Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Exxon Film အက်ပလီကေးရှင်းသည် ကမ္ဘာဇဘဏ်နှင့်ချိတ်ဆက်ထားသော KBZ PAY ဖြင့် ငွေသွင်း ငွေထုတ် လုပ်ဆောင်မှုကို ၀၉၇၆၊၇၇၊၇၈၊၇၉ နံပတ်များဖြင့် စတင်သည့် တယ်လီနောဖုန်းနံပတ်များကိုအသုံးပြုပြီး KBZ PAY အကောင့် ပိုင်ရှင် နာမည်အမျိုးမျိုးဖြင့် ငွေသွင်းငွေထုတ်များအား လုပ်ဆောင်ကြသည်ကို တွေ့ရသည်။ အဆိုပါလိမ်လည်သည့်အကောင့်များကို ကမ္ဘာဇဘဏ်သို့ အကြောင်းကြား၍ အကောင့်ပိတ်ရန် တောင်းဆိုမှု ပြုလုပ်ရာတွင်လည်း အကောင့်ယာယီပိတ်ရန်၊ ကိုယ်လွှဲထားသည့်ငွေပမာဏကို ပြောပြရန် အကြောင်းအရာများနှင့်အတူ အမှုဖွင့်ထားသည့် ရဲစာနှင့်တကွ လာရောက်ဆက်သွယ်၍ရသည်ဟု ကမ္ဘာဇဘဏ်ဝန်ထမ်းတစ်ဦးကဆိုသည်။ သို့သော် အကောင့်ပိတ်ရန်အတွက် လိုအပ်သည့်စစ်ဆေးမှုများ လုပ်ဆောင်ရမည်ဖြစ်၍ အဆိုပါ စစ်ဆေးမှုသည် မည်မျှ အချိန်ကြာမြင့်မည်ကို မသိနိုင်ဟုလည်း ပြောသည်။
၂၀၂၂ခုနှစ် ဇူလိုင်လတွင် စတင်ပေါ်ပေါက်ခဲ့ပြီး အောက်တိုဘာလတွင် ရပ်ဆိုင်းခဲ့သော JOOM အက်ပလီကေးရှင်းသည်လည်း ကမ္ဘာဇဘဏ်ဖြင့် ချိတ်ဆက်ထားသော KBZ PAY ဖြင့် ငွေသွင်းငွေထုတ် လုပ်ဆောင်ခဲ့ပြီး KBZ PAYအကောင့်များအတွက် မိုင်တဲလ် ဖုန်းနံပတ်များဖြစ်သည့် ၀၉၆၆၊၆၇၊၆၈၊၆၉ ဖြင့်စတင်သည့် ဖုန်းနံပတ်များကို အသုံးပြုခဲ့ကြသည်ကို လေ့လာသိရှိရသည်။
နစ်နာသူတွေဘက်က အခက်အခဲအွန်လိုင်းတွင် ယခုလို အလိမ်အက်ပလီကေးရှင်းများ ဆက်တိုက်ဖြစ်ပေါ်နေမှုများနှင့် ပတ်သက်၍ “အွန်လိုင်းပေါ်မှာ လိမ်လည်မှုဖြစ်နိုင်ချေရှိတဲ့ မသ်ကာစရာလုပ်ငန်းတွေကို အထူးတပ်ဖွဲ့တွေဘာတွေကနေ စောင့်ကြည့်တာ ၊ တကယ်လို့တိုင်ကြားတာတွေရှိရင် လိုအပ်သလိုစစ်ဆေးတာ အဲ့လိုမျိုးတွေက မရှိဘူးလေ။ အဲ့ဒါက ရှင်းရှင်းပြောရင်တော့ လူလိမ်တွေက လိမ်လို့ လွယ်စေတယ်။ သို့မဟုတ်လဲ လိမ်ပြီးသွားရင် နောက်ဆက်တွဲအကျိုးကို သူတို့ခံစားစရာမလိုဘူး။ ရှောင်လို့ပြေးလို့ လွယ်နေတယ်။ အဲ့အတွက် တစ်ခုပြီးတစ်ခုထပ်လိမ်လို့လဲ ရနေတယ်လို့ ကျွန်တော်ကတော့ ယူဆတယ်”ဟု ကိုဇင်ဇေလွင်က သုံးသပ်သည်။
ထို့အပြင် အလိမ်ခံရသည့် နစ်နာသူများမှ တိုင်ကြားမှုပြုလုပ်သူများသည် မရှိသလောက် ဖြစ်ပြီး တိုင်ကြားမှုပြုလုပ်ရန် အဖွဲ့ဝင်များကိုလိုက်လံစည်းရုံးသော်လည်း လိုက်ပါတိုင်ကြားသူမရှိကြောင်း အဖွဲ့ဝင်တစ်ဦးဖြစ်သူကိုဝင်းဇော်လွင်က ပြောသည်။
