Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
တူရကီရွေးကောက်ပွဲမှာ အာဒို၈န်သမိုင်း၀◌င် အနိုင်ရပြီးနောက် အီရတ်ကာ့ဒ်တွေကြား သဘောထားကွဲလွဲ

https://www.facebook.com/reel/644399220420499/?s=single_unit

#Internationalnews #Mizzima #Reels #shorts
🔥3👏2
အကြမ်းဖက်မှုတွေကြောင့် စားနပ်ရိက္ခာ မလုံလောက်မှုအတွက် အထူး စိုးရိမ်ရဟု ကုလသတိပေး
========================

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကြောင့် စားနပ်ရိက္ခာ မလုံလောက်မှုအတွက် အထူး စိုးရိမ်ရဟု ကုလသတိပေး

အရေးပေါ်အကူအညီလိုအပ်တဲ့ အဆိုးရွားဆုံး နိုင်ငံ ၉ နိုင်ငံနဲ့အတူ စားနပ်ရိက္ခာ မလုံလောက်မှု အတွက် အထူး စိုးရိမ်ရတဲ့ နိုင်ငံ ၂၂ နှစ်နိုင်ငံထဲမှာ ဆူဒန်၊ ဟေတီ၊ ဘာကီနာဖာဆို နဲ့ မာလီ၊ အာဖဂန်နစ္စတန်၊ နိုင်ဂျီးရီးယားနဲ့ မြန်မာနိုင်ငံကို ထည့်သွင်းထားပါတယ်။

အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ အဆိုးရွားဆုံး နိုင်ငံတွေနဲ့ ကမ္ဘာပေါ်က အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေရဲ့ အခြေအနေ ငတ်မွတ်ခေါင်းပါးမှု အန္တရာယ် သတိပေးချက် အစီရင်ခံစာကို ကုလသမဂ္ဂ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာ အဖွဲ့ FAO က ထုတ်ပြန်တာပါ။

ကမ္ဘာပေါ်မှာ လူဦးရေ သန်း ၂၅၀ ကျော်ဟာ စားနပ်ရိက္ခာ မလုံလောက်တဲ့ အကျပ်အတည်းကို ရင်ဆိုင်နေရပြီး နိုင်ငံပေါင်း ၅၈ နိုင်ငံနဲ့ ကိုယ်ပိုင်နယ်မြေတွေမှာ ပြီးခဲ့တဲ့ နှစ်အတွင်း အကူအညီလိုအပ်ခဲ့တဲ့အကြောင်း မကြာသေးခင်က ထုတ်တဲ့ FAO ရဲ့ ၂၀၂၃ ခုနှစ် ကမ္ဘာတဝှမ်း စားနပ်ရိက္ခာ အကျပ်အတည်းဆိုင်ရာ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့ အခြေအနေ ပိုပြီး ဆိုးရွားလာနိုင်တဲ့အကြောင်း ကုလသမဂ္ဂ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာ အဖွဲ့ FAO က သတိပေးထားပါတယ်။

https://youtu.be/rWxDMT7DtR0

#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😢9👍4🔥2❤1
မေလ (၃၀)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
====================

01:00 - နိုင်ငံခြားငွေ တိုးမြှင့်ရောင်းချပေးသွားမှာဖြစ်ကာ ငွေ လဲလှယ်နှုန်း ပြောင်းလဲမှာ မဟုတ်ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်ပြောတဲ့သတင်း

03:32 - တမူးမြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို PDF က ဖမ်းဆီးအရေးယူတဲ့သတင်း

10:34 - ကနားစီးတဦး သေနတ်ပစ်ခံရပြီး သေဆုံး တဲ့သတင်းနဲ့

09:04 - ဥရောပနဲ့ အရှေ့အလယ်ပိုင်းကို ဆက်သွယ်ပေးမယ့် ၁၇ ဘီလီယံတန် သယ်ယူပို့ဆောင်ရေး စီမံကိန်းကို အီရတ်ထုတ်ဖော်ပြသတဲ့ သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/bnIuzOGX6-U

