ကော့သောင်းတွင် စစ်ကောင်စီက အသက် မပြည့်သေးသူ အပါအဝင် ၈ ဦးကို စစ်ကြောရေးတွင် ပစ်သတ်
ကိုရွှေမြိတ်
မဲဆောက် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် မြို့ပေါ်နှင့် ကျေးရွာများမှ ပြည်သူ ဦးရေ၂၀ ကျော်ကို စစ်ကောင်စီက PDF အဖွဲ့ကို ကူညီထောက်ပံ့နေသည်ဟု စွပ်စွဲ ဖမ်းဆီး စစ်ဆေးကာ အချို့ကို ပြန်လွတ်ပေးခဲ့သော်လည်း အသက် မပြည့်သေးသူ တစ်ဦး အပါအဝင် ရှစ်ဦးကို စစ်ကြောရေးတွင် သေနတ်နှင့် ပစ်သတ်ခဲ့ကြောင်း စစ်ကြောရေးစခန်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။
ပစ်သတ်ခံလိုက်ရသူများတွင် အသက် ၁၆ နှစ်အရွယ် မောင်ဝေဖြိုးဦးဆိုသူ ပါ၀င်ပြီး ၎င်းတို့ကို မေလ ၂၂ ရက်တွင် စစ်ကောင်စီတပ်သားများက အပြင်းအထန် ရိုက်နှက်စစ်ဆေးပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကြောရေးနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

🤬13😢4❤2👍1😁1
“လူငယ် ရှစ်ဦးကို စစ်တပ်က လူမဆန်စွာ ပစ်သတ်လိုက်တာ မှန်ပါတယ်။ အဓိကကတော့ PDF အဖွဲ့ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူတို့ လိုချင်တဲ့ အချက်အလက်တွေကို မေးပြီး ပစ်သတ်လိုက်တာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံခဲ့ရသည့် ဦးရေ ၂၀ ကျော်သည် ပြီးခဲ့သည့် ဧပြီလနှင့် မေလတွင် ဖမ်းဆီးခံရသူများဖြစ်ပြီး ပစ်သတ်ခံရသူများနှင့် ပတ်သက်၍ မဇ္ဈိမက သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။
ကော့သောင်းမြို့တွင် စစ်ကောင်စီ စစ်ကြောရေး၌ ရိုက်နှက်စစ်ဆေးခံရမှုကြောင့် သေဆုံးမှု ဖြစ်စဥ်များ ရှိသော်လည်း ဦးရေအတိအကျကို စာရင်းပြုစုထားခြင်းမရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် ကော့သောင်း အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားဦးရေ ၆၀ ခန့်ရှိပြီး မြေပြင်တွင် ပိုမိုများပြားနိုင်ကြောင်း ဒေသခံထံက သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#စစ်ကြောရေးတွင် ပစ်သတ်
#ကော့သောင်းမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬13😢3❤1👍1🔥1
ရိုဟင်ဂျာဒုက္ခသည်များ စားနပ်ရိက္ခာ လျှော့ချခံရ၍ ငတ်မွတ်မှုနှင့် သေဆုံးမှုတို့ ရှိလာနိုင်ဟု နော်ဝေ ဒုက္ခသည်ကောင်စီ သတိပေး
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုကို ထပ်မံလျှော့ချခြင်းက အသက်သေစေနိုင်သည့် သက်ရောက်မှုတစ်ရပ်ကို ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း နော်ဝေ ဒုက္ခသည်ကောင်စီ (NRC) က သတိပေးလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုကို ထပ်မံလျှော့ချခြင်းက အသက်သေစေနိုင်သည့် သက်ရောက်မှုတစ်ရပ်ကို ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း နော်ဝေ ဒုက္ခသည်ကောင်စီ (NRC) က သတိပေးလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥2😁1
မိုင်းလာရှင်းသော စစ်ကောင်စီတပ် မိုင်းထိပြီး ၅ ဦးသေဆုံး ဟုဆို
ပါခွီး
(မဇ္စျိမ)။ ။မုံရွာ-မန္တလေး လမ်းပိုင်းတစ်နေရာတွင် မိုင်းလာရှင်းသည့် စစ်ကောင်စီတပ်သားများ မိုင်းထိ၍ ငါးဦးသေဆုံးခဲ့ကြောင်း The Brightness Monywa က မေလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သား ၁၀ ဦးပါသော အဖွဲ့သည့် ပုံမှန်လာနေကျလမ်းမအတိုင်းမလာဘဲ တောလမ်းများမှ တဆင့်ပတ်ဝင်ပြီး မိုင်းရှာဖွေရှင်းလင်းစဉ် မေလ ၂၇ ရက်နေ့ နံနက် ၇ နာရီကျော်တွင် မိုင်းထိ၍ သေဆုံးခဲ့ ခြင်းဖြစ်ကြောင်းဆိုသည်။
“စစ်ကောင်စီတပ်သားတွေက ဘက်ထရီအိုးကို အရင်ဖြုတ်တယ်။ ကျနော်တို့က သူတို့လုပ်မဲ့အကွက်တွေ ကိုသိလို့ ဘက်ထရီအိုးအောက်မှာ ကြွမိုင်းသုံးလုံးဆင်ထားတယ်။ ဘက်ထရီအိုးလည်းအမ ကြွမိုင်းကွဲပြီး ငါးယောက်ပွဲချင်းပြီး သေသွားတာ” ဟု The Brightness Monywa မှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြော သည်။
