ယင်းမာပင်မြို့နယ်တွင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့်လမ်းကို ပြုပြင်နေစဉ် လေကြောင်းတိုက်ခိုက်ခံရ
👍2🔥1

==================
လွှမ်းမိုး
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာတွင် ယမန်နေ့ မေလ ၂၉ရက် မွန်းလွဲ ၂နာရီအချိန်ခန့်၌ ဒေသခံများက မုန်တိုင်းကြောင့် ပျက်စီးသွားသည့်လမ်းအား ပြုပြင်နေစဉ် တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံလိုက်ရသည်ဟု သိရသည်။
မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် လမ်းပိုင်းများကို ပြန်လည်ပြုပြင်နေစဉ် စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ် နှစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ယင်းဖြစ်စဉ်ကြောင့် ကား နှစ်စီး ပျက်စီး၍ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“တိုက်လေယာဉ် နှစ်စီးနဲ့ လက်နက်ကြီး အချက် ၂၀ လောက်ကို ပစ်ခတ်သွားတာပါ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက ဆိုသည်။
မိုခါမုန်တိုင်းကြောင့် မိုးရွာရေကြီးကာ အလောင်းတော် ကဿပ တောင်ကျချောင်းရေများကြောင့် ပျက်စီးသွားသည့် ယင်းမာပင် နှင့် ကပိုင်ရွာ လမ်းပိုင်းကို ပြင်ဆင်နေစဉ် မြေသယ်ရန်အတွက် ရွာရန်ပုံငွေဖြင့် ငှားထားသည့် ကားနှစ်စီး ထိခိုက်ပျက်စီးသွားခြင်းဖြစ်ကြောင်း အခြားဒေသခံ တစ်ဦးက ပြောသည်။
“လမ်းပြုပြင်နေတာ ဆိုတော့ လုပ်အားပေး အနေနဲ့ ရွာသူ ၊ ရွာသားတွေနဲ့ ကလေးတွေရော ပါတာပေါ့ဗျာ။ နေ့လယ် ထမင်းစားနေတဲ့ အချိန်နဲ့ ကြုံကြိုက်သွားတော့ အသက်ဘေးက လွတ်မြောက်သွားတာ ဖြစ်ပါတယ်။ အခုဆို လုပ်အားပေးဖို့အတွက် ဘယ်သူမှ မလိုက်ဝံ့အောင်ကို ဖြစ်နေတာပါ။ ကျနော်တို့က မုန်တိုင်းဒဏ်လည်းခံရတယ် ၊ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်လည်း ခံနေရပါတယ်” ဟု ဒေသခံက မဇ္ဈိမကိုပြောသည်။
မေလ ၁၈ ရက်နေ့ မွန်းလွဲ ၂နာရီအချိန်ကလည်း ယင်းမာပင်မြို့နယ်၊ချောင်းမကျေးရွာ စာသင်ကျောင်းအား စစ်ကောင်စီတပ်ဖွဲ့က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#စစ်ကောင်စီတပ်
#ပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍4🔥3🤬1
မင်းတပ်-ကျောက်ထုလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား
===================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ မင်းတပ်-ကျောက်ထု လမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ မေလ ၂၉ရက် မွန်းလွဲ ၁နာရီ ၄၀မိနစ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)ထံမှ သိရသည်။
မင်းတပ်မြို့မှ ဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်သား ပူးပေါင်းအင်အား ၂၀၀ ခန့် နှင့် CDF – Mindat ၊ CDF – Kanpetlet ၊ ဂန့်ဂေါခရိုင်တပ်ရင်း (၁၃) ၊ တပ်ရင်း (၈) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။
“ကျနော်တို့ ထိန်းချုပ်နယ်မြေထဲကို ဝင်လာလို့ တိုက်ပွဲဖြစ်တာပါ တိုက်ပွဲက သုံးရက်ကြာပြီ ပထမရက်က ပဒေသာမိုင်းထိသွားတယ်၊ နောက်ဆုတ် ပြီး ပြန်တိုးလာလို့ တိုက်ပွဲဖြစ်တာ” ဟု CDF – Mindat စစ်ဒေသမှူး ဆလိုင်းနိုင်တမ်းက မဇ္စျိမကို ပြောသည်။
