Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မေလ ၃၀ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2
​​ပီတ လင်ဂျာရွန်ရတ်ရဲ့ စကားကြောင့် စစ်ကောင်စီ သောကများနေပြီလား 
===================

ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အတိုက်အခံပါတီအနိုင်ရပြီးနောက် တော်ဝင်မျိုးနွယ်နဲ့ စစ်တပ်အပေါ် ကြီးမားတဲ့ စိန်ခေါ်မှုတွေဖြစ်လာပါတယ်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🤣2
ဟိုင်းကြီးကျွန်းတွင် PDF တပ်ဖွဲ့ဝင် ရေခပ်ဆင်းစဥ် ဖမ်းဆီးခံရပြီးနောက် စခန်းသိမ်းဆည်းခံရ
😢2👍1🔥1👏1😱1
ဟိုင်းကြီးကျွန်းတွင် PDF တပ်ဖွဲ့ဝင် ရေခပ်ဆင်းစဥ် ဖမ်းဆီးခံရပြီးနောက် စခန်းသိမ်းဆည်းခံရ
=========================

မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းတွင် PDF တပ်ဖွဲ့ဝင်တဦးဖမ်းဆီးခံရပြီး လက်နက်ခဲယမ်းအချို့နှင့် ဆေးဝါးများသိမ်းဆည်းခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဟိုင်းကြီးကျွန်းမြို့၊ သံပုရာကုန်းကျေးရွာအနောက်ဘက်တောအတွင်း စခန်းချထားသည့် PDF စခန်းမှ တပ်ဖွဲ့ဝင်တဦးကို စစ်ကောင်စီတပ်ဖွဲ့များကဖမ်းဆီးပြီး ၎င်းနေထိုင်ရာစခန်းရှိ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဥ်မှာ မေလ ၂၆ ရက်နေ့က သံပုရာကုန်းကျေးရွာ အနောက်ဘက်တောအတွင်းစခန်းချထားသည့် PDF အဖွဲ့ဝင်တဦး ရေခပ်ဆင်းစဥ် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့်တိုးပြီး ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်သည်ဟု ငပုတောမြို့နယ်အတွင်းလှုပ်ရှားနေသည့် PDF အဖွဲ့တဖွဲ့မှ အတည်ပြု ပြောဆိုသည်။

ဖမ်းဆီးခံရသည့် PDF တပ်ဖွဲ့ဝင်ကို စစ်ဆေးမေးမြန်းပြီး ၎င်းနေထိုင်ရာစခန်းရှိ လက်လုပ်သေနတ်များ၊ လက်လုပ်ကျည်များ၊ ဆေးဝါးများနှင့် ခဲယမ်းများကို စစ်ကောင်စီတပ်ဖွဲ့များက သိမ်းဆည်းသွားခြင်းဖြစ် သည်ဟုဆိုသည်။

“တစ်ယောက်အဖမ်းခံရတယ်ဆိုတာ မှန်ပါတယ်။ ရေခပ်ဖို့ထွက်တဲ့လူကိုဖမ်းပြီး စခန်းကို ဝင်သိမ်းတာပါ။ ကျန်တဲ့လူတွေတော့ အကုန်လွတ်သွားတယ်လို့သိရတယ်။ စစ်တပ်ဘက်က သေနတ်နဲ့ပစ်တာတွေ လုပ် သေးတယ်။ ကျွန်တော်တို့ စုံစမ်းလို့သိရသလောက်တော့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရတဲ့သူမရှိပါဘူး။ ပြီး တော့ အဲ့ဒီစခန်းဟာ ဘယ်အဖွဲ့ရဲ့စခန်းဆိုတာ ကျွန်တော်တို့လည်း စုံစမ်းနေတုန်းပါ”ဟု ဆိုသည်။

အဆိုပါ PDF အဖွဲ့ဝင်အားဖမ်းဆီးသွားပြီးနောက် ဟိုင်းကြီးရဲစခန်းသို့ခေါ်ဆောင်သွားပြီး ထိုမှတဆင့် ဟိုင်း ကြီးရေတပ်အတွင်း ခေါ်ဆောင်ကာ ရိုက်နှက်စစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရသည်။
ဖမ်းဆီးခံထားရသည့် PDF အဖွဲ့ဝင်မှာ မည်သည့်အဖွဲ့အစည်းမှဖြစ်သည်ကို မဇ္စျိမက ဆက်လက်စုံစမ်းနေ ဆဲဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ သံပတ်ကွင်းကျေးရွာ အနီးရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းသွားခဲ့သေးသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ဧရာဝတီတိုင်း
#ဟိုင်းကြီးကျွန်း
#PDFတပ်ဖွဲ့ဝင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢14❤4👍3👏1
ယင်းမာပင်မြို့နယ်တွင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့်လမ်းကို ပြုပြင်နေစဉ် လေကြောင်းတိုက်ခိုက်ခံရ
👍2🔥1
ယင်းမာပင်မြို့နယ်တွင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့်လမ်းကို ပြုပြင်နေစဉ် လေကြောင်းတိုက်ခိုက်ခံရ
==================