အဆိုပါတိုက်ခိုက်မှုကို The Brightness Monywa နှင့်အတူ Peace Takers Task Force (PTTF) ၊ Youth’s People Defence Force ၊ အရိပ်မဲ့တစ္ဆေနှင့် Monywa Ninja Team တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကျန်စစ်ကောင်စီတပ်သားများသည် နောက်ကြောင်းပြန်လှည့်သွားပြီး အင်အား ၁၅ ဦးခန့်ဖြင့် ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာကြောင်း ဆိုသည်။
ယင်းနောက် စစ်ကောင်စီတပ်သားများသည် လမ်းအသွားအလာပြည်သူများကိုဖမ်းဆီးပြီး လူသားဒိုင်းပြု လုပ်ကာ မိုင်းများဆက်လက်ရှာဖွေခဲ့ရာ ပဒေသာမိုင်းခုနစ်လုံးနှင့် မိုင်းအသေး ၁၂ လုံး ကာကွယ်ရေးတပ်ဖွဲ့ များမှ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ထို့နောက် ဖမ်းဆီးခံထားရသော ပြည်သူများကို နေပူထဲတွင်ဝပ်ခိုင်း၍ ရှာဖွေတွေ့ရှိ ထားသောမိုင်းများကို ရှော့တိုက်၍ ဖောက်ခွဲပစ်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။
ကာကွယ်ရေးတပ်ဖွဲများအနေဖြင့် ပဒေသာမိုင်းများဖြင့် ဆက်လက်ဖောက်ခွဲတိုက်ခိုက်နိုင်သော်လည်း ပြည်သူများအနီးတွင်ရှိသဖြင့် မတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။
၎င်းအပြင် စစ်ကောင်စီတပ်သားများကို အနီးကပ်ပစ်ခတ်တိုက်ခိုက်လိုသော်လည်း ကာကွယ်ရေးတပ်ဖွဲ့ များတွင် သေနတ်အစစ်မရှိသည့်အပြင် ပြည်သူများထိခိုက်မည်စိုးသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဆိုသည်။
ကာကွယ်ရေးတပ်ဖွဲများတွင် ရန်ပုံငွေချို့တဲ့နေသဖြင့် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများမှတဆင့် ဆက်သွယ်ကူညီလှူဒါန်းပေးကြပါရန် မေတ္တာရပ်ခံထားသည်။
မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ အသွားအလာများပြားနေ၍ အရေးပေါ်ကိစ္စများမှအပ သွားလာခြင်းမပြုကြပါရန် ကာကွယ်ရေးတပ်ဖွဲ့များမှ အသိပေးထုတ်ပြန်ထားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မုံရွာ-မန္တလေးလမ်း
#မိုင်းနင်းမိ
#စစ်ကောင်စီတပ်

👍16😁5❤4
သပိတ်ကျင်းမြို့နယ်တွင် ကားအသွားအလာ ခေတ္တရပ်ထားရန် အရေးပေါ်သတိပေးချက်ထုတ်ပြန်
007
(မဇ္စျိမ)။ ။ မန္တလေး-ဗန်းမော်ကားလမ်းပိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရောက်ရှိနေသော မည်သည့်မော်တော်ယာဉ်အမျိုးအစားမဆို မိမိတို့ရောက်ရှိနေသည့်နေရာတွင် ခေတ္တရပ်နားထားရန် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အရေးပေါ်ထုတ်ပြန်သတိပေးထားသည်။
ယမန်နေ့ မေလ ၂၇ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လမ်းများကို ခေတ္တပိတ်ထားမည်ဖြစ်ကာ
ပြန်ဖွင့်မည်အချိန်ကို ကြေညာပေးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ မနေ့က (စစ်)ယာဉ်တန်း ၁၀ စီး မြို့နယ်ဘက်ကိုတက်ခဲဲ့တာ စကစနဲ့ အနီးစပ်ဆုံးမှာရှိနေရင် (ပြည်သူတွေ) ထိခိုက်မိမှာစိုးလို့ပါ။ အဲဒီအတွက်ကြောင့် ရပ်နားပေးထားကြဖို့အရေးပေါ်ထုတ်ပြန်တာပါ” ဟု Thabeikkyin Revolution(TR) တာ၀န်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။

👍11🔥3😁1
စစ်ကောင်စီသည် ကားလမ်းကြောပေါ်ရှိ မော်တော်ယာဉ်များအားချောဆွဲပြီး ပြည်သူများအား ဓားစာခံ ပြုလုပ်နေသဖြင့် ပြည်သူများထိခိုက်မည်စိုးရိမ်သောကြောင့် သတိပေးခြင်းဖြစ်ကြောင်း သိရသည်။ မန္တလေး-သပိတ်ကျင်း-ထီးချိုင့်-ဗန်းမော် ကားလမ်းတစ်လျှောက် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များသည် ထိုသို့ ပြုလုပ်နေသည်ဟုလည်း ဒေသခံများက ပြောသည်။
“ သပိတ်ကျင်းရဲ့လက်ရှိအခြေအနေက စစ်မီးဝိုင်းနေတယ်။ ဒီရက်ထဲ ဒီဘက်တက်မလာကြတာအကောင်းဆုံးပဲ” ဟု ဒေသခံ တစ်ဦးက ပြောသည်။
လက်ရှိတွင်လည်း သပိတ်ကျင်းမြို့နှင့် တစ်ဆက်တည်းရှိသော စဥ့်ကူးမြို့နယ်ကို စစ်ကောင်စီတပ်က မေလ ၂၅ ရက်နေ့ကစ၍ စစ်ကြောင်းထိုး၀င်ရောက် မီးရှို့ဖျက်ဆီးနေသောကြောင့် စဥ့်ကူးမြို့နယ်ရှိ ကြက်တူရွေး ၊ သဲအင်း ၊ ကျွန်းတော ၊ ကျွန်းကြီး ၊ ဟင်္သာမ ၊ ဆင်သေ စသည့် ကျေးရွာများမှ ဒေသခံဦးရေ ၁,၀၀၀ ကျော် စစ်ဘေးရှောင်နေကြရကြောင်းသိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#သပိတ်ကျင်းမြို့နယ်