#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥1😁1
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကြောင့် စားနပ်ရိက္ခာ မလုံလောက်မှုအတွက် အထူး စိုးရိမ်ရဟု ကုလသတိပေး

Watch more detail - https://www.youtube.com/watch?v=rWxDMT7DtR0

#politicalnews
#newsfeature
#mizzimatv
#reels
#shorts
👍7🔥3
ဘင်္လားဒေ့ရှ်ရောက် ရိုဟင်ဂျာများ နေရပ်ပြန်ရေး တွေ့ဆုံဆွေးနွေးမှု ‌မအောင်မြင်ခဲ့
=====================

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာများ နေရပ်ပြန်ရေး ဆွေးနွေးမှု မအောင်မြင်ခဲ့ကြောင်း ရိုဟင်ဂျာဒုက္ခသည်များအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့များထံမှသိရပါတယ်။

မေ ၂၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘ်ဇားမြို့သို့ ရောက်ရှိနေခဲ့တဲ့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ ကော့ဘ်ဇားရှိ ဒုက္ခသည်စခန်းအမှတ်(၂၆)သို့ ရောက်ရှိလာခဲ့ပြီး နေရပ်ပြန်ရန် သဘောတူထားတဲ့ ဒုက္ခသည် ၃၀၀ ဦးရေခန့်နဲ့ သုံးနာရီနီးပါးကြာ တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပေမယ့်လည်း နေရပ်ပြန်ရေးအတွက် ဆွေးနွေးမှုများ မအောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

စစ်ကောင်စီရဲ့ ရိုဟင်ဂျာဒုက္ခသည်များ ပြန်လည်လက်ခံမယ့်အစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလမှစတင်ကာ အစီအစဉ်များထားခဲ့သော်လည်း ညှိုနှိုင်းမှုများ အဆင်မပြေတာကြောင့် နောက်ဆုတ်ရွှေ့ဆိုင်းမှုများ ပြုလုပ်ခဲ့ရပြီး လက်ရှိအချိန်အထိလည်း ပြေလည်မှု ရရှိခြင်းမရှိသေးတာဖြစ်ပါတယ်။

https://youtu.be/iP3xgUsHalA

#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁3🔥1👏1
This media is not supported in your browser
VIEW IN TELEGRAM
အိန္ဒိယပါလီမန်အဆောက်အဦးအသစ်ကို မိုဒီဖွင့်လှစ်

https://www.facebook.com/reel/203705309243836/?s=single_unit

#International #MizzimaTV #Reels #shorts
👍4😁2
​​ရိုဟင်ဂျာဒုက္ခသည်များကို ကျွေးမွေးနိုင်ရေး ကုလသမဂ္ဂအေဂျင်စီများ ရန်ပုံငွေ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ
=======================

ရိုဟင်ဂျာဒုက္ခသည်များကို ကျွေးမွေးနိုင်ရေးအတွက် ကုလသမဂ္ဂအေဂျင်စီများအနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော်လည်း ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်၏ ဝန်ထုပ်ဝန်ပိုးကို ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံတည်းက တာဝန်ခံရခြင်း မရှိသင့်ကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁3❤1
​​ကနီမြို့နယ် ရေဝါချောင်း တိုက်ပွဲ (ဆောင်းပါး)
===============

လွှမ်းမိုး
(မဇ္ဈိမ)။ ။ရေဝါချောင်းသည် ဒေသကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား စည်းတစ်ခုဖြစ်သည်။ ထိုချောင်း၏ တစ်ဖက်ကမ်း(မြောက်)တွင် စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်ရာ ကနီမြို့ တည်ရှိပြီး ၊ အခြားတစ်ဖက်ကမ်း (တောင်) တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) များ စိုးမိုးနယ်မြေဖြစ်သည်။ ထိုချောင်းသည် အနောက် မဟူတောင်တန်းတွေ မှ အဖျားခံကာ ချင်းတွင်းမြစ်သို့ စီးဝင်သည်။ ချောင်းကို ကူးဖြတ်လာသည် နှင့် စစ်ကောင်စီတပ်အဖို့ တိုက်ပွဲဖြင့် ရင်ဆိုင်ရလေသည်။

