Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းကလည်း ကော့ကရိတ်မြို့နယ်အခြေစိုက် ခလရ(၉၇)မှ ၁၂၀ မမ အမျိုးအစားလက်နက်ကြီးဖြင့် အကြိမ်ရေ ၄၀ ခန့်ပစ်ခတ်ခဲ့ပြီး ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်းကျေး ရွာနှင့် ရွာတန်းရှည်ကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကမိုင်ကုန်းကျေးရွာမှ အသက်(၆၂)နှစ်အရွယ် ဦးအသောင်း နှင့် အသက်(၃၁)နှစ်အရွယ်ရှိကိုကျော်မင်းထွန်းတို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး ရွာတန်းရှည်ကျေးရွာမှ တိရစ္ဆာန် များလက်နက်ကြီးထိမှန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများပစ်ခတ်ခဲ့မှုကြောင့် ကျိုက်ဒုံမြို့နယ်၊ ရပ်ကွက်(၁)ရှိ နေအိမ်တစ်အိမ် အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဆယ်ကျော်သက်တစ်ဦးသေဆုံး၍ ကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“နှစ်ယောက်က ညီအစ်ကိုတွေပါ။ သေသွားတာက အကြီးလေး လည်ပင်းကို ကျည်စဝင်သွားတာ။ အငယ် လေးကတော့ ဒဏ်ရာပြင်းတယ်။ သူတို့အိမ် ခေါင်မိုးတွေလည်း ပျက်စီးသွားတယ်။ အခြားပျက်စီးတဲ့ အိမ်တွေလည်းရှိတယ်” ဟု ကျိုက်ဒုံမြို့နယ်မှ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
လက်နက်ကြီးကျည်ထိမှန်၍ အသက်(၁၅)နှစ်အရွယ် စောသန်းနိုင်ဦးမှာ လည်ပင်းတွင် ကျည်ဖောက်ဝင် ဒဏ်ရာဖြင့် နေရာ၌ပင်သေဆုံးခဲ့ရပြီး ၎င်း၏ ညီဖြစ်သူ အသက်ခုနစ်နှစ်အရွယ်ရှိ မောင်စန်းဦးမှာ ထိခိုက် ဒဏ်ရာရခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလအတွင်း KNU အုပ်ချုပ်နယ်မြေများတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု အစရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဒေသခံပြည်သူ ၁၄ ဦးသေဆုံးခဲ့ရပြိး ၆၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ၏ မေလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#KNUတပ်မဟာ(၆)နယ်မြေ
#စစ်ကောင်စီတပ်
#လက်နက်ကြီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢7🔥1😁1
​​ဗီယက်နမ်က နှစ်စဉ် ဆန်တင်ပို့မှုကို ၄၄ ရာခိုင်နှုန်း လျှော့ချမည်

ဗီယက်နမ်သည် ယမန်နှစ်က တစ်နှစ်တာ ပြည်ပဆန်တင်ပို့မှု တန်ချိန် ၇ ဒသမ ၁ သန်းရှိခဲ့ရာမှ ၂၀၃၀ ခုနှစ်ထက်နောက်မကျဘဲ ဆန်တင်ပို့မှုကို တစ်နှစ်လျှင် တန်ချိန် ၄ သန်းအထိ လျှော့ချသွားရန် ရည်မှန်းထားကြောင်း နိုင်ငံ၏ ဆန်တင်ပို့မှု မဟာဗျူဟာ ထုတ်ပြန်ဖော်ပြချက်တစ်ရပ်ထဲတွင် အစိုးရက ပြောသည်။
👍5❤1🔥1👏1
ကျွန်းစုမြို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် တိုက်ပွဲဖြစ်၊ ဒေသခံ ၂,၀၀၀ နီးပါး ထွက်ပြေးနေရ

