Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်နေသည့် အဆိုတော် လီလီနိုင်ကျော်အား မြို့ပြပြောက်ကျားတပ်ဖွဲ့က ရှင်းလင်းရာမှ သေဆုံး
👍15❤5👏4😁1
စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်နေသည့် အဆိုတော် လီလီနိုင်ကျော်အား မြို့ပြပြောက်ကျားတပ်ဖွဲ့က ရှင်းလင်းရာမှ သေဆုံး
===================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်နေသည့် အဆိုတော် လီလီနိုင်ကျော်အား ရန်ကင်းမြို့နယ်ရှိ နေအိမ်သို့ပြန်လာစဉ် မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ယနေ့ မေလ ၃၀ ရက် ည ၇ နာရီခန့်က ပစ်ခတ်ရှင်းလင်းခဲ့ရာ လက်ရှိအချိန်တွင် ဆေးရုံ၌ ကုသနေရာမှ သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

“သူ့ကိုရှင်းတာ မြို့ပြပြောက်ကျားတပ်ဖွဲ့ကပါ။ ပုံပါအတိုင်း ပစ်ခတ်မှုဖြစ်စဉ် ဟုတ်မှန်ကြောင်း ထောက်လှမ်းရေးတွေဘက်က အတည်ပြုထားပါတယ်။ အမှတ်(၁) တပ်မတော်စစ်ဆေးရုံ (ကုတင် ၁,၀၀၀) မှာ ည ၉ နာရီ ၅၅ မိနစ်က သေပါတယ်။” ဟူ၍ သတင်းရင်းမြစ်များက မဇ္ဈိမ ကို ပြောသည်။

ဖြစ်စဉ်မှာ အဆိုတော် လီလီနိုင်ကျော်သည် ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ (၂) ရပ်ကွက်၊ ရန်အောင်လမ်းရှိ တိုက်အမှတ် ( ၂၆၅ ) နေအိမ်ရှေ့နားတွင် သူမ မောင်းနှင်လာသော Nissan PINO ယာဥ်ပေါ်၌ပင် သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် လက်ယာဘက်ပါးသို့ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“သူက အပြင်ကနေပြန်လာတဲ့ပုံ၊ အဲ့ဒါကို အိမ်ထဲ ဝင်ခါနီးမှာ ကပ်ပစ်လိုက်တာ။ ပစ်တုန်းကတော့ မသေဘူး။ ဆေးရုံခေါ်သွားတယ်ပြောတယ်။ အခုတော့သေပြီဆိုပြီးသတင်းတွေထွက်နေတယ်။” ဟူ၍ ရန်ကင်းမြို့နယ်နေ ဒေသခံတစ်ဦးက ပြောသည်။

အဆိုတော် လီလီနိုင်ကျော်သည် စစ်တပ်ထောက်ခံသူတစ်ဦးဖြစ်ပြီး သတင်းပေးတစ်ယောက်လည်းဖြစ်ကာ အာဏာသိမ်းကာလမှစ၍ တော်လှန်လူငယ်များအား ဖမ်းဆီးရန်တိုင်တန်းမှုများပြုလုပ်ခြင်း၊ ရပ်ကွက်အတွင်း သံပုံးတီးသူများအား Video Record ယူကာ တိုင်တန်းခဲ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအ၀င် စစ်ကောင်စီတပ်မှ စစ်ကားသုံးစီးဖြင့် ည၁၁ နာရီ၀န်းကျင်တွင် သံပုံးတီးသူအားလာရောက် ရှာဖွေဖမ်းဆီးခြင်းများပြုလုပ်ခဲ့သည့် ဖြစ်စဉ်မျိုးရှိခဲ့ဖူးသည်။