တိုက်ပွဲ ဖြစ်ပွားရာ ရေဝါချောင်းသည် ကနီမြို့နှင့် အလယ်ကျွန်းကျေးရွာ ကြားတွင်ရှိပြီး ၊တစ်မိုင်ခန့် အကျယ်ရှိသည့် ချောင်းတစ်ခု ဖြစ်ပါသည်။ ချောင်းအတွင်းတွင် လူတစ်ရပ်မျှရှိသည့်ကိုင်းပင်များမှအပ ကျန်နေရာသည် သဲသောင်ပြင်ကြီး ဖြစ်သည်။ ရန်သူ စစ်ကောင်စီတပ်သားများသည် ကျည်ကွယ်မရှိ ချောင်းအတွင်းပေါက်နေသည့် ကိုင်းပင်များကို မျက်ကွယ် အဖြင့် အသုံးပြု၍ ချောင်းကို ဖြတ်ကာ စစ်ကြောင်းချီလာခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်အဖို့ စစ်ကြောင်းဖြင့် ထွက်ခွာလာရသည့် မစ်ရှင်မှာ ရိက္ခာ ပြတ်နေသည့် အလယ်ကျွန်း (ရေလယ်ကျွန်း) ပျူ စခန်းကို ထောက်ပို့ အဖြစ်ထွက်လာခြင်း ဖြစ်သည်။

အလယ်ကျွန်းခေါ် ( ရေလယ်ကျွန်း) ကျေးရွာသည် ကနီမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်နှင့် ပူးပေါင်းသည့် အရပ်သားလက်နက်ကိုင်( ပျူစောထီး) များ နေထိုင်သည့် တစ်ခုတည်းသော ကျေးရွာ ဖြစ်သည်။ ထိုကျေးရွာသည် ကနီမြို့ တောင်ဘက် ရေဝါချောင်း တစ်ဖက်ကမ်းတွင်ရှိပြီး ကနီမြို့ အထိုင်တပ်၏ ရှေ့တန်းစခန်းမျိုး ဖြစ်နေသည့် ကျေးရွာတစ်ခု ဖြစ်ကြောင်း စစ်ရေးအမြင်ရှိသည့် ရဲဘော် တစ်ချို့က ဆိုသည်။ အလယ်ကျွန်းကျေးရွာရှိ ပျူစောထီးများကို စစ်ကောင်စီတပ်က စစ်သင်တန်းများ ပို့ချကာ လက်နက် တစ်ချို့ တပ်ဆင်ပေးထားပြီး စစ်သား ၁၀ ဦးခန့်က ရွာကို ဦးဆောင်နေခြင်း ဖြစ်သည်။

လေ့ကျင့်ရင်း တိုက် ၊ တိုက်ရင်းလေ့ကျင့်နေသည့် ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များ နှင့် ကျနော် ခင်မင်းရင်းနှီးပါသည်။ ထိုရဲဘော်များထဲမှ အသားညိုညို ဂွင်ဂွ ကောင်းကောင်း ဖြင့် ရဲဘော် တစ်ဦးက မနက်ဖြန် တိုက်ပွဲ ရှိကြောင်း နှင့် သတင်း ယူလိုပါက အတူလိုက်ခဲ့ ရန်ခေါ်သည်။

ကျွန်တော် အဖို့ တိုက်ပွဲအတွင်း သတင်းယူသည့် အတွေ့အကြုံများ ရှိသော်လည်း ရှေ့တန်းသို့ သွားရသည့်အခါ ရင်ခုန် စိတ်လှုပ်ရှားမှုမျိုး ကြုံရသည်။ ညှပ်ဖိနပ်ကလေးဖြင့် ပြောင်းရိုးငုတ် ၊ ပဲစင်းငုံငုတ်များ မထိုးမိအောင် ရှောင်၍ နင်းရသည်။ ရှိုးဝါး ဖိနပ်ကလေးအတွင်း စူးဝင်နေသည့် ဆူးများကြောင့် တစ်ချက်တစ်ချက် မြိုးကနဲ ၊ မြက်ကနဲဖြင့် ကြဥ်ထုံသွားသည်။ ခြုံ တောတွေကို ဖြတ်၍ သွားရသည့်အတွက် လက်၊ ခြေသလုံးတို့တွင် ဆူးခြစ်အရာ အစင်းကြောင်းများဖြင့် ရှုပ်ယှက်ခတ်နေသည်။ ရှေ့ပွိုင်ရောက်ဖို့ မီတာ ၄၀၀ ခန့် အကွာတွင် ကိုယ်ကိုကိုင်း၍ ပြေးသွားရသည်မှာ လေ့ကျင်ရေး (training) မရှိသည့် ကျနော်အတွက် အခက်အခဲရှိနေသည်။

