ဟားခါး - ထန်တလန်အကြားတွင် တိုက်ပွဲပြင်းထန်နေပြီး ချင်းပူးပေါင်းတပ်ဖွဲ့မှ အကျအဆုံးရှိ
😢6🔥2👏1

=======================
ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ ဟားခါးမြို့နှင့်ထန်တလန်မြို့အကြားတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန် လျက်ရှိပြီး ချင်းပူးပေါင်းတပ်ဖွဲ့ဘက်မှ အကျအဆုံးရှိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ဟားခါးနှင့် ထန်တလန်မြို့အကြားရှိ သီးမစ်ဒေသတွင် စစ်ကောင်စီတပ်က အင်အား ၁၅၀ ခန့်ဖြင့် ထိုးစစ် ဆင်နေပြီး လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများအပြင် ဟားခါးမြို့မှလည်း လက်နက်ကြီးများဖြင့်ပစ်ခတ် နေသဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ အကျအဆုံးများနေခြင်းဖြစ်ကြောင်း သိရသည်။
“လတ်တလောအခြေအနေအရ ချင်းပူးပေါင်းတပ်ဖွဲ့က ၁၁ ယောက်ကျဆုံးတယ်လို့ သိရတယ်။ ဒဏ်ရာရ ထားသူတွေလည်းရှိတယ်”ဟု ချင်းပြည်နယ်အတွင်းမှစစ်ရေးအခြေအနေကို လေ့လာနေသူတဦးက မဇ္စျိမ ကို ပြောသည်။
မေလ ၂၅ ရက်နေ့မှစတင်ပြီး သီးမစ်ဒေသရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့များ၏ ခြေကုပ်စခန်းများကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မေ ၂၉ ရက်နေ့က လေကြောင်းမှတိုက်ခိုက်မှုနှင့် လက်နက်ကြီးများကြောင့် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင် ၎င်းဆိုသည်။
ကျဆုံးသွားသူများမှာ CDF – Hakha မှ ရှစ်ဦး ၊ CDF – ZoPhei မှ တဦးနှင့် CNA မှ နှစ်ဦးဖြစ်ပြီး ဒဏ်ရာ ရသူများလည်းရှိကြောင်းသိရသည်။
မေလ ၃၀ ရက် ယနေ့ နံနက်ပိုင်းတွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိနေပြီး အခြေအနေအသေး စိတ်သိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များသို့ ဆက်သွယ်နေသော်လည်း ပြန်လည်ဖြေ ကြားခြင်းမရှိသေးပေ။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ချင်ပြည်နယ်
#ဟားခါး-ထန်တလန်
#သီးမစ်ဒေသ
#ချင်းပူးပေါင်းတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#ချင်ပြည်နယ် – Explore
explore #ချင်ပြည်နယ် at Facebook
😢20👍2🔥1👏1
မေလ (၃၀)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================
00:59 − စစ်ကောင်စီတပ်က အီရန်လုပ် ဒုံးကျည်နဲ့ဒရုန်းတွေကို အသုံးပြုနေတဲ့သတင်း
04:56 − မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကြောင့် စားနပ်ရိက္ခာ မလုံလောက်မှုအတွက် အထူး စိုးရိမ်ရဟု ကုလသတိပေးလိုက်တဲ့သတင်း
07:47 − တယ်လီဖုန်းခေါ်ဆိုမှု ဖြတ်တောက်နေတာနဲ့ပတ်သက်ပြီး ATOM(တယ်လီနော)ကို စစ်ကိုင်းခရိုင် အမှတ်(၁)တပ်ရင်း သတိပေးလိုက်တဲ့သတင်းနဲ့
10:59 − တူရကီသမ္မတအာဒိုဂန်ပြန်လည်ရွေးကောက်ခံရမှုအတွက် တရုတ်ဂုဏ်ပြုလိုက်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/U-k2-nfAFdo