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဘန္ဒနဲကျေးရွာသို့ စစ်သင်္ဘောနှင့် စက်လှေများဖြင့် စစ်ကြောင်းထိုး ဝင်ရောက် လာသော အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ တပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ထံက သိရသည်။
ယမန်နေ့ မေလ ၂၇ ရက် နေ့လယ် ၁၂ နာရီခန့်က ဘန္ဒနဲကျေးရွာအုပ်စုသို့ စစ်ကောင်စီက စစ်သင်္ဘော တစ်စီးနှင့် စက်လှေငယ် ခြောက်စီး (ဒေသ အခေါ် သားပေါက်) ဖြင့် ရေကြောင်းမှ ဝင်ရောက် လာစဉ် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း (၂) နှင့် တနင်္သာရီ ကာကွယ်ရေး ပြောက်ကျား အဖွဲ့တို့က ပူးပေါင်း ကြားဖြတ် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
👍6🔥1👏1
ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးက“တိုက်ပွဲက မနေ့က ဖြစ်ခဲ့တယ် ဆိုတော့ အခုချိန် အထိတော့ နှစ်ဖက် စစ်ရေး တင်းမာနေဆဲပါ။ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်နေတော့ လက်နက်ချင်း အင်အား မမျှတော့ ကျွန်တော်တို့အဖွဲ့က ပြန်ဆုတ်ခဲ့ရတယ်”ဟု ပြောသည်။
လက်ရှိတွင် ဘန္ဒနဲကျေးရွာအုပ်စုရှိ ကျေးရွာ လေးရွာမှ ဒေသခံဦးရေ ၂,၀၀၀ နီးပါးသည် နီးစပ်ရာ ဇရပ်တောနှင့် ဥယာဥ်ခြံများအတွင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ အရေအတွက်ကို တိတိ ကျကျ မသိရသေးသော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကလည်း ထိခိုက်မှုမရှိကြောင်း သိရသည်။
ကျွန်းစုမြို့နယ် ၊ ဘန္ဒနဲကျေးရွာအုပ်စုတွင် ကျေးရွာ ၁၄ ရွာရှိပြီး ဘန္ဒနဲကျေးရွာသည် ယခု ၂၀၂၃ ခုနှစ် မတ်လထဲတွင် ပထမ အကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား လေးဦး သေဆုံးပြီး လေးဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဘန္ဒနဲကျေးရွာအုပ်စု
#ဒေသခံ ၂,၀၀၀ နီးပါး ထွက်ပြေးနေရ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1😁1
​​KIO နှင့် PSLF တို့ တွေ့ဆုံဆွေးနွေးပြီး ထာဝရ မဟာမိတ်စာချုပ်ကို ဆက်လက်အသိအမှတ်ပြု ထိန်းသိမ်းရန် သဘောတူကြောင်း ထုတ်ပြန်

