Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မေလ (၃၁)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=========================

01:03 - စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အဆိုတော် လီလီနိုင်ကျော်ကို မြို့ပြပြောက်ကျားတပ်ဖွဲ့က ရှင်းလင်းရာမှ သေဆုံးတဲ့သတင်း

02:30 - စစ်ကောင်စီကို ICC မှာ လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ တရားစွဲဆိုတာကို ထောက်ခံတယ်လို့ OIC အကြီးအကဲ ပြောတဲ့သတင်း

06:09 - ယင်းမာပင်မြို့နယ်မှာ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့လမ်းကို ပြုပြင်နေစဉ် လေကြောင်းတိုက်ခိုက်ခံရတဲ့သတင်း

07:19 - ဖယ်ခုံနဲ့ ပင်လောင်းမှာ ၃ ပတ်အတွင်း ကိုယ်ဝန်ဆောင်နဲ့ ကလေးသူငယ်အပါအဝင် ၃ ဦး သေဆုံးတဲ့သတင်း အပါအဝင်တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာပါခင်ဗျာ။

https://youtu.be/XZIweLBvm-Y

#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13😁1🤮1
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်ကိုယ်စားလှယ်အပါအဝင် မြောက်ပိုင်းသုံးဖွဲ့နှင့် စစ်ကောင်စီ တွေ့ဆုံရန်ရှိ

Watch more detail -
https://youtu.be/HOXbco806kc

#တရုတ် #စစ်ကောင်စီ #VideoNews #shorts #reels
🤮9🔥2👍1👎1
မုံရွာတွင် စစ်ကောင်စီယာဉ်တန်း ပဒေသာမိုင်းဖြင့် ၂ရက်ဆက် တိုက်ခိုက်ခံရ၊ ယနေ့ စစ်ကောင်စီ အင်အားဖြည့်တင်းနေ
====================

လွမ်းမိုး
မဇ္ဈိမ။ ။ မုံရွာမြို့မှ ချောင်းဦးမြို့ဘက်သို့ ရိက္ခာပို့သွားသည့် စစ်‌ကောင်စီယာဉ်တန်းကို မုံရွာမြို့ အထွက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ထိခိုက်မှုများခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

မေလ ၂၉ ရက် ညနေ၄ နာရီခန့်က ကားသုံးစီးပါ စစ်ကောင်စီယာဉ်တန်းကို မုံရွာခရိုင် အမှတ်-၅ တပ်ရင်း Aung San Force နှင့် The Brightness အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဟု သိရသည်။
“ ပဒေသာမိုင်းတွေနဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ရန်သူ စစ်ကောင်စီတပ်သားတွေ အထိအခိုက် ရှိနိုင်ပေမဲ့ အသေးစိတ်မသိရသေးဘူး” ဟုAung San Force တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် ဒဏ်ရာရသူများအား စစ်ကောင်စီက အခြားကားတစ်စီးပေါ်သို့ စွဲတင်သွားသည်ကို တွေ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

မေလ ၂၈ ရက် ညကလည်း စစ်ကိုင်းမှ မုံရွာမြို့ဘက်သို့ ထွက်ခွါလာသည့် ကားခုနှစ်စီးပါ စစ်ယာဉ်တန်းကို မုံရွာမြို့ အဝင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု Aung San Forceကဆိုသည်။ ယင်းတိုက်ခိုက်မှုတွင်လည်း ပဒေသာမိုင်းဖြင့် ထိထိမိမိမိုင်းဆွဲနိုင်ခဲ့သည့်အတွက် ကားတစ်စီးပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ အပြင်းထန်ဒဏ်ရာရသွားကြောင်း Aung San Forceက ထုတ်ပြန်ထားသည်။

ထို့အပြင် မေလ ၂၈ ရက် ညနေက မုံရွာမြို့အဝင်သို့ ရောက်ရှ်ိလာသော စစ်ကောင်စီတပ်သားများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ကြား ၁၀ မိနစ်ခန့်ကြာတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီတပ်သည် ယနေ့ မေလ ၃၁ရက်နံနက်ပိုင်းတွင် မုံရွာမြို့နယ်အတွင်း ကားနှစ်စီးဖြင့် အင်အားဖြည့်တင်းနေ၍ ပြည်သူများ သတိပြုနေထိုင်ကြရန် မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးထားသည်။

https://youtu.be/iGN3_1ijuXc

စာတည်း - မောင်ကြီး

#mizzima
#မုံရွာ
#ချောင်းဦး
#စစ်‌ကောင်စီယာဉ်တန်း
#ပဒေသာမိုင်း
#ဖောက်ခွဲတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9👍3🔥3
ယင်းမာပင်ခရိုင် တပ်ရင်း (၂၃) PDF သင်တန်းဆင်းပွဲကျင်းပ
======================