#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မေလ (၃၀)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:59 − စစ်ကောင်စီတပ်က အီရန်လုပ် ဒုံးကျည်နဲ့ဒရုန်းတွေကို အသုံးပြုနေတဲ့သတင်း
04:56 − မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကြောင့် စားနပ်ရိက္ခာ မလုံလောက်မှုအတွက် အထူး စိုးရိမ်ရဟု ကုလသတိပေးလိုက်တဲ့သတင်း
07:47 − တယ်လီဖုန်းခေါ်ဆိုမှု ဖြတ်တေ…

👍8🔥1🍌1
တောင်ငူထောင်မှ အကျဉ်းသားများထွက်ပြေးမှုနှင့် စစ်ဆေးခံနေရသော တပ်ကြပ်ကြီး စစ်ကြောရေးတွင် သေဆုံး
=======================
ရွှေနွယ်
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်း၊ တောင်ငူအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ ထွက်ပြေးလွတ်မြောက်မှုဖြင့် စစ်ဆေးခံနေရသော တပ်ကြပ်ကြီးကျော်ထွေးသည် ယမန်နေ့ မေလ ၂၉ ရက်နေ့တွင် စစ်ကြောရေး၌ သေဆုံးသွားကြောင်း တောင်ငူထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
မေလ ၁၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးသည် ရုံးထုတ်လာစဉ် အစောင့် ရဲတပ်သားများ၏ လက်နက်များအား လုယူပစ်ခတ်၍ ထွက်ပြေးခဲ့ကြခြင်းဖြစ်ပြီး ကိုဦး လွတ်မြောက်ကာ တစ်ဦးကျည်ထိမှန်၍ ပြန်ဖမ်းမိခဲ့သည်။
ထိုသို့ထွက်ပြေးစဉ်တွင် အစောင့်လိုက်ပါလာသော ထောင်တပ်ကြပ်မောင်မျိုးသေဆုံးခဲ့ပြီး အကျဉ်းသားများဘက်မှ ခြောက်လုံးပြူးတစ်လက်၊ G3 တစ်လက်၊ ကာဘိုင်တစ်လက်နှင့် MA11 တစ်လက် စုစုပေါင်း သေနတ်လေးလက် ရရှိခဲ့သည်။
အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ အစောင့်လိုက်ပါလာသော ဒုရဲအုပ်အေးသော်နှင့် တပ်ကြပ်ကြီး ကျော်ထွေးတို့ကိုဖမ်းဆီးကာ စစ်ကြောရေးတွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
မေလ ၂၉ ရက်နေ့တွင်မူ တပ်ကြပ်ကြီးကျော်ထွေးမှာ စစ်ကြောရေးတွင် သေဆုံးသွားကြောင်း ထောင်နှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ပြောသည်။
" ကျော်ထွေးက မနေ့ကသေတယ်။ မနေ့ကပဲ သင်္ဂြိုဟ်လိုက်တယ်။ ဒုရဲအုပ်လည်း သတင်းအစအန ပျောက်နေတယ် ” ဟု တောင်ငူထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထိုသို့ တပ်ကြပ်ကြီးကျော်ထွေး သေဆုံးရခြင်းမှာ စစ်ကောင်စီ၏ လက်အောက်ငယ်သားများအပေါ် စာနာမှုမရှိခြင်းအား ပြသနေခြင်းဖြစ်သည်ဟု ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အသိုင်းအဝိုင်း ကဆိုသည်။
“ အဓိကတော့ ရဲတွေ သူတို့ဘဝသူတို့ သိဖို့ကောင်းပါပြီ။ သူတို့ဘဝ မလုံခြုံဘူးဆိုတာ သိဖို့ ကောင်းပြီ။ စစ်ကောင်စီက လက်အောက်ငယ်သားတွေအပေါ်မှာ ဘယ်သူ့အပေါ်မှာမှ မညှာတာတတ်ဖူးဆိုတာကို သိသင့်ပါပြီ” ဟု ပဲခူးတိုင်းမှ ခရိုင်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