လွှမ်းမိုး
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာတွင် ယမန်နေ့ မေလ ၂၉ရက် မွန်းလွဲ ၂နာရီအချိန်ခန့်၌ ဒေသခံများက မုန်တိုင်းကြောင့် ပျက်စီးသွားသည့်လမ်းအား ပြုပြင်နေစဉ် တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံလိုက်ရသည်ဟု သိရသည်။

မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် လမ်းပိုင်းများကို ပြန်လည်ပြုပြင်နေစဉ် စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ် နှစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ယင်းဖြစ်စဉ်ကြောင့် ကား နှစ်စီး ပျက်စီး၍ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“တိုက်လေယာဉ် နှစ်စီးနဲ့ လက်နက်ကြီး အချက် ၂၀ လောက်ကို ပစ်ခတ်သွားတာပါ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက ဆိုသည်။

မိုခါမုန်တိုင်းကြောင့် မိုးရွာရေကြီးကာ အလောင်းတော် ကဿပ တောင်ကျချောင်းရေများကြောင့် ပျက်စီးသွားသည့် ယင်းမာပင် နှင့် ကပိုင်ရွာ လမ်းပိုင်းကို ပြင်ဆင်နေစဉ် မြေသယ်ရန်အတွက် ရွာရန်ပုံငွေဖြင့် ငှားထားသည့် ကားနှစ်စီး ထိခိုက်ပျက်စီးသွားခြင်း‌ဖြစ်ကြောင်း အခြားဒေသခံ တစ်ဦးက ပြောသည်။

“လမ်းပြုပြင်နေတာ ဆိုတော့ လုပ်အားပေး အနေနဲ့ ရွာသူ ၊ ရွာသားတွေနဲ့ ကလေးတွေရော ပါတာပေါ့ဗျာ။ နေ့လယ် ထမင်းစားနေတဲ့ အချိန်နဲ့ ကြုံကြိုက်သွားတော့ အသက်ဘေးက လွတ်မြောက်သွားတာ ဖြစ်ပါတယ်။ အခုဆို လုပ်အားပေးဖို့အတွက် ဘယ်သူမှ မလိုက်ဝံ့အောင်ကို ဖြစ်နေတာပါ။ ကျနော်တို့က မုန်တိုင်းဒဏ်လည်းခံရတယ် ၊ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်လည်း ခံနေရပါတယ်” ဟု ဒေသခံက မဇ္ဈိမကိုပြောသည်။

မေလ ၁၈ ရက်နေ့ မွန်းလွဲ ၂နာရီအချိန်ကလည်း ယင်းမာပင်မြို့နယ်၊ချောင်းမကျေးရွာ စာသင်ကျောင်းအား ‌စစ်ကောင်စီတပ်ဖွဲ့က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#စစ်ကောင်စီတပ်
#ပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥3🤬1
​​မင်းတပ်-ကျောက်ထုလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား
===================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ မင်းတပ်-ကျောက်ထု လမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ မေလ ၂၉ရက် မွန်းလွဲ ၁နာရီ ၄၀မိနစ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)ထံမှ သိရသည်။

မင်းတပ်မြို့မှ ဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်သား ပူးပေါင်းအင်အား ၂၀၀ ခန့် နှင့် CDF – Mindat ၊ CDF – Kanpetlet ၊ ဂန့်ဂေါခရိုင်တပ်ရင်း (၁၃) ၊ တပ်ရင်း (၈) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။

“ကျနော်တို့ ထိန်းချုပ်နယ်မြေထဲကို ဝင်လာလို့ တိုက်ပွဲဖြစ်တာပါ တိုက်ပွဲက သုံးရက်ကြာပြီ ပထမရက်က ပဒေသာမိုင်းထိသွားတယ်၊ နောက်ဆုတ် ပြီး ပြန်တိုးလာလို့ တိုက်ပွဲဖြစ်တာ” ဟု CDF – Mindat စစ်ဒေသမှူး ဆလိုင်းနိုင်တမ်းက မဇ္စျိမကို ပြောသည်။
မေလ ၂၈ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးခန့် ပဒေသာမိုင်းထိသဖြင့် အနောက်ဘက်သို့ တပ်ပြန်ဆုတ်သွားပြီး ယမန်နေ့က ပြန်တက်လာချိန်၌ တိုက်ပွဲဖြစ်ပွားကြခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

