Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မေလ (၂၈) ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

စစ်ကောင်စီတပ်ရဲ့ ဘီလူးစစ်ကြောင်း တပ်မဟာ (၃) မုန်းမြို့နယ်အတွင်း ရောက်ရှိပြီဖြစ်တဲ့သတင်းနဲ့အတူ

စစ်ကောင်စီတပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် လူဦးရေ ၁,၆၀၀ နီးပါး သေဆုံးခဲ့ရတဲ့သတင်းအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ သံစဉ့်အိမ် အစီအစဉ်ကိုလည်းတင်ဆက်သွားဖို့ရှိပါတယ်။

https://youtu.be/6eTRel0Bhls
👍7😁2
မေလ ၂၈ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်

ဒီကနေ့ မေ ၂၈ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေ ထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေးထားတာလည်း ဖြစ်ပါတယ်။

https://youtu.be/Zm36dYH_O5U
👍11😁2❤1
ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့

အောက်ခြေအထိ ထိုးဆင်းလာနေတဲ့ပါကစ္စတန်နိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ

ဆရင်နဂါမြို့မှာ Smart City စီမံကိန်းတစ်ခုအဖြစ်စက်ဘီးပတ်လမ်းကြောင်းများ တည်ဆောက်နေ

ဂယ်ဂစ်တွင် လမ်းပမ်းဆက်သွယ်ရေး ညံ့ဖျင်းမှုကြောင့် ဆန္ဒပြ

တမီလ်နာဒူရဲ့မဒူရိုင်မြို့မှာ ကျင်းပခဲ့တဲ့ အကြီးမားဆုံး ပွဲတော်

အာရှတစ်ခွင်က ထူးခြားတဲ့အကြောင်းအရာများကို သိရှိနိုင်မဲ့Asia Watch ကဏ္ဍတွေကို တင်ဆက်သွားမှာပါ။

https://youtu.be/1fZcnLUpHfk
👍7🔥1😁1
​​တံတားဦးတွင် ပြည်ခိုင်ဖြိုးပါတီဝင် ၅ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