တောင်ငူထောင်မှ ထွက်ပြေးလွတ်မြောက်သော အကျဉ်းသား ကိုးဦးအနက် ကိုသီဟအောင်၏ မိခင်ဖြစ်သူကိုလည်း အဆိုပါ မေလ ၁၈ ရက်နေ့၌ပင် တောင်ငူမြို့ရှိ ၎င်း၏နေအိမ်တွင် အုပ်ချုပ်ရေးမှုးတစ်ဦးမှ ဦးဆောင်၍ လာရောက်ဖမ်းဆီးသွားခဲ့ပြီး ယနေ့အချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်းသိရသည်။
ထို့အပြင် တောင်ငူထောင်အတွင်းကျန်ရှိနေသော ရေတာရှည်မြို့က လက်နက်မှုဖြင့်အဖမ်းခံထားရသူ ကိုအေးမောင် (ခေါ်) ကိုချစ်ထွေးမှာလည်း ပြင်းပြင်းထန်ထန်နှိပ်စက်ခံနေရကြောင်းလည်း သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရသည်။
ပြီးခဲ့သည့် မတ်လအတွင်းက ရေတာရှည်မြို့နယ်အတွင်းတွင် ကိုအေးမောင် အပါအဝင် ခုနစ်ဦးကို စစ်ကောင်စီတပ်မှ လက်နက်များနှင့်အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ခုနစ်ဦးအနက် လေးဦးသည် တောင်ငူထောင်မှ ထွက်ပြေးလွတ်မြောက်သွားသူများတွင် ပါဝင်နေသည်။
တောင်ငူထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့သူ ကိုးဦးမှာ ကိုသန့်ဇင်၊ ကိုအောင်ကျော်ဦး၊ ကိုဗေဒါ (ခ) ဘုန်းညွန့်ဇော်၊ ကိုဇင်ကိုကိုအောင်၊ ကိုသီဟအောင်၊ ကိုငြိမ်းချမ်းအောင်၊ ကိုတိုးနိုင်ထွန်း၊ ကိုစည်သူသန်းအေးနှင့် မခင်မျိုးကြည် တို့ဖြစ်သည်။
၎င်းတို့သည် အကြမ်းဖက်မှုဥပဒေပုဒ်မများဖြစ်သော ၄၉ (က)၊ ၅၀ (က)၊ ၅၀ (ည)၊ ၅၁ (ဂ)၊ ၅၂ (က) တို့ဖြင့်တရားစွဲဆိုခံထားရသူများဖြစ်ပြီး ၎င်းတို့အနက် သုံးဦးသည် သေဒဏ်ချမှတ်ခံထားရခြင်း ဖြစ်သည်။
မဇ္ဈိမမှရရှိထားသော အချက်အလက်များအရ တောင်ငူထောင်မှထွက်ပြေးလွတ်မြောက်လာသူ ကိုးဦးသည် လက်ရှိတွင် ဘေးကင်းလုံခြုံရာ လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပြီဖြစ်သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#တောင်ငူထောင်
#တပ်ကြပ်ကြီး
#စစ်ကြောရေး
#သေဆုံး

👍15🔥1😁1
ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ
======================
ကိုခင်မောင်
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ခြေလျင်စစ်ကြောင်းကို ပဒေသာမိုင်းငါးလုံးတွဲဖြင့် နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အောင်ဆန်းမျိုးဆက်တပ်ဖွဲ့(မုံရွာခရိုင် တပ်ရင်း-၁၃) က သတင်းထုတ်ပြန်ထားသည်။
ဘုတလင်မြို့မှထွက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးဆိုသူများပါဝင်သည့် အင်အား ၄၅ ဦးပါ ခြေလျင်စစ်ကြောင်းကို ဘုတလင်မြို့နယ်၊ မြောက်တောကြီးရွာအနီးတွင် မေလ ၂၉ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်က မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း အောင်ဆန်းမျိုးဆက်တပ်ဖွဲ့မှ ရဲဘော်ကိုအတာက မဇ္ဈိမသို့ ပြောသည်။
