Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ချုပ်လုပ်ထားသည့်ပိုးထည်ကို ရောင်းချပြီး ရန်ပုံငွေ ရှာဖွေ

ဂန္ဓမာ
(မဇ္ဈိမ)။ ။ဒီမိုကရက်တစ်လူငယ်ကောင်စီက အာဏာသိမ်းစစ်တပ်၏ ထောင်သွင်းအကျဉ်းချခြင်းခံထားရ သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အတွက် ချုပ်လုပ် ထားသည့် ပိုးထည်စစ်စစ်ကို ရောင်းချကာ ရန်ပုံငွေရှာဖွေရေးပွဲ ပြုလုပ်နေကြောင်း သိရသည်။
လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဒီမိုကရက်တစ်လူငယ်ကောင်စီမှ ရန်ပုံငွေရှာဖွေရေးပွဲ ပြုလုပ်နေခြင်း ဖြစ်သည်။
“ဇွန်လ ၁၉ ရက်နေ့ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ရက်မြတ်ဖြစ်ပါတယ်၊ အမေ့ ရဲ့မွေးနေ့မှာ အမေပြန်လာရင်ဆင်မြန်းဖို့ ကျွန်တော်တို့ လူငယ်နိုင်ငံရေးအဖွဲ့အစည်းမှ ရည်မှန်းပြင်ဆင် ထားတဲ့ပိုးထည်စစ်စစ် (အမေ့ကိုယ်ခန္ဓာအချိုးအစား)အတိုင်း ချုပ်လုပ်ထားတဲ့အထည်တစ်ခုကို ကံစမ်းမဲ ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်” ဟု ဒီမိုကရက်တစ်လူငယ်ကောင်စီ(ဥက္ကဋ္ဌရုံး)က မဇ္ဈိမကို ပြောသည်။
“Bayda Raffle Event” ဟု အမည်ပေးထားသည့် အဆိုပါ ရန်ပုံငွေရှာဖွေရေးပွဲကို ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့ကစတင်ပြုလုပ်နေခြင်းဖြစ်ပြီး ဇွန်လ ၁၈ ရက်နေ့အထိ လက်မှတ်များရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကံစမ်းမဲ လက်မှတ်တစ်စောင်လျှင် ကျပ် ၁၀,၀၀၀ ဖြင့် အစောင်ရေ ၅၀၀ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ပုံငွေရှာဖွေရေးပွဲမှ ရရှိလာသော အလှူငွေများကို ဒီမိုကရက်တစ်လူငယ်ကောင်စီ၏ စစ်ကိုင်းတိုင်း တာဝန်ခံအဖွဲ့၊ ရှမ်းပြည်နယ် တာဝန်ခံအဖွဲ့တို့မှတဆင့် ပြည်နယ်အတွင်း နိုင်ငံရေး၊ လူသားချင်း စာနာ ထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း ဒီမိုကရက်တစ် လူငယ်ကောင်စီ(ဥက္ကဋ္ဌရုံး)မှ ပြောသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အထိမ်းအမှတ်အဖြစ် ဒီမိုကရက်တစ်လူငယ်ကောင်စီမှ နိုင်ငံရေး ဟောပြောပွဲလည်း ကျင်းပပေးနိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။
“နိုင်ငံတော်အတိုင်ပင်ခံအနေဖြင့်လည်း လူငယ်တွေရဲ့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ အခန်းကဏ္ဍကို အထူး မျှော်မှန်းခဲ့တယ်လို့ ယုံကြည်ပါတယ်၊ နောက်တချက်က ဒီမိုကရက်တစ်လူငယ်ကောင်စီ၏ ပန်းတိုင် သုံးခု ထဲက လူငယ်များအနေဖြင့် နိုင်ငံရေးတွင် ပိုမိုကျယ်ပြန့်စွာ ပါဝင်လာစေရေးဖြစ်တာမို့ လူငယ်တွေအတွက် လိုအပ်တဲ့ နိုင်ငံရေးသင်တန်း၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းတို့ကို စဉ်ဆက်မပြတ် ဖွင့်လှစ် နိုင်စေရေးတို့နဲ့ ကိုယ့်ပြည်နယ်အကျိူးအတွက် ပါဝင်စွမ်းဆောင်နိုင်စေရေးတို့အတွက် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု ဒီမိုကရက်တစ် လူငယ်ကောင်စီ(ဥက္ကဋ္ဌရုံး)မှ ပြောသည်။
ဒီမိုကရက်တစ်လူငယ်ကောင်စီသည် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ် ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တိုင်းဖြင့် ချုပ်လုပ်ထားသော ပိုးထည်ဖြင့် မွေးနေ့အမှတ်တရ ရန်ပုံငွေ ရှာဖွေရေးမှတဆင့် လူငယ်များ၏ နိုင်ငံရေးပါဝင်မှု၊ တော်လှန်ရေးတွင်ကဏ္ဍပေါင်းစုံမှ ပါဝင်နိုင်စေရန် မြှင့်တင်သွားမှာဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တရားရုံးက အမှု ၁၉ မှုအတွက် ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ် ချမှတ်ထားပြီး နေပြည်တော် အချုပ်ထောင် တွင် အကျဉ်းချ ထိန်းသိမ်းထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#ဒေါ်အောင်ဆန်းစုကြည်
#မွေးနေ့
#၇၈
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤22👍9😁2🤮1🥴1
မေလ (၂၉)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