007
(မဇ္စျိမ)။ ။မန္တလေးတိုင်း၊တံတားဦးမြို့နယ်တွင် မေလ ၂၆ရက်နေ့ညက ပြည်ခိုင်ဖြိုးပါတီရပ်ကျေးဥက္ကဋ္ဌအပါအ၀င်ပါတီ၀င်ငါးဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး ငါးဦးစလုံးသေဆုံးသွားကြောင်း ဒေသခံများကပြောသည်။
တံတားဦးမြို့နယ်၊ ထောက်ရစ်ကျေးရွာအုပ်စု၊ ထောက်ရစ်ကျေးရွာတွင် မေလ ၂၆ ရက်နေ့ ည ၁၁ နာရီခန့်က အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဟုသိရသည်။
" ရပ်ကျေးဥက္ကဋ္ဌနဲ့ကော်မတီ၀င်နှစ်ယောက်၊ နောက်ပြီးတော့ ပါတီအမာခံနှစ်ယောက်၊ နာမည်တွေမေးပြီးတော့ကို လာသတ်သွားတာ" ဟု ဒေသခံတစ်ဦးကပြောသည်။
အသတ်ခံခဲ့ရသူများသည် ထောက်ရစ်ကျေးရွာပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးဥက္ကဋ္ဌဦးစော၀င်း(အသက် ၅၀ နှစ်)၊ ရပ်/ကျေးကော်မတီ၀င် ဦးဆန်းမင်းကို(အသက် ၅၀ နှစ်)နှင့် ဦးစိုးနိုင်(အသက် ၄၉ နှစ်)၊ ပါတီ၀န်းရံသူနှစ်ဦး ဖြစ်သော ဦးမင်းမင်းသိုက်(အသက် ၄၂ နှစ်)နှင့် ဦးကိုကိုနိုင်(အသက် ၃၀ နှစ်)တို့ဖြစ်ကြောင်း မဇ္ဈိမမှစုံစမ်းသိရှိရသည်။
လက်နက်ကိုင်ဆောင်ထားသူအများအပြားက ၎င်းတို့နေထိုင်သော နေအိမ်ခြံ၀င်းထဲအထိ၀င်ရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
" အိမ်ထဲမှာအသတ်ခံရတာက ဥက္ကဋ္ဌအပါအ၀င်လေးယောက်။ တစ်ယောက်ချင်းစီ သူ့နေအိမ်နဲ့သူ နေကြတာကို ဝင်ပစ်တာ။ ၀န်းရံသူတစ်ယောက်က လမ်းဘေးမှာအလောင်းတွေ့တာ။အလောင်းတွေမှာ ဒဏ်ရာတွေအများကြီးပဲ" ဟု ဒေသခံတစ်ဦးကပြောသည်။
သေဆုံးအလောင်းများတွင် သေနတ်ကျည်ဆန်ဖောက်၀င်ဒဏ်ရာ အနည်းဆုံးသုံးချက်ခန့်စီတွေ့ရပြီး ဦးဆန်းမင်းကိုသည် သေနတ်ဒဏ်ရာ ကိုးချက်ဖြင့်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။၎င်းတို့အား မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သွားသည်ကို မသိရသေးပေ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအ၀ှမ်း ပြည်ခိုင်ဖြိုးပါတီ၀င် ၂,၄၀၀ ထက်မနည်းသတ်ဖြတ်ခံထားရကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကထုတ်ပြန်ထားသည်။
မန္တလေးတိုင်းတွင် မဘသထောက်ခံသူများ၊အမျိုးသားရေးအစွန်းရောက်များနှင့် ပြည်ခိုင်ဖြိုးပါတီဝင်အချို့ ပူးပေါင်း ဖွဲ့စည်းထားသည့် သွေးသောက်အဖွဲ့ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များ၊ NLD ပါတီထောက်ခံသူများ၊ စစ်အာဏာရှင်ဆန့်ကျင်သူများကို
မကြာခဏသတ်ဖြတ်နေကြောင်း ဒေသခံများကပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ဧပြီလအတွင်းက မန္တလေးမြို့မှ NLDပါတီအမတ်တစ်ဦး၏ အစ်ကိုအပါအဝင် NLDပါတီဝင်ငါးဦးကို ‌သွေးသောက်အဖွဲ့က သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲ့ကြောင်း ဒေသခံများကပြောသည်။
စာတည်း - မောင်ကြီး
#mizzima
#မန္တလေးတိုင်း
#တံတားဦးမြို့
#ပြည်ခိုင်ဖြိုးပါတီ၀င်ငါးဦး
#ပစ်သတ်ခံရ
👍26🔥4👏2
​​လင်မယားရန်ဖြစ်ရာမှ ဇနီးက အီနာဂါဗုံးသီးဖြင့်ပစ်၍ ခင်ပွန်းဖြစ်သူ ပြည်သူ့စစ်တပ်ဖွဲ့ဝင် သေဆုံး

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-ပုသိမ်လမ်းခွဲအနီး အောင်ဇေယျတပ်ကုန်း (အရပ်ခေါ် အကျိုးအကန်းကုန်း)တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်ကိုထွေး မေလ ၂၈ ရက်နေ့ နံနက် ၈ နာရီခန့်က နေအိမ် အတွင်း လက်ပစ်ဗုံးဒဏ်ရာများဖြင့်သေဆုံးနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
သေဆုံးသူကိုထွေးမှာ စစ်မှုထမ်းဟောင်း ဗိုလ်မှူးကြီးသိန်းဇော်ဝင်း၏သားဖြစ်ပြီး ပြည်သူ့စစ်အဖွဲ့ဝင်တဦး ဖြစ်ကြောင်း သိရသည်။
“လင်မယားအချင်းချင်း ရန်ဖြစ်ကြရာက ယောက်ျားဖြစ်သူက သေနတ်နဲ့ချိန်တဲ့အတွက် မိန်းမဖြစ်သူက အီနာဂါလက်ပစ်ဗုံးနဲ့ ပြန်ပစ်တာ” ဟု သတင်းရင်းမြစ်က ပြောသည်။
အဆိုပါဖြစ်စဉ်တွင် ခင်ပွန်းဖြစ်သူ ပြည့်သူ့စစ်အဖွဲ့ဝင် ကိုထွေးမှာ နေရာတွင်ပင်သေဆုံးခဲ့ပြီး ဇနီးဖြစ်သူမှာ လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွင် ဝမ်ပေါင်ကုမ္ပဏီက ကြေးနီသယ်ဆောင်ရန်ပြင်ဆင်နေသည့် အတွက် အောင်ဇေယျကုန်းပေါ်တွင် လုံခြုံရေးအင်အားတိုးမြှင့်ထားပြီး ခရီးသွားပြည်သူများကို စစ်ဆေး နေကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#အီနာဂါဗုံးသီး
#ပြည်သူ့စစ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁26👍8🔥2👏1
This media is not supported in your browser
VIEW IN TELEGRAM
စစ်ကောင်စီ ခလရ (၅၈၃) တပ်ရင်းအား ညီနောင်မဟာမိတ်အဖွဲ့များ တိုက်ခိုက်