ကချင်လေး
(မဇ္ဈိမ)။ ။ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) တို့ နှစ်ရက်တာ အထူးတွေ့ဆုံမှု အပြီး ထာဝရမဟာမိတ်စာချုပ်အား ဆက်လက် အသိအမှတ်ပြု ထိန်းသိမ်းအကောင်အထည်ဖော်ပြီး အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် သဘောတူကြောင်း ယနေ့ မေလ ၂၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်နှင့် ၁၇ ရက်နေ့တွင် KIO ထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်ဂျာယန်မြို့တွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြပြီး နှစ်ဦးနှစ်ဖက် သဘောတူညီချက် အချို့ကို ချမှတ်ခဲ့ကြခြင်းဖြစ်သည်။
ယင်းအပြင် အာဏာရှင် ချုပ်ငြိမ်းရေးအတွက် လက်တွဲဆောင်ရွက်သွားကြရန်၊ အမျိုးသားတန်းတူရေး အပေါ် အခြေခံပြီး အပြန်အလှန်လေးစားလျက် ရှေးယခင်အတိုင်း ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲ နေထိုင်သွားရန်၊ အငြင်းပွားဖွယ်ရာ သမိုင်းကြောင်းများနှင့် အမုန်း စကားများကို ရှောင်ကြဉ်ကာ ချစ်ခင်ရင်းနှီးမှုတို့ကို အလေးထားဆောင်ရွက်ရန်၊ မမျှော်လင့်သည့် အခက်အခဲများပေါ်ပေါက်လာပါက မှန်ကန်သော ဆုံးဖြတ်ချက်ရရှိရေးအတွက် နှစ်ဖက်တိုင်ပင်ညှိနှိုင်း ဖြေရှင်းသွားကြရန်နှင့် ပဋိပက္ခမပေါ်ပေါက်စေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန်ဆိုသည့်အချက်လည်း ထုတ်ပြန်ချက်၌ ပါဝင်သည်။
ကချင်နိုင်ငံရေးလေ့လာသုံးသူ သတင်းရင်းမြစ်တစ်ဦးက "ရှမ်းမြောက် ဒေသ ( Kachin Sub-State )မှာ နှစ်ဖက်အတွက် နာမးလည်နိင်မှုတွေ တိုးပွားလာရင် အခြေအနေမကောင်း အကြောင်းမလှတဲ့ ထိပ်တိုက်ရင်ဆိုင်မှုများ ရှိလာနိင်တာ ဖြစ်တယ်။ ဒါကြောင့်မို့ ဒီထုတ်ပြန်ချက်မှာထက် ပိုပြီး လေးနက်တဲ့ အကြောင်းအရာများကို ဆွေးနွေးထားပြီးလောက်ပြီလို့ သုံးသပ်ချင်ပါတယ်” ဟု ပြောသည်။
ထို့အပြင် ဒေသတွင်းရှိ ဒေသခံများဖြစ်ကြသည့် ကချင်၊ တအာင်း(ပလောင်)၊ ရှမ်း လူမျိုးများနှင့် ပြည်သူလူထုတို့၏ ဘေးကင်းလုံခြုံရေးကို တာဝန်ခံရန်နှင့် ဝန်ထုတ်ဝန်ပိုး ဖြစ်စေသော လုပ်ရပ်များကို ရှောင်ရှားရန်အချက်များလည်း ပါဝင်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စများတွင် သတင်းဖလှယ် အသိအမှတ်ပြု အားပေးရန်နှင့် အခြားလိုအပ်သည့် ကိစ္စများကိုလည်း နှစ်ဖက်အဖွဲ့အစည်းမှ လိုအပ်သလို ညှိနှိုင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ထာဝရ မဟာမိတ်စာချုပ်
#KIO
#PSLF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🔥2😁1
​​စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများက ‘ဖြတ် ၄ ဖြတ်’ နည်းနာနှင့် ဆက်စပ်နေ

အာဏာသိမ်းစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ အသုံးပြုနေခြင်း၏ အကြောင်းရင်းတစ်ခုမှာ ၎င်းတို့အနေဖြင့် ရိက္ခာ၊ ရန်ပုံငွေ၊ ထောက်လှမ်းရေးသတင်းနှင့် လူသစ်စုဆောင်းမှု ဖြတ်တောက်ခြင်းတို့ ပါဝင်သည့် စစ်တပ်၏ “ဖြတ် လေးဖြတ်” နည်းနာကို အကောင်အထည်ဖော်လိုနေခြင်းဖြစ်သည်ဟု ဉာဏ်လင်းသစ် သုတေသနအဖွဲ့မှ သုတေသီနှင့် နိုင်ငံရေးအကြံပေးတစ်ဦးဖြစ်သည့် ကိုမိုးထက်နေက ပြောသည်။
👍7😁3
မေလ (၂၈) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

ကော့သောင်းမှာ စစ်ကောင်စီက အသက် မပြည့်သေးသူ အပါအဝင် ၈ ဦးကို စစ်ကြောရေးမှာ ပစ်သတ်လိုက်တဲ့သတင်းနဲ့အတူ

ဒိုက်ဦးအကျဉ်းထောင်ကနေ နိုင်/ကျဉ်း ၂၀ ဦးကို စစ်ကြောရေးကို ခေါ်ဆောင်သွားပြီးတဲ့နောက် ၁ ဦး အသတ်ခံလိုက်ရတဲ့သတင်းလွှာအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

https://youtu.be/V9v8KBpe6fc
👍2😁2👏1🤔1
ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ရေဘေးသင့်ကျေးရွာများ အကူအညီလိုအပ်နေ