မေလ ၂၈ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးခန့် ပဒေသာမိုင်းထိသဖြင့် အနောက်ဘက်သို့ တပ်ပြန်ဆုတ်သွားပြီး ယမန်နေ့က ပြန်တက်လာချိန်၌ တိုက်ပွဲဖြစ်ပွားကြခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။
တိုက်ပွဲကြာချိန် ၄၅မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် သေဆုံးသူ သုံးဦးရှိသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့ဘက်က မီတာ ၂၀အကွာမှ ပစ်ခတ်သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ အကျအဆုံး များနိုင်ကြောင်းနှင့် CDF – Mindat မှ ရဲဘော်တစ်ဦးလည်း ပြင်းထန်ဒဏ်ရာ ရရှိထားကြောင်း ဆိုသည်။
ထို့နောက် တိုက်ပွဲအတွင်း အထိနာသဖြင့် ထင်ချောင်းကျေးရွာဖက်သို့ ဆုတ်ခွာသွားသော စစ်ကောင်စီတပ်ဖွဲ့ကို ည ၈နာရီအချိန်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် The Youth Force ပူးပေါင်းတပ်ဖွဲ့က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။
မိနစ် ၂၀ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် အကျအဆုံးများနိုင်သော်လည်း ညပိုင်းဖြစ်သည့်အတွက် အရေအတွက်ကို သိရှိနိုင်ခြင်းမရှိကြောင်း စစ်ဒေသမှူးက ဆက်ပြောသည်။
ယနေ့ မေလ ၃၀ရက်တွင် နှစ်ဖက်တပ်များ ရင်ဆိုင်လျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့က ရှေ့တိုးလားခြင်းမရှိသည့်အတွက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းပစ်ကူ စောင့်ဆိုင်း နေခြင်းဖြစ်နိုင်ကြောင်း ၎င်းကစစ်ရေးအခြေအနေကို သုံးသပ်ပြောဆိုသည်။
မေလ ၂၅ရက်နေ့က မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော စစ်ကောင်စီတပ်ကို ပြန်လည်တုံ့ပြန်သည့်အနေဖြင့် ခလရ (၂၇၄) ၊ ရဲစခန်း ၊ ကင်းဂိတ်များအား ရှော့တိုက်ဒုံး အလုံး ၃၀ဖြင့် CDF – Mindat နှင့် မဟာမိတ်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ချင်းပြည်နယ်
#မင်းတပ်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွါး

👍9❤2🔥1🎃1
မေလ (၃၀) ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
=======================
- ဧပြီလအတွင်း စစ်ကောင်စီတပ်သား ၅၀၀ ကျော် သေဆုံးခဲ့တဲ့သတင်း
− ဘင်္လားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး တွေ့ဆုံဆွေးနွေးမှု မအောင်မြင်ခဲ့တဲ့သတင်း
− တောင်ငူထောင်ကအကျဉ်းသားတွေထွက်ပြေးတာနဲ့ပတ်သက်ပြီး စစ်ဆေးခံနေရတဲ့ တပ်ကြပ်ကြီး စစ်ကြောရေးမှာ သေဆုံးတဲ့သတင်း
−တိုင်ဖွန်းမုန်တိုင်း (Mawar)ကြောင့် ရန်ကုန် အပါအဝင် တိုင်းနဲ့ ပြည်နယ်အချို့မှာ မိုးကြီးနိုင်တဲ့အကြောင်းနဲ့
−
ဆူဒန်အပစ်အခတ်ရပ်စဲရေးအဆုံးသတ်ခါနီးမှာ ပိုဆိုးလာတဲ့ပစ်ခတ်မှုတွေက ချိုးဖောက်မှုတွေရှိကြောင်းထပ်လောင်းအတည်ပြုလိုက်တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်း တွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/live/Y2OcJq5mEYk?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မေလ (၃၀) ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
- ဧပြီလအတွင်း စစ်ကောင်စီတပ်သား ၅၀၀ ကျော် သေဆုံးခဲ့တဲ့သတင်း
− ဘင်္လားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး တွေ့ဆုံဆွေးနွေးမှု မအောင်မြင်ခဲ့တဲ့သတင်း