ပြည်သူ့ကာကွယ်ရေး ရဲဘော်များသည် တူညီဝတ်စုံ ယူနီဖောင်းများဖြင့် မဟုတ် ။တစ်ချို့ ရဲဘော်များက ဂျင်းဘောင်းဘီရှည် ၊ တစ်ချို့ရဲဘော်များ က ဘောင်းဘီတို ၊ တက်ထရွန်ကွက် အင်္ကျီဖြင့် ကွမ်းယာကို ပါးစောင်တွင်း ဖောင်းနေအောင်ငုံကာ ရန်သူ့ အခြေအနေကို အကဲခတ်နေကြသည်။

အဆိုပါ ချောင်း၏ တစ်ဖက်ကမ်း တောင်ဘက် အလယ်ကျွန်းကျေးရွာ ထွက်ပေါက်တွင် မိုင်းကွင်းဖော်၍ ရွာ၏ အရှေ့ဘက်နှင့် အနောက်ဘက်တွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များက အသီးသီး ပွိုင့်ထိုး၍ နေရာယူနေခြင်း ဖြစ်သည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#ဆောင်းပါး
#ကနီမြို့နယ်
#လေကြောင်းသုံး
#ဒေသကာကွယ်ရေးတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20😁2🔥1
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားက ရှားရှားပါးပါး နေ့ခင်းဘက်တိုက်ခိုက်မှုအဖြစ် ကိယက်ဗ်ကို ဒုံးကျည်တွေနဲ့ပစ်ခတ်

https://www.facebook.com/reel/577957837542734/?s=single_unit

#Internationalnews
#MizzimaTV
#reels
#shorts
❤3👏2
​​စစ်ကောင်စီလက်အောက်ခံတရားရုံးက ကံပေါက်ဒေသမှ အမျိုးသမီး ၁ ဦးကို ထောင်ဒဏ် ၁၀ နှစ် အမိန့်ချ
===================

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှ အမျိုးသမီးတဦးကို မေလ ၂၄ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၁၀ နှစ် အမိန့်ချ မှတ်လိုက်ကြောင်း နီးစပ်သူများထံမှ သိရသည်။

ထားဝယ်အကျဉ်ထောင် ထောင်တွင်းတရားရုံးက ထောင် ၁၀ နှစ် အမိန့်ချမှတ်ခံရသူ မမီးသက်(၃၂ နှစ်) အား ယခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ညပိုင်းတွင် စစ်ကောင်စီက ကံပေါက်ဒေသ လှည်းကုန်း အမှတ်(၁) ရပ်ကွက်ရှိနေအိမ်၌ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“PDF အဖွဲ့ကို ငွေကြေးထောက်ပံ့တယ်လို့စွပ်စွဲပြီး ပုဒ်မ ၅၀(ည)နဲ့ အမိန့်ချမှတ်ခံလိုက်ရတယ်”ဟု ၎င်း နှင့် နီးစပ်သူတဦးက မဇ္ဈိမကိုပြောသည်။