“အိမ်က အသိမခံချင်လို့ ၊ တချို့ကျတော့ မဖြစ်မနေ ငွေပြန်ရမှ တိုင်မယ်ဆိုတဲ့သူတွေကလဲ ရှိတယ်။ ပိုက်ဆံတွေထပ်ကုန်မှာစိုးလို့ မတိုင်ချင်တာဆိုတဲ့သူလဲရှိတယ်”ဟု ၎င်းကပြောသည်။
သို့သော် အလိမ်ခံရသူ ၁၀၀ရာခိုင်နှုန်းတွင် လူ၇၀ရာခိုင်နှုန်းခန့်သည် အစပိုင်း ငွေထုတ်ရသည့်အချက်ကို အဓိကကြည့်၍ ငွေထုတ်ပြီးသည်နှင့် ရပ်မသွားဘဲ အဆင့်များတက်ရန် ငွေထပ်မံရရန် အတွက် ငွေများ ထပ်မံထည့်သွင်းကြခြင်းဖြစ်သည်။ ယင်းအက်ပလီကေးရှင်းများသည် ရိုက်စားဖြစ်ပြီး အချိန်တစ်ခုကြာလျှင် ရပ်ဆိုင်းသွားမည့်အချက်ကို သိကြသော်လည်း ငွေမြန်မြန်ထည့်သွင်း ငွေမြန်မြန် ပြန်လည်ထုတ်ယူဟူသော အချက်ကို လက်ကိုင်ထား၍ အချိန် ၊အခြေအနေကို အကဲခတ်ပြီး ငွေများဆော့ကစားကြသူများသည် ၇၀ရာခိုင်နှုန်း ခန့်ရှိနေသည်ကို တွေ့ရသည်။ကျန် ၃၀ရာခိုင်နှုန်းသည် မည်သည့်အခြေအနေ အနေအထားမျှ သိရှိခြင်းမရှိပဲ မိသားစု ၊ အသိမိတ်ဆွေများ၏ ပြောဆိုစည်းရုံးမှု၊ ၎င်းတို့ ငွေပြန်လည်ထုတ်ယူရရှိသည်များကို တွေ့ရှိမှုများကြောင့် အချိန်တန် ငွေများဝင်လာမည်ဟူသောအတွေးဖြင့် ငွေများ ပါဝင်ထည့်သွင်းကြခြင်းဖြစ်သည်။
“လုပ်ငန်းဆိုတာ ဟန်ပြလုပ်နေလဲရတာပဲလေ။ အောင်မြင်နေမှ အမြတ်က များများပေးနိုင်မှာ ။သူတို့ပေးနေတဲ့ အမြတ်တွေက ဘယ်က ရတာလဲပေါ့။ အချင်းချင်း နောက်ကဝင်တဲ့လူရဲ့ပိုက်ဆံကိုရှေ့ကလူကို လှည့်ပြီးတော့ ပေးနေတာမျိုး ဖြစ်နိုင်လား ဒါမှမဟုတ် တကယ်ငွေဝင်လမ်းကြောင်း ကြီးကြီးမားမား ရှိနေလားပေါ့။ ဒါတွေကို ကျွန်တော်တို့က ထောက်စစ်ရမှာပေါ့။ တချို့ကတော့ရှိတယ် ကိုယ်ပိုက်ဆံရရင် ဒါမှန်တယ်လို့ အလွယ်တွေးတာပေါ့။ ပိုက်ဆံဆိုတာကတော့ လှည့်ပေးနေရင် ရတာပဲပေါ့ ။ နောက်ပိုင်းကျမှသာ ထိမှာလေ ရှေ့ပိုင်းမှာတော့ လှည့်လှည့်ပေးနေမှာပဲလေ။လွယ်လွယ်ပြောရရင် ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နေလို့ ရတယ်ပေါ့။ အဲ့တော့ ပိုက်ဆံပေးတိုင်းတော့ ဒီလုပ်ငန်းတစ်ခုက မလိမ်ဘူးလို့ ပြောလို့ မရဘူးပေါ့။ အဓိက အဲ့လုပ်ငန်းရဲ့ ငွေဝင်လမ်းကြောင်းသည် ဖြစ်နိုင်ချေ ရှိမရှိဆိုတာကို ကျွန်တော်တို့က ဆန်းစစ်ရမှာ။ အဲ့လို ဆန်းစစ်တတ်တဲ့သူများလာရင်တော့ လိမ်လို့ရတာ နည်းလာမှာပေါ့”ဟု ကိုဇင်ဇေလွင်က ပြောသည်။
👍10🔥2
မေလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8👏2
ပြည်သူ့အားမာန်သပိတ်စစ်ကြောင်နှင့် ပူးပေါင်းချီတက်ခဲ့သည့်ရွာပေါင်းစုံသပိတ်