“မိုင်းဆွဲတာက နှစ်နေရာပါ၊ သိပ်ပြီး အရမ်းကြီးလည်း မဝေးဘူးဗျ။ စစ်ကြောင်းမှာပါတဲ့ ရှေ့ပြေးရယ်၊ ဒုတိယတစ်ယောက်ရယ်က နေရာမှာတင်ပဲသေတာကို မိုင်းဆွဲတဲ့ရဲဘော်တွေက မျက်မြင်တွေ့တာ၊ နောက်တစ်နေရာက ငါးဦဒဏ်ရာရတယ်” ဟု ၎င်းက ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ရှေ့ဆက်မသွားဘဲ သေဆုံးဒဏ်ရာ ရသူများနှင့်အတူ ဘုတလင်မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့မှ ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုများနှင့်ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည် ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ဘုတလင်မြို့နယ်မြောက်ခြမ်းရှိကျေးရွာများသို့ မကြာခဏ စစ်ကြောင်း ထိုးလေ့ရှိကြောင်းလည်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း(၁၃)(အောင်ဆန်းမျိုးဆက်)နှင့် GPGDF(LDF)အဖွဲ့တို့က ပူး ပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်တပ်ဖွဲ့မှ ပစ်ခတ်မှုများရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များ ထိခိုက်မှုမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အောင်ဆန်းမျိုးဆက်တပ်ဖွဲ့အနေဖြင့် မိဘပြည်သူများ၏ ကူညီထောက်ပို့မှုကြောင့် တိုက်ပွဲများဖော် ဆောင်နိုင်ပြီး ယခုအချိန်အထိ တော်လှန်ရေးတွင် အတူရှိနေပေးသော ပြည်သူများအား အထူးကျေးဇူး တင်ရှိကြောင်း၊ တော်လှန်ရေးကြီး ပြီးဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြည်သူများသို့ အသိပေးထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ဘုတလင်မြိုနယ်
#စစ်ကောင်စီတပ်
#မိုင်းဆွဲတိုက်ခိုက်

👏9👍5❤1🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ပြုပြင်ရခက်တဲ့ စီးပွားရေးအကျပ်အတည်းကို ရှောင်ရှားနိုင်ဖို့အတွက် ရေနံအပေါ်မှီခိုနေမှုကို အဆုံးသတ်ဖို့ အီရတ်ကိုသတိပေး
https://www.facebook.com/reel/212400918323529
#Mizzima
#InternationalNews
#reels
#shorts

👍8🔥1😁1
ဧပြီလအတွင်း စစ်ကောင်စီတပ်သား ၅၀၀ ကျော် သေဆုံးခဲ့ဟု NUG ထုတ်ပြန်
===================
မိုးသောက် | မဲဆောက်(မဇ္ဈိမ)။ ။တော်လှန်ရေးအဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလထဲမှာ စစ်ကောင်စီတပ်သား ၅၀၀ ကျော်သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ် ရေးဝန်ကြီးဌာနက မေလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တစ်လအတွင်း တိုက်ပွဲပေါင်း ၄၁၅ ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်သား ၅၂၇ ယောက် သေဆုံး ခဲ့တဲ့အပြင် အယောက် ၈၀၀ ကျော်လည်း ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေဟာ NUG ရဲ့ စစ်ဒေသ(၁)လို့ခေါ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည် နယ်မြောက်ပိုင်းတို့မှာ ဖြစ်ပွားခဲ့တာပါ။
အခုထုတ်ပြန်ခဲ့တဲ့အချက်အလက်တွေဟာ မြေပြင်ကနေရရှိတဲ့ အချက်အလက်တွေဖြစ်တယ်လို့ အမျိုး သားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မဇ္ဈိမကို ပြောပါတယ်။