#လမ်းပိတ်
#အရေးပေါ်သတိပေးချက်ထုတ်ပြန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
“ သပိတ်ကျင်းရဲ့လက်ရှိအခြေအနေက စစ်မီးဝိုင်းနေတယ်။ ဒီရက်ထဲ ဒီဘက်တက်မလာကြတာအကောင်းဆုံးပဲ” ဟု ဒေသခံ တစ်ဦးက ပြောသည်။
လက်ရှိတွင်လည်း သပိတ်ကျင်းမြို့နှင့် တစ်ဆက်တည်းရှိသော စဥ့်ကူးမြို့နယ်ကို စစ်ကောင်စီတပ်က မေလ ၂၅ ရက်နေ့ကစ၍ စစ်ကြောင်းထိုး၀င်ရောက် မီးရှို့ဖျက်ဆီးနေသောကြောင့် စဥ့်ကူးမြို့နယ်ရှိ ကြက်တူရွေး ၊ သဲအင်း ၊ ကျွန်းတော ၊ ကျွန်းကြီး ၊ ဟင်္သာမ ၊ ဆင်သေ စသည့် ကျေးရွာများမှ ဒေသခံဦးရေ ၁,၀၀၀ ကျော် စစ်ဘေးရှောင်နေကြရကြောင်းသိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#သပိတ်ကျင်းမြို့နယ်
#လမ်းပိတ်
#အရေးပေါ်သတိပေးချက်ထုတ်ပြန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤3😁3
ဒိုက်ဦးအကျဉ်းထောင်မှ နိုင်/ကျဉ်း ၂၀ ဦးကို စစ်ကြောရေးသို့ခေါ်ဆောင်သွားပြီးနောက် ၁ ဦး အသတ်ခံရ
YT
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၀ ဦးကို စစ်ကြောရေးသို့ခေါ်ဆောင်သွားပြီးနောက် ၎င်းတို့အထဲမှ ကိုသန့်ဇင်ဝင်းဆိုသူအသတ်ခံလိုက်ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။
“မေလ ၂၅ ရက်နေ့မှာ ကိုသန့်ဇင်ဝင်းတို့အခန်းထဲကနေ ငါးယောက်ခေါ်ထုတ်တယ်။ ပြီးတော့ နှိပ်စက် တယ်။ တရက်ပဲရှိသေးတယ် ကျဆုံးတယ်ကြားတယ်။ ဘယ်လိုသတ်ပစ်လိုက်လဲတော့မသိဘူး”ဟု BPDF- Yoma မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့တွင် ကျိုက်ဇကောအကျဉ်းထောင်မှ ကိုသန့်ဇင်ဝင်းအပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၀ ဦးအား စစ်ကောင်စီတပ်သားများက လာရောက်ခေါ်ထုတ်သွားပြီး ပျဉ်ပုံစစ်ကောင်စီတပ် အတွင်းသို့ ခေါ်သွားကြောင်း BPDF- Yoma တာဝန်ရှိသူနှင့် ပဲခူး ပ.က.ဖ တာဝန်ရှိသူထံက သိရသည်။
“မေလ ၂၆ ရက်နေ့မှာ ကိုသန့်ဇင်ဝင်းသေဆုံးတာပါ။ အလောင်းပြန်မပို့ဘူး။ အလောင်းကို ပျဉ်ပုံတပ်က ရင်ခွဲရုံကို ပို့လိုက်တာ။ မိသားစုကအလောင်းပြန်တောင်းတာ မပေးပါဘူး၊ သင်္ဂြိုဟ်လိုက်ပြီပြောတယ်” ဟု ပဲခူး ပ.က.ဖ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လက်ရှိတွင် ကျိုက်ဇကောထောင်မှ ကိုသန့်ဇင်ဝင်းနှင့်အတူ မေလ ၂၅ ရက်နေ့က ခေါ်ထုတ်ခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားများအနက် ပဲခူးမြို့နယ်မှ ကိုမင်းဘုန်း၊ ညောင်လေးပင်မြို့မှ ကိုရာလေး၊ ကျောက် တံခါးမြို့မှ ကိုပြည့်အပါအဝင် နိုင်ငံရေးအကျဉ်းသားခုနစ်ဦးနှင့် မေလ ၂၇ ရက်နေ့က ထပ်မံခေါ်ထုတ် ခံရသည့် နိုင်ငံရေးအကျဉ်းသားအချို့သည်လည်း လက်ရှိတွင်ပျဉ်ပုံတပ်ထဲ၌မရှိဘဲ သတင်းအစအန ပျောက်နေကြောင်း သိရသည်။
“ပထမဆုံးအယောက်၂၀ ခေါ်ထုတ်သွားပြီး ၁၃ ယောက်ပဲ စာရင်းရပါတယ်။ ကျန်တဲ့ ခုနစ်ယောက် ပျောက်နေပါတယ်။ ဘယ်ခေါ်သွားမှန်းမသိရဘူး။ ဘာသတင်းအစအနမှ လိုက်လို့မရဘူး။ ပျဉ်ပုံတပ်မှာ မရှိဘူး။ နောက်ထပ်ခေါ်သွားတဲ့ လူတွေရောပဲ” ဟု ပဲခူး ပ.က.ဖ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပဲခူး ပ.က.ဖ လေ့ကျင့်စုဆောင်းရေးတာဝန်ခံ ကိုသန့်ဇင်ဝင်းသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ တွင် ပဲခူးမြို့နယ် ပ.က.ဖ တာဝန်ခံအချို့နှင့် ရဲဘော်များနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်သည်။
ဖမ်းဆီးခံရပြီးနောက် ကိုသန့်ဇင်ဝင်းသည် ပုဒ်မ ၅၄ ၊ ၅၀၅ ၊ ၅၁ ၊ ၅၂ အပါအဝင် အခြားသောပုဒ်မများဖြင့် ထောင်ဒဏ် နှစ် ၈၀ ချမှတ်ထံထားရပြီး လက်ရှိတွင်လည်း စွဲဆိုခံရသည့်အမှုများအား ရင်ဆိုင်နေရဆဲဖြစ် ကြောင်း သိရသည်။
ပဲခူးခရိုင်၊ ကျိုက်ဇကောအကျဉ်းထောင်အတွင်း၌ ထောင်တွင်းအကြမ်းဖက်မှုများဖြစ်ပေါ်နေပြီး ထောင် တွင်း သတ်ဖြတ်မှုများကြောင့် နိုင်ငံရေးအကျဉ်းသားများအနေဖြင့် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေကြ ရ ကြောင်း ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ပဲခူးတိုင်း