မမီးသက်နှင့် ကံပေါက်ဒေသများကို PDF အဖွဲ့အား ထောက်ပံ့နေသည်ဟုစွပ်စွဲပြီးဖမ်းဆီးခဲ့ကာ တပတ်ခန့် စစ်ဆေးမေးမြန်းပြီးနောက် ဒေသခံများအား ပြန်လွတ်ပေးခဲ့သည်။ မမီးသက်ကိုမူ ကံပေါက်ဒေသရှိ မောရ၀တီရေတပ်တွင် တလခန့်စစ်ဆေးပြီးနောက် ထားဝယ်အချုပ်ထောင်သို့ ပို့ဆောင်လိုက်ပြီး သုံးလ ခန့်အကြာတွင် ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း
#ကံပေါက်ဒေသ
#ပုဒ်မ၅၀(ည)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢9👍5🔥1👏1
Media is too big
VIEW IN TELEGRAM
ဘင်္လားဒေ့ရှ်ရောက် ရိုဟင်ဂျာများ နေရပ်ပြန်ရေး တွေ့ဆုံဆွေးနွေးမှု ‌မအောင်မြင်ခဲ့

Watch more detail - https://www.youtube.com/watch?v=iP3xgUsHalA

#politicalnews
#newsfeature
#Mizzima
#reels
#shorts
👍6😁2🔥1
​​ရိုဟင်ဂျာများ နေရာပြန်လည်ချထားရေး စီစဉ်နေစဉ် ဘင်္ဂလားဒေ့ရှ်သို့ OIC အကြီးအကဲ လာရောက်
========================

ကမ္ဘာ့အကြီးဆုံး အစ္စလာမ္မစ်အဖွဲ့ကြီး၏ အတွင်းရေးမှူးချုပ် ဟစ်စိန် ဘရာဟင် တာဟာသည် ကော့ဘဇားရှိ အူခီယာစခန်းမှ ရိုဟင်ဂျာဒုက္ခသည်များနှင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပြီး OIC အနေဖြင့် ဖိနှိပ်ခံ ရိုဟင်ဂျာများ၏ အကျိုးစီးပွားကို ကာကွယ်ရေးတွင် အမြဲတမ်း တက်ကြွမှုရှိကြောင်း ပြောဆိုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤1🔥1😁1
​​မုံရွာမှထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်း အလ္လကပ္ပနှင့် ဘိုးမင်းကြီးကင်းကျေးရွာအကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရ
==================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းနှင့် ပစ္စည်းများတင်ဆောင် လာသောတွဲကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force–MMU မေလ ၃၀ ရက် ယနေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီယာဉ်တန်းကို မုံရွာ-မန္တလေးလမ်းပိုင်း အလ္လကပ္ပနှင့်ဘိုးမင်းကြီးကင်းအကြားတွင် မေလ ၂၉ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်တွင် ပဒေသာမိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းဆိုသည်။