KMN
(မဇ္ဈိမ)။ ။မိုခါဆိုင်ကလုန်းမုန်တိုင်းဖြတ်သန်းမှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက် ပြီး ရေဘေးသင့်ခဲ့သည့် စစ်ကိုင်တိုင်း ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ်မြောက်ခြမ်း မှ ကျေးရွာများအတွက် အကူအညီလိုအပ်နေကြောင်း ဒေသခံများက ပြောကြားသည်။
မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ တောင်ယမားချောင်းဘေးမှ ကျေးရွာ ၁၂ ရွာ၊ မြောက်ယမားချောင်းဘေးမှ ကျေးရွာသုံးရွာ၊ စုစုပေါင်း ကျေး ရွာ ၁၅ ရွာခန့် ရေဘေးကြုံတွေ့ခဲ့ခြင်းဖြစ်သည်။
“ပုသိမ်၊ မုံရွာလမ်းဘေးဝဲယာက ပြည်သူတွေ စစ်ဘေးရှောင်နေကြရပါတယ်။ လက်ရှိအခြေနေကတော့ ရေဘေးသင့်ပြည်သူတွေ အိမ်ပြန်ဝင်ဖို့အခြေနေပေးပေမယ့် စစ်ကောင်စီတပ်အန္တရာယ်နဲ့ ရင်ဆိုင်နေရလို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်" ဟု ပြည်သူမှပြည်သူသို့ ပရဟိတအဖွဲ့တာဝန်ရှိသူက ဆိုသည်။
👍6🔥4😢3
လတ်တလောတွင် ရေးဘေးသင့် စစ်ဘေးရှောင်များအား အလှူရှင်များအကူအညီဖြင့် ပရဟိတအဖွဲ့များ က ထမင်းဟင်းချက်ပြုတ်ကျွေးမွေးနေကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်အရှေ့ဘက်ခြမ်းနှင့် ဆားလင်းကြီးမြို့နယ်မြောက်ဘက်ခြမ်းမှ ကျေးရွာများမှာ တရုတ် ကုမ္မဏီများဖြစ်ကြသည့် ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီများအတွက် အကာကွယ်ပေးရန် လာရောက်သည့် စစ်ကောင်စီစစ်ကြောင်းများကြောင့် တလလျှင် သုံးကြိမ်ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်။
ရေဘေးသင့်ကျေးရွာများအတွက် “ပြည်သူမှပြည်သူ ရေဘေးကူ” အစီအစဉ်ကို ပြုလုပ်နေပြီး ဇွန်လ ၁၀ ရက်နေ့အထိ ပြည်သူမှပြည်သူသို့၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ စသည့် လူမူကွန်ရက်စာမျက်နှာများမှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ၎င်းအဖွဲ့အစည်များမှ ထုတ် ပြန်ထားသည်။
ဓာတ်ပုံ - ပြည်သူမှ ပြည်သူသို့/FB (ပုံဟောင်း)
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ဆားလင်းကြီးမြို့နယ်
#ယင်းမာပင်မြို့နယ်
#စစ်ဘေးရှောင်
#ရေဘေးသင့်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢8🔥2
လွယ်လုံတိုက်ပွဲတွင်ကျဆုံးသွားသော KNDF/B-11 မှ ရဲဘော်မောင်ရဲမြင့်၏ စျာပနကျင်းပ