https://youtu.be/v8uXQCDqqME
စာတည်း။ ။စောဖေ
#အမျိုးသားညီညွတ်ရေးအစိုးရ(NUG)
#တိုက်ပွဲ
#စစ်ကောင်စီတပ်သား
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
မိုးသောက် | မဲဆောက်(မဇ္ဈိမ)။ ။တော်လှန်ရေးအဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလထဲမှာ စစ်ကောင်စီတပ်သား ၅၀၀ ကျော်သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ် ရေးဝန်ကြီးဌာနက မေလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တစ်လအတွင်း တိုက်ပွဲပေါင်း ၄၁၅ ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်သား ၅၂၇ ယောက် သေဆုံး ခဲ့တဲ့အပြင် အယောက် ၈၀၀ ကျော်လည်း ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေဟာ NUG ရဲ့ စစ်ဒေသ(၁)လို့ခေါ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည် နယ်မြောက်ပိုင်းတို့မှာ ဖြစ်ပွားခဲ့တာပါ။
အခုထုတ်ပြန်ခဲ့တဲ့အချက်အလက်တွေဟာ မြေပြင်ကနေရရှိတဲ့ အချက်အလက်တွေဖြစ်တယ်လို့ အမျိုး သားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မဇ္ဈိမကို ပြောပါတယ်။
https://youtu.be/v8uXQCDqqME
စာတည်း။ ။စောဖေ
#အမျိုးသားညီညွတ်ရေးအစိုးရ(NUG)
#တိုက်ပွဲ
#စစ်ကောင်စီတပ်သား
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဧပြီလအတွင်း စစ်ကောင်စီတပ်သား ၅၀၀ ကျော် သေဆုံးခဲ့ဟု NUG ထုတ်ပြန်
မိုးသောက် | မဲဆောက်(မဇ္ဈိမ)။ ။တော်လှန်ရေးအဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလထဲမှာ စစ်ကောင်စီတပ်သား ၅၀၀ ကျော်သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ် ရေးဝန်ကြီးဌာနက မေလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တစ်လအတွင်း တိုက်ပွဲပေါင်း…
တစ်လအတွင်း တိုက်ပွဲပေါင်း…
👍16👏3❤2😁1🤣1
စိုးရိမ်ဖွယ် စားနပ်ရိက္ခာ မလုံခြုံမှု အခြေအနေ ပိုမိုဆိုးရွားလာနိုင်သည့် ကမ္ဘာ့နေရာဒေသများတွင် မြန်မာ ပါဝင်ဟု ကုလ အစီရင်ခံစာတွင် ဖော်ပြ
=========================
ပိုမို နက်ရှိုင်းလာနေသော စီးပွားရေး ရှော့ခ် များက ဝင်ငွေနိမ့်နှင့် အလယ်အလတ် ဝင်ငွေအဆင့်ရှိ နိုင်ငံများကို အကျပ်အတည်းအောက် ပိုမိုနက်သည်ထက် နက်စေအောင် ဆက်လက် တွန်းပို့နေကြောင်းနှင့် ဖြစ်နိုင်ဖွယ်ရာ အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်တစ်ခုကလည်း ကမ္ဘာတစ်ဝန်းရှိ ခုခံနိုင်စွမ်း အားနည်းသည့် နိုင်ငံများ၌ ရာသီဥတု လွန်ကဲပြင်းထန်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို မြင့်တက်စေလျက် ရှိကြောင်း ၂၀၂၃ ၊ မေ ၂၉ ရက်တွင် ထုတ်ပြန်သည့် FAO-WFP ၏ စိုးရိမ်ဖွယ်ရာ စားနပ်ရိက္ခာ မလုံလောက်မှုဆိုင်ရာ သတိပေးချက် အစီရင်ခံစာတွင် ပြသသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=========================