#Mizzima #ညီနောင်မဟာမိတ် ပူးပေါင်းတပ်
#ကျောင်းကုန်းရွာ
❤24👏9🔥1😁1
ကော့သောင်းတွင် စစ်ကောင်စီက အသက် မပြည့်သေးသူ အပါအဝင် ၈ ဦးကို စစ်ကြောရေးတွင် ပစ်သတ်

ကိုရွှေမြိတ်
မဲဆောက် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် မြို့ပေါ်နှင့် ကျေးရွာများမှ ပြည်သူ ဦးရေ၂၀ ကျော်ကို စစ်ကောင်စီက PDF အဖွဲ့ကို ကူညီထောက်ပံ့နေသည်ဟု စွပ်စွဲ ဖမ်းဆီး စစ်ဆေးကာ အချို့ကို ပြန်လွတ်ပေးခဲ့သော်လည်း အသက် မပြည့်သေးသူ တစ်ဦး အပါအဝင် ရှစ်ဦးကို စစ်ကြောရေးတွင် သေနတ်နှင့် ပစ်သတ်ခဲ့ကြောင်း စစ်ကြောရေးစခန်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။
ပစ်သတ်ခံလိုက်ရသူများတွင် အသက် ၁၆ နှစ်အရွယ် မောင်ဝေဖြိုးဦးဆိုသူ ပါ၀င်ပြီး ၎င်းတို့ကို မေလ ၂၂ ရက်တွင် စစ်ကောင်စီတပ်သားများက အပြင်းအထန် ရိုက်နှက်စစ်ဆေးပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကြောရေးနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။
🤬13😢4❤2👍1😁1
“လူငယ် ရှစ်ဦးကို စစ်တပ်က လူမဆန်စွာ ပစ်သတ်လိုက်တာ မှန်ပါတယ်။ အဓိကကတော့ PDF အဖွဲ့ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူတို့ လိုချင်တဲ့ အချက်အလက်တွေကို မေးပြီး ပစ်သတ်လိုက်တာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံခဲ့ရသည့် ဦးရေ ၂၀ ကျော်သည် ပြီးခဲ့သည့် ဧပြီလနှင့် မေလတွင် ဖမ်းဆီးခံရသူများဖြစ်ပြီး ပစ်သတ်ခံရသူများနှင့် ပတ်သက်၍ မဇ္ဈိမက သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။
ကော့သောင်းမြို့တွင် စစ်ကောင်စီ စစ်ကြောရေး၌ ရိုက်နှက်စစ်ဆေးခံရမှုကြောင့် သေဆုံးမှု ဖြစ်စဥ်များ ရှိသော်လည်း ဦးရေအတိအကျကို စာရင်းပြုစုထားခြင်းမရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် ကော့သောင်း အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားဦးရေ ၆၀ ခန့်ရှိပြီး မြေပြင်တွင် ပိုမိုများပြားနိုင်ကြောင်း ဒေသခံထံက သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#စစ်ကြောရေးတွင် ပစ်သတ်
#ကော့သောင်းမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬13😢3❤1👍1🔥1
​​ရိုဟင်ဂျာဒုက္ခသည်များ စားနပ်ရိက္ခာ လျှော့ချခံရ၍ ငတ်မွတ်မှုနှင့် သေဆုံးမှုတို့ ရှိလာနိုင်ဟု နော်ဝေ ဒုက္ခသည်ကောင်စီ သတိပေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုကို ထပ်မံလျှော့ချခြင်းက အသက်သေစေနိုင်သည့် သက်ရောက်မှုတစ်ရပ်ကို ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း နော်ဝေ ဒုက္ခသည်ကောင်စီ (NRC) က သတိပေးလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥2😁1
​​မိုင်းလာရှင်းသော စစ်ကောင်စီတပ် မိုင်းထိပြီး ၅ ဦးသေဆုံး ဟုဆို