ကိုဇာနည်
(မဇ္စျိမ)။ ။ကရင်နီပြည်နယ် ဖယ်ခုံမြို့နယ်နှင့် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်အစပ်ရှိ လွယ်လုံကျေးရွာ တွင် မေလ ၂၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်အားတိုက်ခိုက်ရင်း KNDF B/11 မှ ရဲဘော် မောင်ရဲမြင့် ကျဆုံးခဲ့ရသည်။
စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ရသော ရဲဘော်မောင်ရဲမြင့်၏ ဈာပန အခမ်းအနားအား ယနေ့ မေလ ၂၈ ရက်နေ့တွင်ပြုလုပ်ခဲ့ပြီး ကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့သည်ဟု KNDF / B-11 က ထုတ်ပြန်ထားသည်။
😭16👍3👏3❤2🔥1
ရဲဘော်မောင်ရဲမြင့်သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ တန်းတူအခွင့်အရေးရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ရရှိရေးတို့အတွက် အစွမ်းကုန်ကြိုးစားရင်း တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးဆပ်သွားခဲ့သဖြင့် KNDF/B-11 မှ အာဇာနည်သူရဲကောင်းအဖြစ် အစဥ်အမြဲ မှတ်တမ်းတင် သွားမည်ဖြစ်ပြီး ကျန်ရစ်သူမိသားစုများနှင့် ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်နီပြည်နယ်
#KNDF/B-11
#ရဲဘော်မောင်ရဲမြင့်
#ကျဆုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢7👍5🔥2😁1🤔1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၈ မေ ၂၀၂၃)
👍11❤2🔥1😁1
​​တေးသံရှင်ဗျူဟာကို မေလ ၂၉ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်

ဂျူချန်း
(မဇ္ဈိမ)။ ။တေးသံရှင်ဗျူဟာအား ဖမ်းဆီးခံရပြီးငါးရက်အကြာတွင် မိသားစုနှင့် အဆက်အသွယ်ပြန်ရ ကာ မနက်ဖြန် မေလ ၂၉ ရက်နေ့တွင် ရန်ကုန်တိုင်း ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တရားရုံး၌ ရုံးထုတ် စစ်ဆေးမည်ဖြစ်ကြောင်း မိသားစုဝင်တဦးထံမှ သိရသည်။
တေးသံရှင်ဗျူဟာမှာ ကျန်းမာစွာရှိနေကြောင်းသိရပြီး အွန်လိုင်းပေါ်တွင် သတင်းမှားများမဖြန်ဝေကြရန် မိသားစုမှ မေတ္တာရပ်ခံထားသည်။
ဖမ်းဆီးခံရပြီးနောက် နှစ်ရက်အကြာ မေလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် တေးသံရှင်ဗျူဟာစစ်ကြောရေး၌ သေဆုံးသွားပြီဟု အိမ်နီးချင်းဆိုသော အမျိုးသမီးတဦးက လူမှုကွန်ရက်တွင်ဖော်ပြခဲ့ပြီးနောက် ကောလာ ဟလများထွက်ပေါ်ခဲ့သည်။
ယနေ့ မေလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ဇနီးဖြစ်သူနှင့် တွေ့ခွင့်ပေးပြီး မနက်ဖြန် မေလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တရားရုံး၌ ပုဒ်မ ၅၀၅(က)ဖြင့် တရားရင်ဆိုင်ရမည်ဖြစ် ကြောင်း တေးသံရှင်ဗျူဟာ၏ မိသားစုဝင်တဦးက ပြောသည်။
“မနက်ဖြန်မနက် ၁၀ နာရီမှာ မြောက်ဒဂုံမြို့နယ် တရားရုံးမှာ ရုံးထုတ်မယ်လို့ သိရပါတယ်။ ဗျူဟာကို သူ့ ဇနီးနဲ့တွေ့ခွင့်ပေးတယ်။ ပုဒ်မ ၅၀၅(က)နဲ့စွဲမယ်လို့ အကြောင်းကြားထားပါတယ်”ဟု အဆိုပါ မိသားစုဝင် ကမဇ္ဈိမကိုပြောသည်။
တေးသံရှင်ဗျူဟာအား လက်ရှိတွင် စစ်ကြောရေးမှ ရန်ကုန်တိုင်း မြောက်ဒဂုံ(၄၅) ရဲစခန်းသို့ ပြောင်းရွှေ့ ထားကြောင်း သိရသည်။
တေးသံရှင်ဗျူဟာသည် မေလ ၂၃ ရက်နေ့ ညနေပိုင်းကတိုက်ရိုက်ထုတ်လွှင့်သည့် ဗီဒီယိုဖိုင်၌ လျှပ်စစ်မီး ပုံမှန်မရရှိမှုအကြောင်းကိုဝေဖန်ခဲ့သဖြင့် မေလ ၂၄ ရက်နေ့နံနက်ပိုင်းတွင် စစ်ကောင်စီမှ ၎င်းနေထိုင်ရာ နေအိမ်သို့ လာရောက်ဖမ်းဆီးခဲ့ပြီး မိသားစုနှင့် အဆက်အသွယ်ဖြတ်တောက်ထားကာ ငါးရက်ကြာပြီးမှ အဆက်အသွယ် ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#တေးသံရှင်ဗျူဟာ
#ပုဒ်မ၅၀၅(က)
#ရုံးထုတ်စစ်ဆေး
#ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တရားရုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🤮4❤3😁1
စစ်ခေါင်းဆောင် မန္တလေးရောက်နေချိန် ခြေလျင်တပ်ရင်း နှင့် အခွန်ရုံး တိုက်ခိုက်ခံရ