#ဒိုက်ဦးမြို့နယ်
#နိုင်ငံရေးအကျဉ်းသား
ဓါတ်ပုံ - ပဲခူး ပ.က.ဖ လေ့ကျင့်စုဆောင်းရေးတာဝန်ခံ ကိုသန့်ဇင်ဝင်း (ပုံဟောင်း)

🤬13😢4👏2👍1🔥1
ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့၏ အထူးအယူခံ ၁၀ မှု တရားလွှတ်တော်ချုပ်တွင် ကြားနာမည်
001
(မဇ္စျိမ)။ ။ NLD အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့၏ အထူးအယူခံ အမှု ၁၀ မှုကို လာမည့်ဇွန်လ ပထမပတ်အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကြားနာသွားမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။
ကြားနာရန်ရှိသည့် အမှုများမှာ ဒေါက်တာမျိုးအောင်၏ အမှုငါးမှုနှင့် ဦးရဲမင်းဦး၏ အမှုငါးမှုတို့ဖြစ်ပြီး ၎င်းတို့အား အထူးအယူခံ ဝင်ခွင့်ပြုရန် သင့်၊ မသင့်အပေါ် နှစ်ဖက်လျှောက်လဲချက် ကြားနာသွားမည်ဖြစ်ကြောင်း သိရသည်။
"အဂတိအမှုတွေပေါ့။ ပုဒ်မ ၅၅ နဲ့စွဲတဲ့အမှုတွေ။ မန္တလေးတိုင်းက တိုင်းဒေသကြီးက ချတယ်။ အပေါ်ကို တက်တယ်။ တစ်ပါးထိုင် (တရားလွှတ်တော်ချုပ် တရားသူကြီးတစ်ဦးတည်း စီရင်တဲ့အမှု)က ပယ်လိုက်လို့ အခုက အထူးတက်တာပေါ့"ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လာမည့် ဇွန်လ ပထမပတ်၌ ကြားနာမည့် အမှုများတွင် ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းတို့အပေါ် နေပြည်တော်တွင် အထူးမြေကွက်ဖော်ထုတ်သည့်ကိစ္စနှင့် ပတ်သက်ပြီး စွပ်စွဲထားသည့် အဂတိအမှုများလည်း ပါဝင်သည်။
အမှုများအား အထူးအယူခံဝင်ခွင့်ပြု၊ မပြုနှင့် ပတ်သက်ပြီး အမိန့်ချမှတ်မှုမှာ ပုံမှန်အားဖြင့် ၁၀ ရက်ကျော် ကြာမြင့်နိုင်ကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။
လက်ရှိတွင် NLD အစိုးလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့အနေဖြင့် စစ်ကောင်စီဘက်က စွပ်စွဲထားသည့်အမှုများအတွက် တစ်ဦးလျှင် စုစုပေါင်းထောင်ဒဏ် အနှစ် ၂၀ ကျော်စီ ချမှတ်ခံထားရသည်။
အဆိုပါ ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် အမှုများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ အယူခံအဆင့်ဆင့်တက်ခဲ့သော်လည်း ပလပ်ခံရခြင်း၊ ပယ်ချခံရခြင်းများ ပြုလုပ်ခံခဲ့ရသည့်အတွက် စွပ်စွဲခံရသူများက အထူးအယူခံ ဆက်တက်နေခြင်းဖြစ်သည်။
လာမည့် မေလ ၃၀ ရက်နေ့တွင်လည်း တရားလွှတ်တော်ချုပ်က ပယ်ချထားသည့် ဒေါက်တာမျိုးအောင်၏ အဂတိ အမှုတစ်မှုနှင့် NLD အစိုးရလက်ထက် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၏ အဂတိ အမှုငါးမှုကို အထူးအယူခံ ဝင်ခွင့်ပြုရန် သင့်၊ မသင့် ကြားနာရန်ရှိကြောင်း သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#NLD
#ပြည်ထောင်စုတရားလွှတ်တော်ချုပ်
#အယူခံ
Photo- U Ye Min Oo facebook

👍10👏2🤮2🔥1
မြန်မာ့အရေး ကိုင်တွယ်ရန် အာဆီယံအနေဖြင့် ကြားဝင်မစွက်ရေး မူကို စွန့်လွှတ်သင့်ဟု မလေးရှားဝန်ကြီးချုပ်ဟောင်း ပြော
အာဆီယံအဖွဲ့အနေဖြင့် မြန်မာ့အကျပ်အတည်းအရေးကို ကိုင်တွယ်ရန် ယင်း၏ ကာလကြာရှိနေသော ကြားဝင်မစွက်ဖက်ရေး မူဝါဒကို စွန့်လွှတ် ဘေးချိတ်ထားသင့်ပြီ ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က မေလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးကိုလည်း ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို အမှန်တကယ် ဖြေရှင်းနိုင်မည့် အဖွဲ့သစ်တစ်ခုဖြင့် အစားထိုးသင့်ကြောင်း ၎င်းက ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
အာဆီယံအဖွဲ့အနေဖြင့် မြန်မာ့အကျပ်အတည်းအရေးကို ကိုင်တွယ်ရန် ယင်း၏ ကာလကြာရှိနေသော ကြားဝင်မစွက်ဖက်ရေး မူဝါဒကို စွန့်လွှတ် ဘေးချိတ်ထားသင့်ပြီ ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က မေလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးကိုလည်း ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို အမှန်တကယ် ဖြေရှင်းနိုင်မည့် အဖွဲ့သစ်တစ်ခုဖြင့် အစားထိုးသင့်ကြောင်း ၎င်းက ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21😁2