01:01 − လေကြောင်းတိုက်ခိုက်မှုကြောင့် Medic Unit (Demoso) က ဆေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးသွားတဲ့သတင်း

02:30 − ဘီးလင်းက တပ်စခန်းကို KNU က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ ပစ်မှတ်လွဲသွားခဲ့တာကြောင့် လူ ၂ ဦး သေဆုံးသွားတဲ့သတင်း

04:23 − အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်ဖို့ KIO နဲ့ PSLF တို့ သဘောတူလိုက်တဲ့သတင်းနဲ့

09:04 − နိုင်ငံကိုဆယ်စုနှစ်နှစ်ခုကြာအုပ်ချုပ်ခဲ့သူ တူရကီသမ္မတအာဒိုဂန် ရွေးကောက်ပွဲအနိုင်ရသွားတဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/I5nmLrdGVLY
👍9❤2🔥1🍌1
​​စစ်ကောင်စီတပ် တပ်ရင်းမှူး ရှေ့တန်းမှထွက်ပြေးရာ ပြန်မိသွားပြီး အချုပ်ကျ

ရွှေနွယ်
(မဇ္ဈိမ) ။ ။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် တာဝန်ကျနေသော ခြေလျင်တပ်ရင်းတခုဖြစ်သည့် ခလရ(၁)မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသူရိန်သည် ရှေ့တန်းတပ်စခန်းမှထွက်ပြေးရာ ပြန်လည်ဖမ်းမိသွား သဖြင့် အချုပ်ချခံနေရကြောင်း ခိုင်မာယုံကြည်ရသော တပ်တွင်းသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
ခလရ(၁)သည် ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်၊ စိန်ကန့်လန့်ရွာတွင် အခြေစိုက် သော စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်းတခု ဖြစ်သည်။
တပ်ရင်းမှုး ဒုဗိုလ်မှူးကြီးသူရိန်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတတိယပတ်မှစ၍ ရှေ့တန်းသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ယခုမေလအတွင်းဖြစ်ပွားခဲ့သည့် ဒီးမော့ဆိုတိုက်ပွဲများတွင် ခလရ (၁) မှ ဗိုလ်ကြီး တစ်ဦးနှင့် တပ်သားလေးဦးသေဆုံးပြီးနောက် ထွက်ပြေးရန်ကြိုးပမ်းခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်မှ ပြောသည်။
“မေလ ၂၁ ရက်နေ့က ခလရ(၁) က ဗိုလ်ကြီး မင်းခန့်ကျော်သေတယ်။ အဲဒီနေ့က တပ်ရင်းမှူးနားကိုလည်း ဗုံးသီးကျလာတယ်၊ သူက မသေတာ၊ အဲဒီမှာ ကြောက်ပြီး ရှေ့တန်းကနေ ပြေးတာ။ မနေ့က (မေလ ၂၈ ရက်) ပြန်မိပြီး ရှေ့တန်းတပ်မမှာပဲ အချုပ်ချထားတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။
ဒီးမော့ဆိုတိုက်ပွဲတွင်သေဆုံးသွားသော ဗိုလ်ကြီးမင်းခန့်ကျော်သည် အသက်(၂၃)နှစ်အရွယ်ဖြစ်ပြီး ၎င်း၏ ရက်လည်ဆွမ်းသွပ်ကို မေလ ၂၇ ရက်နေ့ နံနက်ပိုင်းက ခလရ(၁) အရာရှိရိပ်သာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒု-ဗိုလ်မှူးကြီးသူရိန်ထွက်ပြေးသည့်ဖြစ်စဉ်အသေးစိတ်နှင့် ပြန်လည်ဖမ်းဆီးရမိသည့် ဖြစ်စဉ်အသေးစိတ် အား မသိရှိရသော်လည်း လက်ရှိတွင် ရှေ့တန်းတပ်မအချုပ်၌ ဖမ်းဆီးခံထားရသည်မှာ မှန်ကန်ကြောင်း သတင်းရင်းမြစ်မှ အခိုင်အမာပြောသည်။
