Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ရွှေဘိုတွင် စစ်ကြောင်းထိုးရန် ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ အထိအခိုက်မသိရသေး
=================

ရောင်နီ
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်တွင် စစ်ကြောင်းထိုးရန်ထွက်လာသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Black Wolf Army တပ်ဖွဲ့တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။

ယမန်နေ့ မေလ ၃၀ ရက်၊ ညနေ ၆ နာရီခွဲ၀န်းကျင်အချိန်က ရွေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ်၊ ဆယ့်သုံးမိုင်ကျေးရွာမှ စစ်ကြောင်းထိုးရန် ထွက်ခွာလာသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်ကို ၀က်လက်မြို့နယ်၊ စခန်းသာကျေးရွာအရောက်တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ အင်အား ၅၀ လောက်နဲ့ စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ၀က်လက် စခန်းသာ ကျေးရွာအရောက်မှာ ဒရုန်း တိုက်ခိုက်ခဲ့တာပါ။ ဗုံးသီး ခုနစ်လုံးချပြီး တိုက်ခိုက်တာ ဖြစ်ပါတယ် ” ဟု Black Wolf Army တပ်ဖွဲ့တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။
ဗုံးသီးချ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ ထိခိုက်မှုရှိနိုင်သော်လည်း အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း ၄င်းက ဆိုသည်။

ထို့အပြင် မေလ ၂၈ ရက်နေ့ကလည်း ၀က်လက်မြို့နယ်၊ ဟန်လင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။
“ ၀က်လက်နယ်၊ ဟန်လင်းရွာမှာ တပ်စွဲတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးသီးလေးလုံးချ တိုက်ခိုက်ခဲ့တာမှာ သူတို့ရဲ့ နေရာတချို့ပျက်စီးပြီး ဘန်ကာတစ်ခု ပွင့်ထွက်သွားတယ်။” ဟု Black Wolf Army တာ၀န်ရှိသူက ဆက်ပြောသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာထိခိုက်ပျက်စီးမှုများ အပြင် တပ်သား လေးဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းအပြင် မေလ ၁၆ ရက် ရက်နေ့ကလည်း ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတွင် စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ် သုံးဦးသေဆုံးခဲ့ကြောင်းလည်း Black Wolf Army က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုများကို Black Wolf Army တပ်ဖွဲ့ နှင့်အတူ Who Am I Army၊ ပြည်သူ့အစေခံတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှု အခြေအနေနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုချက်ရယူနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

ရွှေဘိုခရိုင်အတွင်း အခြေစိုက်ကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများ ပြုလုပ်နေသည့် Black Wolf Army က “ နွေပူအညာမဲ ဝံပုလွေအောင်ပွဲ" အမည်ဖြင့် ကမ်ပိန်းတစ်ခုကိုလည်း ပြုလုပ်နေသည်။
အဆိုပါ ကမ်ပိန်းမှ မဲလက်မှတ်တစ်စောင်ကို မြန်မာကျပ်ငွေ တစ်သောင်းခွဲဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ပြီး ရရှိလာသည့် အလှူငွေများအား စစ်လက်နက်၀ယ်ယူ ဖြည့်တင်းရာတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

“ "နွေပူအညာက ဝံပုလွေစနိုက်ပါ" ရက် ၃၀ Campaign ကတော့ မအောင်မြင်ခဲ့ပါဘူး။ အခု ထပ်လုပ်မယ့် ကမ်ပိန်းတော့ အောင်မြင်ဖို့ မျှော်လင့်ပါတယ်။ ပြည်သူတွေ ပါ၀င်လှုဒါန်းပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု တပ်ဖွဲ့ တာ၀န်ရှိသူက ပြောသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနီးတ၀ိုက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ၀င်ရောက်ကာ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေပြီး ဖမ်းဆီးခံရမှုများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို Black Wolf Army နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက မေလ ၁ ရက်နေ့မှ မေလ ၃၀ ရက်နေ့အထိ တိုက်ခိုက်မှုအကြိမ် ၂၀ ကျော် ပြုလုပ်ခဲ့ကြောင်း မဇ္စျိမကို ပြောကြားထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
# Black Wolf Army
#ဒရုန်းဖြင့်တိုက်ခိုက်ခံရ
#ရွှေဘိုမြို့
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19😁2❤1
သံတောင်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၀ နှစ်အောက် ကလေးငယ် ၂ ဦး အပါအ၀င် ၅ ဦး ဒဏ်ရာရ
🔥7😢5😁1
သံတောင်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၀ နှစ်အောက် ကလေးငယ် ၂ ဦး အပါအ၀င် ၅ ဦး ဒဏ်ရာရ
========================

YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်တစ်ဝိုက်တွင် စစ်ကောင်စီတပ်များ​၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ၁၀ နှစ်အောက် ကလေးငယ်နှစ်ဦး အပါအ၀င် ငါးဦးဒဏ်ရာရကာ ဒေသခံများ၏ နေအိမ် နှင့် ဆေးခန်း ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ရှိနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံက သိရသည်။

ယနေ့ မေလ ၃၁ ရက်၊ နေ့လယ် ၁ နာရီ ဝန်းကျင်တွင် သံတောင်မြို့ ၁၃ မိုင်ရှိ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးကျည်များကို ဘောဂလိမြို့အတွင်းဘက်သို့ ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်ထိမှန်၍ ၁၀ နှစ်အအောက် ကလေးငယ်နှစ်ဦးနှင့် မိခင်ဖြစ်သူ ထိခိုက်ဒဏ်ရာရခဲ့ကာ ၎င်းတို့​၏ နေအိမ် ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

" ဘောဂလိမြို့ထဲ မွန်းလွဲတစ်နာရီမှာ စစ်ကောင်စီက လက်နက်ကြီးပစ်ချတယ်။ ကလေးအမေတစ်ယောက်နဲ့ ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်" ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
ထို့အပြင် ယမန်နေ့ မေလ ၃၀ ရက်နေ့နှင့် မေလ ၂၉ ရက်နေ့ ညနေပိုင်းကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သံတောင်မြို့ ၁၃ မိုင် စစ်ကောင်စီတပ်နှင့် ခုနစ်မိုင်စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သံတောင်မြို့ ၁၃ မိုင်၊ ရပ်ကွက် (၄) တွင် နေထိုင်သော ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ တောင်ငူဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

" ၃၀ ရက်နေ့က စစ်မဖြစ်တော့ဘဲနဲ့ တပ်စခန်းက လှမ်းထုတာ။ ခြောက်ခန်းတွဲ ရပ်ကွက် (၄) ထဲကျပြီး လူငယ်တစ်ဦးကိုထိတယ်။ အဲ့ဒီလူငယ်က ပြင်းထန်ဒဏ်ရာနဲ့ တောင်ငူကို ပို့ထားရတယ်။ အဲ့ဒီလူငယ်ရဲ့ အိမ်ကလည်း ပထမတစ်ခေါက်ပစ်တုန်းက အိမ်ထိထားသေးတယ်။ ၂၉ ရက်နေ့ညက ရပ်ကွက် (၄)က ဒေသခံတစ်ယောက် ဒူးထိတယ်။ သူ့သား နားပင်းသွားတယ်" ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

သံတောင်မြို့ ၁၃ မိုင်တွင် ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်မှစတင်၍ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားလာခဲ့ပြီး သံတောင်မြို့ ၁၃ မိုင် စစ်ကောင်စီတပ်စခန်း၊ ဘုရင့်နောင်တပ်မြို့၊ ခုနစ်မိုင် စစ်ကောင်စီစခန်း၊ ၁၆ မိုင် စခန်း၊ ခလရ-၁၂၄ တို့မှ လက်နက်ကြီးများဖြင့် ကျေးရွာ၊ ရပ်ကွက်များအတွင်း နေ့ညမရွေး ပစ်ခတ်မှုများ ဖြစ်ပွားနေခဲ့ခြင်းဖြစ်သည်။