− တောင်ငူထောင်ကအကျဉ်းသားတွေထွက်ပြေးတာနဲ့ပတ်သက်ပြီး စစ်ဆေးခံနေရတဲ့ တပ်ကြပ်ကြီး စစ်ကြောရေးမှာ သေဆုံးတဲ့သတင်း…

👍2🤮1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃၀ မေ ၂၀၂၃)
========================
အကြမ်းဖက်စစ်တပ်၏ ရွာမီးရှို့သတ်ဖြတ်မှုများကြောင့် ထွက်ပြေးနေရသည့် ရိုဟင်ဂျာများကို စစ်ကောင်စီ၏ မြန်မာနိုင်ငံပြန်လည်ခေါ်ယူရေး အစီအစဉ်မအောင်မြင့်ခဲ့ကြောင်း သိရသည်။ ယင်းသို့ ပြန်လည်ခေါ်ယူရေးမအောင်မြင်ရခြင်းသည့် စစ်တပ်မှ အမှန်တကယ်စာနာစိတ်ကြောင့် ပြန်လည်ခေါ်ယူခြင်းမဟုတ်ဘဲ ၎င်းတို့၏ နိုင်ငံရေးအကျပ်အတည်းအတွက် အသုံးချလိုမှုကြောင့် မအောင်မြင်ရခြင်းဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
အကြမ်းဖက်စစ်တပ်၏ ရွာမီးရှို့သတ်ဖြတ်မှုများကြောင့် ထွက်ပြေးနေရသည့် ရိုဟင်ဂျာများကို စစ်ကောင်စီ၏ မြန်မာနိုင်ငံပြန်လည်ခေါ်ယူရေး အစီအစဉ်မအောင်မြင့်ခဲ့ကြောင်း သိရသည်။ ယင်းသို့ ပြန်လည်ခေါ်ယူရေးမအောင်မြင်ရခြင်းသည့် စစ်တပ်မှ အမှန်တကယ်စာနာစိတ်ကြောင့် ပြန်လည်ခေါ်ယူခြင်းမဟုတ်ဘဲ ၎င်းတို့၏ နိုင်ငံရေးအကျပ်အတည်းအတွက် အသုံးချလိုမှုကြောင့် မအောင်မြင်ရခြင်းဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥2
မေလ (၃၀) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့
ဘင်္လားဒေ့ရှ်ရောက် ရိုဟင်ဂျာများ နေရပ်ပြန်ရေး တွေ့ဆုံဆွေးနွေးမှု မအောင်မြင်ခဲ့ တဲ့ သတင်း
နဲ့အတူ ဧပြီလအတွင်း စစ်ကောင်စီတပ်သား ၅၀၀ ကျော် သေဆုံးခဲ့ဟု NUG ထုတ်ပြန် တဲ့ သတင်းတွေအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်း၊စီးပွာရေးသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ ဒီကနေ့ညနေ ၅ နာရီထိ နောက်ဆုံးရငွေလဲနှုန်း ရွှေစျေးနဲ့ တခြားအရေးကြီးကုန်စျေးနှုန်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်ကိုနားဆင်ရမှာဖြစ်ပြီး
အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “မရွှေမိုးရဲ့လေးညှို့သံ”ဆောင်းပါး အစီအစဉ် နဲ့ “သဘာဝရဲ့လက်ဆောင်” ဆိုတဲ့ အစီအစဉ်တွေကို နားဆင်ကြရမှာပါ။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://youtu.be/sbtWHwQYrk8
#Eveningradio
#Mizzimaradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့
ဘင်္လားဒေ့ရှ်ရောက် ရိုဟင်ဂျာများ နေရပ်ပြန်ရေး တွေ့ဆုံဆွေးနွေးမှု မအောင်မြင်ခဲ့ တဲ့ သတင်း
နဲ့အတူ ဧပြီလအတွင်း စစ်ကောင်စီတပ်သား ၅၀၀ ကျော် သေဆုံးခဲ့ဟု NUG ထုတ်ပြန် တဲ့ သတင်းတွေအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်း၊စီးပွာရေးသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ ဒီကနေ့ညနေ ၅ နာရီထိ နောက်ဆုံးရငွေလဲနှုန်း ရွှေစျေးနဲ့ တခြားအရေးကြီးကုန်စျေးနှုန်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်ကိုနားဆင်ရမှာဖြစ်ပြီး
အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “မရွှေမိုးရဲ့လေးညှို့သံ”ဆောင်းပါး အစီအစဉ် နဲ့ “သဘာဝရဲ့လက်ဆောင်” ဆိုတဲ့ အစီအစဉ်တွေကို နားဆင်ကြရမှာပါ။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://youtu.be/sbtWHwQYrk8
#Eveningradio
#Mizzimaradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မေလ (၃၀) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့
ဘင်္လားဒေ့ရှ်ရောက် ရိုဟင်ဂျာများ နေရပ်ပြန်ရေး တွေ့ဆုံဆွေးနွေးမှု မအောင်မြင်ခဲ့ တဲ့ သတင်း
နဲ့အတူ ဧပြီလအတွင်း စစ်ကောင်စီတပ်သား ၅၀၀ ကျော် သေဆုံးခဲ့ဟု NUG ထုတ်ပြန် တဲ့ သတင်းတွေအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်း၊စီးပွာရေးသတင်းတွေနဲ့…

👍6😁3
ကား ၃ စီးပါ စစ်ကောင်စီတပ်ယာဥ်တန်းကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်မှု ၂ ဦး သေဆုံးဟုဆို
========================
ရောင်နီ (မဇ္စျိမ) ။ ။ မန္တလေးတိုင်း၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်လာသည့် စစ်ကောင်စီတပ်ယာဥ်တန်းကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကြောင်း မြစ်ငယ် PDF တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။
စစ်ကောင်စီတပ်မှ ကားသုံးစီးနှင့် အင်အား ၄၀ ခန့်ပါ ယာဥ်တန်းသည် မေလ ၂၇ ရက်နေ့ ညပိုင်းအချိန်က ငါန်းဇွန်းမြို့နယ်၊ ကုန်းလည်ကျေးရွာမှ နတ်ကြီးရွာသို့ ဦးတည်မောင်းနှင်လာခြင်း ဖြစ်သည်။
အဆိုပါ ယာဥ်တန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ရွာနှစ်ရွာကြားအရောက်တွင် နေရာနှစ်နေရာခွဲကာ ပဒေသာမိုင်း ၁၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ ဖောကားတစ်စီး၊ ထွေလာတစ်စီး၊ ဟိုက်ဂျက်တစ်စီး၊ စုစုပေါင်းကားသုံးစီးနဲ့ အင်အား ၄၀ ၀န်းကျင်ပါတဲ့ ယာဥ်တန်းကို ရွာနှစ်ရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်တာဖြစ်ပါတယ်။ ဖရဲသီး သတင်းပေးပို့ချက်အရ နှစ်ယောက်သေသွားတယ်လို့ ပြောပါတယ်” ဟု Myitnge PDF MN တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။
စစ်ကောင်စီတပ်ယာဥ်တန်းကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့၀င် နှစ်ဦး သေဆုံးခဲ့ကာ ထိခိုက်ရရှိသူများလည်း ရှိပြီး လူဦးရေအတိအကျကို မသိရသေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ ကဆိုသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုချက်ရရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။
အဆိုပါ တိုက်ခိုက်မှုကို မန္တလေးခရိုင် အမှတ် (၅) တပ်ရင်း MN PDF အပါအ၀င် ကာကွယ်ရေးတပ်ဖွဲ့ ၁၀ ဖွဲ့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
“ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက အကြမ်းဖက်စစ်ကောင်စီတပ်ကို အမြစ်ပြတ်ဖြိုချနေပါတယ်။ ပြည်သူတွေကလည်း စစ်တပ်ထုတ်ကုန်တွေကို မသုံးစွဲဖို့နဲ့ တော်လှန်ရေးမှာ တတ်နိုင်တဲ့ဘက်က ပါ၀င်ကြဖို့တိုက်တွန်းချင်ပါတယ်။ “ ဟု Myitnge PDF MN တာ၀န်ရှိသူက ဆိုသည်။
စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ကို အင်အားဖြည့်တင်းရန် လာရောက်သည့် ယာဥ်တန်းများသည် ငါန်းဇွန်မြို့နယ်ကို မကြာခဏ ဖြတ်သန်းလေ့ရှိကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ ဖြတ်သန်းသည့် စစ်ကောင်စီတပ်ယာဥ်တန်းများကို ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏမိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။