အိန္ဒိယနှင့် ဩစတြေးလျတို့အကြား ဘက်စုံ ကုန်သွယ်ရေးအတွက် အပြီးသတ်သဘောတူညီချက်ကို ယခုနှစ်အတွင်း ပြုလုပ်ရန် ရည်မှန်းထား
အိန္ဒိယနှင့် ဩစတြေးလျနိုင်ငံတိုအကြား ကျောင်းသားများ၊ ပညာရေးဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းရှင်းများအကြား အပြန်အလှန်သွားလာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် တစ်ရက်ကို မေ ၂၄ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို သိသာစွာ တိုးချဲ့နိုင်ရေးအတွက် ဘက်စုံကုန်သွယ်ရေး သဘောတူညီချက်အား ယခုနှစ်အတွင်း ပြုလုပ်ရန် ရည်မှန်းထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
အိန္ဒိယနှင့် ဩစတြေးလျနိုင်ငံတိုအကြား ကျောင်းသားများ၊ ပညာရေးဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းရှင်းများအကြား အပြန်အလှန်သွားလာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် တစ်ရက်ကို မေ ၂၄ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို သိသာစွာ တိုးချဲ့နိုင်ရေးအတွက် ဘက်စုံကုန်သွယ်ရေး သဘောတူညီချက်အား ယခုနှစ်အတွင်း ပြုလုပ်ရန် ရည်မှန်းထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤6👍2👏2😁1
Forwarded from Bitcoin Myanmar Initiative
မြန်မာနိုင်ငံလို ဖုန်းသုံးစွဲသူများတဲ့ အာဖရိကဒေသမှာ အင်တာနက်မပါဘဲ Bitcoin ငွေကြေးစနစ်ကို ဘယ်လိုအသုံးပြုနေကြသလဲ
၂၁ရာစုမှာ Mobile Banking ကဲ့သို့သော ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုတွေသုံးနိုင်ဖို့ အင်တာနက်ဟာ မဖြစ်မနေလိုအပ်ပါတယ်။ Bitcoin တို့လို Blockchain နည်းပညာကိုအခြေခံတည်ဆောက်ထားတဲ့ ငွေကြေးစနစ်ကို အင်တာနက်မပါဘဲ အသုံးပြုဖို့ ဖြစ်နိုင်တယ်ဆိုတာ အာဖရိကမှာ အကောင်အထည်ဖော်ဖြစ်ခဲ့ပါပြီ။

❤8👍3🤮1
Forwarded from Bitcoin Myanmar Initiative
အာဖရိကဒေသတစ်ခုလုံး အနေနဲ့ ယှဉ်ရင် တချို့သော အာဖရိကနိုင်ငံတွေက မြန်မာနိုင်ငံထက် အင်တာနက်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျပါတယ်။ ၂၀၂၂ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ စစ်တမ်းတွေအရ မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲသူပေါင်း ၂၅ သန်းကျော် ရှိပြီး University of Washington မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ် အဆိုအရ မြန်မာနိုင်ငံမှာ Smartphone သုံးစွဲမှုဟာ 114% ကျော်တယ်လို့ ဆိုထားပါတယ်။ အဓိပ္ပါယ်က ဖုန်းပိုင်ဆိုင်သူ တော်တော်များများဟာ Smartphone တစ်ခုထက် ပိုပြီး ပိုင်ဆိုင်တယ်လို့ သုံးသပ်နိုင်ပါတယ်။
မြန်မာနိုင်ငံထက် ဖွံ့ဖြိုးမှု ပိုနောက်ကျတဲ့ အာဖရိကဒေသကို ကြည့်လိုက်မယ်ဆိုရင် 2020 ခုနှစ် ကမ္ဘာ့ဘဏ် ခန့်မှန်းချက်အရ အာဖရိကတိုက်ရဲ့ အင်တာနက်အသုံးပြုမှုဟာ 29% သာရှိပေမယ့် GSMA (Groupe Speciale Mobile Association) ရဲ့ 2018အခြေအလက်အရ Smartphone အသုံးပြုသူ 74%အထိရှိတာကြောင့် အင်တာနက်မရတဲ့ Bitcoinအသုံးပြုတွေအတွက်
အင်တာနက်မပါဘဲ Bitcoinအသုံးပြုနိုင်အောင် နည်းလမ်းတစ်ခုရှာဖို့ လူငယ်နည်းပညာရှင်တွေက အကြံရခဲ့တာပါ။
Software developer တစ်ဦးဖြစ်တဲ့ Kgothatso Ngako နဲ့ တခြားလူငယ်နည်းပညာရှင်တွေပူးပေါင်းပြီး ၂၀၂၂ခုနှစ် အစောပိုင်းကမှ ဖန်တီးထားတဲ့ “Machankura”ဆိုတဲ့ အင်တာနက်မပါဘဲ Bitcoin အသုံးပြုလို့ရတဲ့ Platform ဟာ အာဖရိကနိုင်ငံတွေမှာရှိတဲ့ Bitcoin အသုံးပြုသူတွေကြားအတော်လေး ရေပန်းစားလာပါတယ်။ “Machankura” ဆိုတာက အာဖရိကနိုင်ငံရဲ့ ဘာသာစကားတစ်ခုဖြစ်တဲ့ ဆွာဟီလီ ဘာသာစကား အရ "ငွေ" လို့ အဓိပ္ပာယ်ရပါတယ်။
သူတို့ဆောင်ပုဒ်ဖြစ်တဲ့ “Use Bitcoin on any phone”အတိုင်း keypad ဖုန်းနဲ့လည်း တစ်ယောက်နဲ့တစ်ယောက်ဆီ ဖုန်းနံပါတ်ရှိရုံနဲ့ Bitcoin ကို လွှဲပြောင်းတာ၊လက်ခံတာလုပ်လို့ရပါတယ်။