" ထိတွေ့မှုတွေ ဖြစ်ပြီးသွားတာနဲ့ ခုနစ်မိုင်တပ်စခန်းကုန်းကနေ လက်နက်ကြီးတွေပစ်လို့ ငွေတောင်ကလေးမှာ ဆေးခန်းတွေထိထားတာရှိတယ်။ သံတောင်ကြီး ၁၂၄ တပ်ရင်း၊ ဘုရင့်နောင်တပ်ကနေ လက်နက်ကြီးတွေ ၁၂၀ မမတွေ ပစ်တယ်။ အများကြီးပါပဲ အိမ်တွေထိထားတာလည်းရှိတယ်။ ပျက်စီးသွားတဲ့အိမ်တွေလည်းရှိတယ်" ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။
သံတောင်မြို့ တစ်ဝိုက်တွင် စစ်ကောင်စီ​၏ လက်နက်ကြီးကြောင့် ကျေးလက်ဆေးပေးခန်းတစ်ခုပျက်စီးခဲ့ရပြီး ဒေသခံများ​၏ နေအိမ်ပျက်စီးမှုများရှိသော်လည်း လက်ရှိအနေအထားအရ ပျက်စီးမှုအရေအတွက်အား အတည်ပြုရန်ခက်ခဲကြောင်း ဆိုသည်။

သံတောင်မြို့ ၁၃ မိုင်မှ ဒေသခံအများစုသည် နှစ်ဖက်ထိတွေ့တိုက်ပွဲများ၊ စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှု၊ ဒေသခံများအား ဖမ်းဆီးမှုတို့ကြောင့် နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာဒေသများတွင် စစ်ဘေးရှောင်နေကြပြီး ဒေသခံအချို့သာ ၎င်းတို့​၏ နေအိမ်များတွင် ပြန်လည်နေထိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#သံတောင်ကြီးမြို့
#၅ ဦး ဒဏ်ရာရ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10👍5🔥2👏1
​​ကိုဆိုဗိုနဲ့ ပတ်သက်ပြီး ဂျိုကိုဗစ် မက်ဆေ့ချ်ကို ပြင်သစ်အားကစားဝန်ကြီး ရှုတ်ချ
====================

ရိုလန်ဂါရို့စ်ရဲ့ အဖွင့်ပွဲမှာ အနိုင်ရအပြီး နိုဗက်ဂျိုကိုဗစ်က ကိုဆိုဗိုဟာ "ဆားဘီးယားရဲ့ နုလုံးသားမှာရှိတယ်"လို့ မက်ဆေ့ချ်ရေးခဲ့ပြီးနောက် ပြင်သစ်အားကစားဝန်ကြီးက သူ့ကို ဗုဒ္ဓဟူးနေ့မှာ ရှုတ်ချလိုက်ပါတယ်။

ဘယ်ဂရိတ်မှာ မွေးဖွားခဲ့တဲ့ တင်းနစ်စူပါစတားက "ကိုဆိုဗိုဟာ ဆားဗီးယားရဲ့ နှလုံးသားဖြစ်တယ်။ အကြမ်းဖက်မှုတွေကို ရပ်တန့်ပါ"လို့ နယ်မြေရှိ အယ်လ်ဘေးနီးယန်းတွေနဲ့ ဆာ့ဘ်လူမျိုးစုတွေအကြား ပြင်းထန်တဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကြားထဲ ပါရီမှာ တနင်္လာနေ့က ကင်မရာမှန်ဘီလူးပြင်ပေါ် ရေးသားခဲ့ပါတယ်။

မွတ်စလင် အယ်လ်ဘေးနီးယန်း လူမျိုးစု အများစုနေထိုင်တဲ့ ကိုဆိုဗိုဟာ ၁၉၉၀ ပြည့်နှောင်းပိုင်းမှာ အဲဒီအချိန်က ယူဂိုဆလားဗီးယားမှ ခွဲထွက်ကာ ၂၀၀၈ မှာ လွတ်လပ်ရေးကြေညာခဲ့ပါတယ်၊၊ အိမ်နီးချင်း ခရစ်ယာန်အများစုဖြစ်တဲ့ ဆားဘီးယား ဒါမှမဟုတ် သူတို့ရဲ့မဟာမိတ် ရုရှားတို့က ဘယ်တုန်းကမှ လက်ခံခြင်းမရှိတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။
👍6👏3😁2❤1
ဓမ္မံရံကြီးနဲ့ ပိရမစ် | မရွှေမိုး(ကိုရီးယား)“လေးညှို့သံ” − အပိုင်း (၅၅)
=================