KMN
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း (၂၃) ၊ KMK သွေးသစ် တပ်ခွဲ(၃) ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တစ်လသင်တန်းဆင်းပွဲကို ယမန်နေ့၊မေလ ၃၀ ရက်က ကနီမြို့နယ် တောတွင်း တစ်နေရာ၌ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ PDF တစ်လသင်တန်း၌ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) ထံမှသင်တန်းဆင်းလာခဲ့သော ရဲဘော်(၅)ဦးမှ KMK သွေးသစ် တပ်ခွဲ(၃) ၏ PDF ရဲဘော်(၁၂)ဦး၊ PDFရဲမေ (၁၂)ဦး ကို စစ်ရေးဆိုင်ရာ သင်တန်းပြန်လည်ပို့ချပေးခဲ့ကြခြင်းဖြစ်ကြောင်း သင်တန်းဆင်းပွဲတွင်ပါဝင်ခဲ့သူတစ်ဦးက မဇ္ဈိမ ကိုပြောကြားသည်။

၎င်းအပြင် သင်တန်းဆင်းပွဲ၌ ဆုရရှိကြသော သင်တန်းသူ ၊ သင်တန်းသားများအား ဆုချီးမြှင့်ခြင်း ၊ ကြွရောက်လာကြသော တော်လှန်ရေးအင်အားစုများကအားပေးစကားပြောကြခြင်းများ ပြုလုပ်ခဲ့ကြပြီး ကြွရောက်လာကြသော မိဘပြည်သူများကလည်း အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
# PDF သင်တန်းဆင်းပွဲ
#ယင်းမာပင်ခရိုင်

Photo - Pyae Aung Naing Kani
❤20👍5🔥2
Forwarded from Mizzima+ TV Channel
This media is not supported in your browser
VIEW IN TELEGRAM
ဂျီဟတ်ဝါဒီ ၂၃ ဦးကို လစ်ဗျားတရားရုံးက သေဒဏ်ချမှတ်

#internationalnews #reels #shorts
👍9🔥3👏2
​​မိုခါ နောက်ဆက်တွဲ မုတ်သုံချည်းကပ်လာ၍ အချိန်က စိုးရိမ်စရာ အရေးကြီးနေ
======================

မိုခါဆိုင်ကလုန်းမုန်တိုင်းအပြီး အရေးကြီးတဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီတွေကို နှောင့်နှေးအောင်နဲ့ ပိတ်ဆို့ထားနိုင်အောင် မြန်မာစစ်ကောင်စီရဲ့ ရှုပ်ထွေးပြီး ကဖျက်ကယက်နိုင်တဲ့ အားထုတ်မှုတွေကြောင့် မြန်မာနိုင်ငံမှာ သဘာဝဘေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှု ပေါင်းစုံကြုံတွေ့နေရတာဟာဆိုရင် စိတ်သောကဖြစ်စရာ အခင်းအကျင်းအဖြစ်နဲ့ ရှိနေပါတယ်။
👍5😢4🔥3
​​ဖိလစ်ပိုင်တွင် ရေဒီယိုဂျာနယ်လစ် ၁ ဦး အသတ်ခံရ
=======================

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းတွင် မေလ ၃၁ ရက်က ရေဒီယို အစီအစဉ် တင်ဆက်ဆွေးနွေးသူတစ်ဦး ၎င်း၏ နေအိမ်အပြင်ဘက်၌ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ထိုဖြစ်စဉ်သည် နိုင်ငံတွင် ဂျာနယ်လစ်များ အသတ်ခံရမှုများ၏ ရှည်လျားသည့်စာရင်းတစ်ခုတွင် နောက်ထပ် ဖြစ်ပေါ်လာသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။
👍5👎1🔥1
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းလေယာဥ်ကွင်းတွေအပါအ၀◌င် ပစ်မှတ်အားလုံးကို ထိမှန်ခဲ့ကြောင်း ရုရှားပြော

https://www.facebook.com/reel/240966538557407/?s=single_unit

#Internationalnews #Mizzima #Ukraine #Russia #Reels #Shorts
😁3👍2👏2🤬1
ကျုံဒိုးမှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ အရပ်သား ထိခိုက်၊ သေဆုံးမှုရှိ
🤬4🔥2😭2
ကျုံဒိုးမှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ အရပ်သား ထိခိုက်၊ သေဆုံးမှုရှိ
=====================