007
(မဇ္စျိမ)။ ။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးမြို့သို့ ရောက်နေစဥ် ကာလအတွင်း ခြေလျင်တပ်ရင်းတစ်ခုနှင့် မြို့နယ်အခွန်ဦးစီးမှူးရုံး တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်သည်မေလ ၂၆ ရက်နေ့က မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်သို့ရောက်ရှိလာပြီး ဗန်းမော်ဆရာတော်၏ ရုပ်ကလာပ်တော်အား သွားရောက်ဖူးမျှော်ခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ထို့ပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နန်းတွင်းရွှေနန်းတော်ကြီးသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ယမန်နေ့ မေလ ၂၇ ရက်က ပြန်သွားကြောင်း စစ်ကောင်စီကို ထောက်ခံသည့် သတင်းချန်နယ်များက သိရသည်။
👍15😁5🖕3
ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတောင်ခြေ ကုသိုလ်တော်ဘုရားအနီးရှိ လုံခြုံရေးတင်းကျပ်ထားသော ခလရ(၉၁၀)တပ်ကို ဒေသကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့များက ၄၀ မမဖြင့် သွားရောက်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကို နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့နှင့် ပြင်ဦးလွင်ခရိုင်အမှတ်(၁)တပ်ရင်း၊ တပ်ဖွဲ့(၁)တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးအထိအခိုက်စာရင်းကို မသိရသေးကြောင်း နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့မှ ဗိုလ်နတ်ဆိုးက ဆိုသည်။
ထိုနေ့ ညနေ ၆ နာရီခန့်တွင်၊ ပြည်ကြီးတံခွန်မြို့နယ် မြ၀တီမင်းကြီး(၁)လမ်းနှင့် ၇၅ လမ်းထောင့်ရှိ၊ မြို့နယ်အခွန်ဦးစီးမှူးရုံး လက်လုပ်မိုင်းဖြင့်တိုက်ခိုက်ခံခဲ့ရသည်။ထိုတိုက်ခိုက်မှုကို ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော No More Dictatorship People Defence Force(NMD)အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရုံးအနီးရပ်ထားသော မော်တော်ယာဉ်နှစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း NMD အဖွဲ့ကသတင်းထုတ်ပြန်သည်။ ထို ပေါက်ကွဲမှုအတွင်း အရပ်သားပိုင် မော်တော်ယာဉ်တစ်စီး ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းများကဆိုသည်။ မန္တလေးမြို့တွင် စစ်ကောင်စီက မေလ ၂၈ ရက် တစ်ရက်လုံး လုံခြုံရေးတင်းကျပ်စစ်ဆေးနေကြောင်းလည်း ဒေသခံများထံက သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzma
#ခြေလျင်တပ်ရင်း နှင့်အခွန်ရုံး တိုက်ခိုက်ခံရ
#မင်းအောင်လှိုင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10👏2😁2🥱1