ပါခွီး
(မဇ္စျိမ)။ ။မုံရွာ-မန္တလေး လမ်းပိုင်းတစ်နေရာတွင် မိုင်းလာရှင်းသည့် စစ်ကောင်စီတပ်သားများ မိုင်းထိ၍ ငါးဦးသေဆုံးခဲ့ကြောင်း The Brightness Monywa က မေလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သား ၁၀ ဦးပါသော အဖွဲ့သည့် ပုံမှန်လာနေကျလမ်းမအတိုင်းမလာဘဲ တောလမ်းများမှ တဆင့်ပတ်ဝင်ပြီး မိုင်းရှာဖွေရှင်းလင်းစဉ် မေလ ၂၇ ရက်နေ့ နံနက် ၇ နာရီကျော်တွင် မိုင်းထိ၍ သေဆုံးခဲ့ ခြင်းဖြစ်ကြောင်းဆိုသည်။
“စစ်ကောင်စီတပ်သားတွေက ဘက်ထရီအိုးကို အရင်ဖြုတ်တယ်။ ကျနော်တို့က သူတို့လုပ်မဲ့အကွက်တွေ ကိုသိလို့ ဘက်ထရီအိုးအောက်မှာ ကြွမိုင်းသုံးလုံးဆင်ထားတယ်။ ဘက်ထရီအိုးလည်းအမ ကြွမိုင်းကွဲပြီး ငါးယောက်ပွဲချင်းပြီး သေသွားတာ” ဟု The Brightness Monywa မှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြော သည်။
အဆိုပါတိုက်ခိုက်မှုကို The Brightness Monywa နှင့်အတူ Peace Takers Task Force (PTTF) ၊ Youth’s People Defence Force ၊ အရိပ်မဲ့တစ္ဆေနှင့် Monywa Ninja Team တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကျန်စစ်ကောင်စီတပ်သားများသည် နောက်ကြောင်းပြန်လှည့်သွားပြီး အင်အား ၁၅ ဦးခန့်ဖြင့် ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာကြောင်း ဆိုသည်။
ယင်းနောက် စစ်ကောင်စီတပ်သားများသည် လမ်းအသွားအလာပြည်သူများကိုဖမ်းဆီးပြီး လူသားဒိုင်းပြု လုပ်ကာ မိုင်းများဆက်လက်ရှာဖွေခဲ့ရာ ပဒေသာမိုင်းခုနစ်လုံးနှင့် မိုင်းအသေး ၁၂ လုံး ကာကွယ်ရေးတပ်ဖွဲ့ များမှ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ထို့နောက် ဖမ်းဆီးခံထားရသော ပြည်သူများကို နေပူထဲတွင်ဝပ်ခိုင်း၍ ရှာဖွေတွေ့ရှိ ထားသောမိုင်းများကို ရှော့တိုက်၍ ဖောက်ခွဲပစ်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။
ကာကွယ်ရေးတပ်ဖွဲများအနေဖြင့် ပဒေသာမိုင်းများဖြင့် ဆက်လက်ဖောက်ခွဲတိုက်ခိုက်နိုင်သော်လည်း ပြည်သူများအနီးတွင်ရှိသဖြင့် မတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။
၎င်းအပြင် စစ်ကောင်စီတပ်သားများကို အနီးကပ်ပစ်ခတ်တိုက်ခိုက်လိုသော်လည်း ကာကွယ်ရေးတပ်ဖွဲ့ များတွင် သေနတ်အစစ်မရှိသည့်အပြင် ပြည်သူများထိခိုက်မည်စိုးသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဆိုသည်။
ကာကွယ်ရေးတပ်ဖွဲများတွင် ရန်ပုံငွေချို့တဲ့နေသဖြင့် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများမှတဆင့် ဆက်သွယ်ကူညီလှူဒါန်းပေးကြပါရန် မေတ္တာရပ်ခံထားသည်။
မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ အသွားအလာများပြားနေ၍ အရေးပေါ်ကိစ္စများမှအပ သွားလာခြင်းမပြုကြပါရန် ကာကွယ်ရေးတပ်ဖွဲ့များမှ အသိပေးထုတ်ပြန်ထားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မုံရွာ-မန္တလေးလမ်း
#မိုင်းနင်းမိ
#စစ်ကောင်စီတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😁5❤4
သပိတ်ကျင်းမြို့နယ်တွင် ကားအသွားအလာ ခေတ္တရပ်ထားရန် အရေးပေါ်သတိပေးချက်ထုတ်ပြန်

