယူဂိုလော် ဒေသကြားရှိ စစ်ကောင်စီတပ်နှင့် BGF တပ်စခန်းများအား တပ်မဟာ (၅) KNLA လက်အောက်ရှိ တပ်ရင်းရဲဘော်များက ပြောက်ကျားစစ်ဖြင့် ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
" ယိုဒိုခိုနှင့် ယူဂိုလော် ဒေသကြားရှိ စစ်ကောင်စီတပ်နှင့် BGF တပ်စခန်း သုံး၊ လေးခုအား တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းခဲ့၍ စစ်ကောင်စီတပ်ဘက်က အထိနာခဲ့သည်။ စစ်ကောင်စီတပ်နှင့် BGF စခန်းတစ်ခုအား သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်"ဟု KNU တပ်မဟာ (၅) ဒေသတွင်း လှူပ်ရှားနေသည့် KNU သတင်းအရင်းအမြစ်တစ်ဦးက ၎င်း​၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
မေလ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ကလည်း ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဃော်ကလားကျေးရွာအတွင်း လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့၍ အသက် ၅၃ နှစ်အရွယ်ရှိ ဒေသခံ စောဖါးဝီးပြ သေဆုံးခဲ့ရကြောင်း သိရသည်။
ထို့အပြင် မေလ ၂၃ ရက်နေ့ကပဲ ဖာပွန်မြို့နယ်အခြေစိုက် အမြှောက်တပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဖာပွန်မြို့နယ် မြောက်ဘက်ရှိ ကလော်ထာကျေးရွာအုပ်စုနှင့် ဘောသေထာကျေးရွာအုပ်စုရှိ ဒေသခံများ​၏ ရာဘာခြံများအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလအတွင်း မေလ ၂ ရက်နေ့က နီကန် တပ်နယ် (၃) BGF တပ်စခန်း၊ မေလ ၂၀ ရက်နေ့ ညနေပိုင်းက ကတဲတိ (ကတိုင်တိ) ကျေးရွာနှင့်ထီးကဆောမဲကျေးရွာ အကြားရှိ BGF ဂိတ်စခန်းတို့အား တပ်မဟာ (၅) KNLA ရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး BGF ဘက်မှ တပ်ခွဲမှူး စောဘာယိုအပါအဝင် ၁၁ ဦးသေဆုံးခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း KNU-မူတြော်သတင်းစဉ်က ထုတ်ပြန်ခဲ့သေးသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#လယ်မူပလောမြို့နယ်
#စစ်ကောင်စီတပ်
#KNU
#KNLA
#ထုတ်ပြန်ချက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17👏3😁3
မန္တလေးတောင်ခြေရှိ စကစခြေလျင်တပ်ရင်း ၄၀ မမဖြင့် တိုက်ခိုက်ခံရ

007
(မဇ္စျိမ) ။ ။ မန္တလေးတောင်ခြေရှိ စစ်ကောင်စီ၏ခြေလျင်တပ်ရင်းတစ်ခုကို၊ ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မန္တလေးအခြေစိုက် နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့ မေလ ၂၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင်၊ မန္တလေးတောင်ခြေ ကုသိုလ်တော်ဘုရားအနီးရှိ၊ စစ်ကောင်စီ၏ ခလရ (၉၁၀) တပ်ကို လုံခြုံရေးတင်းကျပ်ထားသည့်ကြားက ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
၎င်းတပ်သည်၊ စစ်ကောင်စီတပ်၏လက်နက်ခဲယမ်း သိုလှောင်ရာစစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတစ်ခုလည်းဖြစ်ပြီး၊ မြို့အနှံ့လုံခြုံရေးတင်းကျပ်ထားသည့်ကြားက အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပြီး၊ အထိအခိုက်အသေအဆုံးနှင့်ပတ်သက်၍ လတ်တလောမသိနိုင်သေးကြောင်း၊ တိုက်ခိုက်ရေးရဲဘော်များ အန္တရာယ်ကင်းစွာဖြင့် စိတ်ချရသည့်နေရာ ရောက်ရှိနေပြီဖြစ်ကြောင်း တပ်ဖွဲ့တာ၀န်ခံ ဗိုလ်နတ်ဆိုးက ပြောသည်။
👍18👏6😁3❤1
အဆိုပါတိုက်ခိုက်မှုကို၊ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့နှင့် ပြင်ဦးလွင်ခရိုင်အမှတ် (၁) တပ်ရင်း၊ တပ်ဖွဲ့( ၁ )တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲဲ့သည်၊ မေလ ၂၄ ရက်နေ့ကလည်း၊ ပြင်ဦးလွင်ခရိုင် ပ.က.ဖ တပ်ဖွဲ့(၁)နှင့်အတူ၊ မန္တလေးတောင် မြောက်ဘက်၊ ပုသိမ်ကြီးမြို့နယ် မင်းဂံကျေးရွာရှိ၊ စစ်ကောင်စီ၏တပ်စခန်းကို ၄၀ မမဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ပြင်ဦးလွင်ခရိုင်
#နတ်ဆိုး
#မန္တလေးတောင်ခြေ
#စစ်ကောင်စီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19😁3❤2👏2
မေလ (၂၇) ရက်၊ စနေနေ့ ညနေပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

ဖားကန့်မှာ KIO မြို့နယ်အဆင့်အရာရှိနဲ့ မိသားစုဝင်တွေကို စစ်ကောင်စီ ဖမ်းဆီးကာ နေအိမ်ကိုချိတ်ပိတ်ပြီးကျောက်စိမ်းတုံးတွေကို သိမ်းယူသွားတဲ့သတင်းနဲ့အတူ

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို အမြန်ဆုံးစတင်လိုကြောင်း တရုတ်ပြောတဲ့သတင်းလွှာအပါအဝင်

တစ်ပတ်အတွင်းနိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ သံစဉ့်အိမ်အစီအစဉ်ကို နားဆင်ရမှာပါ။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/Zms14ta9xb8
👍6👏2❤1🔥1
ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ (၉၄) ကြိမ်မြောက် ဆန္ဒထုတ်ဖော်

မင်းထက်
(မဇ္စျိမ)။ ။ ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ မေလ ၂၇ ရက်၊ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်
ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်းသိရသည်။
"စစ်ခွေးလို့ ခေါ်ရတာရင်နာတယ်၊ သခင်အပေါ်သစ္စာရှိတဲ့ခွေးလေးတွေဘက်က နစ်နာတယ်"စာသားပါ ဘန်နာအားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။
စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၉၄)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။

#ဆန္ဒပြ
#Mizzima
👍23❤6😁2