မတရားအာဏာသိမ်း၊ ပြည်သူတွေကိုသတ်— ပြီးရင် ဘုရားထီးတော်တင်၊ စေတီဆောက်ပြီ သူတို့ကိုယ်သူတို့ သာသနာပြုမင်းတွေဆိုပဲ....ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/gD45zJJD6mo
👍11👏1😁1🖕1
Media is too big
VIEW IN TELEGRAM
May - 31 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍1🍌1🖕1
​​မြန်မာရှိ စီမံကိန်းများအပေါ် ပြန်လည်သုံးသပ်ရေး နိုင်ငံတကာကုမ္ပဏီများကို ESG ရင်းနှီးမြှုပ်နှံသူများ တိုက်တွန်း
=====================

အမေရိကန်နှင့် အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့်အတူ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် ကော်ပိုရိတ် အုပ်ချုပ်မှု (ESG) ကိစ္စများအပေါ် အလေးထားသည့် ရင်းနှီးမြှုပ်နှံသူများ၏ ဖိအားပေးမှုက နိုင်ငံတကာကုမ္ပဏီများ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြန်ရုပ်သိမ်းစေရေးကို တွန်းအားပေးလျက် ရှိသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17👎1😁1🖕1
ဗိုလ်မှူးဆိုင်ဂုံပါ ၇ ဦးအမှု နောက်ဆက်တွဲ
===========

ဗိုလ်မှူးဆိုင်ဂုံနှင့် ၎င်း၏တပ်ဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသူများဖြစ်သော မိုးကြိုးပြောက်ကျားတပ်၏ပြောရေးဆိုခွင့်ရှိသူ ခွန်အောင်ကိုကို ကို မဇ္ဈိမသတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ကိုစိန်ဝင်းက မေးမြန်းထားသည်။ ယခုအင်တာဗျူးတွင် ဘာကြောင့်ဖမ်းဆီးမှုပြုသည်၊ စစ်ဆေးတွေ့ရှိချက်များနှင့် စွပ်စွဲချက်၊ လက်နက်များပြန်အပ်ရေး၊ မအပ်ရေးမှသည် ပြေလည်နိုင်မည့်နည်းလမ်းရှိ၊ မရှိတို့ကို မေးမြန်းထားသည်။

https://youtu.be/jctvy9mO1J4

#ဗိုလ်မှူးဆိုင်ဂုံ
#CDM
#ဗိုလ်ကြီးသူရိန်ဝင်း
#မိုးကြိုးပြောက်ကျား
#MizzimaExclusiveInterview
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥1😁1
​​မဲလ်ဘုန်းဗစ်တိုးရီးယားကနေ ထွက်ခွာသွားပြီဖြစ်တဲ့ မန်ယူကြယ်ပွင့်ဟောင်း နာနီ
======================

မန်ချက်စတာယူနိုက်တက်နဲ့ ပေါ်တူဂီတောင်ပံကစားသမားဟောင်း နာနီဟာ လိဂ်ပွဲ ၁၀ ပွဲသာ ကစားအပြီးမှာ မဲလ်ဘုန်ဗစ်တိုးရီးယားအသင်းကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း သြစတြေးလျကလပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ ပြီးခဲ့တဲ့နှစ်က လက်မှတ်ရေးထိုးခဲ့ချိန်က နှစ်တွေအတွင်း A-League ရဲ့ အကြီးမားဆုံး ခေါ်ယူမှုတွေထဲက တစ်ခုအဖြစ် ချီးကျူးခံခဲ့ရပါတယ်။