“ကားတန်းမှာ စစ်ကောင်စီတပ်သားတွေပါတယ်။ တွဲကားတွေရောပါတာဆိုတော့ ကြေးနီတွေသယ်လာ တယ်လို့ ယူဆပါတယ်။ အသေအဆုံးကတော့ အတည်မပြုနိုင်ဘူးဗျ” Black Eagle Defence Force – MMU တာဝန်ခံ ဗိုလ်စံရှားက မဇ္စျိမကိုပြောသည်။
ယာဉ်တန်းမှာ နှစ်သုတ်ဖြတ်သွားခြင်းဖြစ်ပြီး ရှေ့အသုတ်တွင် ရေဒီယိုလှိုင်းဖြတ်စက်တပ်ဆင်ထားသည့် ဂျန်မာကားနှင့် စစ်ကောင်စီတပ်ကားအချို့ဖြတ်သန်းသွားပြီး နောက်အသုတ် ၁၁ စီးပါကားတန်းကို တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ယင်းသို့တိုက်ခိုက်မှုကြောင့် နောက်ဆုံးကားလေးစီးမှ နှစ်စီးမြောက်ကားကို မိုင်းထိမှန်ခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူများရှိနိုင်သော်လည်း အရေအတွက်ကို မသိရှိရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဖက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီယာဉ်တန်းဖြတ်သန်းရာလမ်းကြောင်းတွင် စစ်ကောင်စီတပ်မှကင်းပုန်းများ နေရာ အနှံ့ရှိနေပြီး ကြေးနီသယ်ဆောင်သည်ဟုယူဆရသောကားများဖြတ်သန်းချိန်တွင် ဝေဟင်မှ ဂျက်ဖိုက်တာ တစ်စီးပျံသန်းနေကြောင်း ဗိုလ်စံရှားပြောသည်။
ယင်းတိုက်ခိုက်မှုကို မြင်းမူ လင်းယုန်နက်ကာကွယ်ရးအဖွဲ့ (Black Eagle Defence Force – MMU) မှ ဦးဆောင်ပြီး မြင်းမူမြို့နယ် ပကဖ နှင့် People’s Defence Force Myinmu – MMU PDF ညီနောင်မဟာ မိတ်သုံးဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော မေလ ၂၈ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်နှင့် ညနေ ၆ နာရီ ၅ မိနစ်တို့တွင်လည်း စစ်ကိုင်းမှ မုံရွာမြို့ဘက်သို့ထွက်ခွာလာသည့် မီးသတ်ကားနှင့် တွဲကားများတွင်လိုက်ပါလာသော စစ်ကောင်စီတပ် သားများကို အလ္လကပ္ပနှင့် ဝမ်းပြည့်အကြားတွင် Black Eagle Defence Force – MMU နှင့် မဟာမိတ် များက နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#စစ်ကောင်စီယာဉ်တန်း
#မိုင်းဆွဲတိုက်ခိုက်
#Black_Eagle_Defence_Force–MMU
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ဆူဒန်အပစ်အခတ်ရပ်စဲရေးအဆုံးသတ်ခါနီးမှာ ပိုဆိုးလာတဲ့ပစ်ခတ်မှုတွေက ချိုးဖောက်မှုတွေရှိကြောင်း ထပ်လောင်းအတည်ပြု

https://www.facebook.com/reel/1322079701730971

#internationalnews
#Mizzima
#shorts
#Reels
👍5🔥1👏1
ဟားခါး - ထန်တလန်အကြားတွင် တိုက်ပွဲပြင်းထန်နေပြီး ချင်းပူးပေါင်းတပ်ဖွဲ့မှ အကျအဆုံးရှိ
😢6🔥2👏1
ဟားခါး - ထန်တလန်အကြားတွင် တိုက်ပွဲပြင်းထန်နေပြီး ချင်းပူးပေါင်းတပ်ဖွဲ့မှ အကျအဆုံးရှိ
=======================

ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ ဟားခါးမြို့နှင့်ထန်တလန်မြို့အကြားတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန် လျက်ရှိပြီး ချင်းပူးပေါင်းတပ်ဖွဲ့ဘက်မှ အကျအဆုံးရှိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ဟားခါးနှင့် ထန်တလန်မြို့အကြားရှိ သီးမစ်ဒေသတွင် စစ်ကောင်စီတပ်က အင်အား ၁၅၀ ခန့်ဖြင့် ထိုးစစ် ဆင်နေပြီး လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများအပြင် ဟားခါးမြို့မှလည်း လက်နက်ကြီးများဖြင့်ပစ်ခတ် နေသဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ အကျအဆုံးများနေခြင်းဖြစ်ကြောင်း သိရသည်။

“လတ်တလောအခြေအနေအရ ချင်းပူးပေါင်းတပ်ဖွဲ့က ၁၁ ယောက်ကျဆုံးတယ်လို့ သိရတယ်။ ဒဏ်ရာရ ထားသူတွေလည်းရှိတယ်”ဟု ချင်းပြည်နယ်အတွင်းမှစစ်ရေးအခြေအနေကို လေ့လာနေသူတဦးက မဇ္စျိမ ကို ပြောသည်။

မေလ ၂၅ ရက်နေ့မှစတင်ပြီး သီးမစ်ဒေသရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့များ၏ ခြေကုပ်စခန်းများကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မေ ၂၉ ရက်နေ့က လေကြောင်းမှတိုက်ခိုက်မှုနှင့် လက်နက်ကြီးများကြောင့် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင် ၎င်းဆိုသည်။

ကျဆုံးသွားသူများမှာ CDF – Hakha မှ ရှစ်ဦး ၊ CDF – ZoPhei မှ တဦးနှင့် CNA မှ နှစ်ဦးဖြစ်ပြီး ဒဏ်ရာ ရသူများလည်းရှိကြောင်းသိရသည်။