ဒီကနေ့အထိ “Machankura” Platform ကို နိုင်ဂျီးရီးယား၊ ကင်ညာ၊ ဂါနာ၊ ယူဂန်ဒါနှင့် နမီးဘီးယားတို့အပါအဝင် နိုင်ငံပေါင်း (၇)နိုင်ငံကျော်မှာ အသုံးပြုသူပေါင်း ၂၉၀၀ ခန့်ရှိနေပြီလို့ ဒီ Platform ကိုဦးဆောင်ဖန်တီးခဲ့တဲ့ Kgothatso Ngako ကဆိုပါတယ်။
“Machankura” Platform ရဲ့ရိုးရှင်းတဲ့အလုပ်လုပ်ပုံကိုရှင်းပြရရင် ကျွန်တော်တို့ Mobile Phoneတွေမှာ လက်ကျန်ငွေစစ်သလိုမျိုးသက်ဆိုင်ရာ code တစ်ခုကိုထည့်လိုက်မယ်ဆိုရင် menu bar တစ်ခုပေါ်လာမှာဖြစ်ပါတယ်။
အဲံဒီ menu bar ပေါ်မှာ (send bitcoin) (Receive Bitcoin) (transaction history)ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်။ ဒါပြီးရင် Bitcoinပို့မလား၊ Bitcoin လက်ခံတာလုပ်မလား၊ လုပ်ခဲ့ပြီးသား Bitcoin အ၀င်အထွက် စာရင်းကြည့်မလား ကိုယ့်နှစ်သက်ရာဆက်လုပ်နိုင်ပါပြီ။ Bitcoinကို အလွှာပေါင်းစုံက လူတန်းစားအားလုံးကို Bitcoin ကိုအလွယ်တကူအသုံးပြုနိုင်အောင် ဖန်တီးစီစဥ်ပေးထားလည်းဖြစ်ပါတယ်။ Platform ကိုဦးဆောင်ဖန်တီးခဲ့တဲ့ Kgothatso Ngako ကလည်း နောက်လာမယ့် ၅နှစ်အတွင်း အာဖရိက (၅၄)နိုင်ငံစလုံးအသုံးပြုနိုင်အောင် ကြိုးပမ်းဆောင်ရွက်နိုင်နေတယ်လို့ ဆိုပါတယ်။
ယနေ့ခေတ် မြန်မာနိုင်ငံမှာ လူသုံးများနေတဲ့ ကုန်စုံဆိုင်တွေမှာ ငွေသွင်း/ငွေထုတ် လုပ်နိုင်ပြီး ဖုန်းပေါ်မှ တဆင့် ငွေပေးချေနိုင်တဲ့ စနစ်ဟာ အာဖရိကတိုက် ကင်ညာနိုင်ငံမှ စတင်ခဲ့တဲ့ M-PESA အမည်ရ ဖုန်းပေါ်မှ ငွေလွှဲစနစ် ဝန်ဆောင်မှု ပုံစံကို လေ့လာပြီး စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံလို အနေအထားရှိတဲ့ အာဖရိကတိုက်မှာ တိုးတက်ပြောင်းလဲလာတဲ့ Bitcoin လို နည်းပညာဟာလည်း စစ်တပ် အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ မြန်မာနိုင်ငံမှာ ဥပဒေအရ အတားအဆီးတွေ ရှိကောင်းရှိနိုင်ပေမယ့် သိပ်မကြာတော့တဲ့ နှစ်များမှာလည်း ပြန့်နှံ့ရောက်ရှိကောင်း ရောက်ရှိလာနိုင်ပါတယ်။
ကိုးကား
၁. How Africans Are Using Bitcoin Without Internet Access (forbes.com)
၂. Machankura’s Bitcoin Wallet Targets Africans With Old-School Phones and No Internet (coindesk.com)
၃. “Machankura” Official Website
၄. Using smartphone technology to build an inclusive and more equitable society in Myanmar (University of Washington)
၅. DIGITAL 2022: MYANMAR (datareportal)

👍18😁1🤮1
လက်ပံတန်းတွင် စစ်ဆေးမှုများတင်းကြပ်နေပြီး အရပ်သားများ ဖမ်းဆီးခံထားရ
ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း အစစ် အဆေးတင်းကြပ်နေပြီး ဆိုင်ကယ်များနှင် ဖုန်းများလည်း မကြာခဏစစ်ဆေးခံနေရကြောင်း မြို့ခံများက မဇ္ဈိမသို့ပြောသည်။
လက်ပံတန်းမြို့အတွင်း၌ မြို့သိမ်းရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ မြို့ထဲရောက်ပြီဖြစ် ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်ဟု ဒေသခံတဦးကဆိုသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
“မေလ ၂၅ ရက်နေ့ ကြာသပတေးနေ့က မြို့ထဲကို PDF အယောက် ၆၀ လောက်ရောက်နေပြီ မြို့သိမ်းဖို့ ဆိုပြီး ကောလာဟလတွေ ထွက်သေးတယ်။ ဘယ်မှာမှတော့ ပစ်သံခတ်သံလည်း မကြားရပါဘူး။ သူတို့ ဘာသာ ပြည်သူတွေကို ဟိုဆွဲဒီဆွဲလုပ်ချင်လို့ လွှင့်နေသလားတော့မပြောတတ်ဘူး” ဟု လက်ပံတန်းမြို့ခံ ကပြောသည်။
ယင်သို့ သတင်းများထွက်ပေါ်ပြီးနောက် မေလ၂၆ ရက်နေ့ ညနေ ၆ နာရီခန့်တွင် လက်ပံတန်းမြို့နယ်၊ အိုင် တလုပ်ကျေးရွာအုပ်စု ရွာကလေးကျေးရွာတွင်နေထိုင်သူ ဒေါ်မြမြစိန်နှင့် သားဖြစ်သူ မောင်ထိန်လင်းတို့ အား စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများကဆိုသည်။
အဆိုပါသားအမိအား မည်သည့်အတွက် လာရောက်ဖမ်းဆီးသွားခြင်းကို မသိရသေးကြောင်း လက်ပံတန်း မြို့ခံတဦးက ပြောသည်။