လက်ရှိအချိန်တွင်လည်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကုလားရွာကြီးတွင် စစ်ကောင်စီတပ်က တပ်စွဲထားမှုများ ရှိနေပြီး၊ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၃၀၀ ခန့်က အပြစ်မဲ့ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
https://youtu.be/0Bbi3kjE6jo
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီတပ်
#ပျူစောထီး
#ကာကွယ်ရေးတပ်ဖွဲ့
#ငါန်းဇွန်မြို့နယ်
#ပဒေသာမိုင်း

စစ်ကောင်စီတပ်မှ…
စစ်ကောင်စီတပ်မှ…
👍14😁2
ဖယ်ခုံနှင့် ပင်လောင်းတွင် ၃ ပတ်အတွင်း ကိုယ်ဝန်ဆောင်နှင့် ကလေးသူငယ်အပါအဝင် ၃ ဦး သေဆုံး
========================
001
(မဇ္စျိမ) ။ ။ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နှင့် ပင်လောင်းမြို့တို့တွင် သုံးပတ်အတွင်း အရပ်သား သုံးဦး သေဆုံးပြီး ၁၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယနေ့ မေလ ၃၀ ရက်တွင် ထုတ်ပြန် သည်။
ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးပတ်မှ မေလ ဒုတိယပတ်အတွင်း စစ်ကောင်စီကြောင့် သေဆုံးခဲ့ရသူများမှာ အသက် သုံးနှစ်အရွယ်ကလေးငယ်၊ ကိုယ်ဝန်သည်အမျိုးသမီးနှင့် အသက် ၄၀ အရွယ် အခြားအမျိုးသမီးတို့ဖြစ်ကြောင်း SHRF ကဖော်ပြသည်။
ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ဖယ်ခုံမြို့နယ်၊ ဆောင်ဖွေးကျေးရွာရှိ ဆောင်ဖွေးဆေးခန်းသို့ လေကြောင်းမှတစ်ဆင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံးခဲ့ရခြင်းဖြစ်သည်။
"စစ်ကောင်စီတပ်အနေနဲ့ အရပ်သားနေရာတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲချတာဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်ပါတယ်။ ပြောရရင်တော့ သူတို့အနေနဲ့ စစ်ရေးအရ အထိနာနေလို့သာ အရပ်သားတွေကို ပတ်ရမ်းတာပေါ့။ ဘယ်လိုပဲဖြစ်ပါစေ ဒီလေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကို ကျမတို့ အနေနဲ့ ပြင်းထန်စွာကန့်ကွက်ပါတယ်။ နိုင်ငံတကာအနေနဲ့လည်း ဒီစစ်ရာဇဝတ်မှုတွေကို လျစ်လျူရှုမနေဘဲနဲ့ စစ်ကောင်စီကို အရေးယူဖို့လည်း တောင်းဆိုချင်ပါတယ်"ဟု SHRFမှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ပြောသည်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများအတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုလည်းပြုလုပ်ပြီး အဆိုပါ သုံးပတ်တာကာလအတွင်း ဖယ်ခုံ၊ ပင်လောင်းနှင့် မိုးဗြဲရှိအရပ်သား နေအိမ် ၅၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း ၎င်းကပြောသည်။
လက်ရှိတွင် ပင်လောင်း၊ ဖယ်ခုံနှင့် မိုးဗြဲမြို့နယ်တို့တွင် မိုင်းနောင်အခြေစိုက် စကခ (၂) နှင့် တပ်မ (၆၆) လက်အောက်ခံတပ်များမှ စစ်ကောင်စီတပ်သားများ လှုပ်ရှားနေပြီး ကရင်နီပူးပေါင်းတပ်များနှင့် တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်။
ထို့ပြင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်လက်ပြုလုပ်နေပြီး ဒေသခံရာပေါင်းများစွာမှာ မိမိတို့ ကျေးရွာအနီးဝန်းကျင်ရှိ တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆိုသည်။
တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့တွင် စစ်ဘေးရှောင် ၁၆,၄၀၀ ကျော်အထိ ရှိလာပြီဖြစ်ပြီး စားနပ်ရိက္ခာပြတ်လပ်မှုများနှင့်လည်း ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင် ကူညီနေသူများထံမှ သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ပင်လောင်း
#ဖယ်ခုံ
#အရပ်သား
#သေဆုံး
#ရှမ်းတောင်

👍6🔥3🤬2😁1
သပိတ်ကျင်းတွင် ကြံ့ဖွံ့ပါတီ ရပ်/ကျေး ဥက္ကဋ္ဌ၏သားမက် ပျူစောထီးဆိုသူ ပစ်သတ်ခံရ
👍10❤2🔥1
သပိတ်ကျင်းတွင် ကြံ့ဖွံ့ပါတီ ရပ်/ကျေး ဥက္ကဋ္ဌ၏သားမက် ပျူစောထီးဆိုသူ ပစ်သတ်ခံရ
========================
007
(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် မေလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေပါတီ(ကြံ့ဖွံ့)ရပ်/ကျေးဥက္ကဋ္ဌ၏သားမက် ပျူစောထီးဆိုသူ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။
“နာမည်က ဟိန်း၀င်းဇော်လို့ခေါ်တယ်၊ သူက ကြံ့ခိုင်ရေးအမာခံ ပျူစောထီးသင်တန်းဆင်းထားသူပါ။ ဒီဘက်ကိုစစ်တပ်၀င်တဲ့အခါတိုင်း သူတို့မိသားစုနဲ့တရုန်းရုန်းပါ။ ယာထဲဆင်းတဲ့အချိန် သေနတ်နဲ့ပစ်ခံရ ပြီးသေတာ။ လေးငါးခြောက်ချက်လောက် ကိုပစ်သွားတာ” ဟု ဒေသခံတဦးကပြောသည်။
အသတ်ခံရသူမှာ သပိတ်ကျင်းမြို့နယ် ကြာညှပ်ကျေးရွာအုပ်စု ကိုးပင်ကျေးရွာနေ ကိုဟိန်း၀င်းဇော် (၂၂ နှစ်)ဆိုသူဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးဥက္ကဋ္ဌ ဦးစိုးတင့်၏သားမက်ဖြစ်ကြောင်း၊ ယမန်နှစ်က ပျူစော ထီးသင်တန်းဆင်းလာပြီးနောက် စစ်ကောင်စီစစ်ကြောင်းများနှင့်အဆက်အသွယ်လုပ်ခဲ့ရာမှ ဒေသတွင်း ပြည်သူများနှင့် ဆန့်ကျင်ဘက်သို့ရောက်သွားခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
မေလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ယာခင်းသို့ နွားစာပြောင်းကြဲရန်သွားရောက်စဉ် လူခြောက်ဦးခန့် က အနောက်မှလိုက်လာပြီး သေနတ်ဖြင့်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
ပစ်ခတ်ခံရမှုကြောင့် နောက်ကျောကျည်ဆန်ဖောက်၀င်ဒဏ်ရာ နှစ်ချက်၊ ယာဘက်လက်မောင်း၌ ကျည် ဆန်ဖောက်၀င်ဒဏ်ရာတချက်၊ ဆီးခုံကျည်ဆန်ဖောက်၀င်ဒဏ်ရာတချက်ဖြင့် အခင်းဖြစ်နေရာတွင် သေ ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။
၎င်းအား မည်သည့်အဖွဲ့အစည်းက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မသိရသေးသော်လည်း စစ်အုပ်စုလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် PDF ကသတ်ဖြတ်ခြင်းဖြစ်ကြောင်း ဖော်ပြကြသည်။
မန္တလေးတိုင်းအတွင်း၌ မေလ ၂၇ ရက်နေ့ နံနက်ပိုင်းကလည်း တံတားဦးမြို့နယ်၊ ထောက်ရစ်ကျေးရွာမှ ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးဥက္ကဋ္ဌ၊ ကော်မတီ၀င်နှစ်ဦးနှင့်၀န်းရံသူနှစ်ဦး စုစုပေါင်းငါးဦး သေနတ်ဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။
စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါတီ၀င် ၂,၄၀၀ နီးပါး သတ်ဖြတ်ခံထားရ ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးတိုင်း
#သပိတ်ကျင်းမြို့နယ်
#ကြံ့ခိုင်ရေးအမာခံ

Facebook
#မန္တလေးတိုင်း – Explore
explore #မန္တလေးတိုင်း at Facebook
👍18❤7🔥2
ရေးမြို့ ဘေးလမိုင်းကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ကား တိုက်ခိုက်ခံရပြီး စစ်တပ်ကပြန်လည်ပစ်ခတ်၍ အရပ်သားသေဆုံး