ဒါပေမယ့် ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် သူ ရာသီကုန်အထိ အနားမယူခင် ဂိုးမယူသွင်းနိုင်ဘဲ သူဟာ မျှော်လင့်ထားတဲ့အတိုင်း စွမ်းဆောင်မပြနိုင်ခဲ့ပါဘူး။
👍6🔥1😱1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃၁ မေ ၂၀၂၃)
=========================

အာဏာလုစစ်ခေါင်းဆောင်မင်းအောင်လှိုင် အားကိုးသည့် ရုရှားကလည်း တရားမဝင်ရွေးကောက်ပွဲကို ကူညီဆောင်ရွက်ပေးမည်ဟု ဆိုလာသည့်အတွက် ရုရားအားကိုးဖြင့် ပဋိပက္ခများအရှိန်မြင့်နေသည့် ကာလမှာပင် ရွေးကောက်ပွဲကို စွတ်လုပ်လာဖွယ်ရှိနေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤3😁3🔥1🤬1
မေလ (၃၁) ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
=====================

-မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့ စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့နဲ့ တွေ့ဆုံမယ့်သတင်း

-စစ်ကောင်စီတပ်သားအင်အား ၂ သိန်းခွဲအောက်ပဲရှိတော့တယ်လို့ NUG ထုတ်ပြန်တဲ့အကြောင်း

-ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရသူ နှင့် သေဆုံးသူ ၈၀ ဝန်းကျင်ရှိလာတဲ့သတင်း

-“မိုခါ” မုန်တိုင်းသင့် ပြည်သူတွေ တစ်ပူပေါ် နှစ်ပူဆင့် ထိခိုက်လွယ်တဲ့ အခြေအနေကို ရောက်နေတယ်လို့ WFP အကြီးအကဲ ပြောတဲ့သတင်း

-မီဇိုးရမ်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအလုပ်အကိုင်ရှားပါး၍ စားဝတ်နေရေးပိုမိုခက်ခဲလာတဲ့သတင်း

-ဆူဒန်မှာအပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးလိုက်ပြီး ကူညီကယ်ဆယ်ရေးတွေ တိုးမြှင့်လုပ်ဆောင်နေတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/PFUrhQ1zJhg?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍17👎1🤮1🍌1
​​သံတောင်မြို့တွင် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၂ ပွင့်အရာရှိတစ်ဦး အပါအဝင် ၁၃ ဦး သေဆုံး
=====================

YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်မြို့ ၁၃ မိုင်သို့ ကင်းလှည့်လာသော စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ပွင့်အရာရှိတစ်ဦး အပါအဝင် ၁၃ ဦး သေဆုံးကြောင်း၊ ၎င်းတို့ဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း People Defense Force- ThanDaung က လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့၊ ညနေ ၅နာရီကျော်တွင် စစ်ကောင်စီတပ်သားများအား KNLA ပါဝင်သော တော်လှန်ရေးအင်အားစုများက သံတောင်မြို့ သင်္ချိုင်းကုန်းမှ စောင့်၍ မိုင်းနှစ်လုံးဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

" စစ်ကောင်စီလှည့်ကင်း ရောက်လာတော့ မိုင်းနှစ်လုံးဆွဲလိုက်တာ စစ်ကောင်စီတပ်သားတွေ သေတော့သေကြတယ်။ သင်္ချိုင်းကုန်းကနေ အလောင်းတွေ၊ ဒဏ်ရာရထားတဲ့စစ်သားတွေကို ၁၃ မိုင် တပ်စခန်းထဲ သယ်ပို့ကြတာရှိတယ်" ဟု တပ်မဟာ (၂) KNU သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်တွင် အထိအခိုက်၊ သေဆုံးမှုများ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရထားသူများအား သံတောင်မြို့ ၁၃ မိုင်ရှိ စစ်ကောင်စီတပ်စခန်းအတွင်းသို့ ပြန်လည်သယ်ယူသွားကြကြောင်း ၎င်းက ဆိုသည်။

ထိုမိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် သံတောင်မြို့ ၁၃ မိုင်ရှိ စစ်ကောင်စီတပ်၊ သံတောင်ရဲစခန်းတို့မှ လက်နက်ကြီးများဖြင့် သံတောင်မြို့ ၁၃ မိုင်အတွင်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ရာ ရပ်ကွက် (၄)၊ ခြောက်ခန်းတွဲအဆောက်အအုံရှိရာ ကုန်း၊ RC ဘုရားကျောင်းရှိရာ ကုန်း၊ အ.မ.က (၂) ကျောင်းဝင်းနှင့် အိမ်များအကြား ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

" RC ဘုရားကျောင်းဘက်က ကုန်းကို လက်နက်ကြီး အလုံး ၃၀ ကျော်ပစ်တယ်။ ရပ်ကွက် (၄) ခြောက်ခန်းတွဲအဆောက်အအုံကုန်းဘက်ကိုလည်း ပစ်တယ်။ အိမ်ကျိုအိမ်ကြားနဲ့ အ.မ.က-၂ ကျောင်းဝင်းထဲကျတယ် " ဟု ဒေသတွင်းသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရပ်ကွက်(၄) မှ ဒေသခံအမျိုးသားတစ်ဦး ဒူးတွင် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၎င်း​၏ သားဖြစ်သူ နားစည်ထိခိုက်ခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၄ ရက် ညနေပိုင်းကလည်း သံတောင်မြို့နယ် ရဲစခန်းအား PDF- ThanDaung အဖွဲ့က လက်နက်ကြီးများဖြင့် သွားရောတိုက်ခိုက်ခဲ့ရာ လက်နက်တိုက်နှင့် အချုပ်ခန်းအား ထိမှန်ခဲ့ပြီး ရဲနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကာ အချုပ်ကျနေသော လူငယ်တစ်ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#၁၃ဦးသေဆုံး
#တပ်မဟာ(၂)နယ်မြေ
ဓါတ်ပုံ- KNLA တပ်သားတစ်ဦး (ပုံဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21❤4😁2
မေလ (၃၁) ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ တရုတ်ကိုယ်စားလှယ်အပါအဝင် မြောက်ပိုင်းသုံးဖွဲ့နဲ့ စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့ တွေ့ဆုံဖို့ရှိတဲ့သတင်းနဲ့အတူ ကျောက်တောင်ဒေသကို စစ်ကောင်စီတပ်ဖွဲ့ ထိုးဖောက်ဝင်ရောက်နေတဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ Spring University က ပေးပို့တဲ့ အစီအစဉ်ကို နားဆင်ရမှာပါ။

သတင်းတွေအပြီးမှာတော့ ရေဒီယိုသတင်းဆောင်းပါးကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/xEvO6gQiBx8

#Mizzimaradio
#EveningRadio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤5👍4😁1🤮1
မုံရွာမြို့နယ် မြေနဲကျေးရွာအနီးတိုက်ပွဲ စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးဟုဆို
=========================

လွှမ်းမိုး (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊မြေနဲကျေးရွာအနီးတွင် ကားလေးစီးပါစစ်‌ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ် ငါးဖွဲ့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ခုနှစ်ဦးသေဆုံးကြောင်း ကာကွယ်ရေးရဲဘော်များကပြောသည်။

ယမန်နေ့ မေလ ၃၀ ရက်နေ့လယ် ၁ နာရီခွဲခန့်က မုံရွာမြို့အဝင် မအူစစ်ဆေးရေးဂိတ်မှ မုံရွာ- မန္တလေးလမ်းအတိုင်းထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မြေနဲကျေးရွာ အနီးတွင် အလစ်အငိုက် စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲစတင်ခြင်းဟု သိရသည်။

“ စစ်ယာဉ်တန်းမှာ ဖောကား အကြီးတစ်စီးနဲ့အိမ်စီးကား သုံးစီးပါပါတယ်ဗျ။ ရုတ်တရက် စောင့်ကြိုတိုက်ခိုက်တဲ့ အချိန်မှာ ကားကလမ်းဘေး ထိုးရပ်သွားပြီး အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ ခန့်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ စစ်သားခုနှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်” ဟု မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

ထိုတိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) တပ်ရင်း-၆ တပ်ခွဲ (၂) ၊ မုံရွာခရိုင် အမှတ်-၄ တပ်ရင်း အထူးကွန်မန်ဒို ၊ မုံရွာခရိုင် အမှတ်-၂၄ တပ်ခွဲ(၄)၊ Democratic Guerilia Force (MRDA) နှင့် ၅/ UG တပ်ဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ရဲဘော်များဘက်မှ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။သေဆုံးသွားသည့် စစ်ကောင်တပ်ဖွဲ့ဝင်များနှင့် ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို မြေနဲကျေးရွာအနီးရှိ ကျန်းမာရေးကားဖြင့် လာရောက်သယ်ဆောင်သွားသည်ဟု ကာကွယ်ရေးရဲဘော်များကပြောသည်။ စစ်ကောင်စီဘက်မှ ထိခိုက်မှုနှင့် ပတ်သက်၍ မစ္ဇျိမ အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

အထက်ပါ တိုက်ခိုက်မှုအပါအဝင်မုံရွာမြို့တွင် စစ်ကောင်စီယာဉ်တန်း သုံးရက်ဆက် တိုက်ခိုက်ခံရခြင်းဖြစ်သည်။မေလ ၂၈ ရက်ညက စစ်ကိုင်းမှ မုံရွာမြို့ဘက်သို့ ထွက်ခွါလာသည့် ကားခုနှစ်စီးပါ စစ်ယာဉ်တန်းကို မုံရွာမြို့ အဝင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု မုံရွာခရိုင် အမှတ်-၅ တပ်ရင်းAung San Forceက ထုတ်ပြန်ထားသည်။ ယင်းတိုက်ခိုက်မှုတွင်ကားတစ်စီးပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ အပြင်းထန်ဒဏ်ရာရသွားကြောင်း Aung San Forceက ထုတ်ပြန်သည်။မေလ ၂၉ ရက် ညနေ၄ နာရီခန့်ကလည်း မုံရွာမြို့မှ ချောင်းဦးမြို့ဘက်သို့ ရိက္ခာပို့သွားသည့် စစ်‌ကောင်စီယာဉ်တန်းကို မုံရွာမြို့ အထွက်တွင် Aung San Force နှင့် The Brightness အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယခုအခါ စစ်ကောင်စီတပ်က မုံရွာမြို့နယ်အတွင်း အင်အားဖြည့်တင်းနေ၍ ပြည်သူများ သတိပြုနေထိုင်ကြရန် မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးထားသည်။

https://youtu.be/hXXNFk--tvg

စာတည်း - မောင်ကြီး

#mizzima
#မုံရွာမြို့
#မြေနဲကျေးရွာ
#စစ်‌ကောင်စီယာဉ်တန်း
#တိုက်ပွဲပြင်းထန်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍24❤7👏2😁2
​​တောင်တရုတ်ပင်လယ်တွင် တရုတ်ဂျက်တိုက်လေယာဉ်က အမေရိကန်စစ်လေယာဉ်အနီး ရန်လိုသော အစွမ်းပြပျံသန်းမှု ပြုလုပ် 
=======================

တရုတ်၏ J-16 ဂျက်တိုက်လေယာဉ်တစ်စင်းသည် အမေရိကန်လေတပ်၏ RC-135 လေယာဉ်အနီး တွင် မလိုအပ်ဘဲ အစွမ်းပြ ပျံသန်းမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း အမေရိကန်စစ်တပ်က မေ ၃၀ ရက်တွင် ပြောကြားလိုက်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10👏5🔥2😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်ထုတ်လွှင့်မှုများ
====================

https://youtu.be/GAeeIJ1iU0s

#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🤮4🍌1
ဂုဏ်သိက္ခာမရှိတဲ့ ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်စာတန်းကိုင်စွဲပြီး ကြံခင်းမြို့နယ်မှာဆန္ဒပြ
======================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ မေလ ၃၁ ရက်၊ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်းသိရသည်။

"ဂုဏ်သိက္ခာမရှိတဲ့ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်" စာသားပါ ဘန်နာအားကိုင် စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၉၈)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။

#ဆန္ဒပြ
#Mizzima
❤17👍6😁2