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းရှိ ဒေါလျားခူကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်တို့ကြား မေလ ၁၄ ရက်နေ့မှ စတင်ကာ မေလ ၂၃ ရက်နေ့အထိ ၁၀ ရက်တာ တိုက်ပွဲ ပြင်းထန်ခဲ့သည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူ တဦး၊ ဗိုလ်အဆင့်ရှိသူ နှစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား ၄၀ နီးပါးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူလည်း များစွာရှိကြောင်း KNDF ဗဟိုက မေလ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသူရိန်သည် ခလရ (၁)မှ ယခင် တပ်ရင်းမှူးဟောင်း ဒု−ဗိုလ်မှူးကြီး ကျော်ဇေယျ ရှေ့တန်းတွင်သေဆုံးပြီးနောက် အခြားတပ်တခုမှ ခလရ(၁)သို့ တပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့လာသူဖြစ် ကာ ရှေ့တန်းသို့ပို့ဆောင်ခံလိုက်ရခြင်း ဖြစ်သည်။
ခလရ(၁)၏ယခင်တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးကျော်ဇေယျသည် စစ်တပ်ကအာဏာသိမ်းပြီး တနှစ်နီးပါး အကြာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့သော ကရင်နီပြည်နယ်၊ ငွေတောင်ဆည်တိုက်ပွဲ အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။
ထွက်ပြေးသူ ဒုဗိုလ်မှူးကြီးသူရိန်၏ဇနီး ဒေါ်ဝင့်နှင်းဖြူသည် မကြာသေးမီကာလက ရှေ့တန်းတွင် ကျဆုံး သူတပ်သားများအားပေးသည့်မြေကွက်များကို ကျန်ရစ်သူမိသားစုများထံမှ စျေးနှိမ်ဝယ်ယူသဖြင့် ပြည်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) မှ ဒု-တပ်မမှူး၏ သတိပေးခြင်းခံခဲ့ရသူ ဖြစ်သည်။
အဆိုပါ ခလရ(၁)စိန်ကန့်လန့်တပ်မှ စစ်အာဏာသိမ်းပြီးနောက် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကျော်ဇေယျ အပါအဝင် စစ်ကောင်စီတပ်သား ၄၀ ကျော်သည် ကရင်နီဒေသတိုက်ပွဲများအတွင်း သေဆုံးထားပြီး CDM ပြုလုပ်ထားသူ ၁၀ ဦးနှင့်အထက် ရှိနေကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဧပြီလကုန်အထိ ကရင်နီပြည် နယ်တွင် တိုက်ပွဲပေါင်း ၆၆၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၂,၀၀၀ နီးပါး သေဆုံးကာ KNDF ၊ PDF ၊ KA ဘက်မှ ကျဆုံးသူ ၂၅၀ ကျော်ရှိကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#ခလရ၁
#ဒီးမော့ဆို
#ထွက်ပြေး
#တပ်ရင်းမှူးဒုဗိုလ်မှူးကြီးသူရိန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😁6❤3
ကရင်နီပြည်နယ်တွင် လေကြောင်းမှတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၇ ဦးကျဆုံး