ဖမ်းဆီးခံရသူ ဒေါ်မြမြစိန်မှာ အသက်(၄၀) ဝန်းကျင်ခန့်ရှိပြီး သားဖြစ်သူမှာ အသက်(၁၄)နှစ်အရွယ်ဖြစ် သည်။ ၎င်းတို့နှစ်ဦးအား လက်ရှိတွင် သာယာဝတီမြို့ ခလရ(၃၅)တပ်အတွင်း ဖမ်းဆီးထားသည်ဟုသိရ ကြောင်းလည်း ဒေသခံကဆိုသည်။
အဆိုပါ သားအမိဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ မည်သည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မဇ္ဈိမ အနေဖြင့် အတည်မပြုနိုင်သေးပေ။
လက်ရှိအချိန်တွင် လက်ပံတန်းမြို့နယ်၌ မြေပြင်အခြေအနေရှုပ်ထွေးမှုအချို့လည်းရှိနေကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၏ ပြောဆိုချက်အရသိရသည်။
“လက်ပံတန်းမှာက အခုရက်ပိုင်း နည်းနည်းရှုပ်နေတာလေးတွေရှိတယ်။ မြေပြင်မှာ အဖွဲ့တစ်ခုပေါ်နေ တယ်၊ ကျွန်တော်တို့နဲ့ချိတ်ဆက်ထားတာလည်း မရှိဘူး။ လုပ်ငန်းရှင်တွေဆီက အလှူခံနေတာတွေလည်း ရှိတယ်။ စုံစမ်းသိရသလောက် PDF အမည်ခံထားတဲ့ စစ်ကောင်စီလက်အောက်ခံတွေ ဖြစ်နိုင်ပါတယ်”ဟု သာယာဝတီခရိုင် PDF သတင်းပြန်ကြားရေးတာဝန်ခံမှပြောသည်။
လက်ပံတန်းမြို့နယ်တွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိအချိန်အထိ ဖမ်းဆီးခံရသည့် အပြစ်မဲ့အရပ် သား ၂၀ ဦးထက်မနည်းရှိနေပြီဖြစ်ကြောင်းလည်း ပြန်ကြားရေးတာဝန်ခံကဆိုသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း လက်ပံတန်းမြို့ လမ်းဆုံထရန်စဖော်မာအနီး ဗုံးတွေ့ရှိမှုနှင့်ဆက်စပ်၍ အရပ်သား ခြောက်ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားခဲ့သေးသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ပဲခူးတိုင်း
#လက်ပံတန်မြို့နယ်
#အရပ်သား
#ဖမ်းဆီး

👍13👏2❤1🔥1🤬1
ကလေးမြို့တောင်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့တောင်ပိုင်းသို့ မေလ၂၇ရက်က အင်အား ၅၀ခန့်ဖြင့် ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) တာဝန်ရှိသူထံက သိရှိရသည်။
“တက်လာတယ်ကြားလို့ ချုံခိုပြီး မိုင်းဆွဲတိုက်တာ ။ မိုင်းဆွဲပြီးတော့ တရစပ်ပစ်ကြတာ ၊ ဒီကောင်တွေ အလောင်းတွေကို ဝါးတွေနဲ့ချီပြီးသယ်ကြတာ။ စစ်ကောင်စီတပ်သားတွေ သေဆုံး ၁၅လောင်းတော့ သေချာတယ်” ဟု CNDF တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။
ကြိုတင်သတင်းရထားသည့်အတွက် ဇင်းကလင်းရွာနှင့် ပေါက်ခုံရွာကြားတွင် စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် နံနက် ၅နာရီ မှ နံနက် ၆နာရီ ၃၀ မိနစ်အထိ ကြာချိန် တစ်နာရီခွဲခန့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF/Vakok)တပ်ရင်း ၊ Kalay PDF မိုင်းအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဘက်တွင် အထိအခိုက်မရှိကြောင်းလည်း သိရသည်။
မေလ ၂၇ရက် နံနက် ၈နာရီ ၁၉မိနစ် အချိန်က ကလေးမြို့တောင်ပိုင်းတွင် အင်အား ၈၀ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ကို CNDF တပ်မဟာ (၁) ၊ ကလေး (ပကဖ) နှင့် မြို့ပြစီမံချက်ပြောက်ကျား(UG) တို့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၈ ဦးသေဆုံးကြောင်း ထုတ်ပြန်ထားသည်။
ထို့နောက် စစ်ကောင်စီတပ်ဖွဲ့က သေဆုံးဒဏ်ရာရရှိသော တပ်ဖွဲ့ဝင်များကို သယ်ဆောင်၍ ကလေးမြို့ဖက်သို့ ဆုတ်ခွာလာရာ နံနက် ၁၁နာရီ ၅၉မိနစ်တွင် ကာကွယ်ရေးတပ်ဖွဲ့က ဒုတိယအကြိမ်မိုင်းဆွဲတိုက် ခိုက်ခဲ့ကြောင်း သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#စစ်ကိုင်းတိုင်း
#ကလေးမြို့
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

👍15😁5❤3👏2
ရေစကြိုတွင် စစ်ကောင်စီစစ်ကြောင်းအား စောင့်ကြိုတိုက်ခိုက်၊ ထိခိုက်သေဆုံးမှု များနိုင်ဟုဆို
MTO
(မဇ္ဈိမ)။ ။မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဖက်ကမ်းရှိ လေးယဉ်တန်းရွာမှ ပြန်ထွက် လာသည့် စစ်ကောင်စီစစ်ကြောင်းကို မေလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးမှုများပြားနိုင်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထား သည်။