ထို့အပြင် ရန်ကင်း ၁၂ လုံးတန်းနှင့် ရွှေအုန်းပင် အိမ်ယာမှ တော်လှန်လူငယ်များသည်လည်း အဆိုတော် လီလီနိုင်ကျော်၏ တိုင်တန်းမှုကြောင့် ဖမ်းဆီးခံခဲ့ရသည့်ဖြစ်စဉ်များလည်းရှိခဲ့သည်။ အာဏာသိမ်းစမှစတင်ကာ ယခုကာလအထိ စစ်ကောင်စီထံသတင်းပေးပို့ခြင်းများ လုပ်ဆောင်နေသော်လည်း ရပ်ကွက်အတွင်း၌ နိုင်ငံရေးမပြုလုပ်သည့်ဟန်ဖြင့် နေထိုင်လျက်ရှိကြောင်းလည်း သိရသည်။

လီလီိနိုင်ကျော်သည် ရန်ကင်းမြို့နယ်၊ မိုးကောင်းမှတ်တိုင်၊ မှတ်တမ်းရုံးတွင် အနေများပြီး လက်ရှိအချိန်တွင် ရန်ကင်း (၂) ရပ်ကွက်၌ ပြန်လည်နေထိုင်ကာ နံနက် ၇ နာရီ အချိန်မတိုင်ခင် နေအိမ်မှ ထွက်သွားတတ်ပြီး ညမိုးချုပ်ကာမှ နေအိမ်သို့ပြန်ဝင်လာတတ်ကြောင်း သိရသည်။ နေပြည်တော်သို့လည်း အသွားအပြန်များရှိတတ်ကြောင်း မြို့ပြပြောက်ကျားအဖွဲ့၏ ပြောပြချက်အရ သိရသည်။

လီလီနိုင်ကျော်သည် မြန်မာသံစဉ်အဆိုတော်တစ်ဦးဖြစ်ပြီး သူမ၏ နာမည်ကြီးသီချင်းတစ်ပုဒ်မှာ အဆိုတော် မိုးမင်းနှင့်တွဲဖက်သီဆိုသည့် “ကျီစားတာလား” သီချင်းဖြစ်သည်။ အဆိုပါ သီချင်း၏အောင်မြင်မှုမှာ ယနေ့အချိန်အခါထိ သင်္ကြန်ကာလ၌ အမြဲတစေဖွင့်၍ နားထောင်တတ်ကြသော ပရိသတ် လက်ခံကြိုက်နှစ်သက်သည့် သီချင်းမျိုးဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မြန်မာသံစဉ်အဆိုတော်
#လီလီနိုင်ကျော်
#ရန်ကင်းမြို့နယ်
#သင်္ကြန်ကာလ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍30👏5❤3🥴3
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ မေ ၃၁ ရက်၊ ၂၀၂၃ | VOA on Mizzima
===================

အမေရိကန်နိုင်ငံထဲကို ပြည်ပကနေ ဖန်တနောမူးယစ်ဆေးတွေ ဝင်မလာအောင် တားဆီးနိုင််ဖို့ အမိမြေလုံခြုံရေးဌာနက AI တုပဉာဏ်ရည်သုံး ရှာဖွေ၊ ကမ္ဘာပေါ်က စစ်ပွဲတွေ၊ ဘဏ္ဍာရေး ပြဿနာတွေက အမေရိကန်လယ်သမားတွေပေါ် ဘယ်လို ရိုက်ခတ်မှုရှိပါလဲ၊ စတဲ့ နိုင်ငံတကာ သတင်းဆောင်းပါးတွေအပြင်၊ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ မေ ၃၁ ရက်၊ ဗုဒ္ဓဟူးမနက် မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/FIwJcBgkukQ

#VOA
#MizzimaTv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1
မူးယစ်မှောင်ခို ဉာဏ်ရည်တုနဲ့ဖမ်းနိုင်ဖို့ ကန်ကြိုးစား | VOA on Mizzima
===============