001 ၊ ကိုဇာနည်
(မဇ္စျိမ)။ ။ကရင်နီပြည်နယ်အတွင်း မေလ ၂၇ ရက်နေ့က တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ကအထိနာသဖြင့် လက်နက်ကြီးအပြင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ KNDF-B-02 မှ ရဲဘော်သုံးဦး၊ Medic Unit (Demoso) မှ ဆေး တပ်ဖွဲ့ဝင်လေးဦး ကျဆုံးခဲ့ရကြောင်း တပ်ဖွဲ့အသီးသီးမှထုတ်ပြန်ထားသည်။
လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာအနီးတွင် မေလ ၂၇ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်၌ စစ်ကောင်စီ တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တိုအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ KNDF-B-02 မှ ရဲဘော်သုံးဦး ကျဆုံးခဲ့ ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်း(၂) မှထုတ်ပြန်ထားသည်။
😢27👍1🔥1👏1
ကျဆုံးသွားသည့်ရဲဘော်သုံးဦးမှာ ရဲဘော်ပီတယ်၊ ရဲဘော်မာတီးနိုနှင့် ရဲဘော်ဖရန်စစ္စကိုတို့ဖြစ်ပြီး ဖယ် ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ကြောင်းနှင့် အာဇာနည်ရဲဘော်သုံးဦး အား အာဇာနည်ဗိမ္မာန်သို့ပို့ဆောင်ကာ ကောင်းမွန်စွာသင်္ဂြိုဟ်ပေးခဲ့ပြီး ရဲဘော်သုံးဦးသည် ပေးအပ်သော တာဝန်များကို ကျေပွန်စွာထမ်းဆောင်တတ်ကြသလို ဦးဆောင်မှု၊ အမိန့်နာခံမှု ကောင်းသူများဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီပြည်ရှေ့တန်းတစ်နေရာတွင် မေလ ၂၇ ရက်နေ့က Medic Unit (Demoso) မှ ဆေးတပ်ဖွဲ့ဝင်လေးဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
ကျဆုံးခဲ့ရသူများမှာ မကယ်ရိုလိုင်းခိုင်လင်း၊ မအန်ဂျလာ၊ ကိုဘော့စကိုနှင့် ကိုမြထွေးတို့ဖြစ်ပြီး ၎င်းတို့ လေးဦး၏ နာရေးအခမ်းအနားကို မေလ ၂၈ ရက်နေ့ကပြုလုပ်ခဲ့ကြောင်း ကယား (ကရင်နီ) တော်လှန်ရေး တပ်ပေါင်းစု KRU နှင့် Dove KK တို့မှ ထုတ်ပြန်ထားသည်။
ရဲဘော်၊ ရဲမေများသည် အသက်အရွယ်အားဖြင့် အသက် ၁၇ နှစ်မှ ၂၃ နှစ်အကြားလူငယ်များဖြစ်ကြပြီး တိုက်ပွဲရှေ့တန်းအတွင်း ဆေးကုသပေးနေစဥ်ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း KRU သတင်းပြန်ကြားရေး တာဝန်ခံ ကိုလင်းလင်းကပြောသည်။
“အခု ဒီဖက်ဒေသမှာတော့ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ တိုက်ပွဲတွေဖြစ်နေတယ်။ လက်ရှိကလည်း စစ်ကောင်စီက လေကြောင်းကိုခါတိုင်းထက်ပိုပြီး တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ လေယာဥ်နဲ့ ဗုံးလာကြဲတာမျိုး တွေပဲတောက်လျှောက်လုပ်နေတော့ ကိုယ့်ဖက်လည်း အထိအခိုက်တွေရှိတာပေါ့။
လေကြောင်းကို ကာကွယ်ဖို့အတွက်ကလည်း အဆင်သင့်မဖြစ်သေးဘူးပေါ့။ ကြိုးတော့ ကြိုးစားနေကြတယ်ပေါ့။ KNDF ဆိုလည်းကြိုးစားနေတာပေါ့။ ကရင်နီပွိုင့်ဖိုက်ဆိုတဲ့ပရောဂျက်တွေ၊ ဒါတွေမြန်မြန်အောင်ဖို့လိုတယ်။ လေကြောင်းကို ကျွန်တော်တို့အန်တုနိုင်မှသာလျှင် အဆင်ပြေမယ့်အနေအထားပေါ့” ဟု ၎င်းက ဆိုသည်။
အဆိုပါ ရဲဘော်၊ ရဲမေလေးဦးမှာ Dove KK ၏ ဆေးသင်တန်းအမှတ်စဥ် (၂) တွင် ဆေးတပ်သားအဖြစ် တက်ကြွစွာပါဝင်ခဲ့ပြီး ရှေ့တန်းမြေပြင်တွင်သာမကစစ်ရှောင်စခန်းများတွင်လည်း လိုအပ်သကဲ့သို့ ကူညီ ပေးနေသူများဖြစ်ကြကြောင်း Dove KK မှ ထုတ်ပြန်ထားသည်။
စစ်ကောင်စီအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၃ ခုနှစ် ဧပြီလအထိ လေကြောင်းအသုံးပြု တိုက် ခိုက်မှု ၁,၄၀၀ ကျော်ပြုလုပ်ခဲ့ပြီး ကရင်၊ စစ်ကိုင်းနှင့် ကရင်နီဒေသများကို အများဆုံး တိုက်ခိုက်ခဲ့ကြောင်း ဥာဏ်လင်းသစ်သုတေသနအဖွဲ့ကလည်း မေလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မေလ ၂၇ ရက်နေ့ တစ်ရက်တည်းမှာပင် ကရင်နီ-ရှမ်းနယ်စပ် မိုးဗြဲမြို့တွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူနေရပ် ကွက်အား ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်သုံးနှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ရပြီး နေအိမ် အချို့လည်း ပျက်စီးခဲ့သည်။
စာတည်း။ ။ Alden
စာမူတည်းဖြတ် ။ ။စောဖေ
#ကရင်နီပြည်
#လေကြောင်းမှတိုက်ခိုက်မှု
#KNDF-B-02
#Medic_Unit_(Demoso)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢20👍4🔥2😁1
Business Round Up (29 May 2023)

- နိုင်ငံခြားငွေ တိုးမြှင့်ရောင်းချပေးသွားမှာဖြစ်ကာ ငွေ လဲလှယ်နှုန်း ပြောင်းလဲမှာ မဟုတ်ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်ပြော

- ဒေါ်လာဈေးနှုန်း မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေး အတက်ကြမ်းနေ

- တရုတ်နိုင်ငံက တောင်အာဖရိကမှ ပြောင်းကို ပထမဆုံးဝယ်ယူခဲ့တာကြောင့် မြန်မာ့ပြောင်းတင်ပို့ရာမှာ စိန်ခေါ်မှုများရှိလာ

- သြစတြေးလျနဲ့ ကုန်သွယ်ရေး နှစ်ဆတိုးမြှင့်မယ်လို့ အိန္ဒိယဝန်ကြီးချုပ်ပြော

https://youtu.be/sykcQGEgzZM
🔥4👍3
This media is not supported in your browser
VIEW IN TELEGRAM
တစ်ပတ်အတွင်း ပျံ့နှံ့နေခဲ့တဲ့ သတင်းတု သတင်းမှားတွေကို ဂျူချန်းက တင်ဆက်ထားပါတယ်။

အပြည့်အစုံ ကြည့်ရန်လင့် - https://youtu.be/2VBhc340buA

#Misinformation_Buster #Fake_News
#Weekly_Program #reels #shorts
👍11🤮1🍌1
Chef Eve's Easy Thai Cooking Show

အစားအသောက်ကောင်းတွေကို ကြိုက်နှစ်သက်တယ်၊ အရသာရှိတဲ့ဟင်းလျာတွေ ချက်ပြုတ်ရတာ ဝါသနာပါတယ်၊တွေ့မြင်နေကျ ဟင်းလျာတွေကနေ အပြောင်းအလဲဖြစ်ချင်တယ်ဆိုရင် Chef Eve ရဲ့ Easy Thai Cooking Show ကို ကြည့်လိုက်ကြရအောင်။

https://youtu.be/Ki3MyqOnJTg
❤8🤮1
မေလ ၂၉ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥5👍2
ဟစ်ဟော့ အဆိုတော် ဗျူဟာ သေဆုံးသွားပြီလို့ ပျံနှံ့နေတဲ့ ကောလာဟလ | Misinformation Buster S3| Ep.68

- ဟစ်ဟော့ အဆိုတော် ဗျူဟာ သေဆုံးသွားပြီလို့ ပျံနှံ့နေတဲ့ ကောလာဟလနဲ့အတူ

- အွန်လိုင်းဆယ်လီတွေရဲ့ တိုက်ရိုက်ထုတ်လွှင့်တာတွေကို ပြန်လည်အသုံးပြုပြီး Live အတုတွေ လွှင့်နေကြတဲ့အကြောင်း

- အီလွန်မက်က အိမ်ထောင်ရှင်မစက်ရုပ် တီထွင်ထားတာ မရှိတဲ့သတင်း နဲ့

ထိုင်းနိုင်ငံမှာ အာဏာသိမ်းပြီဆိုပြီး ပျံ့နေတဲ့သတင်းမှား

https://youtu.be/2VBhc340buA
👍12❤1😁1🤮1
မေလ (၂၉) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

စစ်ကောင်စီဘက်မှ မြန်မာနှင့် ထိုင်းဆက်ဆံရေးကို ပြန်လည်စဉ်းစားနေတဲ့ သတင်း

တွေအပါအဝင် လေကြောင်းတိုက်ခိုက်မှုကြောင့် Medic Unit (Demoso) က ဆေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးခဲ့အတဲ့ သတင်းတွေပါဝင်တဲ့

နောက်ဆုံးရ ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေအပါအဝင် စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့ ညနေထိ နောက်ဆုံးရ ကုန်ဈေးနှုန်းကိုလည်း နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ “ Mizzima Editorial Talk” အစီအစဉ်တွေကိုနားဆင်ရဖို့ရှိပါတယ်။

https://youtu.be/bdK8GNEUMxY
👍5😁2