မေလ ၃၀ ရက် ယနေ့ နံနက်ပိုင်းတွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိနေပြီး အခြေအနေအသေး စိတ်သိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များသို့ ဆက်သွယ်နေသော်လည်း ပြန်လည်ဖြေ ကြားခြင်းမရှိသေးပေ။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ချင်ပြည်နယ်
#ဟားခါး-ထန်တလန်
#သီးမစ်ဒေသ
#ချင်းပူးပေါင်းတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢20👍2🔥1👏1
မေလ (၃၀)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================

00:59 − စစ်ကောင်စီတပ်က အီရန်လုပ် ဒုံးကျည်နဲ့ဒရုန်းတွေကို အသုံးပြုနေတဲ့သတင်း

04:56 − မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကြောင့် စားနပ်ရိက္ခာ မလုံလောက်မှုအတွက် အထူး စိုးရိမ်ရဟု ကုလသတိပေးလိုက်တဲ့သတင်း

07:47 − တယ်လီဖုန်းခေါ်ဆိုမှု ဖြတ်တောက်နေတာနဲ့ပတ်သက်ပြီး ATOM(တယ်လီနော)ကို စစ်ကိုင်းခရိုင် အမှတ်(၁)တပ်ရင်း သတိပေးလိုက်တဲ့သတင်းနဲ့

10:59 − တူရကီသမ္မတအာဒိုဂန်ပြန်လည်ရွေးကောက်ခံရမှုအတွက် တရုတ်ဂုဏ်ပြုလိုက်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/U-k2-nfAFdo

#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥1🍌1
​​တောင်ငူထောင်မှ အကျဉ်းသားများထွက်ပြေးမှုနှင့် စစ်ဆေးခံနေရသော တပ်ကြပ်ကြီး စစ်ကြောရေးတွင် သေဆုံး
=======================

ရွှေနွယ်
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်း၊ တောင်ငူအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ ထွက်ပြေးလွတ်မြောက်မှုဖြင့် စစ်ဆေးခံနေရသော တပ်ကြပ်ကြီးကျော်ထွေးသည် ယမန်နေ့ မေလ ၂၉ ရက်နေ့တွင် စစ်ကြောရေး၌ သေဆုံးသွားကြောင်း တောင်ငူထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

မေလ ၁၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးသည် ရုံးထုတ်လာစဉ် အစောင့် ရဲတပ်သားများ၏ လက်နက်များအား လုယူပစ်ခတ်၍ ထွက်ပြေးခဲ့ကြခြင်းဖြစ်ပြီး ကိုဦး လွတ်မြောက်ကာ တစ်ဦးကျည်ထိမှန်၍ ပြန်ဖမ်းမိခဲ့သည်။

ထိုသို့ထွက်ပြေးစဉ်တွင် အစောင့်လိုက်ပါလာသော ထောင်တပ်ကြပ်မောင်မျိုးသေဆုံးခဲ့ပြီး အကျဉ်းသားများဘက်မှ ခြောက်လုံးပြူးတစ်လက်၊ G3 တစ်လက်၊ ကာဘိုင်တစ်လက်နှင့် MA11 တစ်လက် စုစုပေါင်း သေနတ်လေးလက် ရရှိခဲ့သည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ အစောင့်လိုက်ပါလာသော ဒုရဲအုပ်အေးသော်နှင့် တပ်ကြပ်ကြီး ကျော်ထွေးတို့ကိုဖမ်းဆီးကာ စစ်ကြောရေးတွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

မေလ ၂၉ ရက်နေ့တွင်မူ တပ်ကြပ်ကြီးကျော်ထွေးမှာ စစ်ကြောရေးတွင် သေဆုံးသွားကြောင်း ထောင်နှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ပြောသည်။