အမေရိကန် အမိမြေလုံခြုံရေး ဌာနဟာ မော်ဖိန်းထက် အစွမ်းထက်တဲ့ Fentanyl မူးယစ်ဆေးကို AI ဉာဏ်ရည်တုကိုသုံး ထောက်လှမ်းပြီး နိုင်ငံထဲဝင်မလာအောင်တားဆီးနိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေပါတယ်။ VOA သတင်းထောက် Julie Taboh ပေးပို့တဲ့ သတင်းကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။ 

https://youtu.be/s57rWKQ7UFw

#VOA
#MizzimaTv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤1🔥1
မေလ (၃၁) ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=============================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကြောင့် စားနပ်ရိက္ခာ မလုံလောက်မှုအတွက် အထူး စိုးရိမ်ရဟု ကုလသတိပေးလိုက်တဲ့ သတင်း

နဲ့အတူ ယင်းမာပင်မြို့နယ်တွင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့်လမ်းကို ပြုပြင်နေစဉ် လေကြောင်းတိုက်ခိုက်ခံလိုက်ရတဲ့ သတင်းတွေအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်း၊စီးပွာရေးသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍတွေအနေနဲ့ကနေ့အတွက် သတင်းသုံးသပ်ချက်ကိုနားဆင်ရမှာဖြစ်ပြီး “မရွှေမိုးရဲ့လေးညှို့သံ”ဆောင်းပါးအစီအစဉ်ကို နားဆင်ကြရမှာပါ။

https://youtu.be/UgGH5u6bbzo

#Mizzimaradio
#Morningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥2❤1🖕1
ကန် လယ်သမားတွေပေါ် ကမ္ဘာ့အဖြစ်အပျက်များ သက်ရောက်မှု | VOA on Mizzima
=======================

ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ် ဒုတိယနှစ်ထဲဝင်ရောက်လာချိန်မှာ စိုက်ပျိုးရေး စားရိတ်တွေကြောင့် အမေရိကန်စိုက်ပျိုးရေးသမားတွေအနေနဲ့ စိုးရိမ်ပူပန်နေကြချိန်မှာ အတိုးနှုန်း တိုးမြှင့်သတ်မှတ်တဲ့ အခြေအနေကိုလည်း ရင်ဆိုင်နေရပါတယ်။ ကမ္ဘာ့အရေးအခင်းတွေကြောင့် မသေချာမရေရာတဲ့ အနေအထားအောက်မှာ စိုက်ပျိုးရေးရာသီအစ လယ်သမားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေကို VOA သတင်းထောက် Kane Farabaugh သတင်းပေးပို့ထားပါတယ်။. ကိုအောင်အောင် တင်ပြပေးထားပါတယ်။

https://youtu.be/8KWTeML63lk

#VOA
#MizzimaTv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥1😁1
စစ်ကောင်စီလက်ထက် ကမ္ဘာ့အညွှန်းကိန်းအနိမ့်ဆုံး ၁၀ နိုင်ငံစာရင်း ဝင်သွားတဲ့ မြန်မာနိုင်ငံ
==========================

အာဏာကို အဓမ္မလုယူထားတဲ့ စစ်ကောင်စီလက်ထက် မြန်မာနိုင်ငံရဲ့ အခြေအနေကတော့ အဆိုးတကာ့ အဆိုးဆုံးကို ရောက်နေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ကမ္ဘာ့အညွှန်းကိန်းတွေဟာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီး အာရှမှာ အန္တရာယ် အရှိဆုံးနိုင်ငံဖြစ်လာပါပြီ။

မြန်မာနိုင်ငံဟာ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံထဲမှာ ဝင်သွားပြီ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်ထက် ၂ နှစ်ကျော် အတွင်းမှာ သတင်းလွတ်လပ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်တွေ ဆိတ်သုဉ်းသွားပြီး အဂတိလိုက်စားမှု အများဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။

https://youtu.be/YYmb0fr9SQw

#Politics
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16🔥3❤1😢1
ပတ်ဝန်းကျင်ကို အထောက်အကူဖြစ်တဲ့ ဌာနေမျိုးရင်း စိုက်ပျိုးပင် | VOA on Mizzima
========================