ပိုမို နက်ရှိုင်းလာနေသော စီးပွားရေး ရှော့ခ် များက ဝင်ငွေနိမ့်နှင့် အလယ်အလတ် ဝင်ငွေအဆင့်ရှိ နိုင်ငံများကို အကျပ်အတည်းအောက် ပိုမိုနက်သည်ထက် နက်စေအောင် ဆက်လက် တွန်းပို့နေကြောင်းနှင့် ဖြစ်နိုင်ဖွယ်ရာ အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်တစ်ခုကလည်း ကမ္ဘာတစ်ဝန်းရှိ ခုခံနိုင်စွမ်း အားနည်းသည့် နိုင်ငံများ၌ ရာသီဥတု လွန်ကဲပြင်းထန်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို မြင့်တက်စေလျက် ရှိကြောင်း ၂၀၂၃ ၊ မေ ၂၉ ရက်တွင် ထုတ်ပြန်သည့် FAO-WFP ၏ စိုးရိမ်ဖွယ်ရာ စားနပ်ရိက္ခာ မလုံလောက်မှုဆိုင်ရာ သတိပေးချက် အစီရင်ခံစာတွင် ပြသသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢8👍5🔥4
This media is not supported in your browser
VIEW IN TELEGRAM
မြောက်ကိုရီးယားကပြင်ဆင်နေတဲ့ ဂြိုလ်တုလွှတ်တင်မှုဟာ ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှု ဖြစ်နိုင်ကြောင်း ဂျပန်ပြော
https://www.facebook.com/reel/944657373414952
#InternationalNews
#reels
#shorts
https://www.facebook.com/reel/944657373414952
#InternationalNews
#reels
#shorts
👍7😁1
အဝန်းကြီးရွာတွင် လက်နက်ကြီးထိမှန်၍ သံဃာ ၃ ပါး အပါအဝင် ၅ ဦးထိခိုက်ဒဏ်ရာရ
========================
YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ အဝန်းကြီးကျေးရွာအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ သံဃာတစ်ပါး၊ ကိုရင်နှစ်ပါးနှင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်ထံက သိရသည်။
ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့၊ နံနက် ၉ နာရီ ၂၅ မိနစ်အချိန်တွင် သထုံမြို့နယ်၊ ဇီးဝန်းအခြေစိုက် စစ်ကောင်စီအမြှောက်တပ် အမတ(၃၁၄) မှ လက်နက်ကြီးကျည် ၁၀ လုံးထက်မနည်းအား ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ အဝန်းကြီးကျေးရွာဘက်သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သော လက်နက်ကြီးများအနက် ၈၁ မမ လက်နက်ကြီးအမျိုးအစား နှစ်လုံးသည် အဝန်းကြီးကျေးရွာရှိ အဝန်းကြီးဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့၍ ဘုန်းကြီးကျောင်းမှ ကျောင်းနေသံဃာတစ်ပါး၊ ကိုရင်နှစ်ပါးနှင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ဘုန်းကြီးကျောင်းအဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
" ဖြစ်တာတာ ရွှေရောင်ပြကျေးရွာအုပ်စု၊ အဝန်းကြီးကျေးရွာမှာ အမှတ် (၃၁၄) ဇီးဝန်း က လှမ်းထုတာ။ သံဃာတစ်ပါး၊ ကိုရင်နှစ်ပါး ဒဏ်ရာရရှိပြီး နွားကျောင်သား တစ်ဦး၊ ရွာသားတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်" ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။