ယင်းစစ်ကြောင်းသည် ရေလယ်ကျွန်းဒေသတွင်းစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းကို လေးယဉ်တန်းကျေးရွာမှနေ၍ လက်နက်ကြီးပစ်ကူပေးနေသည့်စစ်ကြောင်းဖြစ်ပြီး တိုက်ခိုက်ခံရမှု အတွင်းထိခိုက်သေဆုံးမှု များပြားနိုင်ကြောင်း ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ရေလယ်ကျွန်းဘက်ကို နှစ်ရက်တာ လက်နက်ကြီးပစ်ကူပေးပြီးပြန်တဲ့အချိန်မှာ ကြားဖြတ်တိုက်ခိုက် ခဲ့တာ။ ကျနော်တို့ အသာစီးယူပြီး ပစ်ခတ်နိုင်ခဲ့တဲ့အတွက် သေတဲ့ကောင်တွေလည်းများတယ်၊ ဒဏ်ရာ ရတဲ့သူတွေလည်းများတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှု နာရီဝက်နီးပါးကြာမြင့်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်၌ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်းနှင့် စစ်သုံးပစ္စည်းအချို့လည်းသိမ်းဆည်းရမိခဲ့ကြောင်း ရေစကြို ပကဖတာဝန်ရှိသူက ဆိုသည်။
“MA ကျည်ဘောက်တစ်ခုနဲ့ 5.56 ကျည် ၂၇ တောင့် သိမ်းဆည်းရမိတယ်။ ဒီကောင်တွေက ထွက်ပြေးတာ စစ်ဦးထုပ်တွေ၊ စစ်ဖိနပ်တွေလည်း ကျန်နေခဲ့တယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်သည် မေလ ၂၆ ရက်နေ့မှစတင်ကာ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို တောင် မြောက်နှစ်ဖက်ပိတ်ပြီး အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးကာ တရွာဝင်တရွာထွက် မီးရှို့ဖျက်ဆီး မှုများလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#မကွေးတိုင်း
#ရေစကြိုမြို့နယ်

👍15😁3❤2
ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ရှောင်၂ ဦးကိုပစ်သတ်၊ အမျိုးသမီးအချို့ကို ဖမ်းဆီးသွား
MTO
(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ ရေစကြိုမြို့နယ် ၊ရေလယ်ကျွန်းဒေသတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ မေလ ၂၈ ရက်တွင် စစ်ရှောင်နေသည့် အမျိုးသား နှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ပြီး အမျိုးသမီးအချို့ကိုလည်း ဖမ်ဆီးသွားကြောင်း ဒေသခံများထံက သိရသည်။
“ဧရာ၀တီမြစ်ဘက်ကလာတဲ့ စစ်ကြောင်းက မနေ့ ညက ထန်းတောရွာမှာတပ်စွဲပြီး ဒီနေ့မနက် နန်းဦး နဲ့ ရေယှားရွာကြားက စစ်ရှောင် ၂၀၀ လောက်ရှိတဲ့ နေရာကို ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တာပါ။ အဲ့မှာ အမျိုးသား နှစ်ဦး ပစ်သတ်ခံရပြီး အမျိုးသမီး အချို့လည်း ကျည်ထိပါတယ် ။ အဲ့မှာ စစ်တပ်က ကျည်ထိ သူတွေကော မထိသူတွေကောခေါ် ပြီး နေရင်းရွာနဲ့ မင်းရွာကို ဝင်သွားကြတာပါ” ဟု ဒေသခံကပြောသည်။
ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသသည် ဧရာ၀တီမြစ်နှင့် ချင်းတွင်းမြစ်အကြားတွင် တည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့က ဧရာ၀တီမြစ်ဘက်မှ စစ်ကြောင်း တစ်ကြောင်း ၊ ချင်းတွင်းမြစ်ဘက်မှ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်းစစ်ကြောင်းနှစ်ကြောင်းဖြင့် နှစ်ဖက်ညှပ်၍ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
“ဒီကနေ့ မနက်မှာလည်း ချင်းတွင်းမြစ်ဘက်ကလာတဲ့ စစ်ကြောင်းက ချင်းယားရွာ၊ မိုးကွဲရွာ နဲ့ မိုးဖြူ ရွာတွေကို ဝင်ရောက်မီးရှို့သွားပါတယ် “ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် မေလ ၂၆ ရက်နေ့မှ စတင်ကာ ရေလယ်ကျွန်းဒေသအတွင်းရှိကျေးရွာများကို ရွာစဉ်လှည့်၍ မီးရှို့ဖျက်ဆီးနေပြီး လက်ရှိအချိန်အထိ ကျေးရွာ ပေါင်း ၂၁ ရွာ အထိ မီးရှို့ ဖျက်ဆီးခံ ထားရကြောင်း သိရသည်။
မေလ ၂၆ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က မိဖုရားကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဝင်ရောက်စီးနင်းရာ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိမှန်၍ သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#မကွေးတိုင်း
#ရေစကြိုမြို့နယ်
#စစ်ကောင်စီတပ်
#ပစ်ခတ်မှု

🤬16👍3👏3🔥2