YT
(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒုံးမြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်များသည် ယခင်ကထက် နေ့ရော၊ ညပါ ခပ်စိပ်စိပ် ရှိလာနေပြီး အရပ်သား ထိခိုက်၊ သေဆုံးမှုများလည်း ရှိနေကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

မေလ ၃၀ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်မှစ၍ ကျုံဒိုးမြို့ အခြေစိုက် ခမရ (၅၄၅) တပ်မှ လက်နက်ကြီးများဖြင့် နီးစပ်ရာများသို့ ဦးတည်ရာမဲ့ ပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးကျည်ထိမှန်ပြီး ကျုံဒိုးမြို့၊ သရက်တောကျေးရွာမှ ဒေသခံတစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

" ညောင်ရိပ်နဲ့ ကမ်းနီသွားတဲ့လမ်း၊ သရက်တောရွာ အပြင်ဘက် ဘုရားနှစ်ဆူနားမှာ လက်နက်ကြီးကျတာ၊ လမ်းပေါ်မှာ လူက၊ လူနာဆေးခန်းသွားပို့ရင်း အပြန်ဘေးတွဲဆိုင်ကယ် မောင်းပြီးပြန်လာတော့ လမ်းမှာထိတာ" ဟု ကျုံဒိုးမြို့ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
သေဆုံးသွားသူသည် အသက် (၅၀) ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး လူနာသွားပို့ရာမှ ဘေးတွဲဆိုင်ကယ်မောင်း၍ ပြန်လာစဉ် သရက်တောကျေးရွာ အပြင်ဘက် ဘုရားနှစ်ဆူ အနီးအရောက်မှာ လက်နက်ကြီးကျည်ထိမှန်သေဆုံးသွားခြင်းဖြစ်ကြောင်း နောက်ထပ် ဒေသခံတစ်ဦးကလည်း ပြောသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့၊ ည ၈ နာရီအချိန်ကလည်း ကျုံဒိုးမြို့ အခြေစိုက် ခမရ (၅၄၆) တပ်မှ ကော့ကာကျေးရွာအတွင်းသို့ ၁၂၀ မမ၊ ၁၀၅ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးအမျိုးအစားများဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်ခြောက်လုံး ပျက်စီးသွားသည်ဟု KNU တပ်ဟာ (၆) က မေလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။

ထိုလက်နက်ကြီးကြောင့် ဒဏ်ရာရသူများမှာ ကျုံဒိုးမြို့နယ်၊ ကော့ကာကျေးရွာမှ အသက် ၅၇ နှစ်အရွယ်ရှိ ဒေါ်သိန်းရွှေ၊ အသက် ၁၅ နှစ်အရွယ် စောထိန်လင်းအောင်နှင့် အသက် ၂၁ နှစ်အရွယ်ရှိ နော်အေးမာန်ထက် တို့ဖြစ်ပြီး ဒဏ်ရာမစိုးရိမ်ရကြောင်း သိရသည်။
ထို့အပြင် မေလ ၂၈ ရက်နေ့၊ ည ၁၀ ဝန်းကျင်ကလည်း ကော့ကရိတ်မြို့နယ်၊ မြောက်ပိုင်းရှိ သုံးထပ်ကွေ့ ဝါးစခန်း၊ စေတီကုန်းသို့ စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဘုရားကုန်းရှိ စေတီများ၊ ဘုရားရုပ်တုများနှင့် ဘုန်းကြီးကျောင်း အဆောက်အအုံများ ပျက်ဆီးခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်ရှိ ကော့ကရိတ် မြို့နယ်နှင့် ကျုံဒိုးမြို့အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က နေ့ညမရွေး လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်နေကြောင်း ဆိုသည်။

"လအတော်ကြာပြီ၊ တိုက်ပွဲဖြစ်တာမရှိဘဲ သူတို့ နေ့ရောညပါ ထုချင်တဲ့ အချိန် ထထုနေကြတာ၊ ဒေသခံပြည်သူတွေက ဘာမှ မပြောရဲကြတော့ဘူးလေ ဒီအချိန်၊ သိရသလောက်တော့ မနေ့ည ကတည်းကနေ ဒီနေ့အထိ ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီတစ်နယ်လုံးကို လက်နက်ကြီးနဲ့ ထုနေတာ၊ လေကြောင်းတော့ ပုံမှန်ရှိနေတယ်" ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် မေလ၂၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ကျိုက်ဒုံမြို့နယ်၊ ရပ်ကွက် (၁) ရှိ နေအိမ်တစ်အိမ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုအိမ်တွင် နေထိုင်သော အသက် (၁၅) နှစ်အရွယ် စောသန်းနိုင်ဦးသည် လည်ပင်းတွင် ကျည်ဖောက်ဝင် ဒဏ်ရာဖြင့် နေရာ၌ပင် သေဆုံးခဲ့သည်။