အဝန်းကြီးကျေးရွာဘုန်းကြီးကျောင်းအတွင်း မေလ ၂၇ ရက်နေ့က ဘုန်းကြီးကျောင်းအဆောက်အဦပြုပြင်နေခြင်းရှိပြီး ထိုပြုပြင်ဆောက်လုပ်ရာ နေရာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့၍ ယခုကဲ့သို့ သံဃာများအပါအဝင် ဒေသခံထိခိုက်ဒဏ်ရာရမှု များခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။
ထိုပစ်ခတ်မှုမတိုင်ခင် မေလ ၂၇ ရက်နေ့၊ နံနက် ၈ နာရီဝန်းကျင်က ဘီးလင်းမြို့နယ်၊ ဒေါင်းရွာအနီးရှိ စစ်ကောင်စီတပ်သားများ လုံခြုံရေးယူထားရာ နေရာသို့ တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ခဲ့ခြင်းရှိပြီး ဒရုန်းဖြင့် ပစ်ချခဲ့သော ထိုဗုံးသီးများအနက် တစ်လုံးသည် ပစ်မှတ်လွဲခဲ့၍ ဒေါင်းရွာမှ စောဘခက်၏ ခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံဆယ်ကျော်သက်လူငယ်နှစ်ဦး သေဆုံးခဲ့ကြာင်း သိရသည်။
သထုံမြို့နယ်၊ ဇီးဝန်းအခြေစိုက် စစ်ကောင်စီအမြှောက်တပ် အမတ(၃၁၄) မှ စစ်ကောင်စီတပ်သားများသည် ရွှေရောင်ပြကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်း မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိပြီး ထိုလက်နက်ကြီးများကြောင့် ဒေသခံသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများသည် ယခင်ကလည်း ရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံကသိရသည်။
" ခဏခဏကိုပစ်တာ။ ဒီဘက်ကသွားချလည်း ပစ်တယ်။ သွားမချဘဲ ငြိမ်နေလည်းပစ်တယ်။ အရင်လတုန်းက ကောင်လေးတစ်ယောက် သေသွားသေးတယ် ဇီးဝန်းကပစ်တာ" ဟု ဒေသခံတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က ဇီးဝန်းအခြေစိုက် အမတ(၃၁၄ )မှ ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အဝန်းကြီးကျေးရွာအပြင်ဘက်ရှိ အင်းတွင် ငါးပက်နေသော အသက်ခြောက်နှစ်အရွယ် ကလေးငယ် စောဖိုးသင်္ကြန်၏ ဦးခေါင်းထိမှန် ဒဏ်ရာဖြင့် နေရာ၌ပင် သေဆုံးခဲ့ရကြောင်း သိရသည်။
ထို့အပြင် မတ်လ ၂၉ ရက်နေ့ကလည်း အမတ(၃၁၄) မှ ပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် ရွှေရောင်ပြကျေးရွာအုပ်စု၊တောင်ကလေးကျေးရွာမှ အသက် ၈၀ အရွယ်ရှိ အဘွားတစ်ဦးအပါအဝင် ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဘီးလင်းမြို့နယ်
#KNU
#ရွှေရောင်ပြကျေးရွာ
#လက်နက်ကြီး

#mizzima – Explore
explore #mizzima at Facebook
😢13🔥3👍2😁1
ဝန်ကြီးချုပ်အဖြစ် ဆက်ရှိမည်ဆိုသော ကောလာဟလများကို ထိုင်းဝန်ကြီးချုပ် ပထုတ်
=======================