====================
ဂျူချန်း
(မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဘေးလမိုင်းကျေးရွာအနီး သံဖြူဇရပ်-ရေး ကားလမ်းမတွင် စစ်ကောင်စီတပ်ဖွဲ့ စီးနင်းလိုက်ပါလာသည့် ကားနှစ်စီးကို ယနေ့ မေလ ၃၀ ရက် နံနက် ၁၁ နာရီကျော်အချိန်တွင် ပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်သည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဘေးလမိုင်း ရွာသားတစ်ဦး သေဆုံးသွားကြောင်း တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့ဝင်ကပြောသည်။
“ဒီကောင်တွေက သေနတ်ပြောင်းကို ရွာတွေဘက်ကိုချိန်ပစ်တာ။ လမ်းဘေးကအိမ်တွေကို ကားပေါ်ကပဲ ပစ်သွားတာ။ တောက်လျှောက်ပစ်တာပါ” ဟု တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့ဝင် က ပြောသည်။
သံဖြူဇရပ်မှ ရေးမြို့သို့ ဆင်းလာသော အင်အား ၃၀ ကျော်ပါသည့် စစ်ကောင်စီတပ်ဖွဲ့၏ ကား နှစ်စီးအား ကြိုတင်သတင်းရရှိချက်အရ ဘေးလမိုင်းကျေးရွာအနီးတွင် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။
အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ကားပေါ်ရှိ စစ်ကောင်စီတပ်သားများက အနီးဝန်းကျင်ရှိ နေအိမ်များအား ပစ်ခတ်ခဲ့သဖြင့် အသက် ၅၀ ဝန်းကျင်အရွယ် အရပ်သားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့ဝင်က ပြောသည်။
နှစ်ဖက်ပစ်ခတ်မှုအတွင်း အရပ်သားတစ်ဦး ကျည်ထိမှန် သေဆုံးခြင်းနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်မှုအသေးစိတ်ကို မသိရှိရသေးကြောင်းနှင့် တော်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့ဘက်တွင် ထိခိုက်မှု တစ်စုံတရာ မရှိကြောင်း သိရသည်။
မေလ ၁၆ ရက်တွင်လည်း လွတ်ရှမ်းကျေးရွာဘက်မှ သံဖြူဇရပ်မြို့ပေါ်သို့ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းအား သံဖြူဇရပ်မြို့နယ် ဇီးနှစ်ပင်ကျေးရွာနှင့် ရဲတံခွန်ကျေးရွာကြားတွင် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ခြုံခိုပစ်ခတ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
သံဖြူဇရပ်- ရေး ကားလမ်းမကို အသုံးပြုပါက မည်သည့်ယာဉ်မျိုးမဆို မှန်ချပြီး မောင်းနှင်ကြရန်နှင့် စစ်ကောင်စီတပ်ယာဉ်တန်းများနှင့် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ယာဉ်များအနီးတွင် သွားလာခြင်း မပြုလုပ်ကြရန် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်ထားသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မွန်ပြည်နယ်
#ရေးမြို့နယ်
#စစ်ကောင်စီတပ်ဖွဲ့
#တိုက်ခိုက်မှု

👍12🔥3❤1😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်ထုတ်လွှင့်မှုများ
========================
https://youtu.be/jiqhInL5G1w
#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
========================
https://youtu.be/jiqhInL5G1w
#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်ထုတ်လွှင့်မှုများ
#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

👍16🤮1🍌1
စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်နေသည့် အဆိုတော် လီလီနိုင်ကျော်အား မြို့ပြပြောက်ကျားတပ်ဖွဲ့က ရှင်းလင်းရာမှ သေဆုံး
👍15❤5👏4😁1