ပါခွီး
မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများမှစုပေါင်း၍ ပြည်သူ့အားမာန် သပိတ်စစ်ကြောင်းနှင့်အတူ မေလ ၂၈ ရက်နေ့က ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း (၈၀၂) ရက်မြောက်နေ့အဖြစ် ချီတက်ခဲ့ကြခြင်းဟုသိရသည်။
စတည်း ။။ Alden
#ယင်းမာပင်
#ဆားလင်းကြီး
#သပိတ်
#ပြည်သူ့အားမာန်
#ဆန္ဒပြ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤2😁2
မေလ (၂၉)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

00:56 − မတ်လနဲ့ ဧပြီလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ၁၀၀၀ ကျော်သေဆုံးတဲ့သတင်း

03:14 − စစ်ခေါင်းဆောင် မန္တလေးကိုရောက်နေချိန် ခြေလျင်တပ်ရင်း နဲ့ အခွန်ရုံး တိုက်ခိုက်ခံလိုက်ရတဲ့သတင်း

05:00 − တေးသံရှင်ဗျူဟာကို ဒီကနေ့ မေလ ၂၉ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးမယ့်သတင်းနဲ့

09:30 − ဒီကနေ့ရရှိထားတဲ့ ရွှေစျေး၊ ငွေစျေးနဲ့ အရေးကြီးကုန်စျေးနှုန်းတွေအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/N015YbTH_gU
👍14😁2
လေကြောင်းတိုက်ခိုက်မှုကြောင့် Medic Unit (Demoso) မှ ဆေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံး

001
မဇ္စျိမ ။ ။စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီပြည်ရှေ့တန်းတစ်နေရာတွင် မေလ ၂၇ ရက်နေ့က Medic Unit (Demoso) မှ ဆေးတပ်ဖွဲ့ဝင်လေးဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
ကျဆုံးခဲ့ရသူများမှာ မကယ်ရိုလိုင်းခိုင်လင်း၊ မအန်ဂျလာ၊ ကိုဘော့စကိုနှင့်ကိုမြထွေးတို့ဖြစ်ပြီး ၎င်းတို့ လေးဦး၏ နာရေးအခမ်းအနားကို မေလ ၂၈ ရက်နေ့ကပြုလုပ်ခဲ့ကြောင်း ကယား (ကရင်နီ) တော်လှန်ရေး တပ်ပေါင်းစု KRU နှင့် Dove KK တို့မှ ထုတ်ပြန်ထားသည်။
ရဲဘော်၊ ရဲမေများသည် အသက်အရွယ်အားဖြင့် အသက် ၁၇ နှစ်မှ ၂၃ နှစ်အကြားလူငယ်များဖြစ်ကြပြီး တိုက်ပွဲရှေ့တန်းအတွင်း ဆေးကုသရေးပေးနေစဥ်ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း KRU သတင်းပြန်ကြားရေး တာဝန်ခံ ကိုလင်းလင်းကပြောသည်။
😭20🔥3👏1😢1
“အခု ဒီဖက်ဒေသမှာတော့ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ တိုက်ပွဲတွေဖြစ်နေတယ်။ လက်ရှိကလည်း စစ်ကောင်စီက လေကြောင်းကိုခါတိုင်းထက်ပိုပြီး တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ လေယာဥ်နဲ့ ဗုံးလာကြဲတာမျိုး တွေပဲတောက်လျှောက်လုပ်နေတော့ ကိုယ့်ဖက်လည်း အထိအခိုက်တွေရှိတာပေါ့။ လေကြောင်းကို ကာကွယ်ဖို့အတွက်ကလည်း အဆင်သင့်မဖြစ်သေးဘူးပေါ့။ ကြိုးတော့ ကြိုးစားနေကြတယ်ပေါ့။ KNDF ဆိုလည်းကြိုးစားနေတာပေါ့။ ကရင်နီပွိုင့်ဖိုက်ဆိုတဲ့ပရောဂျက်တွေ၊ ဒါတွေ မြန်မြန်အောင်ဖို့လည်း လိုတယ်ပေါ့။ လေကြောင်းကို ကျွန်တော်တို့ အန်တုနိုင်မှသာလျှင် အဆင်ပြေမယ့် အနေအထားပေါ့” ဟု ၎င်းကဆိုသည်။
အဆိုပါ ရဲဘော်၊ ရဲမေ လေးဦးမှာ Dove KK ၏ ဆေးသင်တန်းအမှတ်စဥ် (၂) တွင် ဆေးတပ်သားအဖြစ် တက်ကြွစွာပါဝင်ခဲ့ပြီး ရှေ့တန်းမြေပြင်တွင်သာမကစစ်ရှောင်စခန်းများတွင်လည်း လိုအပ်သကဲ့သို့ ကူညီ ပေးနေသူများဖြစ်ကြကြောင်း Dove KK မှ ထုတ်ပြန်ထားသည်။
စစ်ကောင်စီအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၃ ခုနှစ် ဧပြီလအထိ လေကြောင်းအသုံးပြု တိုက် ခိုက်မှု ၁,၄၀၀ ကျော်ပြုလုပ်ခဲ့ပြီး ကရင်၊ စစ်ကိုင်းနှင့် ကရင်နီဒေသများကို အများဆုံး တိုက်ခိုက်ခဲ့ကြောင်း ဥာဏ်လင်းသစ်သုတေသနအဖွဲ့ကလည်း မေလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#လေကြောင်းတိုက်ခိုက်မှု’
#ကရင်နီ
#ဆေးတပ်သား
#ကျဆုံး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😢3🔥1😁1