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် အကယ်၍ မဝေးသော အနာဂတ်၌ “နိုင်ငံရေး မတော်တဆမှု” ဖြစ်ခဲ့လျှင် ၎င်းအနေဖြင့် ဝန်ကြီးချုပ်အဖြစ် ဆက်ရှိသွားလိမ့်မည်ဆိုသော ကောလာဟလများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်ကာ ရှင်းလင်းဖြေဆိုခြင်း မရှိဘဲ ပထုတ်သွားခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် အကယ်၍ မဝေးသော အနာဂတ်၌ “နိုင်ငံရေး မတော်တဆမှု” ဖြစ်ခဲ့လျှင် ၎င်းအနေဖြင့် ဝန်ကြီးချုပ်အဖြစ် ဆက်ရှိသွားလိမ့်မည်ဆိုသော ကောလာဟလများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်ကာ ရှင်းလင်းဖြေဆိုခြင်း မရှိဘဲ ပထုတ်သွားခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁7🤣5👍3❤1
This media is not supported in your browser
VIEW IN TELEGRAM
အိုမန်စူလတန်ဘုရင် တီဟီရန်သို့ သမိုင်းဝင်အလည်အပတ်ရောက်ရှိ
https://www.facebook.com/reel/1251671285489456
#InternationalNews
#reels
#shorts
https://www.facebook.com/reel/1251671285489456
#InternationalNews
#reels
#shorts
👍2😁2🔥1
Business Round Up (30 May 2023)
===============
- သံနှင့်သံမဏိလုပ်ငန်းများ ဒေါ်လာအစား ယွမ်ငွေအသုံးပြု တင်သွင်းပါက လိုင်စင်ဦးစားပေးမည်ဟုဆို
- တိုင်ဖွန်းမုန်တိုင်း (Mawar)ကြောင့် ရန်ကုန် အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးကြီးနိုင်
- ပဲတီစိမ်းနဲ့ ပဲမျိုးစုံကို ရွှေလီအကောက်ခွန်က မကြာမီလေလံချပေးဖို့ရှိ
- ကမ္ဘာ့စနစ်မှာ အမေရိကန်ဒေါ်လာအသုံးပြုမှု နည်းပါးလာနေပြီး အမေရိကန်ကြွေးမြီးများ ပိုမိုများပြားလာ
- ဗီယက်နမ်ကြက်မွေးမြူရေးသမားများ အရှုံးပေါ်နေတာကြောင့် အစိုးရထံ အကူအညီတောင်းခံ
https://youtu.be/hIs4yvYU3ps
#BusinessRoundUp
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===============
- သံနှင့်သံမဏိလုပ်ငန်းများ ဒေါ်လာအစား ယွမ်ငွေအသုံးပြု တင်သွင်းပါက လိုင်စင်ဦးစားပေးမည်ဟုဆို
- တိုင်ဖွန်းမုန်တိုင်း (Mawar)ကြောင့် ရန်ကုန် အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးကြီးနိုင်
- ပဲတီစိမ်းနဲ့ ပဲမျိုးစုံကို ရွှေလီအကောက်ခွန်က မကြာမီလေလံချပေးဖို့ရှိ
- ကမ္ဘာ့စနစ်မှာ အမေရိကန်ဒေါ်လာအသုံးပြုမှု နည်းပါးလာနေပြီး အမေရိကန်ကြွေးမြီးများ ပိုမိုများပြားလာ
- ဗီယက်နမ်ကြက်မွေးမြူရေးသမားများ အရှုံးပေါ်နေတာကြောင့် အစိုးရထံ အကူအညီတောင်းခံ
https://youtu.be/hIs4yvYU3ps
#BusinessRoundUp
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
Business Round Up (30 May 2023)
- သံနှင့်သံမဏိလုပ်ငန်းများ ဒေါ်လာအစား ယွမ်ငွေအသုံးပြု တင်သွင်းပါက လိုင်စင်ဦးစားပေးမည်ဟုဆို
- တိုင်ဖွန်းမုန်တိုင်း (Mawar)ကြောင့် ရန်ကုန် အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးကြီးနိုင်
- ပဲတီစိမ်းနဲ့ ပဲမျိုးစုံကို ရွှေလီအကောက်ခွန်က မကြာမီလေလံချပေးဖို့ရှိ…

👍9🔥2😁1
ရန်ကုန်တိုင်းအတွင်းစစ်ဆင်ရေးများအတွက် ဒေါ်လာ “ ၅၀၀,၀၀၀ ” ရှာဖွေရေး ကမ်ပိန်းပြုလုပ်မည်
👍19😁2🤣2