၎င်း၏ ညီငယ်ဖြစ်သူ အသက်ခုနစ်နှစ်အရွယ်ရှိ မောင်စန်းဦး၏ ခန္ဓာကိုယ်၌လည်း လက်နက်ကြီးစထိမှန် ဒဏ်ရာရခဲ့သည်။

စာတည်း။ ။ နောင်နောင်

#ကျုံဒိုးမှာစကစလက်နက်ကြီးပစ်
#အရပ်သားသေ
#ကော့ကရိတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢6😁2👍1🔥1🤬1
စစ်ကောင်စီတပ်သားအင်အား ၂ သိန်းခွဲအောက်သာရှိကြောင်း NUG ထုတ်ပြန်
====================

အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်အင်အားဟာ အများဆုံး ၂ သိန်း၄ သောင်းဝန်းကျင်သာရှိတော့တယ်လို့ NUG အစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီရဲ့ တပ်သားအင်အားဟာ တိုက်ခိုက်ရေးတပ်တွေ နဲ့ လက်ရုံးတပ်တွေ ပေါင်းမှ နှစ်သိန်းနှစ်သောင်း ကျော်ကနေ နှစ်သိန်းလေးသောင်း ကြားမှာပဲ ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားတာဖြစ်ပါတယ်။

https://youtu.be/I-FpxmVOnyU

#Political News
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁4👏3
ထားဝယ်မြို့တွင် ညကင်းလှည့်နေသည့် စစ်ကောင်စီတပ် ပစ်ခတ်၍ ခွေးစာကျွေးနေသည့် အမျိုးသား ၂ ဦးသေဆုံး
🤬4🔥3😢1
ထားဝယ်မြို့တွင် ညကင်းလှည့်နေသည့် စစ်ကောင်စီတပ် ပစ်ခတ်၍ ခွေးစာကျွေးနေသည့် အမျိုးသား ၂ ဦးသေဆုံး
====================

ကိုရွှေမြိတ်
မဲဆောက် (မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း ၊ ထားဝယ်မြို့ပေါ်တွင် ယမန်နေ့ မေလ ၃၀ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်၍ ခွေးစာကျွေးနေသည့် ဒေသခံ အမျိုးသား နှစ်ဦးသေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

ထားဝယ်မြို့နယ်၊ ဇရစ်ရပ်ကွက် နေ အသက် ၂၀ နှစ်နှင့် ၂၀ နှစ် ဝန်းကျင်ရှိ လူငယ် အမျိုးသား နှစ်ဦး သည် ဘုမ္မော်ရပ်ကွက်နှင့် စောမိညိုလမ်းဆုံတွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်ဟု ဘုမ္မော်ရပ်ကွက်နေ ဒေသခံ အမျိုးသား တစ်ဦးက ပြော သည်။

ဘုမ္မော်ရပ်ကွက်နေ ဒေသခံ တစ်ဦးက“ညက ပစ်ခတ်မှုမှာ သေနတ် အချက်ရေ ၅၀ နီးပါးလောက် ရှိတယ်။ ပေါက်ကွဲသံမျိုးတော့ မဟုတ်ဘူး။ ပုံမှန် နေ့တိုင်း ခွေးတွေ အစာလာကြွေးနေတဲ့ လူငယ် နှစ်ဦးကို ပစ်ခတ်လိုက်တယ်လို့ သိရတယ်”ဟု ပြော သည်။
ဘုမ္မော်ရပ်ကွက်နှင့် စောမိညိုလမ်းဆုံ တစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ ကင်းပုန်းဝပ်နေသည့် နေရာလည်း ရှိကြောင်း ဒေသခံများထံက သိရသည်။

“ညဘက် သွားလာသူတွေကို သူတို့ တမင် သက်သက်မဲ့ ပစ်ခတ်တာမျိုးပါ ။ UG တွေလည်း မဟုတ်ပါဘူး”လို့ ထားဝယ်မြို့ခံ နောက် တစ်ဦးက ပြော သည်။

လက်ရှိတွင်သေဆုံးခဲ့သည့် အမျိုးသား နှစ်ဦး၏ အလောင်းကို မိသားစုဝင်များထံ စစ်ကောင်စီက ပို့ဆောင်ပေးခြင်း ရှိ၊ မရှိကို စုံစမ်းနေဆဲဖြစ် သည်။

#Mizzima
#အမျိုးသား ၂ ဦးသေဆုံး
#ထားဝယ်မြို့
(ပုံ) ထားဝယ်မြို့နဲ့ သက်ဆိုင်သော ပုံများ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬12👍3🔥2😁2