007
(မဇ္စျိမ)။ ။ မန္တလေး-ဗန်းမော်ကားလမ်းပိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရောက်ရှိနေသော မည်သည့်မော်တော်ယာဉ်အမျိုးအစားမဆို မိမိတို့ရောက်ရှိနေသည့်နေရာတွင် ခေတ္တရပ်နားထားရန် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အရေးပေါ်ထုတ်ပြန်သတိပေးထားသည်။
ယမန်နေ့ မေလ ၂၇ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လမ်းများကို ခေတ္တပိတ်ထားမည်ဖြစ်ကာ
ပြန်ဖွင့်မည်အချိန်ကို ကြေညာပေးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ မနေ့က (စစ်)ယာဉ်တန်း ၁၀ စီး မြို့နယ်ဘက်ကိုတက်ခဲဲ့တာ စကစနဲ့ အနီးစပ်ဆုံးမှာရှိနေရင် (ပြည်သူတွေ) ထိခိုက်မိမှာစိုးလို့ပါ။ အဲဒီအတွက်ကြောင့် ရပ်နားပေးထားကြဖို့အရေးပေါ်ထုတ်ပြန်တာပါ” ဟု Thabeikkyin Revolution(TR) တာ၀န်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။
👍11🔥3😁1
စစ်ကောင်စီသည် ကားလမ်းကြောပေါ်ရှိ မော်တော်ယာဉ်များအားချောဆွဲပြီး ပြည်သူများအား ဓားစာခံ ပြုလုပ်နေသဖြင့် ပြည်သူများထိခိုက်မည်စိုးရိမ်သောကြောင့် သတိပေးခြင်းဖြစ်ကြောင်း သိရသည်။ မန္တလေး-သပိတ်ကျင်း-ထီးချိုင့်-ဗန်းမော် ကားလမ်းတစ်လျှောက် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များသည် ထိုသို့ ပြုလုပ်နေသည်ဟုလည်း ဒေသခံများက ပြောသည်။
“ သပိတ်ကျင်းရဲ့လက်ရှိအခြေအနေက စစ်မီးဝိုင်းနေတယ်။ ဒီရက်ထဲ ဒီဘက်တက်မလာကြတာအကောင်းဆုံးပဲ” ဟု ဒေသခံ တစ်ဦးက ပြောသည်။
လက်ရှိတွင်လည်း သပိတ်ကျင်းမြို့နှင့် တစ်ဆက်တည်းရှိသော စဥ့်ကူးမြို့နယ်ကို စစ်ကောင်စီတပ်က မေလ ၂၅ ရက်နေ့ကစ၍ စစ်ကြောင်းထိုး၀င်ရောက် မီးရှို့ဖျက်ဆီးနေသောကြောင့် စဥ့်ကူးမြို့နယ်ရှိ ကြက်တူရွေး ၊ သဲအင်း ၊ ကျွန်းတော ၊ ကျွန်းကြီး ၊ ဟင်္သာမ ၊ ဆင်သေ စသည့် ကျေးရွာများမှ ဒေသခံဦးရေ ၁,၀၀၀ ကျော် စစ်ဘေးရှောင်နေကြရကြောင်းသိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#သပိတ်ကျင်းမြို့နယ်
#လမ်းပိတ်
#အရေးပေါ်သတိပေးချက်ထုတ်ပြန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤3😁3
​​ဒိုက်ဦးအကျဉ်းထောင်မှ နိုင်/ကျဉ်း ၂၀ ဦးကို စစ်ကြောရေးသို့ခေါ်ဆောင်သွားပြီးနောက် ၁ ဦး အသတ်ခံရ