" ကျော်ထွေးက မနေ့ကသေတယ်။ မနေ့ကပဲ သင်္ဂြိုဟ်လိုက်တယ်။ ဒုရဲအုပ်လည်း သတင်းအစအန ပျောက်နေတယ် ” ဟု တောင်ငူထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထိုသို့ တပ်ကြပ်ကြီးကျော်ထွေး သေဆုံးရခြင်းမှာ စစ်ကောင်စီ၏ လက်အောက်ငယ်သားများအပေါ် စာနာမှုမရှိခြင်းအား ပြသနေခြင်းဖြစ်သည်ဟု ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အသိုင်းအဝိုင်း ကဆိုသည်။

“ အဓိကတော့ ရဲတွေ သူတို့ဘဝသူတို့ သိဖို့ကောင်းပါပြီ။ သူတို့ဘဝ မလုံခြုံဘူးဆိုတာ သိဖို့ ကောင်းပြီ။ စစ်ကောင်စီက လက်အောက်ငယ်သားတွေအပေါ်မှာ ဘယ်သူ့အပေါ်မှာမှ မညှာတာတတ်ဖူးဆိုတာကို သိသင့်ပါပြီ” ဟု ပဲခူးတိုင်းမှ ခရိုင်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

တောင်ငူထောင်မှ ထွက်ပြေးလွတ်မြောက်သော အကျဉ်းသား ကိုးဦးအနက် ကိုသီဟအောင်၏ မိခင်ဖြစ်သူကိုလည်း အဆိုပါ မေလ ၁၈ ရက်နေ့၌ပင် တောင်ငူမြို့ရှိ ၎င်း၏နေအိမ်တွင် အုပ်ချုပ်ရေးမှုးတစ်ဦးမှ ဦးဆောင်၍ လာရောက်ဖမ်းဆီးသွားခဲ့ပြီး ယနေ့အချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်းသိရသည်။

ထို့အပြင် တောင်ငူထောင်အတွင်းကျန်ရှိနေသော ရေတာရှည်မြို့က လက်နက်မှုဖြင့်အဖမ်းခံထားရသူ ကိုအေးမောင် (ခေါ်) ကိုချစ်ထွေးမှာလည်း ပြင်းပြင်းထန်ထန်နှိပ်စက်ခံနေရကြောင်းလည်း သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်းက ရေတာရှည်မြို့နယ်အတွင်းတွင် ကိုအေးမောင် အပါအဝင် ခုနစ်ဦးကို စစ်ကောင်စီတပ်မှ လက်နက်များနှင့်အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခုနစ်ဦးအနက် လေးဦးသည် တောင်ငူထောင်မှ ထွက်ပြေးလွတ်မြောက်သွားသူများတွင် ပါဝင်နေသည်။

တောင်ငူထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့သူ ကိုးဦးမှာ ကိုသန့်ဇင်၊ ကိုအောင်ကျော်ဦး၊ ကိုဗေဒါ (ခ) ဘုန်းညွန့်ဇော်၊ ကိုဇင်ကိုကိုအောင်၊ ကိုသီဟအောင်၊ ကိုငြိမ်းချမ်းအောင်၊ ကိုတိုးနိုင်ထွန်း၊ ကိုစည်သူသန်းအေးနှင့် မခင်မျိုးကြည် တို့ဖြစ်သည်။

၎င်းတို့သည် အကြမ်းဖက်မှုဥပဒေပုဒ်မများဖြစ်သော ၄၉ (က)၊ ၅၀ (က)၊ ၅၀ (ည)၊ ၅၁ (ဂ)၊ ၅၂ (က) တို့ဖြင့်တရားစွဲဆိုခံထားရသူများဖြစ်ပြီး ၎င်းတို့အနက် သုံးဦးသည် သေဒဏ်ချမှတ်ခံထားရခြင်း ဖြစ်သည်။

မဇ္ဈိမမှရရှိထားသော အချက်အလက်များအရ တောင်ငူထောင်မှထွက်ပြေးလွတ်မြောက်လာသူ ကိုးဦးသည် လက်ရှိတွင် ဘေးကင်းလုံခြုံရာ လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပြီဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#တောင်ငူထောင်
#တပ်ကြပ်ကြီး
#စစ်ကြောရေး
#သေဆုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🔥1😁1