အမေရိကန် ပြည်ထောင်စု ၊ မေရီလန်းပြည်နယ်မှာ ရပ်ကွက် အိမ်ယာ စီမံခန့်ခွဲရေး HOA အသင်းက ပြဌာန်းထားတဲ့ လမ်းဘေး နေအိမ်ဝိုင်း ရှေ့မျက်နှာစာတွေမှာ မြက်ခင်းစိမ်းအစား တခြားအပင်တွေကို စိုက်ပျိုးခွင့်မရှိဘူးဆိုပြီး ပြဌာန်းထားတဲ့ ဥပဒေကို သဘာဝ ပတ်ဝန်ကျင် ထိမ်းသိမ်းတဲ့ ဇနီးမောင်နှံက ပြောင်းလဲလိုက်ပါတယ် ။ ဒီအကြောင်း VOA သတင်းထောက် Dora Mekouar က သတင်းပေးပို့ ထားတာကို ကိုခင်မောင်စိုးမင်း က ပြောပြမှာပါ။

https://youtu.be/C4fh8aabgaU

#VOA
#MizzimaTv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥2❤1
​​Mizzima's Reader Satisfactory Survey
================

မကြာတော့မယ့်ကာလမှာ မဇ္ဈိမမီဒီယာရဲ့ မီဒီယာခရီးလမ်းဟာ ၂၅နှစ် ပြည့်တော့မှာဖြစ်ပါတယ်. ၂၅နှစ်တိုင်တိုင် နေ့စဥ်မပြတ် တင်ဆက်ပေးခဲ့သည့် မဇ္ဈိမရဲ့သတင်း‌များအတွက် ဖတ်ရှုသူ ပရိသတ်များဆီက ထင်မြင်အကြံပြုချက်များ တောင်းခံလိုက်ပါရစေ.

ပရိသတ်ထံမှရရှိသော အကြံပြုချက်များ အပေါ်အခြေခံ၍ မဇ္ဈိမ၏ အားသာချက်၊ အားနည်းချက်များကို နားလည်သဘောပေါက်စေပြီး ပိုမိုကောင်းမွန်တဲ့ အစီအစဥ်ကောင်းတွေကို တင်ဆက်ပေးနိုင်မှာပဲဖြစ်ပါတယ်.

ဒါကြောင့် ၃ မိနစ်သာကြာတဲ့ survey အစီအစဥ်မှာ ပါ၀င်ပေးဖို့ဖိတ်ခေါ်လိုက်ပါရစေ. Survery မှာ သင့်အကြံပြုချက်များပေးဖို့ အောက်ပါလင့်ကိုနှိပ်ပါ.

https://forms.gle/Xqa7xEUnEucuADAz7

#mizzimasurvey
#mizzima25anniversary
👍11🔥1😁1
မေလ ၃၁ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံဖို့ကမ်းလှမ်းမှုကို တရုတ်ကငြင်းပယ်ခဲ့ကြောင်း ပင်တဂွန်ပြော

https://www.facebook.com/reel/6964639653549356

#internationalnews #reels #shorts #American
😁10
​​မြန်မာဆိပ်ကမ်းစီမံကိန်း ရောင်းချမှုကြောင့် ကုမ္ပဏီ၏ အကျိုးအမြတ်အပေါ် ထိခိုက်ဟု အိန္ဒိယ၏ Adani Ports ထုတ်ဖော်
=====================

မြန်မာဆိပ်ကမ်း စီမံကိန်း ရောင်းချမှုမှ ဖြစ်ပေါ်လာသော အရှုံးများက ကုမ္ပဏီ၏ စတုတ္ထသုံးလပတ် အကျိုးအမြတ်အပေါ် သက်ရောက်ထိခိုက်စေခဲ့ကြောင်း အိန္ဒိယ၏ လုပ်ငန်းစုံကုမ္ပဏီကြီး Adani Group ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Adani Ports and Special Economic Zone Ltd က မေလ ၃၀ ရက်တွင် ပြောသည်။
😁8👍5