YT
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၀ ဦးကို စစ်ကြောရေးသို့ခေါ်ဆောင်သွားပြီးနောက် ၎င်းတို့အထဲမှ ကိုသန့်ဇင်ဝင်းဆိုသူအသတ်ခံလိုက်ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။
“မေလ ၂၅ ရက်နေ့မှာ ကိုသန့်ဇင်ဝင်းတို့အခန်းထဲကနေ ငါးယောက်ခေါ်ထုတ်တယ်။ ပြီးတော့ နှိပ်စက် တယ်။ တရက်ပဲရှိသေးတယ် ကျဆုံးတယ်ကြားတယ်။ ဘယ်လိုသတ်ပစ်လိုက်လဲတော့မသိဘူး”ဟု BPDF- Yoma မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့တွင် ကျိုက်ဇကောအကျဉ်းထောင်မှ ကိုသန့်ဇင်ဝင်းအပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၀ ဦးအား စစ်ကောင်စီတပ်သားများက လာရောက်ခေါ်ထုတ်သွားပြီး ပျဉ်ပုံစစ်ကောင်စီတပ် အတွင်းသို့ ခေါ်သွားကြောင်း BPDF- Yoma တာဝန်ရှိသူနှင့် ပဲခူး ပ.က.ဖ တာဝန်ရှိသူထံက သိရသည်။
“မေလ ၂၆ ရက်နေ့မှာ ကိုသန့်ဇင်ဝင်းသေဆုံးတာပါ။ အလောင်းပြန်မပို့ဘူး။ အလောင်းကို ပျဉ်ပုံတပ်က ရင်ခွဲရုံကို ပို့လိုက်တာ။ မိသားစုကအလောင်းပြန်တောင်းတာ မပေးပါဘူး၊ သင်္ဂြိုဟ်လိုက်ပြီပြောတယ်” ဟု ပဲခူး ပ.က.ဖ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လက်ရှိတွင် ကျိုက်ဇကောထောင်မှ ကိုသန့်ဇင်ဝင်းနှင့်အတူ မေလ ၂၅ ရက်နေ့က ခေါ်ထုတ်ခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားများအနက် ပဲခူးမြို့နယ်မှ ကိုမင်းဘုန်း၊ ညောင်လေးပင်မြို့မှ ကိုရာလေး၊ ကျောက် တံခါးမြို့မှ ကိုပြည့်အပါအဝင် နိုင်ငံရေးအကျဉ်းသားခုနစ်ဦးနှင့် မေလ ၂၇ ရက်နေ့က ထပ်မံခေါ်ထုတ် ခံရသည့် နိုင်ငံရေးအကျဉ်းသားအချို့သည်လည်း လက်ရှိတွင်ပျဉ်ပုံတပ်ထဲ၌မရှိဘဲ သတင်းအစအန ပျောက်နေကြောင်း သိရသည်။
“ပထမဆုံးအယောက်၂၀ ခေါ်ထုတ်သွားပြီး ၁၃ ယောက်ပဲ စာရင်းရပါတယ်။ ကျန်တဲ့ ခုနစ်ယောက် ပျောက်နေပါတယ်။ ဘယ်ခေါ်သွားမှန်းမသိရဘူး။ ဘာသတင်းအစအနမှ လိုက်လို့မရဘူး။ ပျဉ်ပုံတပ်မှာ မရှိဘူး။ နောက်ထပ်ခေါ်သွားတဲ့ လူတွေရောပဲ” ဟု ပဲခူး ပ.က.ဖ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပဲခူး ပ.က.ဖ လေ့ကျင့်စုဆောင်းရေးတာဝန်ခံ ကိုသန့်ဇင်ဝင်းသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ တွင် ပဲခူးမြို့နယ် ပ.က.ဖ တာဝန်ခံအချို့နှင့် ရဲဘော်များနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်သည်။
ဖမ်းဆီးခံရပြီးနောက် ကိုသန့်ဇင်ဝင်းသည် ပုဒ်မ ၅၄ ၊ ၅၀၅ ၊ ၅၁ ၊ ၅၂ အပါအဝင် အခြားသောပုဒ်မများဖြင့် ထောင်ဒဏ် နှစ် ၈၀ ချမှတ်ထံထားရပြီး လက်ရှိတွင်လည်း စွဲဆိုခံရသည့်အမှုများအား ရင်ဆိုင်နေရဆဲဖြစ် ကြောင်း သိရသည်။
ပဲခူးခရိုင်၊ ကျိုက်ဇကောအကျဉ်းထောင်အတွင်း၌ ထောင်တွင်းအကြမ်းဖက်မှုများဖြစ်ပေါ်နေပြီး ထောင် တွင်း သတ်ဖြတ်မှုများကြောင့် နိုင်ငံရေးအကျဉ်းသားများအနေဖြင့် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေကြ ရ ကြောင်း ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ပဲခူးတိုင်း
#ဒိုက်ဦးမြို့နယ်
#နိုင်ငံရေးအကျဉ်းသား
ဓါတ်ပုံ - ပဲခူး ပ.က.ဖ လေ့ကျင့်စုဆောင်းရေးတာဝန်ခံ ကိုသန့်ဇင်ဝင်း (ပုံဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬13😢4👏2👍1🔥1