တိုက်ပွဲကြာချိန် ၄၅မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် သေဆုံးသူ သုံးဦးရှိသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့ဘက်က မီတာ ၂၀အကွာမှ ပစ်ခတ်သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ အကျအဆုံး များနိုင်ကြောင်းနှင့် CDF – Mindat မှ ရဲဘော်တစ်ဦးလည်း ပြင်းထန်ဒဏ်ရာ ရရှိထားကြောင်း ဆိုသည်။

ထို့နောက် တိုက်ပွဲအတွင်း အထိနာသဖြင့် ထင်ချောင်းကျေးရွာဖက်သို့ ဆုတ်ခွာသွားသော စစ်ကောင်စီတပ်ဖွဲ့ကို ည ၈နာရီအချိန်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် The Youth Force ပူးပေါင်းတပ်ဖွဲ့က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။
မိနစ် ၂၀ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် အကျအဆုံးများနိုင်သော်လည်း ညပိုင်းဖြစ်သည့်အတွက် အရေအတွက်ကို သိရှိနိုင်ခြင်းမရှိကြောင်း စစ်ဒေသမှူးက ဆက်ပြောသည်။

ယနေ့ မေလ ၃၀ရက်တွင် နှစ်ဖက်တပ်များ ရင်ဆိုင်လျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့က ရှေ့တိုးလားခြင်းမရှိသည့်အတွက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းပစ်ကူ စောင့်ဆိုင်း နေခြင်းဖြစ်နိုင်ကြောင်း ၎င်းကစစ်ရေးအခြေအနေကို သုံးသပ်ပြောဆိုသည်။

မေလ ၂၅ရက်နေ့က မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော စစ်ကောင်စီတပ်ကို ပြန်လည်တုံ့ပြန်သည့်အနေဖြင့် ခလရ (၂၇၄) ၊ ရဲစခန်း ၊ ကင်းဂိတ်များအား ရှော့တိုက်ဒုံး အလုံး ၃၀ဖြင့် CDF – Mindat နှင့် မဟာမိတ်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ချင်းပြည်နယ်
#မင်းတပ်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွါး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤2🔥1🎃1
မေလ (၃၀) ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
=======================

- ဧပြီလအတွင်း စစ်ကောင်စီတပ်သား ၅၀၀ ကျော် သေဆုံးခဲ့တဲ့သတင်း

− ဘင်္လားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး တွေ့ဆုံဆွေးနွေးမှု ‌မအောင်မြင်ခဲ့တဲ့သတင်း

− တောင်ငူထောင်ကအကျဉ်းသားတွေထွက်ပြေးတာနဲ့ပတ်သက်ပြီး စစ်ဆေးခံနေရတဲ့ တပ်ကြပ်ကြီး စစ်ကြောရေးမှာ သေဆုံးတဲ့သတင်း

−တိုင်ဖွန်းမုန်တိုင်း (Mawar)ကြောင့် ရန်ကုန် အပါအဝင် တိုင်းနဲ့ ပြည်နယ်အချို့မှာ မိုးကြီးနိုင်တဲ့အကြောင်းနဲ့
−
ဆူဒန်အပစ်အခတ်ရပ်စဲရေးအဆုံးသတ်ခါနီးမှာ ပိုဆိုးလာတဲ့ပစ်ခတ်မှုတွေက ချိုးဖောက်မှုတွေရှိကြောင်းထပ်လောင်းအတည်ပြုလိုက်တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်း တွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/Y2OcJq5mEYk?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2🤮1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃၀ မေ ၂၀၂၃) 
========================

အကြမ်းဖက်စစ်တပ်၏ ရွာမီးရှို့သတ်ဖြတ်မှုများကြောင့် ထွက်ပြေးနေရသည့် ရိုဟင်ဂျာများကို စစ်ကောင်စီ၏ မြန်မာနိုင်ငံပြန်လည်ခေါ်ယူရေး အစီအစဉ်မအောင်မြင့်ခဲ့ကြောင်း သိရသည်။ ယင်းသို့ ပြန်လည်ခေါ်ယူရေးမအောင်မြင်ရခြင်းသည့် စစ်တပ်မှ အမှန်တကယ်စာနာစိတ်ကြောင့် ပြန်လည်ခေါ်ယူခြင်းမဟုတ်ဘဲ ၎င်းတို့၏ နိုင်ငံရေးအကျပ်အတည်းအတွက် အသုံးချလိုမှုကြောင့် မအောင်မြင်ရခြင်းဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥2